tgindex
MM Storyteller Website

MM Storyteller Website

Статистика

Warm Welcome To All Book Writers & Readers

Последний пост
13 авг.
Последнее чтение
13 авг.
Постов за неделю
4
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 689
+9 за 3 дн.
Сутки
+3
+0,11%
Неделя
 
Месяц
 
Просмотров на пост
356
22 постов
Вовлечённость
13,2%
к подписчикам
Постов в день
0,6
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
155
1/48двое суток
177
1/72трое суток
191

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ကျောက်စိမ်းလိုသခင်လေးအားဖွက်ထားကြသူများ ❤️‍🔥 Intro ကျင်းယွီသည် အစ်ကိုဖြစ်သူ၏ ညိုမည်းပြီး တောင့်တင်းသော ခန္ဓာကိုယ်အား မြင်တွေ့ခဲ့ရခြင်းကြောင့် သူ လိင်တိမ်းညွတ်မှု လွဲမှားနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အစ်ကိုဖြစ်သူမှာ သူ၏သွေးသားရင်းချာ အစ်ကိုမဟုတ်ဘဲ ကွယ်လွန်သွားပြီဖြစ်သော ကလေးထိန်း၏သားဖြစ်သည်။ ကျင်းမိသားစုတွင် ကြီးပြင်းလာခဲ့သော ထိုအစေခံသည် ကျင်းယွီ၏ သစ္စာရှိသော သက်တော်စောင့် ဖြစ်သည်။ သူသည် အရပ် နှစ်မီတာနီးပါး မြင့်မားပြီး သူ့ လက်မောင်းများသည် ကျင်းယွီ၏ပေါင်များထက်ပင် ပိုတုတ်ခိုင်သော်လည်း ကျင်းယွီ၏ သွေးဆောင်ဖြားယောင်းမှုများအောက်တွင် အမြဲတမ်း ထိတ်လန့်တကြား ထွက်ပြေးတတ်သည်။ ကျင်းယွီ ပိုချဉ်းကပ်လာလေလေ အစ်ကိုဖြစ်သူမှာ ပိုသိသာစွာ ပုန်းရှောင်လေလေဖြစ်သည်။ သူ၏စစ်မှန်သော နှလုံးသားသည် အကြိမ်ကြိမ် အထင်သေးခံခဲ့ရပြီး ကျင်းယွီမှာ အခြားယောက်ျားတစ်ယောက်အား ချစ်မြတ်နိုးရန် ကြိုးစားခြင်းမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ထိုသူမှာ သူ၏ဦးလေးဖြစ်ပြီး ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် သူ့အား စေ့စပ်သေချာစွာ ပြုစုပျိုးထောင်ပေးခဲ့သော အမျိုးသားပင်။ သူသည် ကျင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲပြီး ခက်ထန်ကာ အေးစက်သော နှလုံးသားရှိသော်လည်း ကျင်းယွီနှင့် ပတ်သက်လာလျှင်မူ နူးညံ့သိမ်မွေ့တတ်သူ ဖြစ်သည်။ အချိန်ကာလကိုပင် ခန့်မှန်း၍မရနိုင်သော အပြစ်အနာအဆာကင်းသည့် ထိုမျက်နှာဖုံးအောက်တွင်မူ ကျင်းယွီအပေါ်ထားရှိသော မှောင်မိုက်ပြီး ရူးသွပ်ဖွယ်ကောင်းကာ ထုတ်ဖော်ပြောဆို၍မရနိုင်သော ထိန်းချုပ်မရသည့် ပိုင်ဆိုင်လိုမှုတစ်ခုရှိနေသည်။ ကျင်းယွီသည် ယောက်ျားလေးများကို သဘောကျကြောင်း သိလိုက်ရချိန်တွင် သူ အသံထွက်ကာရယ်မောလိုက်သည် ဦးလေး "အဲ့ဒါဆို ကိုယ်နဲ့ စမ်းကြည့်ပါလား၊ ဘယ်လိုလဲ၊ မင်း ဖြစ်ချင်တာ မှန်သမျှ ကိုယ်လုပ်ပေးမယ်" ကျင်းယွီအား တပ်မက်နေသူမှာ ကလေးဘဝက နှာတွဲလောင်းဖြင့် သူ့နောက်သို နေ့စဉ် လိုက်ပါနေခဲ့သော ညီငယ်ဖြစ်နေပြန်သည်။ ဆယ်နှစ်ကြာပြီးနောက် ၎င်းတို ပြန်လည်ဆုံတွေ့ကြချိန်တွင် သန့်စင်ပြီး တောက်ပနေသော ထိုရုပ်ရည်သွင်ပြင်က ကျင်းယွီအား ခဏတာမျှ မိန်းမောသွားစေခဲ့သည်။ သိုသော် သူ့ ညီငယ်၏နှလုံးသား နက်ရှိင်းသောနေရာတွင် ဆယ်နှစ်တိုင်တိုင် ဖိနှိပ်ထားခဲ့ရသော မှောင်မိုက်သည့် တောင့်တမှုတစ်ခုရှိနေကြောင်းကိုမူ ကျင်းယွီ မသိခဲ့ပေ။ ၎င်း၏လဲချခြင်းကို ခံလိုက်ရပြီးနောက် ကျင်းယွီသည် သူ့ မျက်နှာအား ဖြတ်ရိုက်လိုက်သည်။ ကျင်းယွီ "ငါ့မှာ ရည်းစားရှိတယ်ဆိုတာ မမေ့နဲ့" သိုသော် သူက ရယ်မောလိုက်သည်။ ညီငယ် "မင်းမှာ ရည်းစားရှိတာက ငါနဲ့ ဘာဆိုင်လိုလဲ" အစ်ကိုဖြစ်သူ၏ရှုထောင့် သူ့မိခင်ဖြစ်သူမှ အလုပ်ရှင်၏အိမ်သို ခေါ်ဆောင်လာချိန်တွင် ကျိုးခွေ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ရှုပ်ပွနေသော ဆံပင်များအောက်တွင် ပုန်းကွယ်နေသည့် မျက်လုံးများဖြစ်ပြီး သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့သော လောဘတစ်ခု ပေါ်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း ထိုရိုင်းစိုင်းစွာ ကြီးထွားလာနေသော ခံစားချက်အား ချုပ်တည်းထားရန် သူ ရုန်းကန်ခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အစေခံတစ်ဦးဆိုသည့် သူ့သရုပ်မှန်အား မည်သည့်အခါမျှ ရင်မဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သူသည် မထိုက်တန်ဟု ခံစားခဲ့ရသည်။ အချိန်ကာလတိုင်းတွင် သူသည် သခင်လေး၏သွေးဆောင်ဖြားယောင်းမှုများကို ငြင်းပယ်ခဲ့ပြီး အခြားတစ်ယောက်၏ ရင်ခွင်ထဲသို သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွန်းပိုခဲ့သည်။ နောက်ဆုံးတွင် သူတို လုပ်နိုင်ခဲ့သည်မှာ သခင်လေးနှင့် သူ၏မွေးစားဖခင်တို ပြင်းပြစွာ နမ်းရှိက်နေကြသည်ကို ကြည့်နေရုံသာဖြစ်ပြီး သခင်လေးအား အခြားသူ၏ရနံ့ကို သယ်ဆောင်ခွင့်ပြုလိုက်ရသည်။ သူ၏သဝန်တိုမှုများသည် ရုတ်ချည်းမြင့်တက်လာခဲ့သည်။ အလွန်မှောင်မိုက်သော ညတစ်ညတွင် သူသည် သခင်လေးအား သူ့ ရင်ခွင်ထဲတွင် ဖက်ထားကာ နမ်းရှိက်ခဲ့ပြီး သူ့ စကားလုံးများမှာလည်း အလွန်ကြမ်းတမ်းလာခဲ့သည် ကျိုးခွေ "မနေ့ကတင် ရှဲရုံနဲ့ ...... လုပ်ခဲ့တာ မဟုတ်ဘူးလား၊ တကယ်ပဲ အဲ့ဒီလောက်တောင် မကျေမနပ်နိုင် ဖြစ်နေတာလား" တစ်ချက်သော ပြင်းထန်သည့် ရိုက်ချက်သည် သူ့ မျက်နှာပေါ်သို တည့်မတ်စွာ ကျရောက်လာခဲ့သည်။ သခင်လေးသည် သူ့ နားထဲတွင် ဒေါသတကြီးဖြင့် အပြစ်တင်လိုက်သည်။ သခင်လေး "မင်းက ဘာကို လာသဝန်တိုနေတာလဲ၊ မင်းကိုယ် မင်းတောင် မပေးဝံ့တဲ့ အခွင့်အရေးကို ငါ မင်းကို ပေးခဲ့ပြီးပြီလေ၊ ဘာလဲ၊ အခုကျ အဲ့ဒီလောက်တောင် မျက်နှာပြောင်တိုက်တတ်နေပြီလား" 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Xiao Nuhaii Team ရဲ့ "ကျောက်စိမ်းလိုသခင်လေးအားဖွက်ထားကြသူများ" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-655-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 6 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖

  • သားရဲကမ္ဘာထဲကနေ့စဉ်ဘဝ 🐼 Intro လုရွှမ် တစ်ယောက် မျက်စိနှစ်လုံး ဖွင့်လိုက်သည့်အခါတွင်မူ မိမိသည် လူသားကမ္ဘာ၌ မဟုတ်တော့ဘဲ လူအဖြစ်သို ပြောင်းလဲနိုင်သည့် သားရဲများ နေထိုင်ရာ သားရဲကမ္ဘာသို ရောက်ရှိနေသည်ကို သိလိုက်ရပေသည်။ ထိုကမ္ဘာတွင် သူသည် သားရဲအဖြစ် ပြောင်းလဲ၍မရဘဲ ကလေးမွေးဖွားနိုင်စွမ်းရှိသည့် သားရဲတစ်ပိုင်းတစ်ဦးအဖြစ် ဝင်စားခဲ့ခြင်းပင် ဖြစ်၏။ အခြေအနေမှာ အင်မတန် ဆိုးရွားလှသည်။ သူ့မျိုးနွယ်စုမှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်ရာ ကျန်ရစ်သည့် မျိုးနွယ်စုဝင်ဟူ၍ သူနှင့် သားရဲပေါက်စလေး သုံးကောင်သာ ရှိတော့သည်။ တောရိုင်းတိရစ္ဆာန်တို၏ ဝါးမြိုခြင်းကို ခံရတော့မည့် အသက်ဘေးနှင့် ကြုံတွေ့နေရစဉ်မှာပင် ဒဏ်ရာရရှိထားသည့် ဝက်ဝံနက်သားရဲ တစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရပါတော့သည်။ ထျန်းရွှမ် အတွက်မူ ဤအချိန်ကာလသည် သူ့ဘဝတွင် အမှောင်မိုက်ဆုံး အချိန်ပင် ဖြစ်သည်။ မိမိကိုယ်တိုင် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သေအံ့မူးမူး ဖြစ်နေသည့်တိုင်အောင် စိတ်နှလုံး နူးညံ့လွန်းလှသည့် ထိုလူသားလေးအား မြင်လျှင် မကယ်တင်ဘဲ မနေနိုင်ခဲ့ပေ။ ထိုနေ့မှစ၍ အမှောင်ဖုံးနေသည့် သူ့ကမ္ဘာငယ်လေးထဲသို လင်းလက်တောက်ပသော အလင်းရောင်များ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့ရပေသည်။ ဇာတ်လမ်း၏ ထူးခြားချက်နှင့် ရှင်းလင်းချက်များ သားရဲတစ်ပိုင်းဆိုသည်မှာ သားရဲကမ္ဘာတွင် သားရဲအဖြစ် မပြောင်းလဲနိုင်သော်လည်း ခွန်အားကြီးမားသည့် သားရဲစစ်သည်များနှင့် အိမ်ထောင်ပြုကာ မျိုးဆက်ပြန့်ပွားအောင် ကလေးမွေးဖွားပေးနိုင်သည့် အမျိုးသားများကို ဆိုလိုခြင်း ဖြစ်သည်။ ဤဇာတ်လမ်းသည် တောရိုင်းမြေရိုင်းများကို ထွန်ယက်စိုက်ပျိုးခြင်း၊ အရသာရှိသော အစားအစာများ ချက်ပြုတ်ခြင်းနှင့် ကိုယ်ပိုင်အိမ်လေး တည်ဆောက်ခြင်းတိုဖြင့် အေးချမ်းစွာ အသက်မွေးပုံကို ဖော်ပြထားသည့် စိုက်ပျိုးရေးဝတ္ထု အမျိုးအစား ဖြစ်ပေသည်။ မိခင်မဲ့နေသည့် ချစ်စရာကောင်းသော သားရဲကလေးများကို ပြုစုပျိုးထောင်ရင်း ကြင်နာမှုအပြည့်ရှိသော မိသားစုဘဝလေးကို တည်ဆောက်သွားမည့် ပုံရိပ်များကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။ အဓိကဇာတ်ကောင်များ လုရွှမ် : အနာဂတ်မှ ကူးပြောင်းလာပြီး စိုက်ပျိုးရေးနှင့် ချက်ပြုတ်ခြင်း၌ ကျွမ်းကျင်သည့် လူသားလေး။ ထျန်းရွှမ် : ခွန်အားကြီးမားသော်လည်း ဒဏ်ရာကြောင့် စိတ်ဓာတ်ကျနေစဉ် ချစ်ခြင်းမေတ္တာကို ပြန်လည်တွေ့ရှိသွားသည့် ဝက်ဝံနက်သားရဲကြီး။ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ ✅completed ဖြစ်သွားတဲ့ Xiao Nuhaii Team ရဲ့ "သားရဲကမ္ဘာထဲကနေ့စဉ်ဘဝ" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-654-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 6 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • သ...သံချောင်းလေးဘာလို့ကွေး 🧲 Intro ကျန့်ရိသည် အသက် ၂၄ နှစ်အရွယ်အထိ ယောက်ျားစစ်စစ် တစ်ဦးအဖြစ် နေထိုင်လာခဲ့သော် လည်း၊ တစ်နေ့တွင်မူ ဝတ္ထုတစ်ပုဒ်ထဲသို ဝိညာဉ်ကူးပြောင်း၍ ရောက်ရှိသွားတော့သည်။ ထိုကမ္ဘာတွင် သူ့ကိုတစ်စုံတစ် ယောက်က ပြောကြားသည်မှာ "မင်း အသက်ဆက်ရှင်ချင်ရင် ကလေးတစ်ယောက် ရအောင်ယူရမယ်" ဟူ၍ ဖြစ်သည်။ ကျန့်ရိကမူ "သေတာကမှ အေးဦးမယ်" ဟုသာ တုံပြန်လိုက်တော့ သည်။ ပထမကမ္ဘာ : ABO ဝတ္ထုထဲမှ အစားထိုးခံ 'အိုမီဂါ' ဤကမ္ဘာတွင် လူသားများကို အဆင့်အတန်း သုံးမျိုးခွဲခြားထားရာ 'အိုမီဂါ' ဆိုသည်မှာ အမျိုးသားဖြစ်သော်လည်း ကလေးမွေးဖွားနိုင်စွမ်းရှိသည့် အနိမ့်ဆုံးအဆင့်အတန်း ဖြစ်ပေသည်။ ကျန့်ရိသည် ထိုကမ္ဘာရှိ လူယုတ်မာ ထန်ဝမ့်အားစည်းရုံးသိမ်းသွင်းရမည် ဖြစ်သော်လည်း၊ မေတ္တာဖြင့် သိမ်းသွင်းမည့်အစား လက်သီးဖြင့်သာ ပညာပေးရန် ဆုံးဖြတ်လိုက်၏။ စနစ်မှ "မင်းရဲ့သေဆုံးမှုနဲ့ သူ့ကို နောင်တရအောင် လုပ်သင့်တယ်" ဟု အကြံပေးသော်လည်း ကျန့်ရိကမူ "ငါ့လက်သီးက ပိုမြန်တယ်" ဟု ဆိုကာ လူယုတ်မာကို အရိုးကွဲအောင် ရိုက်နှက်လိုက်တော့သည်။ ထူးဆန်းသည်မှာ ထိုလူယုတ်မာသည် ကျန့်ရိ၏ရိုက်နှက်မှုကို ခံရလေလေ၊ ပိုစွဲလမ်းလာလေလေ ဖြစ်နေခြင်းပင်။ ကျန့်ရိသည် နောက်ဆုံးတွင် သူ့ နတ်ဘုရားမ နှင့် လက်ထပ်နိုင်ခဲ့သော်လည်း မင်္ဂလာဦးညတွင် ထိုနတ်ဘုရားမမှာ မိမိထက်ပင် ပစ္စည်းအင်အား ကြီးမားသည့် အမျိုးသမီးအသွင်ဆောင် အယ်လ်ဖာဖြစ်နေသည်ကို သိလိုက်ရသဖြင့် ကမ္ဘာပျက်မတတ်ငိုကြွေးခဲ့ရပေသည်။ ဒုတိယကမ္ဘာ : ရေသူသားရဲနှင့် ဥဖောက်ခြင်း ယခင်ကမ္ဘာမှ သင်ခန်းစာယူကာ ကျန့်ရိသည် လှပသော အမျိုးသမီးများနှင့် ဝေးဝေးနေပြီး အမျိုးသားအချင်းချင်းသာ ပေါင်းဖော်ခဲ့သည်။ သိုသော် ကံကြမ္မာမှာ မျက်နှာသာမပေးဘဲ သူ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ စစ်ဗိုလ်ချုပ်ကြီးနှင့် အိမ်ထောင်ကျရန် သတ်မှတ်ခံလိုက်ရပြန်၏။ ရေသူသားရဲဘဝဖြင့် ဥဖောက်ပေးရမည့် သူ့ကံကြမ္မာမှာလည်း အလွဲအချော်များဖြင့် ပြည့်နှက်နေတော့သည်။ တတိယကမ္ဘာ : စီအီးအို၏ ကိုယ်ဝန်ကိုလွယ်ထားရခြင်း စနစ်၏စေခိုင်းမှုကို ဆန့်ကျင်ကာ ကျန့်ရိသည် စီအီးအိုကြီးအား ပစ်ထားခဲ့ပြီး ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ သိုသော် တစ်နေ့ထက်တစ်နေ့ ပူဖောင်းသဖွယ်ကြီးမားလာသည့် မိမိဝမ်းဗိုက်ကို ကြည့်ကာ ကျန့်ရိတစ်ယောက် စိတ်ပျက်သွားရသည်။ နောက်ဆုံးတွင်မူ ထိုကလေးဖခင်ဖြစ်သူကို ရှာဖွေတွေ့ရှိသွားပြီး ရင်ဘတ်ကို ဖိကာ အော်ဟစ်လိုက်တော့သည်။ "ဟေ့လူ... မင်း အခုချက်ချင်း တာဝန်ယူစမ်း!" 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Xiao Nuhai Team ရဲ့ "သ...သံချောင်းလေးဘာလို့ကွေး " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-653-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • သဝန်တိုတတ်တဲ့ CEO ကြီးရဲ့ ခင်ပွန်းဖြစ်လာပြီးနောက် Description ကျင်ဖန်တစ်ယောက် စာအုပ်ထဲကို ကူးပြောင်းသွားပြီးတဲ့နောက် သူဟာ အပြစ်ကင်းစင်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာရုံတင်မကဘဲ စာချုပ်လက်ထပ်ထားတဲ့ ချမ်းသာတဲ့ အဖော်တစ်ယောက်ပါ တိုးလာမှန်း သိလိုက်ရတယ်။ ချမ်းသာတဲ့ အိမ်ထောင်ဖက်ဖြစ်သူ စုယိကျီ ကတော့ စတော့ရှယ်ယာဈေးကွက်မှာ နာမည်ကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ အာဏာရှင် CEO ဖြစ်ပြီး၊ လက်ဖဝါးတစ်ချက်စောင်းရုံနဲ့ မိုးပြိုအောင် လုပ်နိုင်စွမ်းရှိသူ၊ အလုပ်လုပ်ရင် ပြတ်သားသပ်ရပ်သူ ဖြစ်သည်။ သူတို့ဟာ စာချုပ်လက်ထပ်ပွဲဖြစ်တာတောင်မှ အိမ်ထောင်ရေးစည်းကမ်းချက်ပေါင်း တစ်ရာတိတိ ထုတ်ပြန်ထားပြီး၊ အဲဒီအထဲမှာ မလိုအပ်ဘဲ စကားမပြောရ၊ လက်မတွဲရ၊ နောက်ဆုံး WeChat addတာတောင်မှ လက်ထပ်စာချုပ် ယူပြီးမှပဲ အသစ်အပ်ထားခြင်းဖြစ်သည်။ ကျင်ဖန်က စာချုပ်ကို ကြည့်ပြီး ‘အတော်ပဲ၊ ငါလည်း အချစ်ရေးမှာ စိတ်မပါဘူး’ လို့ တွေးလိုက်တယ်။ ဒါပေမဲ့ သူက မိမိရဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့အချိန်မှာတော့ မကြာခဏဆိုသလို ပုန်းကွယ်ရာကနေ စောင့်ကြည့်နေတဲ့ အကြည့်တွေကို ခံစားနေရတတ်တယ်။ကျင်ဖန်က ဒါကို မိမိရဲ့ စိတ်ထင်လို့ပဲ အမြဲတွေးနေခဲ့တာ၊ တစ်ရက်မှာတော့ ကျောင်းဝင်းထဲမှာ ဘယ်လိုမှမရှိနိုင်တဲ့ သူ့ရဲ့CEOအိမ်ထောင်ဖက်ကြီးက မနီးမဝေးက တိုင်တစ်တိုင်ရဲ့ နောက်မှာ ရပ်ပြီး၊ သူ့ကို မျက်တောင်မခတ် တည့်တည့်ကြီး စိုက်ကြည့်နေတာကို မြင်လိုက်ရတဲ့အထိပဲ။ ကျင်ဖန် : ……? အဲဒီနောက်ပိုင်းကစလို့ သူဟာ မိမိရဲ့ အိမ်ထောင်ဖက်ဖြစ်သူက ပထမဆုံး စတွေ့တုန်းကနဲ့ နည်းနည်း ကွာခြားလာမှန်း သတိထားမိလာ၏။ •သူက တခြားသူတွေနဲ့ စကားပြောရင် စုယိကျီက WeChat မှာ မက်ဆေ့ခ်ျတွေ အတင်းလာပို့တယ်။ •သူက တခြားသူတွေနဲ့ ထမင်းစားရင် စုယိကျီကဝတ်စုံပြည့်ကြီးနဲ့ မျက်နှာသေကြီးတက္ကသိုလ်က ထမင်းစားဗန်းကို ကိုင်ပြီး တိုက်ဆိုင်သလိုမျိုး ဟန်ဆောင်ကာ သူ့ဘေးမှာ သဘာဝကျကျ ဝင်ထိုင်တော့တာပဲ။ •သူက တခြားသူတွေနဲ့ ပြိုင်ပွဲဝင်ရင် စုယိကျီကဒိုင်လူကြီးနေရာမှာ ခန့်ခန့်ကြီး ပေါ်လာပြီး သူ့ရှေ့က ဆိုင်းဘုတ်မှာတော့ "စပွန်ဆာ" ဆိုတဲ့ စာလုံးကြီး သုံးလုံးကို အထင်းသား။ —— နောက်ဆုံးမှာတော့ ကျင်ဖန် မအောင့်နိုင်တော့ဘဲ နားရွက်တွေ နီရဲလျက် တစ်ဖက်လူကို သွားရှာပြီး သူ့အပေါ် ဘာလို့ ဒီလောက်တောင် ကောင်းပေးရတာလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ စုယိကျီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မျက်ဝန်းထောင့်က ကွေးညွတ်မှုဟာ ဖော်ပြရခက်တဲ့ စနောက်လိုတဲ့ အရသာအချို့ စွက်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။ "ငါ့ကို မရှာဘဲ၊ တခြားသူကို သွားရှာတယ်ပေါ့?" စုယိကျီက မေးတယ် "ငါက မင်းကို မဖြည့်ဆည်းပေးနိုင်လို့လား?" ကျင်ဖန်က သူ့ဖုန်းကနေ မိမိရဲ့ လက်ဖဝါးပေါ်ကို အလိုအလျောက် တင်လာတဲ့ လက်ကလေးကို ကြည့်ပြီး နားရွက်တွေ ပိုလို့ နီရဲသွားရတယ်။ သူ မှတ်မိသလောက်တော့ စာချုပ်ပေါ်မှာ လက်မတွဲရဘူးလို့ ရေးထားတာ မဟုတ်ဘူးလား? •အဓိကဇာတ်ကောင်- ကျင်ဖန် ၊ စုယိကျီ T/N -အလွယ်ပြောရရင်တော့ အချစ်ရေးမှာ တုံးတဲ့ ငတုံးလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ  Author Qwu ရဲ့ "သဝန်တိုတတ်တဲ့ CEO ကြီးရဲ့ ခင်ပွန်းဖြစ်လာပြီးနောက်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-651-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ကမ္ဘာပျက်ကပ်ဂိမ်းထဲမှာငါလေးက စားသောက်ဆိုင်ဖွင့်ထားတယ် Description အေးဆေးနေတတ်သော တစ်ယောက်တည်းသမား ဟဲလင်ယွီတစ်ယောက် လယ်ယာအလုပ်၊ ဆောက်လုပ်ရေး နှင့် စီးပွားရေး စီမံခန့်ခွဲမှုတို့ကို အဓိက အာရုံစိုက်သည့် ကမ္ဘာပျက်ကပ်ခေတ် သရုပ်ပြဂိမ်းတစ်ခုထဲ အရောက်ပို့ဆောင်ခံလိုက်ရ၏။ သတင်းဆိုး - သူမမှာ ဘာစွမ်းအားမှမရှိ၊ ပြီးတော့ စားသောက်ဆိုင် အပြင်ဘက်ကို ထွက်လိုက်သည်နှင့် ဇွန်ဘီတွေရဲ့ စားစရာဖြစ်သွားပေမည်။ သတင်းကောင်း - စားသောက်ဆိုင်က လည်ပတ်နေသေးပြီး ဂိမ်းမစ်ရှင်တွေ အောင်မြင်ပါက အဆင့်တက်နိုင်မည်။ ** တစ်နေ့၌ စွမ်းအားသုံးနိုင်သူ အဖွဲ့တစ်ဖွဲ့ ဖြတ်သွားကြရင်း .. “ကပ္ပတိန်၊ ဒီစွန့်ပစ်နယ်မြေထဲမှာ ဘာလို့ စားသောက်ဆိုင်တစ်ဆိုင် ရှိနေသေးတာလဲ” “မင်း ဘာအိမ်မက်တွေ မက်နေတာလဲ။ အရမ်း အသည်းအသန် စားချင်နေလို့ ထင်ယောင်ထင်မှားတွေပါ ဖြစ်နေပြီလား” သူတို့ လှည့်ကြည်လိုက်ချိန်မှာတော့ စားသောက်ဆိုင်ပေါ်မှ ဆိုင်းဘုတ်ကြီးက မီးရောင်များဖြင့် တလက်လက်ထနေသည်။ ... စားသောက်ဆိုင်က အဆင့်တစ်ပဲ ရှိသေးချိန်မှာ ဟဲလင်းယွီတစ်ယောက် ပေါင်မုန့်တွေစားရင်း သူမ ဘယ်တော့မှ အသားစားရမလဲလို့ တွေးခဲ့သည်။ စားသောက်ဆိုင်က အဆင့်သုံးရောက်ချိန်မှာ သူမ ရှေ့က ဘဲကင်ကိုကြည့်ပြီး ဟော့ပေါ့ စားရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးခဲ့မိသည်။ စားသောက်ဆိုင်က အဆင့်ငါးရောက်ချိန်မှာ သူမ ဟော့ပေါ့စားကာ မစ်တီး သောက်ရင်း သူမ ဘယ်တော့မှများ မန်ချူး ဟန် စားဖွယ်စုံတွေကို အဝကြိတ်လို့ရမည်ကို သိချင်နေမိခဲ့သည်။ နောက်ဆုံးမှာတော့ ကမ္ဘာပျက်ကပ်ထဲတွင် စားသောက်ဆိုင်က အကြီးဆုံးခံတပ်အဖြစ် အဆင့်တက်သွားခဲ့သည်။ ရေတွက်လို့ မရနိုင်သော လူတွေက သူမဆီမှာ အလုပ်ဝင်လုပ်ချင်သဖြင့် ငိုယို တောင်းပန်ခဲ့ကြသည်။ ဟဲလင်ယွီ ပြန်ပြောလိုက်သည်။ ... “စိတ်ဝင်စားပေးလို့ ကျေးဇူးပါ၊ အဲ့ဒီ့အစား ဒီမှာပဲ အိမ်တစ်အိမ် ဝယ်လိုက်ရင်ရော” ** နိုင်ငံတော်ရဲ့ ခံတပ်တွေထဲ၌ စားသာက်ဆိုင်တစ်ဆိုင်၏ ဒဏ္ဌာရီတစ်ခု ပြန့်နှံ့လာခဲ့သည်။ “ငါကြားတာတော့ အမြုတေတစ်ခုရှိရုံနဲ့ စားချင်တာအကုန် စားလို့ရတယ်ဆို” “အဲ့ဒါတင် မကသေးဘူး၊ ငါကြားတာတော့ အဲ့မှာနေတယ်ဆို ဇွန်ဘီတွေ တိုက်ခိုက်မှာ လုံးဝ မပူရဘူးတဲ့” “မင်းတို့ အကုန်လုံး ခေတ်နောက်ကျနေပြီ၊ ငါအခုပဲပြန်လာတာ။ သူတို့က အလုပ်ထပ်မခန့်တော့ဘူးတဲ့။ ဒါပေမယ့် သူတို့က အိမ်တော့ရောင်းနေတယ်။ ငါ နောက်ဆုံးတော့ ပိုက်ဆံအလုံအလောက်စုမိသွားပြီ၊ မင်းအရမ်းနောက်ကျသွားရင် အိမ်တွေပါ ကုန်သွားလိမ့်မယ်” **အက်ဆစ်မိုးရောက်လာချိန်၌။ အခြားသူများ - “မြန်မြန်၊ ခိုစရာနေရာရှာကြ၊ ခံတပ်တွေကို အားဖြည့်ကြ!” စားသောက်ဆိုင်ထဲမှာနေကြသူများ - “ဒီနေ့ မိုးရွာနေတယ်၊ အိမ်ထဲအောင်းဖို့ အရမ်းကိုက်တဲ့ ရာသီဥတုပဲ။ လိုက်ကာတွေပိတ်ပြီး အိပ်ကြမယ်ဟေ့။” **နှင်းမုန်တိုင်းတိုက်ချိန်၌။ အခြားသူများ - “မြန်မြန်၊ ထင်းရှာပြီး မီးဖိုကြမယ်” စားသောက်ဆိုင်ထဲမှာနေကြသူများ - “နှင်းထူတဲ့နေ့ဆို ဟော့ပေါ့နဲ့မှ လိုက်တာ။ မစ်တီးလည်း နောက်တစ်ခွက် ယူလိုက်ကြရအောင်။” 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Khat Translation ရဲ့ "ကမ္ဘာပျက်ကပ်ဂိမ်းထဲမှာငါလေးက စားသောက်ဆိုင်ဖွင့်ထားတယ်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-648-chapters 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ဝက်ဖြစ်ရလဲ နေပျော်ပါရဲ့ (重生成豬,獸夫看她的眼神有點怪 章節列表) ဘာသာပြန်သူ - Yuuki အညွှန်း (ဒါလေးက သားရဲလောက reverse haremလေးပါ။) မုကျိုရှီးတစ်ယောက် မြစ်ထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ကြောင်မျိုးနွယ်ဝင်အဖြစ် ဝင်စားရန် ရွေးချယ်ခဲ့သော်လည်း သူမက ဝက်တစ်ကောင် ဖြစ်လာခဲ့လေသည်။ မြစ်စောင့်နတ်က တောင်းပန်သည့်အနေဖြင့် သူမကို စိုက်ပျိုးရေးနေရာလွတ်တစ်ခု ပေးအပ်ခဲ့၏။ သူမ ကိုယ်အလေးချိန် ပိုစီးလာလေလေ ရရှိသည့် လယ်မြေကောင်းများ ပိုများလာလေလေ ဖြစ်လိမ့်မည်။ ဒါက လွယ်ပါတယ်လေ။ အခု ငါကိုယ်တိုင်လည်း ဝက်တစ်ကောင် ဖြစ်နေပြီဆိုတော့ ဝိတ်တက်လာဖို့က လွယ်လွယ်လေးပဲ မလား။ မုကျိုရှီးက ထိုသို့ စဉ်းစားလိုက်၏။ သို့သော်ငြား သူမ အရွယ်ရောက်လာသည့်အချိန်မှသာ သူမက ဝက်ပုမျိုးစိတ် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။ ထို့အပြင် ကိုယ်အလေးချိန် ၁ကျင်းတိုးလာတိုင်း လယ်မြေ ၁ဖန် (စတုရန်းမီတာ အနည်းငယ်)သာ ရရှိလိမ့်မည်။ ထိုအသိကြောင့် သူမမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့ရ၏။ ___ နောက်ဆုံးတွင်တော့ သူမ ကြင်ဖက်ရွေးချယ်သည့် ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ လယ်မြေများသည် အဆပေါင်းများစွာ တိုးပွားလာကြောင်း ရုတ်တရက် တွေ့လိုက်ရလေသည်။ သူမက မိမိ၏ကြင်ဖက်ကို ဝမ်းသာအားရ ကြည့်လိုက်၏။ ဒါက ငါ့ယောက်ျားရဲ့ ကိုယ်အလေးချိန်ကိုပါ ငါ့ဆီ ထည့်ပေါင်းပေးလိုက်တာလား။ ဒီလိုသာ လုပ်လို့ရတယ်ဆိုရင်တော့... ထို့ကြောင့် သူမက ဆင် သားရဲတစ်ကောင်ကို ကြင်ဖက်အဖြစ် ရှာဖွေရန် အမြဲတမ်း စဉ်းစားနေတော့သည်။ သို့သော်ငြား တစ်စုံတစ်ယောက်ကတော့ ခြိမ်းခြောက်လာ၏။ "မင်း တစ်ယောက်ရှာရင် ငါ တစ်ယောက်ကို သတ်ပစ်မယ်" နောက်တစ်ယောက်ကလည်း လှောင်ပြောင်လိုက်၏။ "ဟားဟားဟား... မင်းရဲ့ ဒီခြေတံတိုလေးတွေနဲ့များ ဆင်သားရဲလူသားကို ရှာရဲသေးတယ်ပေါ့။ သူက မတော်တဆ ဖင်နဲ့ထိုင်ချပြီး မင်းကို ဖိသတ်မိရင်တောင် သူ သိမှာမဟုတ်ဘူး" နောက်တစ်ယောက်ကလည်း ချော့မော့ပြောဆိုလာလေသည်။ "လိမ္မာပါတယ်... မင်း ဘာစားချင်လဲ၊ ငါ သွားရှာပေးမယ်။ ဒီလောက်အများကြီး စိုက်ပျိုးနေစရာ မလိုပါဘူး" .... နောက်ဆုံးတွင်တော့ သူမက သွေးများအန်လာပြီး စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဖြစ်သွားတော့သည်။ သူမက လက်သင်္ကေတဘာသာစကားဖြင့် ပြောလိုက်၏။။ သူမ ဘာပြောချင်သည်ကို သိလိုက်ရသောအခါ သူက သူမကို ပွေ့ဖက်ထားပြီး ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးလေတော့သည်။ "မင်းက အရူးမလေးပဲ။ ဒီလိုဖြစ်လာမယ်မှန်း စောစောကတည်းက သိခဲ့ရင် မင်း ငါ့ကို မချစ်ခဲ့တာကမှ ပိုကောင်းဦးမယ်" ____ နောက်တစ်ကြိမ် ပြန်လည်ဝင်စားလာသည့်အခါ သူမက သူ့ကို မမှတ်မိတော့ပေ။ သို့တိုင်အောင် သူမက သူ့ကို ချစ်မိသွားခဲ့ပြန်သည်။ နောက်ဘဝတွင် သူမနှင့် အတူရှိနေနိုင်ရန်အတွက် သူက သူမကို ပြန်လည်ဝင်စားခြင်းသံသရာထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့၏။ သူမက သူတို့နှင့်အတူ ထာဝရ ရှိနေနိုင်စေရန်အတွက် ငယ်ရွယ်သေးသော သူမကို အဆင့်(၁၀)သို့ တက်လှမ်းနိုင်ရန် အတင်းအကျပ် ဖိအားပေးခဲ့ကြ၏။ သို့သော်ငြား သူမ၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံလိုက်ရလေတော့သည်။ "မသေနိုင်တဲ့ အဘိုးကြီးတွေ..." __ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Author Yuuki ရဲ့ "ဝက်ဖြစ်ရလဲ နေပျော်ပါရဲ့ " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-647-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 4 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ၈၀ပြည့်နှစ်များတွင် ရွာလူမိုက်ကြီး နှင့် လှပသောဇနီးလေး စူးယွင်ချီကတော့ ထိုပတ်ဝန်းကျင်တစ်ဝိုက်မှာ နုနယ်ချောမောလှပလွန်းသူအဖြစ် လူသိများသူ ဖြစ်သည်။ သို့သော်လည်း ကံဆိုးချင်တော့ အဖိုးအို စူးရဲ့ မိသားစုက အင်အားနည်းလွန်းသဖြင့် သူမကို ကာကွယ်မပေးနိုင်ခဲ့ကြချေ။ ငွေကြေးချမ်းသာပြီး ဩဇာရှိသော လူမိုက်တစ်ဦးက သူမကို သဘောကျသွားပြီးနောက်တွင်တော့ စူးမိသားစုမှာ သူမကို ဘေးရွာက လူကြမ်းကြီးတစ်ဦးဖြစ်သည့် (ထိုထက်ပို၍ ဩဇာကြီးသော) ရွာလူမိုက်ကြီးထံသို့ ကမန်းကတန်း အမြန်ဆုံး အိမ်ထောင်ချပေးလိုက်ရတော့သည်။ လုကျောက်က စူးယွင်ချီထက် ၅ နှစ်ခန့် ပိုကြီးသော်လည်း သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသည့် ငယ်သူငယ်ချင်း များ ဖြစ်ကြသည်။ သို့သော်လည်း အပေါ်ယံကြည့်မည်ဆိုလျှင်တော့ သူတို့နှစ်ဦးက ဘယ်သောအခါမှ တည့်ကြပုံမရခဲ့ချေ။ မင်္ဂလာဦးညတွင် လုကျောက်က စူးယွင်ချီ၏ မေးစေ့ကို ဆွဲကိုင်ကာ အေးစက်စက် လှောင်ပြုံး ပြုံးလိုက်ရင်း - "မင်းလို ဂျဂျီဂျဂျာနဲ့ အညုအဆင်များတဲ့ ကောင်မလေးက အခုတော့ ငါ့လက်ထဲ ရောက်လာပြီပေါ့ ဟုတ်လား။ အရင်က ငါ့ကို မိန်းမရှာမရပါဘူးဆိုပြီး လှောင်ခဲ့တယ်မလား? အခု ငါဘယ်သူ့ကို လက်ထပ်လိုက်ရလဲ ကြည့်စမ်း။ ဒီလှပတဲ့ ပန်းလေးကို ငါဘယ်လို ရက်ရက်စက်စက် နင်းချေပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်!" "ရှင် တကယ် စိတ်ပျက်ဖို့ကောင်းတယ်!" စူးယွင်ချီအနေဖြင့် ယခုအချိန်တွင် သူ့ကို လက်ထပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့မှန်း သိနေသည်။ အကယ်၍ အရင်ကသာဆိုလျှင် သူမက ပြန်လည် ဆဲဆိုပတ်ကြမ်းမိမှာ သေချာသော်လည်း ယခုတော့ ခေါင်းကိုသာ တစ်ဖက်သို့ လွှဲလိုက်ပြီး မျက်ဝန်းထဲတွင် နာကျည်းဝမ်းနည်းမှုများ ပြည့်လျှံလျက် ငိုချပစ်လိုက်တော့သည်။ အရပ်အမောင်း မြင့်မားထွားကြိုင်းလှသော လုကျောက်တစ်ယောက် ကြောင်အမ်းသွားရ၏။ သူသည် ပန်းလေးကို ရက်ရက်စက်စက် ခြေမွမည့်အကြံကို လက်လျှော့လိုက်ရုံသာမက သူမ၏ မျက်ရည်များကိုပါ အသာအယာ သုတ်ပေးလိုက်ရတော့သည်။ "မင်း ငါ့ကို တစ်ခါလောက် ထိပေးရင်၊ ငါ မင်းကို မရိုက်ဘူး" မျက်ရည်ဝိုင်းနေသော မျက်ဝန်းလေးများဖြင့် စူးယွင်ချီက လက်လှမ်းပြီး သူ့ကို တို့ထိလိုက်သည်။ ထိုအခါတွင်တော့ အလွန်အမင်း စိတ်လှုပ်ရှားနေသော လူတစ်ယောက်က သူမကို တစ်ကိုယ်လုံး ဝါးမြိုပစ်လိုက်ပြီး ညဉ့်နက်သည်အထိ ဇနီးငယ်လေးကို ချော့မော့ရင်း အချိန်ကုန်လွန်စေခဲ့တော့သည်။ ဒုတိယမြောက်ညတွင်တော့ သူသည် အချိုကို မြည်းစမ်းမိသွားပြီး စွဲလမ်းနှစ်သက်သွားခဲ့သည်။ တတိယမြောက်ညတွင်မူ ထိုဉာဏ်များသော လူစားသားရဲကြီးက သရဲတစ္ဆေပုံပြင်ကို အသုံးပြုကာ သူ့ဇနီးလေးကို ကိုယ်တိုင် အစပြုလာအောင် လှည့်စားခဲ့လေသည်။ နောက်ပိုင်းတွင်တော့ ထိုရွာလူမိုက်ကြီးက သူ့ရဲ့ နုနုနယ်နယ် ဇနီးငယ်လေးအတွက် အရာအားလုံးကို လိုလိုလားလား ပေးဆပ်ခဲ့တော့သည်! ✨✨✨✨✨✨✨✨✨✨✨✨✨✨✨ နှုတ်သီးကောင်းလျှာထက်ပြီး ဇနီးသည်ကို အလိုလိုက်လွန်းသော ရွာလူမိုက်ကြီး VS နုနယ်ပြီး အလိုက်သိတတ်ကာ ချစ်စရာကောင်းသော ရွာပန်းလေး ... 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Vale ( ဗေးလ် ) ရဲ့ "၈၀ပြည့်နှစ်များတွင် ရွာလူမိုက်ကြီး နှင့် လှပသောဇနီးလေး " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-646-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • လူချမ်းသာမိသားစုထဲလက်ထပ်ဝင်ရောက်လိုက်တဲ့ရုပ်လွန်ဆရာသခင် English Title - When a Master of Metaphysics Marries into a Wealthy Family Genre - BL, Comedy, Transmigration, Romance, Supernatural 🌠 Description ရှန်းယဲ့ ကူးပြောင်းသွားခဲ့သည် ။ မူလခန္ဓာကိုယ်ပိုင်ရှင်က အတော်သနားစရာကောင်းသည့်သူဖြစ်သည် ။ မိခင်ဖြစ်သူက ဖခင်နှင့်မယားငယ်မတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရ၏ ။ မိထွေးဖြစ်သူက သူ့ကိုဖျော်ဖြေရေးလောကထဲသို့ဝင်ရန် ဖိအားပေးကာ နောက်ပိုင်းတွင် မိထွေးဖြစ်သူ၏ အကွက်ချဖျက်ဆီးခြင်းကို ခံလိုက်ရသည် ။ မူလကိုယ်၏ ခန္ဓာကိုယ်ကို ရှန်းယဲ့ ယူလိုက်သည့်အချိန်တွင် မယားငယ်၏သားဖြစ်သူက သူ့ကိုလှေကားပေါ်မှတွန်းချခံလိုက်ရသည့် အချိန်ဖြစ်နေ၏ ။ မူလကိုယ်၏ မိခင်ဘက်မှ အဖွားတော်စပ်သူက မြေးဖြစ်သူ ရှန်းမိသားစုတွင် ဆက်လက်နေထိုင်မည်ဆိုပါက သေသည်အထိဘဝတစ်လျှောက်လုံး နှိပ်စက်ခံရမည်ကိုစိုးရိမ်သောကြောင့် ယဲ့ဇယ်နှင့် လက်ထပ်ရန် တွန်းအားပေးစီစဥ်တော့သည် ။ ယဲ့ဇယ်က ယဲ့မိသားစုခေါင်းဆောင်ဖြစ်သဖြင့် သူ့ကိုကာကွယ်ပေးနိုင်သည့် အာဏာအလုံအလောက်ရှိသည့် သူပင်ဖြစ်၏ ။ သူ့ထံတွင် စွမ်းရည်များနိုးထလာသောကြောင့် ယဲ့ဇယ်ကို အားကိုးရန်မလိုတော့ဟု အဖွားဖြစ်သူကို ရှန်းယဲ့ ပြောပြလိုက်သည် ။ မကြာမီမှာပင် သူက ရုပ်လွန်ဒဿနနယ်ပယ်တွင် ဆရာတစ်ဆူဖြစ်လာကာ ဖျော်ဖြေရေးလောကကြီးတစ်ခုလုံးကို လွှမ်းမိုးတော့မည်ဖြစ်၏ ။ သူကိုယ်တိုင်ကသာ သူ့အတွက်အားကိုးရာဖြစ်သည် ။ သို့သော်လည်း အဖွားဖြစ်သူ၏ ဆန္ဒကိုအပြင်းအထန်ငြင်းဆန်ခဲ့သည့်တိုင် ယဲ့ဇယ်ကို မြင်မြင်ချင်းချစ်မိသွားခဲ့၏ ။ ဘယ်သူကများ ငါ့ကို ပထမဆုံးအကြိမ်မြင်တာနဲ့ ချစ်မိသွားဖို့‌ပြောလို့လဲ … တစ်ဖက်လူ၏ ခန္ဓာကိုယ်နားတွင်ရစ်ဝဲနေသည့် ခရမ်းရောင်ကောင်းချီးအငွေ့အသက်များက သူ့ကိုအလွန်သက်တောင့်သက်သာခံစားရစေသည် ။ သူက အဖွားဖြစ်သူပေးထားခဲ့သည့် ဘိုးဘွားပိုင်ကျောက်စိမ်းပြားကိုထုတ်လိုက်ပြီးသည့်နောက် ယဲ့ဇယ်၏ မျက်နှာရှေ့တွင် လွှဲပြကာ လှည့်စားတတ်သည့် ကြောင်လေးတစ်ကောင်ကဲ့သို့ပြုမူလိုက်သည် ။ ရှုရှုရေ လက်ထပ်ကြရအောင်လေ … ယဲ့ဇယ် : … ယဲ့ဇယ် အချိန်အတော်ကြာသည်းခံခဲ့ရပြီးသည့်နောက်  မင်္ဂလာဦးညသို့ရောက်မှသာ အခေါ်အဝေါ်ကိုပြောင်းခိုင်းနိုင်ခဲ့သည် ။ ကိုယ့်ကို ယောက်ျားလို့ခေါ် … ထို့နောက်တွင် အခြေအနေများက ဤသို့ပြောင်းလဲသွားတော့သည် ။ နိုင်ငံတကာမှ ရုပ်ရှင်ဘုရင်မ: ကျေးဇူးပြုပြီး ကျွန်မကို ကံကြမ္မာဟောပေးပါ… နိုင်ငံတွင်းမှ ရုပ်ရှင်ဧကရာဇ် : ကျေးဇူးပြုပြီး ကျွန်တော့်ကို ကံကြမ္မာဟောပေးပါ… နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်လေး : ကျေးဇူးပြုပြီး ကျွန်မကို ကံကြမ္မာဟောပေးပါ… မယားငယ်၏မိသားစု : ကျေးဇူးပြုပြီး ငါတို့ကိုလွှတ်ပေးပါတော့ … 🌠🌠🌠 Hello Reader လေးတို့ရေ ... ဒီနေ့လည်း IQ Team ရဲ့ "လူချမ်းသာမိသားစုထဲလက်ထပ်ဝင်ရောက်လိုက်တဲ့ရုပ်လွန်ဆရာသခင် " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-645-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ကူးပြောင်းလာသူ၏ကျင့်ကြံခြင်းခရီးစဉ်(ဘာသာပြန်) ဇာတ်လမ်းအကျဉ်း မသေမျိုးလောကအတွင်းမှာ အဓိကလောကကြီးကိုးထောင်ရှိပြီး ထိုလောကကြီးများကို အထက်လောက သုံးထောင်၊ အလယ်လောက သုံးထောင်နှင့် အောက်လောက သုံးထောင်ဟူ၍ ခွဲခြားထားကာ အခြားသောကမ္ဘာငယ်လေးများစွာလည်း ရှိကြသည်။ ရွှီဇစ်ချင်းသည် သူ၏ယခင်ဘဝတုန်းက ရောဂါသည်တစ်ယောက်ဖြစ်ခဲ့သည်။ ဤဘဝအသစ်တွင်မူ သူသည် တောင်နှင့်မြစ်များကြားရှိ လှပသောရှုခင်းများထဲတွင် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းသွားလာရန်သာ ကြံရွယ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူ အသက် (၁၃) နှစ်အရွယ်သို့ ရောက်သောအခါ တစ်မနက်အတွင်းမှာပင် သူ၏ဘဝသည် စိတ်ကူးယဉ်ဆန်သောထူးခြားဖြစ်စဉ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ တစ်ဦးတစ်ယောက်၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အမြစ်များ ပါရှိလာပါက ထိုသူသည် မသေမျိုးဖြစ်ရန်အတွက် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မဖြစ်မနေ လျှောက်လှမ်းရပေမည်။ အကယ်၍ ထိုသို့မလုပ်ဆောင်လိုပါက အခြားသူများ၏ခြေဖဝါးအောက်ရှိ ကျောက်ခဲတစ်လုံးကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် သူ့အား နောက်သို့တွန်းပို့နေသည့်လှိုင်းလုံးများကိုအားပြုကာ ရှေ့သို့သာ ဆက်လက်တိုးဝင်ပြီး သူ၏ရှေ့မှ အတားအဆီးများကို ထပ်တလဲလဲ ကျော်ဖြတ်ခဲ့ရသည်။ ထျန်းကျွင်း(ကောင်းကင်ဘုံအရှင်သခင်) ၏အောက်တွင် လူသားအားလုံးသည် ပိုးမွှားများသာဖြစ်ကြသည်။ ရွှီဇစ်ချင်း၏ဘဝသည်လည်း ဖုန်မှုန့်လေးတစ်ခုကဲ့သို့ သေးငယ်လှသော်လည်း သူသည် သူ၏စိတ်နှလုံးနောက်သို့လိုက်ကာ သူ၏ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရင်း မိမိကိုယ်ကိုမိမိ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလိုသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကိုကျင့်ကြံခြင်းဖြင့် ပြောင်းလဲလိုက်သောအခါ ခွမ်ဖုန်း(ဒဏ္ဍာရီလာငှက်ကြီး)ကဲ့သို့ပင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ကောင်းကင်ဘုံကိုးပါးအောက်ရှိ နေရာအနှံ့အပြားသို့ ခရီးနှင်သွားခဲ့လေတော့သည်။ ----- MTL version ဖြစ်ပါသည်။ စာဖတ်သူများ ဖတ်ရလွယ်ကူအဆင်ပြေအောင် အတတ်နိုင်ဆုံးဖြည့်စွက် ရေးသားထားပါသည်။ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Peony translation team ရဲ့ "ကူးပြောင်းလာသူ၏ကျင့်ကြံခြင်းခရီးစဉ်(ဘာသာပြန်)" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-644-chapters 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • နတ်ဘုရားဂိမ်း ဇာတ်လမ်းအကျဉ်း 👇👇 ကောင်းယန်တစ်ယောက် ဇာတိမြေမှ အားလပ်ရက်ခရီးစဉ်အပြီး ပြန်လည်ရောက်ရှိလာချိန်တွင် သူ့ခရီးဆောင်အိတ်အတွင်း၌ အလွယ်တကူ စွန့်ပစ်၍မရနိုင်သည့် သစ်သားဖြင့် ပြုလုပ်ထားသော လက်ရှစ်ချောင်းပါရှိသည့် နတ်ဆိုးကွမ်ရင်ရုပ်တုကို တွေ့ရှိလိုက်ရလေသည်။ ဘုရားကျောင်းထဲ ခြေချမိလိုက်သည်နှင့် ကောင်းယန်တစ်ယောက် ကွမ်လော့ယင် အခင်းအကျင်းထဲသို့ ကျရောက်သွားခဲ့၏။ ထိုနောက် နားထဲ၌ အချက်ပေးသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။ "နတ်ဘုရားတို့၏ ကစားပွဲမှ ကြိုဆိုပါတယ်။ပထမဦးစွာ နတ်ဘုရားတို့၏ စကားကို နားထောင်ပြီး မပျက်မကွက် လိုက်နာနိုင်ရန် ကြိုးစားပါ" .…...... နောက်ဆုံးရ သတင်းထိပ်ဆုံးခေါင်းစဉ်၌ ဤသို့ ဖော်ပြထား‌၏။ "တုန်လှုပ်ဖွယ်ရာ! တစ်ကမ္ဘာလုံးမှာ အမြင့်ဆုံး နတ်ဘုရားအဆင့် အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် ချူစွေ့ပိရဲ့ တည်နေရာက လျှို့ဝှက်ချက် ဖြစ်နေဆဲ ဆိုပေမယ့် အတွင်းသတင်းတွေအရတော့ ချူစွေ့ပိက သူ့ဇနီးဖြစ်သူကို လိုက်လံရှာဖွေနေတယ်တဲ့။ ဟုတ်ပါတယ်၊ သင်တို့ အခုဖတ်ရှုလိုက်ရသည်မှာ အမှန်ပဲ။ ထိုအသက်ကြီးတဲ့ ခွေးကဲ့သို့ ချူစွေ့ပိမှာ ဇနီးသည်ရှိနေလေပြီ" လောကီရေးရာနှင့် ပတ်သက်မှုမရှိသော ကောင်းယန်တစ်‌ယောက် စည်းမျဉ်းများကို ချိုးဖောက်ရန် အလွန်ပင် စိတ်အားထက်သန်နေသည့် ချူ‌စွေ့ပိနှင့် တွေ့ဆုံလိုက်ရသည့်အချိန်၌.…... "ကျွန်တော်က လူကောင်းတစ်ယောက်ပါ" ကောင်းယန်က ပြောလိုက်သည်။ "ကိုယ်လဲ အတူတူပါပဲ" ချူစွေ့ပိက ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်တာတွေ ! " နတ်ဘုရားတို့က အော်ဟစ်လိုက်၏။ သူ ဘာတွေများ ကြံစည်နေပါလိမ့်...?။ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Starlysky ရဲ့ "နတ်ဘုရားဂိမ်း " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-642-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • 1990 ခုနှစ်မှဗီလိန်ကြီးနဲ့ကြင်စဦးဘဝ English Title - Newlyweds daily life in 1990s Genre - Transmigration, Drama, Fantasy, Slice of life, 🖼 ဇာတ်လမ်းအကျဉ်း ဟယ်ယဲ့ချင်းတစ်ယောက် ဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာချိန်မှသာ မိမိကိုယ်မိမိ ဝတ္ထုတစ်ပုဒ်ထဲတွင် ရှင်သန်နေထိုင်နေရမှန်း ရိပ်စားမိလိုက်တော့သည်။ သို့သော်လည်း သူမက ကံကောင်းလှသော မင်းသမီးတစ်ဦးမဟုတ်သလို၊ ဇာတ်ရှိန်မြှင့်ပေးရသည့် ဇာတ်ပို့တစ်ဦးပင် မဟုတ်ဘဲ အစောပိုင်းကတည်းက အသက်ပျောက်သွားရမည့် "အမြှောက်စာ" အရံဇာတ်ကောင် သက်သက်မျှသာ ဖြစ်နေလေသည်။ သူမနှင့် မူရင်းဝတ္ထုအကြားတွင် တစ်ခုတည်းသော ပတ်သက်မှုက ဇာတ်လမ်းထဲမှ ဗီလိန်ဘစ်ရှော့ကြီးနှင့် သူမက တစ်ရွာတည်းသား ဖြစ်နေခြင်းပင် ဖြစ်၏။ သို့သော်လည်း ဟယ်ယဲ့ချင်းတစ်ယောက် ထိုအရေးကိစ္စများကို တွေးတောနေရန် အချိန်မရှိခဲ့ပေ။ အကြောင်းကမူ သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့ရုံမက၊ ယခုအခါ အတင်းအဓမ္မ ပေးစားမည့် အိမ်ထောင်ရေးအန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့်ပင် ဖြစ်သည်။ ထိုအတင်းအကျပ်လက်ထပ်ခြင်းကပင် သူမအား အသက်အစောကြီး သေဆုံးစေမည့် လမ်းစဖြစ်နေလေသည်။ ထို့ကြောင့် ဟယ်ယဲ့ချင်းက အပြတ်အသတ်ပင် ငြင်းဆန်လိုက်တော့သည်။ “အတင်းအဓမ္မ ပေးစားတာတွေ ဘာတွေ စိတ်မဝင်စားဘူး… ငါက တက္ကသိုလ်တက်မှာ…” ထို့ကြောင့် ဟယ်ယဲ့ချင်းသည် သူမ၏ကံကြမ္မာကို ကိုယ်တိုင်စီမံရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် အိမ်ထောင်စုစာရင်းကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများက မိဘများလက်ထဲတွင် ရှိနေဆဲဖြစ်ရာ၊ သူမအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရရှိရန် လက်ထပ်ခြင်းဟူသော လမ်းစဉ်ကို ရှောင်လွှဲ၍မရနိုင်ပေ။ သို့သော် လင်ယောက်ျားဖြစ်မည့်သူကိုမူ သူမ ကိုယ်တိုင်ရွေးချယ်နိုင်သည်။ ဥပမာအားဖြင့် ဆိုရသော်… တစ်ရွာလုံးက ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြပြီး နာမည်ဆိုးဖြင့် ကျော်ကြားလွန်းလှသဖြင့် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိနေသော်လည်း မည်သူကမျှ အဖက်လုပ်ရန်ပင် အရေးမစိုက်ကြသည့် ဇာတ်လမ်းထဲမှ ဗီလိန်ကြီးပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝတ္ထုထဲရှိ ထိုဗီလိန်ကြီးသည် အေးစက်စက်နိုင်လှပြီး အချစ်ရေးအပေါ်၌လည်း မည်သည့်စိတ်ကူးယဉ်မှုမျှ မရှိသူ ဖြစ်သည်။ ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်စလုံး မိမိတို့အကျိုးစီးပွားအတွက် သဘောတူညီမှုရယူကာ တစ်နှစ်ခန့် ကြာပြီးနောက်တွင်မူ အသီးသီး လမ်းခွဲကြရန် စီစဉ်ခဲ့ကြသည်။ သူမက တက္ကသိုလ်ကျောင်းသူ ဖြစ်လာမည်ဖြစ်ပြီး၊ သူကလည်း သူ၏စီးပွားရေး အင်ပါယာကြီးကို ချဲ့ထွင်ရပေလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်သဖြင့် ဤအစီအစဉ်က အလွန်ပင် ပြီးပြည့်စုံလှပေသည်။ သို့သော်လည်း နှစ်အနည်းငယ် ကြာလွန်သွားသောအခါ... ထိုကြောက်မက်ဖွယ် ဗီလိန်ကြီးက နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာဖြင့် သူတို့၏ရင်သွေးငယ်ကို ကြင်နာယုယစွာ ပြုစုစောင့်ရှောက်နေသည်ကို ကြည့်ရင်း... ဟယ်ယဲ့ချင်း- “ငါ တွက်ကိန်းမှားသွားပြီ…” … ရွာထဲတွင် အရိုင်းစိုင်းဆုံးနှင့် အကြမ်းတမ်းဆုံးဟု နာမည်ကြီးသည့် ရှန်လီသည် ဟယ်ယဲ့ချင်းအပေါ် တိတ်တခိုး ရင်ခုန်စွဲလမ်းနေခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။ ထိုသို့ဖြင့် တစ်နေ့သောအခါတွင်မူ သူ စိတ်ကူးယဉ်ခဲ့ရသည့် ကောင်မလေးက သူ့ရှေ့၌ ပိတ်ရပ်ကာ စကားတစ်ခွန်း ဆိုလာခဲ့သည်။ “ကျွန်မကို လက်ထပ်ပါ…” ရှန်လီ -“…” ဒီလောက် ကောင်းလွန်းတဲ့ ကံတရားမျိုး တကယ်ပဲ ရှိနိုင်ပါ့မလား… 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ IQ Team ရဲ့ "1990 ခုနှစ်မှဗီလိန်ကြီးနဲ့ကြင်စဦးဘဝ" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-641-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • သေဆုံးပြီးနောက်တဖန်ကျော်ကြားခြင်း English Title - After I died, I became popular again Genre - BL, Showbiz, School Life, Comedy, Romance, 🎨 Description ထန်မင်းဆက်ခေတ်၏ ပန်းချီဆရာတစ်ဦးဖြစ်သူ ဖုယီက သေဆုံးပြီးနောက် ခေတ်သစ်ကမ္ဘာရှိ ချီလင်ချင်းအမည်ရှိသော သခင်လေးတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်ဝင်စားလာခဲ့သည်။ ထိုသခင်လေးမှာ မိသားစု၏ ငွေကြေးထောက်ပံ့မှု ဖြတ်တောက်ခြင်းကို ခံထားရသူ ဖြစ်သည်။ သူက စားဝတ်နေရေးအတွက် ပန်းချီဆွဲခြင်းနှင့် လက်ရေးလှရေးခြင်းအတတ်ပညာတို့ကို ကြိုးစားပမ်းစား လုပ်ကိုင်လေတော့သည်။ လူအများက ထိုသခင်လေးသည် ပန်းချီပညာရှင် ဟန်ဆောင်နေခြင်းသာဖြစ်သည်ဟု ထင်မှတ်ကာ လှောင်ပြောင်ရန် စောင့်ကြည့်နေခဲ့ကြသော်လည်း တကယ်တမ်း ဖြစ်ပျက်လာသည်မှာ —— ရှေးခေတ်ဇာတ်လမ်းရိုက်ကူးသည့် ဒါရိုက်တာမှာ ဤသို့ခါးသီးစွာပြောလာသည်။ "ငါ့ဇာတ်ကားထဲမှာ လာသရုပ်ဆောင်ပေးပါ" People’s Daily): #ချီလင်ချင်း... တရုတ်ရိုးရာပန်းချီလောက၏ အသက်အငယ်ဆုံး ပါရမီရှင်လူငယ်# မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်သည့်အခါတွင်မူ ချီလင်ချင်းက အလွန်ရိုးသားစွာ ပြောကြားခဲ့သည်။ "တကယ်တော့ ကျွန်တော့်ရဲ့ ပန်းချီလက်ရာတွေက သာမန်ပါပဲ..." ငါက အတိတ်ဘဝတုန်းကလည်း ပန်းချီဆရာဆိုပေမယ့် ဆင်းရဲမွဲတေခဲ့တာ‌ပဲလေ… လူအုပ်ကြီး “?” မင်းက ကိုယ့်အရည်အချင်းကိုယ် ဘာလို့ ဒီလောက်တောင် အထင်သေးနေရတာလဲ… နောက်ပိုင်းတွင် နာမည်ကျော် တရုတ်ရိုးရာပန်းချီပညာရှင်ကြီးတစ်ယောက်က အံ့ဩတကြီးဖြင့် ချီးကျူးလေတော့သည်။ "မင်းရဲ့ စုတ်ချက်တွေက ပန်းချီသူတော်စင်ကြီးအတိုင်းပဲ...." 'ပန်းချီသူတော်စင်' ဟူသော စကားရပ်ကို ကြားလိုက်ရသည့်အခါတွင်မူ ချီလင်ချင်းက အလန့်တကြားဖြင့် နှိမ့်ချစွာ ပြန်လည်ပြောကြားခဲ့သည်။ "ကျွန်တော်က အဲဒီလောက်အထိတော့ မဟုတ်ပါဘူး အဲလိုမနှိုင်းပါနဲ့ဦး…" ပညာရှင်ကြီး: "ပန်းချီသူတော်စင်ကြီး... ဖုယီ…" ထိုအခါမှ ချီလင်ချင်းလည်း အကြောင်းစုံကို ရုတ်တရက် သဘောပေါက်သွားသည် - "?" ဖုယီဆိုတာ... ငါ မဟုတ်ဘူးလား… ———– ဝိညာဉ်နှစ်ခု ကူးပြောင်းခြင်း ဆရာသခင် × တပည့် 🎨🎨🎨 Hello Reader လေးတို့ရေ ... ဒီနေ့လဲ IQ Team ရဲ့ "သေဆုံးပြီးနောက်တဖန်ကျော်ကြားခြင်း" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-640-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • [အမွှေးလုံးလေးတို့ မိသားစု] Total _ 145 chapters Description ဝေ့ရှင်းသည် ငယ်စဉ်ကတည်းက စိတ်ရောဂါ ခံစားနေခဲ့ရသူဖြစ်သည်။ ဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် သူ အိမ်မွေးတိရစ္ဆာန်လေးများကို စတင်မွေးမြူခဲ့တော့သည်။ မိုးများ သည်းထန်စွာရွာသွန်းနေသည့် ညတစ်ညတွင် ဒဏ်ရာရနေသော အနက်ရောင် အမွှေလုံးလေးတစ်လုံးကို ချီကာ သူ့ အိမ်သို့ ခေါ်လာခဲ့လေသည်။ အနက်ရောင် အမွှေးလုံးလေးမှာ အလွန်တသီးတသန့်ဆန်ကာ မည်သူ့ကိုမှလည်း အဖတ်မလုပ်ပေ။ ထိုအမွှေးလုံးလေးသည် အိမ်မွေးတိရစ္ဆာန်များစားသည့် အစားများကိုလည်း မစားသလို သူ့ကိုလည်း အထိမခံချေ။ ထို့အပြင် အမွှေးလုံးလေး၏ခန္ဓာကိုယ်မှာ မကြာခဏဆိုသလို ဆင့်ကဲပြောင်းလဲလာတတ်ပြီး နာကျင်မှုကြောင့် ခပ်တိုးတိုးညည်းညူနေတတ်သည်။ သို့သော် ဝေ့ရှင်းမှာ လွဲမှားနေသည့်အရာ တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။ အမွှေးလုံးလေးစားရန်အတွက် စားစရာများ ကြိုးစား၍ ချက်ပေးပြီး၊ အမွှေးလုံးလေး နာကျင်နေလျှင်လည်း လက်မောင်းထဲ၌ပွေ့ထားကာ ညင်ညင်သာသာလေး ပုတ်ပေးပြီး ချော့မြူပေးလေ၏။ နောက်ဆုံး၌ အမွှေးလုံးလေးများမှာ တစ်လုံးပြီးတစ်လုံး ဝေ့ရှင်း၏အိမ်သို့ ရောက်လာကြကာ တစ်လုံးကိုတစ်မျိုးသောင်းကျန်းလေသည်။ တသီးတသန့်ဆန်လွန်းသော အနက်ရောင်အမွှေးလုံးလေးပင်လျှင် စတင်ပြီး ပုန်ကန်တတ်လာကာ ဝေ့ရှင်းသတိလွတ်သွားသည့်အချိန်များအား အခွင့်အရေးယူ၍ အခြားအမွှေးလုံးများကို ရိုက်နှက်ပြီး အနိုင်ကျင့်တတ်လာတော့သည်။ သူနှင့် အမွှေးလုံးလေးများ မတော်တဆ ကွဲသွားခဲ့ကာ ထိပ်တန်းအဆင့် သန္ဓေကူးပြောင်းသားရဲများ ပေါ်ပေါက်နေသည်ဟု သတင်းထွက်လာသည့် အခြေစိုက်စခန်းဆီသို့သွားမည့် အုပ်စုကြီးတစ်စုထဲသို့ သူဝင်လိုက်တော့သည်။ ထိုသန္ဓေပြောင်းသားရဲများမှာ နယ်မြေတစ်ခုကို ဘုရင်တစ်ပါးကဲ့သို့ အုပ်ချုပ်ကြီးစိုးနိုင်သည်အထိ စွမ်းအားကြီးကြကာ ကြမ်းကြုတ်ရက်စက်တတ်ကြလွန်းသဖြင့် လူသားများကိုပင် ကြောက်ရွံ့စေသည်။ သို့သော် ထိုသားရဲများအားလုံးမှာ ကမ္ဘာပေါ်ရှိ လူသားတစ်ယောက်ကို အလောတကြီးလိုက်ရှာနေခဲ့ကြသည်။ နေ့စဉ်နေ့တိုင်း ရုန်းကန်နေရသော လူသားများမှာ မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုအား ရှာတွေ့သွားသည့်အတိုင်း ခံစားလိုက်ရတော့သည်။ နောက်တော့ တစ်ချိန်တည်းမှာပဲ “ဝေ့ရှင်း” ဆိုသည့် လူအားရှာရန်အတွက် တစ်ကမ္ဘာလုံးပွက်လောရိုက်သွားကြတော့သည်။ xxxx Hello Reader လေးတို့ရေ ... ဒီနေ့လဲ Ichika Translation Team ရဲ့ "အမျိုးသားဇာတ်လိုက်၏လျို့ဝှက်ထားသော ချမ်းသာသည့်အကိုနှင့်လက်ထပ်ခြင်း " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-638-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 4 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး Description သူမသည် မြို့တော်ကြီး၏ သန်းခေါင်စာရင်းဝင်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူမ၏ ရုပ်ရည်ရူပကာမှာလည်း တစ်လမ်းလုံးတွင် အလှဆုံး ပန်းတစ်ပွင့် ဖြစ်စေခဲ့သည်။ ရွှီမုန့်၏ နောက်သို့ လိုက်နေကြသော ယောကျာ်းလေးများမှာ လမ်းမကြီးတစ်ခုလုံး ပြည့်လုမတတ် တန်းစီနေနိုင်သော်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသည့်နှစ်တွင်မူ သူမ၏ ကံကြမ္မာသည် အလှည့်အပြောင်းကြီး ဖြစ်သွားခဲ့ရသည်။ သူမ စာမေးပွဲကျခဲ့သည်။ သူမ၏ မိခင်ဖြစ်သူသည်လည်း မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ အလုပ်အကိုင် ရှာဖွေရာတွင်လည်း ခြေလှမ်းတိုင်း၌ အဆင်မပြေမှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်… သူမ မကွယ်လွန်မီ အချိန်အထိတိုင်အောင်ပင် သူမ မသိခဲ့ရသည့် အမှန်တရားမှာ… သူမ၏ တက္ကသိုလ်ဝင်ခွင့် သတိပေးချက်စာစောင်ကို အခြားသူတစ်ဦးက ခိုးယူသွားခဲ့ခြင်း၊ အိမ်ဟောင်း ဖျက်သိမ်းမှုအတွက် ရရှိမည့် နစ်နာကြေး လျော်ကြေးငွေများ ခိုးယူခံခဲ့ရခြင်းနှင့် နောက်ဆုံးတွင် သူမမိခင်၏ သေဆုံးမှုမှာပင် သံသယဖြစ်ဖွယ်ရာများ ဖုံးလွှမ်းနေခဲ့ခြင်းတို့ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူမ၏ နာမည်ကို အသုံးပြုပြီး အေးအေးလူလူနှင့် ကံကောင်းလွန်းသော ဘဝကို ဖြတ်သန်းသွားခဲ့ကြခြင်းပင် ဖြစ်သည်။ သူမ မျက်လုံးများကို ပြန်လည်ဖွင့်ကြည့်လိုက်ချိန်တွင်မူ ရင်းနှီးလှသော လမ်းကြားလေး၊ ပျက်စီးယိုယွင်းနေသော စီဟဲယွမ်နှင့် ဆူညံပွက်လောရိုက်နေသော အိမ်နီးနားချင်းများ၏ ဝန်းရံမှုကြားသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နံရံပေါ်တွင် ချိတ်ဆွဲထားသော ၁၉၉၀ ပြည့်နှစ် ဟု ရေးထားသည့် ပြက္ခဒိန်ကို ကြည့်ရင်း သူမသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမဖြေဆိုမီ နွေရာသီကာလသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။ ဒီတစ်ကြိမ်တွင်မူ၊ ရွှီမုန့်သည် ထိုအိမ်ကြီးထဲမှနေ၍ သူမ၏ မိခင်နှင့်အတူ ရဲရဲဝံ့ဝံ့ လှမ်းထွက်ခဲ့တော့မည်… 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Author Khat ရဲ့ "၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-637-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • 🕊️ငှက်မျိုးနွယ်စုဝင်တစ်ဦးဖြစ်လာပြီးတဲ့နောက်လယ်ပဲစိုက်ချင်တော့တယ် (ဘာသာပြန်)🕊️ ဇာတ်လမ်းအကျဉ်း အားလုံးက ပိုင်ဝူ့ကို စိတ်မနှံ့သူလို့ ပြောကြတယ်။ သားရဲငယ်တစ်ယောက်အနေနဲ့ သူဟာ ကစားတာ၊ မိတ်ဆွေဖွဲ့တာ၊ ချစ်ခြင်းမေတ္တာဆိုတဲ့အရာတွေနဲ့ ဝေးဝေးနေတတ်ပါတယ်။ သူ့ရဲ့အကြီးမားဆုံးဝါသနာကတော့ အမျိုးမျိုးသောမျိုးစေ့တွေကို စုဆောင်းပြီး စိုက်ပျိုးဖို့ပါပဲ။ ဒါပေမဲ့ အပင်တွေက တစ်နေရာစီ ပေါက်နေကြတယ်။ ငှက်သားရဲမျိုးနွယ်စုတစ်ခုလုံးမှာ ပိုင်ဝူလိုကြည့်ကောင်းတဲ့သားရဲငယ်ကိုရှာဖွေလို့မရနိုင်ပေမဲ့ သူ့ရဲ့ဦးနှောက်ကတော့ ပုံမှန်မဟုတ်ဘူးလို့ ပြောကြတယ်။ နောက်ပိုင်းမှာတော့ ပိုင်ဝူရဲ့စပါးတွေဟာ မျိုးနွယ်စုတစ်ခုလုံးကို ခက်ခဲတဲ့ဆောင်းရာသီကနေ ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တယ်။ ဒါဟာ မျိုးနွယ်စုရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် ဘယ်သူမှငတ်ပြတ်သေဆုံးခြင်းမရှိခဲ့တဲ့နှစ်လဲဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပိုင်ဝူဟာ မျိုးနွယ်စုရဲ့ပထမဆုံးကျောက်အိမ်မှာ ကုန်စုံဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့တယ်။ အစားအစာအမျိုးမျိုးနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ လူတွေရဲ့မျက်စိကိုပြူးကျယ်သွားစေခဲ့ပါတယ်။ ဆိုင်ကို ကြည့်ရှု့နေတဲ့သူကတော့ ငှက်မျိုးနွယ်စုရဲ့နံပါတ်တစ်ကျွမ်းကျင်သူ၊ ကြီးမြတ်တဲ့သခင်ဘုန်းတော်ကြီး၊ "မြင့်မားတဲ့တောင်‌ပေါ်ကပန်း"လို့ သိကြတဲ့သူပါ။ အရင်တုန်းက ကောင်းကင်‌ရေကန်ဆီကိုပျံသန်းသွားပြီး ရေချိုးဖို့ စိတ်ဝင်စား‌နေခဲ့တဲ့ဘုန်းတော်ကြီးဟာ အခုတော့ နိမ့်ကျတဲ့ကျောက်ဂူထဲမှာ အေးအေးဆေးဆေးထိုင်ပြီး ပစ္စည်းတွေရဲ့တန်ဖိုးကို တွက်ချက်တယ်၊ လဲလှယ်တယ်။ ဒါကတော့ ပိုင်ဝူရဲ့သဘောအကျရဆုံးသူဖြစ်လာဖို့အတွက်ပါပဲ။ ဒီအချိန်မှာတော့ မျိုးနွယ်စုထဲမှာရှိတဲ့လူတိုင်းက ပိုင်ဝူဟာစိတ်မနှံ့တဲ့အရူးတစ်ယောက်မဟုတ်ဘူး၊ သူဟာ ဘုရားသခင်လိုပါပဲလို့ အသိအမှတ်ပြုလာကြပါတော့တယ်။ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ Peony translation team ရဲ့ "ငှက်မျိုးနွယ်စုဝင်တစ်ဦးဖြစ်လာပြီးတဲ့နောက်လယ်ပဲစိုက်ချင်တော့တယ် " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-636-chapters 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ် Description တစ်ရက်မှာတော့ Promontory Forum's Feelings board မှာ "ချိန်းတွေ့ဖို့ မသင့်တော်ဘူး" လို့ ခေါင်းစဉ်တပ်ထားတဲ့ ဖိုရမ်ပို့စ်နှစ်ခုဟာ တစ် ချိန်တည်းနီးပါးမှာ ပေါ်လာခဲ့ပါသည်။ အသုံးပြုသူ A- “ငါ့မှာ လေးနက်တဲ့ စိတ်ပိုင်း ဆိုင်ရာ သန့်ရှင်းမှု နဲ့ ပိုင်ဆိုင်လိုမှု ပြင်းထန်တဲ့ ကိုယ်ရေးရာဇဝင်ရှိတယ်။ ငါ့ရည်းစားက အချစ် ရေးမှာ အတွေ့အကြုံရှိရင် ငါ လက်မခံနိုင်ဘူး။ ငါ စိတ်ရောဂါကု ဆရာဝန်ကို သွားပြကြည့်ပေမယ့် မသက်သာသေးပါဘူး။ ငါတကယ်ချိန်းတွေ့ဖို့မ သင့်တော်ဘူး။” အသုံးပြုသူ B- “ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူး လို့ ငါထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစား ချက်တွေကို ထုတ်ဖော်ပြောဆိုခြင်းရဲ့ မရေရာတဲ့ အဆင့်ကို ငါ အရမ်းနှစ်သက်တယ်၊ ဒါပေမယ့် တရားဝင်လက်တွဲပြီးနောက်၊ သူတို့က ကျွန်တော့်ကို ပွေ့ဖက်ချင်ရင် ဒါမှမဟုတ် နမ်းချင်တယ်ဆိုရင် ငါ ချက်ချင်း မအီမသာ ဖြစ်သွားတတ်တယ်။" အင်တာနက်အသုံးပြုသူ - “မင်းတို့နှစ်ယောက် အတူတူရှိကြဖို့ မေတ္တာရပ်ခံပါတယ်။ သူများတွေကို သွားမထိခိုက်စေနဲ့။” 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ ✅completed ဖြစ်သွားတဲ့ Author Khat ရဲ့ "ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-635-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • ၈၀ ခုနှစ်သို့ ဇာတ်ပို့လေး၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း Description ရှုယွမ်သည် ၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ ကြင်ဖက်ရှာနေသည့် အချိန်အပိုင်းအခြား အလယ်တည့်တည့်၌ ကူးပြောင်းရောက်ရှိလာခဲ့သည်။ အောင်သွယ်တော်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးများစင်ထွက်မတတ် မိတ်ဆက်ပေးနေသည်။ “သူမကို ကြည့်လိုက်စမ်းပါ၊ အရမ်းကို လှပတဲ့ မျက်နှာလေး၊ ကျေးလက်ဒေသကနေ ပြန်ရောက်လာတာ၊ အရင်က တစ်ခါမှ ရည်းစား မထားဖူးဘူး" ဒါကတော့ မဖြစ်နိုင်ဘူးဟု ရှုယွမ် တွေးလိုက်မိသည်။ မူလကိုယ်သည် ရည်းစားထားဖူးရုံသာမက ကလေးတစ်ယောက်ပင် မွေးဖွားခဲ့ဖူးသည်။ မူလကိုယ်သည် ကျေးလက်ဒေသတွင် ရှိနေစဉ်အတွင်း ဆရာဝန်တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး မတော်တဆ ကိုယ်ဝန်ရသွားကာ ကလေးကို တိတ်တဆိတ် မွေးဖွားခဲ့ပြီးနောက် ထိုကလေးငယ်ကို လယ်သမားမိသားစု တစ်စုထံတွင် မွေးစားရန် အပ်နှံထားခဲ့သည်။ မြို့သို့ မပြန်လာမီ နှစ်အနည်းငယ်အလိုတွင် သူတို့နှစ်ဦးသည် လမ်းခွဲခဲ့ကြပြီးဖြစ်သည်။ ရောင်းစားခံလိုက်ရသည့် ထိုကလေးကို ရှာဖွေရန် ရှုယွမ် အလျင်စလို ထွက်လာခဲ့သည်။ ပိန်လှီနေသော ထိုကောင်လေးသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မီးမွှေးနေပြီး သူ့ရှေ့တွင်တော့ သိပ်ပြီး ထက်မြက်ပုံမရသည့် နှပ်ချေးတွဲလွဲနှင့် ကောင်မလေးတစ်ယောက် ရှိနေသည်။ ရှုယွမ် အလွန်တရာ ဒေါသထွက်သွားခဲ့သည်။ ဒါက ဘယ်လိုခေတ်ကြီးလဲ။ ဘယ်လိုလုပ်ပြီး ကလေးသတို့သားတွေ ရှိနေနိုင်သေးတာလဲ။ ထိုကောင်လေးသည် ဝတ္ထုထဲမှ ဇာတ်ပို့ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ရိုက်နှက်ခံရခြင်း၊ တောင်းရမ်းစားသောက်ရခြင်း စသည့် ဆိုးရွားလှသော ကံကြမ္မာကို ခံစားခဲ့ရကာ သူ့မိဘအရင်းများက သူ့ကို ဘာကြောင့် စွန့်ပစ်ခဲ့လဲဟု မေးမြန်းနိုင်ရန်အတွက် ထိုမိဘများကို တစ်ဘဝလုံး အချိန်ပေး ရှာဖွေသွားမည့် အနာဂတ်၏ စာပေလောကမှ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာမည့်သူဖြစ်သည်။ ထို့ပြင် ရှုယွမ်သည် ထိုဇာတ်ပို့ဇာတ်ကောင်လေး၏ မိခင်အရင်းဖြစ်ပြီး သူမ၏ အမည်ခံ အချစ်စစ်ဆိုသည်ကို လိုက်လံရှာဖွေရင်း စိတ်ပျက်ဝမ်းနည်းစွာဖြင့် စောစီးစွာ သေဆုံးသွားမည့်သူ ဖြစ်သည်။ အနာဂတ် ဆေးပညာလောက၏ ထိပ်သီးပုဂ္ဂိုလ်ကြီး ဖြစ်လာမည့် ကောင်လေး၏ ဖခင်ဖြစ်သူသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး နီးပါး ထိုကလေးကို ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ရှုယွမ်သည် ကြိုးစားပမ်းစား ရှာဖွေပြီးနောက်တွင် ထိုကလေးကို အဆုံးသတ်၌ ရှာတွေ့သွားခဲ့ပြီး ချန်ကျိုက်ထံသို့ ဖုန်းဆက်ကာ ပြောလိုက်သည်။ "ရှင့်မိန်းမနဲ့ ကလေးကို လာခေါ်လှည့်ပါ" တစ်ဖက်မှ အပြည့်အဝ စက္ကန့်သုံးဆယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အမျိုးသားက တည်ငြိမ်သော အသံဖြင့် "ကောင်းပါပြီ" ဟု ပြန်ဖြေလိုက်သည်။ သူတို့နှစ်ဦး အိမ်ထောင်ရေး မှတ်ပုံတင်ကြသောအခါ ချန်ကျိုက်သည် သူ့ကိုယ်သူ သတိပေးထားသည်မှာ သူနှင့် ရှုယွမ်ကြားတွင် ငွေကြေးအကြောင်းကိုသာ ပြောဆိုမည်ဖြစ်ပြီး ခံစားချက်များကို မပြောဆိုသလို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုး လုံးဝ မရှိစေရ ဟူ၍ပင် ဖြစ်သည်။ သို့သော် ယောက်ျားများကို မည်သို့မျှ စိတ်ဝင်စားမှုမရှိပါဟု ဆိုထားသော ရှုယွမ်သည် တဖြည်းဖြည်းနှင့် စည်းကျော်လာခဲ့သည်။ သူတို့၏ ကလေးက တောင်းဆိုသည့်အခါတွင် သူမသည် သူ့ကို နမ်းရှိုက်တတ်သည်။ အလုပ်တွင် စိတ်ညစ်ရသည့်အခါတွင်လည်း သူမသည် ဖက်ထားပေးရန် တောင်းဆိုတတ်သည်။ ချန်ကျိုက်၏ ကန့်သတ်ချက်စည်းမျဉ်းများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ဆုတ်ခွာပေးခဲ့ရသည်။ ဝိုင်နှစ်ခွက် သောက်ပြီးနောက် ရှုယွမ်သည် သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာကာ သူမ၏ မျက်နှာဖြင့် ပွတ်သီးပွတ်သပ်လုပ်ပြီး တိုးဝင်နေတော့သည်။ သတိပေးချက်များသည် အသုံးမဝင်တော့ပေ။ သူ၏ နောက်ဆုံးခံစစ်စည်းသည် သူမ၏ ဖောက်ဖျက်ကျူးကျော်ခြင်းကို အလုံးစုံ ခံရတော့မည်ဆိုသည်ကို ဒေါက်တာချန်အနေဖြင့် မည်သို့မျှ သံသယဝင်စရာ မရှိတော့ပေ။ ထို့ကြောင့် သူသည် သူမကို ဆေးသွင်းသည့်ပိုက်ဖြင့် ကုလားထိုင်တွင် တုပ်နှောင်ထားလိုက်သည်။ နောက်တစ်နေ့တွင် ရှုယွမ်သည် သူမ၏ လက်ကောက်ဝတ်မှ အနီရောင်အရာများကို ကြည့်ကာ စဉ်းစားခန်းဝင်သွားပြီး မေးခွန်းတစ်ခု မေးလိုက်သည်။ တစ်ညလုံး နှိပ်စက်ခံထားရသော ချန်ကျိုက်က ဩရှရှအသံဖြင့် "မင်းက အရက်နဲ့ ဓာတ်မတည့်လို့ပါ" ဟု ပြောလိုက်သည်။ ..... အကြောင်းအရာ အမျိုးအစားများ - လယ်ယာလုပ်ငန်းခွင်ဘဝ၊ အချစ်ရိုမန်တစ်၊ စာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိခြင်း၊ ကျေနပ်ဖွယ် ဇာတ်လမ်း၊ ၁၉၈၀ ပြည့်လွန်နှစ်များ ခေတ်ကာလ၊ ပေါ့ပေါ့ပါးပါး တစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ် - သူက အေးစက်ပုံပေါက်သော်လည်း တကယ်တမ်းတွင်မူ အလွန်တရာ အလိုလိုက် အကြိုက်ဆောင်တတ်သူ ဖြစ်သည်။ အဓိက အနှစ်သာရ - အခက်အခဲ ပြဿနာများကြားတွင် ပန်းတစ်ပွင့်ပမာ ဖူးပွင့်လာမည့် ချစ်ခြင်း။ 🍑🍑🍑🍑🍑

  • ဒီအလှလေးကလက်ဆပြင်းလွန်းတယ် စာညွှန်း ရှဲ့လီသည် ဇာတ်လမ်းတွင် အလှဖြစ်သူ၏ခန္ဓာကိုယ်သို့ ကူးပြောင်းရောက်ရှိပြီး နှိပ်စက်ခံရသောဘဝကို မုန်းတီးရာ အာဏာကိုသိမ်းပြီး သူမအားထိန်းသိမ်းရန် ရှန်ဟွိုက်နဥ်နှင့်လက်ထပ်သည်။ သို့သော် သူမမှာ ထပ်ဆဲနေခဲ့ပြီး လူထုအတွက် သူမကိုနာကျင်စေရုံမက ရှန်ဟွိုက်ကိုပါ ဒေါသဖြင့်ပြန်လာသည်။Cocoon AI Summary ထိပ်တန်းကျွမ်းကျင်သူရှဲ့လီသည် သူဖတ်လက်စ သမိုင်းနောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်ထဲရှိ နူးညံ့သိမ်မွေ့သောအလှလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။ သူမမှာ သမီးအတုဖြစ်သူမှ ကံကောင်းခြင်းများလုယူသွားခြင်းခံလိုက်ရသည့် အသုံးမဝင်သော စာရေးသူ၏ဇာတ်ကောင်ဖြစ်နေသည်။ မိဘများမှာ သမီးအတုကိုသာချစ်ကြပြီး ခင်ပွန်းဖြစ်သူကလည်း သူမကိုသာချစ်မြတ်နိုးကာ ဤလောကရှိလူတိုင်းမှာ ထိုသမီးအတုကိုသာ အလေးပေးကြ၏။ ယောက္ခမများမှ နှိပ်စက်သည်။ ခင်ပွန်းသည်မှာ သစ္စာဖောက်၏။ မိဘများမှာလည်း သူမကိုအကွက်ဆင်ကြသည်။ ရှဲ့လီသည် မူလပိုင်ရှင်၏နူးညံ့သိမ်မွေ့သောဟန်ပန်ကို စွန့်လွှတ်လိုက်ပြီး လက်သီးချက်များဖြင့် အာဏာသိမ်းအနိုင်ယူပစ်လိုက်၏။ သူမသည် ယောက္ခမဖြစ်သူကို ငိုကြွေးစေခဲ့ပြီး အသုံးမကျသောခင်ပွန်းဖြစ်သူကို အရေးပေါ်ဌာနသို့ ပို့ဆောင်စေလိုက်ကာ ယောက္ခထီးကိုလည်း ပါးစပ်မှအမြုပ်များထွက်သည်ထိ ဒေါသထွက်စေခဲ့သည်။ အသုံးမကျသောဖခင်ဖြစ်သူမှာ ငွေများလာပေးရပြီး မိခင်ဖြစ်သူမှာလည်း ငိုယိုကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေရ၏။ အားလုံးထွက်သွားကြစမ်းပါ ရှဲ့လီသည် ချက်ချင်းပင်တိုင်တန်းစာတင်လိုက်ပြီး သူတို့အားလုံးကို အလုပ်ကြမ်းများလုပ်ရသည့် အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် လျောင်နင်စီရင်စုသို့သွားမည့် သင်္ဘောပေါ်သို့ တက်လိုက်၏။ ၎င်းမှာ သူမအဘိုးချန်ရစ်ခဲ့သော နောက်ဆုံးနည်းလမ်းဖြစ်ပြီး ရှန်ဟွိုက်နဥ်နှင့်လက်ထပ်ကာ စစ်တပ်ထဲသို့ လိုက်သွားရန်ဖြစ်သည်။ ရှန်ဟွိုက်နဥ် သူမကိုပထမဆုံးတွေ့ချိန်တွင် သူမမှာ ပန်းရောင်ပန်းပွင့်များပါသော အင်္ကျီအနီကိုဝတ်ဆင်ထားပြီး ရေများစိုရွဲနေကာ အလွန်တရာစိတ်မကောင်းစရာကောင်းသော အခြေအနေတွင်ရှိနေခဲ့၏။ သူသည် သူ့ဇနီးလေးမှာ အလွန်တရာနူးညံ့ပြီး ကျိုးပဲ့လွယ်သည်ဟုခံစားရသဖြင့် အနာဂတ်တွင် သူမကို ကောင်းမွန်စွာ ကာကွယ်ပေးရမည်ဟုတွေးမိကာ အခြားသူများမှ သူမအားအနိုင်မကျင့်စေရဟု စိတ်ပိုင်းဖြတ်လိုက်သည်။ တစ်နေ့တွင်မူ နူးညံ့လှသော သူ့ဇနီးလေးမှာ စစ်တပ်၏လူနေရပ်ကွက်တစ်ခုလုံးကို လက်သီးချက်များဖြင့် ဖြိုခွင်းလိုက်တော့၏။ လူများမှာ ငိုယို၍လာရောက်တိုင်တန်းကြသည်။ သူ ဒေါသထွက်သွားရ၏။ "မင်းတို့က ဘယ်ထိဇာချဲ့ချင်နေကြတာလဲ၊ ငါ့ရဲ့နူးညံ့တဲ့ရှောင်လီလေး လူကိုထထိုးတဲ့အထိ စိတ်တိုအောင်တွန်းပို့ခဲ့တာပဲမလား" လူများ - အတည်ကြီးလားဟ 🍑🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ ✅completed ဖြစ်သွားတဲ့ Scorpion Translation ရဲ့ "ဒီအလှလေးကလက်ဆပြင်းလွန်းတယ် " ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-606-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 4 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

  • အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း Description အန်းမင်ဟွာသည် ဝတ္ထုတစ်ပုဒ်ထဲသို့ ဝိဉာဉ်ကူးပြောင်း ရောက်ရှိသွားခဲ့သည်။ သတင်းကောင်းမှာ - သူမသည် ယခုအခါ ကြွယ်ဝချမ်းသာသော အရင်းရှင်မိသားစုတစ်ခု၏ သမီးပျို ဖြစ်လာခဲ့ခြင်းပင်။ သတင်းဆိုးမှာမူ - ယခုခေတ်ကာလသည် ၁၉၆၀ ပြည့်လွန်နှစ်များ ဖြစ်နေခြင်းပင်။ သူမ ရောက်ရှိသွားသည်မှာ ထိုခေတ်ကာလကို နောက်ခံထားသည့် ဝမ်းနည်းကြေကွဲဖွယ် အချစ်ဝတ္ထုတစ်ပုဒ်ထဲသို့ ဖြစ်ပြီး၊ အရင်းရှင်မျိုးနွယ်စု၏ အမွေခံဖြစ်နေရုံတင်မကဘဲ အမျိုးသမီးဗီလိန်ဇာတ်ရံတစ်ဦးလည်း ဖြစ်နေခဲ့သည်။ မူရင်းစာအုပ်ထဲတွင်မူ၊ စစ်တပ်အရာရှိ သူမ၏ ခင်ပွန်းသည် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပြီးနောက် သူမသည် ခင်ပွန်းဖြစ်သူ၏ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးလိုက်ရပြီး နယ်သို့ ဆင်းကာ ပြန်လည်ပညာသင်ယူခြင်းခံယူရန် စေလွှတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်တွင် ဇာတ်လိုက်အမျိုးသားသည် တာဝန်သိစိတ်တစ်ခုကြောင့် သူမကို လက်ထပ်ခဲ့ပြီး နယ်သို့ အတူတူ လိုက်ပါသွားခဲ့သည်။ ထို့နောက်တွင်မူ သူမသည် ဇာတ်လိုက်အမျိုးသားက ဇာတ်လိုက်အမျိုးသမီးကို နှိပ်စက်ညှဉ်းပန်းရန်အတွက် အသုံးချခံ သက်သက်မျှသာ ဖြစ်လာခဲ့ပြီး၊ သူတို့နှစ်ဦး၏ နာကျင်ကြေကွဲဖွယ် နှိပ်စက်အချစ်ဇာတ်လမ်းကို ပိုတောက်လောင်အောင် လောင်စာထည့်ပေးသည့် ကိရိယာတစ်ခု ဖြစ်သွားခဲ့ရသည်။ ဇာတ်သိမ်းတွင်မူ သူမသည် ဇာတ်လိုက်အမျိုးသား၏ လက်ချက်ဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။ ဇာတ်ကွက်တစ်ခုလုံးကို သေသေချာချာ နားလည်သဘောပေါက်သွားပြီးနောက်၊ အန်းမင်ဟွာသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ တကယ့်ကို ရွံရှာမုန်းတီးဖွယ် ခံစားလိုက်ရတော့သည်။ သူမ ကြွေးကြော်လိုက်သည်။ "ဘယ်သူပဲသေသေ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အရာရှိခင်ပွန်းကိုတော့ လုံးဝ အသေမခံနိုင်ဘူး!" ဤဝမ်းနည်းကြေကွဲဖွယ် အသုံးချခံဇာတ်ကောင်နေရာကိုတော့ — ဘယ်သူကပဲ အသုံးချခံဖြစ်ချင်ဖြစ်ချင်၊ ဖြစ်ချင်တဲ့လူပဲ သွားဖြစ်ကြစမ်းပါ! သူမသည် မိသားစု၏ ရွှေငွေရတနာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်း၊ ဗီလိန်များရဲ့ စည်းစိမ်ဥစ္စာများကို အကုန်ပြောင်အောင် လုယူပြီးနောက် သူမ၏ ကလေးကိုပွေ့ချီကာ စစ်တပ်ရှိရာသို့ လိုက်သွားခဲ့တော့သည်! 🍑🍑🍑🍑 Hello Reader လေးတို့ရေ ... ဒီနေ့လဲ ✅completed ဖြစ်သွားတဲ့ Author Khat ရဲ့ "အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-633-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸