tgindex
PAZUNDAUNG Tsp {Scout&NewsVer3.0}

PAZUNDAUNG Tsp {Scout&NewsVer3.0}

Статистика

ပုဇွန်တောင်မြို့နယ်တွင်းရှိ စကစနှင့်ပတ်သက်သည့် တပ်စွဲ၊ ကင်းလမ်းကြောင်းများကို ဖတ်ရူနိုင်ပါသည်။ ပုဇွန်တောင် မြို့နယ်တွင်း သတင်းများပေးရန် @PZD_New သို့ ဆက်သွယ်ပါ။

Последний пост
13 авг.
Последнее чтение
13 авг.
Постов за неделю
4
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
90
+1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
76
21 постов
Вовлечённость
84,4%
к подписчикам
Постов в день
0,6
всего 21
Упоминаний
3
каналов
Охват размещения
оценка
1/24сутки в ленте
7
1/48двое суток
8
1/72трое суток
8

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • 12 авг.8из rsnweb

    ▪️ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းမြင့်နေ ယခုရက်သတ္တပတ်ထဲ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြကြောင်း သိရှိရသည်။ မြို့လယ်ခေါင် လသာ နှင့် လမ်းမတော်မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြပြီး ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူနာများ ပြည့်နေသည်။ ထို့ပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ရောဂါဖြစ်သူများ ရှိနေပြီး ရန်ကုန်အနောက်ပိုင်း‌ဆေးရုံ၊ အရှေ့ပိုင်း‌ဆေးရုံများတွင် လူနာအများအပြား ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ စည်ပင်က လမ်းဘေးဆိုင်တချို့ကို ယာယီပိတ်သိမ်းခိုင်းလိုက်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ Source: MPA, Khit Thit, BBC 12 Aug 2026 #RangoonScoutNetwork

  • 12 авг.101из khitthitnews

    ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်နှင့်ကျန်းမာရေးဌာနက ယာယီ ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်က သန့်ရှင်းရေး ဂရုပြုကြရန်နှင့် လတ်တလော လမ်းဘေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသပြည်သူများနှင့်ပရဟိတလူနာတင်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့ လယ်ခေါင်ရှိ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ Down Town ပြင်ပရှိ အင်းစိန်နှင့်မရမ်းကုန်းမြို့နယ်တို့တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျော လူနာများ အများအပြားတွေ့ရှိလာရကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျောအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ပြီး လက်ခံ ကုသပေးလျက်ရှိကြောင်း ရေချမ်းဖြူ ပရဟိတလူနာတင်ယာဉ်အဖွဲ့ထံမှ သိရှိရသည်။ "ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆေးရုံပို့ရတာများလာတယ်။ ကပ်ရောဂါပုံစံမျိုးတော့မဟုတ်ဘူး။ ဒီရက်ပိုင်းမိုးများတာနဲ့ ယင်နားစာတွေ၊ လမ်းဘေးစာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ အထက်လှန်အောက်လျှောပေါ့။ ဝမ်းသွားတယ်။ အန်တယ်။ အဲဒီလူနာတွေ များလာတာ" ဟု အဆိုပါပရဟိတအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။ လတ်တလော စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ဝမ်းပျက်ဝမ်းလျှောနှင့် ပတ် သက်၍ ရန်ကုန်တိုင်းအတွင်း ပိုစတာနှင့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များကို သန့်ရှင်းရေး အထူးဂရုပြုကြရန်နှင့် တချို့သော အလွန်ညစ်ပတ်သည့် လမ်းဘေးဆိုင်များကို ယာယီပိတ်သိမ်းခိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ "လမ်းဘေး ခေါက်ဆွဲသုတ် ၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး ဆိုင်တွေ ရက်ပိုင်း ခဏ ပိတ်ဖို့တော့ လာပြောတယ်။ ကျန်းမာရေးဘက်က လိုက်စစ်ပြီးမှ ပြန်ဖွင့်ခိုင်းမယ်ပြောတယ်။ ဝမ်းပျက်ဝမ်းလျှော လူနာတွေတွေ့ရလို့ ပြောတယ်" ဟု အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီး လက်သုတ်စုံရောင်းချသော ပျံကျစျေးသည်တစ်ဦးက ရှင်းပြသည်။ လတ်တလော လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၀ ဦးထက်မနည်းတွေ့ရှိထားရပြီး ရောဂါဇစ်မြစ်များကို လသာမြို့နယ် စည်ပင်နှင့် မြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သတိပေးထားသည်။ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်း မာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ရန်ကုန်တွင် ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားခဲ့၍ ကျန်းမာရေးဌာနက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်။

  • 10 авг.10из rsnweb

    🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၅ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ စမ်းချောင်း၊ ဗိုလ်တထောင်၊ အင်းစိန်နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။ · Facebook ပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ လမ်းဘေးဆိုင်ထဲ ထိုင်နေစဉ် အရက်/ဘီယာ သောက်လို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၅ ဦး တို့ဖြစ်သည်။ ———— ▪️၈၈၈၈ နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ ပြုလုပ် · ဩဂုတ်လ ၈ ရက် (၈၈၈၈ အရေးတော်ပုံကြီး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့) တွင် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့၌ '#8888' ဘန်နာစာတန်းကိုင်ဆောင်၍ "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုပ်ရှားခဲ့ကြသည်။ · ထို့ပြင် Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Linn Yaung Ni Youth Organization (LYNYO) တို့ ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့မှလည်း ရန်ကုန်မြို့တနေရာ ကုန်းကျော်တံတားဘေး ကွန်ကရစ်နံရံပေါ်Projector ဖြင့် တော်လှန်ရေးစာသားနှင့် ပုံရိပ်များထိုးပြခဲ့ပြီး လှုပ်ရှားခဲ့ကြကြောင်း ဩဂုတ်လ ၇ နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ———— ▪️စစ်တပ် တိုက်လေယာဉ် ပျက်ကျ · ဩဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီ ၁၆ မိနစ်တွင် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် ၁ စီး စမ်းသပ်ပျံသန်းနေစဉ် မှော်ဘီမြို့၊ ညောင်နှစ်ပင်ကျေးရွာအနီး၌ ငှက်တကောင်နှင့် ထိခိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျသွားခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ လေယာဉ်မှူးများ Eject လုပ် ခုန်ထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ · ၎င်းပျက်ကျခဲ့သည့် တိုက်လေယာဉ်မှာ FTC-2000G ၊ လေယာဉ်အမှတ် ၁၄၀၇ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထဲ အသစ်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း MDSI က သတင်းထုတ်ပြန်ထားသည်။ နံနက်လင်းအားကြီးချိန် ပျံသန်းမှုများမှာ လေကြောင်းဗုံးကြဲဖို့အတွက်သာဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်းစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့်နေ့တွင် လူဦးရေမပြည့်၍ ပုံမှန်ထက်နောက်ကျပြီးမှ ဖွင့်ခဲ့ကြကြောင်း Khit Thit မှ ဖော်ပြထားသည်။ ———— ▪️ဆွီဒင်သံရုံး ပိတ်သိမ်း · ဩဂုတ်လ ၇ ရက်နေ့မှစပြီး လှိုင်မြို့နယ်ရှိ ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲမှ ကြေညာခဲ့သည်။ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲ facebook အကောင့်ကိုပါ ပိတ်သိမ်းမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးမှတဆင့်သာ လုပ်တော့မည်ဟုဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလထဲ ဖင်လန်သံရုံး ပိတ်သိမ်းခဲ့ပြီး ယခု ဆွီဒင်သံရုံးထပ်မံ ပိတ်သိမ်းခြင်းဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ဒိန်းမတ်သံရုံးပါ ပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ထားသည်။ 10 Aug 2026 #RangoonScoutNetwork #YGN_weekly

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 8 авг.9из MilkTeaYangon

    🔥 မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း 🔥 Online Photo Campaign 8 Aug 2026 ၈၈၈၈ အထိမ်းအမှတ်အဖြစ်ဖော်ဆောင်သည့် "မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း" Online Photo Campaign အား Milk Tea Yangon နှင့် Yangon Drone၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့နှင့်အတူ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများမှပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈၈၈၈) လူထုအရေးတော်ပုံ သည် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုအတွက် ပြည်သူတစ်ရပ်လုံး အတူတကွ ရပ်တည်ခဲ့သော သမိုင်းဝင် လူထုလှုပ်ရှားမှုတစ်ခု ဖြစ်ကာ ထိုစိတ်ဓာတ်သည် ယနေ့တိုင် မပျောက်ကွယ်သေးဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ၈၈၈၈ မှာ စတင်ခဲ့သော ဒီမိုကရေစီခရီးစဉ်ကို နွေဦးတော်လှန်ရေးတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံး၏ အသံ၊ အင်အားနှင့် ပါဝင်မှုများ လိုအပ်နေပါသည်။ မပြီးဆုံးသေးတဲ့ ၈၈၈၈ ရဲ့ စိတ်ဓာတ်ကို လူထုအားနဲ့ ဆက်လက်အသက်သွင်းပြီး နွေဦးအောင်ပွဲဆီ ဒို့အတူရုန်းကြပါစို့။ #မပြီးဆုံးသေးတဲ့၈၈၈၈လူထုအားနဲ့ဒို့အတူရုန်း #MilkTeaYangon #YangonDrone #8888Campaign #NeverForget8888 #Myanmar #WhatsHappeningInMyanmar

  • 8 авг.15из OCTOPUSMYANMAR

    💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ) ​၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့တွင် "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "8888" ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ​တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး စသည့် နိုင်ငံရေးကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုများကြားမှ တစ်ပါတီအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ နိုင်ငံရေးအောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခရီးကြမ်းပေါ်တွင် လျှောက်လှမ်းခဲ့ကြသည့် အရေးတော်ပုံခြေလှမ်းများသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ​မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံတပ်သားများ၏ အတွေ့အကြုံကောင်းများနှင့် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးရဲဘော်များ၏ အတွေးအမြင်သစ်များကို ပေါင်းစပ်ကာ၊ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနေကြသော အလွှာအသီးသီး၊ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များနှင့်အတူ မပြီးဆုံးသေးသည့် အရေးတော်ပုံတာဝန်များကို ကျရာကဏ္ဍမှ သမိုင်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ​အရေးတော်ပုံ အောင်ရမည်။ ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR #ရှစ်လေးလုံး #၈၈၈၈ #8888 #OCTOPUS #ရေဘဝဲ

  • 🔺 ပုဇွန်တောင် * စခ FAW ၁ စီး * အောက်ပုဇွန်တောင်လမ်းမှ အထက်ပုဇွန်တောင်လမ်းအတိုင်း ပုဇွန်တောင်ဈေးဘက်မောင်းသွား။ * 7:59 AM ✊သတင်းပေးရန် - @PZD_New

  • 4 авг.18из tamweNway0o

    без подписи

  • ဘဲဥ ၂ ကောင်၊ ဘဲဥမ ၂ ကောင် ဘဲဥ Saloon ၁ စီး (အသံဖွင့်)

  • 🛑 ပုဇွန်တောင် * ဘဲဥ ၂ ကောင်၊ ဘဲဥမ ၂ ကောင် ဘဲဥ Saloon ၁ စီး (အသံဖွင့်) * ဗိုလ်ချုပ်လမ်းမပေါ်၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြား၊ KBZ ဘဏ်အခြမ်းကားရပ်ထားပြီး အနီးအနား ကားဖမ်းနေ။ * 9:56 AM ✊သတင်းပေးရန် - @PZD_New

  • 3 авг.15из rsnweb

    🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jul 27 - Aug 2, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️စစ်တပ် ကာကွယ်ရေးဝန်ကြီးနေအိမ် ပါဆယ်ဗုံးပို့ခံရ · အကြမ်းဖက်စစ်တပ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်တိုင်းရှိ နေအိမ်သို့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပါဆယ်ဗုံးပို့ခံရကြောင်း Khit Thit မှ သိရှိရသည်။ ဗုံးပို့ခံရသည့်နေအိမ်မှာ ကမာရွတ်မြို့နယ်၊ ၈ ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ခြံအမှတ် ၂၁/၂၂ ဖြစ်ပြီး ထွန်းအောင်၏ဇနီး တင်မိုးနွယ် အမည်ဖြင့် ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပါဆယ်ဗုံးရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် စစ် DC ၄ စီးဖြင့် ဗုံးဖြုတ်အဖွဲ့များရောက်ပြီး သက်မဲ့လုပ်လိုက်ကြသည်။ အဆိုပါနေအိမ်တွင် ထွန်းအောင်၏ ဆွေမျိုးအချို့နှင့် လုံခြုံရေးအစောင့်များသာ နေကြပြီး ၎င်းမှာ နေပြည်တော်တွင် အဓိကနေထိုင်သည်။ ထွန်းအောင်မှာ ယခင်က လေတပ်ကာကွယ်ရေးဦးစီးချုပ် လုပ်ခဲ့သည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၇ မြို့နယ် မှ လူ ၁၉ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ တာမွေ၊ လှိုင်သာယာ၊ လှိုင်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒေါပုံနှင့် သာကေတမြို့နယ်မြို့နယ်တို့ဖြစ်သည်။ · လမ်းပေါ်ရမ်းသမ်းဆွဲခံရသူ ၇ ဦး၊ စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိ ရှာဖမ်းခံရသူ ၁ ဦး၊ ဝင်ငွေကောင်းသည့်အလုပ်ဖြင့် မျှားပြီး ဖမ်းခံရသူ ၃ ဦး နှင့် ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၈ ဦး တို့ဖြစ်သည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ပြန်ရောက်လာ · ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန် ပြန်ရောက်လာခဲ့ပြီး ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံကို အဆင့်မြှင့်ပြီး ပြန်ဖွင့်သည့်ပွဲ လာတက်ကြောင်း သိရသည်။ 'နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ' ဟု အမည်တပ်ထားပြီး ၎င်းတို့မိသားစုပိုင် ကဇာတ်ရုံဟု သတင်းထွက်ပေါ်နေသည်။ ၎င်းလာဖို့ရှိသည့်အတွက် ယမန်နေ့ကတည်းက ကျောက်တံတားမြို့နယ်တဝိုက် အကြမ်းဖက်တပ်သားအများအပြားချထားပြီး လုံခြုံရေးယူထားခဲ့ကြသည်။ · အဆိုပါနေ့တွင် ပန်းဘဲတန်းမြို့နယ်၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၊ ဒဂုံမြို့နယ်၊ အမျိုးသားပြတိုက် (ရန်ကုန်) နှင့် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေရှိ မြန်မာအာကာသ အေဂျင်စီ တို့ကိုလည်း ဝင်သွားခဲ့သည်။ · ထို့ပြင် နောက်နေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ MCC ခန်းမ၌လုပ်သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဒီဇယ်စက်ခေါင်းရုံ (မလွှကုန်း) သို့ ဝင်ကြည့်သွားသည်ဟု သိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗဟန်း၊ မြောက်ဥက္ကလာ၊ တာမွေ၊ စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မိုးသည်းပြီး ရေကြီးရေလျှံ · မိုးသည်ထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်း မြို့နယ်အများအပြား၌ ယခုသီတင်းပတ်ထဲ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း စသည့်မြို့နယ်များတွင် ရေကြီးရေလျှံခဲ့ပြီး ယာဉ်လမ်းကြောင်းများလည်း ပိတ်ဆို့ခဲ့သည်။ ———— ▪️YBS ယာဉ်တိုက်မှုများ · ယခုနှစ် ပထမ ၆ လအတွင်း YBS ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိခဲ့ကြောင်း စစ်တပ် YRTC မှ စာရင်းထုတ်ပြန်ထားသည်။ 03 Aug 2026 #RangoonScoutNetwork #YGN_weekly