tgindex
Hikari Moon - HM Team 👑✨

Hikari Moon - HM Team 👑✨

Статистика

HM Team Main Channel 🌞🌙⭐

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
7
Всего постов
22
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
2 909
+1 Са 3 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
243
22 постов
Вовлечённость
8,4%
к подписчикам
Постов в день
1,0
всогО 22
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
171
1/48двое суток
195
1/72трое суток
211

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • йоС пОдписи

  • йоС пОдписи

  • ✨ဘေဘီသေးသေးလေးတွေ ချစ်တတ်တဲ့ ပေါင်ပေ့တို့အတွက် အသဲအူတယားယား ဖတ်ရမဲ့ နိုဗယ်လေးများ~~✨ မင်ဆို ဖတ်ရင်းနဲ့ အသဲတွေယားလွန်းလို့ နိုဗယ်ထဲဝင်ပြီး ကလေးလေးတွေကို ဖျစ်ညှစ်ပလိုက်ချင်တယ်🤗🤗 2. ဘစ်ဘော့စ်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကို ခံရသော သမီးငယ်လေး ✅✅ အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/16 3. ၁၉၉၀ခုနှစ်က ဖက်ထုပ်လုံးလေး ✅✅ အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/18 27. ဇာတ်ညွှန်းကို သွေဖယ်ပြီး ငါ့သမီးကို ကယ်ပစ်မယ် ✅✅ အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/57 သုံးပုဒ်လုံး paid gp မှာ complete ဖြစ်ပြီးသားမို့ အစဆုံးဖတ်ချင်တယ်ဆို @HMTeleSaleChannel ကို လာခဲ့ကြနော်

  • ၁၉၆၀ ခုနှစ်၌ ဇာတ်ပို့လေး၏ မိထွေးမေမေအဖြစ် ရှင်သန်ခြင်း(Paid Completed✅✅) ဇာတ်လမ်းအကျဉ်းချုပ် လင်းချင်းချင်းတစ်ယောက် တစ်ရေးနိုးလာသောအခါတွင် သူမ၏ဖရိုဖရဲမှတ်ဉာဏ်များက သူမဟာ "၁၉၆၀ခေတ်ကာလက ကွဲပြားခြားနားသောမိထွေးများ"ဆိုသောစာအုပ်ထဲရှိ အမျိုးသားဇာတ်ပို့လေး၏ မိထွေးဇာတ်ကောင်အဖြစ် ကူးပြောင်းသွားခြင်းဖြစ်ကြောင်းကို အသိပေးနေကြလေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က ကောင်းမွန်သောဘဝတွင်နေရန်ဆုံးဖြတ်ထားသောကြောင့် သူမသည် တပ်ရင်းမှူးလုချောင်းအားလက်ထပ်ခဲ့သည်။ လုချောင်းနှင့်စစ်တပ်ထဲသို့လာရောက်နေထိုင်သောအခါတွင် သူမသည် ငါးနှစ်သားကလေး၏မိထွေးဖြစ်လာတော့လေ၏။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ကလေးအား ဝန်ထုပ်ဝန်ပိုးအဖြစ်သာဆက်ဆံခဲ့စဥ်မှာ အမျိုးသားဇာတ်လိုက်၏မိထွေးကတော့ ဇာတ်လိုက်အား သူမ၏သားအရင်းသဖွယ်ဆက်ဆံခဲ့လေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က ကလေးအား အစာကိုပစ်ကျွေးသော်လည်း ဇာတ်လိုက်၏မိထွေးမှာမူ ဇာတ်လိုက်အား ကောင်းကောင်းမွန်မွန်ချက်ကျွေးခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသားဇာတ်လိုက်အရွယ်ရောက်လာသောအခါတွင် သူ၏မိထွေးအား မိခင်အရင်းကဲ့သို့ဆက်ဆံခဲ့၏။ သို့သော်လည်း အမျိုးသားဇာတ်ပို့ဇာတ်ကောင်လေးကတော့ အရွယ်မရောက်ခင်တွင်ပင် ယုတ်မာလာကာ ဖျက်လိုဖျက်ဆီးအတွေးမျိုးကိုသာ နေ့တိုင်းတွေးနေတော့သည်။ နောက်ပိုင်း လင်းချင်းချင်းသည် ကူးပြောင်းလာသောအချိန်တွင်တော့ မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ အမျိုးသားဇာတ်ပို့လေး၏အဖေဖြစ်သူနှင့် လက်ထပ်ပြီးသွားပြီဖြစ်ကာ စစ်တပ်ထဲသို့ပြောင်းနေနေလေပြီဖြစ်၏။ .... လင်းချင်းချင်းတစ်ယောက် ကူးပြောင်းလာပြီးသွားတဲ့အချိန်မှာ သူမရဲ့ဘဝကို ဘယ်လိုဖြတ်သန်းမလဲ။ နွေးထွေးသော မိထွေးမတစ်ယောက်အနေနဲ့ ဇာတ်ပို့လေးကို ပျိုးထောင်ပေးမလား။ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ Status : Completed Genre : BoyxGirl

  • "ကိုကို" ဆိုတဲ့စကားလုံးကို ပါးစပ်ကမချတဲ့ ရွှီကျိုက်ရှင်းနဲ့ team တူတဲ့ အသဲလေးတို့ဖတ်ဖို့🤭 မောင်လေး team ကချစ်တို့လည်း ဖတ်ပြီး ဘက်ပြောင်းချင်စိတ်တောင်ပေါက်သွားစေရမယ်🤗 ✨ကျွန်မဘဝရဲ့ မီးအိမ်ရှင်‌လေးကို ကယ်တင်ခြင်း (Paid Completed✅✅)  ✨ 💛 Story Description 💛 ရွှီကျိုက်ရှင်း ၏ idol ဖြစ်သော ချန်းဖုန်းသည် အနုပညာနယ်ပယ်တွင် နာမည်ရစပြုလာသော တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်သည်။ တစ်နေ့တွင် သူမ၏ idol ဘယ်လောက်အထိတော်ကြောင်း လူတိုင်းတွေ့ရလိမ့်မည်ဟု အခိုင်အမာကိုယုံကြည်ထားသည်။ သို့သော် ထိုနေ့‌ရောက်လာရန်အခွင့်အ‌ရေးမရှိတော့သည့်အခါ...... ချန်းဖုန်း သည် စိတ်ကျရောဂါကြောင့် နေအိမ်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့သည်။ သေဆုံးပြီးနောက်တွင်မှ သူခံစားခဲ့ရသော မတရားမှုတွေအားလုံးသည် လူထုရှေ့သို့ပေါ်ထွက်လာခဲ့သည်။ ချန်းဖုန်းသည် မွေးစားခြင်းခံထားရသည့် မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူ၏ဖခင်အရင်းမှာ လူသတ်သမားတစ်ယောက်ဖြစ်ကြောင်း၊ သူ စန္ဒရားအားဘယ်တော့မှထပ်မထိတော့ခြင်း အကြောင်းအရင်းမှာကား သူ၏လက်သန်းမှာ သူ့အဖွဲ့သားများ၏ ရည်ရွယ်ချက်ရှိရှိ နင်းခြေခြင်းခံလိုက်ရသောကြောင့်ဖြစ်ကြောင်း၊ သူသည် အဖွဲ့လိုက် ဒုက္ခပေးနှောင့်ယှက်မှုကိုလည်း ခံရပြီး၊ ကုမ္ပဏီကြီးတစ်ခုနှင့် အငြင်းပွားစရာဖြစ်ရာမှစ၍ ထောက်ပံ့မှုများ၊ပူးပေါင်းဆောင်ရွက်မှုများ ခွဲခြားခြင်းခံလိုက်ရ‌ကြောင်းပေါ်ထွက်လာခဲ့သည်။ ရွှီကျိုက်ရှင်းအတွက်အဖိုးတန်ရတနာကဲ့သို့ ပျက်စီးပွန်းပဲ့မှာစိုး၍ မထိရက်မကိုင်ရက်သော ၊ တန်ဖိုးထားရသော လူသားလေးမှာ ‌အခြားသူများ၏ အနိုင်ကျင့်ခြင်း၊ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသောအခါ...... ၆ လကြာပြီးနောက်  ရွှီကျိုက်ရှင်း သည် ကားမတော်တဆမှုဖြင့် သေဆုံးသွားခဲ့ပြီး အထက်တန်းကျောင်းသူအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားရန်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမသည် အထက်တန်းပထမနှစ်ကျောင်းသူဖြစ်ပြီး ချန်းဖုန်း မသေဆုံးမီ ၁၀ နှစ်အလိုတွင်ဖြစ်သည်။ " ငါ ဒီဆယ်နှစ်ဆိုတဲ့အချိန်ကို ကိုကို့အတွက် အကောင်း‌ဆုံးလမ်းဖောက်ပေးဖို့အတွက်ပဲ သုံး‌တော့မှာ ၊ ကိုကို့ကို ထိခိုက်နာကျင်‌အောင်လုပ်ခဲ့တဲ့ သူတွေကိုလည်း ကိုကို့ရှေ့ဘယ်တော့မှပေါ်မလာစေရဘူး။ ကိုကို... ဒီတစ်ကြိမ်မှာတော့ ပန်းခင်းလမ်းကို တူတူလျှောက်ကြရအောင်နော်" ... Free Gp link > https://t.me/HM_Team_Free_Channel/4

  • ~ဗီလိန်မလေးကျွန်မ~ 💕ဇာတ်လမ်းအကျဥ်းချုပ်💕 လန်မုရှီသည် သူမက ဝတ္ထုတစ်ပုဒ်ထဲမှ ဗီလိန်မတစ်ယောက်ဖြစ်နေသည်ကို မထင်မှတ်ထားပဲ သိလိုက်ရပါ၏။ ဝတ္ထု၏ ဥပဒေသက သူမအနေဖြင့် ဝတ္ထု၏ဇာတ်လမ်းဇာတ်ကွက်တို့ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည်ဟု သူမအား ပြောလာခဲ့သည်။ ထိုသို့ပြုလုပ်မှသာ သူမလည်း လွတ်မြောက်မှုကို ပြန်လည်ရရှိပေလိမ့်မည် ဖြစ်၏။ ထို့ကြောင့် သူမသည် ဗီလိန်မတစ်ယောက်၏အခန်းကဏ္ဍအတိုင်း အသိဉာဏ်ရှိရှိ စတင်၍သရုပ်ဆောင်ရတော့သည်။ ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း ဇာတ်လိုက်မကို ချောက်ချရသည့် တုံးတုံးအအနည်းလမ်းမျိုးစုံနှင့်တကွ ဇာတ်လိုက်ကို အရူးအမူးစွဲလမ်းနေသော အချစ်ရူးကာရိုက်တာတို့ကိုပါ သူမ လုပ်ဆောင်ရလေသည်။ ချောက်ကမ်းပါးအစွန်းဖျားပေါ်၌ စိတ်ရူးဖောက်ပြန်နေသည့်ပုံသဏ္ဏာန်တစ်ခုမှာ ပြောလာခဲ့၏။ "အစ်ကို ရှောင် ၊ အစ်ကိုသာ သဘောမတူဘူးဆိုရင် ၊ ကျွန်မ ဒီပေါ်ကနေ ခုန်ချပစ်လိုက်မှာနော်" လျှို့ဝှက်နယ်မြေရှိ ချောက်ကမ်းပါးအစွန်းဖျားပေါ်တွင်လည်း ကောက်ကျစ်သောအသွင်သဏ္ဏာန်ဖြင့် သူမ ပြောရပြန်လေ၏။ "အစ်ကို ရှောင် ၊ ရှင် သူ့ကို သွားတွေ့ရဲရင် သွားတွေ့ကြည့်လိုက် ၊ ကျွန်မ ဒီပေါ်ကနေ ခုန်ချပစ်လိုက်မှာနော်" နတ်ဆိုးနယ်မြေထဲက ချောက်ကမ်းပါးအစွန်းဖျားပေါ်တွင်လည်း မျက်ရည်စက်လက်စက်လက်ဖြင့် ပေကျံနေသော ပုံရိပ်လေးမှာ ပြောရပြန်လေသည်။ "အစ်ကို ရှောင် ၊ ရှင်သာ သူ့ကို လက်ထပ်မယ်ဆိုရင် ကျွန်မ ဒီပေါ်ကနေ ခုန်ပစ်လိုက်မှာနော်" ငရဲပြည်၏ နယ်စပ်ဒေသတွင်လည်း သူမမှာ စိတ်ပျက်လက်ပျက် ငိုကြွေးရင်း "ရှင် ဘာလို့ ကျွန်မကို မချစ်တာလဲ။ ရှင် ကျွန်မကို မချစ်မှတော့ ကျွန်မအတွက်လည်း အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် မရှိတော့ဘူး။ ကျွန်မ ဒီပေါ်ကနေပဲ ခုန်ချပစ်လိုက်တော့မယ်!" ရှောင်မြန့် : ဒီကို ဆင်းလာပါကွာ ၊ ကိုယ် မင်းကို ချစ်တယ်လေနော်။ လန်မုရှီ : ဟင့်အင်း။ — သူမရဲ့ ဗီလိန်မဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ စိတ်အားထက်သန်လွန်းနေတဲ့ ဗီလိန်မက အမျိုးသားဇာတ်ဆောင်ရဲ့အသည်းနှလုံးကို အရယူနိုင်သွားတဲ့အချိန်မှာတော့ သူမ ဘာဆက်လုပ်ရတော့မှာလဲ? သူ့ကို ငြင်းလို့ကော ရသေးလား ၊ နောက်ကျသွားပြီလားဟေ။ ရှောင်မြန့် : လူတစ်ယောက်က ကိုယ့်ကို ဒီလောက်ထိ အရူးအမူးချစ်တာကို ဘယ်တုန်းကမှ မခံဖူးဘူး။ ဒီလိုမျိုးသဲသဲလှုပ်အချစ်ခံနေရတော့ မင်းကလွဲပြီး တခြားတစ်ယောက်ကို ချစ်နိုင်တော့မယ်လို့ ကိုယ် မထင်တော့ဘူး။ ... ဖရီးဖတ်ဖို့ရန် > https://t.me/HM_Team_Free_Channel/5352 Paid gp မှာလည်း အစအဆုံးရပြီမို့ တစ်ထိုင်ထည်းဖတ်ချင်တဲ့အသဲလေးတို့အတွက် > @HMTeleSaleChannel

  • ~ ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးအရင်းက လက်ဖက်စိမ်းမပဲ လုပ်တော့မယ် ~ ❣ Story Description ❣ လီကျီကျီ ၁၅နှစ်ပြည့်သောအခါ သူမ ဘိုးဘေးများအား အသိအမှတ်ပြဖို့ရန် သူမကို မြို့တော်ဆီပြန်ခေါ်သွားသည်။ လီစံအိမ်၏ သမီးအရင်းတစ်ယောက်အနေနှင့် သူမကို မျက်နှာသာပေးရမှာပေမယ့် အားလုံးက အသိပညာ၊ ဗဟုသုတကြွယ်၀သော လီစုဝမ်အား ပိုသဘောကျကြသည်။ လီကျီကျီမှာ ဝေးလံလှသောရွာတွင် ကြီးပြင်းလာပြီး စာမတတ်ပေမတတ်၊ ထိန်းမနိုင်သိမ်းမနိုင်တဲ့ကောင်မလေးပင်။ သူမနာမည်ကတောင် အထင်သေးစရာကောင်းလှပေ၏။ တစ်နေ့သောအခါတွင်တော့ လီကျီကျီသည် ညဘက်တွင် အိပ်မက်မက်လေသည်။ သူမအရင်ဘ၀က လီစံအိမ်ဆီ ပြန်သွားပြီးနောက် သူမဟာ လျစ်လျူရှုမခံချင်တော့ဘဲ မျက်နှာသာရဖို့ရန်အတွက် လီစု၀မ်နှင့် အပြင်းအထန်ပြိုင်ဆိုင်တာကို အိပ်မက်မက်ခဲ့သည်။ သူမဟာ အရေး၊ အ‌ဖတ်၊ ချက်စ်ကစားခြင်း၊ အလှလက်ရေး၊ နှင့် ပန်းချီအထိ ကောင်းမွန်စွာတတ်မြောက်ဖို့ ကြိုးစားခဲ့ပြီး အနေအထိုင်သိမ်မွေ့စေရန်အတွက်လည်း ကြိုးစားခဲ့လေသည်။ သူမက အရာအားလုံးတွင် လီစုဝမ်ထက် သာလွန်ဖို့ ကြိုးစားခဲ့၏။ သို့သော်ငြားလည်း ထိုနေ့တွင်တော့ အားလုံးက လီစု၀မ်အား နှစ်သိမ့်ပေးနေစဉ် လီကျီကျီကတော့ အထင်အမြင်သေးတာကို ခံနေရတုန်းပဲပင်။ သူမ နိုးထလာသောအခါ၌ လီကျီကျီသည် သူမအဖေကို တွေ့ဖို့ရန် ထသွားလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "အဖေ သမီးကို ရွာကိုပဲ ပြန်ပို့ပေးပါ။ သမီး စံအိမ်ကိုပြန်လာတာနဲ့ ညီမလေးရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆိုးရွားသွားတယ်လေ။ သမီးရဲ့ ကံဆိုးမှုတွေက သူ့ကို အန္တရာယ်ဖြစ်သွားစေခဲ့တာပါ" လီအဖေက လန့်သွားပြီး ပြန်ပြောလိုက်လေသည်။ "သမီးက ဘာလို့ အဲ့ဒီလိုပြောရတာလဲ။ စုဝမ်က ဒီတိုင်းနေမကောင်းရုံတင်ပါ။ သူက ဆရာဝန်နဲ့ တွေ့တာနဲ့ ပြန်သက်သာသွားမှာ။" သေချာပေါက်ပင် ၊ ရက်အနည်းငယ်အတွင်းမှာပဲ လီစု၀မ်၏ ဖျားနာခြင်းက တကယ်ပဲ သက်သာသွားခဲ့လေသည်။ သူမရဲ့လက်ဖက်စိမ်းချက်လုပ်ခြင်းစကေးကြောင့်ပဲ စံအိမ်ထဲက လီကျီကျီ၏ ဘ၀သည် ပို၍ပင် ကောင်းမွန်လာခဲ့လေသည်။  ယင်းတို့မှာ သူမ၏လှည့်စားမှုအား တစ်ချက်တည်းနှင့် မြင်သွားခဲ့သော မင်းသား ရှောင်ယန်နှင့် မတွေ့ခင် တစ်ရက်အထိတော့ အဆင်ပြေနေခဲ့သည်။ သူတို့ ပထမဆုံးအကြိမ်တွေ့တော့ လီကျီကျီက ကောက်ကျစ်တယ်လို့ ရှောင်ယန်တစ်ယောက် တွေးနေမိတာကြောင့် တစ်ဖက်လူက သူ့ကိုအခွင့်ကောင်းယူသွားမယ့် အခွင့်အ‌ရေး ဘယ်တော့မှမပေးခဲ့ပါချေ။ သူသည် လီကျီကျီတစ်ယောက် ရိုးသားသလိုဟန်ဆောင်ပြီး အလွှာပေါင်းစုံ၏ ပေါင်အား ပွေ့ဖက်ထားကာ မြို့တော်ထဲတွင် နေထိုင်နေသည်ကိုပဲ စောင့်ကြည့်နေခဲ့လေ၏။ မိဖုရားကြီးက သူမကို မွေးစားသမီးကဲ့သို့နှယ် ဆက်ဆံလေပြီး မျိုးရိုးမြင့်မိသားစုထဲမှ အမျိုးသမီးတို့ကလည်း သူမကို ညီမတစ်ယောက်လို ချစ်ခင်နှစ်သက်နေကြလေသည်။ နန်းတော်ထဲက မျက်နှာသာပေးခံရသည့် ကိုယ်လုပ်တော်တို့ကလည်း သူမကို အရမ်းပင်ရင်းနှီးခင်မင်ရသည့် သူငယ်ချင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုနေကြကာ သူမသည် အထက်တန်းလွှာ၏မင်းသမီးဂုဏ်ပုဒ်ကိုပင် ရရှိခဲ့ပါသေး၏။ သူမကို ချစ်နှစ်သက်သွားကြသော များပြားလှသည့်အမျိုးသားတို့မှာလည်း လက်တစ်ဖက်တည်းဖြင့်ပင် မရေတွက်နိုင်ပေ။ သူ၏ညီမအရင်းအချာကပင် လီကျီကျီကို နေ့တိုင်းလိုလို သူမညီမလေးဖြစ်ဖို့ တောင်းဆိုနေလေသည်။ ရှောင်ယန်သည် စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေခဲ့သော်ငြား လီကျီကျီကတော့ သူ့ပေါင်ကို ဘယ်တော့မှလာမဖက်ခဲ့ပါချေ။ ထပ်မံ၍ သည်းမခံနိုင်တော့သည့်အဆုံးတွင်တော့ သူသည် သူမကို မေးလိုက်ရတော့၏။ “မင်း အိမ်ရှေ့စံမင်းသမီးဖြစ်ချင်လား” လီကျီကျီကတော့ မဖြစ်ချင်ပါချေ။ ... # အခုမှမဖတ်ရင် ဘယ်အချိန်သွားဖတ်မှာလဲ မင်မင်ချောချောလေးကစောင့်နေတယ်နော် လာသာလာခဲ့လိုက်တော့ 💋 @HM_Team_Free_Channel

  • ~ပြန်လည်မွေးဖွားလာပြီးနောက် လယ်စိုက်တော့မယ်~ ဇာတ်လမ်းအကျဉ်းချုပ် သူမ၏အတိတ်ဘဝမှာတုံးက လီချင်းဟဲ့သည် ရွှီမိသားစုဝင်တစ်ယောက်နှင့် ခမ်းခမ်းနားနားလက်ထပ်ခဲ့သော်လည်း သူမလက်ထက်ခဲ့သည့် မိသားစုမှ လူတိုင်းကတော့ သူမအား အေးစက်စွာဖြင့် ဆက်ဆံတတ်သည့်အပြင် မိသားဝင်တိုင်း၏ လျစ်လျူရှုခြင်းကိုလည်း ခံနေခဲ့ရပါ၏။ သို့သော်ငြားလည်း သူမသည် နောက်ထပ်တစ်ကြိမ် ပြန်လည်နိုးထလာခဲ့ပါပြီ။ ဒီတစ်ကြိမ်တွင်တော့ သူမက ချိုမြိန်လှသည့်အချစ်ဝတ္ထုထဲက အမြောက်စာဇာတ်ကောင်တစ်ခုဆိုသည့် အရေးကြီးလှသော အသိနှင့်အတူ နိုးထလာခြင်းပင်။ မူလဝတ္ထုထဲ၌ ချင်းဟဲ့သည် အမျိုးသားဇာတ်လိုက်ကို ကယ်တင်ခဲ့ပြီး ကျေးဇူးဆပ်သည့်အနေဖြင့် သူမကို လက်ထပ်ပေးဖို့ရန် သူ့ကို တောင်းဆိုခဲ့၏။ သူမ၏မနာလိုမှုကြောင့် ချစ်သူနှစ်ယောက်၏ ဘဝကို ငရဲတစ်ခုအလားနှယ် ဖန်ဆင်းခဲ့လေသည်။ ယခုအခါတွင်တော့ သူမက ဒုတိယအခွင့်‌အရေးအဖြစ် အတိတ်သို့ ပြန်လည်ရောက်ရှိလာချေပြီ။ သူမသည် အမျိုးသားဇာတ်လိုက် ၊ အမျိုးသမီးဇာတ်လိုက်တို့နှင့် ဝေးဝေးနေဖို့ ဆုံးဖြတ်ခဲ့လေသည်။ သို့ပေမဲ့ ဝတ္ထု၏ဇာတ်လမ်း ဆက်နိုင်ဖို့အရေး သူ့အသက်ကို ကယ်တင်သည့်အခန်းကတော့ အရေးကြီးနေတုန်းပင်။ ဒီတစ်ခါတွင်တော့ သူမ၏ကြင်နာမှုကို ငွေတွေဖြင့်လဲလှယ်ပြီး ထွက်သွားတော့မည် ဖြစ်၏။ သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် မူလအမျိုးသားဇာတ်လိုက်က ထိုသည်ကို လက်မခံနိုင်ပဲ သူမကို လက်ထပ်ဖို့ကိုသာ အလျင်စလိုလုပ်ခဲ့လေသည်။ သူမထံ၌ ပြင်းထန်သည့် ဒေါသစိတ်များရှိနေကာ သူမ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး သူ့ကို ရိုက်ဖို့ရန် ရွယ်လိုက်တော့သည်။ ထိုစဉ် သူမဘေးရှိ တခြားသောအမျိုးသားတစ်ယောက်က ထိုသည်ကို မြင်ပြီး အရမ်းကို စိတ်ပူပင်သောကရောက်သွားလေသည်။ သူမ၏လက်လေးကို လျင်မြန်စွာ ကိုင်လိုက်လျက် ထိုလက်ကလေးတွေကို နူးနူးညံ့ညံ့ဖြင် ဖိညစ်လိုက်ရင်း ပြောလိုက်၏။ “လိမ္မာစမ်းပါကွာ။ မင်း ဂရုမစိုက်ဘူးဆိုရင် မင်းရဲ့လက်လေးတွေ နာသွားမှာပေါ့။ မင်းက ဘေးနားမှာပဲ ရပ်နေ။ ဒီလိုအရေးမကြီးတဲ့အလုပ်မျိုးကို ကိုယ့်ကိုပဲ လုပ်ခွင့်ပေး။” .... သူ၏ အတိတ်ဘဝမှာတုန်းက ကျိုးချိန်ခန်းသည် လီချင်းဟဲ့သေဆုံးပြီးနောက်၌ သူမ၏အုတ်ဂူရှေ့တွင် ကြီးမားလှသည့် သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်တစ်ခုကို သူ့ဘဝတစ်လျှောက်လုံး ဆောက်လုပ်ခဲ့လေသည်။ သူသည် သူ၏နှလုံးသားထဲမှ ခံစားချက်တို့ကို သူမအား အကြိမ်ပေါင်းမြောက်များစွာ မဖော်ပြခဲ့မိသဖြင့် နောင်တအကြီးအကျယ်ရနေခဲ့ပါသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင်တော့ ထိုနောင်တတရားများကို လက်ကိုင်ထားလျက် သေဆုံးသွားခဲ့တော့၏။ သူ နောက်ထပ်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ၌ သူ ပြန်လည်မွေးဖွားလာမှန်း သိလိုက်ရသည်။ ပြီးတော့လည်း သူသည် ရှုချန်ကျဲကို သူမ လက်မထပ်ရသေးခင် အချိန်သို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်၏။ လှပလှသည့်အမျိုးသမီးလေးက နောက်ထပ်တစ်ကြိမ် သူ၏အသည်းညှာကို ဆွဲဆောင်နေလျက် ကျက်သရေရှိစွာဖြင့် အသက်ရှင်သန်နေခဲ့သည်။ သူမလေးအား သူ၏ရင်ခွင်ထဲသို့ မခေါ်ဆောင်ပဲ မနေနိုင်တော့ချေ။ ဒီတစ်ခါမှာတော့ သူ အခွင့်အရေးကို နောက်ထပ် ဆုံးရှုံးခံတော့မှာ မဟုတ်ဘူး။ ဒီစာစဉ်လေးက နှစ်ယောက်လုံး ပြန်လည်မွေးဖွားလာတာဖြစ်ပြီး ယောကျာ်းကော ၊ မိန်းမကောက အတူတူလယ်စိုက်ကာ ဆန်ကုန်မြေလေးတွေနဲ့ နေရမှာဖြစ်ပါတယ်။ ..... Free GP > https://t.me/HM_Team_Free_Channel/7

  • မအိပ်ခင်လေး လာသတိပေးတာပါရှင့် ဒီနိုဗယ်လေးကို paid gp မှာ စဆုံးဖတ်လို့ရပါပြီနော် ချစ်တို့🥳🥳🎉🎉 ကျင့်ကြံရေးလောကတစ်ခွင်မှာ နဥ်ရွှီတစ်ယောက် စနစ်နဲ့အတူတူ ဖရဲသီးပတ်စားရင်း ဘယ်လိုမွှေမလဲဆိုတာ သိချင်ရင်တော့ @HMTeleSaleChannel ဆီအရောက်လာခဲ့ကြနော်😘😘 အမြည်းဖတ်ချင်တဲ့ သဲလေးတို့အတွက် free gp link > https://t.me/HM_Team_Free_Channel/8102

  • အရင်နှစ် သင်္ကြန်ကမန်မိုရီတွေ ပြန်ဖော်ပေးခြင်းပါ၊ လက်များ သံချေးတက်သွားကြပြီလားလို့ ဒီညတော့ ဒီလောက်ပါပဲရှင် ဂွတ်နိုက်ပါ # ဘွားဟားဟားဟား

  • h ttp s://t .m e/+ lGZ ZvV vt BrQ zYz E1 # စိတ်ကင်ဆာလေးပေးပါရစေ

  • နောက်ဆုံးအပိတ်အနေနဲ့ မရဏပန်းချီကား gp 2 ပေးပါမယ်။ လက်ပြင်ထားကြပါရှင်

  • မှန်သွားပါပြီရှင် Venom : Let there be carnage ပါ။ https://t.me/HM_Team_7012/6877?comment=74649 အက်မင်အကောင့်ဆီသွားပေးနော် # ကွန်ကွန်ပါ

  • ဟက်ချလောင်းးးး ခေါင်းစားနေတုန်း စိတ်ကင်ဆာပေးခြင်း တဖြတ် https://t.me/+JpqWLEhlp_M1OTQ1

  • ဟိုးး စတော့ နောက်ဆုံးတစ်ခုမေးမယ်။ ဒါလေးလည်း ၂၅၀၀ တန်မေးခွန်းပါပဲ။ ကိုယ် မေးခွန်းလာမမေးခင်က 2x speed နဲ့ဇာတ်ကားတစ်ခုကြည့်ခဲ့ပါတယ်။ အဲ့နာမည်အပြည့်အစုံကိုပြောပါ။ ဇာတ်ကားက ၂၀၂၁ မှာထွက်ခဲ့တဲ့ Sci-fi ဇာတ်လမ်းပါရှင် # လာလာချင်းမှန်ရင် ခွက်နဲ့ခေါက်မယ်

  • Congratulations 🎉 ပုံပြင်သီတဲ့ ပိုးကြိုးမျှင်ပါရှင်၊ ဆရာမ ပုညခင်ရေးတဲ့ ဝတ္ထုလေးပေါ့။ အခုထိလည်း အသည်းစွဲပါပဲ။ https://t.me/HM_Team_7012/6872?comment=74564 ရတဲ့သူလေးက admin acc ဆီသွားပေးနော် # ဖတ်ကြည့်ကြနော် အရမ်းကောင်းတယ် ရင်ထဲကနေကို မြတ်နိုးမိတာ အဲ့စာအုပ်ကို

  • Hint ပြောရမယ်ဆိုရင် အချစ်ဇာတ်လမ်းကိုမှ ငါးပွင့်ဆိုင်လေးဖြစ်မယ်ထင်တယ်။ ဒါပေမယ့် စနှိုက်တာ ဖောက်ပြန်တာတွေမပါဘူး၊ pure love လေးတွေချည်းပဲ ပါတဲ့ဇာတ်ကောင်တိုင်းက။ ခါးသက်သက်အချိုအရသာလေးပေါ့။ # ရမ်းကောင်း

  • ၈ တန်း အစိုးရစစ်ကြီးတုန်းက စာမလုပ်ဘဲ ၁ရက်အတွင်းအပြီးဖတ်ခဲ့ရတဲ့အထိ အသည်းစွဲခဲ့တဲ့ ဝတ္ထုနာမည်ပြောပါ၊ နာမည်ကြီးပါ။ AI သွားမေးလို့မရတဲ့မေးခွန်းတွေဆိုလို့ ဒီလိုမေးခွန်းတွေပဲရှိလို့ ဖြေပေတော့ပဲ 2500 တန်မေးခွန်း # ဖြေကြပေတော့

  • ၈ တန်း အစိုးရစစ်ကြီးတုန်းက စာမလုပ်ဘဲ ၁ရက်အတွင်းအပြီးဖတ်ခဲ့ရတဲ့အထိ အသည်းစွဲခဲ့တဲ့ ဝတ္ထုနာမည်ပြောပါ၊ နာမည်ကြီးပါ။ AI သွားမေးလို့မရတဲ့မေးခွန်းတွေဆိုလို့ ဒီလိုမေးခွန်းတွေပဲရှိလို့ ဖြေပေတော့ပဲ 2500 တန်မေးခွန်း # ဖြေကြပေတော့

  • ၈ တန်း အစိုးရစစ်ကြီးတုန်းက စာမလုပ်ဘဲ ၁ရက်အတွင်းအပြီးဖတ်ခဲ့ရတဲ့အထိ အသည်းစွဲခဲ့တဲ့ ဝတ္ထုနာမည်ပြောပါ၊ နာမည်ကြီးပါ။ AI သွားမေးလို့မရတဲ့မေးခွန်းတွေဆိုလို့ ဒီလိုမေးခွန်းတွေပဲရှိလို့ ဖြေပေတော့ပဲ 2500 တန်မေးခွန်း # ဖြေကြပေတော့