tgindex
Digital Marketing - For Your Life

Digital Marketing - For Your Life

Статистика

Quality first ( t.me/yanlinoodm )

Последний пост
17 нояб.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 345
−1 за 3 дн.
Сутки
−2
−0,09%
Неделя
 
Месяц
 
Просмотров на пост
913
20 постов
Вовлечённость
38,9%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 17 нояб.2 251331

    ကိုယ့်ရဲ့ Level-1 နဲ့ တခြားသူရဲ့ Level-100 ကို သွားနှိုင်းယှဥ်ပြီး စိတ်မညစ်ပါနဲ့ Social media ပေါ်မှာ တခြားသူတွေက အောင်မြင်နေတယ် ငါကျတော့ ဘာမှားနေတာလဲဆိုတာမျိုး မစဥ်းစားပါနဲ့ တခြားသူတွေနဲ့ကိုယ်နဲ့ သွားတဲ့ပုံစံတွေ မတူဘူး အပြင်ကိုပဲ အာရုံစိုက်နေရင် ပုံရိပ်ယောင်တွေကို အစစ်ထင်သွားမယ် ကိုယ်က တကယ်တမ်း ဘာဖြစ်ချင်တာလဲ ? ဘာလုပ်ချင်တာလဲဆိုတာ သေချာသိဖို့လိုတယ် ကိုယ့်နှလုံးသားထဲကအသံကိုပဲ အာရုံစိုက်ပါ

  • 17 нояб.2 05893

    ဘဝမှာ ကျောချစရာကောင်းတဲ့နေရာတစ်ခု ၊ အိုစာမင်းစာအတွက်မပူရတဲ့ ဖူလုံစေမယ့်အရာတစ်ခု ၊ ကိုယ်ချစ်တဲ့အလုပ်ကို နေတိုင်းလုပ်ရင်း ဘယ်သူ့ရဲ့လွှမ်းမိုးမှုမှမရှိပဲ ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေနိုင်တာကို အောင်မြင်မှုလို့ ပုဂ္ဂလိကခံယူထားတယ်

  • 17 нояб.1 89471

    စီးပွားရေးဆိုတာဘာလဲ ? ပြိုင်ဆိုင်မှုလား ? Product လား ? Service လား ? အခြေခံကဘာလဲ ? စီးပွားရေးရဲ့မူလအဓိပ္ပာယ်ကတော့ ဖောက်သည်တွေရဲ့ အခက်အခဲတွေကို အမြတ်ယူပြီး ဖြေရှင်းပေးတာပါ ဆိုတော့ ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး ဖောက်သည်တူရင်တောင် ဖြေရှင်းတဲ့ပြဿနာမတူရင် ပြိုင်စရာမလိုဘူး ဖောက်သည်တူ ၊ ပြဿနာတူရင်တောင် ဖြေရှင်းပုံမတူရင် ပြိုင်စရာမလိုပြန်ဘူး ရပ်တည်ချက်မတူကြရင်လည်း ပြိုင်စရာမလိုပြန်ဘူး မပြိုင်ပဲနိုင်အောင်လုပ်ဖို့ ပြိုင်စရာမလိုတဲ့ပုံစံနဲ့ ဘဝကိုဖြတ်သန်းဖို့လိုတယ်

  • Content idea စဥ်းစားတဲ့အခါ ပေးချင်တဲ့ Message တစ်ခုတည်းကိုပဲ Focus ထားတာကောင်းတယ် ပိုထိရောက်တယ် ပေးချင်တဲ့ Message အတွက် 100% အာရုံစိုက်ပြီး လူအင်အား ၊ အချိန် ၊ Budget အကုန် သုံးလို့ရသွားတယ် ဟိုဟာလည်းထည့်ချင် ဒီဟာလည်းထည့်ချင် ထည့်ချင်တာတွေများနေရင် လိုရင်းမရောက်တော့တာမျိုးတွေ ဖြစ်တတ်တယ် #yanlinoo

  • 16 нояб.1 52792

    ကိုယ့်ကိုတခြားသူတွေ သဘောကျလာအောင် ဘာလုပ်ရမလဲဆိုတာ သူများတွေကို လိုက်မေးနေလို့မရဘူး တကယ်လုပ်ရမှာက သူများနဲ့မတူအောင်စဥ်းစားဖို့ လူတွေကြိုက်ဖို့အတွက်ပဲ အဓိကမထားပါနဲ့ ကိုယ်ကသူများထက် ဘာပိုထူးခြားသလဲ ဆိုတာကိုရှာရမှာ ကိုယ့်ပုံစံနဲ့ပဲ ကိုယ်နေပါ ဒါမှအစစ်ဖြစ်မယ် အစစ်ဖြစ်မှ အသစ်တွေကိုလည်း ပိုဖန်တီးနိုင်မယ် လူတွေကလည်း ဒါမျိုးကိုပဲ လိုချင်ကြတာ #yanlinoo

  • 15 нояб.1 143121

    မိဘနဲ့သားသမီးတိုင်ပတ်တဲ့အကွက်ကို နည်းနည်းပြောပြမယ် မိဘကလည်း ငါ့ကို ဒီလိုပြောရမလား ဆိုပြီး မျက်ရည်ကျတယ် မိဘရဲ့လက်နက်က မျက်ရည်လေ ဘယ်သားသမီးမှမခံနိုင်ဘူး သားသမီးကလည်း ငါဒီလောက် လုပ်ပေးတာတောင် ငါ့ကိုအကောင်း မမြင်ရကောင်းလားဆိုပြီး ဒေါသတွေထွက် ပြောမိဆိုမိ ဒါတွေနဲ့တိုင်ပတ်နေတာ ဆိုတော့ ပြောချင်တာ မိဘနေရာကနေတွေးရရင် သားသမီးတွေရဲ့ လုပ်ရပ်တွေကို ကြည့်ပါ စကားလုံးတွေက စိတ်ထဲက မပါလည်း ပြောလို့ရတယ် လုပ်ရပ်တွေက စိတ်ထဲက မပါဘဲ လုပ်လို့မရဘူး ဒါကြောင့် မိဘနေရာကနေဆိုရင် သားသမီးတွေရဲ့ လုပ်ရပ်တွေကိုပဲ ကြည့်ပါ ဒီမိဘတစ်ယောက်တည်းရှိတာ ဒီလောက်ပြုစုပေးနေတာပဲ ဒါကို ငါဘာတွေမကောင်းမြင်နေမိတာလဲဆိုပြီး တွေးပါ ကောင်းတဲ့အတွေးပဲတွေးပေးပါ သားသမီးတွေကို ငရဲမပေးပါနဲ့ ဘာကြောင့်မိဘမကောင်းကြောင်း ပြောရလဲဆိုတော့ မိဘကပဲသည်းခံနိုင်မယ် မိဘကပဲ ခွင့်လွှတ်ပေးရမယ် သားသမီးဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်ပေးခဲ့တာကြီးပဲ ဒါကြောင့် အဓိကက မိဘပဲလို့ ဆိုလိုတာ သားသမီးတွေအနေနဲ့ကလည်း ငရဲမယူကြနဲ့ မိဘက ဘယ်လောက် ခွင့်လွှတ်ခွင့်လွှတ်နော် ငရဲကတော့ မနေဘူး ခွင့်မလွှတ်ဘူး မိဘက မေတ္တာအားကြီးလို့သာ ခွင့်လွှတ်နိုင်တာ ငရဲမှာ မေတ္တာမရှိဘူး ဆိုတော့ ကိုယ်တိုင်ကလည်း မိဘရဲ့ ကောင်းတဲ့အကွက်တွေကိုပဲ ရွေးကြည့်ပါ မွေးပေးတာနဲ့တင် လူဖြစ်ခွင့်ရနေတာနဲ့တင် ကောင်းတာလုပ်လို့ရနေတဲ့အတွက် မိဘကို ပြုစုခွင့်ရနေတဲ့အတွက် ကုသိုလ်ရနေတယ် ဒီကုသိုလ်တွေနဲ့ပဲ စိတ်ကိုဖြေပါ ဒါကြောင့် မိဘပဲဖြစ်ဖြစ် သားသမီးပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က ကောင်းနေရင် သူ့ဟာသူ ဘာလုပ်လုပ် ကောင်းတာပဲမြင်တတ်ဖို့လိုတာ ကျန်တာမလိုဘူး ဒါကြောင့် ကိုယ်ကိုယ်တိုင်က ကောင်းဖို့လိုတယ်လို့ ဒီလိုဆိုလိုတာဖြစ်တယ် ဒီလောက်ပါပဲ ကျေးဇူးပါ #yanlinoo

  • အသက်ရှည်ကျန်းမာချင်တယ်မလား လမ်းကိုပုံမှန်အတိုင်းနှေးနှေးလေး ခြေလှမ်း ( ၁၀၀၀၀ ) လျှောက်ရုံနဲ့ ရိုးရိုးရေ ယောကျ်ားလေးဆိုရင် ( ၄ လီတာ ) မိန်းကလေးဆိုရင် ( ၃ လီတာ ) ဒီလောက်ပဲ ဒါကျွန်တော့်ဆရာနိုင်ဦးပြောတာနော် ကျွန်တော်ကပြန်ပြောပြရုံပဲရှိတာ တကယ်လုပ်တတ်ရင် အားကစားတောင် လုပ်စရာမလိုပါဘူး ပုံမှန်လည်း ကိုယ်လက်လှုပ်ရှားမှုရှိနေတာပဲ လမ်းလေးပိုလျှောက်ဖို့ပဲနဲ့ ရေလေးနည်းနည်းပိုသောက်ဖို့လေးပါပဲ အရမ်းကြီးလည်း အစွန်းရောက်စရာကို မလိုတာ ပုံမှန်လေး run နေရုံနဲ့ အသက်ရှည်ကျန်းမာတယ် ပုံမှန်တော့အိပ် ပုံမှန်တော့စားပေါ့နော ဒါမှ ပုံမှန်ဖြစ်မယ် အရာရာဟာ ပုံမှန်ပဲကောင်းတယ် အလယ်အလတ်ပဲလေ အစွန်းရောက်တာ မကောင်းဘူး လိုအပ်မှကောင်းတယ် အလုပ်အတွက်ရောက်လေ ဒါဆိုကောင်းတယ်လို့ထင်တယ် တွေးစရာတစ်ခုရမယ်ထင်ပါတယ် ကျေးဇူးပါဗျ #yanlinoo

  • လူအများကြားက နတ်ဘုရား .................................................................... ကိုယ်လုပ်ချင်တာ လုပ်ချင်လို့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတဲ့ဘဝကို တည်ဆောက်ထားတာ ဒီလိုဖြစ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုကို ရူးသွပ်နေအောင် ဂျွတ်နေမှ လုပ်လို့ရမယ် ဒါဆို စိတ်သွားတိုင်းကိုယ်ပါမယ် လုပ်ချင်စိတ်ရှိတာမှန်သမျှလုပ်လို့ရမယ် ဘယ်တော့မှ ဝင်ငွေမကုန်တဲ့လမ်းတစ်ခုဖောက်ထားတယ်လေ အလုပ်ကတော့ အမြဲတမ်းလုပ်နေရမှာပဲ နောက်ပြီး ကိုယ်လုပ်ချင်တာလည်းလုပ်လို့ရတယ်လေ ဒီအလုပ်ကလည်း ကိုယ်လုပ်ချင်လွန်းလို့တည်ဆောက်ထားတာပဲမလား ဒါဆိုဘာတွေဆင်ခြေပေးနေအုံးမှာလည်း ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ် လက်ရှိမှာပဲနေ အကောင်းဆုံးကြိုးစားအားထုတ် ကိုယ်စိတ်ပါတဲ့ သမ္မာအာဇီဝအလုပ်တစ်ခုကို သေချာစိတ်နှစ်လုပ် ကိုယ့်အားပဲကိုယ်ကိုးပါ ဒါဆို မဖြစ်ထွန်းစရာအကြောင်းမရှိဘူးလို့ထင်တယ် ဒီလိုဖြစ်ဖို့ တခြားသူတွေမလုပ်ရဲတဲ့အရာတွေ လုပ်ရဲရမယ် စွန့်စားရဲရမယ် လူအများကြားက နတ်ဘုရားဖြစ်ရမယ် ကိုယ်က အတော်ဆုံးဖြစ်ရမယ် အဲ့လောက်ထိကို မာနကြီးရမယ် ဘာလျှို့ဝှက်ချက်မှမထားဘူးနော် အကုန်ပြောပြနေတာ ကိုယ်လိုလူတွေများများပေါ်ထွန်းလာလေ ကောင်းလေပဲလေ ဆရာဆိုတာ စံပြဖြစ်ရမယ်ဆိုပေမယ့် ဆရာပဲတော်နေလို့မရဘူး တပည့်တွေက ဆရာထက်တော်မှရမယ် ဒါကြောင့်ဆရာစားမချန်တာဖြစ်တယ် ဆရာ့ထက်တော်တဲ့တပည့်တွေအများကြီးရှိပါတယ် ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုပဲလုပ်ခဲ့တာပဲ ဒီတော့ ကြိုးစားအားထုတ်ကြပါ ပြိုင်ရမှာမဟုတ်ဘူး နိုင်စရာလည်းမလိုဘူး အတူတူသွားရမှာသာဖြစ်တယ် ဒီလောက်ပါပဲ ကျေးဇူးပါ... #yanlinoo

  • ဆက်တိုက်အလုပ်လုပ်ခဲ့တာ ဆက်တိုက်ကြိုးစားခဲ့တာ ကိုယ့်ဘဝမှာ ရှုံးတယ်ဆိုတာ ထပ်မရှိတော့အောင် ရတာနဲ့ရောင့်ရဲတတ်အောင် နေတာ လူရော ငွေရော ရှုံးခဲ့တာတွေများပြီ ထပ်အရှုံးမခံနိုင်တော့ဘူး ထပ်သည်းမခံနိုင်တော့ဘူး ဆိုတော့ သည်းခံစရာမလိုတဲ့ဘဝ ငွေနဲ့အရာရာဖြေရှင်းလို့ရတဲ့ဘဝကို ရောက်အောင်ကိုသွားမယ် ဒီကြားထဲမှာ အတွေးအခေါ်တွေကို ဆရာစားမချန်ပဲ ဝေမျှပေးသွားမယ် ယှဉ်ပြိုင်မှာ မဟုတ်ဘူးနော် အကုန်အတူတူသွားမှာနော် မေ့သွားမှာစိုးလို့ ကိုယ့်ကိုယ်ကို သတိပေးတာပါ ကျေးဇူးပါ #yanlinoo

  • ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် လက်တွေ့မှာ ဒါလေးဆုံးဖြတ်ချက်ချရတာကို တိုင်ပတ်နေတယ်မလား ဒါကြောင့်လူပဲ ကောင်းတာနဲ့ဆိုးတာ အမြဲဒွန်တွဲနေတာ နည်းနည်းဆိုးတာနဲ့ များများဆိုးတာပဲကွာတယ် ဆိုးတာချင်းရော ကောင်းတာချင်းရော အကုန်အတူတူပဲ တချို့က အမုန်းခံပြီး ကောင်းကြတယ် တချို့ကတော့ မမုန်းမခံပဲ ကောင်းပေးကြတယ် ဒါပဲကွာတယ် ဆိုးတာနဲ့ကောင်းတာပဲ အဲ့တော့ ကိုယ့်ရဲ့ဆိုးတဲ့စိတ်ကို ကိုယ်တိုင်ထိန်းတတ်ဖို့ပဲလိုတယ် ဆိုးတဲ့စိတ်ဖြစ်လာရင် ကောင်းတဲ့စိတ်နဲ့ချက်ချင်းထိန်း ဒါသတိပဲ ဒီသတိကောင်းဖို့ လက်တွေ့အလုပ်လုပ်မယ် ဘာလုပ်ရမယ် ဘာဖြစ်မယ်ဆိုတာတော့ ကိုယ်တိုင်စဥ်းစားလို့ရမယ်ထင်တယ် လက်တွေ့ဖြစ်ချင်ရင် လက်တွေ့လုပ်ပါ တကယ်ဖြစ်ပါတယ် တွေးစရာတစ်ခုရမယ်ထင်ပါတယ် ကျေးဇူးပါဗျ #yanlinoo

  • ကိုယ်ကိုယ်တိုင်က ကောင်းမနေရင် တခြားသူတွေ ကောင်းတာလုပ်လည်း မကောင်းပဲမြင်တော့တာပဲ ဒါကြောင့် ကိုယ်ကိုယ်တိုင်က ကောင်းအောင်နေပါ ခေါင်းထဲမှာ ဦးနှောက်ရှိတာပဲ ကောင်းတာရော ဆိုးတာရော အတွေးပေါင်းစုံတွေးလို့ရတယ် ကောင်းတာကိုပဲ ရွေးတွေးပေးပါ ဒါဆိုကောင်းတာတွေဖြစ်လာဖို့များတယ် ကိုယ်ကိုယ်တိုင် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ်ကောင်းလားဆိုးလား သက်သေပြနေခဲ့တာပဲ အပြောနဲ့သက်သေပြရမှာမဟုတ်ဘူး လုပ်ရပ်နဲ့သက်သေပြရမှာ ဒါဟာ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်တာပဲ နောက်ပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားရမယ် သူများအတွက်များများတွေးတတ်ရမယ် ဒါမှ ကိုယ်ချင်းစာတတ်မယ် နားလည်မယ် နားလည်မှ ကောင်းရာကောင်းကြောင်းကို လမ်းပြပေးလို့ရမယ် ကိုယ့်ရဲ့လုပ်ရပ်တွေကောင်းနေရင် ကောင်းတာပဲဖြစ်မယ် ကိုယ့်ရဲ့အပြောတွေကောင်းနေရင် ကြားသမျှကလည်းကောင်းနေမှာပဲ ကိုယ့်ရဲ့အတွေးတွေကောင်းနေရင် ကြံစည်တိုင်းအောင်မြင်နိုင်တယ် ဒါကြောင့် ကာယကံ ၊ ဝစီကံ ၊ မနောကံ ဒီကံသုံးပါးကို လုံအောင်ထိန်းပါ ကိုယ့်ကြောင့်နဲ့ဆို သူတစ်ပါးကောင်းတာပဲဖြစ်ပါစေ မကောင်းတာတွေဆိုရင် ကိုယ်ပဲသည်းခံလိုက်ပါ ဒါဆို အခြေအနေတစ်ခုမှာတော့ ကိုယ်ကရှုံးမယ် နောက်ဆုံးအဆုံးအဖြတ်ပေးတဲ့အခြေအနေမှာတော့ ကိုယ်ကပဲ အနိုင်ရပါလိမ့်မယ် ဒါလူလည်မဟုတ်ဘူး လူကောင်းလူတော်သာဖြစ်တယ် လူလည်ဆိုတာ မကောင်းတဲ့နေရာမှာ သွားတော်မှ သူတစ်ပါးကို နင်းတက်ပြီးအပေါ်ရောက်ရတာကို သာယာနေတဲ့လူတွေကိုမှ လူလည်လို့ခေါ်ပါတယ် လူကောင်း လူတော်တွေ များများလိုအပ်ပါတယ် ကြိုးစားအားထုတ်ကြဖို့လိုအပ်ပါတယ် တွေးစရာတစ်ခုရမယ်ထင်ပါတယ် ကျေးဇူးပါဗျ

  • တစ်ရက် တစ်ရက်ကို အတွေးပေါင်း ထောင်ချီ သောင်းချီ တွေးဖြစ်တယ် အတွေးတွေရပ်မရဘူး ဒီထဲကမှ မှန်တယ်ထင်တာကို ရွေးပြီးတင်ပြရတာဖြစ်တယ် ဒါကို စာအရှည်ကြီးတွေ လေကြီးလေကျယ်တွေ တင်နေတယ်လို့မထင်ပါနဲ့ မိတ်ဆွေတွေးသလိုမဟုတ်ပါဘူး စာအရှည်ကြီးရေးတင်တယ်ဆိုတာ သေချာနားလည်စေချင်လို့ပါ စေတနာကိုပဲကြည့်ပါ ဒါဆိုအေးချမ်းပါတယ် ဘယ်သူကရော အာရုံအနောက်ခံပြီး စာအရှည်ကြီးတွေရေးချင်ပါ့မလဲ မဖြစ်မနေပြောပြဖို့လိုအပ်နေလို့သာ ရေးတင်နေတာဖြစ်တယ် စေတနာလည်းတကယ်ပါလို့ဖြစ်တယ် ဒါကြောင့် စာဖတ်ရမှာ မပျင်းပါနဲ့ စာဖတ်ပျင်းရင် ဘာမှမသိဘူး ဘာမှမသိရင် ဘာမှနားမလည်ဘူး နားမလည်ရင် မလုပ်တတ်တော့ဘူး ဒါကြောင့်စာဖတ်ပါ ဒီလောက်ပါပဲ ကျေးဇူးပါဗျ

  • သတ္တိရှိတယ်ဆိုတာ တနည်းအားဖြင့် အတွေ့အကြုံတွေများသွားလို့ဖြစ်ပါတယ် အလုပ်လုပ်ရဲတယ် စွန့်စားရဲတယ် အမှောင်တည်းလည်းတစ်ယောက်တည်းသွားရဲတယ် တစ်ယောက်တည်းလည်းအိပ်ရဲတယ် တစ်ယောက်တည်း ခရီးလည်းသွားရဲတယ် ဒီလိုအလုပ်တွေလုပ်ဖို့ သတ္တိလိုသလို ဒီသတ္တိရှိဖို့လည်း ဒီလိုတွေစွန့်စားရဲ သွားရဲ လာရဲ လုပ်ရဲ ကိုင်ရဲမှဖြစ်မယ် အရာရာကိုတွေးကြောက်နေလို့သာ ဘာမှဖြစ်ထွန်းမလာတာဖြစ်တယ် အဓိကကြောက်နေတာပဲ ဒါကြောင့် ကြောက်ကြောက်နဲ့ပဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်မှသတ္တိရှိမယ်လို့ပြောတာဖြစ်ပါတယ် ဒီလိုအတွေ့အကြုံတွေများလာရင် သတ္တိဆိုတာ လုပ်ယူစရာကိုမလိုတော့ဘူး Auto ရှိလာတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာ ဒါဆို အောင်မြင်ဖို့ ရာခိုင်နှုန်းများလာပြီပဲ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်မယ် ဒါပေမယ့် ကိုယ်ပိုင်အလုပ်စလုပ်ပြီဆိုရင် တစ်ယောက်တည်းပဲစရမှာပဲလေ မရှိရှိတာနဲ့ ဖြစ်အောင် လိုရင်းရောက်အောင် စလုပ်ရမှာပဲ ဒီလိုစွန့်စားရဲဖို့လိုအပ်တယ် ဒါကြောင့် လိုအပ်ရင် အစွန်းရောက်ရမယ်လို့ပြောတာပဲ ဒီလိုအရည်အချင်းတွေကို လက်ရှိမှာ အောင်မြင်နေတဲ့သူတွေဆိုရင် နားလည်မယ်ထင်တယ် နားမလည်နိုင်ဘူး ကြောင်တောင်တောင်လို့ပဲထင်နေရင်တော့ ကြောင်တောင်တောင် ဘဝနဲ့သာ ဆက်နေလိုက်ပါခင်ဗျာ ဒီလောက်ပါပဲ ကျေးဇူးပါ

  • စီးပွားရေးလုပ်တယ်ဆိုတာ နှလုံးသားထက် ဦးနှောက်ပိုကြီးဖို့လိုသလို ဦးနှောက်ထက်နှလုံးသားပိုကြီးဖို့လည်းလိုတယ် ကိုယ့်လုပ်ငန်းကောင်းကြောင်း တစ်ကမ္ဘာလုံးသိအောင်အော်ချင်တယ်မလား အဲ့လိုပဲ တခြားလုပ်ငန်းရဲ့ကောင်းကွက်တွေကိုလည်း တစ်ကမ္ဘာလုံးသိအောင်အော်ချင်ရမယ် အော်ရဲရမယ် ဒါမှ စီးပွားရေးကိုဦးဆောင်တဲ့ ပဲ့ကိုင်ရှင်တွေရဲ့နှလုံးသားက နှလုံးသားဆန်တော့မှာပေါ့ အဓိကပြောချင်တာ လိုရင်းကတော့ ကိုယ့်လုပ်ငန်းမကောင်းကြောင်းရော သူများလုပ်ငန်းမကောင်းကြောင်းရော ( လုံးဝ ) မပြောရဘူး ကောင်းတာပဲပြောရမယ် ကောင်းတဲ့လူရဲ့ပါးစပ်က ကောင်းတာတွေပဲထွက်ပါတယ် ကိုယ်တိုင်ကမကောင်းရင် သူများမကောင်းကြောင်းတွေပဲမြင်ပြီး မကောင်းရာမကောင်းကြောင်းတွေ ပြောတော့တာပဲတဲ့ ဆရာတော်ဘုရားတွေဟောတာနာဖူးတယ် ကိုယ့်ရဲ့သဘာဝကဘာလဲ ကောင်းတာလား ဆိုးတာလား ကာကွယ်မှာလား ဖျက်စီးမှာလား ဖန်တီးမှာလား တည်ဆောက်မှာလား ကိုယ်နဲ့ကိုယ်ပဲရှိတဲ့အခါ ကိုယ်ကိုယ်တိုင်ကကောင်းနေမှရမယ် ကိုယ်ကကယ်တင်ပေးပါရက်နဲ့ကိုယ့်ကိုယ်မကောင်းမြင်နေရင်လည်း ဒါသူ့ကိစ္စလို့သာမှတ်ထားလိုက်ပါ ဘာလို့ဆို မီးလောင်နေတဲ့မြွေကို ဘုန်းကြီးတစ်ပါးကကယ်လည်း ဒီမြွေမီးကြောင့် ဒေါသထွက်နေတဲ့အတွက် သူ့ကိုကယ်တာတွေဘာတွေနားမလည်နိုင်တော့ဘူး သူ့ရဲ့သဘာဝအရ မြွေကတော့ပေါက်မှာပဲ အဲ့လိုပဲ ဘုန်းကြီးရဲ့သဘာဝအရလည်း ဘာနေနေကယ်ဖို့ကိုပဲ အမြဲတမ်းရွေးချယ်ရမယ် ပါချုပ်ဆရာတော်ဘုရားဟောတာ ဒီလိုနာဖူးတယ် တွေးစရာတစ်ခုရမယ်ထင်ပါတယ် ကျေးဇူးပါဗျ

  • မီးထဲမှာကနေကြရတဲ့ ကျွန်တော်တို့နိုင်ငံမှာ လုပ်ငန်းတစ်ခုကို ဘာအထောက်အပံ့ ဘာဖြတ်လမ်းနည်းမှမသုံးပဲ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်အောင်လုပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပဲ ဒါပေမယ့် ရအောင်လုပ်နိုင်ကြတယ် ဒီနိုင်ငံမှာတောင် ဒီလောက်လုပ်နိုင်ရင် တခြားနိုင်ငံမှာဆို တကယ်ကိုအေးဆေးပဲ ဒီလိုလုပ်နိုင်တဲ့လူတွေကို လျော့တွက်လို့မရဘူး ကျွန်တော်တို့ဘဝမှာ ကျရှုံးခဲ့တဲ့အချိန်တွေရှိသလို အောင်မြင်ခဲ့တဲ့အချိန်တွေလည်း မနည်းပါဘူး အောင်မြင်ခဲ့တဲ့အချိန်တွေကတော့ ခံစားလို့ကောင်းခဲ့တယ် ထားလိုက်တော့ မအောင်မြင်ခဲ့တဲ့အချိန်တွေကိုလည်း ပြန်စဥ်းစားကြည့်ပါ ဒီအခြေအနေကို ငါဘယ်လိုကျော်ဖြတ်ခဲ့သလဲပေါ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဖြတ်ကျော်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား အတတ်နိုင်ဆုံးတော့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်တဲ့ခံစားချက်ကိုပဲ ခံစားရအောင် ဘာကိုပဲလုပ်လုပ် အကောင်းဆုံးလုပ်ဖို့လိုတယ် အောင်မြင်တဲ့အချိန်ခံစားရတဲ့ခံစားချက်ကို အရမ်းကြိုက်တဲ့လူတွေက ကျရှုံးတဲ့အချိန် ခံစားရတဲ့ ခံစားချက်မျိုးကို လက်မခံတော့ဘူး မရမက ကြိုးစားတော့တာ သူတို့အတွက် တစ်ခုခုလုပ်ရင် မအောင်မြင်လို့ကို မရတော့ဘူး နောက်ပြီး တောင်ထိပ်ကိုရောက်ခဲ့ဖူးပြီးသားလူတစ်ယောက်အတွက် နောက်တစ်တောင်ထပ်တက်ဖို့က သိပ်မခက်တော့ဘူး တချို့ကကျတော့ တစ်ခုခုလုပ်ရင် နည်းနည်းစမ်းကြည့်တဲ့သဘော အခြေအနေကောင်းလား မကောင်းရင်ဆက်မလုပ်တော့ဘူး ကောင်းမှဆက်လုပ်မယ်ဆိုတဲ့သူတွေ သူတို့က မအောင်မြင်တာများတယ် အလုပ်လုပ်ရင်စမ်းကြည့်တာမျိုး လုပ်လို့မရဘူး အတည်လုပ်ရတာ Deep work တွေ လုပ်ရတာ ဆုံးဖြတ်ချက်တွေချရတာ နေ့မအိပ် ညမအိပ်ကြိုးစားရတာ $ ရမ်းတွေ လေ့လာရတာ ဒါမျိုးတွေက စမ်းကြည့်ရမယ့် အရာတွေမဟုတ်ဘူး 100% အတည်ပဲ လုပ်ရတာ ဒါကြောင့် အလုပ်လုပ်ရင် ဘုရင့်နောင်ဖောင်ဖျက်တဲ့စိတ်မျိုးနဲ့ပဲ အလုပ်လုပ်ပါ စမ်းသပ်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့ မအောင်မြင်ရင် သေစရာအကြောင်းကို မရှိဘူး 🔥 #yanlinoo #digitalmarketingforyourlife

  • Product တစ်ခုချင်းကိုရောင်းတာထက် ကိုယ့်မှာရှိတဲ့ Product တွေကို စုပြီး Package တစ်ခုအနေနဲ့ရောင်းတာက ဝင်ငွေပိုတိုးလာစေပါတယ် ဥပမာ အမြည်းတွေဘာတွေရောင်းတယ်ဆိုရင် အမြည်းတစ်ပွဲချင်းရောင်းတာထက် အမြည်းလေးငါးမျိုးလောက်ကို စုပြီး Package တစ်ခုအနေနဲ့ရောင်းရင် ပိုတွက်ချေကိုက်ပါတယ် အမြည်းပွဲတွေစုပြီးရောင်းရတာဖြစ်တဲ့အတွက် အမြတ်ပိုရလာမယ် အမြတ်ပိုရလာတော့ နည်းနည်းလျော့ပေးမယ်ဆိုလည်း OK တယ် ဒါဆို Customer ကလည်း ဝယ်ရတာတန်တယ်လို့ခံစားရစေမယ် ဒီနည်းလမ်းမသုံးရသေးရင် သုံးကြည့်နော် #yanlinoo #digitalmarketingforyourlife

  • Design ဆွဲတာအတွက်ကတော့ Chatgpt တွေ Copilot တွေထက် Canva ai ကိုပဲ ပိုသဘောကျတယ် ရွေးချယ်ခွင့်များတယ် Free တော့မရဘူးထင်တယ် Pro version တော့ဝယ်ရမယ် Canva pro lifetime ကို အာမခံအပြည့်နဲ့ ကျွန်တော်ရောင်းတယ်နော် မေ့နေမှာစိုးလို့ 😁 #yanlinoo

  • ကိုယ်လုပ်စရာမလိုပဲဝင်ငွေရမယ့်အလုပ်များများလုပ်ထားရင် ကိုယ်လုပ်စရာမလိုပဲ ဝင်ငွေရမယ် ငွေကြေးလွတ်လပ်မှုရမယ်လေဗျာ ဒါကို ဘာတွေသိပ်ခက်နေတာလဲ ? ( ၁၀% ) တိုးလောက်နဲ့ ငွေတိုးပေးစားရင် ကိုယ့်ငွေအရင်ရင်းထားရတဲ့အတွက် သမ္မာအာဇီဝလုပ်ငန်းပဲ ယုံကြည်ရတဲ့လူ များများကို ကိုယ်အဆုံးရှုံးခံနိုင်တဲ့အမောက် နည်းနည်းပဲချေးမယ် လဲကျလည်းပြန်ထလို့လွယ်အောင်လေ ကားတစ်စီးဝယ်ပြီ Deli ပို့မယ် တစ်စီးကမသိသာပေမယ့် ( ၁၀ ) စီးဆိုသိသာမယ် Rider လည်း ဒီသဘောတရားပဲ နောက်ပြီးလက်တွေ့သက်သေပြရရင် ကျွန်တော်အခု တစ်ခါတည်းလုပ်ပြီး တစ်သက်လုံးထိုင်စားလို့ရတဲ့သင်တန်းလိုလုပ်ငန်း ပြီးရင် စာအုပ်ရေးနေတယ် ဒါလည်း အောင်မြင်ရင် တစ်သက်လုံးထိုင်စားလို့ရတာပဲ နည်းနည်းလုပ်ပြီးများများရတဲ့လုပ်ငန်းဆိုတာ ဒါမျိုးကိုရွေးလုပ်ရမယ် ကိုယ်တိုင် ( 100% ) ပါဝင်ပြီူလုပ်မယ်ဆိုရင်ပြောတာပါ ကျန်တာကကိုယ်လုပ်စရာမလိုပဲ ဝင်ငွေရမယ့်လမ်းကြောင်းတွေကနေ တစ်ဆင့်သွားပါ ရွှေ တိုက်ခန်း မြေကွက် ဒေါ်လာ ကား အကုန် invest လုပ်ထားသင့်တယ် တောင်းတစ်လုံးထဲမှာ ကြက်ဥတွေအကုန် စုမထည့်ထားသင့်ဘူးလေ အခက်မသင့်ရင်ကွဲတတ်တယ် ဒါကြောင့် နေရာဖြန် ထားရမယ် တွေးစရာတစ်ခုရမယ်ထင်ပါတယ် ကျေးဇူးပါဗျ #yanlinoo

  • အရေးမပါတာတွေ အရာမပေးဘူးဆိုတာ ငွေမရတဲ့အလုပ်နဲ့ ကိုယ်မပျော်ရတဲ့အလုပ် မလုပ်ဘူးလို့ဆိုလိုတာပါ ဘကြီးတွေ ဦးလေးတွေ အဒေါ်တွေ ကိုယ်ချစ်ရတဲ့သူတွေကို ကန်တော့ချင်ရင်တောင် ငွေရှိမှ ကန်တော့ရတာ ပိုစိတ်ချမ်းသာကြတာမလား ဒါကိုငွေရှာဖို့ ဘာကိစ္စနဲ့ပျင်းနေ ကြောက်နေ မစွန့်စားရဲနေတာလဲ အားမလိုအားမရနဲ့ ဒေါသထွက်ရတာ ခဏခဏ ပါပဲ လူတိုင်းကို ကိုယ့်လို အသက်မွေးဝမ်းကျောင်းအတွက် ပညာတတ်စေချင်တယ် စာဖတ်အားကောင်းစေချင်တယ် စာဖတ်အားကောင်းရင် သေချာတွေးတော ဆင်ခြင်လို့ရတယ် တည့်ပြောရရင် လူပိန်းနားလည်အောင် ရှင်းပြလို့ရတယ် စာမဖတ်အားတဲ့သူတွေကိုယ်စား ဖတ်ပြီးပြန်ပြောပြတယ် Content creation တွေလုပ်တယ် ပညာရပ်တွေဖန်တီးတယ် လမ်းပြတယ် ဒါတွေဟာ သူများတွေလုပ်ဖို့ မအားမှာစိုးလို့ ကျွန်တော်က ဖြတ်လမ်းနည်းပြောပြတဲ့သဘောပါပဲ အရင်က ဘာမှမပြောတော့ ဘယ်သူမှနားမလည်ဘူး အခုပြောပြလိုက်တော့ နားလည်သွားတယ် ဒီလောက်ပါပဲ အရမ်းကြီး ခမ်းနားမနေပါဘူးခင်ဗျာ ကျေးဇူးပါ #yanlinoo

  • သုံးဘီးတစ်စီးပိုင်တာက ဝင်ငွေသိပ်မသိသာသေမယ့် စုပြီးဆယ်စီးဖြစ်အောင်လုပ်ရင် ဝင်ငွေသိသာမယ် ဘိလိယက်ခုံလည်းဒီသဘောတရားပဲ သောက်ရေပို့တဲ့လက်တွန်းလှည်းတွေပိုင်တာလည်း ဒီသဘောတရားပဲ ဒီလောက်ဆိုသဘောပေါက်မယ်ထင်တယ်နော် ကျေးဇူးပါဗျ