"အက္ခရာစည်း" စာတို 🍒
Статистика*သို့ပေမဲ့လည်းလေ" ကြော်ငြာထည့်ရန် @solixcoin {jun ~20 ~2023}
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 17
- Всего постов
- 29
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 705
- 1/48двое суток
- 807
- 1/72трое суток
- 871
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
1999 မှာ မွေးလာခဲ့တဲ့သူရေ… တစ်ချိန်က ငါ့ရဲ့ ပထမဆုံးအချစ်ဖြစ်ခဲ့တဲ့အတွက် ဒီနေ့ မင်းမွေးနေ့ကို မမေ့ပါဘူး။ မွေးနေ့ပျော်ရွှင်ပါစေ။ မေချည်မှူး🍁
အသက်ကလည်း မငယ်တော့ အရွယ်ကလည်း ရင့်ပြီ ကိုယ့်ရင် ကိုယ်ဖွင့်ကြည့်မိတော့ အံ့အားသင့်စရာ ပန်းခြောက်လေး တပွင့်တောင်မှမရှိ။ - လှသန်း
မင်းပုံရိပ်ကို သူ့မျက်၀န်းတွေမှာ မတွေ့တဲ့အခါ ကိုယ့်မျက်၀န်းတွေကို ကြည့်ပါ ။ -ပိတောက်ဦး
မြို့ပြကြီးဟာ တောရွာလို မဟုတ်ဘူး အမေ လူတွေအများကြီး ရှိပြီး အထီးကျန်နေရတယ်... ရွာမာလို လူနည်းနည်းရှိပြီး နွေးထွေးလုံခြုံမှု မရှိဘူး ။ ။ - လောင်ချိတ်
"ထောင့်မှန်စိမ်းများ " ဈေးကွက်ထဲ မရောက်ခင်ကတည်းက တန်ဖိုးဖြတ်ခံလိုက်ရတဲ့ နှလုံးသား သူတို့က အမြဲ အောက်ဈေးနဲ့ပဲ ဝယ်ယူခဲ့တယ် ။ တံခါးဝမှာ ဖိနပ်သံတွေက ဝင်လိုက် ထွက်လိုက် အရိပ်မျှသာဖြစ်သော ပုရိသတွေ ။ မျက်ရည်တောထဲ အရည်ပျော်သွားတဲ့ ခြေရာတွေဆိုလည်း မမှားဘူး ။ "မင်းမရှိရင် မဖြစ်ဘူး" တဲ့ ငါမရှိလည်း ဖြစ်သွားတဲ့ အခြေအနေကို ဘယ်သူ့ဆီ ငိုယို တိုင်ရမလဲ ။ ကျောပြင်မှာ လာနားခိုတဲ့ ယုံကြည်မှုဓားသွားဟာ သွေးစက်အဖြစ် ပြောင်းလဲသွားရ ။ ဖောက်လွဲဖောက်ပြန် ဇာတ်ခုံပေါ်မှာ အဆင်းမရှိ အရောင်မရှိ ငါဟာ မေတ္တာကို ထိတွေ့ခွင့်မရှိတဲ့ အနက်ရောင် ဗလာနတ္ထိ။ ဒီလိုနဲ့... ငါ အသဲကွဲရပြန်တယ် သူငယ်ချင်း။ -နေရည်မင်းလွင်
ကျွဲချိုမှုတ်ပြီး ကျွဲအုပ်ကို ဖျော်ဖြေတာ ပျော်စရာမှ မဟုတ်တာကွယ်။ ▪️တာရာမင်းဝေ
ဘဝသစ်မှာအခြေကျတဲ့အခါ ဒဏ်ရာတွေကို ဝေးဝေးကရှောင်ပါတယ် သိပ်ချစ်တယ် ဆိုတဲ့လူတွေတိုင်းဟာ မင်းလိုပဲ ဆိုတဲ့စိတ်နဲ့ ငါအဝေးကြီးမှာ နေခဲ့တယ် ။ ▪️ဂန္ဓမာ
တစ်ယောက်ကနေနိုင်သွားပြီး တစ်ယောက်ကအရာရာဆုံးရှုံးသွားခဲ့တယ်။ -စစ်ငြိမ်း
တောင်းရမ်းပြီးပဲ ယူယူ ခိုးပြီးပဲ ယူယူ ခန္ဓာကိုယ်နဲ့ နှလုံးသားကို ရင်းကာ… မိဘအိမ်ကို စွန့်ခွာပြီး မင်းဘဝထဲကို ရောက်လာတဲ့ ဇနီးမယားကို တန်ဖိုးထားပါ။ ❤️🍀
စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ် ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ် ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။ • ကြည်ဇော်အေး •
အစစအရာရာ ဘာတစ်ခုမှ မတူခဲ့တာတောင် ဘဝကို အတူတည်ဆောက်ချင်ခဲ့တယ် ။ အချစ်ရယ် မင်းကိုယ်မင်း ချစ်သလိုမျိုး မင်းကိုငါ ချစ်ခဲ့ပါတယ် ။ -ခန့်သွယ် ဆောင်းအိမ်မက်-၁၉
ရည်းစားဦးဖြစ်ခဲ့လို့ မေ့ပစ်ဖို့ မလိုပါဘူး။ အမှတ်တရကောင်းတစ်ခုအဖြစ် သိမ်းထားပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရအောင်။ နှုတ်ဆက်ပါတယ်… ။ မေချည်မှူး🍁
ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ -ဂျူး အော်ဒင်ရဲ့ နာမည်အကြီးဆုံးကဗျာ- "သူတို့စောင့်ရှောက်သော်ငြား ကိုယ်ငရဲရောက်နိုင်သား ကြယ်တွေကို မော့ကြည့်ကာပင် ကိုယ်တရေးရေးသိမြင်။ မြေပေါ်မှာဖြင့် အနည်းဆုံးတော့ လစ်လျူရှုသင့် လူ သို့မဟုတ် တိရစ္ဆာန်ကို ကိုယ်တို့ ကြောက်ရမယ်ထင့်။ ကြယ်ဆိုတာက ကိုယ်တို့အတွက် လောင်ကျွမ်းနေရ။ ကိုယ်တို့က ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်၊ ဒါမျိုးဟာ ကောင်းရဲ့ လား။ ချစ်ခြင်းမတူနိုင်သော်မှဖြင့် ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။ အပြစ်မတင်တတ်တဲ့ ကြယ်တွေကို ချီးကျူးငေးမောသူ ကိုယ်ဟာ ကြယ်တစ်စင်းကို တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။ ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင် ဒါမှမဟုတ် သေဆုံးသွားခဲ့ရင် ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း ပိန်းပိတ်တဲ့အမှောင်ရဲ့ ခမ်းနားမှုကို ခံစားယူရတော့မယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့"
ချန်ခဲ့တဲ့သူက ချန်ထားခဲ့တာပဲ ကျန်ခဲ့တဲ့ လူတွေက ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ မျှော်လင့်ခြင်းတွေထဲ တစ်ဘဝစာ ပိတ်မိခဲ့တယ် ရက်စွဲတွေ ပြန်မကြည့်ဖြစ်တော့ ပြန်လာမဲ့နေ့မှာ ပန်းတွေပွင့်ပါစေကွယ်။ ▪️ဂန္ဓမာ
ကိုယ်နှင့်ဝေးသော နေရောင်ခြည်ကို ပူတယ်အေးတယ် မပြောလိုတော့ ။ - ခင်ဇော်မြင့်
အသက်(၃၀)ကျော်အရွယ် အကိုနဲ့ ယှဉ်ကြည့်တော့ အသက်(၂၅)ဝန်ကျင်ဒီကလေးမက အရာရာနောက်ကျကျန်ရင်ကျန်ခဲ့ နိုင်ပါတယ် ဒါပေမယ့်အချစ်တွေတော့ အကိုအတွက်ဆိုနောက်မကျခဲ့ဘူး ဆိုတာသေချာပါတယ်။ _ချယ်🌸
တချို့ဆက်ဆံရေးတွေက ဘယ်သူမှ မမှားခဲ့ဘူး။ အချိန်မမှန်ခဲ့တာပဲ။ မေချည်မှူး🍁
ကမ္ဘာမှာ ငါမရခဲ့တဲ့ အနာတရတွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ -ဂန္ဓမာ
လူတွေဟာ ဘဝတစ်လျှောက် ပျော်ရမယ်ထင်တဲ့အရာတွေနောက်ကို အသည်းအသန်လိုက်ကြတယ် တကယ်ရတော့လည်း ထင်သလောက်ပျော်စရာကောင်းမနေတဲ့အချက်ကို ကိုယ်တိုင်ရော ဘေးကလူတွေပါမသိအောင် ဖုံးကွယ်ကြရပြန်တယ် အချိန်တွေက ကုန်ခဲ့ပြီမဟုတ်လား။ ။ -ပြည့်စုံဝင်း
ကမ္ဘာကြီးက လူများစွာကို တွေ့ဆုံစေပြီး တချို့ကို ခွဲခွာစေတယ်။ မဖြစ်မနေ ဖြစ်လာတဲ့ အဆုံးတစ်ခုမှာတော့ နှုတ်ဆက်ပါတယ် လို့ ပြောရင်း မှတ်ဉာဏ်တွေကိုပဲ ယူဆောင်သွားရတယ်။ မေချည်မှူး🍁