tgindex
News Knowledge Share ( ကိုဝေယံ WYYY )

News Knowledge Share ( ကိုဝေယံ WYYY )

Статистика

အလုပ်ကိစ္စဆက်သွယ်ရန် - @KWY018 Music & Song Bot - @WYYY036bot https://t.me/boost/NewsKnowledgeShare Top 1 Boost Main Channel https://t.me/Top1Boost_Main

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
9
Всего постов
23
Тип
открытый
Язык
my
Категория
Музыка
В каталоге с
13 авг.
Подписчики
3 019
−25 за 3 дн.
Сутки
−6
−0,20%
Неделя
 
Месяц
 
Просмотров на пост
38
23 постов
Вовлечённость
1,3%
к подписчикам
Постов в день
1,3
всего 23
Упоминаний
5
каналов
Охват размещения
оценка
1/24сутки в ленте
27
1/48двое суток
30
1/72трое суток
33

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • https://t.me/kozar1999?livestream=0f59828f6d5ebc19f1

  • သေမင်းဟာဒုန်းစိုင်း ပြေးလာတဲ့ခေတ် ပျော်အောင်နေဖို့ထက် မသေအောင်နေဖို့ ပိုအရေးပါသောအဖြစ်ပျက်ဟာ မသိမသာနဲ့ သိသိသာသာဖြစ်တယ် မေတ္တာတရားဟာ ကန္တာရဆန်လာတဲ့အထိ ခြောက်ခြားစရာတွေထင်ဟတ်လာတယ် မဖိတ်ခေါ်တဲ့အန္တရာယ်များစွာဟာ အူယားဖားယား အတွင်းသုံးဆယ့်ခုနှစ်မင်း အပြင်သုံးဆယ့်ခုနှစ်မင်း ဘယ်နတ်မင်းမှ ကယ်တင်နိုင်ခြင်းမရှိ ပစ္စုပ္ပန်မှာ လောင်ကျွမ်းဆဲဘဝတွေဟာ ကုရာနတ္ထိဆေးမရှိ ပဲတင်ထပ်နေတဲ့ အော်ဟစ်ညည်းညူသံများ ၊ တောက်ခေါက်သံများစွာဟာ သောကပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင်နဲ့ နစ်မြှုပ်နေတဲ့ဘဝတွေအတွက် ကမ်းမယ့်လက်ထက် တွန်းနစ်မယ့်ဝါးသာ များလာခဲ့တယ် ပိတ်မိနေတဲ့ဘဝများစွာအတွက် ထွက်ပေါက်ဆိုတာ အစရှာမရတဲ့ဆံချည်မျှင်ထွေးတစ်ခုလိုမျိုး ဒီငရဲဟာ ဘယ်ကမ္ဘာအထိ အဒွန့်ရှည်နေကြအုံးမလဲ။ -ချည် -အတွေးစာစုများ

  • ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို

  • ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ ‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • အမျိုးသမီးရေ ကျွန်တော် ခင်ဗျားကို လွမ်းတယ်.. ဒါပေမဲ့လည်း ဒီစကားဟာ ကျွန်တော့်အတွက် ပြောခွင့်မရှိတဲ့ စကားတစ်ခွန်းဖြစ်မယ် ထင်ရဲ့... ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ အမျိုးသမီးအတွက်ပဲ ဖြစ်ခဲ့ပါတယ်.. ဖြစ်နေပါတယ် အမျိုးသမီးရေ... ကျွန်တော်က ခင်ဗျားကို မပိုင်ပေမဲ့လို့ ကျွန်တော့်ကိုတော့ ခင်ဗျားပိုင်ပါတယ်။ သိပ်ချစ်တယ် အသက်...။ - လိပ်ပြာ [ တိတ်တခိုးအချစ် ]

  • သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို

  • 10 авг.3521из Sawtinmaung_poetry

    ဘာသိလဲမေးရင် ဘာမှမသိဘူး၊ ဘာရှိသလဲမေးရင် ဘာမှမရှိဘူး၊ ငါသိနေတာ ငါရှိနေတယ်ဆိုတဲ့ အကြောင်းတရားတစ်ခုမျှသာ…။ ညနက်နက်တွေရောက်ရင် ကြယ်တွေကို စီငေးမောကြည့်လို့ မေးမိတယ်… “မင်းတို့ရော အဲဒီမှာ နေပျော်ရဲ့လား၊ လဲပြိုကျမှုတွေရော ထိုအရပ်မှာ ရှိပါရဲ့လား…” ဘယ်လိုပင်နေနေ ဧည့်သည်က ဧည့်သည်ပဲမို့ငါလည်း တစ်နေ့ ကြယ်တွေလားရာဆီ ပြန်ရမယ်။ နေထိုင်ခြင်း သုံးမျိုးရှိသတဲ့— အသက်ရှင်တာရယ်၊ သေဆုံးခြင်းရယ်၊ နောက်တစ်မျိုးက ရှင်သန်နေရင်း သေဆုံးခြင်းရယ်။ အုံကြွတယ်၊ သူပုန်ထတယ်၊ တဏှာတွေကြွလို့ စီကရက်နဲ့ အရက်တွေထဲ မျောပါကြတယ်၊ ဒါဟာ ဒီကမ္ဘာမှာ ဖြစ်ပျက်နေမြဲ…။ ငါသေဆုံးတဲ့အခါ ကောင်းကင်နိုင်ငံတော်မှာ မရှာနဲ့၊ ပူလောင်ခြင်းအပြည့်နဲ့ ငရဲကြီးရှစ်ထပ်မှာလည်း မရှာနဲ့၊ ငါ့ကို… ငါ့ကဗျာတွေထဲမှာပဲ ရှာပါ။ _မောင်ဖက်ကြမ်း _စိတ္တဇကြယ်၃

  • တွေးကြည့်ရင် ရိုးရှင်းပါတယ်... မင်းမချစ်လည်း နေသားတကျဖြစ်နေတဲ့ ငါ့ဘဝဟာ မင်းကိုချစ်နေရခြင်းတွေနဲ့ ပြည့်နက်နေပါတယ်။ - လိပ်ပြာ

  • #Crd_Share_Knowledge

  • ကမ္ဘာကြီးက ငါတို့ကို ကြည့်ပြီး အရှုံးသမားလို့ သမုတ်လည်း၊ ငါတို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲဆိုတာ ငါတို့အသိဆုံးပဲ။ ◾လွန်းတိမ်ညို

  • “ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • အချစ်ရေ.. စဉ်းစားကြည့်ရင် ကိုယ်တို့ ဘဝတွေဟာ မိုးနဲ့ မြေပါလေ... နီးချင်လျက် ဝေးရသလို အဆင်ပြေချင်ပါလျက်နဲ့လည်း ပြဿနာတွေ ဖြစ်ရတယ်။ ပျော်သလားဆိုရင် မင်းကို ချစ်နေသ၍ ကိုယ်ပျော်ပါတယ် အချစ်ရေ။ - လိပ်ပြာ

  • အနာဂါတ်ရော မျှော်လင့်ချက်ရော ရှင်သန်ဖို့အတွက်ရော တိတိကျကျရယ်လို့ ဘာမှဟုတ်တိပတ်တိ မရှိခဲ့တဲ့ဘဝတွေဟာ ပါးပြင်ကမျက်ရည်ဆိုတာ သူတို့အတွက် မွန်းကြပ်မှုကိုလျှော့ချပေးတဲ့ မူလီတစ်ခုပဲ လှော်တက်မရှိတဲ့လှေငယ်တစ်စင်းဟာ နစ်မြှပ်မှာလဲပူရ မရောက်မှာလဲပူရနဲ့ ဗျာဗာဒတွေ လှေဝန်းထဲမှာ ပြည့်လို့ ရေလှိုင်းနဲ့ မုန်တိုင်းကြားမှအလူးအလဲ အသက်ကိုသိမ်းထားဖို့ ခြောက်ခြောက်သွေ့ရယ်လို့ ဘယ်နေရာမှမရှိသလောက်ပဲ လွင့်ချင်ရာလွင့် နစ်ချင်ရာနစ် ဘယ်ကမ်းကပ်ကပ်ဆိုပြီး အထိမ်းကွတ်မရှိ စိတ်လိုလက်ရ လွတ်ချပစ်လိုက်ချင်ပေမယ့် တာအထွက်မှာစိုက်ထူခဲ့တဲ့ စာမျက်နှာတစ်ခုကိုပြန်ပြန်ငဲ့နေခဲ့ရတယ် ကမ်းခြေမှာရေလှိုင်းစီးရတဲ့ဖီလင်လောက်ပဲသိခဲ့တဲ့လူငယ်တွေဟာ ပင်လယ်ဟာဒီလောက်မာယာများမှန်းဘယ်ထင်ခဲ့ကြမှာလဲကွယ် စုတ်ပြတ်နေတဲ့ပစ္စုပ္ပန်မှာ လှပတဲ့ပန်းချီကားတစ်ချပ်ရဖို့ ဘယ်ဆေးသားနဲ့ခြယ်သရမလဲ။ -ချည်

  • ကဗျာဆရာမဟုတ်တဲ့ ငါ ✍ + 🎙 - လိပ်ပြာ

  • စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

  • https://t.me/Danyar9999?livestream=fd9bb68229d298fe3d

  • ကဗျာရွတ်တဲ့အစီစဥ်လေးမှာ တက်ရောက်အားဖြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ့