tgindex
Review (Heartfilia)

Review (Heartfilia)

Статистика

Review ပဲ သီးသန့်တင်မယ့် Channel ပါ Anime Channel - @MeiHeartfilia Manga Channel - @Manga_Heartfilia Donghua Channel - @HeartfiliaDonghuaMM

Последний пост
12 июл.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
6 545
+4 за 3 дн.
Сутки
−2
−0,03%
Неделя
 
Месяц
 
Просмотров на пост
5 646
20 постов
Вовлечённость
86,3%
к подписчикам
Постов в день
0,0
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 12 июл.1 1201610

    Futsutsuka na Akujo dewa Gozaimasu ga: Suuguu Chouso Torikae Den [ Though I Am an Inept Villainess ] Genres - Fantasy, Romance Review By Oni-chan မျိုးနွယ်စုကြီး ငါးခုမှ ပျိုမေအသီးသီးက အိမ်ရှေ့မင်းသားရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြစဉ်မှာပဲ၊ မနာလိုဝန်တိုစိတ် ပြင်းထန်နေတဲ့ Keigetsu ဟာ အားလုံးရဲ့အချစ်တော် Reirin နဲ့ ခန္ဓာကိုယ်ချင်း လဲလှယ်ပစ်ဖို့ တားမြစ်မှော်ပညာကို အသုံးပြုခဲ့ပါတယ်။ သို့သော်လည်း ခန္ဓာကိုယ်ချင်း လဲလှယ်လိုက်ခြင်းက Keigetsu အတွက် မျှော်လင့်သလို ပျော်ရွှင်မှုမျိုး ဆောင်ကျဉ်းမပေးနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမ ရရှိလိုက်တဲ့ ခန္ဓာကိုယ်အသစ်ဟာ ကျန်းမာရေး အလွန်ချို့တဲ့လွန်းတာကြောင့် သေလုမြောပါး အခြေအနေနဲ့ ရင်ဆိုင်လိုက်ရလို့ပါပဲ။ တစ်ဖက်မှာလည်း လူတိုင်းရဲ့ အနှိမ်ခံ ပစ်ပယ်ခြင်းခံထားရတဲ့ မိန်းကလေးရဲ့ မျက်နှာကို ပိုင်ဆိုင်သွားရတဲ့ Reirin ဟာ Keigetsu ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အန္တရာယ်များလှတဲ့ တရားခွင်မှာ အပြစ်ပေးခံရဖို့ ကံကြမ္မာနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ...

  • 3 июл.1 434207

    Chainsmoker Cat တိုက်ခန်းကျဉ်းလေးမှာ နေတဲ့ Yaniko ဆိုတဲ့ ကြောင်လူသားမလေးဟာ ဆေးလိပ်သောက်ရတာ အလွန်အကျူးစွဲလန်းနေတဲ့ကောင်မလေးပါ။ သူ့တိုက်ခန်းထဲမှာ ဆေးလိပ်ပြာနံ့တွေနံပြီး ဆေးလိပ်အကြွင်းအကျန်တွေ တစ်ခြားအမှိုက်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ကြိုးစားပေမဲ့လည်း နောက်ဆုံးတော့ အရှုံးပေးရတာချည်းပါပဲ။ ဒီလိုနဲ့ သူမဘဝကို ဆေးလိပ်တွေဆက်တိုက်သောက်နေတဲ့ ညစ်ပတ်မလေးအဖြစ် တစ်သက်လုံးနေသွားရတော့မလား ပြောင်းလဲနိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။

  • 29 мар.3 8372013

    Prism Rondo (2026) Review By @JoestarSubs ယခု‌ခေတ်လိုမဟုတ်ဘဲ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ မတွင်ကျယ်သေးတဲ့ ၂၀ ရာစု အစောပိုင်းကာလမှာ သူဝါသနာထုံရာ ပန်းချီပညာကိုလိုက်စားဖို့ အိမ်နဲ့အတိုက်အခံလုပ်ကာ အင်္ဂလန်ပြည်ကြီးကို သင်္ဘောစီးခရီးနှင်ပြီး Saint Thomas အနုပညာကျောင်းကြီး‌ဆီ ပညာတော်သင်သွားခဲ့တဲ့ ဂျပန်မလေး Ichijouin Lily... ဂျပန်နဲ့ အစစအရာရာခြားနားတဲ့ အင်္ဂလန်ဆိုတဲ့ အစိမ်းသက်သက် ပတ်ဝန်းကျင်တစ်ခုကို ပထမဆုံးအကြိမ် စတင်ခြေချရတာနဲ့အညီ ကျောင်းပေါက်ဝရောက်ဖို့ကိုတောင် အဆင်မ‌ပြေ လွဲချော်မှုတွေနဲ့ ကြုံကြိုက်ရမှာကတော့ မလွဲပင်။ သို့ပေမဲ့ ပန်းချီပါရမီရော ကြိုးစားသင်ယူလိုစိတ်ရော အပြည့်ရှိပြီးသား Lily လေးအတွက် နောက်ဆံတင်းစရာက တစ်ခုတည်းပါ။ အဲဒါကတော့ သူ့အမေပေးလိုက်တဲ့ ၆ လအတွင်း အဆင့် ၁ ရအောင် မယူနိုင်ရင် အိမ်ပြန်ပြီး မိဘတွေဆန္ဒရှိတဲ့အတိုင်း လင်ယူသားမွေး၊ မိသားစုစီးပွားရေးကိုပဲ ဇောက်ချလုပ်ရမယ်ဆိုတဲ့ ရာဇသံပေါ့။ တစ်ဖက်မှာတော့ Lily လန်ဒန်ကို ရောက်ရောက်ချင်း လိပ်စာစာရွက်ပျောက်ပြီး ရွာလည်နေလို့ လမ်းကြုံ လမ်းဝင်မေးတာကို မီးသွေးခဲနဲ့ ပန်းချီဆွဲရင်း ခဲဖျက်လုပ်သုံးနေတဲ့ပေါင်မုန့်ကိုပါ စေတနာပါပါနဲ့ ကျွေးလွှတ်လိုက်တဲ့ ပေတိပေစုတ်ကောင်လေး Kit Church... စိတ်ကူးပေါက်ရင် ပေါက်တဲ့နေရာမှာ ရသလို ပုံထိုင်ဆွဲ‌ရလောက်အောင် စိတ်မြန်လက်မြန်ရှိပြီး ဖြစ်သလိုနေတတ်ပေမဲ့ ပုံစံနဲ့မလိုက်အောင် Saint Thomas အနုပညာကျောင်းရဲ့ နံပါတ် ၁ နေရာကို ဖင်ခုထိုင်ထားတဲ့ Kit ကတော့ Lily အတွက် နောက်ဆုံးဆရာကြီးလိုဖြစ်နေတာပေါ့။ ဂျပန်နဲ့ ရေမြေပတ်ဝန်းကျင်ရော ယဉ်ကျေးမှုပါ အရာရာခြားနားတဲ့ အင်္ဂလန် လန်ဒန်မြို့ကြီးက သူ့ထက်ငါဆရာကြီးတွေတက်ကြတဲ့ Saint Thomas အနုပညာကျောင်းကြီးမှာ Kit ကိုကျော်ပြီး အဆင့် ၁ ရအောင်ယူမှဖြစ်မဲ့ ဂျပန်မလေး Lily တစ်ယောက် သူ့ရဲ့လိုရာပန်းတိုင်ကို လှမ်းကိုင်နိုင်လေမလား၊ ပန်းချီအနုပညာအ‌ပေါ် မြတ်နိုးတဲ့စိတ်ချင်း ထပ်တူကျတဲ့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုရှေ့ဆက်မှာလဲ ဆိုတာတွေကိုတော့ Wit Studio ကနေ visual အလန်းတွေနဲ့ ရှယ်လက်စွမ်းပြထားတဲ့ ဟောဒီ Prism Rondo ဆိုတဲ့ဇာတ်ကားလေးမှာ ကျွန်တော်တို့နဲ့အတူ လိုက်ပါစီးမျောခံစားပြီး အဖြေရှာလိုက်ကြရ‌အောင်ပါ။

  • 29 мар.2 7541312

    Tadaima, Ojamasaremasu! - (ただいま、おじゃまされます!) မချောတစ်ယောက်၊ ကိုယ် ၂ ယောက် Review Rinko ဆိုတဲ့ 24 နှစ်အရွယ် ရုံးဝန်ထမ်းမလေးဟာ တစ်ယောက်တည်းနေတဲ့ တိတ်တိတ်ပုန်း Otaku မလေးဖြစ်ပါတယ်။တစ်နေ့မှာ သူ့အခန်းက ဘေးကအိမ်နီးချင်းနှစ်ယောက်ရဲ့အခန်းနှစ်ခန်းဆီကို နံရံထဲကအပေါက်ကတစ်ဆင့် ချိတ်ဆက်သွားပါလေရော။ ဘယ်ဘက်အခန်းမှာတော့ သူမအပေါ် အလွန်ချိုသာပြီး ပဟေဠိဆန်တဲ့ ကောင်လေးရှိပြီးတော့ ညာဘက်အခန်းမှာတော့ ခက်ထန်ပုံပေါ်ပြီး ပဟေဠိဆန်တဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ပါ။ဒါပေမဲ့ Rinko တွေးမိတယ်”နေပါဦး ငါ သူ့ကို သိသလိုပဲ”။ ဒီလိုနဲ့ တစ်ကိုယ်တည်းနေတဲ့ Rinko ရဲ့ဘဝဟာ အဲဒီကစလို့ ကမောက်ကမတွေဖြစ်ကုန်ပြီး နေ့ရက်တိုင်းဟာ ရင်ခုန်စရာ suprises တွေနဲ့ ပြည့်နှက်လာပါတော့တယ်။

  • 29 мар.2 7351814

    ဆောင်းနှင်းဟေမာန်၏ ချစ်ခြင်းအဖြေပုစ္ဆာ The Agents of four season" Shunkashuutou Daikousha: Haru no Mai Review By Outworld ဟေမာန်ဆောင်းဆိုတဲ့ ရာသီဥတုဟာ ကမ္ဘာကြီးမှာ တစ်ခုတည်းသော ရာသီဥတုတစ်ခုအဖြစ် အထီးကျန်စွာတည်ရှိနေခဲ့ပါတယ်။ ဆောင်းရာသီ ဟာ တစ်ယောက်တည်းအထီးကျန်လွန်းလို့ ချစ်ခြင်းတို့ရဲ့ ရွက်နုဝေဆာခြင်းကို ကိုယ်စားပြုတဲ့ နွေရာသီကို ဖန်တီးခဲ့ပြီး သိပ်မကြာခင်မှာပဲ နွေနဲ့ဆောင်းကြား အကူအပြောင်းတွေအတွက် ဥတု နှစ်ပါးကို ထပ်မံဖန်တီးခဲ့ပြန်ပါသတဲ့။ ဆောင်းဦး နဲ့ လေရူးတို့မြူးတဲ့ နွေဦး တို့ပေါ့ဗျာ။ ဒီလိုမျိုး ရာသီအကူးအပြောင်း ဥတုတွေကို တာဝန်ယူဆောင်ရွက်ပေးထားတဲ့လူတွေကိုတော့ ဥတုတမန်တော်လေးပါး ရယ်လို့ ခေါ်တွင်ကြပါသတဲ့။ မူလဘူတ ဆောင်းရာသီဟာ ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး ဆယ်နှစ်အကြာမှာတော့ ဥတုလေးပါ ညီညီညာညာ ညက်ညက်ညောညော လည်ပတ်နိုင်ဖို့ရာ ဆောင်းရာသီ တမန်တော်ဖြစ်တဲ့ Hinagiku ရဲ့စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ်

  • 26 янв.4 8954430

    Cosmic Princess Kaguya ဇာတ်လမ်းလေးအကျည်းကတော့ Iroha Sakayori ဆိုတဲ့ကောင်မလေးဟာ မိဘအိမ်ကနေဆင်းလာပြီး ကိုယ့်ဘ၀ကို ကိုယ့်ဘာသာရုန်းကန်နေတဲ့ ၁၇ နှစ်အရွယ်ကောင်မလေးတစ်ဦးပဲဖြစ်ပါတယ်။ အဲလိုနဲ့ တစ်ညမှာတော့ အိမ်ကိုပြန်လာတုန်း လမ်းမှာဓာတ်တိုင်ကြီးက တောက်ပ‌နေလို့ သွားစပ်စုလိုက်တဲ့အချိန်တော့ကလေးလေးတစ်ယောက်ကို သွားတွေ့ခဲ့ပြီး အဲ့ကလေးလေးကို မစွန့်ပစ်ရက်တာနဲ့ အိမ်ကိုခေါ်လာ မွေးစားခဲ့ပါတယ်။ ဒါပေမဲ့ ကလေးက ညတွင်းချင်းပဲ သူတဲ့ရွယ်တူလောက်ဖြစ်လာပြီး သူ့ကိုယ်သူ လပေါ်ကလာတဲ့ မင်းသမီးလေး Kaguya ပါဆိုပြီး Iroha အိမ်မှာ နေပြီ စမွှေပါတော့တယ်။ ဒါပေမဲ့ Kagura ကို လပေါ်ကိုပြန်ခေါ်ဖို့လုပ်နေတဲ့အဖွဲ့လည်းရှိသေးတယ်ဆိုတာမသိဘဲ Tsukuyomi ဆိုတဲ့ VR ကမ္ဘာကိုသွားပြီး သီချင်းတွေအတူတူဖန်တီးရင် ဘယ်လိုအခက်အခဲတွေနဲ့တွေ့ကြုံရမလဲဆိုတာလေးကို ရသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။

  • 10 янв.5 4392014

    D3ad Account Soji Enishiro ဟာအထက်တန်းကျောင်း ထွက်ထားသူတစ်ဦးဖြစ်ပြီး ဖျားနာနေတဲ့ ညီမလေး Hiyori အတွက် ဆေးကုသစရိတ် ရှာဖွေပေးဖို့ "Aoringo" ဆိုတဲ့အမည်နဲ့ အငြင်းပွားဖွယ်ရာ ဗီဒီယိုများတင်ကာ လူအများရဲ့ဒေါသကို ဆွပေးတတ်သော Streamer တစ်ဦးဖြစ်ပါတယ်။ သို့သော် သူ့ညီမလေးမှာ ဝိညာဉ်တစ်ခုရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် Soji ဟာ ထူးခြားတဲ့စွမ်းအင်များ နိုးထလာကာ၊ ကွယ်လွန်သူများရဲ့ ဆိုရှယ်မီဒီယာအကောင့်များတွင် ခိုအောင်းတဲ့ ဒစ်ဂျစ်တယ်ဝိညာဉ်များကို နှိမ်နင်းရန်ဖွဲ့စည်းထားသော Miden Academy သို့ တက်ရောက်ခဲ့ပြီး ခေတ်သစ်ဝိညာဉ်နှိမ်နင်းသူတစ်ဦးဖြစ်လာကာ ဘယ်လိုတွေစိတ်၀င်စားစရာများနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ်

  • 3 янв.5 6694517

    Seihantai na Kimi to Boku Miyu Suzuki က အမြဲတမ်းတက်ကြွနေတတ်ပြီး စိတ်မပါရင်တောင် အများသဘောကိုပဲ ထောက်ခံတတ်တဲ့ extrovert ကောင်မလေးဖြစ်ပြီး Yusuke Tani ကတော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ introvert ကောင်လေးတစ်ယောက်ပါ။ အဲ့လိုလုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ အချင်းချင်းတိတ်တိတ်လေး crush နေကြရာကနေ ကမောက်ကမဖြစ်ရပ်တွေနဲ့အတူ ဘယ်လိုမျိုးစတွဲကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။

  • 13 дек.5 729213

    Rosario and Vampire ဇာတ်လမ်းလေးအကျည်းကတော့ သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Aono Tsukune ဟာ မတော်တဆ မကောင်းဆိုးဝါးကျောင်းတော်ဖြစ်တဲ့ Youkai အကယ်ဒမီကို ဝင်ရောက်မိပြီး၊ အဲ့ဒီမှာ ပုတီးဆွဲကြိုးနဲ့ ချိတ်ပိတ်ထားတဲ့ ထူးဆန်းတဲ့စရိုက်လက္ခဏာရှိတဲ့ လှပတဲ့ သွေးစုပ်ဖုတ်ကောင်မလေး Akashiya Moka အပါအဝင် သူ့ကို သဘောကျပြီး ချစ်ခင်မှုရဖို့ ကြိုးစားနေကြတဲ့ တခြားသော မကောင်းဆိုးဝါးမလေးတွေနဲ့ပါ သူငယ်ချင်းဖြစ်လာပါတယ်။ မကောင်းဆိုးဝါးတွေကြားမှာ အသက်ရှင်နိုင်ဖို့အတွက် လူသားဖြစ်ကြောင်းကိုလျှို့ဝှက်ထားရပြီး မကောင်းဆိုးဝါးမလေးတွေနဲ့ ဘယ်လိုမျိုးအလွဲလွဲအချော်ချော် ဖြစ်ရပ်လေးတွေကြုံရမလဲ၊ ဘယ်လိုသံယောဇဉ်မျိုးတွေရှိလာမလဲဆိုတာကိုတော့ ဒီ‌ Rosario to Vampire ဆိုတဲ့ Anime လေးမှာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

  • 27 нояб.5 490166

    Vivy: Fluorite Eye's Song ဇာတ်လမ်းလေးအကျည်းကတော့ Vivy ဆိုတဲ့ လူအသွင်ရှိတဲ့ AI စက်ရုပ်မလေးဟာ သိပ္ပံပညာရဲ့အကူအညီနဲ့ ရည်မှန်းချက်တွေလက်တွေ့ဖြစ်လာနိုင်တဲ့ Nierland မှာ အဆိုတော်တစ်ယောက်ပါ။ သူမရဲ့ဘဝက Matsumoto ဆိုတဲ့အနာဂတ်ကလာတဲ့ android နဲ့တွေ့ပြီးနောက် ဘယ်လိုမျိုးမယုံနိုင်စရာအချိုးအကွေ့တွေကြုံရမလဲ ကြည့်ရမှာဖြစ်ပါတယ်။

  • Kimi to Koete Koi ni Naru Review ဇာတ်လမ်းလေးက လူသားတွေနဲ့ သားရဲမျိုးစိတ်တွေ ယှဉ်တွဲနေကြတဲ့ ကမ္ဘာကြီးကို အခြေခံထားပါတယ်။ အထက်တန်းကျောင်းသူလေး Mari ဟာ တစ်နေ့မှာ သူမတို့ကျောင်းကိုပြောင်းလာတဲ့ သားရဲမျိုးနွယ်ဝင် Tsunagu နဲ့ ပက်ပင်းတိုးမိပြီးချိန်မှာ ဘဝမှာ မမျှော်လင့်တဲ့အပြောင်းအလဲတွေ စကြုံလာရပါရော။ Tsunagu အကြောင်းကို ပိုသိလာလေ သူ့ရဲ့ကြင်နာမှု တည်ကြည်မှုတွေကို ပိုသိလာပြီးတဲ့နောက်မှာတော့…..

  • May I Ask for One Final Thing? Saigo ni Hitotsu dake Onegai shitemo Yoroshii deshou ka ဇာတ်လမ်းလေးအကျည်းကတော့ ကပွဲခန်းမရဲ့အလယ်မှာ Scarlet ရဲ့သတို့သားလောင်း Kyle က ရုတ်တရက် သူတို့ရဲ့စေ့စပ်ပွဲဖျက်သိမ်းကြောင်းကြေညာလိုက်ပြီး သူမကို လူတွေက အနိုင့်ကျင့်တဲ့ဗီလိန်တစ်ယောက်လို့ အတင်းအဓမ္မစွပ်စွဲခဲ့ကြတယ်။ အထက်တန်းလွှာတွေနဲ့ မင်းမျိုးမင်းနွယ်တွေကလည်း သူမကို ရှုတ်ချခဲ့ကြပြီးနောက်မှာတော့ Scarlet ဟာမတရားမှုတွေအတွက် သူမရဲ့သတို့သားလောင်းနဲ့အပေါင်းအပါတွေကို ဘယ်လိုပြင်းပြင်းထန်ထန်လက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Night of shadows (Manhwa) Review အာရွမ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က အမြဲလိုလို အိပ်မက် မက်လေ့ရှိပြီး သူ့ရဲ့အိပ်မက်တွေက တစ်ခါတရံ တကယ်ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ တစ်နေ့ သူ့ကျောင်းမှာ အကောင်း/အဆိုး ဆိုးရွားတဲ့သတ္တဝါတွေနဲ့ ကြုံတွေ့ရတဲ့ အိပ်မက်ကို မက်ခဲ့ပါတယ်။ ပြဿနာက သူမ မက်တဲ့ အိပ်မက်ကို သေချာ မမှတ်မိသလို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း မသိပါဘူး။ အာရွမ်ရဲ့အတန်းဖော်တွေဖြစ်တဲ့ ဂရို ယုလ၊ ယူဂျင်းနဲ့ ယိုနု တို့ကရော ဘယ်လို ပါဝင်ပတ်သက်ပြီး ပြဿနာကို ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာဖတ်ရှုရမှာ ဖြစ်ပါတယ်

  • There's No Freaking Way I'll be Your Lover! Unless... Watashi ga Koibito ni Nareru Wake Nai jan, Muri Muri! (※Muri ja Nakatta!?) Review ဒီဇာတ်လမ်းလေးမှာတော့ Introvert လေး Renako Amaori ဟာ အတိတ်ကအထီးကျန်တဲ့ကျောင်းသူဘဝကို အထက်တန်းကျောင်းသူဘဝမှာ ပြောင်းလဲချင်နေသူတဦးပါ။ ဒါပေမယ့် Renako Amaori လေးမျှော်လင့်ထားတဲ့ သာမန်အထက်တန်းကျောင်းသူဘဝဟာ ယုံကြည်မှုအပြည့်နဲ့ ဆိုရှယ်ကျကျ စူပါ‌မော်ဒယ် Mai Ouzuka၊ နူးညံ့ကြင်နာ‌တတ်သူ Ajisai Sena၊ အထာကျကျ Satsuki Koto နဲ့ အမွှေစိန် Kaho Koyanagi တို့နဲ့ဆုံတွေ့ရပြီး ထင်မှတ်မထားတာတွေဖြစ်လာခဲ့မယ်ဆိုတာကိုတော့ မသိရှာခဲ့ပါဘူး။ Renako Amaori လေးဟာ သူမျှော်လင့်ထားတဲ့ သာမန်အထက်တန်းကျောင်းသူဘဝကိုရရှိဖို့ ကြိုးစားရင်း သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ လင်ဗန်းချစ်သူဆိုတဲ့ခေါင်းစဉ်ကြားမှာ ဘယ်လိုလှည့်ကွက်လေးတွေက စောင့်ကြိုနေမလဲဆိုတာကိုတော့...

  • Clevatess: Majuu no Ou to Akago to Shikabane no Yuusha Review Alicia ဆိုတဲ့ကောင်မလေးဟာ ကလေးဘဝတည်းက hero တစ်ယောက်ဖြစ်လာချင်ခဲ့သူဖြစ်ပြီး တစ်နေ့မှာ မှော်ဝင်သားရဲတွေရဲ့မိစ္ဆာဘုရင် Clevatess ကို နှိမ်နင်းဖို့အတွက် ဒဏ္ဍာရီလာဓားတွေချီးမြှင့်ခံရတဲ့ သူရဲကောင်း 13 ဦးထဲက တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ပေါ့ဆမှုကြောင့် မိစ္ဆာဘုရင်ကြီးက လူသားမျိုးနွယ်တစ်ခုလုံးကို အမြစ်ပျက်သုတ်သင်ပစ်မယ့် ကပ်ဆိုးကြီးအစပျိုးလာခဲ့ပြီးနောက်မှာတော့ ကမ္ဘာကြီးရဲ့မျှော်လင့်ချက်ဟာ မိစ္ဆာဘုရင်ကြီး ပြုစုစောင့်ရှောက်ပေးရဖို့ဖြစ်လာတဲ့ ကလေးလေးတစ်ယောက်ပေါ်မှာ မူတည်လာခဲ့ပါတော့တယ်။

  • Takopii no Genzai Takopi's Original Sin Review ဒီဇာတ်လမ်းလေးမှာတော့ ပျော်ရွှင်မှုဂြိုဟ်ကမ္ဘာက ဂြိုဟ်သားလေးဟာ ပျော်ရွှင်မှုတွေကို စကြာဝဠာအနှံ့ဖြန့်ဝေပေးဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ အမြဲတမ်းလိုလိုအနိုင်ကျင့်ခံနေရတဲ့ လေးတန်းကျောင်းသူလေး Shizuka-chan နဲ့ မမျှော်လင့်ပဲ တွေ့ဆုံမိသွားပါတော့တယ်။ ရိုးသားဖြူစင်တဲ့ဂြိုဟ်သားလေးအတွက် Shizuka-chan ရဲ့ဘဝဟာ ပျော်ရွှင်စရာကောင်းမနေကြောင်း သိရှိသွားချိန်မှာတော့ Shizuka-chan လေး ပျော်ရွှင်လာအောင် ဂြိုဟ်သားလေး ကြိုးစားသွားနိုင်ပါ့မလား? ဘယ်လိုအခြေအနေလေးတွေရှိလာမလဲဆိုတာကိုတော့....

  • Yofukashi no Uta [Call of the Night] Review ညဘက်တွေမှာ အိပ်မပျော်ဘဲ နေ့စဉ်ဘဝကို ငြီးငွေ့ပြီး စိတ်ကျေနပ်မှုမရှိတဲ့ Ko Yamori ဆိုတဲ့ကောင်လေးဟာ ကျောင်းဆက်မတက်တော့ဘဲ ညဘက်မှာ မြို့ထဲ လျှောက်သွားနေရင်းနဲ့ vampire မလေး Nazuna Nanakusa နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ vampire ကိုချစ်မိတဲ့သူဟာ သွေးစုပ်ခံရရင် vampire အဖြစ် ပြောင်းသွားနိုင်တာကို သိပြီးနောက်မှာတော့ Yamori တစ်ယောက် vampire ဖြစ်ချင်လာခဲ့ပြီး ဖုတ်ကောင်မလေးကို ချစ်မိအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ တွေ့ရမှာပါ။ ✅Season 1 ရော Season 2 တင်မှာပါ

  • How I Met My Soulmate Unmei no Hito ni Deau Hanashi Review နယ်ကနေ တိုကျိုကိုပြောင်းလာပြီး ကျောင်းတတ်နေတဲ့ ကောလိပ်ဒုတိယနှစ် ကျောင်းသူလေး Yuuki Honda ။ အသက် 20 အရွယ်ရောက်နေတာတောင် ရည်းစားမရလို့ စိတ်ညစ်ကာ ငြီးငြူနေရင်း သူငယ်ချင်းဖြစ်သူက ကလပ်တတ်ဖို့ခေါ်သွားတဲ့အခါ ဘာတွေဆက်မဖြစ်လဲ။ သူ့စိတ်ကူးယဥ်ထားတဲ့ ဖူးစားရှင်နဲ့ရော တွေ့ပါ့မလားဆိုတာကို Art လှလှလေးနဲ့ ဖတ်ရှုရမှာပဲဖြစ်ပါတယ်

  • Kun Tun Tianxia Zhi Zhang Men Guilai The All-devouring Whale: Homecoming Review ဇာတ်လမ်းလေးအကျည်းကတော့ Fan Lingxiao ဟာ ဝိညာဉ်တိရစ္ဆာန် ကျွမ်းကျင်သူတစ်ဉီးဖြစ်ပြီး Lingxiao Pavilion ကျောင်းတွင် တက်ရောက်နေသူလည်းဖြစ်ပါတယ်။ သို့သော် ကျောင်းရဲ့ Aအဆင့် အဆင့်မြှင့်ပြိုင်ပွဲတွင် သူ့ကိုယ်ပိုင်ဝိညာဉ်တိရစ္ဆာန်ဖြစ်တဲ့ ဝေလငါးထံမှ အစားခံလိုက်ရပြီး ပြန်နိုးလာသောအခါမှာတော့ အဖြူရောင်စံအိမ်ထဲ အကျဉ်းချခံထားရတဲ့ Lou Fengmang ရဲ့ခန္ဓာကိုယ်ထဲရောက်လို့နေပါပြီ ဒါ့အပြင် သူတက်ရောက်ခဲ့တဲ့သင်တန်းကျောင်းကြီး Lingxiao Pavilion ကလည်း ကျဉ်းထဲကျပ်ထဲ ရောက်‌နေပြန်ပါတယ်။ ထိုအချိန်မှစကာ အစာကျွေးတဲ့လက်ကိုပြန်ကိုက်သွားတဲ့ ဝိညာဉ်တိရစ္ဆာန် Kun ရဲ့ နောက်ကွယ်ကအကြောင်းတွေဖော်ထုတ်ရန် နှင့် Lingxiao Pavilion ကို ပြန်လည်ထူထောင်ရန်အတွက် Fan Lingxiao ဟာ သူ့တွင်ကျန်နေသေးတဲ့ ဝိညာဉ်တိရစ္ဆာန်များနဲ့အတူ Gu Ling၊ Cheng Xi ၊Yue Tong တို့နဲ့ပူးပေါင်းကာ စွန့်စားခန်းကြီးတစ်ခုကို စတင်လိုက်ပါတော့တယ်

  • Witch Hat Atelier သိုဝှက်တတ်တဲ့မှော်ရဲ့သဘာဝနဲ့ထိုမှော်တွေကိုကျင့်သုံးနေတဲ့စုန်းတွေရှိပေမဲ့လည်း၊ သာမာန်ဝတ်စုံချုပ်သူတစ်ဦးရဲ့သမီးလေး Coco ဆိုတဲ့သူကဂါထာမန်းမှုတ်နည်းတွေနဲ့ပတ်သက်ပြီးအမြဲအစွဲအလမ်းရှိခဲ့သူတစ်ဦးပါ။ တတ်ကျွမ်းတဲ့စုန်းတစ်ဦးဖြစ်တဲ့ Qifrey ကိုမြင်မိပြီး သူမဖတ်ဖူးခဲ့တဲ့ပုံပြင်စာအုပ်ထဲကမှော်ရဲ့အစစ်အမှန်တွေဆိုတာ သိလိုက်ရတဲ့အချိန်မှာမထင်မှတ်ထားတဲ့အခွင့်အလမ်းတွေသူမဆီရောက်လာခဲ့ပါတယ်။ သူမသိလိုက်ရတဲ့ပညာအသစ်အဆန်းတွေကို စမ်းကြည့်ချင်စိတ်နဲ့ Coco ဟာဂါထာတွေနဲ့စမ်းသပ်ခဲ့ပြီး သူမရဲ့နေအိမ်အတွက်ဆိုးဝါးတဲ့ဒုက္ခရလဒ်တွေကြုံတွေ့ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ Qifrey ဟာ သူမကိုအချိန်မှီကယ်တင်နိုင်ခဲ့ပြီး၊ အနားပြန့်ဦးထုပ်များဖြစ်တဲ့၊ မှော်ပစ္စည်းများကိုပြည်သူလူထုကြားရောင်းချနေသည့် နာမည်ဆိုးဖြင့်ကျော်စောသောအဖွဲ့ကိုဖမ်းဆီးရာတွင်ကူညီနိုင်မယ့်သူမရဲ့အစွမ်းအစကိုအသိအမှတ်ပြုခဲ့ပါတယ် အဲ့လိုနဲ့ တာဝန်အတွက်ပြင်ဆင်ဖို့ Qifrey ဟာ Coco နဲ့သူ့ရဲ့အခြားတပည့်သုံးယောက်ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့တယ်၊ သို့သော်လည်းအနားပြန့်ဦးထုပ်တွေကိုမရင်ဆိုင်နိုင်ခင်ထိုသုံးယောက်ကအတူတကွစည်းလုံးလုပ်ကိုင်ပြီးသူတို့ရဲ့ကျွမ်းကျင်မှုတွေတိုးတက်ကောင်းမွန်လာအောင်လေ့ကျင့်လာပါ့မလားဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်