- Последний пост
- 25 мар.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Видео (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
BL Bank မြန်မာ pinned a photo
How to apply Please apply on Telegram @tin0102 by send this screenshot. We’ll send you the first assignment. မှတ်ချက်။ ယခင်က BL Bank နဲ့ လုပ်ခဲ့ဖူးသူများကို ဦးစားပေးပါမည်။
GMMTV ရဲ့လာမယ့် ဇာတ်လမ်းတွဲသစ်တခုမှာ Great Sapol ကို Bright Rapheephong, Force Jiratchapong, Book Kasidet တို့နဲ့အတူ ဇာတ်ဆောင်အဖြစ်မြင်ရမှာဖြစ်ပါတယ်။ Lovers and Gangsters လို့အမည်ရတဲ့ဒီဇာတ်လမ်းတွဲသစ်ကို နိုဝင်ဘာ ၂၅ ရက်၊ ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ GMMTV2026 ပွဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး Rolisrose ရဲ့ Hong Sen Kao Yot နဲ့ Seng Khluk Fun ဝတ္ထုတွေကို အခြေခံဖန်တီးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ GMMTV ကို ပြောင်းလာပြီးတဲ့နောက် Bright ရဲ့ ပထမဆုံး BL ဇာတ်လမ်းသစ်ဖြစ်မှာဖြစ်သလို Great နဲ့ စုံတွဲတွေအဖြစ်လည်းမြင်ရမှာဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း Great နဲ့ Inn Sarin တို့ရဲ့ ဖန်သားပြင်စုံတွဲအဖြစ် တခန်းရပ်လိုက်ပြီးတဲ့နောက် Great ကိုနောက်ထပ်တွဲဖက်သရုပ်ဆောင်အသစ်နဲ့မြင်တွေ့လာရတာပါ။ Inn Sarin ကတော့ သူ့အနေနဲ့လက်တလော ပရောဂျက်အသစ်မရှိသေးတဲ့အကြောင်း Live ကနေတဆင့်ပရိသတ်တွေကိုအသိပေးထားပါတယ်။
без подписи
လက်ရှိထိုင်းဘုရင်ရဲ့မိခင်ဖြစ်သူ မယ်တော်ကြီး သီရိခေတ်ဟာ အောက်တိုဘာ ၂၄ ရက်၊ ည ၉ နာရီ ၂၁ မိနစ်မှာပဲ ဘန်ကောက်မြို့ပေါ်က ချူလာလောင်ကွန်းဆေးရုံမှာ ကံတော်ကုန်နတ်ပြည်စံပါတယ်။ ဘုရင့်မယ်တော်ကြီးသီရိခေတ်ဟာ ယခင်ဘုရင် ဘူမိဘောအဒူလျာဒက် (ရာမ ၉ဘုရင်) ရဲ့ မိဘုရားခေါင်ကြီး ဖြစ်သလို၊ Royal World Thailand ရဲ့အဆိုအရ ကမ္ဘာပေါ်က နန်းသက်အရှည်ဆုံးမိဘုရားကြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မယ်တော်ကြီးသီရိခေတ်ဟာ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ ဘုရင်မ ရာထူးအထိမြှောက်စားခံခဲ့ရတဲ့ ဒုတိယမြောက်မိဘုရားကြီးလည်းဖြစ်ပါတယ်။ မယ်တော်ကြီးသီရိခေတ်ကို ၁၉၃၂၊ သြဂုတ်လ ၁၂ ရက်နေ့မှာ မွေးဖွားပြီး ငါးဆက်မြောက် ရာမဘုရင် ချူလာလောင်ကွန်း ရဲ့ မျိုးဆက်လည်းဖြစ်ပါတယ်။ ယခင်ဘုရင်ကြီး ဘူမိဘောနဲ့ လက်ထပ်ပြီးတဲ့နောက် ၁၉၅၀ မှာ မိဘုရားခေါင် ဖြစ်လာခဲ့ပြီး သားသမီးလေးဦးထွန်းကားခဲ့ပါတယ်။ ထိုင်းနန်းတွင်းကတော့ စျာပနကို တော်ဝင်ဓလေ့ထုံးတမ်းတွေနဲ့အညီ အမြင့်ဆုံးအဆင့်နဲ့ကျင်းပမယ်လို့ကြေညာထားပြီး နိုင်ငံတော်ဝမ်းနည်းခြင်းကိုတော့ တစ်နှစ်သတ်မှတ်ထားပါတယ်။
ပရိသတ်တွေစောင့်မျှော်နေတဲ့ ထိုင်း BL ဇာတ်လမ်းတွဲသစ် The Wicked Game ကို လာမယ့် စက်တင်ဘာ ၂၇ ရက်ကစလို့ အပတ်စဥ်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ပြီးခဲ့တဲ့ Century Of Love ဇာတ်လမ်းတွဲနဲ့ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Daou နဲ့ Offroad တို့ရဲ့ တကြော့ပြန် ဇာတ်လမ်းသစ်လည်းဖြစ်ပါတယ်။ ၎င်းဇာတ်လမ်းမှာ Daou ကို ဆေးရုံပိုင်ရှင်သူဌေးကြီးတဦးရဲ့သားဖြစ်သူကို စောင့်ရှောက်ပေးရမယ့် သက်တော်စောင့်ကောင်လေး ထန် အဖြစ် တွေ့ရမှာဖြစ်ပြီး Offroad ကိုတော့ ထန်စောင့်ရှောက်ပေးရမယ့် သူဌေးကြီးရဲ့သား ဖီအန် အဖြစ် တွေ့ရမှာပါ။ ဆေးရုံစဖွင့်တဲ့နေ့မှာပဲ ဖီအန်တယောက် အသက်သေဆုံးလောက်နိုင်တဲ့အထိ လုပ်ကြံခံရမှုနဲ့ကြုံတွေ့ပြီးတဲ့နောက် ထန်ရဲ့အလုပ်ဟာ သေမင်း နှုတ်ခမ်းဝပေါ် လမ်းလျောက်ရသလိုဖြစ်လာပါတယ်။ သို့သော်လည်း ဒီလို အန္တရာယ်တွေကြားကပဲ ဖီအန်ကိုကာကွယ်ပေးရင်း ထန်ရဲ့ ခံစားချက်တွေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကိုတော့ ဇာတ်လမ်းတွဲမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ခံစားကြရမှာပါ။ အပိုင်း ၁၀ ပိုင်းပါဝင်မယ့် ဒီဇာတ်လမ်းတွဲသစ်ဟာ ဒီနှစ်ရဲ့ ပရိသတ် စောင့်စားမှုအမြင့်ဆုံးတွေထဲက တခုလည်းဖြစ်ပါတယ်။
ABO Desire ဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်လေးယောက်ဖြစ်တဲ့ Huang Xing, Qiu Ding Jie, Li Pei En, and Jiang Heng တို့ဟာ လာမယ့် စက်တင်ဘာ ၂၀၊ မကာအိုမှာပြုလုပ်မယ့် TF Music Awards (TMA) မှာ ဖျော်ဖြေဖို့ရှိနေပါတယ်။ ၎င်းပွဲမှာ တောင်ကိုရီးယား ကေပေါ့ အနုပညာရှင်တွေအဓိက ပါဝင်ဖျော်ဖြေကြမှာဖြစ်ပြီး Desire အဖွဲ့ဝင်လေးဦးကတော့ တရုတ်ပေါ့ဂီတ (C-pop) ကိုယ်စားပြု အနုပညာရှင်တွေအဖြစ် ပါဝင်မှာပါ။ ၎င်းဖျော်ဖြေပွဲဟာ ၎င်းတို့လေးဦးရဲ့ ပထမဆုံး ပြည်ပ ဖျော်ဖြေရေးပွဲဖြစ်သလို အဖွဲ့ဝင်တွေအနေနဲ့လည်း အင်တိုက်အားတိုက် ကြိုးစားနေကြတဲ့အကြောင်းလည်း လူမှုကွန်ယက်မှာမျှဝေထားပါတယ်။
ထိုင်းမင်းသား Fourth Nattawat ဟာ အပျင်းဖျားပြီးနောက် စက်တင်ဘာ ၈ ရက်နေ့မှာ ဆေးရုံတင်ထားရတဲ့အကြောင်း အေဂျင်စီဖြစ်တဲ့ GMMTV က ထုတ်ပြန်အသိပေးထားပါတယ်။ လက်ရှိမှာ Fourth ဟာ influenza A တုပ်ကွေးကြောင့်ဆေးရုံမှာကုသမှု ခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသေးတာကြောင့် စီစဥ်ထားတဲ့ activities တွေကို ရွှေ့ဆိုင်းတဲ့အကြောင်းလည်း GMMTV ရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ Fourth အမြန်ဆုံးနေကောင်းပါစေ။
ထိုင်းမင်းသား Bright Rapheephong ဟာ GMMTV ကို ရောက်ရှိလာပြီ ဖြစ်တဲ့အကြောင်း စက်တင်ဘာ ၉ ရက်နေ့မှာပဲ GMMTV ဟာ သူတို့ရဲ့ လူမှုကွန်ယက်တွေကနေတင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Bright ဟာ BL မဟုတ်တဲ့ ဇာတ်လမ်းတွေကနေတဆင့် ပရိသတ်ရှေ့ရောက်လာသူဖြစ်ပေမယ့် BL လောကနဲ့လည်းစိမ်းသူတော့မဟုတ်ပါဘူး၊ Bright ဟာ ၂၀၂၃ ခုနှစ်ထွက် BL ဇာတ်လမ်းတွဲ I Feel You Linger In The Air မှာ မင်းသား Nonkon Chanon နဲ့အတူ ဇာတ်ဆောင်တွေအဖြစ် ပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေတော့ သူ့ရဲ့ နာမည်ရှေ့အလုံးနဲ့ ယခင် GMMTV သရုပ်ဆောင်ဟောင်း Bright Vachirawit ရဲ့နာမည်ရှေ့စာလုံး တူတာကြောင့် ဖြစ်နိုင်ရင် Bright Win ဆိုပြီး ပြန်မြင်ရဖို့လည်း အပြောင်အပျက်သဘောမျိုး ပြောနေကြပါတယ်။
လက်ရှိပြသနေတဲ့ Revenged Love အပိုင်း ၂၂ နဲ့ ၂၃ မှာ ချီချန်းရဲ့ အကျဥ်းသားနံပါတ်အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ဇာတ်လမ်းရဲ့ စာရေးဆရာမဟာ တရုတ်ပရိသတ်တွေရဲ့အကြီးအကျယ်ဝေဖန်မှုနဲ့ရင်ဆိုင်နေရပါတယ်။ ⚠️ Spoilers ahead! အပိုင်း ၂၂ မှာ ချီချန်းဟာ ကုမ္ပဏီ အခွန်တိမ်းရှောင်မှု ပြဿနာနဲ့ထိမ်းသိမ်းခံရပြီးတဲ့နောက် အကျဥ်းသားနံပါတ် ၁၇၀၇ အဖြစ်အချုပ်ကျနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် အပိုင်း ၂၃ အရောက်မှာ အစောင့်က ထမင်းလာပို့ချိန်ခေါ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အကျဥ်းသားနံပါတ်ကို ၀၇၀၆ ဆိုပြီးသုံးနှုန်းထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ၀၇၀၆ ဟာ Revenged Love ထဲက သရုပ်ဆောင် Ziyu ရဲ့မွေးနေ့ဖြစ်တဲ့ ၇ လပိုင်း ၆ ရက်နေ့နဲ့ တိုက်ဆိုင်သွားတာပါ။ ဒါကိုတိုက်ဆိုင်မှုလို့ ယူဆလို့ရကောင်းရနိုင်ပေမယ့် အပိုင်း ၂၂ မှာ ၁၇၀၆ ကနေ အပိုင်း ၂၃ မှ ချက်ချင်းဆိုသလိုကြီး ၀၇၀၆ လို့ပြောင်းလိုက်တာကိုပရိသတ်တွေလက်မခံနိုင်ဖြစ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ၀၇၀၆ ဟာမူရင်း ဝတ္ထုထဲက နံပါတ်လည်းမဟုတ်သလို၊ weibo မှာ မျှဝေလာတဲ့ ဇာတ်ညွှန်းမှာလည်းမပါဝင်ပါဘူး။ ဒါကြောင့် တချို့ပရိသတ်တွေကတော့ ဒါဟာ ရိက်ကူးရေးပြီးမှသာ တမင်ပြောင်းလဲ လိုက်တာဖြစ်နိုင်တယ်ဆိုပြီးပြောဆိုကြပါတယ်။
သြဂုတ်လ ၁၁ ရက် (တနင်္လာနေ့) မှ သြဂုတ်လ ၁၇ ရက် (တနင်္ဂနွေနေ့) အထိ တစ်ပတ်အတွင်းပြသမယ့် BL ဇာတ်လမ်းတွေရဲ့အချိန်စာရင်းဖြစ်ပါတယ်။ အစိမ်းရောင်အမှတ်သားပြ ဇာတ်လမ်းတွေဟာ အပိုင်း ၁ စတင်ပြသမှာဖြစ်ပြီး အနီရောင်အမှတ်သားပြဇာတ်လမ်းတွေက ဇာတ်သိမ်းမှာဖြစ်ပါတယ်။ BLBank Telegram (@blbankmm)
BL Bank မြန်မာ pinned Deleted message
ကမ္ဘာကျော်အားကစား အဝတ်အစားကုမ္ပဏီ Under Armour က သူတို့ရဲ့ ထိုင်းနိုင်ငံတွင်း အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် Joss Way-Ar ကို ရွေးချယ်လိုက်တဲ့အကြောင်း GMMTV က ဒီကနေ့မှာပဲ အသိပေးပါတယ်။ Joss Way-Ar ကို Under Armour ရဲ့ အားကစားဝတ်စုံနဲ့အတူရိုက်ကူးထားတဲ့ ဓာတ်ပုံလေးပုံလည်း GMMTV ဘက်က မျှဝေလာပြီး Joss ရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ အမှတ်တံဆိပ်ဟာလည်း လိုက်ဖက်မှုရှိနေတာကိုတွေ့ရမှာပါ။ Joss ဟာ GMMTV နဲ့ အချိန်တော်ကြာ လက်တွဲလာတဲ့အနုပညာရှင်တဦးဖြစ်ပြီး ဒီနှစ်အတွင်းပြသခဲ့တဲ့ My Golden Blood ဇာတ်လမ်းတွဲမှာလည်း ဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် လာမယ့် Only Friends: Dream on မှာလည်း ဇာတ်ဆောင်အဖြစ်ပါဝင်လာဖို့ရှိနေပါတယ်။
Revenged Love ဟာ သူတို့ရဲ့အချိန်ဇယား အပြောင်းအလဲကိုကြေညာပြီးတဲ့နောက် ပရိသတ်တွေအနေနဲ့ ဇာတ်သိမ်းပိုင်းကို လာမယ့်အပတ်ထဲမှာပဲ ကြည့်ကြရဖို့ရှိနေပါတယ်။ မူလက တနင်္လာ၊ အင်္ဂါ အပတ်စဥ်ပြသနေရာကနေ အပိုင်းသစ် ၁၉၊ ၂၀ ကို ဒီကန့ညမှာပြသမှာဖြစ်ပါတယ်။ ကျန်အပိုင်းတွေကို တစ်ရက်တစ်ပိုင်းနှုန်းနဲ့ ဆက်လက်ပြသမှာဖြစ်ပြီး ဇာတ်သိမ်းပိုင်းကိုတော့အင်္ဂါနေ့မှာကြည့်ကြရမှာပါ။ Revenged Love ဟာ ဒီနှစ်အတွင်းအအောင်မြင်ဆုံး တရုတ် BL ဇာတ်လမ်းတွဲတခုဖြစ်ပြီး ဇာတ်ဆောင်တွေအဖြစ် Tian Xuning နဲ့ Ziyu တို့က ပါဝင်ထားကြပါတယ်။
တရုတ်BL ဇာတ်လမ်းတွဲသစ်ဖြစ်လာမယ့် To My Shore ကို ပြိးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထိုင်းနိုင်ငံမှာစတင်ရိုက်ကူးခဲ့ပြီးတဲ့နောက် ရိုက်ကူးရေး လုပ်ငန်းစဥ်တွေအားလုံးဟာ သြဂုတ်လ ၆ ရက်နေ့ညမှာ အပြီးသတ်ခဲ့ပါတယ်။ ၎င်းဇာတ်လမ်းဟာ မနှစ်ကထွက်ရှိတဲ့ Before The Flower Blooms ကိုထုတ်လုပ်သူကပဲဆက်လက် ထုတ်လုပ်တာဖြစ်ပြီး နားဆင်သူ သန်း ၂၀ ကျော်ရှိထားတဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုအခြေခံ ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအဖြစ် Yun Qi နဲ့ Hao Yiran တို့ကပါဝင်ကြမှာဖြစ်ပြီး ဒီနှစ်မကုန်ခင်ကြည့်ကြရဖို့ ရှိနေပါတယ်။
без подписи
ပြီးခဲ့တဲ့နှစ်မှာပြသခဲ့တဲ့ Fourever You ဇာတ်လမ်းတွဲထဲက PondEarth အတွဲဟာ အခုတော့ဒုတိယ season နဲ့ ပရိသတ်ရှေ့ကိုပြန်ရောက်လာတော့မှာပါ။ Fourever You Season 1 ပြီးတဲ့နောက် Pond Ponlawit ဟာ Reset ဇာတ်လမ်းတွဲမှာ အခြားတွဲဖက်သရုပ်ဆောင်သစ်နဲ့တွေ့လာရတောကြောင့် ပရိသတ်တော်တော်များများက PondEarth အတွဲအဆုံးသတ်ပြီလို့ထင်ခဲ့ကြပါတယ်။ မနေ့ကပြုလုပ်တဲ့ Fourever You 2 ရဲ့ fitting နဲ့ ပိုစတာရိုက်ကူးမှုမှာ ဒူးမကောင်းတဲ့ကြားကနေပဲ Pond Ponlawit တယောက် ရောက်လာခဲ့ပါတယ်။ Fourever You ဟာ တက္ကသိုလ်ကျောင်းသားအချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး BL အတွဲ ၃ တွဲပါဝင်မှာဖြစ်ကာ Pond Ponlawit နဲ့ Earth Katsamonnat တို့ကလည်းတတွဲအပါအဝင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ ဇာတ်သိမ်းခဲ့တဲ့ထိုင်း BL ဇာတ်လမ်းတွဲ Reset ဟာ ကမ္ဘာတဝန်းအပိုင်းအားလုံး စုစုပေါင်းကြည့်ရှုမှုအကြိမ်ရေ ၆ဘီလီယံကျော်အထိရှိခဲ့တယ်လို့ IQIYi က ထုတ်ပြန်ပါတယ်။ ၎င်းဇာတ်လမ်းတွဲကို IQIYi ပလက်ဖောင်းကနေတဆင့် နိုင်ငံပေါင်း ၁၉၀ မှာ စာတန်းထိုးဘာသာစကား ၁၂ခု၊ နောက်ခံစကားပြော ဘာသာစကား ၃ခုတို့နဲ့အတူ ပြသခဲ့တာလည်းဖြစ်ပါတယ်။ Reet ဟာ အောင်မြင်မှုအထွတ်အထိပ်ကိုရောက်ချိန်မှာပဲ ချစ်သူရဲ့သစ္စာဖောက်မှုနဲ့အတူ လုပ်ကြံခံလိုက်ရတဲ့ အနုပညာရှင်တစ်ဦးဟာ အတိတ်ကို အချိန်ခရီးသွားပြီးတဲ့နောက် ဖြစ်ဖူးခဲ့တဲ့အကြောင်းအရာ တချို့ကိုပြန်ပြင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအဖြစ် Peterpan Tadsapon နဲ့ Pond Ponlawit တို့ကပါဝင်ထားကြပါတယ်။
https://telegra.ph/%E1%80%92%E1%80%9D%E1%80%9C%E1%80%81%E1%80%9B%E1%80%96-%E1%80%9C%E1%80%80%E1%80%90%E1%80%80%E1%80%99%E1%80%A1%E1%80%9C%E1%80%80%E1%80%9B%E1%80%80%E1%80%9B%E1%80%94%E1%80%90-Semantic-Error-%E1%80%9B%E1%80%91%E1%80%90%E1%80%9C%E1%80%95%E1%80%9E-Watcha-08-06
လက်ရှိပြသနေတဲ့ Revenged Love မှာ ဝမ်ကျန့် (Wang Zhen) နေရာက သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ရဲ့နာမည်အရင်းဟာ IMDb မှာဖော်ပြချက်အရ ရှို့ဝမ် (Shuo Wang) ဖြစ်ပြီး ဒါဟာ ဇာတ်လမ်းထဲမှာသူ့ညီဖြစ်သူ ဝမ်ရှို့ (Wang Shuo) နဲ့ နာမည်ပြောင်းပြန်လည်းဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းသာ ပါဝင်ရတဲ့ ရှို့ဝမ်ဟာ MyDramaList မှာလည်း ဖော်ပြထားခြင်းမရှိသလို အကယ်၍ Google မှာ Shuo Wang လို့ရှာကြည့်မယ်ဆိုရင်တောင် တရုတ်အမျိုးသားသရုပ်ဆောင် Wang Shuo အကြောင်းပေါ်လာမှာဖြစ်ပြီး အဲဒါကလည်း သူမဟုတ်ပါဘူး။