- Последний пост
- 29 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 30
- 1/48двое суток
- 34
- 1/72трое суток
- 37
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မေတ္တာတရားကြီးမားသော်လဲ သစ္စာတရားမရှိကြလေခါ အပြစ်အနာများဖြစ်ကြလေလိမ့်မည်။ ထိုအခါ အချစ်ဟာနစ်နာသူအတွက် မသေမဲ့ အဆိပ်အမည်အဖြစ် ရှိနေပြန်ဦးသည်။ #ခေတ်ရိပ်
Today Motivation for everyone ✨.
အဖြစ်ပျက်တိုင်းဟာ မနေ့တစ်နေ့ကလို တွေ့ခဲ့သမျှကြုံဆုံခဲ့ရသမျှဟာခဏတာ အမှတ်တရတွေကလဲဝေဝါးစွာ မင်းကလည်းဟိုအဝေးမှာ...
11:11🤎💐
*Scrolling* •Time is Preciousတဲ့။ အချိန်ဟာတန်ဖိုးရှိပါတယ်။ ကုန်သွားတဲ့ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီတိုင်းဟာ တန်ဖိုးရှိပါတယ်။ *Here is the Question to ask Yourselves* ကုန်ဆုံးသွားတဲ့အချိန်တွေကို ကိုယ်ကဘယ်လို အသုံးပြုနေသလဲဆိုတာ သတိထားမိလား။ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်တွေ (ကိုယ်တိုင်အပါအဝင်) Social mediaပေါ်မှာScrolling လုပ်ရင်း အချိန်ကုန်နေကြပါတယ်။ ကိုယ့်အတွက် အကျိုးမရှိတာကိုလဲ သိကြပါတယ်။ Social Media Addiction ဖြစ်တဲ့ Habitဟာ ဖျောက်ရခက်ပါတယ်။ ဖျောက်ရခက်တဲ့အပြင်ကိုမှ ဆိုးကျိုးတွေလဲ ရှိလာပါသေးတယ်။ Dee Dee Burmese Vlog ရဲ့ Ko Deeက သူ့ရဲ့Webinarတိုင်းမှာ ဒီလိုပြောလေ့ရှိတယ်။ *Social mediaကို Toolတစ်ခု အနေနဲ့သုံးပါ။ ကိုယ်တိုင်ကအသုံးမချတတ်ရင် Social mediaကကိုယ့်ကိုပြန်အသုံးပြုတာခံရမယ်။* Scrolling လုပ်နေတာဟာ Direction မရှိဘဲ ဘဝကိုဖြတ်သန်းနေတာပဲ။ Fun videoတွေ fypပေါ်ရောက်လာရင် ရယ်လိုက်မယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ အောင်မြင်မှုတွေ၊ တလဝင်ငွေဘယ်လောက်ရတယ်ဆိုတာတွေ မြင်တဲ့အခါ ဘယ်လိုခံစားရသလဲ။ သေချာတာပေါ့၊ ကိုယ်တိုင်အရှုံးသမားတစ်ယောက်လို၊ အခွင့်အရေးတွေမရှိတဲ့လူလို၊ ကိုယ့်ဘဝကို အားမလိုအားမရ မကျေမနပ်ဖြစ်ကြတယ်မလား။ ကိုယ်တိုင်လဲဒါကို ကျော်လွှားဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပဲ။ *ဒီလိုခံစားချက်တွေရှိလာတဲ့အချိန်ဘယ်လိုဖြေရှင်းလဲ။* စိတ်ပျက်အားငယ်စေတဲ့ moodတွေဝင်လာတဲ့အခါ Screen Time ကိုလျော့ချပစ်တယ်။ ခံစားချက်မကောင်းစေတဲ့အရာတွေနဲ့ ဝေးဝေးနေတယ်။ သီချင်းနားထောင်တယ်။ ပန်းချီဆွဲတယ်။ •အထိရောက်ဆုံးနည်းလမ်းကတော့ စာအုပ်ဖတ်ဖို့ အကြံပေးချင်တယ်။ (ကိုယ်တိုင်လဲ ဒီနည်းလမ်းနဲ့ဖြေရှင်းပြီး အဆင်ပြေနေလို့ပါပဲ) ဘယ်စာအုပ်ပဲဖြစ်ပါစေနော် ဖတ်ဖို့အကြံပြုပါတယ်။ ဒါဟာ Scrollingလုပ်နေတာထက် အများကြီးအကျိုးပိုရှိပါတယ်။ စာရေးဆရာတိုင်းဟာ ပေးချင်တဲ့ Messageကို စာအုပ်ထဲမှာ သွယ်ဝိုက်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ ဇာတ်လမ်း၊ ဇာတ်ကောင်စရိုက်တွေနဲ့ ဖော်ပြလေ့ရှိကြတယ်။ ဒီတော့ ဖတ်တတ်ရင်၊ သင်ခန်းစာယူတတ်ရင် ပေးချင်တဲ့ Messageကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာအုပ်များများဖတ်နိုင်လေလေ၊ Authorတွေပေးတဲ့ Messageတွေ များများရလေပါပဲ။ *Journalရေးတဲ့ကောင်းကျိုးလေး အတိုချုပ် shareပေးပါမယ်။* 1.မနေ့ကနဲ့ဒီနေ့ ဘာတွေတိုးတက်လာတယ်ဆိုတာ သိလာရတယ်။ 2.နှစ်ကုန်တဲ့အခါ ပြန်ဖတ်ကြည့်ဖြစ်ရင် ဘယ်လိုအကျင့်တွေက ပြင်ဖို့လိုတယ်ဆိုတာ သိလာရတယ်။ 3.ကိုယ့်ကိုကိုယ် ကျေးဇူးတင်ကြောင်း affirmationတွေ ရေးတတ်တဲ့အကျင့်ကြောင့် Positive thinking ရှိလာမယ်။ Thank you pretty much for your reading. 🪶📜 -Jasmine
တိတ်ဆိတ်မှုနှင့် လူငယ်ဘ၀ကို နေသားတကျ နာကျင်ဖွယ် စိတ်ဒဏ်ရာများကို တေးဂီးတနှင့်အဖော်ပြု ညဉ့်နက်သန်းခေါင်ယံချိန် တိတ်ဆိတ်ခြင်းက တစ္စေကဲ့သို့ခြောက်လှန့်ပြီး အဆုံးမသတ်နိုင်သောအတွေးမျိုးစုံနှင့် အိပ်ပျက်ခဲ့သော ညပေါင်းများစွာ။ မဖော်ပြနိုင်သော ခံစားချက်များကို စကားလုံးအဖြစ် မှင်နက်နှင့် စာရွက်ဖြူပေါ် နယ်ချဲ့ ရေးခြစ်ခွင့်ရှိသည် ။ တိတ်ဆိတ်မှုနှင့် ကျွန်တော် ကျွန်တော်နှင့်တိတ်ဆိတ်မှု တိတ်ဆိတ်မှုနှင့်အတွေးပေါင်းများစွာ ကျွန်တော် ပိုင်ဆိုင်သည် ။ -Jasmine
တိမ် များသောကောင်းကင်၊ အဲ့တာဟာ မောင်ချစ်သောမမပင်ဖြစ်ရင်၊ မောင့်ရင်တွင် မိုးအဖြစ်ရွာလျှင်။ ပါးပြင်အား ကြင်ကြင်နာနာ ပင် ကျစေချင်ပါတယ်။ -ခေတ်ရိပ်
စလုံးနဲ့ စပြီး ဆနဲ့အဆုံးသတ် သူမုန်းမည့်ရက် နဲ့ ကျွန်တော်ရှုံးသည့်ရက် ဟာ... တစ်ထပ်ထဲကျလို့ ပေါ့။ -ခေတ်ရိပ်
Easy come , Easy go. *လွယ်"ကူ"နဲ့ရတဲ့အရာတွေကလွယ်"ကူ"လေးပဲထွက်သွားကြတတ်တယ်တဲ့* Eng စကားပုံတစ်ခုရှိပါတယ်။ ဆက်ဆံရေးတစ်ခုက ဘဝထဲကိုဘယ်လိုရောက်လာသလဲဆိုတာထက်၊ ရောက်လာပြီးတဲ့နောက်မှာ ကိုယ်ကဘယ်လိုတန်ဖိုးထားပြီး ထိန်းသိမ်းမလဲဆိုတဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲပိုပြီးမူတည်ပါတယ်။ လွယ်လွယ်နဲ့ ရောက်လာတာဖြစ်ဖြစ်၊ ခက်ခက်ခဲခဲရလာတာဖြစ်ဖြစ်... ကိုယ်က တန်ဖိုးထားပြီး သေချာ ဂရုစိုက်ရင်တော့ ဘဝထဲမှာ ကြာကြာ တည်မြဲနေမှာ သေချာပါတယ်။ *This is how I preserved my Relationships.* -ကြည်
"စောက်ရူးတွေနဲ့ပဲပတ်ချာလည်လှည့်နေရတဲ့ဘဝ"ရယ်စရာကြီးငါက ငါ့ အပြင်ဘယ်သူ့ကိုများယုံကြည်စိတ်ချလို့ရနိုင်မလဲ
Action တိုင်းမှာ Reactionရှိရမယ်။ Reaction မရှိတဲ့Actionဟာ Effort မရှိလို့ပဲ ။ -ကြည်
မပြည့်စုံရာမှ တွေ့ကြုံစရာဖူးစာသို့ မရှာလေခြင်း။ ကိုယ်ဟာ အနာဂတ်ကို လာနေရင်း အချိန်တွေရင်းပြီးရင်း ရင်းခဲ့ရ၊ ထိုအချိန် အပျင်းဖျားတာက ချစ်ခြင်းတဲ့လား။ -ခေတ်ရိပ်
တိမ်နီပျိုးတဲ့ လရိပ်ရောင်၊ ည အမှောင်ကို ခေါ်စောင်လာလေတယ်။ ကြယ်တာရာ တွေရယ် တစ်ဖက်က ပြာနက်နက်မိုးကောင်းကင်ရယ်။ လှပါတယ် ညနေရယ်၊ လှပါတယ် ကွယ်။ ထိုအလှကို ကျွန်ုပ်ကမ္ဘာကနေ လွမ်းနေတယ်။ သူမရယ် ကိုယ်ရယ်။ မဆုံရတော့မဲ့ သံသရာအလည်မှာပေါ့ကွယ်။ -ခေတ်ရိပ်
သက်တန်းကုန်တော့မည့် ရောင်ခြည် မှောင်ရီအစပျိုးနေပြီ မောင်သည် ဤည နိုးနေမည်။ သန်းခေါင်ယံခါထ မျက်ရည်တည်။ မောင်ချစ်သော မမသည် ။ တစ်ပါးသူထံ ဆိုးနေပြီ၊ အချစ်ဟုလဲစပျိုးနေပြီ။ -ခေတ်ရိပ်
11:11💐🤎
ဒီလိုကျတော့လဲ ကဗျာဖတ်ရင်း လွမ်းရပြန်ပြီလေ။ သဲမြေပြင်ဖြူဖြူလေးရယ် လှိုင်းဖွေးဖွေးလေးတွေရယ် ပြာလဲ့လဲ့ပင်လယ်ပြင်ရယ် ကမ်းနားမှာတော့ ကျောက်စိုင်ကြီးတွေနဲ့လေ။ ပင်လယ်ကမ်းနားတစ်လျှောက်တော့ အုန်းပင်စိမ်းစိမ်းရှည်ရှည်တွေကနေရာယူထားလေရဲ့ ။ ကမ်းစပ်နားကရေအိုင်တွေမှာဆိုရင်တော့ ခရုခွံလှလှလေးတွေလဲ ကောက်ရမှာပဲ ။ သိပ်လှတဲ့မဟူရာပင်လယ်ရယ် တနေ့နေ့အချိန်တန်တဲ့အခါကိုယ်တို့ တစ်ခေါက်ပြန်ဆုံဖြစ်ရင် ဘယ်လောက်ထိလွမ်းခဲ့ရတယ်ဆိုတာ ကမ်းစပ်မှာထိုင်ပြီး တ၀ကြီးပြောပစ်ပါအုံးမယ် ။ -ကြည်
11:11💐🤎
видео или голосовое, без подписи
ဓာတ်ခဲမရှိတဲ့နာရီကိုဘယ်သူယုံကြည်မှာလည်း #ဗေဒ
ဝေးပြီးတဲ့နောက် ပြန်မဆုံဖြစ်ခဲ့ကြတာကလွဲရင် သတိရခြင်းတွေများတိုက်ဆိုင်နေမလားလို့ ထင်ယောင်ထင်မှားဖြစ်နေဆဲ အချစ်ရယ်။ -ကြည်