tgindex
အင်္ဂဝိဇ္ဇာဆေးပညာနှင့် ပုဂ္ဂလပညတ်(ဗဟုသုတ)

အင်္ဂဝိဇ္ဇာဆေးပညာနှင့် ပုဂ္ဂလပညတ်(ဗဟုသုတ)

Статистика
Последний пост
20 дек. 2024 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
1 116
−2 за 4 дн.
Сутки
−1
−0,09%
Неделя
 
Месяц
 
Просмотров на пост
2 773
20 постов
Вовлечённость
248,5%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • စေတနာကြေးနဲ့ ဟောပေးမှုကို ရပ်နားထားပါအုန်းမည်။ အသစ်လက်မခံတော့ပါဘူး။ ၁ ရက်နေ့ မရောက်ခင် လုပ်စရာရှိတာတွေလုပ်ရအောင်၊ ဟောစရာကျန်တာတွေ လက်ကျန်ဖြတ်ရအောင် လို့ပါ။ စေတနာကြေးကလည်း စာကြည့်တိုက်အတွက်သုံးတာဆိုတော့ ကျွန်တော်ရတာမဟုတ်ဘူးလေ။ ကျွန်တော့်အတွက်က စေတနာကြေးနဲ့ဟောလည်း ပညာဒါနဘဲ။ အခမဲ့လည်း ပညာဒါနဘဲ မထူးပါဘူး။😊 လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။ ဦးကဝိကျော် Page link https://www.facebook.com/share/p/rzUPQpNFh3fXXsa1/

  • Page အသစ် ဖွင့်ထားပါတယ်။ like & share ပေးကြပါအုန်းခင်ဗျာ https://www.facebook.com/profile.php?id=61565602469625&mibextid=ZbWKwL

  • ဂါထာမန္တာန် ဂရုအသစ်ပါ။ https://www.facebook.com/share/p/8t9ztpPtmS8yyJz5/?mibextid=oFDknk

  • အင်္ဂဝိဇ္ဇာကျမ်းရင်းပညာ acc ကျသွားပြန်ပြီ။

  • ဦးကဝိကျော် acc ပျက်သွားလို့ အသစ်ဖွင့်ထားတာပါ

  • https://www.facebook.com/profile.php?id=61560082643259&mibextid=ZbWKwL

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ ဗဟုသုတ Post ( 19 ) ] အာပေါဓါတ်ဟု ခေါ်ဆိုရခြင်း အဓိပ္ပါယ် ************************************** အာပေတိ သဟဇာတရူပါနီတိ အာပေါ။ ။ သဟဇာတရူပါနိ ၊ တကွဖြစ်ဘက်ကုပ်တို့ကို အာပေတိ၊ ပျံ့နှံ့တတ်၏။ ဣတိ၊ ဤအကြောင်းကြောင့်။ အာပေါ၊ အာပေါမည်၏။ သူသောစကားအရ၊ ယခုလူတို့အသိမှတ်ပြုကြသော ပကတိရေသည် ထိမိထိရာ ဝတ္ထုများကို စိမ့်၍ပျံ့နှံ့ သကဲ့သို့ ၊ ထို့အတူ ဖြစ်ဖော်ဖြစ်ဘက်ဖြစ်သော ရုပ်များကို ပျံ့နှံ့စိမ့်ဝင်၍ တခုသောရုပ်အစု၌ ရုပ်သဘောအမျိုးမျိုးတို့ကို ဖရို , ဖရဲ တကွဲတခြားစီ မဖြစ်ရအောင် ပေါင်းစုတွဲစပ်ခြင်း၊ ရုပ်ကလာပ်တခုနှင့်တခုကို စေးကပ်, တွယ်ဖွဲ့ ပေါင်းစုခြင်းဟု ဆိုအပ်သော "အစို" သဘောတို့ကို ပါဠိလို " အာပေါ" ၊ မြန်မာလို " ရေ" ဟုခေါ်ပါတယ်။ အာပေါဓါတ် လွန်ကဲသော ရုပ်စုကလေးတွေ သိန်း သန်း ကုဋေ မရေမတွက်နိုင်အောင် ပေါင်းစုမိသည်ရှိသော် ယိုစီးခြင်းအဖြစ်သို့ ရောက်ရပါတယ်။ အာပေါဓါတ်သည် အပေါက်, အခေါင်း ဟူသမျှတို့ကို ဖုံးခြင်း , ပိတ်ခြင်း, စေခြင်း , ကပ်ခြင်း သဘောရှိပါတယ်။ ရုပ်ကလာပ်တို့ကို ကြီးစေ , ပွားစေ , ဖောင်းစေ , ကြွစေ ခြင်းတို့ကို ဖြစ်စေပါတယ်။ မနိုင်သောဝန်ကို ချီကြွရသကဲ့သို့သို့ ထိုထိုကိစ္စကို ဆောင်ရွက်ရာ၌ ခန္ဓာကိုယ်ကို သွက်လက်ပေါ့ပါးစွာ မဆောင်ရွက်နိုင်အောင် လေးထိုင်းခြင်း, ပုပ်သိုးခြင်း , စေးချွဲခြင်း , အရည်ပျော်ခြင်း ဟူသမျှတို့သည် အာပေါဓါတ်၏ စွမ်းရည်သတ္တိကြောင့်ဖြစ်ပါတယ်။ အာပေါဓါတ်မှာ အမည်ကွဲ (၉)မျိုး ရှိပါတယ်။ (၁) လက္ခဏအာပေါ။ ။ တခုသောရုပ်ကလာပ်၌ ရုပ်အများတို့ကို ပေါင်းစုတွဲစပ်သော အစိုရေသဘော။ (၂) သမ္ဘာရအာပေါ။ ။ အစိုလွန်ကဲသော ရေအပေါင်းစု။ (၃) အာဗန္ဓနအာပေါ။ ။ တခုနှင့်တခုကို ပိတ်ဆို့ , စေ , ကပ် , တွဲစပ်သောရေ။ (၄) တေမနအာပေါ။ ။ စိုစွတ်သောရေ။ (၅) ပဂ္ဃရဏအာပေါ။ ။ ယိုစီးသောရေ။ (၆) မဓုရအာပေါ။ ။ ရေချို။ (၇) လောဏအာပေါ။ ။ ရေငန်။ (၈) ဗဟိဒ္ဓအာပေါ။ ။ အပြင်အရပ်၌ရှိသောရေ။ (၉) အဇ္ဈတ္တိကအာပေါ။ ။ အတွင်းအရပ်၌ ရှိသောရေ။ - တို့ ဖြစ်ပါတယ်။ စိမ့်ဝင်ပျံ့နှံ့တတ်သော အစိုသဘောကို ပါဠိလို " အာပေါ" ဟု ခေါ်ပါတယ်။ ထိုအစိုသဘောကိုပင် အစိတ်၌ရှိနေခြင်း၊ အပေါင်း၌ရှိနေခြင်းကို အစွဲပြု၍ " လက္ခဏ - သမ္ဘာရ " ဟု အမည်၂မျိုးဖြင့်ခေါ်ပါတယ်။ အစိုသဘောလွန်ကဲခြင်း၊ အနံ့အထက်ကို အစွဲပြု၍ " အာဗန္ဓန - တေမန - ပဂ္ဃရဏ " ဟု အမည်သုံးမျိုးဖြင့် ခေါ်ရပါတယ်။ ပထဝီအာပေါ လွန်ကဲခြင်း တူမျှသောကြောင့် ချိုသောအရသာ , စိမ့်သော အရသာကို အစွဲပြု၍ " မဓုရ " ၊ အာပေါဓါတ် သက်သက် လွန်ကဲသောကြောင့် " လောဏ " ဟု အမည်နှစ်မျိုးဖြင့် ခေါ်ရပါတယ်။ တည်နေရာကို အစွဲပြု၍ " ဗဟိဒ္ဓ ၊ အဇ္ဈတ္တိက " ဟု အမည်နှစ်မျိုးဖြင့် ခေါ်ရပါတယ်။ အာရုံ (၅) ပါးတို့၌ အဆိုပါအာပေါဓါတ် အမျိုးအစား ရှိပုံတို့ကို ခွဲခြား၍ သိရပါမည်။ အာပေါဓါတ်သည်လည်း အနုံ့ , အထက် , ဖြစ်ပျက်ပုံ , အခိုက်အတန့်ကို အစွဲပြု၍ " အာဗန္ဓန - ပဂ္ဃရဏ " ဟု သဘောနှစ်မျိုးရှိပါတယ်။ ခြောက်သွေ့သော ဝတ္ထုတို့၌ တည်ရှိသော အာပေါဓါတ်ကို ရုပ်စုတခုနှင့် တခုကို ပေါင်းစုတွယ်ကပ် ဖွဲ့စည်းခြင်းသဘော ထင်ရှားသောကြောင့် " အာဗန္ဓန " အာပေါဟု ခေါ်ပါတယ်။ ။ ယိုစီးစွတ်စိုသော ဝတ္ထုတို့၌ တည်ရှိသော အာပေါဓါတ်ကို " ပဂ္ဃရဏ " အာပေါဟု ခေါ်ပါတယ်။ အာဗန္ဓန အာပေါမှာ - အနုံ့သဘော ၊ ပဂ္ဃရဏ အာပေါမှာ - အထက်သဘော ဖြစ်ပါတယ်။ ကျောက်ခဲ , သံခဲ , လေဟုန် , မီးလျှံ အသက်ရှိသော သတ္တဝါတို့၏ကိုယ် ၊ စိမ်းစိုသော မြက် , သစ်ပင် , အုန်းရည် , ထန်းရည် , ကြံရည် , ပကတိရေ စသော သက်ရှိ , သက်မဲ့ , ဝတ္ထုကြီးငယ် ဟူသမျှတို့၌ သေးငယ်သော ပရမာဏုမြူမှ စ၍ မြင်းမိုရ်တောင်ကြီးတိုင်အောင် ရုပ်ကလာပ်တို့၏ စုဝေး , ဆိုင်ခဲ , တည်နေနိုင်မှုမှာ အာပေါဓါတ်၏ ပေါင်းစုလုံးထွေး၍ ထားမှုကြောင့်သာလျှင် အဆိုင်အခဲ အစုအဝေး ဖြစ်နိုင်ကြခြင်း ဖြစ်ပါတယ်။ အာပေါဓါတ် လုံးလုံးမရှိလျှင် ဘယ်ရုပ်စုတခုမှ ပေါင်းစု၍ ရှိနိုင်တော့မည် မဟုတ်ပါဘူး။ မြေပေါင်းစု , ရေပေါင်းစု , လေပေါင်းစု , မီးပေါင်းစု ဟူသမျှတို့၌ အာဗန္ဓန အားကြီးပါတယ်။ မြေဆက် , ရေဆက် , လေဆက် , မီးဆက် ပြတ်နေရာ ဟာလာဟင်းလင်း ကြားအရပ်တို့မှာ အာဗန္ဓန မရှိဟု မှတ်ရပါတယ်။ မှတ်ချက်။ ။ အရာရာတို့၌ အာဗန္ဓန ရှိနေပုံကို သဘောပေါက်အောင် စဉ်းစားမှ အာပေါဓါတ်၏ အားရှိ , အားမဲ့ , အနုံ့, အထက် , အယုတ် , အလွန် ဖြစ်ပုံကို သဘောကျမည်။ ပဂ္ဃရဏ ဖြစ်နေသော အာပေါအပေါင်းစုသည်လည်း အာဗန္ဓနသဘောရှိသည်ဟု သဘောပေါက်အောင် စဉ်းစားရပါမည်။ အရာရာတို့၌ အာဗန္ဓနသဘောလွန်လျှင် ပဂ္ဃရဏ သဘောမထင်ရှားပေ၊ ပဂ္ဃရဏ သဘောလွန်လျှင် အာဗန္ဓနသဘော မထင်ရှားဟု အာပေါတမျိုးတည်း၏ အခိုက်, အတန့် သဘော , ကွဲပြားပုံတို့ကို ခွဲခြား၍ မှတ်ရပါမည်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 14-10-2023; 9:18 pm

  • без подписи

  • ကက္ခဠ နှင့် မုဒုကို အရာရာ၌ ဝေဖန်ရလျှင် ပထဝီဓါတ်သည် အနံ့ , အထက် , ဖြစ်ပုံ , ပျက်ပုံ , အခိုက် , အတန့်ကို အစွဲပြု၍ ကက္ခဠ နှင့် မုဒုဟု သဘော (၂) မျိုး ရှိပါတယ်။ အတုံး , အခဲ , အထည် , ဒြပ် အဖတ်ဝတ္ထုတို့၌ တည်ရှိသော ပထဝီဓါတ်ကို " ကက္ခဠပထဝီ" လို့ ခေါ်ပါတယ်။ အလင်းရောင် , အမှောင် , အရိပ်တို့၌လည်းကောင်း ၊ အလွန်သေးငယ်သော မြူမှုံ , ဖုံမှုံ တို၌လည်းကောင်း၊ ဆီး , ရေ , ချွေး , သွေး , စသော စီးယိုသော ဝတ္တုတို၌လည်းကောင်း၊ တည်ရှိသော ပထဝီဓါတ်ကို အမာ , အထက် , အဖတ် , သဘောနုံ့သောကြောင့် " မုဒုပထဝီ" လို့ ခေါ်ပါတယ်။ ထိုပထဝီဓါတ်သည် အလွန်သေးငယ်လှစွာသော ပရမာဏုမြူ တလုံး၌ပင် တေဇော , အာပေါ , ဝါယောတို့နှင့် တကွ အဆင်း, အသံ , အနံ့ , အရသာ , စသော ရုပ်သဘောတို့၏ ထောက်တည်ရာ မှီရာ ဖြစ်ပါတယ်။ ပထဝီဓါတ်အား သေးယုတ်လျော့လျှင် ပထဝီဓါတ်ပေါ်မှာ တည်ရှိ၍နေသော ရုပ်သဘောတို့လည်း အားသေးယုတ်လျော့ရစမြဲ။ ဖြစ်ပါတယ်။ ပကတိအတိုင်း မနေနိုင်ဘဲ အဆင်း , အသံ , အနံ့ , အရသာ တို့လည်း တမျိုးတဖုံ ဖြစ်ရလေတော့တယ်။ ပထဝီဓါတ် လုံးလုံးမရှိလျှင် ဘယ်ရုပ်ဓါတ်တခုမှ ရှိနိုင်တော့မည်မဟုတ်ပါဘူး။ အာပေါဓါတ်၏ ဖွဲ့စည်းရန်လည်း ပထဝီဓါတ်ပင်ဖြစ်ပါတယ်။ တေဇောဓါတ်၏ လောင်မြိုက်ရန်လည်း ပထဝီဓါတ်ပင် ဖြစ်ပါတယ်။ ဝါယောဓါတ်၏ တွန်းကန်ရန်လည်း ပထဝီဓါတ်ပင်။ ဖြစ်ပါတယ်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 12-10-2023; 11:27 pm

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ ဗဟုသုတ Post ( 18 ) ] ဓါတ်ဟုခေါ်ရခြင်း အဓိပ္ပါယ် *************************** အတ္တနော သဘာဝံ ဓါရေတီတိ ဓါတု။ ။ အတ္တနော၊ မိမိ၏။ သဘာဝံ၊ သဘာဝကို။ ဝါ၊ စွမ်းရည်သတ္တိကို ။ ဓါရေတိ၊ ဆောင်ရွက်တတ်၏။ ဣတိ၊ ဤအကြောင်းကြောင့်။ ဓါတု၊ ဓါတုမည်၏။ ဝါ၊ ဓါတ်မည်၏, ဟူသောစကားအရ ရုပ်ကလာပ်ဟူ၍ ဖြစ်ပေါ်လာလျှင် ရုပ်ကလာပ်တခုတခုအတွင်း၌ရှိသော ဓါတ်လေးပါးသဘောတို့သည် ပုဂ္ဂိုလ်မရွေး , ကာလမရွေ, ဌာနမရွေး , မိမိသဘောကိုသာ ဆောင်ရွက်တတ်သောကြောင့် မိမိသဘောအတိုင်းသာ ဖြစ်လေ့ရှိသောကြောင့် ပါဠိလို " ဓါတု " ပါဠိပျက်အားဖြင့် " ဓါတ် " ဟု ခေါ်ပါတယ်။ မိမိသဘောကိုဆောင်ရွက်ပုံကား - ထင်ရှားနေသောအခါဖြစ်စေ၊ မထင်ရှားသောအခါဖြစ်စေ၊ ဘယ်ဌာန၌ရှိသော ဓါတ်ပင်ဖြစ်ဖြစ်၊ ပထဝီဓါတ်က ပထဝီဓါတ်ကိုသာ ဖြစ်စေပါတယ်။ ပထဝီဓါတ်ကိုသာ အားပေးပါတယ်။ အာပေါဓါတ်ကလည်း အာပေါဓါတ်ကိုသာ အာပေါဓါတ်ကိုသာ ဖြစ်စေပါတယ်။ အာပေါဓါတ်သာ အားပေးပါတယ်။ တေဇောဓါတ်ကလည်း တေဇောဓါတ်ကိုသာ ဖြစ်စေပါတယ်။ တေဇောဓါတ်ကိုသာ အားပေးပါတယ်။ ဝါယောဓါတ်ကလည်း ဝါယောဓါတ်ကိုသာ ဖြစ်စေပါတယ်။ ဝါယောဓါတ်ကိုသာ အားပေးပါတယ်။ မှတ်ချက်။ ။ ပါဠိခေါ် အမည်တို့မှာ များသောအားဖြင့် ခေါ်ဆိုသောအမည်နှင့် ကိုက်ညီအောင် အဓိပ္ပါယ်ရှိကြပါတယ်။ မြန်မာခေါ် နမည်တို့မှာ များသောအားဖြင့် ခေါ်ဆိုသော နမည်နှင့် အဓိပ္ပါယ်မကိုက်ညီဘဲ ရှိနေကြမည်ကို သတိပြုရပါမည်။ ပထဝီဟု ခေါ်ရခြင်းအဓိပ္ပါယ် **************************** ပထတိ ပတိဋ္ဌာနဘာဝေနာတိ ပထဝီ ။ ။ ပတိဋ္ဌာနဘာဝေန၊ တည်ရာ၏ အဖြစ်ဖြင့် ပထတိ၊ ထင်ပေါ်တတ်၏။ ဣတိ၊ ဤအကြောင်းကြောင့် ပထဝီ ပထဝီမည်၏။ ဟူသော စကားအရ၊ ယခုလူအများအသိမှတ်ပြုကြသော ပကတိမြေကြီးသည် သက်ရှိ, သက်မဲ့ , ဝတ္ထု , ကြီးငယ် ဟူသမျှတို့၏ တည်နေရာဖြစ်၍ မိမိအပေါ်၌ တည်ရှိ၍နေသမျှတို့ကို အောက်သို့ မလျောကျရအောင် ခံထားသကဲ့သို့ မိမိနှင့် အတူတကွ တပြိုင်တည်းဖြစ်၍ တပြိုင်တည်းပျက်ကြသော ရုပ်တရားတို့၏ တည်ရာ, မှီရာ , အဖြစ်ဖြင့် လည်းကောင်း ၊ ပေါ်လွင်ထင်ရှားသော " အမာခံ" သဘောတို့ကို ပါဠိလို " ပထဝီ" ခေါ်ပြီး၊ မြန်မာလို " မြေ " ဟု ခေါ်ပါတယ်။ ပထဝီဓါတ်လွန်ကဲသော ရုပ်စုလေးတွေ သိန်းသန်းကုဋေ မရေမတွက်နိုင်အောင် ပေါင်းစုမိသည်ရှိသော် မျက်စိဖြင့် မြင်ရလောက်အောင် အပြစ် , အချွဲ , အတုံး , အခဲ , အထည်ဒြပ်, အဖတ်ဝတ္ထု ဖြစ်ပေါ်၍လာပါတယ်။ ပထဝီဓါတ်သည် မရွေ့ခြင်း , မပြောင်းခြင်း , မတုန်ခြင်း, မလှုပ်ခြင်း, ငြိမ်သက်ခြင်း, တည်တန့်ခြင်း သဘောရှိပါတယ်။ အပေါက်အခေါင်း ကြားအရပ်ဟူသမျှတို့ကို ကျဉ်းမြောင်းအောင် ပိတ်ဆို့ခြင်း သဘောရှိပါတယ်။ သတ္တဝါတို့၏ ခန္ဓာကိုယ်၌ ပြည့်မှု့၊ ကြပ်မှု့၊ တောင့်မှု့ ၊ တင်းမှု့ ၊ ကြိုးမလို - ပြတ်မလို ထင်ရလောက်အောင် ဆင်းရဲမှု ဟူသမျှတို့သည် ပထဝီဓါတ်၏ အစွမ်းသတ္တိကြောင့် ဖြစ်ပါတယ်။ ပထဝီအမည်ကွဲ ၁၀ မျိုး ရှိပါတယ်။ ၁။ လက္ခဏပထဝီ - တစ်ခုသောရုပ်ကလာပ်၌ရှိသော ရုပ်အပေါင်းတို့၏တည်နေရာ အမာခံမြေ။ ၂။ သမ္ဘာရပထဝီ - ရုပ်ကလာပ်အများ၌ရှိသော အမာခံမြေပေါင်းစု။ ၃။ ကက္ခဠပထဝီ - အမာခံ ထင်ရှားသောမြေ မြေထက်။ ၄။ မုဒုပထဝီ - အမာခံ မထင်ရှားသောမြေ မြေနုံ့။ ၅။ ဗဟိဒ္ဓပထဝီ - အပြင်အရပ်၌ရှိသော အမာခံမြေ။ ၆။ အဇ္ဈတ္တိကပထဝီ - အတွင်းအရပ်၌ရှိသော အမာခံမြေ။ ၇။ ပံသုပထဝီ - မြေစို, ရွံ့မြေ။ ၈။ သီလာပထဝီ - မြေခြောက် , ကျောက်မြေ။ ၉။ ဂရုပထဝီ - မြေလေး။ ၁၀။ လဟုပထဝီ - မြေပေါ့။ - ဟူ၍ (၁၀ )မျိူး ဖြစ်ပါတယ်။ အမာသဘောကို ပထဝီဟုခေါ်ပါတယ်။ ထိုအမာသဘောကိုပင် အစိတ်၌ရှိနေခြင်း၊ အပေါင်း၌ ရှိနေခြင်းကို အစွဲပြု၍ "လက္ခဏ"နှင့် " သမ္ဘာရ" ဟု အမည် (၂) မျိုးဖြင့် ခေါ်ကြပါတယ်။ ထင်ရှားမှု , မထင်ရှားမှုကို အစွဲပြုပြီး "ကက္ခဠ" နှင့် " မုဒု" ဟု အမည်နှစ်မျိုးဖြင့် ခေါ်ကြပါတယ်။ ကလာပ်ကျဲ , ကလာပ်စိတ်, အစို , အခြောက် တို့ကို အစွဲပြု၍ " ပံသု" နှင့် "သီလာ" ဟု အမည်(၂) မျိုးဖြင့် ခေါ်ကြပါတယ်။ လေးမှု , ပေါ့မှုကို အစွဲပြု၍ " ဂရု " နှင့် "လဟု" ဟု အမည်(၂) မျိုးဖြင့် ခေါ်ကြပါတယ်။ အပြင်အရပ်တည်နေမှု , အတွင်းအရပ်တည်နေမှု ကို အစွဲပြု၍ " ဗဟိဒ္ဓ" နှင့် " အဇ္ဈတ္တိက " ဟု၍ အမည်(၂) မျိုးဖြင့် ခေါ်ကြပါတယ်။ အပေါင်း၏အတွင်း၌ အစိတ်သဘောသည် ပါဝင်းပြီးဖြစ်ပါတယ်။ " အရိပ် , အရောင် , အမှောင် , အသံ , လေ , အဆင်း , အနံ့ , အရသာ , အတွေ့ " တို့၌ ပထဝီ အမျိုးမျိုး အစားစား ရှိနေပုံတို့ကို ခွဲခြား၍ သိရပါမည်။

  • без подписи

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ဗဟုသုတ Post ( 17 ) ] မဟာဘုတ်ဟု ခေါ်ရခြင်း အဓိပ္ပါယ် ********************************** မဟန္တာနိ ဘဝန္တီတိ မဟာဘူတာနိ ။ ။ မဟန္တာနိ ၊ ကြီးကျယ်ထင်ရှားခြင်းတို့သည်။ ဘဝန္တိ ၊ ဖြစ်တတ်ကုန်၏။ ဣတိ၊ ဤအကြောင်းကြောင့် မဟာဘူတာနိ ၊ မဟာဘူတတို့မည်ကုန်၏။ ဤစကားအရ ဓါတ်လေးပါးတို့တွင် တစ်ပါးပါးသောဓါတ်က လွန်ကဲလွှမ်းမိုး၍ တန်ခိုးအစွမ်းကို ပြလျှင် အလွန်ကြီးကျယ် ထင်ရှားခြင်းဖြစ်တတ်သောကြောင့် ပါဠိလို " မဟာဘူတ " ၊ ပါဠိပျက်အားဖြင့် မဟာဘုတ်ဟု ခေါ်ဆိုပါတယ်။ မဟာ - အကြီးအကျယ် ။ ဘူတ - ဖြစ်တတ်သော သဘောဟု ဆိုလိုပါတယ်။ထိုဓါတ်လေးပါးတို့မှာ ကြီးပွားရန်အကြောင်း ရှိသော် - ကြီးပွားပြီး ၊ ဆုတ်ယုတ်ရန်အကြောင်းရှိသော် ဆုတ်ယုတ်ပါတယ်။ အကြောင်းကိုသာ ထူထောင်ပေးပါလျှင် သံခဲ, ကျောက်ခဲ၌ ရှိသော အာပေါဓါတ်သည် အရည်များစီးကျခြင်းသို့ ရောက်နိုင်ပါတယ်။ သဲခဲ, ကျောက်ခဲ၌ ကြမ်းတမ်း ပထဝီသည် နူးညံ့ပထဝီသို့ ‌ ရောက်နိုင်ပါတယ်။ ရေထဲ၌ရှိသောတေဇောဓါတ်သည် အခိုးအလျံနှင့်တကွထ၍ တောက်လောင်သောမီးအဖြစ်သို့ရောက်၍ ရေဓါတ် ခြောက်သွေ့ကုန်ခန်းခြင်းသို့ ရောက်နိုင်ပါတယ်။ ကျောက်ခဲ , သံခဲ၌ ရှိသော ဝါယောဓါတ်သည်လည်း သောင်းကျန်းထကြွ၍ တုန်လှုပ်ပြေးလွှား ရွေ့လျား, လွင့်စင်ခြင်း ဖြစ်နိုင်ပါတယ်။ ဤကဲ့သို့ အကြောင်းကို ကျေးဇူးကြုထောက်ပံ့ပေးနိုင်လျှင် တစ်ခုခုသော ဓါတ်သည် မိမိ၏သဘာဝကို အစွမ်းတန်ခိုးပြ၍ ကြီးကျယ်ထင်ရှားခြင်းအဖြစ်သို့ ရောက်နိုင်ပါတယ်။ ဓါတ်ကြီးလေးပါးတို့၏ အစွမ်းပြကြပုံမှာ သတ္တဝါတို့၏ ခန္ဓကိုယ်၌ အပြင်းအထန် မကျန်းမမာ ဖြစ်သောအခါ တနေ့တခြား သွေးသားခန်းခြောက်၍ လူရုပ်မလှ ဖြစ်ကြရာ၌လည်းကောင်း သင့်မြတ်သောဆေး အစာတို့ဖြင့် စောင့်ရှောက်ပြုစုကုသကြ၍ ရောဂါဝေဒနာကင်းပြတ်လျှင် တနေ့တခြား သွေးသားစိုပြေ ကျန်းမာလာရာ၌လည်းကောင်း ဆုတ်ယုတ်ခြင်း ကြီးထွားခြင်းက ထင်ရှားပါတယ်။ ဩကာသလောက၌ ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း ၊ ဆုတ်ယုတ်ခြင်း တိုးပွားခြင်းက ထင်ရှားပါတယ်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 12-10-2023 ; 12:15 am

  • без подписи

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ ဗဟုသုတ Post ( 16 ) ] ရောဂါကို ဖြစ်စေတတ်သောရုပ်နှင့် မဖြစ်စေတတ်သောရုပ် ***************************** × ******************** ကမ္မဇရုပ်မှာ ပစ္စုပ္ပန်၌ အထင်ရှားမရှိသော ပဋိသန္ဓေဇနကကံ အဟုန်သည် ဖြစ်စေအပ်သောကြောင့် အခါခပ်သိမ်း " နာတိမန္ဒ နာတိတိက္ခ " သဘောရှိ၏။ ထို့ကြောင့် ကမ္မဇရုပ် ဟူသမျှ ဘယ်ရောဂါဟူသမျှ မဖြစ်စေတတ်ပါဘူး။ စိတ် , ဥတု , အာဟာရတို့ကိုလိုက်၍ ဓါတ်ခံအားလျော်စွာ ဖြစ်ပေါ်ရသော စိတ္တဇ , ဥတုဇ , အာဟာရဇ ရုပ်တို့မှာ " မန္ဒ - တိက္ခ - နာတိမန္ဒ - နာတိတိက္ခ " ဟူ၍ သဘော (၃)မျိုး ရှိပါတယ်။ ထိုတွင် မန္ဒ - တိက္ခ ရုပ်တို့က ရောဂါကို ဖြစ်စေတတ်ပြီး နာတိမန္ဒ - နာတိတိက္ခ ရုပ်တို့က မဖြစ်စေတတ်ပါဘူး။ ကံနာသပ်သပ်ဟူ၍ မရှိ ********************* ကံနာဆိုသည်မှာ ကြားဖြတ် အ,ကုသိုလ်ကံကြောင့်ဖြစ်သော အနာကို ဆိုလိုပါတယ်။ ကြားဖြတ် အ, ကုသိုလ်ကံက ရောဂါဝေတနာကို တိုက်ရိုက်မဖြစ်ပေါ်စေပါဘူး။ ဘယ်ရုပ် , ဘယ်ကလာပ်ကိုမျှလည်း မဖြစ်ပေါ်စေနိုင်ပါ။ ပယောဂဝိပ္ပတ္တိအခွင့်ရလျှင်သာ ဥတုဇရုပ်ကလာပ်တို့၌ ရှိသော ဓါတ်လေးပါးတို့ကို မညီမျှအောင် လှုံဆော်နှိုးဆွ၍ ပေးတတ်ပါတယ်။ ဥတုဇ ဓါတ်လေးပါးတို့ မညီမမျှ ဖြစ်သောအခါမှ ရောဂါဝေတနာ ဖြစ်ရပါတယ်။ ထို့ကြောင့် ပရမတ္ထဒီပနီဋီကာ၌ " ကေဝလံ ကမ္မသမုဋ္ဌာနော အာဗာဓော နာမ နတ္ထိ " ဟု မိန့်ဆိုသည်ကို ထောက်၍ " ဥပထမ္ဘက " ကုသိုလ်ကံကလည်း သမ္ပတ္တိအခွင့်ကို ရလျှင် ဥတုဇရုပ်ကလာပ်တို့၌ရှိသော ဓါတ်လေးပါးတို့ကို လှုပ်ဆော်နှိုးဆွ၍ ပေးသည်ဟု အပြန်အားဖြင့် ယူရပါမည်။ တဘဝအတွက် ရုပ်ဆက်ပြတ်ပုံ **************************** ၁။ ။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ စိတ်၏ ဥပါဒ် , ဋ္ဌီ , ဘင် ကာလ (၃) ပါးတိုး၌ အစဉ်မပျက် ဖြစ်ပျက်၍လာခဲ့ရာ စုတိစိတ်မှ နောက်ကြောင်းပြန်၍ ရေတွက်လျှင် (၁၇) ခု မြောက်သောစိတ်၏ ဥပါဒ်ခဏတိုင်အောင် နောက်ဆုံးဖြစ်၍ ထိုခဏ၌ဖြစ်သော ကမ္မဇရုပ်စုသည် စုတိစိတ်၏ဘင်ခဏ၌ အကြွင်းမဲ့ ချုပ်ပျောက်ခြင်းဖြင့် တဘဝအတွက် ကမ္မဇရုပ်ဆက် ပြတ်ပါတယ်။ ၂။ ။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေစိတ်နောင် ၊ ပထမဘဝင်စိတ်၏ ဥပါဒ်ခဏမှစ၍ ပဉ္စဝိညာဏ်ကိုချန် ၊ ကျန်သောစိတ်၏ ဥပါဒ်ခဏတိုင်း၌ အစဉ်မပျက် ဖြစ်ပျက်၍လာခဲ့ရာ စုတိစိတ်၏ ဥပါဒ်ခဏတိုင်အောင် နောက်ဆုံးဖြစ်၍ ထိုခဏ၌ဖြစ်သော စိတ္တဇရုပ်တို့သည် စုတိစိတ် ချုပ်ပျောက်ပြီးနောက် ၊ ခဏငယ် ၄၈ ခဏလောက်၌ အကြွင်းမဲ့ ချုပ်ပျောက်ခြင်းဖြင့် တဘဝအတွက် စိတ္တဇရုပ်ဆက် ပြတ်ပါ‌တော့တယ်။ ၃။ ။ အာဟာရဇရုပ်တို့သည် ပဋိသန္ဓေနေစဉ် ၃ - သတ္တာဟ (၂၁ရက်) လောက်ကစ၍ အမိ စားသောက်အပ်သော အာဟာရမှ ဆက်သွယ်၍ ကမ္မဇဩဇာနှင့် တွေ့ဆုံတိုင်း အစဉ်မပျက် ဖြစ်ပျက်၍လာခဲ့ရာ စုတိစိတ်၏ ဋ္ဌီခဏတိုင်အောင် နောက်ဆုံးဖြစ်၍ ထိုခဏ၌ဖြစ်သော အာဟာရဇ ရုပ်စုတို့သည် စုတိချုပ်ပျောက်ပြီးနောက် ခဏငယ်၄၉ ခဏလောက်၌ အကြွင်းမဲ့ချုပ်ပျောက်ခြင်းဖြင့် တဘဝအတွက် အာဟာရဇ ရုပ်ဆက် ပြတ်ပါတယ်။ ၄။ ။ ဥတုဇ ရုပ်တို့မှာ သေပြီးသော အလောင်းကောင်ကို မြေမြှုပ်လျှင်မြေကြီး , မီးရှို့လျှင်ပြာဖြစ်၍ ကုန်ခမ်းသည့်တိုင်အောင် ဆက်လက်၍ ဖြစ်နိုင်ပါတယ်။ မှတ်ချက်။ ။ အာဟာရဇ ရုပ်ဖြစ်ရာ၌ ဗဟိဒ္ဓဩဇာသည် အဇ္ဈတ္တိကဩဇာနှင့် တွေ့ဆုံတိုင်း အာဟာရဇရုပ်ကို ဖြစ်စေသည်ဟု ကျမ်းဂန်တို့၌ ဆိုသောကြောင့် အဇ္ဈတ္တိက စတု သမုဋ္ဌာနိကဩဇာတိုင်းက အာဟာရဇရုပ်ကို ဖြစ်စေသည်ဟု စာပေကျမ်းဂန်တတ်မြောက်ကျွမ်းကျင်ကြသော ဆရာတော်များက ဝေဖန်ဆုံးဖြတ်ကြပါတယ်။ ရုပ်ဆက်ပြတ်စဉ်ကို ထောက်လျှင် ကမ္မဇရုပ်သာ ပဓာနဖြစ်သောကြောင့် ကမ္မဇဩဇာတစ်ခုသာလျှင် ဗဟိဒ္ဓဩဇာ၏ အထောက်အပံ့ဖြစ်၍ အာဟာရဇရုပ်ကို ဖြစ်စေသည်ဟု မှတ်ရပါမည်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 10-10-2023; 7:20 pm

  • без подписи

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ ဗဟုသုတ Post ( 15 ) ] စတုဇရုပ်တို့ အချင်းချင်းကျေးဇူးပြု၍ တည်ရှိနေကြပုံ ************************************************** သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်၌ စတုဇရုပ်တို့၏ အချင်းချင်းကျေးဇူးပြုနေပုံမှာ - (က)ဥတုဇရုပ်သည် မီးစာနှင့်တူ၏။ (ခ) အာဟာရဇရုပ်သည် ဆီနှင့်တူ၏။ (ဂ) ကမ္မဇရုပ်သည် မီးတောက်နှင့်တူ၏။ (ဃ) စိတ္တဇရုပ်သည် မီးရောင်နှင့် တူ၏။ (က ) ကမ္မဇရုပ် အားနည်းလျှင် (ဃ ) စိတ္တဇရုပ် အားနည်းရတော့သည်။ (ခ ) အာဟာရဇရုပ် အားနည်းလျှင် (ဂ ) ကမ္မဇရုပ် အားနည်းရတော့သည်။ (က ) ဥတုဇရုပ် အားနည်းလျှင် (ခ ) အာဟာရဇရုပ် အားနည်းရတော့သည်။ အကြောင်းအဆင့်ဆင့် ကောင်းပါမှ အကျိုးအဆင့်ဆင့် ကောင်းနိုင်ပါတယ်။ ကမ္မဇရုပ်တို့ အဆင့်ဆင့်မှီရပုံ *************************** အကြည်ရုပ် (၅)မျိုးသည် ဇီဝိတ ခေါ်သော ကမ္မဇရုပ်တို့၏ အသက်ကို မှီရပါတယ်။ ကမ္မဇရုပ်တို့၏ အသက်သည် ဝမ်းမီး , ကိုယ်ငွေ့မီးတို့ကို မှီရပါတယ်။ အာဟာရဇရုပ်‌ စောင့်ရှောက်မှ ကမ္မဇရုပ်ဆက်ပွားများနိုင်ပါပေတယ်။ ပစ္စုပ္ပန်ရုပ် နှစ်မျိုးရှိပုံ ******************** ပဋိသန္ဓေဇနကကံအဟုန်ကြောင့်ဖြစ်သော ကမ္မဇရုပ်စုကို ဇီဝိတရုပ်သည် အဆက်ဆက် စောင်ရှောက်အပ်သည်ဖြစ်၍ သဋိသန္ဓေစိတ် ၊ ဥပါဒ်ခဏမှ စုတိစိတ်၏ ဘင်ခဏတိုင်အောင် အသက်ရှည်သမျှ ကာလပတ်လုံး ကာလရှည်လားစွာ ဖြစ်ပေါ်နိုင်သောကြောင့် " အဒ္ဓါပစ္စုပ္ပန်ရုပ် " ဟု ခေါ်ပါတယ်။ ရုပ်အဆက်ဆက်ကို စောင့်ရှောက်သူ ဇီဝိတရုပ်မပါသော စိတ္တဇ , ဥတုဇ , အာဟာရဇ ရုပ်တို့ကို ပစ္စုပ္ပန် အကြောင်းတရား ထင်ရှား ရှိနေဆဲ၌သာ ရုပ်အစဉ် ဖြစ်ပေါ်နိုင်သောကြောင့် " သန္တတိပစ္စုပ္ပန်ရုပ် " ဟု ခေါ်ပါတယ်။ ရုပ်ရှင် ၊ ရုပ်သေ နှစ်မျိုး ********************** ဇီဝိတပါသော ကမ္မဇရုပ်တို့မှာ ပစ္စုပ္ပန်အကြောင်းကံ အထင်ရှား မရှိသော်လည်း ပဋိသန္ဓေခဏမှစ၍ စုတိစိတ်ကျသည့်တိုင်အောင် ကမ္မဇရုပ်စဉ် အဆက်ဆက်ဖြစ်ပေါ်နိုင်သောကြောင့် ကမ္မဇရုပ်တို့ကို " ရုပ်ရှင် " ဟု ခေါ်ပါတယ်။ စိတ္တဇ , ဥတုဇ , အာဟာရဇ ရုပ်တို့မှာ ဇီဝိတရုပ် မပါသောကြောင့် ပစ္စုပ္ပန်၌ အကြောင်းတရား ဖြစ်သော စိတ် , ဥတု , အာဟာရ အထင်ရှားမရှိလျှင် ရုပ်အစဉ် ဆက်လက်မဖြစ်ပေါ်နိုင်ပါဘူး။ ထို့ကြောင့် စိတ္တဇ , ဥတုဇ , အာဟာရဇ ရုပ်တို့ကို " ရုပ်သေ " ဟု ခေါ်ပါတယ်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 10-10-2023; 2:02 pm

  • без подписи

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ ဗဟုသုတ Post ( 14 ) ] လူတစ်ကိုယ်လုံးကို (၃)ပိုင်း ပိုင်း၍ ဆိုင်ရာအပိုင်း၌ ရထိုက်သော ရုပ်များ ***********†**** ခန္ဓာကိုယ်တွင် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း ဟူ၍ ၃ပိုင်း ရှိပါတယ်။ ရေလည်မြိုမှ အထက်ပိုင်းသည် ဦးခေါင်းပိုင်း အထက်ပိုင်း၊ ချက်မှ လည်မြိုထိ အလယ်ပိုင်း၊ ခြေဖျားမှ ချက်ထိ အောက်ပိုင်း ဟူ၍ ၃ ပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အထက်ပိုင်း ********************* (၁) စက္ခုဒသက ကလာပ် (၂) သောတဒသက ကလာပ် (၃) ဃာနဒသက ကလာပ် (၄) ဇိဝှါ ဒသက ကလာပ် (၅) ကာယဒသက ကလာပ် (၆) ဘာဝဒသက ကလာပ် (၇) ဇီဝိတနဝက ကလာပ် - ဟူ၍ ကမ္မဇရုပ် (၆၉) မျိုး။ (၈) စိတ္တ အဋ္ဌကလာပ်(၁)မျိုး (၉) ဥတုဇ အဋ္ဌကလာပ်(၁)မျိူ (၁၀) အာဟာရဇ အဋ္ဌကလာပ်(၁)မျိုး - ဤသို့အားဖြင့် စတုဇ ရုပ်မျိုးပေါင်း (၉၃) မျိုး ရှိပါတယ်။ ခန္ဓာကိုယ် အလယ်ပိုင်း ********************* (၁) ကာယဒသက ကလာပ်၊ (၂) ဘာဝဒသက ကလာပ်၊ (၃) ဝတ်ထုဒသက ကလာပျ၊ (၄) ဇီဝိတနဝက ကလာပ်၊ - ဟူ၍ ကမ္မဇရုပ် (၃၉) မျိုး။ (၅) စိတ္တ အဋ္ဌကလာပ်(၁)မျိုး (၆) ဥတုဇ အဋ္ဌကလာပ်(၁)မျိူ (၇) အာဟာရဇ အဋ္ဌကလာပ်(၁)မျိုး - ဤသို့အားဖြင့် စတုဇ ရုပ်မျိုးပေါင်း (၆၃) မျိုး ရှိပါတယ်။ ခန္ဓာကိုယ် အောက်ပိုင်း ********************* (၁) ကာယဒသက ကလာပ်၊ (၂) ဘာဝဒသက ကလာပ်၊ (၃) ဇီဝိတနဝက ကလာပ်၊ - ဟူ၍ ကမ္မဇရုပ် (၂၉) မျိုး။ (၄) စိတ္တ အဋ္ဌကလာပ်(၁)မျိုး (၅) ဥတုဇ အဋ္ဌကလာပ်(၁)မျိူ (၆) အာဟာရဇ အဋ္ဌကလာပ်(၁)မျိုး - ဤသို့အားဖြင့် စတုဇ ရုပ်မျိုးပေါင်း (၅၃) မျိုး ရှိပါတယ်။ မှတ်ချက်။ ၉၃ - ၆၃ - ၅၃ ဟု ဆိုရာ၌ ရသင့်၍ ယူထားသော ဇီဝိတနဝက ကလာပ်ကို နှုတ်ယူက ခန္ဓာကိုယ်အထက်ပိုင်း (၈၄) ၊ ခန္ဓာကိုယ်အလယ်ပိုင်း (၅၄) ခန္ဓာကိုယ်အောက်ပိုင်း (၄၄) ဖြစ်သည်ဟု မှတ်ယူရပါမည်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 10-10-2023;12:30 pm

  • без подписи

  • အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ [ဗဟုသုတ Post ( 13 ) ] အဏ္ဍဇ သတ္တဝါတို့ ကြီးထွားပုံ ***************************** ဂန္တဗ္ဗဓါတ် ကလလ ရေကြည် ပရမာဏုမြူမှ စ၍ " အဏ္ဍဇ - ဥမှဖြစ်သော" သတ္တဝါ အနန္တ ရှိပါတယ်။ ထိုသတ္တဝါမျိုးတို့ကိုလည်း " မဟာဝေဒလ္လသုတ်တော် " လာ , ပဋိသန္ဓေပေး , ယူ " အင်္ဂါ ၃ ချက် " နှင့် ညီညွတ်ပြည့်စုံမှသာ ပဋိသန္ဓေစွဲယူတည်နိုင်ကြောင်း သိရပါမည်။ ကလလ ရေကြည်ဓါတ်မှ " ဥ " ဖြစ်၍ အမိဝမ်း၌ တည်နေပြီးမှ ဗဟိဒ္ဓ ကပ္ပါ - အပြင်လောကသို့ " ဥ " အဖြစ်ဖြင့်ပင် ထွက်လာပြီးမှ အာယု , ဥသ္မာ , တေဇော ဓါတ်ငွေ့ တို့ကို ရယူ၍ သတ္တဝါ အမျိုးအနွယ် သဘာဝဇာတ်အလိုက် ပေါက်ဖွားလာကြပါတယ်။ ၎င်းကို ပဋ္ဌာန်းနည်း , ပဋိစ္စသမုပ္ပါဒ်နည်း တို့ဖြင့် ကျေးဇူးပြုထောက်ပံ့ပေးခြင်းကြောင့် ကြီးထွားရကြသည်ဟု သိရပါမည်။ ဥမှ ပေါက်ဖွားကြကုန်သော သတ္တဝါတို့သည်လည်း သဘာဝ ဇာတ် မျိုးနွယ်အလိုက် နေ့ - လ - ရက် တို့ ကွာခြားကုန်ကြကြောင်း သိရပေမည်။ အထူးသတိပြုသိရမည်မှာ ဝမ်း၌ သန္ဓေတည်၍ မွေးသည်ဖြစ်စေ၊ ဥ မှ ပေါက်ဖွားသည် ဖြစ်စေ၊ ကိုယ်ထင်ရှားကာ မွေးဖွားသည်ဖြစ်စေ လောကဓါတ်မူအားဖြင့် အင်္ဂါ ၃ ချက် ညီညွတ်မှသာ ဖြစ်တည်နိုင်သည်ဟု မှတ်ရပါမည်။ ထိုကဲ့သို့ အင်္ဂဝိဇ္ဇာ - ဆပွတ်ပညာသည်လည်း ယတြာပြုသည်ဖြစ်စေ၊ ဓါတ်စီရင်သည်ဖြစ်စေ၊ ဆေးချက် ဆေးပေးသည် ဖြစ်စေ အင်္ဂဝိဇ္ဇာ ဆ ပွတ်ပညာ၏ လက္ခဏာ ၃ ပါး ညီညွတ်ရမည်ဖြစ်ပါတယ်။ အင်္ဂါ ၃ ချက် မညီညွတ်လျှင် မဖြစ်တည်နိုင်သကဲ့သို့ လက္ခဏာ ၃ ပါး မညီညွတ်ပါက ထိုအစီရင် ၊ ထိုယတြာ ၊ ထိုဆေးသည် အာနိသင် မရှိဟု မှတ်ရပါမည်။ 🙏🙏🙏 အစာဝ အနာကင်း ဘယာရှင်းကြပါစေ။ 9-10-2023;10:45 pm