tgindex
AlpHa's Sharing ( FMMC )

AlpHa's Sharing ( FMMC )

Статистика

We Win or We Learn

Последний пост
7 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Криптовалюты (по похожим)
В каталоге с
15 авг.
Подписчики
626
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
168
20 постов
Вовлечённость
26,8%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
149
1/48двое суток
170
1/72трое суток
184

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • SPX Chart ကိုကြည့်။ ပိုက်ဆံတွေက Stock Market ကို ဝင်လာတာ။ Nvidia M1 ကို ကြည့်။ Uptrend ဒါပေမယ့် Volume ကျလာတယ်၊ RSI Divergence ပေါ်တယ်။ ဒါပေမယ့် ကျမယ်လို့တော့ မဆိုလိုဘူး။ Correction တစ်ခုခုလောက် ဖြစ်မှာပေါ့။ ကိုယ်က H1 Trader ဆိုတော့ အဲဒါသိပ်စဉ်းစားစရာ မလိုဘူး။ အဓိကက M1 Uptrend ဖြစ်နေဖို့ပဲ လိုတယ်။ NVDA D1 မှာ Uptrend 3 Rd Touch ကိုမှ Bullish Harami Breakout ဖြစ်ထားတယ်။ နောက် Descending Triangle ရဲ့ 3 Rd Touch နဲ့လည်း တစ်ထပ်တည်းကျတယ်။ Pattern Breakout လည်းဖြစ်ထားတယ်။ MA 200 ကိုလည်း Support အဖြစ် ၂ ခါ နင်းတက်ထားတယ်။ အဲတော့ D1 ရဲ့ Breakout ဖြစ်ထားတဲ့ Gap တွေနေရာမှာ Retest Candle ပေါ်မလား တစ်ချက်စောင့်ကြည့်ရမယ်။ Retest လုပ်ပြီး ဆက်တက်မယ်ဆိုရင် အနီးဆုံး Target က 250 ဖြစ်နိုင်တယ်။ M1 ရဲ့ Analysis အနေအထားအရ အရမ်းအဝေးကြီးတော့ မျှော်လင့်ထားလို့မရဘူး။ 250 တစ်ဝိုက်က Candle+ Volume ကိုကြည့်ပြီးမှ ခုန်ချရမလား၊ ဆက်လိုက်စီးရမလား ကြည့်ရမယ်။

  • It's time to listen about the war. #Oil

  • ရေနံက တကျော့ပြန်စောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပြီ။ ဒီလို Pattern မျိုးဆို သိပ်သဘောကျတာ။ လေထဲမှာ ခြေလွတ်လက်လွတ်ဆို SL ဘယ်နား ထားရမှန်းမသိလို့။ ခုကတော့ အဝယ်ဖက်ကနေ စောင့်ပါမယ်။

  • без подписи

  • Twitter ကို ဝယ်တော့ သူ့ Stock အချို့အဝက်ကိုပေါင်ပြီး ၃ ပုံ ၁ ပုံကို ချေးငွေယူပြီး ဝယ်ခဲ့တယ်။ ဒါတွေ ဒီနည်းဗျူဟာတွေဘယ်လိုသုံးလဲဆိုတာကို ကိုယ့်ဟာကိုယ် Financial Game ကစားရင်း၊ စဉ်းစားတွေးခေါ်ရင်း ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ သိလာမှာပေါ့။ Binance မှာ Option Trade လို့ရပေမယ့် Coin-Margin Options မရဘူး။ Demo Option Trade လို့လည်း မရဘူး။ Bybit မှာ Demo Option Trade လို့ရပေမယ့် Coin-Margin Options မရဘူး။ Deribit Exchange မှာ Coin-Margin Options Trade လို့၊ Demo Trading လုပ်လို့ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံကဆို အဖက်မလုပ်ချင်ဘူး။ အဲတော့ Option အကြောင်းစိတ်ဝင်စားရင် Bybit မှာ Demo Trading လုပ်ပြီး လေ့ကျင့်ကြည့်ပါ။ အခွင့်အရေးမလာခင် လေ့ကျင့်သားပြည့်ဝနေဖို့လိုပါတယ်။ Future Trading ကပေးခဲ့တဲ့ သင်ခန်းစာတွေပေါ့ 🥲🥲😁😁 (Option အကြောင်း ထဲထဲဝင်ဝင်လေ့လာဖြစ်တာ သိပ်မကြာသေးလို့ လွဲနေတာ၊ မှားနေတာရှိရင် မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို အားမနာတမ်း ဝင်ထောက်ပြပေးသွားပါဦးဗျ။ အမြဲလေ့လာသင်ယူနေဆဲပါ ခင်ဗျာ 🙏❤️❤️😁) We win or we learn AlpHa (FMMC)

  • တကယ့်မေးခွန်းက crypto ကို တိုက်ခန်းဝယ်သလိုဝယ်ပြီး တိုက်ခန်းငှားသလို cashflow ရအောင်လုပ်လို့ မရဘူးလားဆိုတဲ့ မေးခွန်း။ ဘဏ်အပ်ပါဆိုတာတွေ၊ Liquidity Pool ထဲထည့်ပါဆိုတာတွေ Option Trade ပါဆိုတာတွေ အဖြေရတယ်။ တစ်ခုမှ ရေရေရာရာသဘောမကျဘူး။ ဘဏ်တိုးကလည်း နည်းတယ်၊ မက်လောက်စရာ မရှိဘူး၊ Liquidity Pool ကျတော့လည်း တောက်လျှောက်စောင့်ကြည့်ပြီး Management လုပ်ရမှာမျိုးဆိုတော့ လူပင်ပန်းတယ်။ ခေါင်းနောက်တယ်။ Risk ကလည်း ရှိသေးတယ်။ ဝယ်ထားပြီး ဘဏ်တိုးယူတာကမှ Capital Gain ရပြီး အာရုံနောက်သက်သာတယ်လို့ မြင်တယ်။ ကိုယ်ပေးရတဲ့ Energy နဲ့ ပြန်ရမယ့် Profit မတန်ဘူးလို့မြင်တယ်။ Profit သာပြောတာ၊ Loss လည်း ဖြစ်နိုင်တာပဲ။ Option Trading ကျတော့လည်း Buy ကျတော့ Premium ကြေးက ရှုံးပြီးသား၊ Sell ကျတော့လည်း Risk က unlimited၊ TP/SL ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် SL ထိနိုင်ချေ ရှိနေတုန်းပဲ။ နောက်ပြီး Trading Pattern ကလည်း ရိုးရိုး Trading နဲ့တူတယ်လို့ မခံစားရဘူး။ Option ရဲ့ Risk Reward Management ကို ဘယ်လို Control လုပ်ရမလဲဆိုတာကို ကိုယ်သဘောမပေါက်သေးတာလဲ ပါမှာပေါ့။ ဒါပေမယ့် Coin-Margin Options ကျတော့ မတူတော့ဘူး။ တက်တက်ကျကျအမြတ်ရဆိုတာ ဒါမှအစစ်။ Loss ဆိုလို့ Psychological Loss ပဲ ရှိမယ်။ ဒါပေမယ့် Investing အယူအဆနဲ့တွဲနိုင်မှ ရမယ်။ သူ့ချည်းပဲဆို ဗရမ်းဗတာ ဖြစ်နေဦးမှာပဲ။ အဲတော့ Coin-Margin Options လုပ်ချင်တယ်ဆိုရင် ဘယ် Assets တွေကို လုပ်လို့ရလဲဆိုတာကို အရင်လေ့လာရမှာ။ Project နဲ့ Future Potential ကောင်းတိုင်း ကိုယ်ကြိုက်တဲ့ Crypto လိုက်ဝယ်နေလို့ မရဘူး။ ကိုယ်မြင်နိုင်သလောက်ဆို BTC, ETH, SOL, XRP အခြားဟာတွေရှိသေးပေမယ့် Market Volume နည်းတယ်။ အဲတော့ အဲလို Option လုပ်လို့ရတဲ့ Coin တွေထဲက ကိုယ်နိုင်တဲ့၊ ဈေးတန်တဲ့ ကွိုင်တွေ ဝယ်စုတာမျိုး အရင်လုပ်ရမှာပေါ့။ ခုလက်ရှိတော့ ဘာမှ မဝယ်သင့်သေးဘူး။ ETH က Support ထောက်ပေမယ့် တက်ဖို့ အားမရှိဘူး။ BTC နဲ့ SOL က ဆင်းမယ်ဆို ဆင်းလို့ရသေးတယ်။ SOL ကို တော့ ပိုကြိုက်တယ်။ Invest လုပ်ထားတဲ့ Project လည်း များတယ်၊ ကျပြီးရင်လည်း ပြန်တက်တဲ့သမိုင်းကြောင်းရှိတယ်။ ဈေးကလည်း တန်တယ်။ ခုဈေးတော့ပြောတာ မဟုတ်ပါဘူး။ 25-30 ဝန်းကျင်ဆိုရင် တန်တယ်ပြောတာပါ။ XRP က တော့ ဆင်းနေရင်း အထက်မရောက် အောက်မရောက်နဲ့ လေထဲမှာ ဇော်ကန့်လန့်ဖြစ်နေတယ်။ ထားပါတော့။ ပြောရင်းနဲ့ Investing ဖက် ကျွံနေပြန်ပြီ 😅😅။ အဲလို Coin တစ်ခုခုဝယ်ပြီး Coin-Margin Options လုပ်တယ်ဆိုပါစို့။ အပေါ်မှာပြောခဲ့တဲ့ BTC Option ဥပမာအတိုင်းဆို BTC ဈေးက 64 K မှာ။ ကိုယ်က BTC 70 K Option Sell လိုက်ရင် 70 K အောက်မှာ စာချုပ်သက်တမ်းကုန်ရင် Premium ကြေးရတယ်၊ Cashflow။ 70 K အထက်မှာ စာချုပ်သက်တမ်းကုန်ရင် 70 K နဲ့ ကိုယ့် BTC ကို ရောင်းပေးလိုက်ရုံပဲ။ Premium ကြေးရလိုက်သလို Sell High ဖြစ်လို့ BTC ရဲ့ Capital Gain Profit တစ်ခုလည်း ရလိုက်တယ်။ 80 K ဖြစ်သွားလို့ ကိုယ့်ရောင်းဈေးထက်ပိုသွားတဲ့ 10 K profit ကိုတော့ မရတော့ဘူးပေါ့။ ဒါက မရလိုက်တာ၊ ရှုံးတာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ Psychological Loss တော့ ရှိနိုင်မယ်လို့။ Put Option Sell ရင်လည်း အတူတူပဲ။ BTC 60 K Put Option Sell တယ်ဆိုပါဆို့။ 60K အောက်ကျမသွားရင် Premium ကြေးရတယ်။ ကျသွားရင် 60 K နဲ့ BTC ဝယ်လိုက်တာဖြစ်လို့ Coin ရလိုက်တယ်။ Buy Low ဆိုတဲ့ Investing Rule နဲ့လည်း ညီတယ်။ Cash Profit ယူမလား၊ Premium ကြေးယူမလား၊ Coin ယူမလားဆိုတာကို လိုက်ရွေးရသလိုပဲ။ အဲ့အတိုင်း ဈေးတန်းတိုင်းမှာ လိုက်ကစားရုံပဲ။ ဒါပေမယ့် အဲလို စီပွားရေးဆန်ဆန် တိုက်ခန်းငှားသလိုမျိုး Option Trade ဖို့ဆိုရင် အမြဲ Sell ဖက်မှာပဲ နေရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Option လုပ်ရခြင်းရည်ရွယ်ချက်က Premium ကြေးရဖို့ပဲ ဖြစ်ရမယ်။ ကျန်တာကတော့ သူ့ဟာသူ ရချင်သလို ရပါစေပေါ့။ ရည်ရွယ်ချက်က Cashflow ရဖို့ပဲ။ အခြေခိုင်ထားဖို့လိုတယ်။ ဒါမျိုးလုပ်နိုင်ဖို့ဆိုရင် Investing အကြောင်း အခြေခံသိရမယ်။ Market ကို Technical Analysis အကြမ်းဖျင်းလုပ်နိုင်ရမယ်။ Trending, Sideway, Support, Resistance, Pattern လောက်တော့ ဆွဲနိုင်ရမယ်၊ သိရမယ်။ Option Sell သမားကို ပိုက်ဆံပေးတာက Sideway Market လို့တောင် ပြောကြတယ်။ ဒါပေမယ့် Volatility ဈေးကွက်လှုပ်ခါမှုနည်းရင် စာချုပ်ဈေးကျတတ်တယ်။ သတင်းထွက်ချိန်၊ ဈေးကွက်က အဝယ်သမားတွေဖက်ကို ရွေ့ချိန်မှာ Volatility မြင့်ပြီး Contract ဈေးမြင့်လာတတ်တယ်။ အဲလိုအချိန်မျိုးမှာ ရောင်းနိုင်ရင် Premium ကြေးပိုရတယ်။ ငါလည်း ပြောရင်းပြောရင်းနဲ့ ဟိုချော် ဒီချော်နဲ့ 😁😁။ ပြောလက်စ စကားပြန်ဆက်ရရင် စီးပွားရေးအမြင်ရှိဖို့လည်း လိုတယ်။ ကိုယ်က ချေးငွေတွေကို ဘယ်လိုသုံးလို့ရလဲ၊ Cashflow ရအောင် ဘယ်လိုလုပ်လို့ရလဲ၊ အရှုံးမရှိတဲ့နည်းမရှိဘူးလား စသဖြင့်မေးခွန်းထုတ်တာ အဖြေရှာတာတွေ လုပ်တတ်ဖို့၊ သဘောပေါက်ဖို့၊ နားလည်ဖို့ လိုတယ်။ ချေးငွေနဲ့ ပတ်သက်ပြီး Elon Musk ဘယ်လိုလုပ်လဲ လိုက်ကြည့်လိုက်သေးတယ်။ သူ့ပိုင်ဆိုင်မှုရဲ့ ၅ ပုံ ၁ ပုံကို အပေါင်ထားပြီး ချေးငွေယူထားတယ်တဲ့။

  • Option အကြောင်းရင်းနှီးနေတာတော့ ကြာပြီ။ ဒါပေမယ့် ထဲထဲဝင်ဝင်မလေ့လာဖြစ်ဘူး။ အပေါ်ယံလေ့လာကြည့်တော့ Trading နဲ့ သိပ်မတိမ်းမယိမ်းပါပဲလို့ ထင်လိုက်တာ။ ပိုက်ဆံရတာချင်းအတူတူကို Trading ပဲ လုပ်တော့မယ်ပေါ့။ Robert .T Kiyosaki ကလည်း "Who took my money"စာအုပ်ရဲ့ ကာကွယ်ခြင်းဆိုတဲ့အခန်းမှာ Option အကြောင်းပြောထားတော့ အဲ့ကတည်းက option က ဘာလဲဆိုတာကို စူးစမ်းနေခဲ့တာ။ သူကလည်း သဘောတရားပိုင်းအဓိကထားပြောတာဆိုတော့ အကြမ်းဖျင်းဆန်ဆန်ပဲ။ အဲလိုနဲ့ Option ဘာကြောင့်လုပ်သင့်သလဲဆိုတဲ့အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ခုတော့တွေ့ပြီ။ အသိနောက်ကျတယ်လို့တွေးမိပေမယ့် တကယ်တော့ နောက်မကျပါဘူး။ ရှေ့လျှောက်လုပ်ချိန်အများကြီး ရှိနိုင်ပါသေးတယ်။ ဘာကြောင့်လုပ်သင့်လဲဆိုတဲ့စကားလုံးကို Coin-Margin Options မှာ သွားတွေ့တယ်။ တကယ်က ကိုယ်က crypto သမားမို့။ Stock သမားတွေဆို ပိုတောင်သိနိုင်သေးတယ်။ အဲဒီ Coin-Margin Options အကြောင်းမပြောခင်မှာ Traditional Option အကြောင်း အရင်ပြောရမယ်ထင်တယ်။ Call နဲ့ Put ဆိုပြီး ၂ မျိုးရှိတယ်။ Call နဲ့ Put တစ်ခုချင်းစီမှာ အဝယ်ဖက်နဲ့ အရောင်းဖက် ၂ ဖက်စီ ရှိတယ်။ စကားမစပ်ပြောဦးမယ်။ ခုက ကျွန်တော်လေ့လာထားတာတွေကို Memory Retention အနေနဲ့လက်တန်းပြောမှာဆိုတော့ သိပ်နားမလည်တာ၊ မရှင်းတာဆိုရင် AI ဖြစ်ဖြစ်၊ Websites တွေမှာဖြစ်ဖြစ် ကိုယ့်ဟာကိုယ် လေ့လာကြည့်ပေါ့။ ကျွန်တော်သိတာဆိုရင်လည်း ပြောပြမယ်။ ကျွန်တော်လည်း အကျွမ်းကျင်ကြီး မဖြစ်သေးဘူး။ လေ့လာဆဲပဲ။ အဲတော့ စကားဆက်ရရင် Call Option Sell သမားက အာမခံစာချုပ်ရောင်းတာ။ ဘာအာမခံစာချုပ်လဲဆိုတော့ ဥပမာ လက်ရှိ BTC က 64 K တန်းမလား။ အဲဒါကို 70 K Call Option Sell လိုက်ရင် အဓိပ္ပါယ်က BTC ဈေး 70 K ကျော်သွားတဲ့အခါ ကိုယ်က ဝယ်သူကို 70 K ဈေးနဲ့ပဲရောင်းပေးပါ့မယ်လို့ ဆိုလိုတာ။ 75 K ဖြစ်ဖြစ်၊ 80 K ဖြစ်ဖြစ် ကိုယ်အာမခံထားတဲ့ 70 K နဲ့ပဲ အရှုံးခံရောင်းပေးမယ် ဆိုလိုတာ။ တဖက်မှာ 70 K Call Option Buy ထားရင် ဝယ်ဝယ်ချင်းမှာ Premium ကြေးပေးရတယ်။ အာမခံကြေးပေါ့။ ဘယ်ရက်မတိုင်ခင် 70 K မကျော်ရင် အာမခံကြေးအဆုံးခံမယ်။ သတ်မှတ်ရက်မှာ 70 K ကျော်သွားရင်တော့ coin ဘယ် ၂ ခုစာဝယ်မယ်ဆိုတဲ့ စာချုပ်ပေါ့။ 70K ကျော်သွားရင် 70 K တန်ဖိုးနဲ့ပဲ BTC ကို ဝယ်ခွင့်ရလို့ အမြတ်ရတာပေါ့။ သတ်မှတ်ရက်မှာ BTC Price က 70 K မကျော်ရင်တော့ Premium ကြေးဆုံးတာပေါ့။ အဲမှာ order တင်တဲ့အခါ Limit order နဲ့တင်၊ Market order တင်ရင် Exchange ကို Market Maker Fee ပေးရတယ်။ ကိုယ့်သတ်မှတ်ရက်က မပြည့်သေးဘူး။ ဒါပေမယ့် အမြတ်ကရနေပြီ၊ ကိုယ်ကလည်း လိုချင်တယ်ဆိုရင် ဝယ်ထားရင် အရောင်း order ဖွင့်၊ ရောင်းထားရင် အဝယ် order ဖွင့်ပြီး Profit ယူလို့ရတယ်။ contract တန်ဖိုးဘယ်လောက်ရောက်ရင် အမြတ်ယူပြီး၊ ဘယ်လောက်ရောက်ရင် အရှုံးခံမယ်ဆိုတဲ့ TP/ SL ပေးထားလို့လည်း ရတယ်။ အဲလို သတ်မှတ်ရက်မတိုင်ခင်မှာ ကိုယ်က အမြတ်ပိုင်းပြီး contract ပိတ်လိုက်လည်း အခြားတစ်ဖက်မှာ contract ပျက်မသွားဘူး။ Exchange က ကြားခံအနေနဲ့ တိုက်ရိုက်ဆောင်ရွက်ပေးတာမို့လို့။ Option Trader အတော်များများကတော့ Profit 50-80% ကြားရောက်ရင် အမြတ်ပိုင်းပြီး စာချုပ်ဖျက်သွားလေ့ရှိတယ်တဲ့။ Future Trading နဲ့တော့ အယူအဆချင်း သိပ်မတူဘူး။ အချိန်က ရန်သူပဲဆိုတဲ့ အဓိပ္ပါယ်။ Put Option Sell ဆိုတာလည်း အဲ့လိုပဲ။ အာမခံစာချုပ်ရောင်းတာ။ 60 K put Option Sell ရင် BTC ဈေး 60 K အောက်ကျသွားတဲ့အခါ အရှုံးခံပြီး ငါဝယ်ပေးမယ်ဆိုတဲ့ ကတိပေးတာပေါ့။ Put Option Buy ကျတော့ BTC ဈေး 60 K အောက်ကျသွားတဲ့အခါ 60 K နဲ့ပဲ ငါဝယ်မှာနော်ဆိုတဲ့စာချုပ်ချုပ်ထားတာ။ အဲတော့ Option Sell သူက အာမခံရောင်းသူဖြစ်ပြီး Premium ကြေးရတယ်။ ဒါပေမယ့် အမြင့်ဆုံးရနိုင်တာက Premium ကြေး 100 ရတယ်ဆိုရင် အဲ့ 100 ထက် ပိုမရနိုင်ဘူး။ Limited Profit ပဲ။ Option ဝယ်တဲ့သူကျတော့ Loss က Premium ကြေးပဲ ရှိမယ်။ Profit က အကန့်အသတ်မရှိဘူး။ Unlimited Profit။ BTC 60 K နဲ့ Put Option Buy ထားတယ်။ BTC က 30 K ထိထိုးဆင်းသွားလဲ သူက 60 K နဲ့ရောင်းပြီး အမြတ်ယူလို့ရတော့ Profit က unlimited ဖြစ်သွားတယ်။ ဒီတိုင်းကြည့်ရင် Buy ဖက်က သာသယောင်ယောင်။ ဒါပေမယ့် Probability ဖက်ကကြည့်ရင် Option Buy သမားက သူသတ်မှတ်တဲ့ဈေးတန်းဖက်ကို Market ရွေ့မှ အမြတ်ရတာ။ Option Sell သမားဖက်မှာကျတော့ အခွင့်အရေးက ၂ ခုရှိတယ်။ BTC 70 K Call Option Sell ထားတယ်ထားပါတော့။ သတ်မှတ်ရက်ပြည့်တဲ့အထိ BTC ဘေးတိုက်သွားပြီး 70 K အောက်မှာရောက်နေရင်လည်း Premium ကြေးရတယ်။ BTC က ထိုးဆင်းသွားပြီး 30 K ဖြစ်သွားလည်း Premium ကြေးက ရတုန်းပဲ။ Cashflow ပေါ့။ Profit ပေါ့။ အဝယ်ဖက်က ဈေးကွက်အရွေ့က ၁ ဖက်ပဲရှိပြီး အရောင်းဖက်မှာ ဈေးကွက်အရွေ့က ၂ ဖက်ရှိတယ်။ အရောင်းဖက်က Probability က အဝယ်ဖက်ထက် ၁ ဖက် ပိုသာတာပေါ့။ ဒါပေမယ့် Risk နဲ့ Reward ချင်းတော့ မတူဘူးပေါ့။ ဒါကို အဓိကပြောချင်တာ မဟုတ်ဘူး။ ဒါက နောက်ပြောမယ့်ဟာကို သဘောပေါက်အောင် အကြမ်းဖျင်းရှင်းပြထားတာ။

  • без подписи

  • Micron Technology က S/R Level (820) ကို ထောက်တက်တယ်။ ထောက်ချိန်မှာ High Volume ဝင်လာတယ် (အပြာဝိုင်းကို ကြည့်ပါ)။ ဒါပေမယ့် Market က Uptrend ကိုမှ Higher Low ဆက်မဖော်နိုင်ပဲ Equal Low ပေါ်နေတော့ New ATH တော့ မျှော်မှန်းလို့မရဘူး။ Equal High နဲ့ Sideway ဖော်မလား၊ Lower High နဲ့ Downtrend ဖော်မလား မပြောတတ်ဘူး။ Good news တော့ ထွက်ထားတယ်။ လတ်တလော သူခေါင်းဆောင့်ခဲ့တဲ့ 900 တန်းကိုလဲ ဖောက်တက်ပြီး Downtrend Channel လေးကိုလဲ ဖောက်တက်ထားတယ်လို့ မြင်တယ်။ တအားအဝေးကြီးမှန်းလို့မရပေမယ့် Shorterm Buy လို့ရတယ်လို့တော့ မြင်တယ်။ အဲတော့ Retrace မှာ ဘယ်လို Candle ဘယ်လို Volume ဝင်မလဲဆိုတာကိုပဲ စောင့်ကြည့်ပြီး ဝင်သင့်မဝင်သင့် ဆုံးဖြတ်ရမယ်။

  • ရွှေက ဒီလိုင်းကို respect လုပ်နေတာ။ ဒါပေမယ့် ကိုယ့် Zone မပြင်ဖက်ကဆိုတော့ လက်ရှောင်နေရုံသာပဲ ...

  • без подписи

  • Trade က ထွက်သွားတော့မှပဲ အပေါ်လိုင်းလေးကို သတိထားမိတော့တယ် 😅😅 #ရေနံ

  • အဲလို လူကဟုန်ပြီး အရှိန်လွန်လာရင် ကိုယ့် Trading Edge တွေကိုဖောက်ဖျက်မိပြီး ကြုံရာ Trade တွေ ဝင်မိတတ်တယ်။ အဲ့အချိန်ဆို Trader တွေ စ တိုင်ပတ်တဲ့အချိန်ပဲ။ Looping ပတ်တာပေါ့။ သတိထားပြီး ရုန်းမထွက်ရင် စုန်းစုန်းနစ်တဲ့အထိ ဆွဲချမယ့် ဝဲကတော့ပဲ။ ကျွန်တော်ဆို Trade နေရင်း Gut feeling လိုလို ဘာလိုလိုရလာပြီ၊ Over trading လုပ်မိလာပြီဆိုရင် Mark Douglas ရဲ့စကားနဲ့ ကိုယ့်ကိုယ်ကို သတိပေးတယ်။ Mark Douglas ရဲ့စကားဆိုလို့ သူ့စကားကလည်း တစ်ခွန်းထဲမဟုတ်ဘူး။ နားလည်မှုလွဲပြီး ယူမိရင် အဲ့မှာ တိုင်တစ်ခါထပ်ပတ်ပြန်ရော။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နားလည်မှ အဆင်ပြေတာ။ ဥပမာ ကိုယ်က Gut Feeling ဝင်လာတဲ့အချိန်ဆိုရင် သူ့ရဲ့ "Anything can happen" ဆိုတာကြီးက အသိစိတ်ထဲမှာ ဦးဆောင်လာရော။ ဟိုဆရာကြီးက ဒီလိုအခြေအနေမှာယူဆဖို့ထားခဲ့တဲ့စကား မဟုတ်ဘူး။ ဈေးကွက်ရဲ့ probability ဖြစ်တန်စွမ်းကိုသိအောင် ပြောခဲ့တာ။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာတော့ "ငါဝင်ထားတဲ့ဖက်ကို ဈေးကွက်က သွားချင်လည်းသွားမှာပဲ"ဆိုပြီး အဲလိုယူတာ။ စိတ်ကဟုန်နေတဲ့အချိန်ဆိုရင် ကိုယ်လိုရာဆွဲပြီး အယူလွဲနေတာပေါ့ 😁😁။ ဒါပေမယ့် တကယ့်သတိဝင်လာချိန်ဆိုရင် "ဈေးကွက်မှာအမြတ်ရဖို့ နောင်ဘာဆက်ဖြစ်မလဲဆိုတာကို သိစရာမလိုဘူး"ဆိုတဲ့ သူ့စကားက ဦးဆောင်ဝင်လာတယ်။ နောက်ကွယ်က ဆိုလိုရင်းက မင်းဒီလိုပုံစံနဲ့ Trade ရင် ဘယ်နှစ်ကြိမ်ရှုံးပြီး ဘယ်နှစ်ကြိမ်နိုင်မှာလဲလို့ မေးလိုက်တာပဲ။ တစ်နေရာတစ်မျိုး စိတ်ထင်ရင်ထင်သလို Trade နေရင် ဘယ်လို Consistency ဖြစ်ဖြစ်နဲ့ ပုံသေကားကျအမြတ်ရှာမလဲ။ (Trading နဲ့မတူပဲ ဘောပွဲလောင်းသလိုဖြစ်နေမှာပေါ့။) ရေရှည်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုယုံကြည်မှု ရှိမလဲ။ ပုံစံအသေမရှိတော့ တပွဲတိုးဆန်ဆန်နဲ့ ရရစားစားနဲ့ ရေရှည်အမြတ်ရမှာပဲဆိုတဲ့ အသိမျိုး၊ ယုံကြည်ချက်မျိုးလည်း မရှိနိုင်တော့ဘူး။ အဲတော့ Consistent Win Rate အစား Trade တစ်ခုချင်းစီတိုင်းကို အမြတ်ရဖို့ပဲ ကြိုးစားမိနေပြီး အမြတ်မရမှာကို ကြောက်လာရော။ ကြောက်စိတ်ကြောင့် မဝင်သင့်တာ ဝင်မိလိုက်၊ ကိုယ့်ကိုကိုယ်အပြစ်တင် နောင်တရလိုက်၊ ကြောက်ပြီးမဝင်မိခါမှ လွတ်သွားပြီး ရသင့်တဲ့အမြတ်မရပဲဖြစ်လိုက်နဲ့ တိုင်စပတ်တော့တာပဲ။  ကျွန်တော်ကတော့ တိုင်ပတ်တော့မယ်၊ ကိုယ့် Zone ကိုယ့်ပိုင်နက်ထဲကထွက်ပြီး Gut Feeling လိုလိုဘာလိုလိုဝင်ပြီး လျှေက်ပြီးတက်မယ်ကျမယ်ခံစားလာရပြီး Analysis တွေ ဇွတ်လုပ်နေမိပြီဆိုရင် Mark Douglas ရဲ့ "ဈေးကွက်ကနေအမြတ်ရဖို့ ဈေးကွက်က ဘာဆက်ဖြစ်မယ်ဆိုတာကို မင်းသိစရာ မလိုဘူး"လို့ ကိုယ့်ကိုကိုယ် သတိပေးမိတော့တာပါပဲ။                     We win or we learn                      AlpHa (FMMC)

  • Trading က လုပ်ရင်းလုပ်ရင်း အရှိန်လွန်တတ်တယ်။ ကျွန်တော်ဆိုခဏခဏဖြစ်လို့ ကိုယ့်ကိုကိုယ် ပြန်ပြန်ထိန်းရတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်တာတော့ မဟုတ်ဘူး။ Trading လုပ်တဲ့သူတိုင်းဖြစ်တယ်။ ခဏခဏထိန်းတဲ့သူနဲ့ မထိန်းနိုင်တော့ဘဲ လွှတ်ဆင်းသွားတဲ့သူပဲရှိတယ်။ အဲလိုနဲ့‌ အောင်မြင်နေတဲ့ Trader တွေအဖြစ်ကနေ ပြန်မွဲသွားကြတာပဲ။ Timeframe နဲ့လည်း ဆိုင်မယ်ထင်တယ်။ Timeframe ကြီးရင် Frequency နဲတော့ ပိုစိတ်ငြိမ်မယ်။ Timeframe သေးရင် ခဏခဏ Trading opportunity ရတော့ အရှိန်လွန်ပြီး စိတ်ထိန်းမရဖြစ်တတ်တယ်။ Trade နေရင်းနဲ့ ဟုန်လာပြီဆိုရင် Gut feeling လိုလို ဘာလိုလို ရလာတတ်တယ်။ Market က ဘာဖြစ်တော့မှာဆိုတာကို သိသလိုလို ခံစားလာရတာပေါ့။ တကယ်တော့ ဖြစ်ချင်တာ ဖြစ်တာပါပဲ။ မှန်တဲ့အခါမှန်၊ မှားတဲ့အခါမှားပေါ့။ ဈေးကွက်ကတော့ သူ့သဘောသူဆောင်နေတာပဲ။ ကိုယ်ကသာ  ခံစားချက်တွေ လိုက်ဝင်နေတာ။

  • ဘာမြင်လဲ ...

  • ရွှေကို အဝယ်ဖက်ကနေစောင့်ကြည့်နေပါတယ်။

  • ရွှေကို အဝယ်ဖက်ကနေစောင့်ကြည့်နေပါတယ်။