tgindex
GrowthSphere

N e x t L e v e l e r s ✧!! This is a tiny universe focused on personal growth and learning.♡ Dream ❤️ Plan ❤️ Do ❤️ Repeat

Последний пост
18 мая
Последнее чтение
14 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
440
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
264
22 постов
Вовлечённость
60,0%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 18 мая23054из mm_earthquake_alert

    🔴 ငလျင်သတိပေးချက်! 🔴 ပြင်းအား : 5.3 တည်နေရာ : မြန်မာနိုင်ငံ ကိုဩဒိနိတ် : 16.3510, 96.2860 အနက် : 10.0 ကီလိုမီတာ ငလျင်လှုပ်ချိန် : 2026-05-18 08:35:23 (ရန်ကုန်အချိန်) သတိပေးချိန် : 2026-05-18 08:42:44 (ရန်ကုန်အချိန်) Google Maps : https://www.google.com/maps?q=16.351,96.286 နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=16621

  • 10 апр.35313из ivyenglishschool

    ကဲ... Free General English Class က ဒီနေ့ စမှာ မမေ့ကြနဲ့နော်... ❤️ 👀 Zoom Join Link - https://us06web.zoom.us/j/83258016878... Meeting ID: 832 5801 6878 Passcode: 955544

  • 10 апр.32712из ivyenglishschool

    видео или голосовое, без подписи

  • https://www.facebook.com/groups/6062973083766659/permalink/26382268418077160/?ref=share&mibextid=NOb6eG IELTS free class လေး တွေ့လာပါပြီ တက်ချင်တဲ့ သူလေးတွေက အ‌ပေါ်က Facebook link ကနေ details သွားကြည့်လို့ ရပါတယ်နော်

  • ဖြစ်ရပ်မှန်ပေါ် အခြေခံသည် 😪

  • English စာ လေ့လာနေတဲ့ သူငယ်ချင်းတို့အတွက် 🙊 Pinterest သုံးတတ်တဲ့သူဆိုရင် ဒီလို ပုံ လှလှလေးတွေကို ကြည့်ရင်းနဲ့ explain ကောင်းကောင်း လုပ်ပေးထားတာလေးတွေ အများကြီး တွေ့ရပါလိမ့်မယ် 🤭 English တစ်ခုတည်း မဟုတ်ဘဲ တခြား Language လေ့လာနေတဲ့သူတွေအတွက် ဆိုရင်လည်း အတူတူပါပဲ = စိတ်ဝင်စားဖို့လည်း ကောင်းပြီး dopamine ထွက်စေတဲ့ learning method တစ်ခုလို့ပဲ ပြောရမလား ෆ🌷ෆ သူငယ်ချင်းတို့အားလုံးလည်း ဒီလိုလေး Pinterest ကနေ စာလေ့လာ‌နိုင်အောင် recommend လာပေးတာပါ~ ၁၀ ရက်လောက်ကိုပဲ တစ်နေ့ကို topic တစ်ခုနဲ့ ပတ်သက်ပြီး ရှာပြီး စာလုပ်ကြည့်ပါလို့ (You should try, guys!) တကယ် အကျိုးရှိစေမှာပါ 🪄 ကိုယ့်အတွက် အဆင်ပြေခဲ့တယ်ဆိုရင် comment မှာ ပြောပေးခဲ့လို့ ရတယ်နော် နောက်လည်း ဘာလေးတွေ တင်ပေးစေချင်လဲဆိုတာ လာလာပြီး ပြောပြလို့ ရပါတယ်လို့ Comment မှာ မပြောချင်ရင်လည်း GrowthSphere ရဲ့ Bot ဆီ လာခဲ့နော် 😗 ဒါနဲ့ ဒီ ပုံထဲမှာ ပါတဲ့ word လေး ၄ ခုကို လေ့လာကြည့်သွားအုံးနော် ခုတလော Hallucination ဖြစ်နေမိပြီဆိုရင်တော့ သတိထားပါ 🫵🏻👻

  • "If you live right the first time, once is enough." 🌿 ဒီစာသားလေးကို ဖတ်လိုက်တဲ့အခါ "အမှားကင်းကင်းနဲ့ ပြီးပြည့်စုံအောင် နေထိုင်ရမယ်" လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တော့ "Living right" ဆိုတာ အမှားမလုပ်မိအောင် သတိထားနေထိုင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူငယ်ဘဝမှာ ကိုယ်တွေအဖြစ်များတာက သူများတွေထက် နောက်ကျကျန်ခဲ့မလား (FOMO) ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အရာအားလုံးကို အပြေးအလွှား လိုက်လုပ်ကြည့်တတ်ကြတာပါပဲ။ ဒါပေမဲ့ တကယ့်အသက်ရှင်ခြင်းဆိုတာ... • အမှားလုပ်မိမှာကို မကြောက်ဘဲ စမ်းသပ်ရဲတာ၊ • လူတိုင်းသတ်မှတ်ထားတဲ့ အောင်မြင်မှုပေတံတွေနဲ့ မတိုင်းတာဘဲ၊ ကိုယ်တကယ် ပျော်ရွှင်ရတဲ့၊ တန်ဖိုးထားရတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ရွေးချယ်တာ၊ • မ‌နေ့ကထက် ဒီနေ့ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ရင်း အခိုက်အတန့်တိုင်းကို အသိသတိနဲ့ ဖြတ်သန်းတာ ပါပဲ။ ကိုယ်ယုံကြည်ရာ လမ်းကိုသာ တစိုက်မတ်မတ် လျှောက်လှမ်းပြီး "ငါ တကယ် အသက်ရှင်ခဲ့တယ်" လို့ ဂုဏ်ယူနိုင်မယ်ဆိုရင်၊ နောက်တစ်ကြိမ် အခွင့်အရေးဆိုတာ မလိုတော့လောက်အောင် ဒီတစ်ခါတည်းရတဲ့ ဘဝလေးက လုံလောက်ပြီး ပြည့်စုံနေပါလိမ့်မယ်။ ✨ GrowthSphere က သူငယ်ချင်းတို့ရော... ကိုယ်တကယ် ကျေနပ်ရတဲ့ ဘဝမျိုးကို တည်ဆောက်နေပြီလား?

  • If you live right the first time, once is enough.

  • Chat GPT ဆီက အဖြေမှန်လိုချင်ရင် ဒီ Formula ကို သုံးပါ 🧪 Chat GPT ကို မေးခွန်းမေးတဲ့အခါ "အဖြေက အရမ်းယေဘုယျဆန်တယ်" ဒါမှမဟုတ် "ကိုယ်လိုချင်တာ ဒါမဟုတ်ဘူး" လို့ ခံစားရဖူးလား? အဲ့ဒါဟာ Chat GPT ရဲ့ အမှားမဟုတ်ပါဘူး။ ကိုယ်က Structure ကျကျ မခိုင်းတတ်လို့ပါ။ အချက်အလက်စုံလင်ပြီး Professional ကျတဲ့ အဖြေတစ်ခုရဖို့အတွက် ကမ္ဘာတစ်ဝှမ်းက Prompt Experts တွေ သုံးနေတဲ့ "Magic Formula" တစ်ခုကို ကျွန်တော်တို့ မျှဝေပေးလိုက်ပါတယ်။ The Formula: [Role] + [Context] + [Task] + [Constraint] ဒါကို ဘယ်လိုသုံးရမလဲ? ဥပမာအနေနဲ့ - ရိုးရိုးမေးခွန်း - "Write a marketing email." Formula သုံးပြီးမေးနည်း - (Role) "သင်က ဝါရင့် Marketing Expert တစ်ယောက်အနေနဲ့..." (Context) "ကျွန်တော်တို့ရဲ့ AI သင်တန်းအသစ်ကို ကျောင်းသားတွေ စိတ်ဝင်စားလာအောင်..." (Task) "ဆွဲဆောင်မှုရှိတဲ့ Marketing Email တစ်စောင် ရေးပေးပါ။" (Constraint) "စာလုံးရေ ၂၀၀ ထက်မပိုစေဘဲ၊ လေသံက Friendly ဖြစ်နေရမယ်။" ရလဒ်ကွာခြားချက်က အံ့ဩသွားစေပါလိမ့်မယ်! ဒီလိုမျိုး Formula တွေကို Email ရေးတာ၊ Report ပြင်တာ၊ Presentation ပြင်တာတွေမှာ လက်တွေ့ဘယ်လိုသုံးမလဲဆိုတာကို (၂) ရက်တာ Workshop မှာ အသေးစိတ် သင်ကြားပေးသွားမှာပါ။ ⏱️ အချိန် (၄) နာရီပဲ ပေးပါ။ Chat GPT ကို Chatbot တစ်ခုလို သဘောမထားဘဲ၊ ကိုယ့်ရဲ့ "Personal Assistant" တစ်ယောက်လို ခိုင်းစေတတ်မယ့် နည်းပညာတွေကို အပြတ်သင်ပေးပါမယ်။ 🔥 ဘာတွေ ပြောင်းလဲသွားမလဲ? ✅ Speed - သူများ တစ်နေကုန်လုပ်ရတဲ့ အလုပ်ကို ၁ နာရီနဲ့ ပြီးမယ်။ ✅ Creativity - Idea အသစ်တွေအတွက် ခေါင်းခြောက်စရာ မလိုတော့ဘူး။ ✅ Confidence - အနာဂတ် လုပ်ငန်းခွင်အတွက် "ငါ အဆင်သင့်ပဲ" ဆိုတဲ့ ယုံကြည်မှု ရမယ်။ 💰 Investment - သင့်အနာဂတ်အတွက် ရင်းနှီးရမှာ 20,000 MMK တည်းပါ။ (ဒီခေတ်မှာ ဒီဈေးနဲ့ ဒီ Skill ရဖို့ဆိုတာ မလွယ်ပါဘူးနော်) နောက်ကျမကျန်ခဲ့ချင်ရင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ 👇 စာရင်းသွင်းရန် https://m.me/myeo.hub?ref=prompt_101_chatgpt (တကယ်လို့ Link နှိပ်လို့ စာမကျလာရင် prompt 101 chatgpt လို့ Chatbox မှာ ပို့လိုက်နော်) #AITools #ChatGPT #MYEO #AIYouth https://www.facebook.com/100083151131619/posts/pfbid0CWfWCPFJvUE4eTpZVrcz6RW1eMchbcjHEP8qhxhjbinTug7DYiJiCr9sZuHYtVfNl/?mibextid=CDWPTG

  • видео или голосовое, без подписи

  • မစွန့်စားဘဲ နေသာသလိုလေး နေထိုင်တာဟာ အန္တရာယ်အများဆုံး နည်းလမ်းပဲ။ သေခါနီးအချိန်မှာ လူတွေရဲ့ အကြီးမားဆုံး နောင်တက ရှုံးနိမ့်လို့ မဟုတ်ဘူး - ကိုယ့်ဘဝကို စစ်မှန်စွာ ရဲရဲရင့်ရင့် မနေရဲခဲ့လို့ပါ။ ဒီကမ္ဘာကြီးပေါ်မှာ နှစ် ၈၀ လုံးလုံး နေထိုင်ပြီး တခြားသူရေးပေးထားတဲ့ ဇာတ်ညွှန်းအတိုင်း လိုက်နာနေရင်း၊ နောက်ဆုံးမှာ သင်ဟာ သင့်ဘဝထဲမှာ အဓိကဇာတ်ဆောင် မဟုတ်တော့ဘဲ ဇာတ်ပို့တစ်ယောက်လို ဖြစ်နေတာကို တွေးကြည့်ပါ။ အဲလို မဖြစ်စေနဲ့။ ကြီးကြီးမားမား လုပ်လိုက်ပါ။ စွန့်စားမှုတွေကို လုပ်လိုက်ပါ။ ညတိုင်း အိပ်မပျော်အောင် စိတ်ထဲမှာ ထပ်ခါထပ်ခါ ပေါ်လာနေတဲ့ အိပ်မက်တွေကို လက်တွေ့ဖော်ဆောင်ပါ။ ရှုံးနိမ့်သွားရင်တောင် ပြန်ပြောပြဖို့ ဇာတ်လမ်းကောင်းတစ်ပုဒ် ရမှာပေါ့။ ဒါပေမယ့် အောင်မြင်သွားရင်ကော။ အရာရာ ပြောင်းလဲသွားမှာပါ။ နောင်တရတဲ့ နာကျင်မှုက ရှုံးနိမ့်မှုထက် ပိုပြီး ခံစားရခက်ပါလိမ့်မယ်။ Playing it safe is the riskiest strategy. The biggest regret of people on their deathbeds isn't failing— it's not having the courage to live authentically. Imagine spending 80 years on this planet, following a script someone else wrote for you, only to realize you were a supporting character in your own life. F*ck that. Go big. Take the risk. Chase the dream that keeps you up at night. If it fails, you've got a great story. But if it works? It changes everything. Regret stings more than failure ever will. English text - BuildAlpha #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း https://www.facebook.com/share/p/1HPZTcVVKn/

  • видео или голосовое, без подписи

  • အချိန်ဘယ်လောက်ပေးသလဲ။ တစ်နေ့ ၈ နာရီ။ တစ်လ ၂၄၀ နာရီ။ တစ်နှစ် ၂၈၈၀ နာရီ။ ဒါက ပြန်မရတဲ့ asset ပါ။ ဒါပေမဲ့ ဘယ်လောက်များ mindful သုံးခဲ့လဲ? အရေးကြီးတာ ဘာလဲ? Time tracking မဟုတ်ဘူး — time valuation။ ဘယ်နာရီမှာ ဘယ်တန်ဖိုးထားတဲ့ အရာလဲ။ ၂ နှစ် အကြာမှာ ငါ့ကို ဘယ်နေရာရောက်စေမလဲ။ Busy ဖြစ်ခြင်း မဟုတ်ဘူး — effective ဖြစ်ခြင်း။ အားလုံးလုပ်တာ မဟုတ်ဘူး — အရေးကြီးတာ လုပ်တာ။ More tasks မဟုတ်ဘူး — right tasks။ တစ်ခုပဲ လုပ်တယ်။ ဒါပေမဲ့ အဲ့တစ်ခုက ဘယ်လောက်ထိ impact ကြီးလဲ။ ဒီနှစ်ထဲမှာ နောက်ထပ် တစ်ခု သတိထားမိတယ်။ အချိန်က resource တစ်ခုတင်မကဘူး။ အချိန်က ရွေးချယ်မှုတစ်ခုဖြစ်တယ်။ နောက်တစ်ခု — အချိန်က မညာဘူး။ ကိုယ့်အာရုံက ပေးတဲ့အချိန်မှာ ဘယ်ကို ရင်းနှီးမြှုပ်နှံလဲဆိုတာ ကောင်းကောင်းပြပေးနိုင်တယ်။ အဲဒါက ကိုယ့်ရွေးချယ်မှုပါ။ Choose where your 2880 hours go. 🎯 Time is not just a resource to be managed. It's a choice to be made. #TimeManagement #Productivity #MyanmarEntrepreneur #BusinessMindset #Focus https://www.facebook.com/share/p/1DTVMr5pfZ/

  • 15 февр.17336из WisdomBridge_Org

    Movie တွေကြည့်ရင်း English စာလေ့လာလိုက်ကြရအောင်.... Movies ကို အသုံးချပြီး English စာ လေ့လာခြင်းက Listening skill, Pronunciation, Vocabulary နဲ့ Natural conversation pattern တွေ တိုးတက်စေတဲ့ နည်းလမ်းတစ်ခုအဖြစ် ဘာသာစကားလေ့လာသူတွေကြား လူကြိုက်များပါတယ်။ 🎬✨ အောက်မှာတော့ Level အလိုက် သင့်တော်တဲ့ ရုပ်ရှင်တွေနဲ့ သင်ယူနိုင်တဲ့အချက်တွေကို sharing လုပ်ပေးထားတာမလို့ အဆုံးထိဖတ်ကြည့်သွားကြနော်။ 🤗 🟢 Beginner Level - "𝗙𝗶𝗻𝗱𝗶𝗻𝗴 𝗡𝗲𝗺𝗼" / "𝗙𝗿𝗼𝘇𝗲𝗻" Animation movies တွေကို ကလေးတွေပါ နားလည်နိုင်အောင် ဖန်တီးထားတာကြောင့် Vocabulary တွေကလည်း ရိုးရှင်းပြီး အသံထွက်လည်း အလွန်ရှင်းလင်းပါတယ်။ 🗣 စကားပြောနှုန်း အရမ်းမမြန်သလို sentence structure တွေလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဒီလို ကာတွန်း movie တွေကနေ daily conversation, vocabulary တွေကို တဝကြီး လေ့လာနိုင်ပါတယ်။ 🤓 🟡 Intermediate Level - "𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿" Series Harry Potter ကိုတော့ မသိသူ မရှိသလောက်ပဲလို့ ထင်ပါတယ်။ ဒီကားထဲမှာ British Accent ကို အပီအပြင် နားထောင်နိုင်ပါတယ်။ ဇာတ်လမ်းကို သိထားပြီးသားဆိုရင် ဘာသာပြန်မပါဘဲ ကြည့်ရင်တောင် အခြေအနေကိုကြည့်ပြီး စကားလုံးတွေကို ခန့်မှန်းနိုင်ပါတယ်။ British Accent ကို လေ့လာချင်တဲ့သူတွေ ဆိုရင်တော့ သေချာပေါက် ကြည့်သင့်တဲ့ movie ထဲမှာပါပါတယ်။ 🇬🇧 🟠 Upper-Intermediate level •𝗧𝗵𝗲 𝗗𝗲𝘃𝗶𝗹 𝗪𝗲𝗮𝗿𝘀 𝗣𝗿𝗮𝗱𝗮 Fashion industry ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် fashion နဲ့ပတ်သတ်တဲ့ vocabulary တွေနဲ့ လုပ်ငန်းသုံး ရုံးသုံး စကားပြောတွေ ကို လေ့လာနိုင်ပါတယ်။ 🛍📔 • 𝗠𝗲𝗮𝗻 𝗚𝗶𝗿𝗹𝘀 / 𝗘𝗮𝘀𝘆 𝗔 Teen culture ကို အခြေခံထားတဲ့ ဇာတ်ကားတွေဖြစ်တာကြောင့် လူငယ်တွေကြားထဲ သုံးနေတဲ့ Slang (အရပ်သုံးစကား) တွေ၊ တစ်ယောက်ကိုတစ်ယောက် စနောက်တဲ့အခါ သုံးတဲ့ Sarcasm (သရော်စာ) တွေကို လေ့လာနိုင်ပါတယ်။ • "𝗧𝗵𝗲 𝗣𝘂𝗿𝘀𝘂𝗶𝘁 𝗼𝗳 𝗛𝗮𝗽𝗽𝘆𝗻𝗲𝘀𝘀" Will Smith ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါ။ Interview scene တွေပါဝင်တာမလို့ အလုပ်အကိုင်ရဖို့ ကြိုးစားတဲ့အခါ ပြောရတဲ့ စကားလုံးတွေ၊ ယဉ်ကျေးပြီး ယုံကြည်မှုရှိတဲ့ အပြောအဆိုတွေကို လေ့လာနိုင်ပါတယ်။ 💼👨‍💻 အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ Vocabulary တွေနဲ့ motivated ဖြစ်စေတဲ့ အသုံးအနှုန်းတွေ အများအပြားပါဝင်ပါတယ်။ • "𝗧𝗶𝘁𝗮𝗻𝗶𝗰" Titanic လို့ပြောလိုက်တာနဲ့ ရင်နင့်ဖွယ်ရာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ 🫂 ချစ်သူရည်းစားတွေကြားမှာ ပြောကြတဲ့ စကားအသုံးအနှုန်းတွေနဲ့ အထက်တန်းလွှာတွေကြား သုံးတဲ့ အသုံးအနှုန်းတွေကို သေချာလေ့လာနိုင်ပါတယ်။ 🔴 Advanced Level • "𝗧𝗵𝗲 𝗞𝗶𝗻𝗴’𝘀 𝗦𝗽𝗲𝗲𝗰𝗵" Pronunciation နဲ့ Formal speech delivery ကို အလေးထားတဲ့ ဇာတ်ကားပါ။ ဒီကားက အထစ်အငေါ့မရှိ စကားပြောတတ်အောင် ကြိုးစားရတဲ့ ဘုရင်တစ်ပါးအကြောင်းမို့ အသံထွက် လေယူလေသိမ်း က အစ လေ့လာနိုင်ပါတယ်။ • "𝗙𝗼𝗿𝗿𝗲𝘀𝘁 𝗚𝘂𝗺𝗽" ဒီကားလေးကတော့ နာမည်ကြီး movie တွေထဲက တစ်ခုပါပဲ။ American culture, history နဲ့ social context တွေလည်း ပါဝင်တာကြောင့် vocabulary အမြင့်တွေကို လေ့လာနိုင်ပါတယ်။ စိတ်ခွန်အားတက်ကြွစေတဲ့ sentence နဲ့ vocabulary တွေလည်း တော်တော်များများပါဝင်ပါတယ်။ 🫀🗣 📎 Telegram - https://t.me/wisdombridge_org 📎 TikTok -http://tiktok.com/@_wisdombridge Content by Laura Graphic by Tia #LearnMovies #LanguageLearning #Easy_to_Learn #WisdomBridge_Org

  • 15 февр.140из WisdomBridge_Org

    видео или голосовое, без подписи

  • Valentine’s Day Version ကိုယ့်ကြိုက်တဲ့ကောင်မလေးက ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။ စိတ်ဝင်စားရဲ့နဲ့ သမီးရည်းစားမဖြစ်သွားတာ Sale ညံ့လို့။ သမီးရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ Customer Service ညံ့လို့။ သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့ ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။ မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင် ဒါ efficiency မကောင်းတဲ့သဘော Management ညံ့လို့။ လူမသိ သူမသိ အမြဲပြန်မိတ်ဆက်နေရတယ်ဆို branding ညံ့လို့။ FA ဆိုရင် တစ်ခုခုတော့ ညံ့နေတာ အသေချာပဲ။ 😀 Happy Valentine’s Day ပါ။ Sapwar Marketing နည်းနည်းလုပ် များများရ မားကတ်တင်းစနစ် တည်ဆောက်ပါ။ #Sapwar https://www.facebook.com/share/p/186qENzM7A/

  • видео или голосовое, без подписи

  • ကိုရီးယားမှာ တက္ကသိုလ်တက်ရင် ကြုံရလေ့ရှိတဲ့ Culture တချို့ 1. စီနီယာ/ဂျူနီယာ culture ဒီမှာက ကျောင်းတက်ရင် တစ်ယောက်နဲ့ တစ်ယောက် club မှာတွေ့တာ extracurricular လုပ်ရင်း တွေ့တဲ့အခါ အရင်ဆုံးမေးကြတာ ဘယ်နှခုနှစ်ဖွားလဲ ဘယ် 학번 လဲ မေးလေ့ရှိကြပါတယ် 학년 တူပေမယ့် 학번/나이 က ကိုယ့်ထက်ကြီးရင် 언니/오빠/형/….님 ဆိုပြီး ခေါ်ကြပါတယ် Lab မှာဆိုရင် အကြီးတွေက ကော်ဖီဝယ်တိုက်လေ့ ထမင်းဝယ်ကျွေးလေ့ရှိပါတယ်🤭 2. 과잠/학잠 (University Jumper) 단체 문화 ကို အလေးထားတယ်ပဲ ပြောရမလား ကျောင်းအလိုက် မေဂျာအလိုက် လက်မောင်းမှာ ကိုယ့် batch နဲ့ major logo နောက်ကျောမှာ ကျောင်းနာမည်နဲ့ မေဂျာနာမည် ပါတဲ့ Jumper ကို တက္ကသိုလ် ကျောင်းသား ဘဝမှာ တော်တော်လေး ဝတ်ကြပါတယ် University Life ရဲ့ တစ်စိတ်တစ်ဒေသလို့ ပြောလို့ရပါတယ် 3. မေဂျာအလိုက် Club အလိုက် Group Activity တွေ အချင်းချင်း ရင်းနှီးဖို့အတွက် Semester တိုင်း MT ဆိုပြီးတော့ 대성리/양평/가평 စတဲ့ ဘက်တွေမှာ Pension ငှါးပြီး အသားကင်စား သီချင်းဆို ညလုံးပေါက် အရက်သောက် ဂိမ်းဆော့လေ့ရှိကြပါတယ် Club activities တွေဆိုလည်း activity ပြီးရင် After Party(뒷풀이) ဆိုပြီး တူတူ စားကြ သောက်ကြလေ့ရှိပါတယ် 4. အချိန်ဇယားကို စိတ်ကြိုက်ဆွဲလို့ရပါတယ် 교양필수 တွေ မေဂျာအတန်းတွေထည့်ပြီးသွားရင် ကျန်တဲ့ 교양(minor) တန်းက ကိုယ် တက်ချင်တဲ့ 교양 ကို တက်လို့ရသလို ကိုယ်က ကျောင်း ၄ရက်ပဲ သွားချင်လို့ တစ်ရက်ကို 공강(No class) လုပ်လို့ရပါတယ် တစ်ခါတစ်လေတော့ အချိန်ဇယား ကျပ်နေလို့ 공강 မရှိတာလည်း ဖြစ်တတ်ပေမယ့်ပေါ့ ပြီးရင် အတန်းတစ်တန်းနဲ့ တစ်တန်းကြား အချိန် ဟ နေတာကိုလည်း 공강 လို့ ခေါ်ပါတယ် များသောအားဖြင့် Lounge တွေ Library တွေမှာ Assignment ရေးတာ အိပ်တာမျိုး လုပ်လေ့ရှိပါတယ် 5. 휴학(ကျောင်းခဏနားတာ) က ပုံမှန်ပါ အတန်းထဲက ကိုရီးယား သူငယ်ချင်းတွေ Semester တစ်ခုပြီးတိုင်း ပျောက်သွားတာ တွေ့ဖူးကြမှာပါ ယောက်ျားလေးတွေက First year ပြီးရင် စစ်ထဲသွားဖို့ ကျောင်းနားပြီး မိန်းကလေးတွေကတော့ များသောအားဖြင့် Final Year မတိုင်ခင်မှာ Europe ခရီးထွက်တာ Exchange Student သွားတာ အလုပ်ဝင်ဖို့အတွက် စာမေးပွဲ ဖြေတာအတွက် ကျောင်းနားလေ့ရှိကြပါတယ် ကိုယ်လည်း ကျောင်း ဝင်ခွင့်ရပြီးပြီးချင်း တက္ကသိုလ် မတက်ပဲ 휴학 လုပ်ပြီး language program တက်ခဲ့ပါတယ် 6. ကျောင်းသားဘက်ကနေ Professor တွေကို ဝေဖန်ခွင့် Evaluate လုပ်ခွင့်ရှိပါတယ် မြန်မာရဲ့ အမြင်မှာတော့ ဆရာကို ဝေဖန်တာ ကံကြီးထိုက်မယ် ငရဲကြီးမယ် ဘာညာ ရှိကောင်းရှိပေမယ့် ဒီမှာကတော့ Everytime ဆိုတဲ့ community မှာ professor တွေကို ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူး ဝေဖန်လို့ရသလို 중간 강의평가/기말 강의평가 ဆိုပြီး Course ကိုလည်း Evaluation လုပ်ပိုင်ခွင့်ရှိပါတယ် 7. Festival Season ဆိုရင် အရမ်းပျော်ဖို့ကောင်းပါတယ် ဘယ်ကျောင်းက ဘယ် idol ဘယ်လို artist lineup တွေ ဘယ်သူ လာမှာလဲဆိုတာကို သူများ ကျောင်း festival ကို သွားလည်တာ ကိုယ့်ကျောင်းမှာကိုယ် နေ့လည်ဆို booth တွေ ပတ်ကြည့်တာ ညနေဆို show ကြည့်တာ အရက်ဆိုင်မှာ တန်းစီပြီး အရက်သောက်ကြတာမျိုး လုပ်ကြလို့ ဒါကလည်း ကိုရီးယား တက္ကသိုလ် ကျောင်းသား ဘဝရဲ့ main part တစ်ခုပါပဲ 8. Graduation Requirement/ Job အတွက် ဖိအားတွေများပါတယ် တက္ကသိုလ် ကျောင်းသားတစ်ယောက် အနေနဲ့ ၄နှစ် ကျောင်းတက် အချိန်တန် ဘွဲ့ရတာမျိုးမဟုတ်ပဲ Graduation Requirement အလိုက် အတန်းတွေတက်ရတာ community service တွေ လုပ်ရတာရှိသလို ဘွဲ့ရတာနဲ့ အလုပ်တန်းရတာမျိုးမဟုတ်ပဲ အလုပ်အတွက် extracurricular တွေလုပ်ကြ စာမေးပွဲတွေဖြေကြနဲ့ Third Year/Final Year လောက်ရောက်ရင် အရမ်း အလုပ်များကြပါတယ် ကိုရီးယား တက္ကသိုလ်ကျောင်းသား ဘဝက အသင်းအဖွဲ့လိုက် ည ညဉ့်နက်တဲ့ထိ အရက်သောက် ပျော်ပါးကြတာတွေလည်း ရှိသလို စာမေးပွဲနီးရင်လည်း ညလုံးပေါက် စာလုပ်ရတာ အလုပ်ဝင်ဖို့အတွက် အပြိုင်အဆိုင်ပြင်ဆင်ရတာတွေလည်း ရှိလို့ ရသစုံတယ်ပဲ ပြောရမှာပေါ့ ကိုယ်လည်း international student တစ်ယောက်အနေနဲ့ ကျောင်းနဲ့ အချိန်ပိုင်း အလုပ်ထဲကိုပဲ စိတ်နှစ်မထားပဲ တက္ကသိုလ် တက်တုန်း First Year/ Second Year လောက်ပဲခဏ ကြုံရတဲ့ campus life ကိုလည်း တန်အောင် အပြည့်အဝ ခံစားဖို့ အကြံပေးပါတယ် အတန်းကြီးလေ အလုပ်များလေ ပျော်စရာနည်းလေးမို့လို့ပါ https://www.facebook.com/share/1864F9HEDR/

  • Multi Passionate ဖြစ်တာကောင်းလား? ကျနော်အမြင်အရတော့ ရေရှည်မှာကောင်းလာနိုင်တယ် ကျိန်းသေကောင်းမယ်လို့မပြောဘူး ဘာလို့လဲဆိုတော့ ကိုယ် passionate ဖြစ်တဲ့အရာတွေရဲ့ ဆက်နွယ်မှုကိုသိပြီးချိတ်ဆက်နိုင်ရင် အများကြီးတော်သွားနိုင်ပြီးတော့ ဒီတိုင်းပဲ passion တွေများနေရင်တော့ ဗျာများတာပဲဖြစ်နေလိမ့်မယ် တစ်ခုခုကိုစိတ်ဝင်စားရင် လေ့လာပါ သင်ယူပါ စမ်းသပ်ပါ အသုံးချပါ ငွေရှာပါ တစ်ခုထပ်ပိုတာတွေစိတ်ဝင်စားရင် လေ့လာပါ သင်ယူပါ စမ်းသပ်ပါ ပူးတွဲအသုံးချလို့ရမယ့်အရာတွေရှိလား similarity လေးတွေရှိလား မြင်တတ်အောင်ကြည့်ပါ တစ်ခုခုမှာ ထူးချွန်တာကောင်းတယ် တစ်ခုထက်ပိုတာတွေမှာထူးချွန်တာပိုကောင်းတယ် ထူးချွန်တာတွေကိုပေါင်းသုံးနိုင်ရင် အကောင်းဆုံးပဲ @thelapyae https://t.me/thelapyae_official/6142

  • 12 февр.14221из studywith_study_berry

    All Language Resources 🤎: https://www.alllanguageresources.com/ - All Language Resources ကတော့ Language Learners တွေအတွက် တကယ့် goldပါပဲ။ သူက Language Learners တွေအတွက် ဘာသာစကားလေ့လာတဲ့အခါ အဆင်ပြေစေမယ့် Resources ( online courses, Apps, Podcasts, YouTube channels, tutoring, etc) တွေကို စုစည်းပေးထားတဲ့ Website ဖြစ်ပါတယ်။ - Katie တို့ Language တစ်ခု စလေ့လာပြီဆိုတာနဲ့ ဘယ် Resources တွေက ကိုယ်နဲ့ အဆင်ပြေနိုင်မလဲဆိုတာ စိုးရိမ်တက်ကြပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုတော့ပါဘူး။ All Language Resources က နာရီပေါင်းများစွာ အချိန်ယူပြီး Resources တွေကို test လုပ်ထားတာ ဖြစ်လို့ပါ။ Review Section ကိုကြည့်ပြီး အဆင်ပြေမယ့် Resources ကို ရွေးချယ်လိုက်ရုံပါပဲ။ - အချိန်လည်း waste မဖြစ်တော့ဘဲ Resources တွေလည်း လွယ်လွယ်ကူကူရမှာဖြစ်လို့ berries တို့အတွက် sharing လုပ်ပေးလိုက်ပါတယ်။ (Part 2 ... Coming Soon)

GrowthSphere — tgindex