Mythical LFC ♦
Статистикаလီပါပူး အသင်းရဲ့ နောက်ဆုံးရ သတင်းများ ပွဲကြို/ပွဲပြီးသုံးသပ်ချက်များ ကိုအချိန်နဲ့ တပြေးညီတင်ဆက်ပေးသွားမည့် Fan Channel.
- Последний пост
- 28 янв.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🛑 ဗန်ဒိုက်ရဲ့ 3 ကြိမ် Assists နဲ့ အိမ်ကွင်းမှာ 6 ဂိုးပြတ်အနိုင်ရပြီး Champions League ရဲ့ အုပ်စုအဆင့်မှာ အဆင့် (3) နေရာနဲ့ နောက်တစ်ဆင့်ကို တက်လှန်းနိုင်ခဲ့ပါတယ်။
🛑 ယခုအချိန်မှာ အသင်းပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများတဲ့ ရော်ဘာဆန်ဟာ လီပါပူးအသင်းကို 2017 ခုနှစ်မှာ Hull City အသင်းကနေ လီပါပူးအသင်းကို ပေါင်ရှစ်သန်း နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လီပါပူးကစားသမားဘဝမှာ ပြိုင်ပွဲစုံ 🛑 363 Apperances ⚽ 12 Goals 🎯 68 Assists 🏆 9 Trophies
အသင်းရဲ့လူရွှင်တော် ကြိီး ကို စပါးဂျာစီ နဲ့တွေ့ရမှာရင်ထဲမကောင်းဘူး။
🛑 အသင်းနှင့် လမ်းခွဲတော့မဲ့ ရော်ဘို 🛑 ⚽ လီပါပူး အသင်းရဲ့ 31 နှစ်အရွယ် ဘယ်နောက်ခံလူ အန်တီရော်ဘာဆန်ကို စပါးအသင်းဟာ ဒဏ်ရာရရှိသွားတဲ့ Ben Davies နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ⚽ နောက်ဆုံးရသတင်းတွေအရ ရော်ဘာဆန် ကိုယ်တိုင်ကလဲ အသင်းပြောင်းရွှေ့ချင်နေပြီး စပါးအသင်းဘက်ကလဲ လီပါပူး အသင်းကို တရားဝင်ကမ်းလှန်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Mythical LFC မှာမတင်ဖြစ်တာကြာပါပြီ မကြာခင်မှာ တော့ ပုံစံအသစ်နဲ့ သေချာပြန်လုပ်တော့မှာပါ။ နေ့စဥ်သတင်းတွေတင်မကဘဲ အသင်းနဲ့ပတ်သက်တဲ့ အရာတွေအကုန်လုံးကို အချိန်နဲ့တပြေးညီပြန်လည်တင်ဆက်သွားမှာဖြစ်ပါတယ်။
♦ ချံပီယံ ဖြစ်ပြိီး တာကြောင့် အရံကစားသမားအများစုနဲ့ ပွဲထွက်လာပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ 2015 မှာ လီပါပူး အသင်းရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရသလို ဒီတစ်ကြိမ်မှာတော့ ချဲလ်ဆီး အသင်းက 10 နှစ် အကြာမှာ လီပါပူး အသင်းကို ပြန်လည်ဂုဏ်ပြုပေးခဲ့ရပါတယ်။ နည်းပြအနေနဲ့ အရံတွေနဲ့ချည်းပွဲထွက်ခဲ့ပေမဲ့ လူအများစုကိုလဲ မိနစ် 50 ကျော် 60 ကျော်တွေမှာ လူစားလဲခဲ့ပါတယ်။ ဒီနှစ်ရာသီရဲ့ တစ်ခုတည်းသော ခေါ်ယူမှုဖြစ်တဲ့ Chiesa ကိုတော့ မိနစ် 80 ကျော်မှ ပွဲထွက်စေခဲ့ပါတယ်။ ချံပီယံ ဖြစ်ပြီးသား အသင်းတွေနဲ့ ထုံးစံ အတိုင်းဘဲ နောက်လက်ကျန်ပွဲစဥ်တွေမှာလဲ အရံတွေ နဲ့ ဥိီးစားပေးကစားသမားတွေကို အလှည့်ကြနဲ့သာ ပွဲထွက်သွားနိုင်ဖွယ်ရှိပါတယ်။
♦ ပရိီးမီးယားလိဒ် သမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံး အဖြစ် အဆင့် 5 နေရာထိရောက်ရှိလာတဲ့ မိုဆာလာ - ဆာလာ အနေနဲ့ 184 ဂိုးသွင်းယူထားတဲ့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးကို 185 ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
♦ ပရိီးမီးယားလိဒ် သမိုင်းတစ်လျှောက် ပထမဆုံး ချံပီယံဆုကို ဆွတ်ခူးနိုင်တဲ့ နယ်သာလန် အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗန်ဒိုက်
♦ ပရီးမီးယားလိဒ် သမိုင်းတစ်လျောက် ပထမဆုံးရာသီမှာ အမှတ်ပေးချန်ပီယံ ဆွတ်ခူးနိုင်တဲ့ ပဉ္ဇမမြောက်နည်းပြဖြစ်လာတဲ့ စလော့ဒ်
🏆 အကြိမ် ( ၂၀ ) မြောက် အမှတ်ပေးဖလား ချံပီယံ 🏆
- EPL ပွဲတွေသာ ကျန်တော့တဲ့လီပါပူး အနေနဲ့ လက်စတာ နဲ့ရင်ဆိုင်ရသည့်တိုင် တိုက်စစ် ကွင်းလယ် လူစုံထုတ်လာခဲ့ပါတယ်။ ဘယ်နောက်ခံအဖြစ် ဆီမီးကပ်စ် ပွဲထွက်ခဲ့ပြီး ညာနောက်ခံအဖြစ် ဘရတ်တလေ ပွဲထွက်လာပါတယ်။ ပထမပိုင်းကတည်းက ဖိအားပေးကစားနိုင်ခဲ့ပေမဲ့လို့ နောက်ပိုင်းပွဲစဥ်တွေမှာလိီပါပူး ဂိုးရဖို့ရုန်းကန်နေရသလို လက်စတာဂိုးသမားကာကွယ်တာ တွေကြောင့်ဂိုးမရှိခဲ့ဘဲ ဒုတိယပိုင်းမှာ ဒဏ်ရာကနေပြန်လာတဲ့ထရန့်ဂိုးနဲဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထရန့်အနေနဲ့ ကစားသမားဘဝ ဘယ်ခြေနဲ့ပထမဆုံးသွင်းဂိုး သွင်းခဲ့ပြီး ထရန့်ဝင်လာတဲ့အချိန်မှာတိုက်စစ်ပိုင်းသိသိသာသာ ကောင်းမွန်လာတာကိုလဲတွေ့ရပါတယ်။ ရာသီကုန်မှာ ရီးရဲလ်ကိုပြောင်းတော့မဲ့ ထရန့်အနေနဲ့ အသင်းအတွက်နောက်ဆုံး နှုတ်ဆက် ဂိုးလဲ ဖြစ်သွားနိုင်ပါတယ်။
♦အကြိမ် 20 မြောက် EPL ချံပီယံဖြစ်ဖို့ နိုင်ပွဲတစ်ပွဲသာလိုအပ်တော့ တဲ့ လီပါပူး - လီပါပူး အသင်းအနေနဲ့ ပွဲစဥ် 33 အဖြစ် လက်စတာ အသင်းနဲ့ပွဲစဥ်မှာ ထရန့်ရဲ့ နောက်ကြဂိုးနဲ့ 0-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ ပွဲစဥ် 34 မှာ စပါးအသင်းကို အနိုင်ရရင် ချံပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။ ကြားရက်မှာ အာဆင်နယ် အသင်းအနေနဲ့ ပဲလေ့စ်အသင်းကို ရှုံးခဲ့ရင်လဲ ချံပီယံ ဖြစ်မှာဖြစ်ပါတယ်။
- ပွဲအကြောင်းပြောရရင်တော့ လီပါပူး အသင်းအနေနဲ့ ယခု နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်း မတည်ငြိမ်မှု အတ်ိုင်းဘဲ ပထမပိုင်းမှာ ကစားပုံ ပြိုင်ဘက်ကိုဖိအားပေးနိုင်စွမ်း အဖက်ဖက်ကနေ အသာဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲက ဝက်စ်ဟမ်း အသင်းရဲ့ ပွဲ ဖြစ်သွားခဲ့ပါတယ်။ အခွင့်ရေးတွေလဲ ခွင့်ပြုခဲ့ရပါတယ်။ ဘရတ်တလေ ဒဏ်ရာက ပြန်လာတာကြောင့် ညာနောက်ခံ လူအဖြစ်ကစားခဲ့ပါတယ်။ လီပါပူး အသင်းအနေနဲ့ နောက်ပိုင်းမှာ ယိမ်းယိုင်လာခဲ့ ခံစစ်ကြောင်းကို တွေ့ရလာပါတယ်။ ထရန့် ဒဏ်ရာကြောင့်မပါနိုင်တော့တဲ့ပွဲစဥ်က စလို့ ဆာလာ ဂိုးပေါက်ပြောက်ခဲ့သလို တိုက်စစ် အခင်းကျင်းမှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဆာလာအနေနဲ့ ဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ပရ်ီးမီးယားလိဒ်ချံပီယံ အတွက် သေချာသလောက်ရှိပေမဲ့ နောက်နှစ်မှာတော့ လီပါပူး အသင်းအနေနဲ့ ပြင်ဆင်ပြောင်းလဲမှု ခပ်ကြီးကြီးလုပ်မှရတော့မဲ့ အခြေပါ။
♦ ဗန်ဒိုက်ရဲ့ နောက်ကြ ဂိုးကြောင့် အနိုင်ရခဲ့တဲ့လီပါပူး - လီပါပူး အသင်းအနေနဲ့ ပရီးမီးယားလိဒ်ပွဲစဥ်အဖြစ် ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့ရပြိီး 2-1 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ဘဲ လီပါပူး အသင်းအနေနဲ့ ပရီးမီးယားလိဒ်ချံပီယံ ဖြစ်ဖို့အတွက် ရမှတ် 6 မှတ် သို့မဟုတ် နိုင်ပွဲ 2 ပွဲသာ လိုပါတော့တယ်။
без подписи
♦ ဆာလာ 2 နှစ်စာချုပ်ချုပ်ဆိုပြိီး ဗန်ဒိုက်ကိုလဲ 2 နှစ် စာချုပ်ချုပ်ဆိုနိုင်တော့မဲ့ လီပါပူး - အာနိုးကို ရာသီကုန်မှာ လက်လွှတ်ဆုံးရှုံးရတော့မဲ့ လီပါပူး အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ နဲ့ ဗန်ဒိုက်တို့ က စာချုပ်ထပ်မံချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဆာလာ အနေနဲ့ ယနေ့မှာ ချုပ်ဆိုခဲ့ပြိီး ဗန်ဒိုက်အနေနဲ့လဲ ယခုရက်ပိုင်းအတွင်းချုပ်ဆို တော့မှာဖြစ်ပါတယ်။
♦ မာဆေးဆိုက် ဒါဘီမှာ အနိုင်ရခဲ့တဲ့ လီပါပူး - လီပါပူး အသင်းအနေနဲ့ မာဆေးဆိုက်ဒါဘီမှာ 1-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချံပီယံလိဒ်နဲ့ EFL Cup မှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပြန်ကစားတဲ့ ပရီးမီးယားလိဒ်ပွဲစဥ်မှာ အနိုင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဒ် မှာ ဒုတိယနေရာက အာဆင်နယ် အသင်းကို 12 မှတ်အထိ ဖြတ်ထားပြီး ဖလား ရရှိဖို့ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။ - ပွဲအကြောင်းပြောရရင် ဂျိုတာရဲ့ မိနစ် ငါးဆယ်ကျော်မှာရတဲ့ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး တစ်ပွဲလုံးအတိုင်းအတာနဲ့ဘော်လုံးကိုင်ကစားနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းအနေနဲ့ အခွင့်ရေးအချို့ရခဲ့ပြီး တိုင်ထိတာ လူကျွံ တာရောကြောင့် ဂိုးမရရှိခဲ့ပါဘူး။ ဒီပွဲမှာထူးခြားချက် အနေနဲ့ နည်းပြစလော့ဒ်အနေနဲ့ ဂျူံးစ်ကို ညာနောက်ခံအဖြစ်ပွဲထွက်လာတာ ဖြစ်ပါတယ်။ ဒီတိုင်းသာ နိုင်ပွဲ ဆက်သွားမယ်ဆိုရင် အာဆင်နယ် အသင်းနဲ့ ကစားရမဲ့ အန်းဖီးလ်က ပွဲစဥ်မတိုင်ခင်မှာ ဖလားကိုင်မြှောက်နိုင်မှာဖြစ်ပါတယ်။
♦ ရာသိီကုန်မှာ Real Madrid ကို ပြောင်းရွှေ့တော့မယ် ထရန့် - လီပါပူး အသင်းရဲ့ ညာနောက်ခံလူ ထရန့်အနေနဲ့ ရာသိီကုန်မှာ ရီးရဲလ်ကို သေချာပေါက်ပြောက်းရွှေ့တော့မယ်လို့ စပိန်မီဒိီယာတွေက ဆိုထားပါတယ်။ ထရန့်အနေနဲ့ ဘယ်လင်ဂန် ရဲ့ စည်းရုံးမှုနဲ့ အတူ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွေ့တော့မှာဖြစ်ပြီး တစ်ပတ်ကိုပေါင် 3 သိန်းကျော် ရရှိမှာလဲ ဖြစ်ပါတယ်။ လီပါပူး အသင်းရဲ့ အကယ်ဒမီကနေ အသင်းကြိီးကိုရောက်ရှိခဲ့ပြီး ယခုမှာတော့ အသက် 26 နှစ် အရွယ် မှာ ထရန့်အနေနဲ့ အသင်းပြောင်းရွှေ့တော့မှာဘဲ ဖြစ်ပါတယ်။
📣 မိမိလိုချင်တဲ့ ပုံလေးတွေကို မိမိလိုချင်တဲ့ ဒီဇိုင်းနဲ့ ( ဓာတ်ပုံ + ဘောင် + ချိတ် ) မှာယူလို့ရပါပြီ 📣 ✔ ကြိုက်နှစ်သက်ရာ အသင်းပုံကို အိမ်မှာအလှချိတ်မလား? ✔ ကြိုက်နှစ်သက်ရာ ကစားသမားပုံကို လိုချင်တဲ့ ပုံဖြင့်ယူမလား? ✔ ဆုဖလားအောင်မြင်မှုတွေကို အိမ်မှာ အမှတ်တရ အနေနဲ့ ထားမလား? ✔ မိမိလိုချင်ရာပုံကို online မှာရှာမရလို့စိတ်ညစ်နေတာလား? 📣 မိမိနှစ်သက်သည့် ဓာတ်ပုံဒိီဇိုင်းအပါအဝင် ( ဓာတ်ပုံ + ဘောင် + ချိတ် ) စတာတွေကို အကုန်အပြိီးအစီး ( 18000 ) ကျပ်ဖြင့် မှာယူလိုက်ပါ။ A4 size - 18000 A3 size - 22000 Ph No ( 09941318653 ) Viber No ( 09756976251 ) Telegram Acc ( @frenzy155 )
без подписи