- Последний пост
- 4 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 107
- 1/48двое суток
- 122
- 1/72трое суток
- 132
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
" ခေတ်ဆိုးရဲ့ ရင်ဘတ် " အထက်မှာ... မီးတောက်တွေ ဝါးမြိုလို့ စစ်ပွဲရဲ့ အော်သံတွေ ညံတယ်။ အလယ်မှာ... မြေကမ္ဘာက ယိုင်နဲ့လို့ ငလျင်အောက် ရင်ဘတ်တွေ အက်ကွဲရပြန်တယ်။ အောက်မှာ... ရေလှိုင်းတွေ ထက်လျှံလို့ ဝမ်းနည်းခြင်းတွေနဲ့ ရေနစ်နေခဲ့ရတယ်။ စစ်ဆိုတဲ့ ဘေး ငလျင်ဆိုတဲ့ ဘေး ရေကြီးခြင်းဆိုတဲ့ ဘေး ဒီထက်ပိုဆိုးတာက... တယူသန် ခေါင်းမာမှုတွေနဲ့ ခေတ်ကို နောက်ပြန်ဆွဲနေတဲ့ လူကြီးတွေရဲ့ အတ္တအောက်မှာ ငါတို့ရဲ့ အိမ်မက်တွေ ရစရာမရှိအောင် ပျက်စီးခဲ့ရတာပါပဲ။ လင်းလက်ချင်ခဲ့တဲ့ နက္ခတ်တွေ မှောင်အတိကျခဲ့ရပြီ... လှပချင်ခဲ့တဲ့ အနာဂတ်တွေ ပြာကျခဲ့ရပြီ... ဒါပေမဲ့လေ... ငါတို့ ရင်ဘတ်ထဲက ပြာပုံအောက်မှာ ကျန်နေသေးတဲ့ အိမ်မက်မီးစတွေကိုတော့ ဘယ်လူကြီးရဲ့ တယူသန်မှုနဲ့မှ ငြိမ်းသတ်လို့ ရမှာ မဟုတ်ဘူး။ ခေတ်က နောက်ပြန်ဆုတ်နေပါစေ ငါတို့ လူငယ်တွေရဲ့ ခြေလှမ်းနဲ့ ငါတို့ အိမ်မက်တွေကို မနက်ဖြန်ဆီ ပြန်လည်ယူဆောင်ရမယ်။ #မီးအိမ် (8.5.2026)
ကဗျာ/မီးအိမ်(ဝတ္တု) pinned «သက်မွန်မြင့်သို့... "သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊ မင်းရဲ့အပြုံးတွေက ညအမှောင်ကို လင်းစေတယ်။ ကျွန်တော် ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ဂျီကျပါစေ၊ မင်းရဲ့ မေတ္တာတရားက အမြဲတမ်း နွေးထွေးစေတယ်။ အလိုလိုက်လွန်းတဲ့ မင်းရဲ့ အချစ်တွေကြား၊ ကျွန်တော်ကတော့ ကလေးတစ်ယောက်လို…»
သက်မွန်မြင့်သို့... "သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊ မင်းရဲ့အပြုံးတွေက ညအမှောင်ကို လင်းစေတယ်။ ကျွန်တော် ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ဂျီကျပါစေ၊ မင်းရဲ့ မေတ္တာတရားက အမြဲတမ်း နွေးထွေးစေတယ်။ အလိုလိုက်လွန်းတဲ့ မင်းရဲ့ အချစ်တွေကြား၊ ကျွန်တော်ကတော့ ကလေးတစ်ယောက်လို ပျော်ပါး။ စိတ်ကောက် စိတ်ကောက်၊ ဆိုးသမျှကို သည်းခံလို့၊ ရင်ခွင်ကျယ်ကြီးနဲ့ အမြဲတမ်း ကြိုဆိုခဲ့သူမို့။ ဒီကမ္ဘာမှာ မင်းထက်ချစ်ရသူ မရှိနိုင်တော့ဘူး၊ မင်းရဲ့ အနားနားမှာပဲ အမြဲတမ်း ပျော်မွေ့ချင်သူ။ ဆိုးသမျှကို သည်းခံပြီး အမြဲတမ်း ချစ်ပေးလို့၊ ကျေးဇူးတင်ပါတယ် "သက်မွန်မြင့်" လေးရယ်... ကိုယ့်ရဲ့ အသည်းနှလုံးထဲက မင်းသမီးလေးမို့ ရင်ထဲကသရဖီပေးပြီးသားပါ။ #မီးအိမ်
ကိုကို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ ခလေးက အေးချမ်းတဲ့ ရိပ်မြုံ၊ ဆိုးသမျှ ညိုညင်မှုမရှိဘဲ ခွင့်လွှတ်နားလည်ပေးတာ... အသည်းပုံ။ #မီးအိမ်
အခုတော့လည်း... အရာရာက ပြောင်းပြန်၊ မင်းမျက်ဝန်းတွေက ငါ့ကို ကျော်လွန်လို့၊ အရင်က သိပ်မက်မောခဲ့တဲ့ အကြင်နာတွေဟာ ဒီနေ့မှာတော့... မင်းအတွက် မလိုအပ်တော့တဲ့အရာ။ #မီးအိမ်
မင်း နှုတ်ဆိတ်နေတဲ့ စကားလုံးတိုင်းမှာ ငါ့ရင်ခုန်သံတွေ တုန်လှုပ်ရီဝေ၊ မင်းတစ်ခုခုကို ဖုံးကွယ်နေမှန်း သိသိရက်နဲ့ ငါ့နှလုံးသားက အလိုလို အရှုံးပေးပြီးသား။ #မီးအိမ်
မင်း ဖုံးကွယ်ထားတဲ့ တိမ်တိုက်တွေနောက်မှာ ငါ့ရဲ့ အတွေးတွေ ရူးသွပ်စွာ အတောင်ပံခတ်။ ဘာလို့လဲ... ဘာကြောင့်လဲ... နဲ့ ငါ့ညဉ့်နက်တွေက အမြဲတမ်း ပဟေဠိဆန်ခဲ့ရတယ်။ #မီးအိမ်
ညဉ့်နက်သန်းခေါင် ယိုင်နဲ့တဲ့ခြေလှမ်းများနဲ့ ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့။ … မင်းလည်းငါ့လိုပဲလား၊ မျက်ရည်တွေဝိုင်းလို့ ခွက်ချင်းတိုက်ဖို့ပြင်ဆင်။ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်ခဲ့ရတာ မင်းတစ်ယောက်တည်းမှ မဟုတ်တာ သူငယ်ချင်းရာ။ #မီးအိမ်
ဘယ်ရထားမှာမလွဲပါဘူး တမင်ရည်ရွယ်ပြီး..ချန်ခဲ့တာပါ ဒီဘူတာမှာပဲ ရှိနေပါသေတယ် ငါတိုမင်းကို ယုံကြည်နေတယ်ရထားတပတ်လှည်လာမှာကိုပေါ့ #မီးအိမ်
ခိုလုံရာမဲ့တဲ့ရင်ခွင်ကပြောတယ်. နောက်လာမဲ့ မိုး .. အရမ်းမအေးပါနက်လို့စုတောင်းတယ် #မီးအိမ်
ဘယ်ကျားမှအမဲမလိုက်တဲ့ကျားရယ်လိုမရှိပါ သို့သော် ပုတ်နေလို့မစားတဲ့ကျားပဲရှိမယ် ကျားဆိုတဲ့သတ္တဝါကသူတိုရဲ့သားကောင်သည်သာပစ်မှတ်ထား၏ ဘယ်နည်း၏မျှသာမဖယ်ရှားပါ #မီးအိမ်
Live stream finished (18 seconds)
Live stream started
ကျွန်တော်အများကြီး မလိုအပ်ပါဘူး.ကျွန်တော် ရယ် ဝိစကီလေးရယ် ဘဝကိုအချိုးကျဖျက်သန်းနိုင်ပါတယ်ဗျာ။ #မီးအိမ်
အရက်တွေမသောက်နဲ့နော်တဲ့.... ကြည့်စမ်းပါအုံးဗျာ.. လောဘကြီးလိုက်ပုံများ.. ကျွန်တော့်အသဲကို... သူတစ်ယောက်ထဲဖျတ်စီးချင်ပုံရတယ် လင်းညီ
без подписи
ဘာလိုလိုနဲ နွေဦးတောင်ရောက်တော့မယ် ရွက်သစ်လေးကြွေတာ မြင်တော့ ဒီနွေဦးကိုဖြတ်ကျော်ဖို့ ခွန်အားရှိပမလား #မီးအိမ်
ပျော်ရွှင်စရာ ဝမ်းနည်းစရာ သဲသဲကွဲကွဲသိဖို့လိုတယ် မမခင် စနစ်ဆိုး မှာ ပွင့်မဲ့ဘုရားအား ကျုပ်လက်အုပ်မချီအားဘူး #မီးအိမ်
မင်းမရှိလဲငါနေနိုင်ပါတယ်.. ဒါပေ့မဲ့ ငါမနေချင်ဘူး... #မီးအိမ်
ငါရဲ့ မာန်မာနကိုကိုခဝါချပြီး တောင်ပန်ခဲ့ပါတယ်.... မင်းဘက်ကလုံးဝပြတ်သားလွန်တယ်. #မီးအိမ်