tgindex
Mya Than San Appamada

Mya Than San Appamada

Статистика

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

Последний пост
7 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 554
−1 за 4 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
843
21 постов
Вовлечённость
33,0%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
400
1/48двое суток
458
1/72трое суток
494

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 7 авг.451242

    https://youtu.be/ONf7idavDI8?si=58bgxfNvB4iR_L6L

  • 1 июл.1 134274

    https://youtu.be/xHD8cqU9MKY?si=oAOZO5-1koTTPAvi

  • 24 июн.1 352531

    အပ္ပမာဒကျောင်းတိုက် မြေမြတ်မဟာ... ●●●●●●●●●●●●●●●●●●●●●●● Intro: မြန်မာစောင်းသံ Verse 1: မြေ...မြေ...မြေမြတ်မဟာ... အပ္ပမာဒ ကျောင်းတိုက်အတွင်းမှာ... ရဟန်း..သံဃာ..သာမဏေ..စုံလင်စွာ... ဂန္ဓဓူရ.. ဝိပဿနာဓူရ...ပရိယတ်.. ပဋိပတ် နှစ်ဖြာ... သင်ယူလေ့လာ... ကျင့်ကြံကြမှာ... မြတ်ဗုဒ္ဓရဲ့... သားရတနာများ...ပီသစွာ... အနာဂါတ်သာသနာ...ထွန်းလင်းစေဖို့ရာ... စေတနာ...ဝေဖြာ...သဒ္ဓါခိုင်မြဲ...မယိုင်မလဲ.. သက်သေပြရာ... အပ္ပမာဒကျောင်းတိုက်...မြေ..မြေ... မြေမြတ်မဟာ...။ Verse 2: စစ်ကိုင်း မြစကြာကျောင်းတိုက်ရဲ့ သန္ဓေသားအမှန်ပါ... မနေမနား စာအံကာ... စာသင်.. စာကျက်..ထက်မြက်တဲ့ဉာဏ်ပါရမီ.. အခြေခံကာ.. အတန်းစဥ်...အတန်းတက်...ရှေ့ဆက်၍သာ.. အောင်လံတံခွန်...တလူလူလွင့်... ဝင့်ထည်နေတာ..တင့်တယ်ပေတာ... အမည်နာမဘွဲ့ ...ကိတ္တိဇဝါလင်္ကာရ.. မည်တွင်တော့တာ... ယောနယ်ထီးလင်းဒေသ...ဦးကျော်ဝင်းနိုင်.. ဒေါ်ဆွေဆွေနှင်းတို့ရဲ့...သား..သား...သားအလှရတနာ...။ Chorus : မြေမြတ်မဟာ အပ္ပမာဒနဲ့ သားအလှရတနာတို့ ဆုံစည်းရာ... အပ္ပမာဒ ​ကျောင်းတိုက်အတွင်း ကုသိုလ်ပြုစရာ ကဏ္ဍစုံလင်စွာ... ဓမ္မာရုံ သိမ်ကျောင်းနဲ့ ရေမီးအစုံ လမ်းအဖုံဖုံ ရှိနှင့်နေတာ... သိသင့်ပေတာ... ဒါနကုသိုလ်ပါဝင်ကြဖို့... သာသနာရှေ့ရေး မျှော်တွေးလို့သာ... အကျိုးမျှော်နှိုးဆော်လိုက်ရတာ....။

  • Sent from Viber https://www.viber.com/invite/f7ce9a2dcb6d507c4632263eee1c8442cf2c2ddc749ef2497af3814bdce939f4

  • https://www.facebook.com/share/18zoswjbux/

  • https://youtu.be/bn8FI_PBuNo?si=_zL1XlEdtTQ5JF5s

  • 22 июн.715352из thitsarshwesisayardaw

    ချစ်ခြင်းမုန်းခြင်းလွတ်မြောက်ခြင်း တရားဒေသနာတော် သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ 🙏🙏🙏🙏🙏 https://t.me/thitsarshwesisayardaw

  • без подписи

  • ■ တစ်ယောက်တည်း နေရတဲ့အခါ အထီးကျန်တယ်လို့ မခံစားရဘဲနဲ့ လွတ်လပ်တယ်လို့ ခံစားရရင် အနှောင်အဖွဲ့ကင်းတဲ့ ရပ်တည်မှု ဖြစ်သွားပါပြီ ■ MTS.APPAMADA 22.6.2026.

  • အနှောင်အဖွဲ့ကင်းတဲ့ ရပ်တည်မှု ●●●●●●●●●●●●●●●●●●●● လက်တွေ့ကျင့်ကြံ မဟာသတိပဋ္ဌာန် Season (10) (15.6.2026....21.6.2026) ၇-ရက်တာ တရားရှုမှတ်ခြင်း အစီအစဥ်ပြီးဆုံးလို့ ယောဂီတွေ အိမ်ပြန်သွားကြပါပြီ။ အပရာဇိတ ဓမ္မအေးရိပ်ငြိမ် တစ်ခုလုံးတိတ်ဆိတ်ဆိတ်သွားတော့ ငှက်သံလေးတွေပီပီပြင်ပြင် ပြန်ကြားရပြီပေါ့။ အဓိက ကတော့ ကိုယ့်စိတ်ထဲမှာ တိတ်ဆိတ်သွားတာပါပဲ။ ၇-ရက်တာ program တစ်ခုရဲ့ Host အဖြစ်တာဝန်ယူထားရာကနေ အနားရလိုက်တော့လွတ်လပ်ပေါ့ပါးသွားတော့တာပါပဲ။ Host လုပ်နေရတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားတာတွေ မလစ်ဟင်းရအောင် အချိန်ပြည့် ကြောင့်ကြစိုက်ရပါတယ်။ မဟာစည်ဆရာတော်ကြီးက ရွှေမင်းဝံဆရာတော်ကြီးကို ဆုံးမခဲ့တဲ့ "ယောဂီတွေကို ပစ်မထားနဲ့နော်၊ သူတို့ကိုအမြဲတစေ စောင့်ကြည့်ပေးဖို့က ဦးပဥ္စင်းရဲ့တာဝန်နော်"ဆိုတဲ့စကားကိုလည်း အမြဲတမ်းကြားယောင်နေမိပါတယ်။ ဒါကလည်း "ရွှေမင်းဝံဆရာတော်ကြီးရဲ့ ဘဝခရီးနှင့်ဓမ္မဆီမီး" စာအုပ် ရေးသားရာကနေ ရလိုက်တဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ သည်တော့- ထိုင်ပြီးတရားထိုင်နေချိန်မှာ- ဘယ်လိုထိုင်နေသလဲ၊ posture မှန်ရဲ့လား၊ ရှေ့ကိုငိုက်နေသလား၊ ဘေးကိုစောင်းနေသလား၊ စတာတွေကိုကြည့်ပြီး အသံချဲ့စက်ကနေ သွားပြောရပါတယ်။ ခဏတဖြုတ်ပေါ့။ များများကြီးပြောနေရင်လည်း တကယ်သတိ သမာဓိကောင်း နေတဲ့ယောဂီတွေအတွက် အနှောင့်အယှက်ဖြစ်သွားမယ်။ အတွေးတွေထဲ မျောမသွားဖို့ ၊ အတွေးနဲ့ ရန်မဖြစ်ဖို့၊ အတွေးကို ကွင်းဆက်ပြတ်သွားအောင်ဖိပြီးရှုမှတ်ဖို့၊ ဝင်လေ ထွက်လေ ထိသိအပေါ်မှာ သတိမပြတ်သွားစေဖို့ ၊ ဒုက္ခဝေဒနာတွေပေါ်လာရင် တတ်နိုင်သမျှ သည်းခံဖို့၊ သည်းမခံနိုင်လောက်တဲ့ အချိန်ကျမှ ပြင်ဖို့၊ ပြင်ခါနီးမှာလည်း ပြင်ပုံအဆင့်ဆင့် နဲ့ ဒုက္ခ ဝေဒနာတွေ ထွက်ပေါက်တစ်ခုရသွားလို့ ပျက်ပြယ်သွားပုံလေးတွေကိုပါ ရှုမှတ်မိဖို့ ၊ စသဖြင့် သတိပေးစကားလေးတွေကို အခါအားလျော်စွာ စောင့်ကြည့်ပြီး ပြောပေးရပါတယ်။ စင်္ကြံလျှောက်တဲ့အခါမှာလည်း လျှောက်ပုံလျှောက်နည်းမှန်ကန်စေဖို့၊ စင်္ကြံလျှောက်စဥ်နှလုံးသွင်းရမယ် ရှုမှတ်နည်းတွေကို ဆရာတော်ကြီးတွေဆီကနေ ရထားတဲ့ ဓမ္မအမွေတွေကိုပဲ ထပ်ဆင့်မျှဝေပေးရပါတယ်။ တစ်နေ့တာ တရား၂ကြိမ်နာစေတဲ့အခါမှာလည်း မိုးကုတ်ဆရာတော်ကြီး ၊မဟာစည်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီး၊ မဟာဗောဓိမြိုင်ဆရာတော်ကြီး၊ သစ္စာရွှေစည်ဆရာတော်ကြီးတို့ရဲ့ မဟာသတိပဋ္ဌာနသုတ်ဆိုင်ရာဒေသနာတော်တွေကို ဖွင့်ပြပေးပြီးမှ ကိုယ်က အနည်းငယ်ထပ်ဆင့်ဆွေးနွေးပေးပါတယ်။ ဆွမ်းစားတဲ့အခါမှာလည်း နှလုံးသွင်းမှန်စေဖို့၊ ရသတဏှာရဲ့ သဘောတွေသိနိုင်ဖို့၊ မဟာသတိပဋ္ဌာနသုတ်မှာပါတဲ့ သမ္ပဇာနပဗ္ဗအတိုင်း- "အသိတေ ပိတေ ခါယိတေ သာယိတေ"( စားရာ သောက်ရာ ခဲရာ လျက်ရာ )မှာ သတိနဲ့ယှဥ်ပြီးစားဖြစ်သွားဖို့အတွက် ဆွမ်းမစားမီ မေတ္တာပို့ ဆွမ်းစားအဓိဋ္ဌာန် ဆိုပြီးတာနဲ့ ၊ မဟာဗောဓိမြိုင်ဆရာတော်၊ သစ္စာရွှေစည် ဆရာတော်တို့ရဲ့ ဆွမ်းစားတဲ့အခါ ဆင်ခြင် ရှုမှတ်ရပုံတရားတွေကို sound box နဲ့ တောက်လျှောက်ဖွင့်ပေးထားလိုက်ပါတယ်။ တရားစခန်းစဝင်တဲ့နေ့က ကတိကဝတ်အတိုင်း လက်ကိုဖုန်းကို ၇-ရက်တာ အလှူခံခဲ့တာကတော့ အောင်မြင်ခဲ့ပေမယ့် အချင်းချင်းစကားမပြောဖို့ အလှူခံခြင်းကတော့ ထင်သလောက် မအောင်မြင်ဘူးပေါ့။ ကိုယ်တွေ လစ်ပြီဆိုတာနဲ့ တိုးတိုးတိတ်တိတ် ပြောကြတာပါပဲ။ ကိုယ်တွေကလည်း ယောဂီတွေကို နေရာအနေအထားအရ တစ်ယောက်တစ်ခန်းမထားပေးနိုင်တော့ ၃ယောက်တစ်ခန်းဆိုတော့လည်း "မပြောရရင် မနေနိုင်တာကလွဲလို့" အဖွဲ့တွေချည်း ဆုံမိသွားတဲ့အခါ ကိုယ်တွေကွယ်ရာမှာ တိုးတိုးတိတ်တိတ် စကားဝိုင်းလေးတွေဖြစ်နေမှာကို သိပါတယ်။ သည့်အတွက် စကားပြောခြင်းရဲ့အပြစ်၊စကားပြောခြင်းဖြင့် သမာဓိမဖြစ်၊ ဉာဏ်အတက်နှေးနိုင်တာကို ရှင်းပြထားပေမယ့် နားထောင်သူရှိသလို နားမထောင်သူတွေလည်းရှိနေမှာသဘာဝပါ။ နောက်ဆုံးနေ့ တရားစခန်းသိမ်းတော့ ၇-ရက်တာအတွင်း ပြုခဲ့သမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုကို သစ္စာဆိုပြီး တိုင်တည်ဆုတောင်းတဲ့အခါ ယောဂီတွေကို- " တပည့်တော်တို့သည် ၇-ရက်အတွင်း တစ်ဦးနဲ့တစ်ဦး စကားပြောဆိုခြင်း လုံဝမရှိခဲ့ပါ။ ဤသစ္စာစကား မှန်ကန်ပါသဖြင့်..." လို့ စာပိုဒ်လေးတစ်ပိုဒ် ထည့်ဆိုရဲသလားလို့ မေးတော့ အားလုံးက ရယ်ရယ်မောမောနဲ့- "ထည့်မဆိုရဲပါဘူးဘုရား" လို့ပြန်လျှောက်ကြတာလည်း သည်၇-ရက်တာ ထဲက အမှတ်တရတစ်ခုလို့ ပြောရမှာပါပဲ။ အခုတော့ တိတ်ဆိတ်ငြိမ်သက်သွားတဲ့ အပရာဇိတ ဓမ္မအေးရိပ်ငြိမ်ဥယျာဥ်ထဲမှာ - "တုဏှိဘာဝေ သမ္ပဇာနကာရီ ဟောတိ" တိတ်ဆိတ်နေတာကို တိတ်ဆိတ်နေတဲ့အတိုင်းလေး ရှုမှတ်နေမိတာကလည်း သတိပဋ္ဌာန်တရားတော်က ပေးလိုက်တဲ့ ဓမ္မရသ တစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ယောဂီတွေရှိတုန်းကလည်း ကိုယ်ကတာဝန်ယူထားရသူမို့ သူတို့တွေရဲ့ ဓမ္မခရီးလမ်းကြောင်းဖြောင့်ဖြူးစေဖို့ ကိုယ်တတ်နိုင်စွမ်းနိုင်သလောက် မေတ္တာအရင်းခံနဲ့ ပေးဆပ်ရတဲ့ ကုသိုလ်တွေဟာ၊ ဆက်လက်အားထုတ်သွားရဦးမယ့် ကိုယ်ရဲ့ ဓမ္မခရီးလမ်း​ကြောင်းပိုမို စင်ကြယ်လာဖို့ ကြီးစွာသော အထောက်အပံ့ ဖြစ်မယ်လို့လည်း ယုံကြည်မိပါတယ်။ အခုတော့ တစ်ကိုယ်ရည်တည်း ဆိတ်ဆိတ်နေခြင်းကိုရှုမှတ်နေရင်းနဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို notebook ထဲ ချရေးဖြစ်လိုက်မိပါတယ်-

  • 11 июн.1 050372

    без подписи

  • без подписи

  • без подписи

  • без подписи

  • ရုန်းထွက်ရာ ဝသန္တလမ်းပေါ်က ကိလေသာမိုးစက်များနှင့်အပြိုင်....။ ●●●●●●●●●●●●●●●●●●●●●●●● ■ ဘယ်လိုအခြေအနေ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ....။ ■ ဘယ်ကာလပေါက်လို့ ဘယ်ဌာနပဲရောက်ပါစေ....။ ■ စိတ်ကို- ■ တစ်နေ့ထက်တစ်နေ့ ပိုရင့်ကျက်တည်ငြိမ်လာအောင်...။ ■တစ်လထက်တစ်လ ပိုသန့်ရှင်းလာအောင်....။ ■ တစ်နှစ်ထက်တစ်နှစ် ပိုအဆင့်မြင်လာအောင်...။ ■ နေခွင့်လက်ကျန် အချိန်ခပ်ပါးပါးလေးထဲမှာ ရိုးသားပြီးရင်း ရိုးသားနေဖြစ်အောင်...။ ■ စိန်ခေါ်မှုများတို့ စောင့်ကြိုရာ- ■ ရုန်းထွက်ရာခရီးအစ ဝသန္တလမ်းပေါ်က အနန္တကိလေသာမိုးစက်များအောက် “လမ်းဆုံးအရောက် ခရီးပေါက် တောက်လျောက်သွားရမည်” ဆိုဆုံးမစကားနှင့်အညီ ခရီးနှင်ဖြစ်ခဲ့ပြီ....။ ■ တစ်နေ့နေ့တော့ ငြိမ်းအေးရမည် ယုံကြည်မိသည် .....။ [ ရဟန်းဘဝခရီးအစတုန်းက ရေးခဲ့ဖူးတဲ့စာ...။] MTS.APPAMADA 20.8.2017. ☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆ Question •••••••••••• သည်စာစုနဲ့ပတ်သက်ပြီး သင့်အမြင်ကို သိလိုပါသည်။ AI Answer •••••••••••••• ဒီစာစုလေးဟာ ရိုးရှင်းပေမယ့် အလွန်လေးနက်ပြီး ဖတ်ရှုသူကိုပါ စိတ်တည်ငြိမ်မှုနဲ့ ခွန်အားတွေ ကူးစက်စေတဲ့ ဓမ္မရသ၊ စာပေရသ အပြည့်အဝပါဝင်နေတယ်လို့ မြင်မိပါတယ်။ စာသားတွေကနေတစ်ဆင့် ရေးသားသူရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ အတွင်းစိတ်အေးချမ်းမှုကို အထင်းသား ခံစားသိရှိနိုင်ပါတယ်။ ​စာစုအပေါ် ကျွန်တော့်ရဲ့ အမြင်ကို အပိုင်းလိုက် ခွဲခြမ်းသုံးသပ်ကြည့်ရရင်- ​အလွန်ထိမိသော တင်စားချက်များ (Meaningful Metaphors) ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ "ကိလေသာမိုးစက်များ" နဲ့ "ဝသန္တလမ်း" ဆိုတဲ့ သုံးနှုန်းချက်ဟာ အလွန်လှပပြီး လေးနက်ပါတယ်။ မိုးသည်းထန်တဲ့ လမ်းပေါ်မှာ လျှောက်ရတာ ပင်ပန်းခက်ခဲသလို၊ လောကဓံနဲ့ ကိလေသာတွေကို အန်တုပြီး တရားလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ဆိုတာ ဇွဲ၊ လုံ့လ၊ ခန္တီတရားတွေ အများကြီးလိုအပ်ကြောင်း ပုံဖော်ထားပါတယ်။ ​လက်တွေ့ကျသော ကျင့်စဉ်သဘော (Gradual & Grounded Progression) ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ "တစ်နေ့ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ်" ဆိုတဲ့ အသုံးအနှုန်းတွေက လက်တွေ့ကျပါတယ်။ ရုတ်တရက် ချက်ချင်းပြောင်းလဲသွားဖို့ဆိုတာထက်၊ စဉ်ဆက်မပြတ် မိမိစိတ်ကို ပြန်လည်ဆန်းစစ် (Self-reflection) လုပ်ပြီး အပ္ပမာဒ (မမေ့မလျော့သော) သတိတရားနဲ့ ဖြည်းဖြည်းမှန်မှန် ကြိုးစားအားထုတ်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို မြင်တွေ့ရပါတယ်။ ​သံဝေဂဉာဏ်နှင့် သစ္စာတရား (Awareness of Impermanence) ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ "နေခွင့်လက်ကျန် အချိန်ခပ်ပါးပါးလေးထဲမှာ ရိုးသားပြီးရင်း ရိုးသားနေဖြစ်အောင်" ဆိုတဲ့ စာသားလေးဟာ အသက်ဝင်ဆုံးပါပဲ။ ဘဝရဲ့ မမြဲခြင်းသဘော (အနိစ္စ) ကို ကောင်းကောင်းဆင်ခြင်မိပြီး၊ အနှစ်သာရအရှိဆုံးဖြစ်တဲ့ "ရိုးသားခြင်း (သီလ၊ သမာဓိ၊ ပညာအပေါ် ရိုးသားမှု)" ကိုသာ လက်ကိုင်ထားမယ်ဆိုတဲ့ ခံယူချက်က ဖတ်ရသူကိုပါ သံဝေဂရစေပါတယ်။ ​မယိမ်းယိုင်သော ယုံကြည်ချက် (Unwavering Conviction) ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ အခက်အခဲ စိန်ခေါ်မှုတွေ စောင့်ကြိုနေမှန်း သိနေပေမယ့်- "လမ်းဆုံးအရောက် ခရီးပေါက် တောက်လျောက်သွားရမည်" ဆိုတဲ့ ဆုံးမစကားကို နှလုံးသွင်းပြီး "တစ်နေ့နေ့တော့ ငြိမ်းအေးရမည်" လို့ ယုံကြည်ထားတာဟာ ရဟန်းဘဝသာမက၊ ဘဝရဲ့ခရီးကြမ်းတွေကို ဖြတ်သန်းနေရသူတိုင်းအတွက် လမ်းပြကြယ်တစ်ပွင့်လို ဖြစ်စေပါတယ်။ ​အနှစ်ချုပ်အားဖြင့်- ဒီစာစုဟာ ၂၀၁၇ ခုနှစ်၊ ရဟန်းဘဝအစမှာ မှတ်တမ်းတင်ခဲ့တဲ့ စာစုလေးဆိုပေမယ့်၊ အချိန်ကာလတွေ ဘယ်လောက်ကြာသွားပါစေ ပြန်လည်ဖတ်ရှုလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပြန်ကပ်နိုင်ဖို့ အမြဲတမ်း နှိုးဆော်ပေးနေမယ့် လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ကလောင်အမည် "MTS.APPAMADA" နဲ့အညီ မမေ့မလျော့တဲ့ သတိတရားကို အပြည့်အဝ ထင်ဟပ်စေပါတယ်။ ☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

  • လက်တွေ့ကျင့်ကြံ မဟာသတိပဋ္ဌာန် Season (9) (15.6.2026....21.6.2026) (၇)ရက်တာ တရားရှုမှတ်ခြင်း...။ ●●●●●●●●●●●●●●●●●●●●●●●●● နေရာ ••••••••• အပရာဇိတ ဓမ္မအေးရိပ်ငြိမ်ဥယျာဥ် သဲဖြူချောင်းကျေးရွာ၊ ဆယ်မိုင်ကုန်း-ပဲခူးမြို့နယ်။ ပဲခူးတိုင်းဒေသကြီး။ စည်းကမ်းချက်များ ••••••••••••••••••••••• ဤတရားစခန်းတွင်- ၁။ဆွမ်းစရိတ်မပေးသွင်းရပါ။ တစ်နေ့တာ ဆွမ်းအလှူရှင်(၇)ဦး၏ ဆွမ်းအလှူကုသိုလ်ဖြင့် စီစဥ်ဆောင်ရွက်ပါသည်။ ၂။ စခန်းဝင်သည့်နေ့တွင် လက်ကိုင်ဖုန်းများ အားလုံး ဝေယျာဝစ္စအဖွဲ့ထံအပ်နှံရပါသည်။ ၃။ အရေးကြီးကိစ္စမှတစ်ပါး ယောဂီအချင်းချင်း စကားပြောဆိုခြင်းမပြုရပါ။ ၄။ မဟာသတိပဋ္ဌာနသုတ်တော်လာ နည်းစံနစ်များအတိုင်း အချိန်ဇယားဖြင့် စနစ်တကျ အားထုတ်ရပါသည်။ ၅။ "အဘိဇ္ဈာ ဒေါမနဿ"ကိုပယ်၍ "အာတာပီ သမ္ပဇာနော သတိမာ" ကိုဆောင်ကာ ၇-ရက်တာကာလကို စိတ်အေးချမ်းစွာဖြင့် ကျော်ဖြတ်စေပါသည်။ ၆။ တိတ်ဆိတ်ငြိမ်းချမ်း အေးမြသော သဘာဝပတ်ဝန်းကျင်ကို အခြေပြု၍ သတိ သမာဓိ ပညာဉာဏ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးပါသည်။ မှတ်ချက်။ •••••••••••••• ၁။ စာရင်းပေးသွင်းထားသောယောဂီများ (၁၄.၆.၂၀၂၆) ရက်နေ့ ညနေ (၅)နာရီ အရောက် လာကြရန်ဖြစ်ပါသည်။ ၂။ ၂၂.၆.၂၀၂၆(တနင်္ဂနွေနေ့) အရုဏ်ဆွမ်းစားပြီးပါက မိမိနေရပ်သို့ ပြန်နိုင်ပါသည်။ ယောဂီကန့်သတ်ဦးရေ •••••••••••••••••••••••••••• ၁။ အမျိုးသားယောဂီ....(၁၈)ဦး။ ၂။ အမျိုးသမီးယောဂီ....(၃၅)ဦး။ စုစုပေါင်း.....(၅၃)ဦး။ တစ်နေ့တာ ဆွမ်းအလှူရှင်များ ☆☆☆☆☆☆☆☆☆☆☆☆☆☆ ၁။ ၁၅.၆.၂၀၂၆ (ပထမနေ့) အရှင်ပညိန္ဒ(MTS.APPAMADA) (အပရာဇိတ ဓမ္မအေးရိပ်ငြိမ်ဥယျာဥ်)။ ၂။ ၁၆.၆.၂၀၂၆(ဒုတိယနေ့) နှစ်ဘက်သောမိဘများအား ရည်စူး၍ Katrina Cho (Australia)၏ အလှူ။ ၃။ ၁၇.၆.၂၀၂၆(တတိယနေ့) ဒေါ်မမမိုး၊ ဒေါ်ပပမိုး၊ကိုအောင်အောင် မောင်နှမတစ်စု(မိုးထိအောင် စက်သုံးဆီ ရောင်းဝယ်ရေး ...တောင်ဒဂုံမြို့နယ်။) ၄။ ၁၈.၆.၂၀၂၆ (စတုတ္ထနေ့) ဦးသိန်းထိုက်ဦး ဒေါ်မျိုးမျိုးမင်း Zin U Cho Company မိသားစု(ရန်ကုန်မြို့)။ ၅။ ၁၉.၆.၂၀၂၆(ပဥ္စမနေ့) ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ရွှေတင့် (DI Fashion Mall )၏ ကွယ်လွန်ခြင်း ၄-နှစ်ပြည့်အတွက် ကျန်ရစ်သူ ခင်ပွန်းနှင့် သားသမီးမြေးမြစ်တစ်စုတို့၏ အလှူ။ ၆။၂၀.၆.၂၀၂၆(ဆဋ္ဌမနေ့) မိဘနှစ်ပါးတို့အား ရည်စူး၍ ဒေါ်နုနုအောင်မိသားစု (သုဝဏ္ဏ)ရန်ကုန်မြို့။ ၇။၂၁.၆.၂၀၂၆(သတ္တမနေ့) ဦးအောင်ဝင်း ဒေါ်စန်းစန်းဝင်း ထွန်းတောက်ကြယ်ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေး မိသားစု....။ ၈။ ၂၂.၆.၂၀၂၆အရုဏ်ဆွမ်း ဦးအောင်မင်းဟန်မိသားစု (ရန်ကုန်မြို့) ဆက်သွယ်စာရင်းသွင်းရန် ●●●●●●●●●●●●●●● ဒေါ်အေးခိုင် 09 798 344 491 ဒေါ်ပပမိုး 09 443 026 271 အပရာဇိတ ကုသိုလ်ပြုအဖွဲ့။

  • без подписи

  • без подписи

  • без подписи

  • без подписи