- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 3
- Всего постов
- 40
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 39
- 1/48двое суток
- 44
- 1/72трое суток
- 48
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
လူတစ်ယောက် Guitar ring ပေးတယ်ဆိုတာ ဂီတာ တစ်လက်မှာ ကြိုးတစ်ချောင်းက မရှိရင် မဖြစ်သလို ကိုယ့်ဘဝမှာလည်း မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ..။ #𝐊𝐨𝐏𝐡𝐲𝐨
ဘာလို့ မျက်မှန်တပ်လည်း ဆိုတော့ ရှိတဲ့ နှစ်လုံးနဲ့ ကြောင်လို့အားမရလို့ #𝐊𝐨𝐏𝐡𝐲𝐨
လူတိုင်းက ရိုးသားတာနဲ့ မတန်ဘူး လိမ် ဆက်ဆံသင့်ရင် ဆက်ဆံရတယ် #𝐊𝐨𝐏𝐡𝐲𝐨
မြန်မာနိုင်ငံကြီးက ဘယ်တိုးတက်ပါ့မလဲ ဪ...သူ့မှာ ရည်းဇားမရှိပါလား ငါ တွဲပေးလိုက်မယ်ဆိုတဲ့ စိတ်ဓာတ် တစ်ယောက်မှ မရှိ။ #𝐊𝐨𝐏𝐡𝐲𝐨
без подписи
ပတ်ဝန်းကျင်က နာဇီ ငါတို့ဟာ ဂျစ်ပစီ ။ တစ်ယောက်က ဂီတကိုဝါသနာပါတယ် တစ်ယောက်က ဗီဇာဟာ ကဗျာတဲ့ ။ ဒီလိုရူးသွတ်ခြင်းတွေမှာ ယုံကြည်မှုများက အပြည့်လျှံ ။ မျက်မှန်တပ်ကြည့်မှ အမှန်တရားက မှန်ဘီလူးနဲ့ ရှာမရမှန်း သိခဲ့ရတယ် ။ ငါတို့ဟာ တစ်နေ့ပြီးတစ်နေ့ ပီရိလာတဲ့ ဟန်ဆောင်မှု တစ်ခုလိုပဲ။ တချို့က အသက်အရွယ်ကိုမေးတယ် ငါကတော့ မင်းဘယ်လောက် လိမ်ညာတတ်ပြီလဲ မေးတယ် ။ အမှန်တရား ချိုချို အမှားခါးခါးတဲ့ လူတိုင်းဟာ အမှားပဲ သုံးဆောင်ကြတယ် သွားပိုးစားမှာ သူတို့ကြောက်လို့ နေမှာ ။ ဗရုတ်သုတ်ခ လောကကြီးမှာ လိမ်ညာတတ်ခြင်းဟာလည်း မသင်ပဲတတ်တဲ့ အရေးကြီး ပညာရပ်တခု တဲ့ အဆွေ ။ - ကိုလေးနှင့် တွေ့ဆုံခြင်း တပိုင်း - (ဇူလိုင် နှစ်ဆယ့်ခြောက်ရက်) ကလောင်
без подписи
စားကြပါဦး #𝐊𝐨𝐏𝐡𝐲𝐨
без подписи
ပိုက်ဆံပဲ ရှာတတ်ပြီး ဘဲ"မရတဲ့ Single အစ်မကြီးတွေ ထွက်ခဲ့ပေးပါ🫣 #𝐊𝐨𝐏𝐡𝐲𝐨
မိုးလေး အေးတော့ ချောင်းဆိုးနေကြပြီမလား ဆက်ဆိုးလိုက်ပါ။ မင်းမှာ ဆိုးစရာ ရည်းဇား"မှ မရှိတာ #𝐊𝐨𝐏𝐡𝐲𝐨
အနာဂတ်နဲ့ပက်သက်ပြီး မတွေးသင့်တဲ့အရာနှစ်ခုရှိတယ် အချစ်နဲ့သေခြင်း အချိန်ကျရင် သူ့အလိုလိုရောက်လာမှာမလို့ #crd #tharaphi
တစ်ယောက်ရင်ထဲ တစ်ယောက်ရှိနေပြီး တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်ကြသေးဘူးဆိုရင် သေချာပါတယ် ကိုယ်တို့လမ်းခွဲခဲ့ကြတာမဟုတ်ဘူး လမ်းလွဲခဲ့ကြတာပါ... ။ @Kolay_Black_sheep ☑️ #Black_sheep #Crd
တချို့သော ဆက်ဆံရေးတွေက ပြီးသွားခဲ့လို့ ဘာစိတ်မှမကျန်ခဲ့တော့ရင်တောင် ကိုယ် သဝန်တိုခဲ့ဖူးတဲ့သူနဲ့ တွေ့တဲ့အခါ တစ်ချိန်က နာကျင်ခဲ့ဖူးတဲ့ ခံစားချက်ကို ပြန်ရမိတယ် စိတ်ကုန်တယ် မွန်းကြပ်တယ် အလိုလို မကြည်တော့ဘူး #tharaphi
အလုပ်မရှိတဲ့ သူတွေပဲ ရည်းဇားထားကြတာ #𝐊𝐨𝐏𝐡𝐲𝐨
📣 ကိုလေးရဲ့ ကိုယ်ပိုင် Channel တွေ, Admin လုပ်ထားတဲ့ Channel / Group တွေ အားလုံးကို တစ်နေရာတည်းကနေ အလွယ်တကူ Join လုပ်နိုင်ဖို့ Telegram Folder တစ်ခု စီစဉ်ပေးထားပါတယ်။ 🎁 အပိုလက်ဆောင်အနေနဲ့ Folder ထဲမှာ Class တစ်ခုလည်း ထည့်ပေးထားပါတယ်။ 🌺 🔗 Join Folder: https://t.me/addlist/u6Fij1RTUVYyM2Q1 📌 Update တွေ၊ Knowledge Sharing တွေ၊ သင်တန်းအသစ်တွေကို မလွတ်ချင်ရင် အခုပဲ Join ထားလိုက်ပါ! #Black_sheep #Folder
🔆 80/20 Rule ဆိုတာ ဘာလဲ? (Pareto Principle)🟡 လူအများစုက "အချိန်ပိုလုပ်ရင် ရလဒ်ပိုရမယ်" လို့ ထင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အလုပ်တိုင်းက တန်ဖိုးတူညီတာ မဟုတ်ပါဘူး။ 80/20 Rule (Pareto Principle) အရ... 📌 ရလဒ် 80% ကို အရေးကြီးတဲ့ အလုပ် 20% ကပဲ ဖန်တီးပေးပါတယ်။ ဒီသဘောတရားကို အီတလီစီးပွားရေးပညာရှင် Vilfredo Pareto က သတိပြုမိခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ စီးပွားရေး၊ ပညာရေး၊ Marketing နဲ့ နေ့စဉ်ဘဝတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဥပမာ (၁) – စာသင်ခြင်း ကျောင်းသားတစ်ယောက်က စာအုပ်တစ်အုပ်လုံးကို အလွတ်ကျက်မယ့်အစား... အမှတ်များတဲ့ Chapter တွေ၊ မေးလေ့ရှိတဲ့ အပိုင်းတွေကို ဦးစားပေးဖတ်ရင် အချိန်နည်းနည်းနဲ့ ရလဒ်ပိုကောင်းနိုင်ပါတယ်။ ဥပမာ (၂) – Online Business တစ်နေ့လုံး ငြီးငွေ့စရာPost တင်နေတာထက်...ဖောက်သည်အများဆုံး ဝင်လာစေတဲ့ Content အမျိုးအစား၊ Page နဲ့ Platform တွေကို အာရုံစိုက်လုပ်တာက ပိုထိရောက်ပါတယ်။ ဥပမာ (၃) – အလုပ်လုပ်ပုံ To-Do List မှာ အလုပ် (၁၀) ခုရှိတယ်ဆိုပါစို့။ အဲဒီထဲက (၂) ခုလောက်ကပဲ သင့်ရဲ့ ဝင်ငွေ၊ ရလဒ် ဒါမှမဟုတ် တိုးတက်မှုကို အများဆုံး သက်ရောက်စေတတ်ပါတယ်။ အဲဒီအလုပ်တွေကို အရင်ပြီးအောင်လုပ်နိုင်ရင် ကျန်တာတွေက ပိုလွယ်သွားပါတယ်။ 80/20 Rule ကို ဘယ်လိုအသုံးချမလဲ? ✔️ ကိုယ့်အတွက် အရေးကြီးဆုံး အလုပ်တွေကို အရင်ရွေးပါ။ ✔️ အချိန်ကုန်ပေမယ့် အကျိုးနည်းတဲ့ အလုပ်တွေကို လျှော့ပါ။ ✔️ နေ့တိုင်း ကိုယ့်ရဲ့ ရလဒ်အများဆုံး ပေးနိုင်တဲ့ အလုပ် (၁) ခုကို ဦးစားပေးလုပ်ပါ။ မှတ်ထားသင့်တာ 80/20 Rule က 80% နဲ့ 20% ကို အတိအကျတွက်ချက်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဓိကအယူအဆက "ရလဒ်အများဆုံး ပေးနိုင်တဲ့ အရေးကြီးတဲ့ အရာအနည်းငယ်ကို ရှာပြီး အာရုံစိုက်လုပ်ပါ" ဆိုတာပါ။ 📚 အလုပ်ကြိုးစားတာက အရေးကြီးပေမယ့်... မှန်ကန်တဲ့ အရာကို ဦးစားပေးလုပ်တတ်တာက ပိုအရေးကြီးပါတယ်။ @Online_Courses_And_Shop ☑️ #Black_sheep #KnowledgeSharing
🔐 Telegram Accountကာကွယ်နည်း ယနေ့ခေတ်မှာ Telegram Account Hack ဖြစ်တဲ့ ပြဿနာတွေ ပိုများလာတာကြောင့် မိမိ Account ကို လုံခြုံအောင် ကာကွယ်ထားဖို့ အရေးကြီးပါတယ်။Telegram ကို နေ့စဉ်အသုံးပြုနေသူတိုင်း လုံခြုံရေးအတွက်... 🔑1.Two-Step Verification ဖွင့်ထားပါ Telegram → Settings → Privacy and Security → Two-Step Verification ခန့်မှန်းရခက်သော Password တစ်ခု သတ်မှတ်ပါ။ 2. Login Code ကို ဘယ်သူ့ကိုမှ မပေးပါနဲ့ Telegram က ပို့တဲ့ SMS / Telegram Code ကို Admin, Support, Bot စတဲ့ ဘယ်သူ့ကိုမှ မပေးပါနဲ့။Code တောင်းသူအများစုသည် Scam ဖြစ်နိုင်ပါတယ်။ 3. မသိတဲ့ Bot / Link တွေကို မနှိပ်ပါနဲ့ t.me/... Link တိုင်းကို မယုံပါနဲ့။ Bot ကို Start မလုပ်ခင် Channel/Website ရဲ့ တရားဝင်ဖြစ်မှုကို စစ်ဆေးပါ။" 18+ ကြည့်ချင်ရင်ဤlinkကိုနှိပ်ပါ၊" စသည့်လင့်ခ်များအထူးသတိပြု။ 4. Active Sessions ကို ပုံမှန်စစ်ပါ Settings → Devices မသိတဲ့ Device တွေ့ရင် Terminate Session လုပ်ပါ။ 5. Recovery Email ထည့်ထားပါ Two-Step Verification အတွက် Recovery Email ထည့်ထားပါက Password မေ့သွားချိန် ပြန်လည်ရယူရန် လွယ်ကူပါတယ်။ ‼️သတိထားရန် “Free Premium”, “TON Airdrop”, “Vote”, “Verify Account” စသည့် Link များမှ Login ဝင်ခိုင်းပါက အထူးသတိထားပါ။ Telegram ဝန်ထမ်းများသည် သင့် Login Code သို့မဟုတ် Password ကို ဘယ်တော့မှ မတောင်းပါ။ အမြန်စစ်ဆေးရန် (30 စက္ကန့်) Settings → Devices မသိတဲ့ Session ရှိ/မရှိ စစ်ပါ Two-Step Verification ဖွင့်ထား/မထား စစ်ပါ။မသင်္ကာတဲ့ Bot/Link များကို ဖျက်ပြီး Block လုပ်ပါ 📌 ဒီနေ့ပဲ Two-Step Verification ဖွင့်ထားလိုက်ပါ — Telegram Account ကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ @Online_Courses_and_Shop ☑️ #Knowledge_Sharing #Black_sheep #TelegramAccount