- Последний пост
- 10 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 97
- 1/48двое суток
- 111
- 1/72трое суток
- 119
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အမရပူရအတွက်ရော၊တိုင်းပြည်အတွက်ပါ အရည်အချင်းနဲ့ပြည့်စုံတဲ့အမတ်ပါ။
без подписи
без подписи
ကိုလံဘီယာတွင် 7.4 ငလျင်လှုပ်သွား အားကောင်းသည့် ပြင်းအား ၇.၄ ရစ်ခ်ျတာစကေး ငလျင်တစ်ခု ကိုလံဘီယာနိုင်ငံကို လှုပ်ခတ်သွားပြီး မြို့ကြီးများစွာရှိ အဆောက်အအုံများ ပျက်စီးခဲ့သည်။ - အဆိုပါငလျင်သည် ဆန်ဟိုဆေးဒယ်ပါလ်မာမြို့အနီးတွင် လှုပ်ခတ်ခဲ့ပြီး မန်နီဇာလက်စ်မြို့၌ သိသိသာသာ ပျက်စီးမှုများ ရှိခဲ့ကြောင်းသိရသည်။ RT KT August 10
စုပေါင်းအားဖြင့် ပြန်လည်ထူထောင်မည်
ပြည်မြို့နယ်အတွင်း အမျိုးကောင်းသမီးပျိုလေးများပျက်စီးစေရန် လိင်စိတ်ကြွ ဆေးများ အစ္စလာမ်ဘာသာဝင် ကွမ်းယာဆိုင်အချို့တွင်ရောင်းရှိနေကြောင်း သိရှိရပါသည်။ ဥပမာ ရုံးလမ်း ပြည်တော်အေးရုံနှင့် ကျောင်းကြီးအိုးတန်း ကျောင်းအနီး ကျော်ဖေ ကွမ်းယာဆိုင်၊ဆွေနွေးဘုရားလမ်းထောင့်ကွမ်းယာဆိုင် များတွင် အမျိုးကောင်းသမီးများး လိင်စိတ်ကြွစေရန် ခပ်ဆေး များနှင့်အမျိုးသားများအတွက်သောက်ဆေးများရောင်းချနေကြောင်း မြေပြင်သတင်းအရသိရှိရ။ #PyayTrueNews
ပြည်မြို့ ပြည်ခရိုင်စည်ပင်ဝန်ကြိးရေ ခင်ဗျားက မဲတွေယူပြီး ပြည်မြို့ ကိုပစ်ထားတာလား မိုးသည်းထန်စွာရွာပြီးရင် ဗိုလ်တစ်ထောင် စက်မှူ့ကွက်သစ်စျေးအနီး၊ရွှေဆံတော်ဘုရားရှေ့နာရီစင်အနိး ပြိီးတော့ဗျာ သူကောင်းတွင်း ရေတွင်းကြီးနားနှင့်ထူပါရုံဘုရားအနီး လက်တွေ့သွားကြည့်ဗျာ ။ ပြည်သူလူထု၏ မဲ အလကားမဖြစ်စေပါနှင့်။ မဲယူပြီး အလုပ်မလုပ်လို့ ဒဲ့ပြောသည်။ အဘဝန်ကြီးချုပ်က ဘယ်လောက်တိုးတက်အောင်လုပ်လုပ် အောက်ခြေမှာတာဝန်ခွဲယူမှု့အပိုင်းတွေလစ်ဟင်းနေပါသည်။ လိုအပ်ပါကမှတ်တမ်းဓာတ်ပုံများရှိပါသည်။ ရေစီးရေလာကောင်းမွန်ရေးသည် စည်ပင်ဝန်ကြီးနှင့်သက်ဆိုင်သည်ဟုသိထားပါသည်။ #PyayTrueNews
သူများမြှောက်ပေးတိုင်း အရူးထခဲ့ခြင်းရဲ့ အကျိုးတွေပေါ့... မွေးကတည်းက မိဘတွေက ခေါင်းထဲမှာ ဦးနှောက်ထည့်ပေးလိုက်တာ.. ဒါကို အသုံးမချဘဲ သူများတွေခိုင်းသမျှကို မစဉ်းစားမဆင်ခြင်ဘဲလုပ်တော့ ဒုက္ခတွေများပြီပေါ.. မှိုင်းဝေ
စမ်းရေမိုး ဇာတ်ဆရာ အောင်ကျော်ထွန်း
လေးမျက်နှာမြို့နယ်တွင် ရေစီးနှင့်မျောပါသူ ၁၁ ဦးကို အောင်မြင်စွာကယ်ဆယ် ၂-၈-၂၀၂၆ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်း ရေစီးနှင့်မျောပါနေသူများအား လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းရှာဖွေကယ်ဆယ်ခဲ့ရာ လူ ၁၁ ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့..
ဘင်္ဂါလီတွေ ပြန်ခေါ်မယ်လို့ မြန်မာ ကတိပေးထားခြင်း မရှိ၊ ကာကွယ်ရေးဝန်ကြီးအိမ်ကို ပါဆယ်ဗုံး ပို့တယ်ဆိုတဲ့ သတင်းအမှား၊ မုတ္တမ M3 လုပ်ကွက်က ဓာတ်ငွေ့ကို ပြန်ယူခြင်း၊ Sky Villa ကိစ္စ ထပ်တိုးအရေးယူမှု၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ သတင်းမီဒီယာတွေ့ဆုံခြင်း၊ လေးမျက်နှာရေဘေး ဝိုင်းကူပေးကြပါ (၁-ဝ၈-၂ဝ၂၆) https://www.nssmy.com/news_detail/24213/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)
နိုင်ငံတစ်ဝန်း စစ်မှုထမ်းတိမ်းရှောင်သူများ၏ အချက်အလက်များကို PSMS ဆော့ဝဲလ်တွင် ထည့်သွင်းပြီး ကားဂိတ်၊ ရထားဘူတာနှင့် လေဆိပ်အပါအဝင် နေရာပေါင်းစုံတွင် စစ်ဆေးမည်၊ တိမ်းရှောင်သူများကို ထောင်ဒဏ်ချမှတ်ပြီး စစ်မှုပြန်ထမ်းခိုင်းမည် Aug 1 မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသော်လည်း တိမ်းရှောင်နေသူများ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို People Surveillance Management System (PSMS) ဆော့ဝဲလ်တွင် ထည့်သွင်းကာ ကားဂိတ်၊ ရထားဘူတာ၊ လေဆိပ်နှင့် စစ်ဆေးရေးဂိတ်များအပါအဝင် နေရာပေါင်းစုံ၌ စစ်ဆေးဖမ်းဆီးသွားမည့် အစီအစဉ်ကို စစ်ကောင်စီက စတင်ဆောင်ရွက်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ သတင်းရင်းမြစ်၏ ပြောကြားချက်အရ စစ်မှုထမ်းအပတ်စဉ် (၁) မှ အပတ်စဉ် (၂၆) အထိ စစ်မှုထမ်းရန် ဆင့်ခေါ်ထားသော်လည်း လာရောက်သတင်းမပို့ဘဲ တိမ်းရှောင်နေသူများ၏ စာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များထံမှ တောင်းခံနေပြီး ယင်းစာရင်းများကို PSMS စနစ်အတွင်း ထည့်သွင်းကာ နိုင်ငံတစ်ဝန်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ "လွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ စစ်မှုထမ်းကိစ္စ သွားရှင်းပြီးတာနဲ့ စစ်မှုထမ်းတိမ်းရှောင်သူစာရင်းတွေကို တောင်းခံနေတာပါ။ အဲဒီစာရင်းတွေကို PSMS ထဲ ထည့်ပြီး စစ်ဆေးဖို့ စီစဉ်နေတယ်။ စစ်မှုထမ်းတိမ်းရှောင်သူတွေ အရမ်းများလာလို့ အခုလို လုပ်တာ" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ PSMS (People Surveillance Management System) သည် စစ်ကောင်စီက အလိုရှိသူများ၏ ကိုယ်ရေးအချက်အလက်များ၊ လက်ဗွေ၊ ဇီဝဆိုင်ရာအချက်အလက်များနှင့် အခြားအချက်အလက်များကို ထည့်သွင်းထားပြီး စစ်ဆေးဖော်ထုတ်ဖမ်းဆီးရာတွင် အသုံးပြုနေသည့် စောင့်ကြည့်ရေးဆော့ဝဲလ်တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူကလည်း ဇူလိုင် ၂၂ ရက်က ကျင်းပသည့် စစ်ကောင်စီလက်အောက်ခံ လွှတ်တော်အစည်းအဝေးတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများအနက် အများအပြားသည် အခြားဒေသများသို့ တိမ်းရှောင်နေထိုင်နေကြသဖြင့် မြေပြင်တွင် ဆင့်ခေါ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြောဆိုခဲ့သည်။ ၎င်းက စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ၏ အမည်စာရင်းများကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ဖြန့်ဝေပေးထားပြီး စစ်ဆေးရေးဂိတ်များတွင် တွေ့ရှိပါက ချက်ချင်းဆင့်ခေါ်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာများတွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်းလည်း တိမ်းရှောင်နေသူများကို ရှာဖွေဖမ်းဆီး၍ စစ်မှုထမ်းရန် ဆင့်ခေါ်နေကြောင်း ပြောကြားခဲ့သည်။ "စစ်မှုထမ်းရန် ရှောင်လွဲသူတွေဟာ အခြားဒေသတွေကို တိမ်းရှောင်နေထိုင်တာတွေ လုပ်နေတဲ့အတွက် ဥပဒေနဲ့အညီ ဆင့်ခေါ်တဲ့အခါ မြေပြင်မှာ တာဝန်ရှိသူတွေ အခက်အခဲ အများကြီး ကြုံတွေ့နေရတယ်" ဟု ဗိုလ်ချုပ်မင်းသူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။ ထို့ပြင် လမ်းခရီးများတွင် စောင့်ဆိုင်းဖမ်းဆီးခြင်း၊ နေအိမ်များအထိ သွားရောက်ဆင့်ခေါ်ခြင်းများကို ပြုလုပ်သည့်အခါ အများပြည်သူက အဓမ္မဖမ်းဆီးမှုများအဖြစ် မြင်နေကြကြောင်းကိုလည်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူသည် မှတ်ပုံတင်ရန်၊ ဆေးစစ်ရန် သို့မဟုတ် စစ်မှုထမ်းရန် လာရောက်သတင်းပို့ရန် ပျက်ကွက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ ယင်းဥပဒေအရ ထောင်ဒဏ်ကျခံရပြီးနောက် တွင်လည်း စစ်မှုထမ်းရန် တာဝန်မှ ကင်းလွတ်မည်မဟုတ်ဘဲ စစ်မှုထမ်းရန် ထပ်မံဆင့်ခေါ်ခံရမည်ဖြစ်ကြောင်း သိရသည်။ "အမှုဖွင့်ပြီး ထောင်ချခံရရင်လည်း စစ်မှုထမ်းရမယ့်တာဝန်က မပျောက်ဘူး။ ပြန်လွတ်လာရင် စစ်မှုထမ်းရဦးမှာပဲ" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အသက်သွင်းခဲ့ပြီး လစဉ် လူငယ် ၅,၀၀၀ ကျော်ကို အတင်းအကျပ် စစ်မှုထမ်းရန် ဆင့်ခေါ်လျက်ရှိရာ လက်ရှိတွင် စစ်မှုထမ်းအပတ်စဉ် (၂၇) အထိ ရောက်ရှိနေပြီဖြစ်သည်။ #PyayTrueNews
без подписи
ဂျပန်နိုင်ငံတွင် အင်အား ၇.၁ ရှိငလျင်လှုပ်ခတ်။ - ရှေးဟောင်း ကူမာမိုတိုရဲတိုက်မြို့ရိုး ပြိုကျပျက်စီးမှုကိုတွေ့မြင်ရပုံ။ Crd. KT July 28
ကျောက်ပန်းတောင်းမြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး။ ရန်ကုန်၊ ဇူလိုင်လ - ၂၉ ရက်။
၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များအနေဖြင့် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် အများပြည်သူသို့ အသိပေးကြေညာခြင်း
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ချောင်းဆုံမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ၊ လမ်းဖောက်လုပ်မည့်မြေနေရာ ၊ တစ်ရှူးငှက်ပျောပင်စိုက်ပျိုးထားရှိမှုနှင့် ရိုးရာခမောက်လုပ်ငန်း စီးပွားဖြစ်ထွန်နေမှုတို့အား ကွင်းဆင်းကြည့်ရှု ။ ရန်ကုန်၊ ဇူလိုင်လ - ၂၉ ရက်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့ ၊ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ။ ရန်ကုန်၊ ဇူလိုင်လ -၂၉ ရက်။
NUG ရဲ့ လက်နက်ခဲယမ်းဝယ်ယူရေး တာဝန်ခံကို မိုင်းလားအဖွဲ့က လုံခြုံရေးအဖွဲ့ထံ လွဲပြောင်းပေး မော်လမြိုင်-ရန်ကုန် ရထားပေါ်မှာ စည်းကမ်းပျက် စီနင်းသည် သက်ကြီးအမျိုးသမီး အဖွဲ့ကို အရေးယူပေးရန် လိုအပ် သာစည်-ရွာငံ၊ပုဂံ-ညောင်ဦးဒေသမှာ အကြမ်းဖက်တွေ ပြန်လည်ခေါင်းထောင်လာ အညာဒူဘိုင်း နေရာကို မီးရှို့ဖျက်ဆီးရန် လိုအပ် #People@peoplemedianews
без подписи