- Последний пост
- 13 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 4
- Всего постов
- 33
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 10
- 1/48двое суток
- 11
- 1/72трое суток
- 12
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
“တရားဟာကိုယ့်ဘဝပဲ” ဒီဘ၀ ပြီးသွားရင် ဘယ်ဘဝ ရောက်မယ် ဆိုတာ သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …။ မြတ်စွာဘုရား တရားတော်တွေ တို့တတွေ နာခွင့်ရကြတယ် တရားတော်တွေ ဆိုတာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ ဆေးနဲ့အလားတူပါတယ် …။ ဆေး ဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပေါ့ ရောဂါ ပျောက်ချင်ရင် ဆေးကို မှန်မှန် သောက်ရတယ် …။ တရား ဆိုတာလည်း ဘ၀မှ လွတ်မြောက်အောင်မှန်မှန်နှလုံးသွင်းရပါတယ် ကိုယ့် စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ စိတ်ရဲ့ အညစ်အကြေးတွေဟာ တဖြည်းဖြည်း သန့်စင်ပြီးတော့ နောက်ဆုံးမှာ … ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို ရလာပါမယ် ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ကိုယ်ဘဲ လုပ်ရပါတယ် …။ အဲဒါကြောင့် … မြတ်စွာဘုရားက " အတ္တာဟိ အတ္တနော နာထော " လို့ ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …။ တရားဟာ မိမိရဲ့ ဘ၀ပဲ ကိုယ့် ဘ၀ပဲ တရားလို့ ပြောလိုက်တာနဲ့ စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွန့်ပြီး အမျိုးသမီးတွေက မယ်သီလရှင် ၀တ်ဖို့ အမျိုးသားတွေက ဘုန်းကြီး ၀တ်ဖို့ မလိုဘူးပေါ့ ။ မိသားစုနဲ့ နေရင်းလည်း တရား ရနိုင်ပါတယ် ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် …။ " နှလုံးသွင်း တရား " ဟာ အင်မတန်မှ အရေးကြီးပါတယ် …။ မြတ်စွာဘုရား လက်ထက်တုန်းက မိသားစုနဲ့ နေရင်း သောတာပန် သကဒါဂါမ် အနာဂါမ်တွေဖြစ်တာရှိပါတယ် အနာဂါမ် ဖြစ်သည် အထိအောင် တောင်မှ မိသားစု အသိုင်းအ၀န်းထဲမှာ ရှိနေသေးပါတယ် …။ နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့ သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …။ အဲဒီလို တရားဆိုတာ ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ် ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ်။ ပစ္စည်း သံယောဇဉ် သား သံယောဇဉ် သမီး သံယောဇဉ် ဆိုတော့ ပစ္စည်းကို စွန့်ရမှာလား ? သားကို စွန့်ရမှာလား ? သမီးကို စွန့်ရမှာ လားလို့ လူတွေက ထင်နေကြတယ် ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး …။ စွန့်ရမှာက ကိုယ့် စိတ်ထဲမှာ ဖြစ်နေတဲ့ " တွယ်တာမှု " ကို စွန့်ရမှာပါ အတွယ်အတာ မရှိဘဲနဲ့ နေတာ မတ်ေတာ နဲ့ နတောပါ။ အဲဒီတော့ … သား စွန့်ဖို့လည်း မလိုပါ သမီး စွန့်ဖို့လည်း မလိုပါ ရာထူး စွန့်ဖို့လည်း မလိုပါ " တွယ်တာမှု " ကိုဘဲ စွန့်ဖို့ လိုပါတယ် …။ အဲဒါကြောင့်မို့လို့ … မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာ သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီးတော့ အမှန်အကန် သိမယ်ဆိုရင် ဘ၀မှာ နေပျော်ပြီး နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ် လို့ ကိုယ်စီ ကိုယ်စီ သဘောကျကာ ကျင့်ကြံ အားထုတ် နိုင်ကြပါစေကုန်သတည်း။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
လောဘဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊ မောဟဆိုတဲ့ အညစ်အကြေးတွေ၊ မာန်မာနဆိုတဲ့ အညစ်အကြေးတွေ၊ ဣသာ မစ္စရိယ ဆိုတဲ့ အညစ်အကြေးတွေကြောင့် စိတ်,မဖြူစင်ဘူး၊ စိတ်,မဖြူစင်ခြင်းကြောင့် သတ္တဝါတွေဟာ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ကြဘူး။ ညစ်နွမ်းနေကြရတယ်။ ပူလောင်နေကြရတယ်။ အဲဒီစိတ်ကလေး ဖြူ စင်သွားအောင်၊ မကောင်းတဲ့ စိတ်သဘောထားတွေ ပျောက်သွားအောင်လည်း ဟောဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်တဲ့။ ဝိပဿနာ ကျင့်စဉ်တစ်ခု ကျင့်ရမယ်လို့ ဒီလိုပြောတာ။ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲဖြစ်စေ စိတ်နှလုံးပူဆာမှု, စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှ မကြိုက်ဘူး။ အဲဒီ မကြိုက်တဲ့အပူတွေက ကင်းဖို့ရာအတွက် ဝိပဿနာ ကျင့်စဉ်ဆိုတာ လူမျိုး,ဘာသာမရွေး၊ ကျား မ,မရွေး၊ အသက်ကြီးငယ်မရွေး အားထုတ်သင့်တယ်လို့ ဆိုတာပေါ့နော်။ အားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။ အားမထုတ်ဘူးဆိုရင် တစ်ကွေ့မဟုတ် တစ်ကွေ့ ဒုက္ခတွေ ကြုံပြီးတော့ ဒီပူပန်မှုဆိုတဲ့ သောကတွေကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးတဲ့။ ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
အသားစားသူနဲ့ သတ်သူ အပြစ်အတူတူလား.. 🌿🌿🌿🌿🌿🌿❄❄❄❄❄❄ ဗုဒ္ဓဘာသာ ကျမ်းစာမှာ မဆိုဘဲနဲ့ ပြောတဲ့စကား တစ်ခုရှိတယ်။ ဆိုပါစို့၊ စားသူနဲ့ သတ်သူ၊ အသားစားတဲ့လူနဲ့ အသားပေါ်တဲ့သူ။ တချို့ ဘာသာရေးဂိုဏ်းက ဘယ်လိုယူဆလဲဆို စားတဲ့လူနဲ့သတ်တဲ့လူ အကုသိုလ် ဖြစ်တာချင်း ၅ဝ/၅ဝ တဲ့။ ဒီလိုပြောတယ်။ ဂျိန်းဝါဒမှာ အဲဒီအတိုင်းရှိတယ်။ ၅ဝ/၅ဝ ပဲ။ သတ်တဲ့ လူက ၅၀% ပတ်သက်တယ်၊ စားတဲ့လူက ၅၀% ပတ်သက်တယ်။ အဲဒါကိုတော့ မြတ်စွာဘုရားကလက်မခံဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်ပေါ့။ သတ်တဲ့လူရဲ့ စိတ်ဓာတ်နဲ့ စားတဲ့လူရဲ့ စိတ်ဓာတ်နဲ့က တစ်မျိုးစီပဲလေ။ တစ်ခုတော့ ရှိတာပေါ့။ ငါ့အတွက် သတ်ပါစေ ဆိုတဲ့စိတ် ရှိရင်တော့ သူလည်းပါမှာပေါ့။ အဲဒါဆိုရင် အဲဒီလိုမဟုတ်ဘူး၊ ဈေးတွေ့လို့ ဝယ်စားတယ်၊ အသားဆိုင်က ဝယ်စားတယ်၊ နောက် သူ့မှာ သတ်ကြပါစေဆိုတဲ့ စိတ်လည်း မရှိဘူး၊ အသားအနေနဲ့ပဲ ဝယ်စား လိုက်တယ်၊ သို့သော် သူ့စိတ်ထဲမှာ သေပါစေဆိုတဲ့စိတ် တစ်ခုမှ မထားဘူး၊ စားစရာတစ်ခုအနေနဲ့ ဝယ်စားတယ်၊ စိတ်ကဖြူစင်တယ်။ အဲဒါကို မြတ်စွာဘုရားက ဥပမာ ဘာနဲ့ပေးလဲဆိုရင် လက်မှာ ဒဏ်ရာအနာတရမရှိဘူး ဆိုလို့ရှိရင် အဆိပ် ကိုင်ပေမယ့်လို့ အဆိပ် မသင့်ဘူးတဲ့။ ဆိုလိုတာက ကိုယ့်စိတ်က စင်ကြယ် သန့်ရှင်းနေရင် အကုသိုလ်မဖြစ်ဘူးလို့ ဒီလိုပြောတာ။ လောကမှာ အကုသိုလ် ဘယ်လိုလုပ်ရင်ဖြစ်တယ်၊ ဘယ်လိုလုပ်ရင် မဖြစ်ဘူးဆိုတာသိဖို့ အင်မတန်မှ အရေးကြီးတယ်။ ရွှေကျင်ဆရာတော်ကြီးရေးတဲ့ တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာဘုရားပွဲ.. ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ စာတမ်း.. ဘာဖြစ်လို့တုန်းဆို သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက ဝက်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ သံဃာတွေပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ ဧည့်သည်တွေ ဧည့်ခံကြတယ်။ ဒီလိုတွေ ဖြစ်တာကို။ သားကောင်တွေသတ်ပြီး ဒါနကောင်းမှု လုပ်တယ် ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်၊ သတ်တဲ့အပိုင်းက တစ်ပိုင်း၊ ဒါနကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊ ဒါနကောင်းမှုလုပ်တာက ကုသိုလ်ဖြစ်တယ်။ အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒါနရလိုက်တာက နည်းနည်း၊ ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ သူက ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ လို့ ပြောတာ။ ကြားဖူးကြပါလိမ့်မယ်၊ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်၊ အဲဒီနေ့မှာလည်းပဲ အသားမပေါ်ရ ဥပဒေအရ အသား ဘယ်မှ ဝယ်မရဘူး၊ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်၊ အိမ်မှာ မွေးထားတဲ့ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်၊ အဲဒီအမျိုးသမီးဟာ လည်လှီးပြီးတော့ ချက်လိုက်လို့ သူက ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့ အခါကျတော့ ဇက်ပြတ်ပြီးတော့ သေရတဲ့ဘဝက မနည်းဘူးတဲ့။ ဒါကြောင့်မို့ တချို့ကပြောတယ်၊ ဆိတ်မွေးအမျှ ခံရတယ်တဲ့။ တချို့က ထင်ကောင်း ထင်လိမ့်မယ်၊ ကိုယ်က တစ်ခါတည်းသတ်တာ၊ ဘာဖြစ်လို့ ဒီလောက်ခံရတုန်းဆို လူ့ရဲ့သန္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ၊ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့် မယ်။ သရက်ပင်စိုက်တဲ့အခါမှာ တစ်စေ့တည်း စိုက်တာ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား သို့မဟုတ် အများကြီး သီးသလား။ တစ်ခုတည်းလုပ်ပေမယ့်လို့ အများကြီးရတယ် ဆိုတာ ထင်ရှားတယ်။ လူရဲ့ သန္တာန်မှာ စိတ်စေတနာတွေက မြောက်များစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အတွင်းမှာ စေတနာပေါင်းက ကုဋေတစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်များစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ လူကိုလှူရင် အဆတစ်ထောင်တဲ့၊ ဒီလိုပြောတာ။ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ် တွေ ဖြစ်လာပြီ ဆိုလို့ရှိရင်လည်း ဒီလိုပဲခံရတယ်။ အဲဒီ အမျိုးသမီးက ဧည့်သည်ကို ကျွေးမွေးဧည့်ခံချင်တာ ဒါ ကုသိုလ်ပဲ။ ကျွေးချင်မွေးချင်တယ် မှန်တယ်၊ ဒါ ကုသိုလ်။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။ အဲဒီအကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့ အကျိုးကို ခံစားရတာ ဒီလောက်မထင်ရှားဘဲနဲ့ လူ့ဘဝရလာတိုင်း ရလာတိုင်း သို့မဟုတ် ဘဝတစ်ခု ရတိုင်းရတိုင်း ဇက်ပြတ်ပြီးတော့ သေရတယ်တဲ့။ အဲဒီအကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။ အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ တဲ့။ ဒီလိုခံရရင် တော်တော်လေး ကြောက်စရာ ကောင်းတဲ့ဟာပဲ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်နာနန္ဒမာလာဘိဝံသ
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
◾ မုဒုံမြို့နယ်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်ဖို့အတွက်က ပြီးခဲ့တဲ့ ၂၀၂၂ လောက် ကတည်းက လျှော်ကြေးငွေတွေလည်း ပေးအပ်ထားပြီးသား အခြေအနေတစ်ခုပါ။ အရင် နစက လက်ထက်ကတည်းက မော်လမြိုင်နားမှာ နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ လျာထား ခဲ့ကြတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တောင်သူတွေအတွက် ငွေကျပ် ၂၄၀၇၆၄.၆ သန်း ပေးအပ်ထားသလို ရေနက်ဆိပ်ကမ်းမှာပါဝင်နေတဲ့ တောင်သူတွေအတွက် တစ်ဧကကို သိန်း ၇၀ နှုန်းနဲ့ ပေးအပ်ထားပြီးသားလည်းဖြစ်တယ်။ -------- ◾ တကယ်တော့…မုဒုံမြို့နယ်ထဲမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတင်မကဘဲ နိုင်လုံကျေးရွာအနီးနားမှာရှိတဲ့ မြေဧက ၃၆၈ ဧကပေါ်မှာလည်း စက်မှုဇုန်တစ်ခု တည်ဆောက်လိမ့်ဦးမယ်။ သေချာတာကတော့…ဘေးမှာ မော်လမြိုင် လေဆိပ်လည်း ရှိနေတဲ့ အနေအထားတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တစ်ခု တည်ဆောက် တယ်ဆိုတာက…သာမန်ပြည်တွင်းလေကြောင်းလိုအပ်ချက်ထက် ပိုကြီးတဲ့ စီးပွားရေး စီမံကိန်းတွေ ရှိတယ်ဆိုတာကတော့ အနိမ့်ဆုံးအဆင့် တွက်လို့ရတယ်။ ဖြစ်နိုင်တာက… လေဆိပ်ကို ဆိပ်ကမ်းနဲ့ စက်မှုဇုန်အတွက် ထောက်ပံ့ရေးအနေအထားမျိုး အသုံးချဖို့ ရည်ရွယ်ထားတာဖြစ်မယ်။ ----- ◾ လက်ရှိ သမ္မတကြီးရဲ့ ထိုင်း ခရီးစဉ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်း နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ်နဲ့ ချပြခဲ့တာလည်း ရှိတယ်။ လက်ရှိ မုဒုံ လေဆိပ်ရယ်၊ ဆိပ်ကမ်းနဲ့ စက်မှုဇုန်တွေ ဖြစ်လာခဲ့ရင်…မြဝတီ၊ မော်လမြိုင်၊ မုဒုံ ဆိုတဲ့ အရှေ့ အနောက် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာလိမ့်မယ်။ ခြုံကြည့်လိုက်ရင်…မုဒုံ က မွန်ပြည်နယ်တောင်ပိုင်းအတွက် အဓိက စီးပွားရေး Gateway ဝင်ပေါက်တစ်ခု ဖြစ်လာ ပါလိမ့်မယ်။ လေဆိပ်ရယ်၊ ရေနက်ဆိပ်ကမ်းရယ်၊ စက်မှုဇုန်ပါ ပါဝင်လာမယ့် ပေါင်းစပ်မှုကို ကြည့်ရင်…မွန်ပြည်နယ်ရဲ့ အနာဂတ်စီးပွားရေး အလားအလာက အတော်လေး ပြောင်းလဲသွားနိုင်မယ့် အခင်းအကျင်းပုံစံမျိုးပါ။ အခြေပြ မိန့်ခွန်းထဲမှာပါတဲ့ ၆၆၀ မဂ္ဂါဝပ် ကလည်း မွန်ပြည်နယ်နဲ့ ထားဝယ်ဒေသအတွက်တော့…စက်မှုလုပ်ငန်း တွေ အစပျိုးဖို့ အပြောင်းအလဲတစ်ခု ဖြစ်စေပါလိမ့်မယ်။ (နရီမိုး)
без подписи
без подписи
- မင်းကင်းမြိုတွင် ချင်းတွင်းမြစ်ရေဝင်ရောက်သည့်နေရာမှ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို ပြောင်းရွှေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြိုတွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ရောက်ရှိလာသဖြင့် မြစ်ရေဝင်ရောက်သည့် အမှတ်(၃)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ယွန်းဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို တာဝန်ရှိသူများက ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
◾ လူမှုကွန်ရက်တွေပေါ်မှာ ၂၀၁၆ တုန်းက ထိုင်းကို ဒေါ်အောင်ဆန်းစုကြည်သွားခဲ့တဲ့ ခရီးစဉ်နဲ့ ၂၀၂၆ မှာ သမ္မတကြီး ထိုင်းကို သွားတဲ့ခရီးစဉ်ကို ချိန်ထိုးပြီး နှိုင်းယှဉ်ပြောနေတာ တွေကို မြင်တော့ တစ်ချို့အချက်အလက်တွေ သိထားဖို့ လိုအပ်တယ်လို့ မြင်မိတယ်။ ၁၀ နှစ်တာကြာသွားခဲ့ပြီဆိုပေမယ့်…အဲ့ဒီအချိန်တုန်းက ထိုင်းနိုင်ငံမှာ ဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေက လက်ရှိအခြေအနေနဲ့ ဆန့်ကျင် ဘက် အနေအထားဖြစ်နေတာကို သတိပြုဖို့လိုပါတယ်။ ----- ◾ ၂၀၁၆ တုန်းက ထိုင်းဟာ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ စစ်ဘက်ကနေ အရပ်ဘက်ကို အကူးအပြောင်းလုပ်နေတဲ့ကာလကို ဖြတ်သန်းနေရချိန်၊ မြန်မာမှာက အနောက်ဥရောပ နိုင်ငံတွေ အပြည့်အဝ Backup ရှိနေတဲ့ကာလတစ်ခုကို ရောက်နေချိန်မျိုးပါ။ နောက်…ဒါက ၂၀၁၇ မှာ ဘင်္ဂလီအရေးအခင်း မဖြစ်သေးတဲ့ကာလတစ်ခုလည်း ဖြစ် တယ်။ ပြီးတော့… ထိုင်းကို သွားတဲ့ရည်ရွယ်ချက်ခြင်းလည်း တူညီမှု မရှိနေဘူး။ ၂၀၁၆ တုန်းက ဒေါ်အောင် ဆန်းစုကြည် ထိုင်းကို သွားတာက အလုပ်သမားအရေးက ဦးစားပေး ဖြေရှင်းဖို့သွားရတဲ့ အခြေအနေပါ။ ဒါတောင် “ဧည့်သည်က ဧည့်သည်လို နေရမယ်” ဆိုတဲ့ စကားတစ်ခွန်းရဲ့ ရိုက်ခက်မှုက အတော်လေးခံရပါသေးတယ်။ စီးပွားရေးအပိုင်းမှာလည်း ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို အစုရှယ်ယာအဖြစ်နဲ့ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းက လက်မခံ ခဲ့ပါဘူး။ ရွှေ့ပြောင်းအလုပ်သမားအရေးကို ဦးစားပေးဖြေရှင်းဖို့သွားခဲ့ ပေမယ့် ပွဲစားစနစ်နဲ့ တရားမဝင်ငွေကြေးတောင်းခံမှုပြဿနာက ဒီကနေ့အထိဖြေရှင်း နိုင်ခြင်းမရှိသေးပါဘူး။ ----- ◾ လက်ရှိ သမ္မတကြီးရဲ့ထိုင်းခရီးစဉ်က နှစ်နိုင်ငံစလုံးအတွက် လက်တွေ့ကျတဲ့ နိုင်ငံရေး ကို တည်ဆောက်ဖို့သွားတာပါ။ တစ်ချို့က မြန်မာအစိုးရအတွက် တရားဝင်မှု ရဖို့အတွက် သွားတယ်လို့ ဝေဖန်ကြပေမယ့် ထိုင်းဘက်ကလည်း ဝှက်ထားတဲ့ စီးပွားရေး မျှော်လင့်ချက် တွေ ရှိပါတယ်။ ထိုင်းအစိုးရဘက်ကလည်း အဲ့လောက် မတုံးပါဘူး။ လောလောလတ်လတ် ၁ ထလီယံဘတ် ရင်းနှီးမှုလုပ်မယ့် Land Bridge ကို ဘဏ္ဍာရေးလိုအပ်ချက်အရ ရပ်ဆိုင်း ထားတယ်။ သဘောက… ထားဝယ်ကိုမျှော်ပြီး ထိုင်းတောင်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာ ကို ချိတ်မယ့်သဘောပါ။ အစိုးရခြင်းကြားဖြေရှင်းရမယ့်…မြစ်ရေပြဿနာ၊ အွန်လိုင်းလိမ် လည်မှု၊ နယ်စပ်လက်နက်ကိုင်ပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ သုံးနိုင်ငံ ဟိုင်းဝေးလမ်း မစီမံကိန်းမျိုးရှိတာဖြစ်လို့…ဒီခရီးစဉ်က G t G အဆင့်ကို သီးသန့်ရည်ရွယ်တဲ့ ခရီးစဉ် မျိုးလိုသတ်မှတ်ရမှာပါ။ ----- ◾ အလုပ်သမားအရေးမှာ တရားဝင် အထောက်အထားစာရွက်စာတမ်းတွေ ရရှိဖို့ ၊ ဥပဒေဘောင်ထဲကနေ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ ညှိနှိုင်းနိုင်ခဲ့တာရှိသလို ထိုင်း-မြန်မာ နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေမယ့် စွမ်းအင်ကဏ္ဍ၊ စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရောက်ရှိရေးဆိုတဲ့ လက်တွေ့ကျတဲ့ စီးပွားရေးကဏ္ဍတွေ ရှိထားတယ်။ စွမ်းအင်ကဏ္ဍကိုကြည့်ရင်လည်း ထိုင်းက မြန်မာ့သဘာဝဓာတ်ငွေ့ကို အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းလောက် တင်သွင်းမှီခိုနေရတယ်။ ---- ◾ ခြုံကြည့်လိုက်ရင်…၂၀၁၆ တုန်းက ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုအားကောင်းတဲ့ မြန်မာအတွက် တစ်ဦးချင်းခေါင်းဆောင်မှုရဲ့ Popular ဖြစ်စေတဲ့ သံတမန်ရေးရာ ခရီးစဉ်အဖြစ်နဲ့ပဲ ရှိခဲ့တာပါ။ ဒါ့ကြောင့်လည်း မြန်မာအလုပ်သမားတွေများတဲ့ မဟာချိုင်လို နေရာကို ရွေးချယ်ပြီး သွားခဲ့တာပေါ့။ ၂၀၂၆ ခရီးစဉ်က အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံ တွေကြားက သံတမန်ရေးကို ပုံမှန်အနေအထားဖြစ်စေဖို့ ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေကို တိုးမြှင့်နိုင်ဖို့၊ အစိုးရချင်းတွေ့ဆုံမှုအပြင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင် တွေ တွေ့ဆုံမှု ကနေ ကုန်သွယ်ရေးပစ်မှတ် ၁၂ ဘီလီယံပြည့်မီဖို့၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော် တရားမဝင်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ကြတယ်။ ဆိုလိုတာက…တစ်ဦးတစ်ယောက်၊ တစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ရယူဖို့ စည်းရုံးရေး သွားဆင်းခဲ့တဲ့ ၂၀၁၆ ခရီးစဉ်ထက် ၂၀၂၆ ခရီးစဉ်က အစိုးရအချင်းချင်းနဲ့ စီးပွားရေး အခြေပြု သံတမန်ရေးအရ သွားခဲ့ရတဲ့ခရီး …တနည်းအားဖြင့် မြန်မာ့စီးပွားရေး ပြန်ပြီး နလန်ထူစေဖို့အတွက် ရင်းနှီးမြုပ်နှံမှုတွေ လာနိုင်ဖို့ နိုင်ငံရေးအရ ကြိုးပမ်းခဲ့ရတဲ့ ခရီးစဉ်တစ်ခုလို့တောင် ပြောလို့ရတယ်။ (နရီမိုး)
ကံမကောင်းဘူး ဆိုရင်.... ဘုရားရှိခိုးရမယ်။ ဗုဒ္ဓဂုဏ်တော်ပွားရမယ်။ ပုတီးစိတ်ရမယ်။ မေတ္တာပို့ရမယ်။ သမထ_ဝိပဿနာ_ကမ္မဌာန်းအားထုတ်တာ အကောင်းဆုံးပဲဖြစ်တယ်။ မနက် နေ့ ည ဘုရားရှိခိုးရင် ကံကောင်းလာမယ်။ အဆောင်ပစ္စည်းက အားကိုးမရဘူး။ ဘုရား တရား သံဃာ ဂုဏ်တွေကသာ အားကိုးရတာ။မေတ္တာများများပွား ဒါတွေကို ပရောဂသမ္ပတ္တိလို့ ခေါ်တယ်။ကောင်းတာများများ လုပ်ရင် ကံကောင်းလာမယ်။မိမိသည်သာလျင် မိမိရဲ့ကိုးကွယ်ရာပဲ။ကံမ ကောင်းရင် စိတ်ဓာတ် မကျနဲ့။ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုးစားရမယ်။ ကြိုးစားတဲ့သူက အနိုင်ရစမြဲပဲ။အဓိကကတော့ စိတ်ဓာတ်မကျဖို့ပဲ။ (ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
ဘယ်ကိစ္စပဲလုပ်လုပ် အခက်အခဲဆိုတာ ကြုံတတ်တယ်။ အဲဒီကြုံလာတဲ့အခက်အခဲတွေကို ဖြတ်ကျော်ဖို့ဆိုတာ လူတွေမှာ သည်းခံရတဲ့ အနေအထားမျိုးတွေရှိတယ်။ ဘာတွေကို သည်းခံရတာတုန်းဆိုရင် ရာသီဥတုဒဏ်ကို သည်းခံရတယ်။ ကိုယ်နဲ့ ဆက်ဆံတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြောအဆိုကိုလည်း သည်းခံရတယ်။ ရောဂါဝေဒနာဖြစ်ပေါ်လာလို့ ရှိရင်လည်း ရောဂါဝေဒနာကို သည်းခံရတယ်။ အဲဒီသည်းခံမှုဆိုတဲ့ မျိုးစုံအောင် သည်းခံရတယ်။ အခက်အခဲတွေမှန်သမျှ တွန်းလှန်နိုင်ဖို့အတွက် သည်းခံခြင်းဆိုတာ အရေးကြီးတယ်။ များသောအားဖြင့် သည်းခံတယ်ဆိုတာ လူတွေက တစ်ဖက်သားက ကိုယ့်ကို စော်ကားတာကို ငုံ့ခံတာကိုပဲ သည်းခံတယ်လို့ ထင်တာ။ တကယ်ကတော့ သည်းခံမှုဆိုသည်မှာ စိတ်နှလုံးမတုန်လှုပ်ဘဲနဲ့ ပကတိအနေအထားမပျက်အောင် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုးကို သည်းခံတယ်လို့ ခေါ်တာ။ အဲဒီလို မဟုတ်ဘဲနဲ့ ငုံ့ခံရုံ ခံပြီးတော့ စိတ်ထဲက မကျေမနပ်ဖြစ်နေရင် သည်းခံခြင်းဆိုတဲ့ ခန္တီမဖြစ်ဘူး။ သည်းခံခြင်းဆိုသည်မှာ ကိုယ့်ကို စော်ကားလည်းပဲ ဒီ စကားကို ဖျောက်ပစ်လိုက်တယ် ချက်ချင်းပဲ။ ပြန်ပြီးတော့ လက်ခံစဉ်းစားတာ၊ တွေးတောတာတွေ မလုပ်ဘူး။ ဒါဟာ သည်းခံခြင်းပဲ။ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ -🙏🙏🙏
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
လောဘဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊ မောဟဆိုတဲ့ အညစ်အကြေးတွေ၊ မာန်မာနဆိုတဲ့ အညစ်အကြေးတွေ၊ ဣသာ မစၧရိယ ဆိုတဲ့ အညစ်အကြေးတွေကြောင့် စိတ်မဖြူ စင်ဘူး၊ စိတ်မဖြူ စင်ခြင်းကြောင့် သတ္တဝါတွေဟာ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ကြဘူး။ ညစ်နွမ်းနေကြရတယ်။ ပူလောင်နေကြရတယ်။ အဲဒီစိတ်ကလေး ဖြူ စင်သွားအောင်၊ မကောင်းတဲ့ စိတ်သဘောထားတွေ ပျောက်သွားအောင်လည်း ဟောဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်တဲ့။ ဝိပဿ နာ ကျင့်စဉ်တစ်ခု ကျင့်ရမယ်လို့ ဒီလိုပြောတာ။ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲ ဖြစ်စေ စိတ်နှလုံးပူဆာမှု စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှ မကြိုက်ဘူး။ အဲဒီ မကြိုက်တဲ့အပူတွေက ကင်းဖို့ရာအတွက် ဝိပဿ နာ ကျင့်စဉ်ဆိုတာ လူမျိုးဘာသာမရွေး၊ ကျားမ မရွေး အသက်ကြီးငယ်မရွေး အားထုတ်သင့်တယ်လို့ ဆိုတာပေါ့ နော်။ အားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။ အားမထုတ်ဘူးဆိုရင် တစ်ကွေ့မဟုတ် တစ်ကွေ့ ဒုက္ခတွေ ကြုံ ပြီးတော့ ဒီပူပန်မှုဆိုတဲ့ သောကတွေကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးတဲ့။ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။ 🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။ 🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။ 🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 🕊🕊🕊🕊🕊🕊🕊🕊🕊🕊 🌏🌏🌏🌏🌏🌏🌏🌏🌏🌏 🌾💐🌷🌹🌼🌸🌹🌷💐🌾 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ မြန်မာ နိုင်ငံကြီးအေး ချမ်းသာယာပြီးအမြန် ဆုံးဖွံဖြိုးတိုးတက်လာပါစေအားလုံးကျန်းမာချမ်းသာကြပါစေစည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေသဘာဝဘေးကပ် သုံးပါးဘေး ကင်းဝေးကြပါစေကောင်းကျိုးလို အင်ဆန္ဒများပြည့်ဝကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 🏵🏵🏵🏵🏵🏵🏵🏵🏵🏵 💵💵💵💵💵💵💵💵💵💵 https://t.me/chapteronelionz
တစ်ခဏကြီးပွားဖို့အတွက်ကို မလုပ်နဲ့ ဒုက္ခပင်လယ် ဝေလိမ့်မယ်နော် သတိထား ရှာဖွေစားသောက်ကြပေါ့။ လောကကြီးက ဘယ်လိုပဲ ကမောက်ကမ ဖြစ်စေကာမူ မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ ပုဂ္ဂိုလ်က "တစ်ခဏမျှသာ” ဖြစ်ပြီးတော့ မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက် ရုန်းကန်နေရတဲ့ပုဂ္ဂိုလ်ဟာရုန်းကန်နေရသော်လည်းပဲဒုက္ခပင်လယ်ဝေစေတတ်တဲ့ အကုသိုလ်တွေ သူ့မှာ မရှိဘူး။မရှိသည့်အတွက်ကြောင့် သူခံရတဲ့ဒုက္ခဟာ တစ်ခဏမျှသာ ဖြစ်တယ်။ ထာဝရကျတော့ မေတ္တာ၊ စေတနာတွေ အရင်းခံပြီး လုပ်သည့်အတွက်"အဘယဒါန” မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ"ဇီဝိတဒါန” မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ အသက်ရှည်ကြပါစေ ဆိုတဲ့ မေတ္တာအခြေခံတရားကြောင့်ဒီပုဂ္ဂိုလ်ဟာ တစ်ဘဝထက် တစ်ဘဝ မြင့်သွားဖို့သာ ရှိတယ်။ တစ်ခဏအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့ ခဲခဲယဉ်းယဉ်း အသက်မွေးရလို့ ဒီဘဝမှာ နိမ့်ကျသယောင်ယောင် ရှိသော်လည်းပဲ နောင်ဘဝ အဆက်ဆက်မှာ မြင့်သွားမယ့်ပုဂ္ဂိုလ်တွေပါ။ မဟုတ်မတရား အသက်မွေးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီဘဝမှာ လွှားလွှား လွှားလွှားနဲ့ စီးပွားဥစ္စာတွေ တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ အကုသိုလ်တွေ အကျိုးပေးလို့ ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွားနိုင်တယ်တဲ့။ဒီသဘောတရားကိုလည်းပဲ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဘုန်းကြီးတို့တတွေဟာ ဗုဒ္ဓရဲ့တပည့်သာဝကတွေ ဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာတွေလည်း ရဟန်းသံဃာတွေအနေနဲ့၊ လူဝတ်ကြောင်တွေလည်း လူဝတ်ကြောင်တွေအနေနဲ့ မှန်ကန်တဲ့နည်းနဲ့ အသက်မွေးကြဖို့ အရေးကြီးတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ