tgindex
𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

Статистика

𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐭𝐨 𝐫𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩, 𝐦𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧, 𝐦𝐢𝐧𝐝𝐬𝐞𝐭, 𝐥𝐢𝐭𝐞𝐫𝐚𝐭𝐮𝐫𝐞 & 𝐦𝐨𝐫𝐞. ✧𝚂𝚝𝚊𝚛𝚝𝚎𝚍 𝙳𝚊𝚝𝚎: 𝟸𝟿.𝟷𝟶.𝟸𝟶𝟸𝟹✦ 𝐅𝐨𝐫 𝐀𝐝𝐬 & 𝐚𝐧𝐲 𝐨𝐭𝐡𝐞𝐫 𝐫𝐞𝐪𝐮𝐞𝐬𝐭𝐬 👉 @author_eric

Последний пост
15 авг.
Последнее чтение
14 авг.
Постов за неделю
3
Всего постов
283
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
28 697
−23 за 3 дн.
Сутки
−32
−0,11%
Неделя
 
Месяц
 
Просмотров на пост
3 462
40 постов
Вовлечённость
12,1%
к подписчикам
Постов в день
0,4
всего 283
Упоминаний
5
каналов
Охват размещения
оценка
1/24сутки в ленте
480
1/48двое суток
550
1/72трое суток
593

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • 11 авг.1 8428762

    အချစ်ခံနေရကြောင်း သိသာစေတဲ့တစ်ချက်က ဘာလဲဆိုရင် အများကြီးဖြည့်တွေးပေးစရာမလိုတာပဲ အချစ်မခံရတာသိသာတာကတော့ ဒီဘက်က ဘဝတစ်ခုလုံး လုံးပါးပါးမတက် ဖြည့်တွေးပေးနေရတာပဲ သူလည်းသူ့အကြောင်းနဲ့ရှိမှာပေါ့လို့ ဖြည့်တွေးပေးစရာမလိုဘူး ။ သူလည်းအလုပ်တွေများနေလို့ စိတ်တွေရှုပ်နေလို့ နေမှာပါဆိုပြီး ဖြည့်တွေးပေးစရာမလိုဘူး ။ အခုတလော အေးစက်စက်ဖြစ်နေတာဟာ တစ်ဖက်မှာ တစ်ခုခု အဆင်မပြေဖြစ်လို့ နေလို့နေမှာပါလို့ ဖြည့်တွေးပေးစရာမလိုဘူး အချစ်ခံနေရတဲ့အခါ အသိသာဆုံးက အဲ့ဒီလူနဲ့ကိုယ်နဲ့ဟာ ဝေးကွာတယ်လို့မခံစားရတာပဲ သူ့မှာပြဿနာတွေရှိနေလည်းကိုယ်သိနေတယ် ကိုယ့်မှာပြဿနာတွေရှိတဲ့အခါလည်း သူကူပြီး ဖြေရှင်းပေးတယ်။ ဘာပဲဖြစ်ဖြစ်အချစ်ခံရတာ သိသာတဲ့တစ်ချက်က အရမ်းရင်းနှီးကျွမ်းဝင်ပြီး နွေးထွေးတယ်လို့ ခံစားရတာ ပြီးတော့ ဖြည့်တွေးပေးစရာမလိုတာနဲ့ အတင်းအဓမ္မ နားလည်ပေးပါဆိုတာမျိုး အပြောမခံရတာပဲ ။ အချစ်ဟာ အမြဲမသာယာနေပါဘူး အချစ်ဟာ ရန်တွေဖြစ်ရင်း ပြဿနာတွေတက်ရင်း ဆူပူကျိမ်းမောင်းရင်း အတူတူ ရှိနေကြတာမျိုးပါ အချစ်ဟာ ခန္ဓာကိုယ်တွေအတူတူရှိနေကြတာလည်းမဟုတ်ဘူး စိတ်တွေအတူတူရှိနေကြတာမျိုး ။ တစ်ခါတလေ လူတွေကအတူတူရှိနေပေမဲ့ စိတ်တွေကဝေးကွာနေသလိုပဲ ။ အချစ်ဟာပြောင်းလဲလာတဲ့အခါလည်း ဝေးကွာလာခြင်း ၊ဖြည့်တွေးပေးလာရခြင်း ၊လိုတာထက်ပိုပြီး နားလည်ပေးလာရတာတွေ စလာတော့တာပဲ။ လူတွေဟာ ချစ်မိတဲ့အခါ ကိုယ်ချစ်ရတဲ့လူ အထင်လွဲမှာကို ကြောက်ကြတယ်။ မချစ်တော့ဘူးလို့ထင်မှာ မချစ်တော့မှာ ၊ အလှမ်းလေး ဝေးလာမှာ ၊ ဒီနေ့အတွက်အကြောင်းအရာတွေကိုမပြောပြဖြစ်တော့မှာ၊ပြဿနာတွေကို မပြောပြလိုက်ရမှာတွေကို ကြောက်ကြတယ်စသဖြင့်ပေါ့။ အချစ်ဟာလည်း အတိမ်းအစောင်းတွေ ရှိတာမို့ တစ်ခါတလေ နားလည်ပေးရတာ ဖြည့်တွေးပေးရတာတွေရှိပေမဲ့ ဖြည့်တွေးရတာ​တွေများလာရင်သေချာတယ် အချစ်ဟာ ထွက်ခွါဖို့တံခါးခေါက်နေပြီ အချစ်ဟာအိမ် စာအုပ်မှ #Eric #credit_from_book #Relationship_advice

  • 9 авг.2 6681357

    August လရဲ့ အကောင်းဆုံးဟာသကတော့ ဆာဝါဒီစကပ် ပါ😂 #Eric

  • 8 авг.3 2241056

    စာမတတ်ပေမတတ်ဘဲ သွားတာကထိုင်းတဲ့ Brain ပါ တစ်ခါတည်း ထိုင်းမိုင်းပြီး သော်ကေသွားရင် ကောင်းမယ် #Eric

  • 4 авг.4 16910339

    မျှော်လင့်ချက်မသေသရွေ့ ဘဝမှာ တစ်ခါတလေ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်သလို ခံစားရတတ်တယ်။ လမ်းတွေ ပိတ်သွားသလို၊ အခွင့်အရေးတွေ ကုန်သွားသလို ကိုယ့်ဘဝမှာ ရှေ့ဆက်စရာမရှိတော့ဘူးလို့တောင် ထင်မိတတ်တယ်။ ဒါပေမယ့် မျှော်လင့်ချက် မသေသေးသရွေ့ ဘဝက မပြီးသေးပါဘူး။ ဒီနေ့ မအောင်မြင်တာဟာ ဘယ်တော့မှ မအောင်မြင်နိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒီနေ့ လမ်းပျောက်နေတာဟာ မနက်ဖြန် လမ်းမတွေ့နိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ အရေးကြီးတာက အရာအားလုံး ဆုံးရှုံးသွားချိန်မှာတောင် ကိုယ့်အတွင်းက မျှော်လင့်ချက်ကို မဆုံးရှုံးဖို့ပါ။ မိုးရွာပြီးရင် နေထွက်သလို ညအမှောင်ပြီးရင် မနက်အလင်းရောက်လာသလို ဘဝမှာလည်း ခက်ခဲတဲ့အချိန်တိုင်း အမြဲတမ်းမတည်ရှိပါဘူး။ ဒီနေ့ မင်းပင်ပန်းနေရင် ခဏနားပါ။ ဒါပေမယ့် လက်မလျှော့ပါနဲ့။ တစ်လှမ်းချင်းပဲဖြစ်ဖြစ် ဆက်လျှောက်ပါ။ နှေးနေလို့ အရေးမကြီးပါဘူး။ ရပ်မသွားဖို့ပဲ အရေးကြီးပါတယ်။ မျှော်လင့်ချက် မသေသရွေ့ အခွင့်အရေးက ရှိနေသေးတယ်။ အိပ်မက်က ရှိနေသေးတယ်။ ဘဝကလည်း ရှေ့ဆက်နိုင်သေးတယ်။ “မဖြစ်သေးတာ” နဲ့ “မဖြစ်နိုင်တာ” မတူပါဘူး။ ဒီနေ့ မဖြစ်သေးတာကို မနက်ဖြန် ဖြစ်လာအောင် ဆက်ကြိုးစားပါ။ မင်းရဲ့မျှော်လင့်ချက်ကို မသတ်လိုက်ပါနဲ့။ #Eric #Moti #credit_from_book #just_for_forward_only

  • 4 авг.3 47332

    ပြောပြ ကြပါအုံး TikTok က Luxury Mirza နဲ့ Superman ပွဲသွားကြည့်တဲ့သူတေရှိရင် Update လေးပြောကြပါအုံး

  • 3 авг.3 738196

    Telegram Services Premium Gift , Members , Ton Views, Post Views, Comments, Shares, Votes, Reactions, Stars, Premium Members Telegram Myanmar acc Telegram USA acc Telegram Japan acc Telegram Thai acc Facebook Services Followers, Post Reactions, Shares, Views, Page Likes, Comments, Story Reactions TikTok Services Followers, Likes, Views, FYP Promote, Comments, Repost, Comment Likes Instagram Services Followers, Likes, Other Alight Motion Premium, Capcut Premium Cnava Premium YouTube Services Subscribers, Likes, Views, Comment Likes လိုချင်တာ စျေးလာမေးပြီး ဝယ်လို့ရတယ်နော် ဝယ်ချင် dm @author_eric #Eric

  • 1 авг.3 50512927

    Life is not a race ဘဝက ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝကို ဘယ်သူနဲ့မှပြိုင်စရာမလိုဘူး ၊ သူကတော့ ဒီအသက်အရွယ်မှာ ဒီနေရာရောက်နေပြီ ငါကတော့မရောက်သေးဘူးဆိုတဲ့ စိတ်မျိုးလည်း ဝင်စရာမလိုဘူး ဘဝမှာ ရှင်သန်ရကျိုးနပ်ဖို့ အဓိကက ကိုယ်နေချင်တဲ့ဘဝပုံစံကို အရင်သိအောင်ကြိုးစားပါ အဲ့ဒါပြီးရင် ကိုယ်လိုချင်တဲ့ဘဝကို တဖြေးဖြေးချင်း ထုဆစ်သွားပါ ကျရှုံးမှုတွေရှိလည်း ၊အဆင်မပြေတာတွေရှိလည်း တဖြေးဖြေးချင်း လျှောက်လှမ်းသွားရင်း အဆင်ပြေတဲ့တစ်နေ့ကို ရောက်လာမှာပါ ဘဝကပြိုင်ပွဲတစ်ခုမဟုတ်တဲ့အတွက် တခြားလူတွေဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာထက် သင်ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ဘယ်လိုဘဝမျိုးမှာနေထိုင်မလဲ အဲ့အတွက်ဘာလုပ်မလဲဆိုတာကသာ အရေးကြီးတာပါ။ -အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး-စာအုပ်မှ #Eric #Knowledge_sharing

  • 1 авг.3 52393

    ခင်ဗျားတို့ ML ကြိုက်တာမကြိုက်တာခဏဘေးဖယ်ထား ဒီည YG တော့ မင်မင်နဲ့ အတူတူ အားပေးကြရ အောင်ကွာ #Eric

  • 31 июл.3 848658

    Online Marketing လောကရဲ့ အငြင်းခံရသော စကားလုံးများ -ပြန်စဉ်းစားလိုက်ဦးမယ်။ -ပြန်ဆက်သွယ်လိုက်မယ်။ -အကြောင်းပြန်ပေးပါမယ်နော်။ - Seen ပဲပြ ။ -လိုအပ်လာရင် ဆက်သွယ်ပါ့မယ် ။ -စာဖတ်ပြီး No Reply တော့တာ။ -လက်ထဲငွေမရှိသေးလို့ငွေထည့်ပြီးရင်ပြန်လာမယ်နော် #idea_crd #Eric #just_for_fun

  • 30 июл.3 8668010

    အာကာသထဲမှာ ဘာကြောင့် အသံမကြားရတာလဲ? 🌌 ရုပ်ရှင်တွေမှာ အာကာသယာဉ်ပေါက်ကွဲတဲ့အသံကို ကြားရပေမယ့် တကယ့်အာကာသမှာတော့ အသံမကြားရပါဘူး။ အကြောင်းရင်းကတော့ အသံဟာ လေ၊ ရေ၊ သံထည်လို မီဒီယမ် (Medium) တစ်ခုကို အားကိုးပြီးသာ လှိုင်းအဖြစ် ဖြတ်သန်းနိုင်လို့ပါ။ ဒါပေမယ့် အာကာသအများစုဟာ Vacuum (လေဟာနယ်) ဖြစ်ပြီး လေမရှိသလောက်နည်းပါတယ်။ ဒါကြောင့် အသံလှိုင်းတွေ မဖြတ်သန်းနိုင်ဘဲ လူတွေကလည်း အသံကို မကြားနိုင်ပါဘူး။ ဒါဆို အာကာသယာဉ်မှူးတွေ ဘယ်လိုစကားပြောကြလဲ သူတို့ဟာ အာကာသဝတ်စုံနဲ့ ယာဉ်အတွင်းမှာ ပါတဲ့ ရေဒီယိုလှိုင်း (Radio Waves) ကို အသုံးပြုပြီး ဆက်သွယ်ကြပါတယ်။ ရေဒီယိုလှိုင်းတွေက Vacuum ထဲမှာတောင် ဖြတ်သန်းနိုင်တာကြောင့် အဆင်ပြေစွာ ဆက်သွယ်နိုင်တာပါ။ #Eric #Knowledge_sharing #Space

  • 29 июл.3 678493

    အခုလိုဝါဆိုလပြည့်လေးမှာ ကိုယ့်ချစ်သူတွေကိုလက်ဆောင်လည်းပေးချင်တယ် အနေလည်းဝေးနေသူအတွက် Telegram ကနေ profile gift လှလှ လေးတွေပေးလို့ရပါတယ်ဗျာ အဲ့လိုပေးနိုင်ဖို့ဆို starလိုပါတယ်နော် Star လိုချင်တယ်ဆိုမင်မင်ဆီလာဝယ်လို့ရတယ်နော် Star 50 မှ 5500မို့ လိုချင်သလောက် အကန့်အသတ်မရှိလာဝယ်လို့ရပါတယိ ဝယ်ချင် dm @author_eric

  • 29 июл.3 5641268

    ယ နေ့ ကျ ရောက် သော ဝါဆိုလပြည့်နေ့၏ အေးချမ်းသော မေတ္တာရောင်ခြည်များက စာဖတ်သူလေးနဲ့ ကမ္ဘာပေါ်က မိသားစု အားလုံးထံ ၃၁ဘုံလုံးကသတ္တဝါတွေထံ ထာဝရလင်းလက်စေပြီး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာ၊ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။ မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ လို့ Knowledge Heaven founder မင်မင်Eric မှ အားလုံးကိုဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ #Eric

  • 28 июл.3 4938111

    တစ်စိမ်းသူဆီက ချစ်ခြင်းမေတ္တာ ငတ်နေခဲ့တဲ့ကောင်ပါ ခင်ဗျား လေးအနားရောက်လာမှ ပျော်ရပြီး ခင်ဗျားရောက်လာမှ ကလေးဆန်တက်လာတယ် အဲ့ကလေးဆန်တာတွေကလည်း တစ်ခါတစ်လေကျရင် အပြစ်တွေဖြစ်ခဲ့မိရင် ခင်ဗျား လေးမုန်းသွားမာစိုးရိမ်မိ တယ် အချစ်ရယ် ။ #Eric #own_quote #no_copy

  • 25 июл.4 62014134

    တစ်ခါတလေ... ဘဝက ကိုယ်ထင်သလို မဖြစ်နိုင်တဲ့ နေ့တွေလည်း ရှိပါတယ်။ ဒါပေမယ့်... ဒီနေ့ရဲ့ အခက်အခဲက သင့်ဘဝရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်ပါ။ တစ်နေ့... ဒီနေ့ကို ပြန်လှည့်ကြည့်တဲ့အခါ "ငါ မလက်လျှော့ခဲ့လို့ပါ" လို့ အပြုံးနဲ့ ပြောနိုင်ပါလိမ့်မယ် #Quotes #Eric

  • 22 июл.5 09115752

    ကျရှုံးနေချိန်မှာ အတူရှိနေနိုင်တာဟာ ချစ်ခြင်းမေတ္တာဖြစ်ပြီး ၊ နာမကျန်းချိန်မှာ အနားရှိနေပေးတာက မေတ္တာ ဖြစ်သလို ၊ တတိယလူအတွက် ပူစရာမလိုတာဟာ သစ္စာဖြစ်ပါတယ် ။ #Eric #Quotes #from_tt #credit

  • 22 июл.5 192199

    Telegram Services Premium Gift , Members , Ton Views, Post Views, Comments, Shares, Votes, Reactions, Stars, Premium Members Telegram Myanmar acc Telegram USA acc Telegram Japan acc Telegram Thai acc Facebook Services Followers, Post Reactions, Shares, Views, Page Likes, Comments, Story Reactions TikTok Services Followers, Likes, Views, FYP Promote, Comments, Repost, Comment Likes Instagram Services Followers, Likes, Other Alight Motion Premium, Capcut Premium Cnava Premium YouTube Services Subscribers, Likes, Views, Comment Likes လိုချင်တာ စျေးလာမေးပြီး ဝယ်လို့ရတယ်နော် ဝယ်ချင် dm @author_eric #Eric

  • 20 июл.4 6031079

    "တစ်လကို သိန်း ၆၀၊ သိန်း ၇၀ ဝင်ငွေရတယ်" ဆိုတဲ့ ကြော်ငြာတွေကို မြင်ဖူးကြမှာပါ။ ကျွန်တော့်အမြင်အရတော့ ဒီလိုဝင်ငွေတွေ ရနေတာဟာ အလုပ်ကိုလုပ်လို့ရတဲ့ ဝင်ငွေတစ်ခုတည်းမဟုတ်ဘဲ သင်တန်းကြေးကနေလည်း အများကြီးရနေတာ ဖြစ်နိုင်ပါတယ်။ ဥပမာ သင်တန်းကြေးကို ၁ သိန်းခွဲကနေ ၃ သိန်းအထိ ကောက်တယ်ဆိုပါစို့။ ယုံကြည်ပြီး တက်တဲ့သူ ၁၀၀ လောက်ရှိရင် သင်တန်းကြေးကနေတင် သိန်းရာချီဝင်ငွေ ရနိုင်ပါတယ်။ ဒါကြောင့် "တစ်လကို သိန်း ၃၀၊ ၄၀၊ ၆၀ ရတယ်" လို့ ပြောနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက သူတို့ရတဲ့ ဝင်ငွေမျိုးကို သင်တန်းတက်တဲ့သူတိုင်း ပြန်ရမယ်လို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် သင်တန်းတစ်ခု တက်မယ့်အခါ ကြော်ငြာစကားတစ်ခုတည်းကို မယုံဘဲ သင်ကြားမယ့်အကြောင်းအရာ၊ သင်တန်းဖွင့်တဲ့သူရဲ့ အတွေ့အကြုံ၊ သင်တန်းသားဟောင်းတွေရဲ့ အတွေ့အကြုံနဲ့ ပြန်လည်သုံးသပ်ချက်တွေကို အရင်စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ကျွန်တော့်အမြင်အရတော့ တကယ်ယုံကြည်မှုရှိတဲ့ သင်တန်းဆိုရင် သင်ယူသူ အကျိုးရလာအောင် သေချာသင်ပေးပြီးမှ ဝန်ဆောင်ခကို တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်၊ အောင်မြင်ပြီးနောက်ဖြစ်ဖြစ် ကောက်ခံတဲ့ ပုံစံတွေ ပိုများလာရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒါကြောင့် သင်တန်းကြေး ၁ သိန်းအထက် ပေးရမယ့် သင်တန်းတွေဆိုရင် အထူးသတိထားပြီး သေချာလေ့လာစဉ်းစားကာမှ တက်ကြပါ။ မိမိရဲ့ ခက်ခက်ခဲခဲ ရှာထားတဲ့ ငွေကို ကြော်ငြာစကားတွေအပေါ်ပဲ မူတည်ပြီး အလွယ်တကူ မပေးလိုက်ပါနဲ့။ ဒီစာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်သာ ဖြစ်ပါတယ်။ စေတနာနဲ့ အရည်အသွေးရှိရှိ သင်ကြားပေးနေတဲ့ သင်တန်းဖွင့်သူတွေကို မရည်ရွယ်ပါဘူး။ ဝင်ငွေရှယ်ရကြောင်းကိုသာ အလွန်အကျွံ ကြော်ငြာပြီး လူတွေကို ယုံကြည်အောင် လုပ်တဲ့သူတွေကိုသာ ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Eric(20/7/2026) #Eric #own_idea #own_letter #no_copy #just_for_forward_only

  • 19 июл.4 46110751

    လူမသိသူမသိ အာဇာနည်နေ့ အကြောင်း ၉ ချက် ပထမဆုံး အာဇာနည်နေ့ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အာဇာနည်နေ့က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ၂ နှစ်ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ မှာ အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ကြေးရုပ်အစား သစ်သားကို ရွှေမင်သုတ်ပီး ဖွင့်ရပြီး ကြေးရုပ်လုပ်ဖို့ ကောက်ခံထားတဲ့ ရန်ပုံငွေကိုတော့ ရဲဘော် သုံးကျိပ် ဂျပန်လွှတ်ဖို့ သုံးရတယ်လို့ ဆိုပါတယ်။ မီးတုတ်ကိုင် ကျောင်းသားသံမဏိတပ်တွေ တက္ကသိုလ်ဝင်းထဲ ချီတက်လှည့်လည်ခဲ့တဲ့ အာဇာနည်နေ့ဟာ အင်မတန်လူစည်တယ်လို့ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။ မန္တလေး အာဇာနည်ကုန်း ၁၃ဝဝ ပြည့်အရေးတော်ပုံ အတွင်း မန္တလေးမှာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား ၁၇ ယောက်ကို မန္တလေး-စစ်ကိုင်းကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းမှာ အာဇာနည်ဗိမာန်နဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီမှာ ရန်ကုန်မှာ အတွင်းဝန်ရုံးကို ဝိုင်းရာမှာ နံပါတ်တုတ်ရိုက်ခံရပြီးကျဆုံးတဲ့ ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည်တွေကို နေမျိုးမဟာသီဟသူရဘွဲ့နဲ့ ဗိုလ်ဘွဲ့ အပ်နှင်းပါတယ်။ အာဇာနည်တွေ ကျဆုံးတဲ့ မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ ခေါ်တွင်ပါတယ်။ ရန်ကုန် အာဇာနည်ကုန်း အစ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်လက်ထက်မှာ ဗမာ့လွတ်လပ်ရေးလမ်းကို 'အရိုးနဲ့ခင်း၊ သွေးစက်နဲ့ရှင်းသွားကြတဲ့ လူမျိုးမရွေး ဘာသာမရွေး ခေတ်သစ်အာဇာနည်တွေ အတွက်' ရွှေတိဂုံမြောက်ဘက် ကုန်းမြင့်မှာ အာဇာနည်ဗိမာန် ဆောက်ဖို့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပါတယ်။ ဒါကတော့ ဂျပန်ပြည်မှာ စစ်သည်တွေအတွက် နတ်ကွန်းဆောက် ကိုးကွယ်တဲ့ဓလေ့နဲ့ နီးစပ်ပါတယ်။ ဒီအာဇာနည်ကုန်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မြှုပ်နှံခဲ့ရတာပါ။ ဗမာရာဇဝင်ကို သွေးနဲ့ထူထောင်ခဲ့ကြတဲ့ ရှေးဗမာအာဇာနည် သူရဲကောင်းတွေကို ချီးကျူးပူဇော်တဲ့အနေနဲ့ ဝါဒဖြန့်ချိရေးဌာနက ခရိုင်တိုင်းမှာ သူရဲကောင်းမှတ်တိုင်စိုက်ဖို့လည်း လုပ်ခဲ့တယ်လို့ ဝါဒဖြန့်ချိရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန်ရဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်မှာ ရေးသား ဖော်ပြခဲ့တယ်။ အာဇာနည်ကုန်းမှာ မြှုပ်နှံ မခံရသူတွေ အာဇာနည် ခေါင်းဆောင်တွေ အဖြစ် သတ်မှတ်ခံရပေမယ့် သီးသန့် သင်္ဂြိုဟ်ခံရသူတွေက ရန်ကုန် တာမွေ မွတ်ဆလင် သင်္ချိုင်းမှာ ထားရှိတဲ့ ဝန်ကြီး ဦးရာဇတ်နဲ့ သူ့သက်တော်စောင့် ကိုထွေး တို့ ဖြစ်ပါတယ်။ နောက် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ ရုပ်ကလာပ်ကိုလည်း သူ့ဇာတိ ရှမ်းပြည် မိုင်းပွန်မှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာတွေကို ရန်ကုန်နဲ့ မိုင်းပွန်မှာ ခွဲထားပါတယ်။ အာဇာနည်ကုန်းမှာ နောက်ထပ် မြှုပ်နှံခံရသူတွေ လွတ်လပ်ရေးရစမှာ ကားဗုံးနဲ့ လုပ်ကြံခံရတဲ့ တပ်မင်းကြီး ဦးတင်ထွတ်နဲ့ သာယာဝတီမှာ လေယာဉ်ပျံ ကျည်ဆန်မှန်ကျဆုံးတဲ့ အထူးမင်းကြီး ဗိုလ်စိန်မှန် တို့ကိုလည်း အာဇာနည်ကုန်းမှာပဲ ဂူသွင်းခဲ့ပါတယ်။ ၁၉၈၃ မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှုအပြီးမှ ဒီဂူတွေကို ဖယ်ရှားခဲ့ပါတယ်။ အာဇာနည် ဇနီးတွေကို လွှတ်တော်အမတ်ခန့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ဝန်ကြီးတွေရဲ့ ဇနီးတွေကို သူတို့ခင်ပွန်းတွေ နေရာမှာ လွှတ်တော်အမတ်တွေ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီးဒုတ်ဦးဘချို နေရာကိုတော့ ဇနီး ဝံသာနု ခေါင်းဆောင် ဒေါ်လှမေက မယူဘဲ သူ့သမီးလတ် ဒေါ်ခင်ပု ခေါ် ငွေဝတ်ရည်ကို ခန့်ပါတယ်။ သမီးဖြစ်သူကလည်း မကြာခင် ကွယ်လွန်ပါတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုတော့ နောက်ပိုင်းမှာ ဦးနုရဲ့ ပထစ ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်နဲ့ အိန္ဒိယသံအမတ်နေရာတွေ ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အိမ် ပစ်ခံရ လုပ်ကြံမှု ဖြစ်ပြီး တလ မရှိခင် သြဂုတ်လ ၁၁ ရက်မှာ တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်းအိမ်အနား လူဆိုး ၂ ယောက်လာပြီး သေနတ်နဲ့ပစ်ခတ်ပေမယ့် ကင်းနဲ့တိုးလို့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ လုပ်ကြံမှု ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အိမ်နားမှာလည်း အဲဒီအချိန်က ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူ့မိသားစုက ပြောကြားပါတယ်။ ထောင်တွင်းက တက်ရတဲ့ အာဇာနည်နေ့ ၁၉၆၂ အာဇာနည်နေ့မှာ မိုင်းပွန်စော်ဘွား စဝ်ဆေးဟုမ် အထိန်းသိမ်းခံရဆဲ ဖြစ်လို့ သူ့ဖခင်အတွက် အာဇာနည်နေ့အခမ်းအနားကို ထောင်တွင်းက ထွက်ပြီး တက်ခဲ့ရပါတယ်။ အာဇာနည် အားလုံး တချိန်တည်း ကျတာမဟုတ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်းနဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ပစ်ခတ်မှု ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက် ၁ဝနာရီ ၃၇ မိနစ်က ကွယ်လွန်ခဲ့ပေမယ့် သက်တော်စောင့် ကိုထွေးက ဝန်ကြီးတွေ လုပ်ကြံမှု ဖြစ်ပြီးနောက် ပြန်အထွက်မှာ ပစ်ခံရလို့ ၁ဝ နာရီ ၄၅ မိနစ်မှာ သေဆုံးပါတယ်။ ဒီးဒုတ်ဦးဘချိုက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက ဇူလိုင်လ ၂ဝ ရက်နေ့မှ ကွယ်လွန်တာ ဖြစ်ပါတယ်။ #Knowledge_sharing #Eric #from_books

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕ — tgindex