Myanmar News
Статистика- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 40
- Всего постов
- 44
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 59
- 1/48двое суток
- 67
- 1/72трое суток
- 72
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
တော်လှန်ရေး သူတောင်းစားဖြစ်လာတဲ့ NUG နဲ့ မြန်မာတွေကို လက်ဖြန့်နည်း သင်ပေးတဲ့ EU ၊ ဒုဋ္ဌဝတီမြစ်ဘေးက အပန်းဖြေစခန်း (၁၅) ခုမှာ (၂) ခုသာ လိုင်စင်ရှိ၊ လျှပ်စစ် Smart မီတာ အနိမ့်ဆုံး ငွေ (၂) သိန်းခွဲနဲ့ စမယ့်ကိစ္စ၊ ရွှေတိဂုံစေတီတော်ကြီးမှာ CCTV အလုံး (၆၅၀) ကျော် တပ်မယ်(၁၄-၈-၂၀၂၆) https://www.nssmy.com/news_detail/24593/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)
ရန်ကုန်မှာ YBS ကားခတွေ စျေးတက်မည် စက်တင်ဘာလ ၁ ရက်နေ့ကစလို့ YBS ယာဉ်စီးခနှုန်းထားများ တိုးမြင့်ကောက်ခံမယ့်အကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးလာပါတယ်။ ကောက်ခံမယ့် နှုန်းထားအသစ်မှာတော့ ယခင်က ၂၀၀ ကျပ်ပေးနေရတဲ့ YBS လိုင်းတွေဟာ ၃၀၀ ကျပ်အဖြစ် ပြောင်းလဲကောက်ခံမှာဖြစ်သလို ၄၀၀ ကျပ် ပေးနေရတဲ့ ယာဉ်လိုင်းအများစုကလည်း ၆၀၀ ကျပ်အဖြစ် တိုးမြင့်သွားမှာဖြစ်ပါတယ်။ ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာခြင်းကြောင့် YBS ကားခတွေ တိုးမြင့်ကောက်ခံရတာလို့ YRTC ဆိုထားပြီး YBS စီးခဟာ တစ်ရက်ကို ၁၂၀၀ ကျသင့်လာနိုင်ကာ၊ ၂ ဆင့်စီးရသူတွေဟာ တစ်ရက်ကို ကားခ ၂၄၀၀ ကျသင့်မှာဖြစ်ပါတယ်။ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံမယ်လို့ သိရပါတယ်။
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့်နှုန်းထားများအား အသိပေးကြေညာခြင်း။ ရန်ကုန်၊ ဩဂုတ်လ- ၁၄ ရက်။
без подписи
မင်္ဂလာနံနက်ခင်းလေးပါ ဘေးရန်ပယ်ရှင်း၊ စိုးရိမ်ကင်း၍၊ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော နေ့သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြချက်များအပေါ် မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ်တို့ ၃-၈-၂၀၂၆ ရက်တွင် တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။ ယင်းဖော်ပြချက်တွင် အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု သော်လည်း “ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့်ခြွင်းချက်မရှိလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်သည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်း ဖြစ်ပါသည်။ အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ၎င်းအား ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ခြွင်းချက်မရှိ လွှတ်ပေးရန်ကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်များလျှော့ပေါ့ပေးခြင်းများကို လူသားချင်းစာနာထောက်ထားမှုရှုထောင့်မှ အလေးထား၍ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားအရေအတွက်မှာ ၁၂၆,၉၆၄ ဦး ရှိပြီဖြစ်ပါသည်။ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု မှတ်သားထားသော်လည်း၊ အပြုသဘောမဆောင်သည့် တောင်းဆိုချက်များ အပေါ် စိတ်မသက်မသာ ဖြစ်ရပါသည်။ မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပါတီစုံ ဒီမိုကရေစီစနစ်အရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄.၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃.၁၃ သန်းကျော် ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၅၄.၂၂ ရာခိုင်နှုန်းသော ပြည်သူများက လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြပါသည်။ လူငယ်များစွာ ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ခဲ့ပါသည်။ ယခုလက်ရှိ အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ပြီး၊ ရွေးကောက်ခံအစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားမည် ဖြစ်ရာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သည့် လက်တွဲပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
ဩဂုတ်လ (၁၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်သည် တစ်ဖြည်းဖြည်း အားပျော့သွားပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးပြောကြား
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်သည်။ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်သည်။ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၄
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
без подписи
ဘီလာရုဇ် ပါတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်လာတာ ၊ ဗီယမ်နမ်သံအမတ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံတာတွေရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။ (နရီမိုး)
ရေဘေးက မိုးများတော့ တစ်နိုင်ငံလုံးနီးပါးဖြစ်တယ်။ ပြဿနာက အပေါ်မှာဖြစ်တဲ့ သစ်တောပြုန်းတဲ့ ပြဿနာကို အောက်ဒေသတွေ လည်စင်းခံရတာပဲ။ သစ်တောတွေမရှိ၊ ရွှေဖောင်တွေကြောင့် မြစ်ရေလမ်းကြောင်းတွေက တိမ်ကောလာတဲ့အခါ...မြစ်တာဘောင်တွေကိုကျော်ပြီး ထစ်ကနဲဆို...ရေကြီးတာမျိုး အဖြစ်များလာနိုင်တယ်။ အပေါ်မှာလည်း မူးမြစ်ရေကြီးတော့ သဖန်းဆိပ်က လက်ခံနိုင်သလောက် လက်ခံပေးထားတယ်။ ဒါတောင် ဆည်ဆောက်လို့ ခုလို ရေပိုလွှဲက ရေတွေ လွှတ်ခံရတာဆိုတဲ့ စကားမျိုး ပြောထွက်ကြသေးတယ်။ အမြင့် ပေ ၁၀၈၊ အလျား ၃ မိုင်လောက်ကျယ်တဲ့ ဒီဆည်သာ မရှိရင်...မိုးတွင်းရောက်တိုင်း သဘာဝဘေးကို ခုထက်ပိုခံစားရမှာဆိုတာတောင် မတွေးနိုင်ကြတော့ဘူး။ အဓိကကတော့ အစိုးရကိုလည်း တခြားပြည်သူတွေက မုန်းစေချင်တယ်။ ဆိုတော့...NUG ဆိုတဲ့ အဖွဲ့ရှိနေလည်း NUG က အဝေးရောက် ဆိုတော့ တကယ် မကူညီနိုင်မှန်းလည်း သူတို့သိတယ်။ အစိုးရကို မုန်းစေချင်တော့ စစ်ကိုင်းတံတားမှာ ရေဘေးကယ်ဆယ်ရေးဆို၊ ပေးမဖြတ်ဘူးဆိုတဲ့ ကောလာဟလတွေ လွှတ်ရော။ သိပ်ကို ရိုးသားပါတယ်ဆိုတဲ့ ဒီအညာက...ဘုန်းကြီးလည်းသတ်၊ မုံရွာမှာ ဗိုက်ကြီးသည်လည်း သတ်၊ လယ်ကွင်းထဲထိတောင် အုပ်ကြီးတွေကို လိုက်သတ်ကြ၊ CDM လုပ်ရင် ဒလန်ခေါင်းစဉ်နဲ့ အမျိုးမျိုးသတ်ခဲ့ကြတဲ့ PDF တွေ ကြီးစိုးတဲ့ ဒေသမှာ အစိုးရအတွက်လည်း လုံခြုံရေးပေးနိုင်မှာ မဟုတ်သလို ဘယ် ပရဟိတသမားမှလည်း သွားရဲလာရဲ ရှိမှာ မဟုတ်ဘူး။ တစ်ခုတော့ ရှိတာပေါ့။ မြေပြင် PDF နဲ့ချိတ်ပြီး လုံခြုံရေး အာမခံပါတယ် ပြောရင်တော့ မပြောတတ်ဘူး။ ဒါလည်း တနယ်တဗိုလ်ဖြစ်နေတဲ့ အညာမှာ...ဘယ်ဘုရားက တန်ခိုးပိုကြီးသလဲ မသေချာဘူး။ တကယ်လို့ ပါလာတာ မလှူရဘဲ အချင်းချင်း အဝေမတည့်လို့ အရှင်းခံရရင်လည်း ခံ ရမှာပဲ။ ဒီလိုနေရာမှာ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့တရားတွေ ဟောလို့ ရမှာ မဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ဒီလောက် သဘာဝဘေးဖြစ်နေချိန်မှာတောင် မသွားရဲ၊ မလှူရဲတာကိုကြည့်ရင်.... PDF တွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပြီလို့ပဲ ပြောရမှာပဲ။ (နရီမိုး)
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆) https://www.nssmy.com/news_detail/24575/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)
◾ AA နဲ့ပတ်သက်ပြီး Bay of Bengal Post မှာ အကြမ်းဖက် AA အနေနဲ့ ဘင်္ဂလီ ၁၅၀၀ ကျော်ကို သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ အတင်းအကြပ် နယ်မြေပြောင်းရွှေ့မှုတွေ လုပ်ခဲ့တာ ဆိုပြီး အသေးစိတ် ဖော်ပြလာတယ်။ ဒီကိန်းဂဏန်းက ဘယ်လောက်တိကျသလဲဆိုတာ ထက်…အရင် ၂၀၂၆ ခုနှစ် မေလမှာ Human Rights Watch က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ အနည်းဆုံး ဘင်္ဂလီ ၂၀၀ နီးပါး AA က သတ်ဖြတ်ခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြု ချက်ထုတ်နိုင်ခဲ့တာရှိတယ်။ ----- ◾ OHCHR ကို ကိုးကားပြီး ဗြိတိန်အစိုးရရဲ့ ၂၀၂၆ ခုနှစ် သတင်းထုတ်ပြန်ရေးအစီရင်ခံစာ တစ်ခုမှာလည်း အကြမ်းဖက် AA ရဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်း ထုတ်ပြန်ထားတာ ရှိခဲ့ဖူးတယ်။ ဒီထုတ်ပြန် ချက်မှာဆိုရင်…ဘင်္ဂလီတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်စုဆောင်းတာနဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေ ခံခဲ့ရတဲ့အကြောင်း အသေးစိတ်ဖော်ပြထားခဲ့တယ်။ ရိုက်တာ ရဲ့ သီးခြားစုံစမ်းချက် အစီရင်ခံစာတစ်ခုမှာလည်း ၂၀၂၄ မေလ ၁၇ ရက်နေ့တုန်းက ဘူးသီးတောင်မြို့ကို မီးရှို့ဖျက်ဆီးခဲ့ချိန်မှာ အကြမ်းဖက် AA က အနည်းဆုံး ၄၅ ဦးလောက် သတ်ဖြတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ----------- ◾ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကိုယ်တွေစိတ်ဝင်စားတာက… အစိုးရအနေနဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ…ဒီပြစ်မှုတွေကို ဦးဆောင်နေတဲ့ ထွန်းမြတ်နိုင်နဲ့ ဘယ်လို ဆွေးနွေးကြမလဲဆိုတာပါပဲ။ နိုင်ငံတကာရဲ့ အစီရင်ခံစာတွေမှာ ပြစ်မှူကျူးလွန်ကြောင်း သက်သေရှိနေတဲ့ ထွန်းမြတ်နိုင်က… အနာဂတ်မှာ ဘယ်လို အခန်းကဏ္ဍ ဆက်ရှိနိုင်မလဲဆိုတာ…စိတ်ဝင်စားစရာကောင်း တယ်။ ယုတ္တိရှိရှိတွေးရင်တော့…ဒီလိုသတ်ဖြတ်မှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်နေတဲ့ AA ရဲ့ လုပ်ဆောင်ချက်က…ရခိုင်ပြည်သူလူထုလိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့တော့ တဖြည်းဖြည်း အလှမ်း ဝေးနေသလိုပဲ။ ခုလည်း ရခိုင်မှာ…နယ်မြေသိမ်းထားတယ်လို့ပြောရုံပဲတတ်နိုင် တယ်။ သတင်းရရင်ရသလို နေရာအနှံ့ …လေကြောင်းတိုက်ခိုက်မှု လုပ်နေတဲ့ တပ်မ တော်ရဲ့ ဗုံးဒဏ်တွေကို အကြမ်းဖက် AA ဘယ်လောက်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ပဲ။ (နရီမိုး)
လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သည်။ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၂
လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိ။ ရန်ကုန်၊ ဩဂုတ်လ -၁၃ ရက်။
၁၂-၈-၂၀၂၆ ရက်နေ့ ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့် ယနေ့ မှ ၁၅-၈-၂၀၂၆ ရက်နေ့ အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်။ ပိုမိုသိရှိနိုင်ပါရန် https://www.moezala.gov.mm/index.php/my/warning/132342 'မိုး/ဇလ'
■ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံးကြောင်း ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားထားချက်အရ သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၁ ရက်တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်ထိ ဆေးရုံတက်လူနာ (၉၈)ဦး၊ ဆေးရုံဆင်း (၈)ဦး၊ အသက် ၉၂ အရွယ် သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၂ ရက်တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမားရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။ #ရန်ကုန်ပြည်သူ့ဆေးရုံကြီး #ဝမ်းပျက်/ဝမ်းလျှော #သက်ကြီးလူနာ #သေဆုံး ■ Website Link >>>>https://news-eleven.com/article/314220
လူထုခေါင်းစဥ်တပ်ပြီး စစ်သွေးကြွစကားပြောလာတဲ့ လူတစ်စုခေါင်းဆောင် ဘောကျော်ဟဲ နဲ့ KIO က ဂွမ်မော်၊ သီပေါမှာ ကျောင်း (၁၇) ကျောင်း ပိတ်ခံလိုက်ရ၊ ရာအိမ်မှူးကို စစ်မှုထမ်းပြန်တစ်ဦးက ဓားနဲ့ထိုးမှု ချမ်းအေးသာစံမှာ ဖြစ်ပွား၊ ရန်ကုန်က ဝမ်းပျက်ဝမ်းလျှော ကျန်းမာရေးသတင်း၊ ကမာရွတ် UAB bank ရှေ့မှာ သိန်း(၆၀၀) ပျောက်တဲ့အမှု ခိုးယူသူကို မိပြီ (၁၂-၈-၂၀၂၆) https://www.nssmy.com/news_detail/24544/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)