နေမဝင်အင်ပါယာရဲ့ကဗျာနေ့စွဲများ
Статистикаမည်သည့်စာသားကိုမဆို owner ၏ခွင့်ပြုချက်မရပဲ ကူးယူဖော်ပြခွင့်မပြု။ Owner _ @Aungminkhant0000 @KokhantH_H https://t.me/Kokhant_poetry
- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 13
- 1/48двое суток
- 14
- 1/72трое суток
- 16
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကျွန်တော်တို့လိုချင်တက်မက်မိ့တဲ့အမျိုးသမီးဆီက အမျိုးသားတိုင်းဘေးထွက်ဆိုးကျိုးဖြစ်ဖူးမှာပါ မဖြစ်မနေဘေးထွက်ရတဲ့ဆိုးကျိုးပေါ့။ "ကျွန်တော်လဲဘေးထွက်ဆိုးကျိုးပါပဲ" - လွန်းရစ်
သွေးသင်္ကြန် ရိုးရာ...တဲ့လား ရိုးရာဆိုတာ ဆင်ခြေပါ။ စစ်ဖိနပ်အောက်မှာ လမ်းပျောက်တဲ့သူ။ စစ်ကျွန်ဘဝမှာ အိပ်မောကျတဲ့သူ။ စစ်ခွေးရဲ့သွေးစွန်းလက်ကို လျက်ချင်တဲ့သူ။ ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုတဲ့သူ။ ရိုးရာဆိုတာ ဒါလား မြန်မာ့ရိုးရာအချောင်သမားတွေ ပါးရိုက်ချင်တယ်။ စာသင်ကျောင်းတွေ ဆေးရုံတွေ ဗုံးကြဲနေတာ ရိုးရာလား။ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းနဲ့ဗလီတွေ ဗုံးကြဲနေတာ ရိုးရာလား။ စစ်ဘေးရှောင်စခန်းတွေ စစ်သုံ့ပန်းစခန်းတွေ ဗုံးကြဲနေတာ ရိုးရာလား။ အာဏာလု၊ လူသတ် တိုင်းပြည်ဖျက်နေတာရိုးရာလား။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်သွင်း အကျဉ်းချထားတာ ရိုးရာလား။ သင်္ကြန်ဆိုတာရိုးရာလို့ လာလာမပွားနဲ့ နားခါးတယ်။ အေး- မှတ်ထား မင်းတို့လောင်းနေတဲ့ သင်္ကြန်ရေဆိုတာ နွေဦးရဲ့သွေးနဲ့မျက်ရည်ပဲ ။ - အောင်ဝေး (၄၊ ၁၄၊ ၂၀၂၆) နီတိ။ ။ရိုးရာမပျက်ချင်ရင်လည်း ကိုယ်ချင်းစာတရားလေးနဲ့ တိတ်တိတ်ခိုးပျော်ပါ - အောင်ဝေး
ဘယ်ခေတ်မှာမဆို အချစ်ကြောင့် သေမလိုဖြစ်ခဲ့တဲ့ လူငယ်တွေ ရှိတယ် ကံဆိုးတဲ့ လူငယ်အများစုကတော့ တကယ်မသေခဲ့ကြဘူး ။ #အောင်ခင်မြင့်
နေမဝင်အင်ပါယာရဲ့ကဗျာနေ့စွဲများ pinned «KAGE - ကေ့ခ်ျ Acc Hackခံလိုက်သဖြင့် Accနှင့် ပတ်သက်သည့် မည်သည့်ပြဿနာ တစ်စုံတစ်ရာကိုယ်မျှ ကျွန်ုပ် ကေ့ခ်ျ မှ ဖြေရှင်းပေးမည်မဟုတ်ပါ။ ကဗျာ နှင့် ဝတ္ထု များကိုယ်လည်း နေမဝင်အင်ပါယာ၏ကဗျာနေ့စွဲများ channel မှာ ဆက်လျက်တင်သွားမည်မဟုတ်ကြောင်းနှင့် KAGE အရင်ကသုံးတဲ့…»
KAGE - ကေ့ခ်ျ Acc Hackခံလိုက်သဖြင့် Accနှင့် ပတ်သက်သည့် မည်သည့်ပြဿနာ တစ်စုံတစ်ရာကိုယ်မျှ ကျွန်ုပ် ကေ့ခ်ျ မှ ဖြေရှင်းပေးမည်မဟုတ်ပါ။ ကဗျာ နှင့် ဝတ္ထု များကိုယ်လည်း နေမဝင်အင်ပါယာ၏ကဗျာနေ့စွဲများ channel မှာ ဆက်လျက်တင်သွားမည်မဟုတ်ကြောင်းနှင့် KAGE အရင်ကသုံးတဲ့ acc များ နှင့်လုံးဝလုံးဝ ယခုချိန်မှစ၍မသက်ဆိုင်တော့ပါ။ 437944711(2275) MLBB game acc သည်လည်း ကျွန်ုပ် ကေ့ခ်ျ နှင့် လုံးဝမသက်ဆိုင်တော့ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက တာဝန်ယူမည်မဟုတ်ကြောင်းအသိပေးအပ်ပါသည်။ _ KAGE - ကေ့ခ်ျ
အဘက်ဘက်က မပြည့်စုံတဲ့သူမို့လားမသိ ဘယ်အရာမဆို ခက်ခက်ခဲခဲနဲ့ပဲ လုပ်ယူခဲ့ရတယ်။ _ဦးခက်ဂုဏ်{ပုဂံ}📖
ပြည့်စုံသူအဖို့ ပိုတာတွေရှိမှာပါ အဲ့ထဲက မေတ္တာလေးတစ်ခုနှစ်ခုသုံးလေးခုလောက် ကျနော့်ကိုမျှပါ။ _ ကေ့ခ်ျ ( ရွှေဘုံနန်းကခင်ခင်ပျို)
နင်တစ်နေ့ဝဋ်လည်မယ်ဆိုတဲ့ နေ့ရက်တွေထဲ ငါခုန်ဆင်းမိခဲ့တယ် ငါ့ဝဋ်ဟာကြီးမားတယ် ခေါင်းစဉ်လည်းရှိတယ် နာမှန်းလည်းသိတယ် ဒါပင်မဲ့ ငါချစ်ခဲ့တယ်။ _ ကေ့ခ်ျ
လာပါ တရေးတမော ငါတို့ကမ္ဘာကြီးအကြောင်းပြောကြမယ် တေးငှက်တွေတေးမသီတော့နိုင်တဲ့ကမ္ဘာကြီးအကြောင်းပေါ့ ကလေးငယ်တွေရဲ့ငိုသံဟာ ဆည်းလည်းသံမျှပဲ့တင်မထပ် အသက်ကို စစ်အပေါ်အပ်ထားရတဲ့အကြောင်း ငါတို့ရင်နာနာနဲ့ပြောကြမယ် ငါတစ်ဘဝလုံးနောက်ဆုံးမှာ ပန်းတစ်ပွင့် ဒါမှမဟုတ် ပန်းအမြောက်အများ ငါတို့ရမယ့်အကြောင်းတွေပြောကြမယ် ငါတို့ရဲ့ သယံဇာတပေါကြွယ်ဝတဲ့ အဆင်းရဲဆုံးနိုင်ငံလေးအကြောင်းပြောကြမယ် ရယ်ကြမယ် ရသစာပေတွေမထွန်းတဲ့အရပ်အကြောင်းပြောရင်း ငါတို့ဝမ်းနည်းကြမယ် ကဗျာတွေဟာအရင်လိုကဗျာမဆန်တော့ကြောင်း ငါတို့မင်းတို့ တရေးတမောပြောကြမယ် ငါတို့မေ့မေ့ပျောက်ပျောက်ထားလိုက်တဲ့ အတိတ်ခမ်းနားတဲ့ဇာတ်ဝင်ခန်းအကြောင်းပါမယ် ငါတို့မင်းတို့ရဲ့အခန်းပျက်သုဿာန်အကြောင်းပါမယ် ငါတို့ပြောကြမယ် လာပါ အေးအေးဆေးဆေး ငါတို့ပြောကြမယ်။ _ကေ့ခ်ျ
ကဗျာအရှည်နှင့် ဝတ္တုတို ၊ ဝတ္ထုရှည်များ ကို https://t.me/Kokhant_poetry ဒီချန်နယ်မှာသွားရောက်ဖတ်ရှု့နိုင်ပါပြီ။
အမေ့သား လူမိုက် _ ပုံရိပ် 📝
အပင်ကလက်မခံတော့လို့ ကြွေကြရတဲ့သစ်တစ်ရွက် ပွင့်တစ်ဖက် ရွက်တစ်လက် စုံဆန်ရမှာ သဘာဝပါပဲ မြေခလို့နင်းပြားလည်း အတင်းခါးပြီးငိုပြစရာမလို ကိုယ့်ဒူးကိုယ်ခါး ကိုယ့်အင်ကိုယ်အားနဲ့ ကိုယ်မာန်ကိုယ်သွင်း ကိုယ်တွင်းကိုယ်တူး အထက်ပဲရောက်ရောက် အသက်ပဲပျောက်ပျောက် ငါ့လှေငါထိုး ပဲခူးရောက်ရောက် ငါဟာယောက်ျား မလျှော့အားနဲ့ သွေးကိုချွေးအဖြစ်သာမြင်စေရမယ်။ _ ကေ့ခ်ျ
သူ့အတိတ်ထဲ ကိုယ့်မရှိတော့ပင်မယ့် ကိုယ့်အတိတ်မှာတော့ သူဟာငွေလမင်း သူဟာနေကြာပင် သူဟာနှင်းဆီတစ်ပွင့် တစ်ခမ်းတစ်နားမဟုတ်ရင်တောင် တစ်ထီးတစ်နန်းနဲ့ထားခဲ့ဖူးပါတယ် ဒါကလည်း ပြီးပါပြီဆိုတဲ့ စာတန်းနဲ့အတူ ပြီးသွားခဲ့ပါပြီ ပြီးခဲ့ပါပြီ ဘယ်လိုမှပြန်မဆုံနိုင်အောင်ထိ သူကပြေးပြီး ကိုယ်ကငေးရသလိုမျိုး ကိုယ်တို့ဝေးခဲ့ပါပြီ သူ့အသက်ရှုသံကိုယ်မကြားနိုင်သလို ကိုယ့်ဆေးလိပ်ငွေ့သူမရှိုက်ရတော့ပါဘူး သူ့ကိုယ်သင်းနံ့ကိုယ်မရတော့သလို ကိုယ့်ပန်းတစ်ခက်သူမပန်ရတော့ပါဘူး သူဆုံးရှုံးရမှာတန်ပင်မယ့် ကိုယ့်မှာက သူတစ်လိုသူတတစ်မင်း သူ့စကားတစ်ခွန်းသာအတည်ဖြစ်ခဲ့တယ် သူကသေဆို နှလုံးကရပ်သွားနိုင်သလို အသက်ရှုလည်းကြပ်နိုင်ပင်မယ့် ခက်တယ်ဆိုတဲ့စကားရဲ့နောက်မှာ မဖြေ ရှင်းနိုင်တော့တဲ့ ပုစ္ဆာတစ်ပုဒ် သူရွေးထုတ်ပြီး မေးဖူးတယ် လမ်းခွဲပေးမလားတဲ့။ _ ကေ့ခ်ျ
ငရဲထိလိုက်ပေးစရာမလိုပါဘူး ဝင်သက်ထွက်သက်တိုင်းမှာ မင်းရှိနေပေးရင်ရပြီ။ _ ကေ့ချ်
မိုးစက်မိုးပေါက်တွေ တတောက်တောက် ငါ့မျက်ရည်တွေ တဖောက်ဖောက် ကံသုံးဆင့် တောင်သုံးဆင့် ကန်တော်သာ မြန္ဒာ ငါ့ကမ္ဘာမှာ စစ်မြေပြင်အပြည့် ပန်းပွင့်တွေဆို ဝေဖို့မအား ရှင်ဖို့များတောင် မသေချာ စစ်မြေပြင်ထဲ ဗန်ဂိုး ဖြစ်ချင်သူက ပန်းလှကိုရှာရင်း ချစ်ဒုက္ခမှ ဝေ့လည်လည် ပီကာဆို မဖြစ်ချင်ဘူးအဖေ သားလက်နက်ကိုင်ချင်တယ်ဆိုတဲ့ ကလေး ရှေ့တန်းမှ မတ်တတ်မေ့လို့ သေဘေးကိုပြေးတွေ့ပြီး ငြူးဆူဆူကြောင်တောင်တောင် လက်နက်ရှိလို့သာ မိုက်သွေးကြွတာ တကယ့်သေဘေးမြင်တော့ ခြေမကြွ ငါ့ကမ္ဘာမှာ ဒီလို သွေးကြောင်တတ်သူတွေ ဒီလို ရက်စက်ကြသူတွေ ပန်းတွေမပွင့်တာ အပြစ်လား အမေ။ _ ကေ့ခ်ျ
ငါက ဆေးလိပ်ကိုယ် ဖိသောက်ပြီး အဆုတ်ကို အပေါက်ဖောက်နေသလိုမျိုး အဲ့လိုမျိုး ငါက သတိရစိတ်ကိုယ် မော့သောက်ပြီး အတိတ်ကိုဆွဲဆန့်ထားတဲ့လူတစ်ယောက်ပေါ့။ _ ကေ့ခ်ျ
ကိုယ်အပိုင်မရနိုင်တဲ့ ကြယ်ငါးလေးကို ဖြူတယ်မည်းတယ် မဝေခွဲလိုတော့ပါ။ _ ကေ့ခ်ျ
အရှေ့ကောင်းကင်မှာ ဘယ်လမင်း ကဝင်းသလည်းလို့ သူတို့ မောင့်ကို မေးတယ် မေ မောင်ကလေ မေ့ကို လက်ညှိုးထိုးလို့ ပြခဲ့တယ် မောင်ဘဝရဲ့ငွေလမင်းဟာ မေပေါ့ လမင်းတစ်စင်းကိုယ် မောင့်ပုခုံးက ထမ်းထားနိုင်ကြောင်းပြောတော့ သူတို့ လှောင်ရယ်ကြတယ် မေ ပန်းလေးတစ်ခက်ကို မောင်ခူးခဲ့တယ် အနံ့လည်းမဆူး ဆူးလည်းမပါ ဘယ်လိုပန်းမျိုးလည်းဆိုတာ မေသိလား မောင် က လေ စံပယ်ရုံကိုထားပြီး စံပယ်တစ်ပွင့်သာ ခူးခဲ့သူပါ အဲ့စံပယ်က မေလို့ ပြောရင် မေကယုံရဲ့လား ဖြစ်နိုင်ရင် မောင်ကလေ မေ မော့မော့ကြည့်နေတဲ့ ကြယ်တွေကို ဖန်အိမ်လေးထည့်သိမ်းကျုံးထည့်ပြီး မေ့ကို လက်ဆောင်အဖြစ်ပေးချင်တာ မေ ပြောပြောနေတဲ့ အရုပ်လေးဖြစ်ချင်တယ်ပြောရင် မေက မောင့်ကိုဖြစ်ခွင့်ပေးမှာလား နေကြာတွေသစ္စာရှိသလို မောင်လည်းမေ့အပေါ်သစ္စာရှိပါရဲ့ မျက်နှာမူရာ မေ စီလာရာပေါ့ကွယ် အေးလွင်က ပြောတယ် ဘယ်ကိုယ်သွားရမှန်းမသိရင် ဘယ်လမ်းကိုရွေးရွေးအတူတူပဲတဲ့ မောင်တော့လေ မေ့ စီကိုလှမ်းပြီး မေ့စီရောက်မယ့်လမ်းကိုရွေးတယ် မေ မေ သာ လှမ်းမယ်ဆို မောင်က မာနတွေ မေမကြိုက်တဲ့အကျင့်တွေကို မေ နင်းဖို့ချခင်းပေးချင်တာမျိုးပေါ့။ _ ကေ့ခ်ျ
တကယ်လို့ တကယ်လို့သာ ကိုယ်သာမင်းကိုယ်နှုတ်မဆက်ပဲ ဒီဘဝဒီလောကထဲက ထွက်သွားမိခဲ့ရင် ကိုယ့်အတွက်တိတ်စိတ်ငြိမ်သက်ခြင်းဖြင့်သာ ကိုယ်ထွက်ခွါသွားရခြင်းကို ခွင့်ပြုပါ တစ်သက်လုံးအတူရှိမယ်ဆိုတဲ့ဂတိတွေ မင်းလှည့်ကြည့်တိုင်း အနားမှာရောမင်းမျက်ဝန်းထဲမှာပါကိုယ်ရှိနေမယ်ဆိုတဲ့စကားတွေ နှင်းဆီခြံဝန်းရယ်သားတွေသမီးတွေရယ်ကြောင်တစ်ကောင်ရယ်ခွေးတစ်ကောင်ရယ် ကိုယ်သဘောကျတဲ့နေကြာခင်းရယ် ဒီလိုဘဝမျိုးမထားပေးနိုင်ခဲ့ခြင်းတွေရယ် အားလုံးခွင့်လွှတ်ပါ တစ်ခုခုဆို စဉ်းစားတွေးတောတတ်တဲ့အသိမင်းစီကိုယ်အပြီးတိုင်ထည့်ပေးလိုက်ပါ့မယ် ကိုယ်တော့ဒီအသိမျိုးရှိမနေချင်တော့ဘူး အားလုံးကိုနားလည်ပေးနိုင်မယ်လို့ထင်သလို အားလုံးအတွက်ခွင့်လွှတ်မယ်လည်းထင်ပါတယ် ကိုယ်တစ်သက်လုံးနမ်းရှိုက်ဖူးချင်ခဲ့တဲ့ အဲ့ဒီဆံနွယ်စတွေရယ် ကိုယ်တစ်သက်လုံးဖမ်းကိုင်ထားချင်ခဲ့တဲ့ အဲ့ဒီလက်ဖဝါးနုနုလေးရယ် ကိုယ်အားလုံးနှုတ်ဆက်ခဲ့ပါတယ် တာရာမင်းဝေရဲ့ နှုတ်ဆက်ခဲ့ခြင်းမျိုးနဲ့ နှုတ်ဆက်ခဲ့ပါမယ် ဒါဟာ ကိုယ်မင်းစီမပို့ဖြစ်မယ့်စာ ဒါဟာ ကိုယ်မင်းကိုယ်မပြောဖြစ်မယ့်စကား ဒါဟာ ကိုယ်မရှိတော့တဲ့အချိန်မင်းသီမယ့်အရာ ဒါဟာ ကိုယ်ဒီလောကငရဲထဲကနေ နှုတ်ထွက်သွားတယ်ဆိုတဲ့သဘော ဒါဟာ ကိုယ်တစ်သက်လုံးအပိုင်ရသွားမယ့်စိတ္တဇ တာရာမင်းဝေလို ကိုယ်နှုတ်ဆက်ခဲ့ပါတယ် ပန်းခူးရင်း သူငယ်ချင်းတွေနဲ့နေရင်း စကားပြောရင်း သီချင်းလေးတွေဆိုရင်း မင်းကတော့ငါ့ကိုမေ့သွားမှာပါ မေ့ကောင်းမေ့နိုင်သွားမှာပါ တောင်းပန်တယ်ဆိုတဲ့စကားကို နောက်ထပ်မဟတော့သလို ခွင့်လွှတ်ဖို့လည်းမလိုတော့ပါဘူး ထားလိုက်ပါဆိုတဲ့စကားကို ဒီတလောကလုံးနဲ့အတူချန်ခဲ့လိုက်ပါတော့မယ်။ _ အောင်မင်းခန့် (ခ) ကိုခန့် (ခ) ကေ့ခ်ျ
ဟိုကောင်မင်းကို ဖက်သလိုမျိုး မင်းကိုယ်လုံးကို တစ်ဝကြီးဖက်ချင်ခဲ့ဖူးတယ် ဟိုကောင်မင်းကို နမ်းသလိုမျိုး မင်းပါးကိုတဝကြီးနမ်းဖူးချင်တယ် ဟိုကောင်မင်းရဲ့ လက်ကိုဆုတ်ကိုင်ထားသလိုမျိုး မင်းလက်ဖဝါးလေးကိုဆုတ်ကိုင်ခဲ့ဖူးချင်တယ် အဲ့သလိုကိုယ့်စီကနေ တစ်ပါးသူစီခုန်ကူးခဲ့သူကိုမှ ချစ်မိသလိုမျိုး အဲ့လိုမျိုး။ _ ကေ့ခ်ျ ( အတိတ်ပုံပြင် - ၁ )