Hlaing Panhtwar - Intuitive Tarot Reaader
СтатистикаTarot ကြည့်ချင်သူများ နှင့် Tarot ဟောကိန်းလေးတွေသိချင်သူများ Join ထားပေးပါနော်😍
- Последний пост
- 13 февр. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
💰 Money & Lucky Ritual Wallpaper 💰 ( 15.2. 2025 ) မှ ( 15.3.2025 ) ထိ သုံးရန် Wallpaper စတင် သုံးစွဲသည့်အချိန်မှစ ပိုက်ဆံများများ ငွေများများ ဝင်ပီ လုပ်ကိုင်သမျှ အဆင်ပြေအောင်မြင်ပီ ကံကောင်းခြင်းများ လက်ခံရရှိပါစေ🌻🌻🌻 လှိုင့် Energy ကို ယုံကြည်သူများ အတွက်သာ 🙏🙏🙏 #hlaingpanhtwar #abundancetarotreader #intuitivetarotreader #relationshiptarotreader
💞 Love Attract Ritual Wallpaper 💞 ( အချစ်ရေး / အိမ်ထောင်ရေး / Crush / Ex ) ( 15.2. 2025 ) မှ ( 15.3.2025 ) ထိ သုံးရန် Wallpaper စတင် သုံးစွဲသည့်အချိန်မှစ ကိုယ်ချစ်ခင်နှစ်သက် မြတ်နိုးရသူရဲ့ ချစ်ခင်နှစ်သက်ခြင်းကို အပြည့်အဝ ပြန်လည် လက်ခံ ရရှိကြပါစေ လှိုင့် Energy ကို ယုံကြည်သူများ အတွက်သာ 🙏🙏🙏 Energy Claim ဖြစ်ချင်သူများ Share သွားပါနော်💖 #hlaingpanhtwar #abundancetarotreader #intuitivetarotreader #relationshiptarotreader
💖 Love Attract Ritual Wallpaper 💖 ( အချစ်ရေး / အိမ်ထောင်ရေး / Crush / Ex ) ( 15.1. 2025 ) မှ ( 15.2.2025 ) ထိ သုံးရန် Wallpaper စတင် သုံးစွဲသည့်အချိန်မှစ ကိုယ်ချစ်ခင်နှစ်သက် မြတ်နိုးရသူရဲ့ ချစ်ခင်နှစ်သက်ခြင်းကို အပြည့်အဝ ပြန်လည် လက်ခံ ရရှိကြပါစေ🌹🌹🌹 လှိုင့် Energy ကို ယုံကြည်သူများ အတွက်သာ 🙏🙏🙏 #hlaingpanhtwar #abundancetarotreader #intuitivetarotreader #relationshiptarotreader
💰 Money & Lucky Ritual Wallpaper 💰 ( 15.1. 2025 ) မှ ( 15.2.2025 ) ထိ သုံးရန် Wallpaper စတင် သုံးစွဲသည့်အချိန်မှစ ပိုက်ဆံများများ ငွေများများ ဝင်ပီ လုပ်ကိုင်သမျှ အဆင်ပြေအောင်မြင်ပီ ကံကောင်းခြင်းများ လက်ခံရရှိပါစေ🌻🌻🌻 လှိုင့် Energy ကို ယုံကြည်သူများ အတွက်သာ 🙏🙏🙏 #hlaingpanhtwar #abundancetarotreader #intuitivetarotreader #relationshiptarotreader
https://www.facebook.com/share/p/1Ajj8tXf5D/
ဘဝမှာ ကောင်းမွန်တဲ့ အမှတ်တရလေးတွေပဲ ရှိချင်ကြတာ လူတွေရဲ့ သဘာဝပါ။💜✨ အခုလို ရက်ထူးရက်မြတ်ကာလလေးတွေကို အတူဖြတ်သန်းဖို့အတွက်ဆိုရင် ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့ဘေးနားမှာ မြင်တွေခွင့်ရနေသေးတာက ကံကောင်းမှုပါပဲ... ခရီးတွေသွားပါ... တန်ဖိုးရှိတဲ့အချိန်လေးတွေဖန်တီးပါ... နွေးထွေးတဲ့စကားလေးတွေ ပြောပါ... တစ်ယောက်ကို တစ်ယောက် ကြင်နာစောင့်ရှောက်ပါ... လူ့ဘဝဆိုတာ ဖြတ်သန်းလာရင်းနဲ့ မျိုးစုံကြုံတွေရပါတယ်... ကိုယ့်ဘဝထဲက တစ်ချို့လူတွေက ဆက်ပြီး ပါလာတယ်... တစ်ချို့လူတွေကတော့ ပျောက်ကွယ်ပြီး ကျန်ခဲ့ကြတယ်... တစ်ချို့ကျတော့ အဆက်အသွယ်တွေ ပျက်ကုန်ကြတယ်... နောက်ဆုံး ကိုယ့်ဘေးမှာရှိနေခဲ့တာ ကိုယ့်မိသားစုပါပဲ... ကိုယ့်ရဲ့ ကောင်းခြင်း ဆိုးခြင်းကို လက်ခံနားလည်ပေးတဲ့သူတွေ... ကိုယ့်ရဲ့ ကောင်းခြင်းကိုပဲလိုလားသူတွေ... ကိုယ်ပျော်ရွှင် အေးချမ်းဖို့ပဲ မျှော်လင့်သူတွေ... ကိုယ့်ကိုရှေ့ဆက်ဖို့ ခွန်အားပေးတဲ့သူလေးတွေရှိရင် စိတ်ရင်းနဲ့ကျေးဇူးတင်ပေးပါ... လူတစ်ယောက်ကို ဆုံးရှုံးပြီးတဲ့အခါ တော်ရုံမသိသာပေမယ့် အမှတ်တရတွေကို ပြန်ကြည့်တဲ့အခါ ပိုသိသာပါတယ်...💔 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
ဒီထဲမှာ လှိုင် နဲ့ Package ယူပီ မေးဖူးတဲ့သူတွေရှိရင် မန့်ပေးပါနော် ပေးချင်တာလေးရှိလို့ပါ😍😍 ယူဖူးတဲ့ Package လေးပါ ပြောပေးနော် 😍
Channel photo updated
Channel name was changed to «Hlaing Panhtwar - Intuitive Tarot Reaader»
" ငါ အကောင်းဆုံး လုပ်ပေးထားတယ် / ငါ့ဘက်က ဒီလောက်အထိ လုပ်ပေးထားတာ " လို့ အမြဲကိုယ်ကပဲလုပ်ပေးနေရတယ် ထင်နေသောအုပ်စု...☺️ Aquarius ♒ , Aries ♈ , Cancer ♋ , Scorpio ♏ ----------------------------- " တစ်လောကလုံးမှားနေရင်တောင် ငါတစ်ယောက်ကတော့ ဘယ်တော့မှ မှားနေမှာ မဟုတ်ဘူး "ဆိုတဲ့ စူပါကွန်းဖီးဒန့်အုပ်စု...🥲 Taurus ♉ , Leo ♌, Virgo ♍ , Capricorn ♑ ------------------------------ " လူကိုလာပြီး ပက်သက်မယ်ဆိုရင် ကျန်တာအကုန်စား...ဦးနှောက်တော့လာမစားနဲ့ " ဆိုတဲ့ စိတ်ရှုပ်ရတာမကြိုက် ဘဝကြီးမှာ အေးရာအေးကြောင်း လေပဲလွင့်ချင်နေသော အုပ်စု...🫠 Sagittarius ♐ , Gemini ♏ , Pisces ♓ , Libra ♎ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
ဘယ်ရာသီခွင်က အချစ်မှာ အရင်ဆုံး ကျရှုံးတတ်လဲ?...💞✨ Aries ♈ - သူတို့စိတ်ဝင်စားတဲ့သူဆိုရင်တော့ မြင်မြင်ချင်းပဲ ကျရှုံးတတ်ပါတယ်..🫡 Taurus ♉ - ဖြေးဖြေးချင်း စောင့်ကြည့်ရင်း အချစ်မှာ ကျရှုံးလို့ကျရှူံးမှန်းမသိ ဖြစ်သွားသူများ...🫢 သိလိုက်တဲ့အချိန်မှာ တစ်အားချစ်မိနေပြီတဲ့လေ... Gemini ♊ - သူတို့ကတော့ သဘောကျပြီဆိုတာနဲ့ ကျရှုံးပြီ...နောက်တစ်ယောက်ကိုထပ်သဘောကျရင်လည်း ထပ်ကျရှုံး... ကျရှုံးတာတွေများပြီး Player တွေဖြစ်သွားရော 🫠 Cancer ♋ - နည်းနည်းလေး ကြင်နာပေးလိုက်ရုံနဲ့ ၊ နွေးထွေးပေးလိုက်ရုံနဲ့ ကျရှုံးသွားပြီ...🥺 Leo ♌ - သူတို့က အချစ်မှာမကျရှုံးပါဘူးလို့ ဟန်ဆောင်တတ်ကြတယ်... တကယ်တော့ မြင်မြင်ချင်းကျရှုံးပြီးသွားပြီ 🥹 Virgo ♍ - သူတို့ကတော့ မကျရှုံးဘူး သူတို့ကိုပဲကျရှုံးပါစေ ဆိုပြီး နေပေမယ့် တကယ်ကျရှုံးနေတာ သူတို့...🫠 Libra ♎ - သူတို့သဘောကျရင် လွယ်လွယ်ကျရှုံးတတ်သူများ...ဘာမှတောင်သိပ်လုပ်စရာမလို 😁 Scorpio ♏ - ကျရှုံးမိမှာကြောက်ရင်း ကြောက်ရင်း...ထိန်းရင်း ထိန်းရင်းနဲ့ ထပ်ကျရှုံးသွားသူများ...🥺 Sagittarius ♐ - တော်ရုံလည်းမကျရှုံးဘူး...ကျရှုံးပြီးဆိုရင်လည်း ချစ်သူကလွဲပြီး ဘာမှမမြင်တော့ဘူး...😁 Capricorn ♑ - သူတို့က ကျရှုံးဖို့ခက်တယ်ထင်ရပေမယ့် သူတို့ကျရှုံးနေရင် ဘယ်သူမှမသိဘူး...😊 Aquarius ♒ - အချစ်မှာကျရှုံးဖို့နေနေသာသာ ချစ်ကိုမချစ်ချင်သူများ...🙂 ချစ်ပြီဆိုလည်း လူအရမ်းရွေးလို့ ကျရှုံးဖို့ တော်တော် မလွယ်ပါ... Pisces ♓ - အဆင်လေး ပြုံးပြလိုက်ရင်တောင် ကျရှုံးနိုင်တာသူတို့ သူတို့... ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
အချစ်ကိုယုံ၍ စုံလုံးကမ်းကြသူများ...💔🫠 Pisces ♓ , Libra ♎ , Taurus ♉ , Scorpio ♏ ( သူတို့က ချစ်လို့မရဘူး...ချစ်မိရင် အသည်းကွဲရရော...) ----------------------------- အချစ်ကြောင့် ဘဝပြောင်းသွားကြသူများ...🥹🫡 Sagittarius ♐ , Gemini ♊ , Virgo ♍ , Cancer ♋ ( ချစ်မိရင် သူတို့ရဲ့ အမြင်ကပ်စရာ ပုံစံတွေနဲ့ မတူတော့ဘဲ တစ်ခြားသူတစ်ယောက်လိုတွေ ပြောင်းလဲကုန်ကြလို့...🥹) --------------------------------- အချစ်ကို မထိတွေ့ချင် / ရှောင်ချင်လို့ ကိုယ့်ဘာသာ နေသော်လည်း အချစ်ကလိုက်လို့ ပြေးနေရသူများ...🫢 Aries ♈ , Capricorn ♑ , Aquarius ♒ , Leo ♌ ( သူတို့ရဲ့ ချေမိုးနေတာလေးကိုမှ သဘောကျတာတို့ ဘာတို့...🫠 ) ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
၁၂ ရာသီခွင်တို့ ငွေရှာတာ ဘာအတွက်လဲ?...🤫💸💰 Aries ♈ - အများကြီးသုံးဖို့ အများကြီးရှာကြသူများ...😁 Taurus ♉ - လိုချင်တာတွေဝယ်ဖို့...စိတ်လုံခြုံဖို့ ငွေရှာကြသူများ...🤫 Gemini ♊ - အမ်းဖို့အတွက် ငွေရှာကြသူများ...😁💞 Cancer ♋ - ကိုယ်ချစ်တဲ့သူတွေ လိုအပ်တာကို ဖြည့်စည်းပေးနိုင်ဖို့ ငွေရှာကြသူများ...😌 Leo ♌ - ပိုင်ဆိုင်ကြောင်းတွေပြနိုင်ဖို့...စိတ်ချမ်းသာဖို့ ရှာကြသောအုပ်စု...😎 Virgo ♍ - ကိုယ်ရဲ့အနေအထားနဲ့ ဂုဏ်အဆင့်အတန်း တစ်ခုအတွက် ငွေရှာကြသူများ...🫡 Libra ♎ - စိတ်ကြိုက်ရှာ စိတ်ကြိုက်သုံးဖို့ ငွေရှာကြသူများ...🫢 Scorpio ♏ - ငွေမရှိတဲ့ လောကဓံကို မခံချင်လို့ / ငွေကြောင့်ဖြစ်လာတဲ့အခက်အခဲတွေ မဖြစ်စေဖို့ ငွေရှာကြသူများ... Sagittarius ♐ - စိတ်ကြိုက်သုံးပြီး လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ငွေရှာကြသူများ...😁 Capricorn ♑ - နောင်ရေးအတွက် ရှေးရှုပြီး ငွေရှာကြသူများ...😊 Aquarius ♒ - ဘဝအတွက် ရှာရမှာမို့သာရှာနေတာ...သိပ်ရှာချင်တာမဟုတ် 😁 Pisces ♓ - ကိုယ်ချစ်တဲ့သူတွေကို ဖြည့်ဆည်းပေးဖို့ ကူညီနိုင်ဖို့ ငွေရှာကြသူများ...🫡 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
အမှားတွေလုပ်ချင်တိုင်းလုပ်ပြီးမှ ပြန်လာတောင်းပန်တတ်တဲ့ သူတွေ...💔 ချစ်ပါတယ်လို့ပြောပြီး တစ်ဖက်လူခံစားချက်ကိုကျတော့ နားလည်ဖို့ မကြိုးစားချင်သူတွေ...💔 တန်ဖိုးထားပါတယ်ပြောပြီး တစ်ဖက်လူရဲ့ အားနည်းချက် ၊ အဆင်မပြေမှုတွေကို အပစ်ရှာပြောတတ်သူတွေ...💔 အချစ်ဆိုတာ ချစ်နေရုံနဲ့တင် ရတဲ့အရာမျိုးမှမဟုတ်ဘဲလေ...🥀 ချစ်တယ်ဆိုရင် ကိုယ်ချစ်တဲ့လူရဲ့ စိတ်ခံစားချက်ကို အရေးတယူရှိပေးဖို့လိုတယ်...✨ ကိုယ့်ချစ်သူရဲ့ အားနည်းချက်တစ်ချို့ကို လက်ခံပေးဖို့လိုတယ် ၊ အကောင်းမြင်စိတ်နဲ့ ကြည့်ပေးတတ်ဖို့လိုတယ်...✨ ချစ်သူနဲ့အတူ ရှေ့ဆက်ဖို့ ရည်မှန်းချက် ၊ အနာဂတ်ဆိုတာ ရှိဖို့လိုတယ်...✨ Relationship တစ်ခုမှာ ဒါတွေမလိုဘူးထင်ရင် ချစ်သူမထားနေပါနဲ့...👌 တစ်ယောက်ထည်းနေရင် ပိုတောင်အေးချမ်းသေးတယ်လေ... တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ လူတစ်ယောက်ရဲ့လက်ကိုမတွဲပါနဲ့... လူတစ်ယောက်ကို ချစ်တယ်လို့ မပြောပါနဲ့...🌷 လူတစ်ယောက်ရဲ့ Relationship တစ်ခုမှာ သူ့ဘဝအတွက် ပြန်ရှာလို့ရတဲ့ အချိန်တွေနဲ့ ထိလွယ်ရှလွယ်တဲ့ နှလုံးသားတွေကို ရင်းနှီးမြှုပ်နှံထားရတာပါ။ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
အမှတ်မရှိသော ရာသီခွင်များ....🙃 Pisces ♓ , Gemini ♊ , Sagittarius ♐ , Virgo ♍ ( ဘယ်လောက်ခံရ ခံရ သိပ်မမှတ်ကြဘူး...ထားခဲ့ခံရလည်း ပြန်လာခေါ်ရင် ပြန်ပါသွားကြတာပဲ) 🥹 -------------------------------- အငြိုးကြီးသောရာသီခွင်များ....😡 Taurus ♉ , Cancer ♋, Aries ♈ , Aquarius ♒ ( ဆယ်ဘဝလောက် ပြန်လက်စားချေလိုက်ရမှ ကျေနပ်ကြတာ 😁) ------------------------------ အငြိုးကြီးချင်တဲ့သူကို ကြီးပြီး အမှတ်မရှိချင်တဲ့သူကို မရှိတဲ့ ရာသီခွင်များ...🥹 Libra ♎ , Scorpio ♏ , Capricorn ♑ , Leo ♌ ( ခွင့်လွှတ်ချင်သူဆိုရင် ခွင့်လွှတ်ပြီး... မကျေနပ်ချင်သူဆိုရင် ဘယ်လောက်တောင်းပန်ပန်မကျေနပ်တတ်ကြဘူး ) 🥹 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
12 ရာသီခွင်တို့သာ The Mask Singer ပြိုင်ပွဲဝင်တွေဖြစ်ကြမယ်ဆိုရင်...🎭 Aries ♈ - အရာအားလုံးကို အနိုင်ယူမယ့် ခွန်အားအပြည့်နဲ့ သူရဲကောင်း 🔥 Taurus ♉ - အစားတစ်လိုင်းတို့အတွက် စားစရာတစ်ခုခု 🍟🌮🍔🍕 ( or ) ဂြိုလ်ပေါက်အောင် ချစ်တတ်ကြလို့ 🐮 ဒီအရုပ်လေး 💞 Gemini ♊ - စကားတွေများပြီး လေကြီးလို့ ငှက်ကလေး 🐦 Cancer ♋ - ဒရာမာကွင်း ဘုရင်မလေး 🫅 Leo ♌ - အထာကျတဲ့ ဆရာကြီးမို့ ဆရာ/ဆရာမ 🧑🏫 Virgo ♍ - တစ်ခြားသူတွေကို ဘလိမ်းဖို့အတွက် မှန်ဘီလူးတစ်ချောင်းနဲ့ စုံထောက်လေး 🔍 Libra ♎ - ကိုယ့်ဟာကိုယ်တောင် မဝေခွဲတတ်ပေမယ့် သူများကိုဖြေရှင်းပေးဖို့ တရားသူကြီး ⚖️ Scorpio ♏ - အမြဲ တစ်ဖက်ထည်းကပဲ ငေးကြည့်နေရတဲ့ ကြေကွဲလူငယ်အုပ်စုမို့ နေကြာပန်းလေး 🌻 Sagittarius ♐ - Flirt နေရင်း ပျောက်ပျောက်သွားတတ်တဲ့ Ghost လေး... 👻 Capricorn ♑ - ဘယ်အရာကိုမှ မတုန်လှုပ်တဲ့ ရေခဲတုံးလေး 🧊 Aquarius ♒ - အပြင်ပိုင်းက ခန့်မှန်းရခက်လို့ စိမ်းသလိုလိုနဲ့ အထဲမှာတော့ နီနေတဲ့ ဖရဲသီးလေးတွေ...🍉 Pisces ♓ - ချောတဲ့ သူတွေအနားကိုပဲ ရွေးပြီးနားတဲ့🦋 လေး... ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
မြင်မြင်ချင်းမှာ ကြွေဆင်းသွားစေတတ်တဲ့ အလှနတ်ဘုရား ရာသီခွင်များ...😉💗 Libra ♎ , Leo ♌ , Aries ♈ ( သူတို့ရဲ့ ဖော်ရွှေမှု ၊ ဆွဲဆောင်မှုနဲ့ ထက်မြက်မှုတွေကြောင့် မြင်မြင်ချင်းမှာ လူအများအာရုံစိုက်တာ အရမ်းခံရတတ်တယ် လူတိုင်းရဲ့မျက်လုံးက သူတို့ဆီမှာ... 👀) ------------------------------ သေချာကြည့်လေ ဆွဲဆောင်မှုရှိလေဖြစ်တဲ့ အကြည့်ခံ ရာသီခွင်များ....🤭💞 Capricorn ♑ , Taurus ♉ , Scorpio ♏ , Pisces ♓ ( မြင်မြင်ချင်းကတော့ ချေသလိုလို မိုးသလိုလို အုပ်စု...အနေကြာလာလေလေ သူတို့ရဲ့ ဆွဲဆောင်မှုလေးတွေက မြင်လာရလေလေ...လူတွေ သူတို့အပေါ် ပိုပြီးနစ်ဝင်သွားလေလေပေါ့...နွံလေးတို့အုပ်စု🤭 ) ------------------------- ချစ်မိသွားမှ ကြည့်လို့လှသွားတဲ့ ရာသီခွင်များ....🥹 Virgo ♍ , Aquarius ♒ , Sagittarius ♐ , Gemini ♏ , Cancer ♋ ( အချစ်မျက်လုံးနဲ့ကြည့်မှ သူတို့က ချစ်ဖို့ကောင်းတာ...ဘယ်သူတွေဘာပြောပြော မြတ်နိုးသူကတော့ ချစ်မှာပဲ...သူတို့ကြည့်လိုက်ရင်လည်း အချိုးသာမပြေတာ အရမ်းအချစ်ခံရတယ် 🥹) ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
အစပိုင်းမှာ အရမ်းတွေ ချစ်ပေးခဲ့ပြီး ရုတ်တရက်ကြီး အဆက်အသွယ်တွေဖြတ် ၊ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ထားခဲ့ခံရဖူးလား?...💔 ချစ်နေတုန်းကတော့ ကိုယ်မှကိုယ် နံပါတ် 1 ဦးစားပေးဖြစ်ပေးခဲ့ပြီး မချစ်တော့တဲ့အခါ အလုပ်နဲ့ တစ်ခြားအရာတွေက ပိုအရေးပါပြီး ကိုယ်ကတော့ စိတ်ရှုပ်စရာဖြစ်နေခဲ့တာမျိုးရော ကြုံဖူးလား?...💔 တစ်သက်လုံး လက်တွဲသွားပါမယ် ၊ အတူရှိသွားမယ် ပြောခဲ့ပြီး နောက်ဆုံးတော့ ကိုယ်မဟုတ်တဲ့ တစ်ခြားသူလက်ကို ဆွဲကိုင်သွားတဲ့သူမျိုးတွေနဲ့ရော ကြုံဖူးလား?...💔 အချစ်ကြောင့်ခံစားရတဲ့ နာကျင်မှု ၊ ပင်ပန်းမှု ၊ မွန်းကျပ်မှု တွေကို ကိုယ်တိုင်ကြုံပြီး ခံစားဖူးတဲ့သူတွေမှသာ သိပါလိမ့်မယ်...😞 ဒါကြောင့် အသည်းကွဲတဲ့သူတွေ ၊ စိတ်ဒဏ်ရာရှိတဲ့ သူတွေကို တွေ့တဲ့အခါ အပိုလုပ်နေတယ်လို့ မမြင်ပါနဲ့! သူတို့ပဲဖြစ်တတ်တယ်လို့ မမြင်ပါနဲ့... အချစ်ကြောင့် နာကျင်နေရတဲ့သူ ၊ အချစ်ကို ကြောက်ရွံ့နေတဲ့သူ ၊ အချစ်ကို နာကျည်းနေတဲ့သူတွေမှာ သူတို့ဒီလိုဖြစ်ရလောက်တဲ့အထိ လုံလောက်တဲ့အကြောင်းပြချက်တွေရှိတယ်...✨ လုံလောက်စွာ နာကျင်ခဲ့ရပါတယ်...💔 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
လူတစ်ချို့ ခဏခဏပြောကြတယ်... " ထပ်မချစ်ရဲတော့ဘူး " ဆိုတဲ့စကားလေးပေါ့ ! 💔 တကယ်တော့ သူတို့ဟာ ထပ်ချစ်ရမှာကို ကြောက်တာမဟုတ်ဘဲ ချစ်မိလို့ ထပ်ပြီးနာကျင်မှုတွေဖြစ်လာမှာကို ကြောက်ကြတာပါ...😞 ချစ်မိလို့ ပင်ပန်းရမှာကိုကြောက်တယ်... မျှော်လင့်ချက်တွေများမိလို့ ခံစားရမှာကိုကြောက်တယ်... ကိုယ်ကပဲ ပေးဆပ်နေရမှာကို စိုးရိမ်တယ်... တကယ်တော့ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရမှာကို ကြောက်နေခဲ့တာပါ 🥺 တကယ်တော့လေ "ချစ်ခြင်းမေတ္တာ "ဆိုတာ နာကျင်မှု ၊ ပင်ပန်းမှုဆိုတာတွေ မရှိဘူးရယ်! " အတ္တ " တွေကြောင့်သာ နာကျင်နေကြရတာပါ...💔 အချစ်ကြောင့် မနာကျင်ချင်ရင် အချစ်ကို အချစ်လို့ပဲ မြင်တတ်ဖို့လိုပါတယ်ရှင်... ကိုယ်စွမ်းနိုင်သလောက် ချစ်ပေးတာကသာ ၊ မျှော်လင့်ချက်တွေ စွဲလမ်းမှုတွေ လျှော့တာကသာ အချစ်ကြောင့် မနာကျင်ရမယ့် တစ်ခုတည်းသော နည်းလမ်းပါရှင် 💖✨ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
လူမုန်းအခံရဆုံး ရာသီခွင်များ...🙄 Virgo ♍ - သူတို့၏ ထက်မြက်မှု ၊ ဆရာလုပ်ချင်မှု ၊ ကြီးကျယ်ချင်မှုကြောင့် အမုန်းခံရတတ်တယ်...🥲 Sagittarius ♐ - သူတို့၏ ပေါ့ပေါ့ပါးပါးနေတတ်မှု ၊ အလေးမထားတတ်မှုကြောင့် အမုန်းခံရတတ်တယ်..🥹 Gemini ♊ - သူတို့၏ လူတိုင်းအပေါ် ဖော်ရွေတတ်မှု ၊ အချစ်ကို မျှဝေတတ်မှုကြောင့် အမုန်းခံရတတ်တယ်...😁 Libra ♎ - သူတို့၏ ရွှေးချယ်ရခက်တတ်မှု ၊ လူတိုင်းနဲ့ ပျော်တတ်မှုတို့ကြောင့် အမုန်းခံရတတ်တယ်...🥲 Scorpio ♎ - သူတို့၏ သံသယများမှု ၊ Overthinking ဖြစ်မှုကြောင့် လူမုန်းခံရတတ်တယ်...🥺 Cancer ♋ - သူတို့၏ ပြသနာသေးသေးလေးကို ပုံကြီးချဲ့တတ်မှု ၊ ငြီးတွားတတ်မှုကြောင့် အမုန်းခံရတတ်တယ်...😞 Leo ♌ - သူတို့၏ နေရာတကာ ဆရာဝင်လုပ်ချင်မှု ၊ လွှမ်းမိုးချင်တဲ့စိတ်ကြောင့် အမုန်းခံရတတ်တယ်...😃 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫