Core of Learning Academia
СтатистикаThis is the core place which is for every learner. CoL.A is always for LEARNERS.
- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 12
- Всего постов
- 37
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 149
- 1/48двое суток
- 170
- 1/72трое суток
- 184
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
#Content_by_Lunar #Graphic_by_Kito #Core_of_Learning_Academia
🌳WHY COTTON TREES ARE MORE IMPORTANT THAN WE THINK? ယနေ့ခေတ် ကျွန်တော်တို့ မြင်တွေ့နေရတဲ့ cotton tree(ဝါဂွမ်းပင်) တွေရဲ့ ဇာစ်မြစ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီခန့်က အမေရိကတိုက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကတိုက် ကနေမှ လေတိုက်မှု၊မြစ်ချောင်းစီးဆင်းမှု စတဲ့ရာသီဥတုတွေမှတစ်ဆင့် ကမ္ဘာအနှံအပြားကိုရောက်ရှိလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ လူသားမျိုးနွယ်စုအတွက် အကျိုးပြုတဲ့ ဂေဟာစနစ်(ecosystem)တစ်ခုဖြစ်လာခဲ့ပါတယ်✨ 1.Cotton trees help improve air quality💨 Cotton trees တွေကအခြားအပင်တွေလိုပဲ photosynthesis ကိုလုပ်ဆောင်ကြပါတယ်။ လေထုထဲမှာရှိတဲ့ ဖုန်မှုန့်၊ ညစ်ညမ်းစေတဲ့အမှုန်အမွှားတွေအားလုံးကိုယူဆောင်သွားပြီး သတ္တဝါတွေအသက်ရှူဖို့လိုအပ်တဲ့ oxygen ကိုပြန်လည်ထုတ်လွှင့်ပေးပါတယ်။ 2.Cotton trees provide shelter for animals🐇 Cotton trees တွေရဲ့အကိုင်းအခက်တွေ၊ ပင်စည်အခေါင်းပေါက်တွေက ငှက်ကလေးတွေ၊ ရှဥ့်တွေ၊ ပိုးမွှားတွေနဲ့ အခြားတိရစ္ဆာန်ငယ်လေးတွေအတွက် ခိုလှုံရာနေရာဖြစ်လာခဲ့ပါတယ်။ ပူပြင်းတဲ့ နွေဥတုမှာဖြစ်စေ၊အေးခဲလှတဲ့ ဆောင်းဥတုမှာဖြစ်စေ တိရစ္ဆာန်လေးတွေကို အကာအကွယ်ပြုပေးနိုင်ပါတယ်။ 3.Cotton fibers can be used as many different things🪴 Cotton trees ရဲ့အသီးကနေထွက်လာတဲ့ ပျော့ပျောင်းတဲ့အမျှင်တွေကို ခေါင်းအုံး ၊ဖက်လုံး၊ မွေ့ရာ၊မွှေးပွအရုပ်လေးတွေ၊ အသက်ကယ်အကျီ(life jacket) တွေလိုမျိုးမှာအသုံးပြုကြပါတယ်။ ဒီအမျှင်တွေဟာပေါ့ပါးပြီးနူးညံံ့တာကြောင့်အသုံးဝင်တဲ့သဘာဝပစ္စည်းတစ်မျိုးအဖြစ်သတ်မှတ်ကြပါတယ်။ 4.Cotton trees support biodiversity သက်ရှိသတ္တဝါမျိုးစုံ ရှင်သန်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ရဲ့ညီမျှမှုကလည်း ထပ်တူထပ်မျှအရေးကြီးပါသေးတယ်။ cotton tree ရဲ့ အမြစ်တွေဟာ မြေကြီးကို ကုပ်တွယ်ထားတဲ့အတွက် မြေဆီလွှာတိုက်စားမှု၊ ပြိုကျမှု အပါအဝင်ပြင်းထန်တဲ့ မုန်တိုင်း စတာတွေကိုလည်း မားမားမတ်မတ်ကာကွယ်ပေးနိုင်ပါတယ်။ 🌱Fun fact Cotton tree တွေဟာနှစ်ပေါင်းများစွာအသက်ရှည်နိုင်ပြီး အမြင့်ပေများစွာ အထိကြီးထွားနိုင်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဒီအပင်ကို ဒေသရဲ့အမှတ်အသားတစ်ခုအဖြစ်တောင်သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက cotton tree(kapok tree)နဲ့ cotton plant ကမတူပါဘူးနော်။ လူတွေအဝတ်အထည်လုပ်တဲ့ချည်မျှင်အများစုကတော့ cotton plant ကနေရရှိတာဖြစ်ပါတယ်။🌿 #Content_by_Lunar #Graphic_by_Kito #Core_of_Learning_Academia
HSK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ချင်သူလေးတွေနှင့် တရုတ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသူများအတွက် HSK 1 Level အတန်းလေး လာပါပြီရှင့်။ ဒီအတန်းမှာတော့ HSK 1 Text Book ကို အခြေခံ၍ Vocabulary၊ Grammar၊ Reading၊ Writing၊ Listening နှင့်…
HSK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ချင်သူလေးတွေနှင့် တရုတ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသူများအတွက် HSK 1 Level အတန်းလေး လာပါပြီရှင့်။ ဒီအတန်းမှာတော့ HSK 1 Text Book ကို အခြေခံ၍ Vocabulary၊ Grammar၊ Reading၊ Writing၊ Listening နှင့် Speaking Skills များကို အဆင့်ဆင့် နားလည်လွယ်ကူအောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ အခြေခံမရှိသေးသူများလည်း အဆင်ပြေစွာ လေ့လာနိုင်ရန် စနစ်တကျ လမ်းညွှန်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 👨🏫 Teacher – Wang Laoshi 📖 Subject – Chinese (HSK 1 Level – Text) 💻 Class Type – Google Meet 🗓️ Class Start Date – 15.8.2026 📌 Duration - 3 months 📅 Class Days – Saturday & Sunday 🕗 Class Time – 8:00 PM – 9:00 PM 👥 Student Limit – 20 📚 Course Book – HSK Text Book 🌟 သင်တန်းပြီးဆုံးသွားချိန်မှာ HSK 1 Level အခြေခံ Vocabulary များကို နားလည်ပြီး နေ့စဉ်အသုံးများတဲ့ ဝါကျများကို ဖတ်နိုင်၊ ရေးနိုင်၊ ပြောဆိုနိုင်သွားမဲ့အပြင် အခြေခံ Chinese Grammar ကို နားလည်လာမှာပဲဖြစ်ပါတယ်။ 📌 Class Rules 🔹 အတန်းတက်ရောက်တဲ့အခါအတန်းတစ်ခုလုံးကို ပြီးဆုံးအောင်တက်နိုင်တဲ့လူဖြစ်ရပါမယ်။ 🔹 သင်ခန်းစာများကို စိတ်ဝင်တစား လေ့လာပြီး ပေးအပ်သော လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပေးရပါမည်။ Student limit လေးရှိတာမလို့အခုပဲ@CoL_Academia ကိုအပြေးလားပြီးအတန်းလာအပ်လိုက်တော့နော် #Content_by_Chaw #Core_of_Learning_Academia
🥟ပေါက်စီမြေနဲ့ ပတ်သက်ပြီး ✨ စပါယ်ရှယ် အတန်းလေးတစ်တန်းလာဖို့ ရှိပါတယ်နော် သိချင်နေကြပြီမလား မသိချင်လည်း သိလိုက် #Core_of_Learning_Academia
ကိုယ့်ရဲ့ Writing ကိုဘယ်လိုကောင်းအောင်လုပ်ရမလဲ?? လူတိုင်းက Writing ဆိုရင်ကြောက်ကြတယ် တိုးတက်အောင်လုပ်ဖိုကြတော့မတွေးဘူး ဟုတ်တယ်မလား🙄 သိတာပေါ့အဲ့တာကြောင့် အချက် ငါးချက်လောက်ပြောပြမယ် 🤕 ဆက်လက် ဖတ်ရန် #Core_of_Learning_Academia
#Content_by_Chan #Graphic_by_Lovely #Core_Of_Learning_Academia
" GED ရဲ့ Social Studies မှာ Abraham Lincoln က ဘယ်လိုအရေးပါတာလဲ၊ သူကရောဘယ်သူလဲ ? " ဒီနေ့မှာတော့ GED တက်နေတဲ့ကျောင်းသားကျောင်းသူတွေအတွက် မဖြစ်မနေသိကိုသိထားရမဲ့ topic အသစ်လေးကို CoL.A ကနေ ထပ်ပြီးဝေမျှပေးဖို့ရောက်လာပါပြီ 🎁 ⚖️ Abraham Lincoln ဟာ February 12,1809 ခုနှစ် Hodgenville မှာမွေးဖွားခဲ့ပြီး ဆင်းရဲတဲ့ မိသားစုတွင် မွေးဖွားခဲ့ပေမဲ့ ကိုယ်တိုင်စာဖတ်လေ့လာတာကြောင့် ပညာရေးမှာလဲ အောင်မြင်ခဲ့တဲ့ လူအဖြစ်ထင်ရှားခဲ့ပါတယ်။ သမ္မတမတိုင်မီမှာလည်း လယ်သမား၊သစ်ခုတ်သမား၊ ဆိုင်ဝန်ထမ်း၊ စစ်သား၊ ရှေ့နေ၊ နိုင်ငံရေးသမား အဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ April 14, 1865 မှာ ပြဇာတ်ရုံတွင် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး April 15, 1865 မှာတော့ ကွယ်လွန်ခဲ့ရပါတယ်။ သမိုင်းတစ်လျှောက်မှာလဲ Lincoln ဟာအမေရိကန်သမ္မတအဖြစ် ပထမဆုံး လုပ်ကြံခံရသူ ဖြစ်ခဲ့ပါတယ်။ 🚨 ဒါဆိုရင် ကျောင်းသားတွေအတွက် ဘယ်အချက်တွေက အထောက်အကူဖြစ်မလဲ Social Studies ဘာသာရပ်အတွက် ဘယ်အချက်တွေကို မှတ်ထားသင့်လဲ ? 🏛️ အမေရိကန်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတ (1861–1865) 🏛️ American Civil War အတွင်း နိုင်ငံကို ဦးဆောင်ခဲ့သူ 🏛️ အမေရိကန်ပြည်ထောင်စု မကွဲပြားအောင် ထိန်းသိမ်းခဲ့သူ 🏛️ ကျွန်စနစ်ဖျက်သိမ်းရေးကို ဦးဆောင်ခဲ့သူ 🏛️ Emancipation Proclamation (1863) ထုတ်ပြန်ခဲ့သူ 🏛️ 13th Amendment ဖြင့် ကျွန်စနစ်တရားဝင်ဖျက်သိမ်းနိုင်ရန် အားပေးခဲ့သူ 🏛️ Gettysburg Address မိန့်ခွန်းဖြင့် ဒီမိုကရေစီနှင့် တန်းတူညီမျှမှုကို အလေးပေးပြောကြားခဲ့သူ 🏛️ “Government of the people, by the people, for the people” ဆိုတဲ့ ဒီမိုကရေစီအယူအဆကို ထင်ရှားစေခဲ့သူ 🏛️ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုများကို ဖန်တီးခဲ့သော ခေါင်းဆောင် ဆိုတဲ့အချက်တွေကိုတော့ သေချာမှတ်ထားရမယ်နော် 💕 ဒါဆိုရင်တော့ ဒီနေ့အတွက် အကျိုးရှိစေနဲ့ အကြောင်းအရာလေးကိုပြောပြပေးပြီးသွားပြီဆိုတော့ ထပ်ပြီးလဲ Social Studies မှာ သိရမဲ့အကြောင်းအရာလေးတွေကို CoL.A ကနေ sharing လုပ်ပေးသွားပါဦးမယ် အဲ့တာဆို နောက်ထပ် topic တွေမှာ ပြန်ဆုံကြမယ် ✨ #Content_by_Chan #Graphic_by_Lovely #Core_Of_Learning_Academia
#Content_by_Kiren #Language_Teacher_Volunteer_Calling #Graphic_by_Nwayyy #Core_of_Learning_Academia
📚 We're Looking for Language Teacher Volunteers! ✨ ဘာသာစကားတစ်ခု သင်ပေးတာက စကားလုံးတွေကိုပဲ မျှဝေတာ မဟုတ်ပါဘူး... အခွင့်အလမ်းတွေ၊ ယုံကြည်မှုတွေ၊ အနာဂတ်တွေကိုလည်း ဖန်တီးပေးနေတာပါ 💙 Core of Learning Academia မှာ Language Teacher Volunteer အဖြစ် လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ သင်က... ✨ English, Thai, Chinese, Japanese, Korean စတဲ့ ဘာသာစကားတစ်ခုခုကို သင်ကြားပေးနိုင်သူလား? ✨ Knowledge ကို မျှဝေရတာကို နှစ်သက်သူလား? ✨ Learners တွေကို အားပေးပြီး အတူတူ ကြီးထွားချင်သူလား? ဒါဆိုရင် CoL.A ရဲ့ Volunteer Team ထဲမှာ သင့်အတွက် နေရာတစ်ခု ရှိပါတယ် 🌱 Volunteer အဖြစ် ပါဝင်ရင်... 📖 Teaching Experience ရရှိမယ် 🤝 Passion တူတဲ့ Team နဲ့ လက်တွဲလုပ်ကိုင်ခွင့်ရမယ် 📜 Volunteering သုံးလပြည့်ရင် Certificate နဲ့ ခြောက်လပြည့်ရင် Recommendation Letter ပါ ရမယ် 💡 လူငယ်တွေရဲ့ Learning Journey မှာ အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်မယ် Teach a language. Inspire a future. 💙 သင်ရဲ့ အချိန်နဲ့ အရည်အချင်းလေးက တစ်ယောက်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါဆိုရင် အခုပဲ @CoL_Academia မှာ Language Teacher Volunteer လို့ ပို့ပြီး လျှောက်ထားလိုက်တော့နော် 📩 #Content_by_Kiren #Language_Teacher_Volunteer_Calling #Graphic_by_Nwayyy #Core_of_Learning_Academia
#Content_by_Kry #Graphic_by_Heather #Core_of_Learning_Academia
💚 INFJ Core: MBTI ရဲ့ အရှားပါးဆုံးနဲ့ အဆန်းကြယ်ဆုံး Personality Type တွေထဲက တစ်ခု 🌹✨ "လူတွေကြားထဲ ရောက်ရင် ဖော်ရွေပေမဲ့ အိမ်ပြန်ရောက်တာနဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး နေရတာကို ပိုသဘောကျတတ်ပါသလား?" 🧐 ဒါဆိုရင်တော့ MBTI ရဲ့ အရှားပါးဆုံး Personality Type တွေထဲက တစ်ခုဖြစ်တဲ့ INFJ နဲ့ တိုက်ဆိုင်နေဖို့ ဖြစ်နိုင်ချေရှိနေနိုင်ပါတယ်💐 🔮 စကားအများကြီး ပြောစရာမလိုဘဲ စိတ်ကို သိနေသူများ 💌 INFJ တွေက ဘေးလူတွေ စိတ်မကောင်းဖြစ်နေရင် စကားတွေ အများကြီး ပြောစရာမလိုဘဲ အလိုလို သိမြင်နားလည်ပေးနိုင်ပါတယ်။ သူများတွေရဲ့ ခံစားချက်ကို ကိုယ်တိုင် ခံစားပေးပြီး အမြဲတမ်း စိတ်ပါလက်ပါ နားထောင်ပေးတတ်တဲ့ အားကိုးရဆုံး ရင်ဖွင့်ဖော် မိတ်ဆွေကောင်းတွေပါပဲ 🫂 🌌 အပေါ်ယံမကြိုက်ဘဲ အဓိပ္ပာယ်ရှိတာကိုမှ တန်ဖိုးထားသူများ 🎯 INFJ တွေက ဟန်ပြအရာတွေကို မနှစ်သက်ကြပါဘူး။ ဘဝမှာ တကယ် အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်တွေကိုပဲ အလေးထားကြတာပါ။ အရာရာကို အနာဂတ်အထိ ကြိုတင်တွေးဆလေ့ရှိသလို ကမ္ဘာကြီးကို ပိုကောင်းလာအောင် ဘယ်လို ဖန်တီးမလဲဆိုတဲ့ အိပ်မက်တွေကိုလည်း ရင်ဘတ်ထဲမှာ တိတ်တဆိတ် သိမ်းထားတတ်ကြပါတယ် 🌌 ☕ လူပေါင်းဆံ့ပေမဲ့ တစ်ယောက်တည်း နေရတာကို မြတ်နိုးသူများ 🌿 လူအများနဲ့ ပေါင်းသင်းရတဲ့အခါ ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အခါ တစ်ယောက်တည်း သီးသန့် အချိန်ဖြုန်းရင်း အားပြန်သွင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလို ငြိမ်ငြိမ်လေး နေရတဲ့ အချိန်တွေက INFJ တွေအတွက် စိတ်ဓာတ်ပြန်လည် လန်းဆန်းစေတဲ့ အကောင်းဆုံး အချိန်တွေပါပဲ ☕ 💎 အရေအတွက်ထက် အရည်အသွေးကိုပဲ ရွေးချယ်သူများ 💓 အပေါင်းအသင်း အများကြီးရှိတာထက် စစ်မှန်ပြီး နက်ရှိုင်းစွာ နားလည်ပေးနိုင်တဲ့ ဆက်ဆံရေး နည်းနည်းကိုပဲ မြတ်နိုးကြပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ် သစ္စာရှိပြီး စစ်မှန်တဲ့ မေတ္တာကိုပဲ ပေးဆပ်ချင်ကြတာပါ 🌹✨ #Content_by_Kry #Graphic_by_Heather #Core_of_Learning_Academia
Good night khaa🫰💕 Ps* ပုံရဲ့ရည်ရွယ်ချက်က တမင်နှောက်ယှက်ဖို့ပါ။ #Core_of_Learning_Academia
#Content_by_Lunar #Graphic_by_Heather #Core_of_Learning_Academia