Special News Channel
Статистикаကိုကျော်မျိုးမင်း၊ကိုကျော်စိုးဦး၊ဦး အောင်မင်း နှင့်အခြားစိတ်ဝင်စားဖွယ်သတင်းစုံကိုတင်ဆက်ပေးသွားပါမည်
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 67
- Всего постов
- 83
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 285
- 1/48двое суток
- 326
- 1/72трое суток
- 352
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်း သာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ
နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား (၁၈)ဦး နှင့် အမျိုးသမီး (၂)ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
မြစ်ရေအခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သည့် မြို့များဖြစ်သည့် မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ ပြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ပါရန် အသိပေးပြောကြား
без подписи
без подписи
без подписи
без подписи
လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်စဉ် နေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ရေအောက်ချထားပြီး Geo bag များပေါ်သို့ သဲအိတ်များဖို့ခြင်း၊ သဲအိတ်များဖြည့်ခြင်း၊ Sheet pile များ၏ နောက်ဖက်တွင်လူအင်အားဖြင့် သဲအိတ်များဖို့ခြင်း၊ သဲအိတ်များဖြည့်ခြင်း၊ ရေရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာ၊ သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ အလှူရှင်များအား ရေဘေးရှောင်စခန်းများ၊ ရေဝင်ရောက်သည့် ကျေးရွာများနှင့် တာတမံနိမ့်ကျသည့်နေရာသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံပြည်သူများ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများဖြင့် သွားရောက်လိုပါက ကူညီပို့ဆောင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၅/၂၀၂၆)သတင်း ထုတ်ပြန်
မိုးလေဝသသတင်း (၁၄-၈-၂၀၂၆ ရက်နေ့)
Online စနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ်အသီးသီးတွင် မီတာများ လုံလောက်စွာရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးသွားမည်
ဘန်ကောက်တွင် ဂျပန်ခရီးသွားအား တိုက်ခိုက်လုယက်ခဲ့သည့် လူငယ် ၇ ဦး ဖမ်းဆီးခံရ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟒》 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မက္ကဆန် (Makkasan) Airport Rail Link ဘူတာအနီးတွင် ဂျပန်နိုင်ငံသား ခရီးသွားတစ်ဦးအား တိုက်ခိုက်ကာ ငွေကြေးလုယူခဲ့သည်ဟု သံသယရှိသည့် အသက်မပြည့်သေးသော လူငယ် ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် ညပိုင်းက အသက် ၄၃ နှစ်အရွယ် ဂျပန်ခရီးသွားတစ်ဦးသည် Makkasan Airport Rail Link ဘူတာသို့ သွားရောက်ရန် လမ်းရှာဖွေနေစဉ် လမ်းမှားကာ Asok-Din Daeng လမ်းကြားရှိ အများပြည်သူပိုင် ဥယျာဉ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် ၇ ဦးက ခရီးသွားထံ ချဉ်းကပ်ကာ ငွေတောင်းခဲ့ကြောင်း သိရသည်။ ခရီးသွားက ငြင်းဆန်ခဲ့ပြီးနောက် လူငယ်များက လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ရိုက်နှက်ခြင်းများ ပြုလုပ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက် Audio mhtnews
MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)သံတမန်နေအိမ်မှဖယ်ပေးဖို့ငြင်းဆန်တဲ့အင်္ဂလန်သံအမတ်ပြုတ်ဦးကျော်စွာလင်းလမ်းအမှု့၊ (၂)ဂျပန်-ရုရှားနယ်မြေပိုင်ဆိုင်မှု့အငြင်းပွါးမှု့ကိုသုံးသပ်ခြင်း၊ (၃)မြန်မာမှာနိူင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့မှတ်ချက်ပေးတဲ့အမေရိကန်သံအမတ်၊ mhtnews
■ တာချီလိတ်လေဆိပ် တွင် PSMS စနစ်ဖြင့် စစ်ဆေးရာ လောင်းကစားအမှု မှ တရားခံပြေး တစ်ဦး ဖမ်းဆီးရမိ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်လေဆိပ် တွင် PSMS စနစ်ဖြင့် စစ်ဆေးရာ တရားခံပြေး တစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ ဩဂုတ် ၁၂ ရက် ညနေပိုင်း ၄ နာရီခွဲ တွင် တာချီလိတ်လေဆိပ် မှ ဟဲဟိုးလေဆိပ်ကို ထွက်ခွာမည့် ခရီးသည်များကို PSMS စနစ်အသုံးပြုပြီး စစ်ဆေးနေချိန်တွင် အေးငြိမ်းစံ (ခ) အိမ့်ကို အား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကို လောင်းကစားအမှု မှ တရားခံပြေးအဖြစ် သတ်မှတ်ထားသူတစ်ဦး ဖြစ်ကာ PSMS စနစ်နဲ့ စစ်ဆေးရာကနေ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကာ၊ တာချီလိတ်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ မှ တဆင့် ဟောင်လိတ်နယ်မြေရဲစခန်း ထံ ဩဂုတ်လ ၁၂ ရက် ညနေ ၅ နာရီ ၂၅ မိနစ် အချိန်တွင် ခေါ်ဆောင်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ဆေးချက်များ အရ အေးငြိမ်းစံ (ခ) အိမ့်ကို သည် တာချီလိတ်မြိုမရဲစခန်းတွင် ၂၀၂၄ ခုနှစ် တွင် လောင်းကစားဥပဒေပုဒ်မ ၁၈(က) အမှုမှ တရားခံပြေးအဖြစ် သတ်မှတ်ထားသူဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားခံပြေး အမျိုးသမီး ကို ဖွင့်ထားသော ပုဒ်မအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ #PSMS #တာချီလိတ်လေဆိပ် #လောင်းကစားအမှု
без подписи
без подписи
■ အမေရိကန်တွင် တရားဝင်နေထိုင်ခွင့်ရစေရန် အတုအယောင်လက်ထပ်မှုများ စီစဉ်ပေးသူ ၁၁ ဦးကို တရားစွဲ အမေရိကန်တွင် ပြည်ပနိုင်ငံသားများ ၊ အထူးသဖြင့် တရုတ်နိုင်ငံသားများ တရားဝင်နေထိုင်ခွင့်ရရှိစေရန် ဆယ်စုနှစ်တစ်ခုကြာ အတုအယောင် ထိမ်းမြားလက်ထပ်မှုပေါင်း ၁,၀၀၀ ခန့် စီစဉ်ပေးခဲ့မှုဖြင့် လူ ၁၁ ဦးကို အမေရိကန်တရားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် တရားစွဲဆိုလိုက်သည်။ အဆိုပါစွဲချက်အရ ပြည်ပနိုင်ငံသားများသည် အမေရိကန်နိုင်ငံသားများနှင့် ဟန်ဆောင်လက်ထပ်ကာ တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် ပွဲစားခြောက်ဦးပါသည့်အဖွဲ့ထံ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ သီးခြားစီပေးဆောင်ခဲ့ရသည်ဟု သိရသည်။ ထို့ပြင် ယင်းသို့လက်ထပ်ရန် သဘောတူသည့် အမေရိကန်နိုင်ငံသားများကိုလည်း တစ်ဦးလျှင် ဒေါ်လာ ၃၀,၀၀၀ အထိ ပေးရသည်ဟု စွဲချက်တွင်ဖော်ပြထားသည်။ နိုင်ငံခြားသားများ တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရရှိစေရန် အတုအယောင် ဇနီးမောင်နှံများ၏ လျှောက်လွှာများကို အမေရိကန် အမိမြေလုံခြုံရေးဌာနထံ တင်ပြရာတွင် ထိုပွဲစားများက ကူညီပေးကြသည်။ Birth Tourism ဟုခေါ်သည့် နိုင်ငံသားဖြစ်ခွင့်ရရှိရန် ရည်ရွယ်ချက်သက်သက်ဖြင့် အမေရိကန်သို့ လာရောက်ကလေးမွေးဖွားမှုများကို တားဆီးမည့်အမိန့်ကို ဩဂုတ် ၆ ရက်တွင် ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးလိုက်ပြီးနောက် ယခုအရေးယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အမိန့်သစ်တွင် မိခင်ဖြစ်သူ အမေရိကန်တွင် ကလေးမွေးဖွားနိုင်ရန် စီးပွားရေးအရ စီစဉ်ပေးသည့် ကိစ္စရပ်များအပြင် အကြမ်းဖက်အဖွဲ့ဝင်များ၏ ကလေးများနှင့် ပြည်ပအစိုးရဝန်ထမ်းများ၏ ကလေးများအပါအဝင် အချို့သောကလေးများကို နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများ ထုတ်ပေးခြင်းမှလည်း ကန့်သတ်မည်ဖြစ်သည်။ Ref: Reuters Photo: Department of Justice (.gov) #အတုအယောင်လက်ထပ်မှုများ #US