tgindex
T

The Sports Arena

Статистика
@TheSportsArenaMyanmar11английский

Sports Articles & Discussions

Последний пост
30 июл.
Последнее чтение
ещё не заходили
Постов за неделю
0
Всего постов
667
Тип
открытый
Язык
английский
В каталоге с
13 авг.
Подписчики
2 004
−6 за 5 дн.
Сутки
−2
−0,10%
Неделя
 
Месяц
 
Просмотров на пост
403
40 постов
Вовлечённость
20,1%
к подписчикам
Постов в день
0,0
всего 667
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
284
1/48двое суток
325
1/72трое суток
351

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • နယူးကာဆယ်နဲ့ အက်ီဒဟောင်း လမ်းခွဲခဲ့ပြီလို့ ဆိုပါတယ်... ဒါက နည်းနည်းတော့ အံ့အားသင့်စရာပါပဲ။ အနည်းဆုံး လာမယ့်တစ်ရာသီလောက် အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ရည်ရွယ်ထားရာကနေ အက်ဒီဟောင်း ရုတ်တရက် စိတ်ကူးပြောင်းသွားတာဖြစ်ပါတယ်။ ဒါက လတ်တလော သိပ်အားရစရာမကောင်းတဲ့ နယူးကာဆယ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့လည်း တစ်စုံတစ်ရာ ပတ်သက်ကောင်းပတ်သက်နိုင်ပါတယ်.... ပြီးခဲ့တဲ့၂နှစ်၃နှစ်လောက်အတွင်း နယူးကာဆယ်ရဲ့ အပြောင်းအရွှေ့တွေဟာ လိုအပ်ချက်တွေ အတော်များများ ရှိနေခဲ့တာလည်း အမှန်ပါပဲ။ ၂၀၂၄-၂၅မှာ အယ်လီယော့အန်ဒါဆန်နဲ့ မင်တေတို့လို ခြေစွမ်းထက်လူငယ်လေးတွေကို ဆုံးရှူံးခဲ့ရတယ်။ လူးဝစ်ဟောလ်တစ်ယောက်လောက်ပဲ ပြန်ခေါ်နိုင်ခဲ့တယ်... မနှစ်ကအပြောင်းအရွှေ့မှာလည်း အီဆာ့ကို လက်လွှတ်ခဲ့ရပြန်တယ်။ စံချိန်တင်ပြောင်းရွှေ့ကြေးရခဲ့ပေမယ့် ဒီအပြောင်းအရွှေ့က နည်းနည်းအရုပ်ဆိုးသွားတာ၊ နှစ်ဖက်တင်းမာခဲ့တာတွေလည်း ရှိခဲ့ပါတယ်... အီဆာ့အတွက် ရလာတဲ့ပြောင်းရွှေ့ကြေးကို ဗိုလ်တီမာဒါနဲ့ ဝစ်ဆာအတွက် ပြန်သုံးခဲ့တာလည်း ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရပါမယ်... ဒီအပြောင်းအရွှေ့မှာဆိုလည်း ဘာဇူမာနာတိုရေးနဲ့ အလက်ဂျီဘန်ဘာတို့လို ကစားသမားကောင်းတချို့ ခေါ်ယူထားနိုင်ပေမယ့် တိုနယ်လီနဲ့ အန်သိုနီဂေါ်ဒွန်ကို ဆုံးရှူံးထားရတယ်။ ဘရူနိုဂီမားရက်စ်လည်း အသင်းပြောင်းဖို့ များနေတယ်လို့ သိရပါတယ်... ကစားသမားကောင်းတွေကို ဆက်တိုက် လက်လွှတ်ဆုံးရှူံးလာရတာ၊ ပြန်လည်အစားထိုးခေါ်ယူလိုက်တဲ့ ကစားသမားတွေကလည်း ထင်သလောက်အလုပ်မဖြစ်သေးတာက ဒီဖက်နှစ်တွေမှာ နယူးကာဆယ် ရင်ဆိုင်နေရတဲ့ အဓိကပြဿနာပါပဲ။ သူတို့ရဲ့ အပြောင်းအရွှေ့နည်းဗျူဟာက လိုအပ်ချက်တွေ အတော်များများရှိနေတဲ့သဘောလည်း ဖြစ်ပါတယ်... ဒါကို အက်ဒီဟောင်းအနေနဲ့ ဆက်ပြီးစိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့တာကြောင့် အခုလို အသင်းနဲ့ ရုတ်တရက်လမ်းခွဲခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... ကျနော်တို့လို အပြင်လူတွေအတွက် ဒီသတင်းက နည်းနည်းရုတ်တရက်ဆန်ပြီး အံ့သြစရာဖြစ်နိုင်ပေမယ့် နယူးကာဆယ်တာဝန်ရှိသူတွေကတော့ ဒါကို မျှော်လင့်ထားပြီးသားဖြစ်ပုံရပါတယ်... နည်းပြသစ်အဖြစ် မတ်တီးယပ်စ်ရိုက်စ်လာနဲ့ ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ထိ ရောက်နေပြီလို့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာလို့ပါပဲ... အခုမှ အသက်၃၈နှစ်ပဲရှိသေးတဲ့ လူငယ်နည်းပြရိုက်စ်လာဟာ Red Bullကျောင်းဆင်း နည်းပြတစ်ဦးဖြစ်ပြီး ၂၀၂၁ကနေ ၂၃ထိ ရက်ဒ်ဘူးလ်ဆဲဘတ်ကို ကိုင်တွယ်ခဲ့ဖူးတယ်။ ၂၀၂၃ကနေ လက်ရှိအချိန်ထိ ဆော်ဒီပရိုလိဂ်ကလပ်အယ်အာလီကို ကိုင်တွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အယ်အာလီကို ၂နှစ်ဆက်တိုက် အာရှချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ပါပဲ... ဘာပဲဖြစ်ဖြစ် အခုလို အက်ဒီဟောင်း ရုတ်တရက်ထွက်ခွာသွားတာဟာ နယူးကာဆယ်အတွက်ရော၊ ပရီးမီးယားလိဂ်အတွက်ရော ဆုံးရှူံးမှုတစ်ရပ်ပါပဲ။ ၂၀၂၁ နိုဝင်ဘာ၊ အက်ဒီဟောင်း စရောက်လာချိန်မှာ နယူးကာဆယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁၉နေရာကို ရောက်နေခဲ့တယ်... ဒါကို အက်ဒီဟောင်းက ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး ၂၀၂၁-၂၂ဘောလုံးရာသီမှာ အဆင့်၁၁နဲ့ ရာသီသိမ်းစေခဲ့တယ်။ နောက်တစ်ရာသီမှာ ပရီးမီးယားလိဂ်အဆင့်၄ရခဲ့သလို ကာရာဘောင်ဖလားမှာလည်း ဖိုင်နယ်ထိ တက်နိုင်ခဲ့ပါတယ်... ၂၀၂၃-၂၄မှာ ပရီးမီးယားလိဂ်အဆင့်၇၊ ၂၀၂၄-၂၅မှာ အဆင့်၅နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို ကာရာဘောင်ဖလားမှာလည်း ချန်ပီယံဖြစ်နိုင်ခဲ့တယ်။ ဒါဟာ နယူးကာဆယ်အတွက် နှစ်ပေါင်း၇၀လောက်အတွင်း ပထမဆုံးသော ဆုဖလားအောင်မြင်မှုလည်း ဖြစ်လာခဲ့ပါတယ်... ပြီးခဲ့တဲ့ရာသီမှာတော့ သူတို့နည်းနည်းနောက်ပြန်ဆုတ်သွားတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်၁၂နဲ့ ရာသီသိမ်းခဲ့ရပါတယ်... ဒါပေမယ့် နယူးကာဆယ်နည်းပြဘဝတစ်လျှောက်လုံးအနေနဲ့ဆိုရင် အက်ဒီဟောင်းလုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်။ အခုလို ရုတ်တရက်လမ်းခွဲကြဖို့ ဖြစ်လာတာကတော့ နှမျောစရာပါပဲ... #TheSportsArena #Opinion #EPL

  • без подписи

  • လီဗာပူး 1-0 ဝရက်ဇ်ဟမ်း ပွဲပြီးအတွေးများ... ခြေစမ်းပွဲကာလမှာ နည်းနည်းခြေစွာနေပြီး မန်ယူနိုက်တက်နဲ့ လိဒ်စ်ကို ဆက်တိုက်အနိုင်ကစားထားတဲ့ ဝရက်ဇ်ဟမ်းကို လီဗာပူးက ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ကစားသမားအင်အား နည်းပါးနေမှုကို ထင်ရှားစေခဲ့တဲ့ နောက်ထပ်ပွဲစဥ်တစ်ပွဲဖြစ်လာတယ်။ နည်းပြအိုင်ရာရိုလာဟာ ပွဲထွက်လူစာရင်းကို အလုပ်ဖြစ်အောင် မနည်းကြိုးစားစီမံထားရတဲ့သဘောလည်း ရှိခဲ့ပါတယ်... ဂရာဗန်ဘာ့ဂျ်၊ ဖလော်ရီယန်ဗတ်ဇ်နဲ့ အီဆာ့တို့ အားလပ်ရက်ကာလပြီးဆုံးပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းလာပြီဖြစ်ပေမယ့် ဒီပွဲမှာ ချက်ချင်းဝင်ကစားဖို့ထိတော့ သိပ်အဆင်မပြေသေးဘူးဖြစ်နေတယ်။ ရှေ့လာမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာတော့ သူတို့တွေ ပွဲကစားချိန်အနည်းနဲ့အများ ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်... ဒီတစ်ပွဲစာအနေနဲ့တော့ အိုင်ရာရိုလာဟာ ဒဏ်ရာပြဿနာတွေများနေတဲ့ ဗဟိုခံစစ်မှာ Fullbackလုခ်ချန်ဘာစ်ကို လူငယ်လေးအန်ဒူကွီနဲ့ တွဲပေးခဲ့ရတယ်။ ကွင်းလယ်pivotအတွဲအဖြစ် ဆိုဘော့ဇ်လိုင်နဲ့ ညိုနီ ပွဲထွက်လာခဲ့ပြီး ဟာဗေးကတော့ No.10 roleပါပဲ... တိုက်စစ်မှာတော့ ဂျိုရှူအာအဘီ၊ လူးဝစ်ကူးမတ်စ်တို့နဲ့အတူ Left-backကစားနေကျ လူငယ်လေး ကာလမ်စကန်လွန်တို့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်... အိုင်ရာရိုလာရဲ့ အသင်းတစ်သင်းပီသစွာပဲ vertical passတွေ များများသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက်တိုက်စစ်ဆင်ကစားဖို့ ကြိုးစားနေတဲ့ လီဗာပူးကို ကျနော်တို့တွေ့မြင်ခဲ့ရတယ်။ ပွဲအစ၃မိနစ်အတွင်းမှာပဲ ခံစစ်ဇုန်ထဲကနေ ဆိုဘော့ဇ်လိုင်တင်ပေးလိုက်တဲ့ဘောလုံးကနေတဆင့် ဟာဗေးက ဂျိူရှူအာအဘီအတွက် အခွင့်အရေးကောင်းတစ်ကြိမ် ဖန်တီးပေးသွားခဲ့ပါတယ်... လီဗာပူးရဲ့ အသင်းလိုက်ကစားပုံက အကောင်းဆုံးအနေအထားတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အိုင်ရာရိုလာ တည်ဆောက်ချင်တဲ့ ပုံစံတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။ ကိုယ်ကဘောလုံးကိုင်ကစားခွင့်ရချိန်တွေမှာ ဝေ့နေတာမျိုး သိပ်မရှိဘဲ မြန်မြန်ဆန်ဆန်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တယ်။ ဘောလုံးပျက်သွားပြီဆိုရင်လည်း လုပ်အားနှုန်းကောင်းကောင်း၊ ကြိုးကြိုးစားစားနဲ့ ဘောလုံးပြန်လိုက်ဆယ်ခဲ့ပါတယ်.... ဒါပေမယ့် နှစ်သင်းစလုံးပဲ အပိုင်အခွင့်အရေးတွေ သိပ်များများစားစား မဖန်တီးနိုင်ခဲ့ကြတာကြောင့် ပွဲကနည်းနည်းအေးသွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် လီဗာပူးဖက်က ပြောရရင် ဆိုဘော့ဇ်လိုင်-ညိုနီ pivotအတွဲ အတော်အလုပ်ဖြစ်ခဲ့သလို ခံစစ်မှာလည်း လူငယ်လေးအန်ဒူကွေရဲ့ခြေစွမ်းက သဘောကျစရာပါပဲ။ နေရာယူမှန်မှန်၊ ပါးပါးနပ်နပ်နဲ့ ခံစစ်ကြောင်းကို ကာကွယ်သွားနိုင်တာ တွေ့ရပါတယ်... ဒုတိယပိုင်းအစမှာတော့ အိုင်ရာရိုလာက ကစားသမား၄ယောက် လူလဲကစားခဲ့တယ်။ ကာကက်ဇ်၊ ညိုနီ၊ စကန်လွန်နဲ့ အဘီတို့နေရာမှာ ဆီမီကတ်စ်၊ ကာတစ်ဂျုံးစ်၊ မော်ရစ်ဆင်နဲ့ နူမိုဟာ ဝင်ကစားလာတာဖြစ်ပါတယ်... ပုံမှန်အားဖြင့် ဘယ်ခြမ်းမှာ ကစားနေကျ နူမိုဟာ ညာခြမ်းမှာ ကစားလာတာကလည်း ထူးခြားချက်ပါပဲ။ လီဗာပူးဟာ ဘာကိုလာကိုခေါ်ယူဖို့ အထူးတလည်ကြိုးပမ်းမှုတွေ ရှိနေတာကြောင့် ဘာကိုလာသာရောက်လာရင် နူမိုဟာ ညာခြမ်းပြောင်းကစားကောင်း ကစားရနိင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်... ဒီပွဲမှာတော့ နူမိုဟာ လူစားဝင်လာခဲ့ပြီးနောက် လီဗာပူးတိုက်စစ်ကို သူအဓိကဦးဆောင်ကစားခဲ့တယ်။ ညာခြမ်းကနေ အလယ်ထဲဆွဲဝင်ပြီး ဝရက်ဇ်ဟမ်းခံစစ်ကို ခြိမ်းခြောက်နိုင်ဖို့ သူအကြိမ်ကြိမ် ကြိုးစားသွားပါတယ်... ဒုတိယပိုင်းမှာ လီဗာပူးတိုက်စစ် ပိုသွက်လာခဲ့ပြီး ဆိုဘော့ဇ်လိုင်နဲ့ ဟာဗေးတို့ရဲ့ အားထုတ်မှုတွေကို ဝရက်ဇ်ဟမ်းဂိုးသမား ကာကွယ်ခဲ့ရတယ်။ ဝရက်ဇ်ဟမ်းဖက်ကလည်း အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်လာခဲ့ပေမယ့် မာမာဒါရှက်ဗ်လီ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ပါတယ်... မိနစ်၆၀ကျော်မှာတော့ နှစ်ဖက်စလုံးက အတော်များများ လူလဲကစားခဲ့ကြတယ်။ လီဗာပူးဖက်က ဖရင်ပေါင်၊ မတ်ကွန်နယ်လ်နဲ့ ဝီလ်ရိုက်တို့ ဝင်ကစားလာပြီး ဆိုဘော့ဇ်လိုင် No.10 roleကို ပြန်တက်ကစားခဲ့ပါတယ်... ပွဲချိန်၇၅မိနစ်မှာတော့ လီဗာပူးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နူမိုဟာကပဲ သွင်းပေးခဲ့တယ်။ အဲ့ဒီနောက်မှာလည်း အနိုင်ဂိုးတွေ ထပ်ရဖို့ လီဗာပူးကစားသမားတွေ ကြိုးကြိုးစားစား ကစားသွားခဲ့ကြပေမယ့် ဂိုးတော့ ထပ်မရနိုင်ခဲ့ပါဘူး... ဘာပဲဖြစ်ဖြစ် အိုင်ရာရိုလာ တည်ဆောက်ချင်(နေတယ်လို့ ယူဆရ)တဲ့ အသင်းလိုက်ကစားဟန်မျိုးကို အရိပ်အမြွက်လောက်ပဲဖြစ်ဖြစ် ကျနော်တို့ မြင်နေရတယ်။ ထို့အတူပဲ လက်ရှိလီဗာပူးလူစာရင်းဟာ အတော်လေးအင်အားနည်းနေသေးတယ်၊ နေရာအလိုက် အင်အားဖြည့်တင်းမှုတွေ လိုအပ်နေသေးတယ်ဆိုတာကိုလည်း ထင်ရှားစေခဲ့ပါတယ်... ဒီပွဲရဲ့ man of the matchအနေနဲ့တော့ ဆိုဘော့ဇ်လိုင်ကို ကျနော်ရွေးပါတယ်... #TheSportsArena #Brief #Liverpool #EPL

  • без подписи

  • ပရီးမီးယားလိဂ်အသင်းလတ်/အသင်းငယ်တစ်သင်းစီကို အငှါးပြောင်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် အဲ့ဒီမှာပါ အရန်ခုံထပ်ထိုင်နေရတာမျိုး မဖြစ်ဖို့လည်း ဂရုစိုက်ရပါမယ်။ ကျနော့်သဘောဆိုရင်တော့ လာမယ့်ရာသီ တန်းတက်ခွင့်မျှော်လင့်နိုင်တဲ့ ချန်ပီယံရှစ်အသင်းကောင်းတစ်သင်းသင်းက အက်ချင်ပေါင်နဲ့ အသင့်တော်ဆုံးပါပဲ။ ဥပမာ- ဝက်စ်ဟမ်း၊ ဘန်လေ၊ ဝုဗ်၊ ဆောက်သမ်တန်နဲ့ ဝရက်ဇ်ဟမ်းတို့လို အသင်းမျိုးတွေ ဖြစ်ပါတယ်... အက်ချင်ပေါင်က တကယ်အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒီလိုကစားသမားတစ်ယောက်ကို ချယ်လ်ဆီးက တန်ဖိုးထားတာလည်း သဘာဝကျပါတယ်။ ဒါပေမယ့် အသက်၂၁နှစ်အရွယ်လောက်ထိ ပုံမှန်ပွဲကစားခွင့်မရသေးဘူး၊ ပွဲအတွေ့အကြုံများများစားစား မရှိသေးဘူးဆိုရင်တော့ ဒါဟာ အက်ချင်ပေါင်အတွက်ရော၊ ချယ်လ်ဆီးအတွက်ရော သိပ်ပြီးကောင်းကျိုးမရှိနိုင်ပါဘူး... လာမယ့် ၂၀၂၆-၂၇ဘောလုံးရာသီအတွက်တော့ သင့်တော်တဲ့အသင်းတစ်သင်းဆီ အငှါးထွက်ကစားတာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ပဲ ကျနော်သဘောရပါတယ်။ ညီကိုတို့ရဲ့ အမြင်လေးတွေလည်း ပြောခဲ့ကြပါဦး... #TheSportsArena #Opinion #Chelsea #EPL

  • အက်ချင်ပေါင် အငှါးထွက်သင့်ပြီလား... လက်ရှိချယ်လ်ဆီးမှာ အသင်းဖက်က ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဖို့မရှိတဲ့ untouchable player ၈ဦးတိတိရှိတယ်လို့ ကျနော်နားလည်ထားပါတယ်။ ကိုးလ်ပါးမား၊ ရီစီဂျိမ်းစ်၊ ယာအိုပတ်ဒရို၊ အက်စ်တီဗာအို၊ ကိုင်စီဒို၊ လာဗီယာ၊ ဟာတိုနဲ့ အက်ချင်ပေါင်ပါပဲ... အသင်းကြီးတစ်သင်းက ကိုယ့်ကို untouchable playerအဖြစ် သတ်မှတ်ထားတယ်ဆိုတာ ဂုဏ်ယူစရာကောင်းပါတယ်။ အထူးသဖြင့် ဒီဖက်နှစ်တွေမှာ ချယ်လ်ဆီးဟာ သူတို့ကစားသမားအများစုအတွက် မှန်ကန်သင့်တော်တဲ့ ပြောင်းရွှေ့ကြေးမျိုးသာရမယ်ဆိုရင် လက်လွှတ်ဖို့ အသင့်ရှိနေတတ်တာဆိုတော့ ဒီလိုအသင်းမျိုးက untouchable playerအဖြစ် သတ်မှတ်ထားတယ်ဆိုတာ အက်ချင်ပေါင်အတွက် ပိုလို့ဂုဏ်ယူစရာပါပဲ... လူငယ်ကစားသမားတစ်ယောက်အနေနဲ့ တကယ်သဘောကျလောက်စရာ အရည်အသွေးတွေလည်း သူ့မှာ တကယ်ရှိပါတယ်။ CBအနေနဲ့ရော၊ RBအနေနဲ့ရော အံဝင်ခွင်ကျကစားနိုင်တယ်။ ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ သူကအရမ်းမြန်တယ်။ recovery paceကောင်းသလို 1v1 duelတွေမှာလည်း အတော်အတန်စိတ်ချရတယ်။ သက်တောင့်သက်သာ ဘောလုံးကိုင်ကစားနိုင်သလို ဘောလုံးဖြန့်ဝေမှုလည်းကောင်းတဲ့ ball-playing CBတစ်ယောက်ပါပဲ။ လိုအပ်လာရင် ကွင်းလယ်နဲ့တိုက်စစ်ကိုလည်း အကောင်းဆုံးကူညီပေးနိုင်စွမ်း ရှိနေပါတယ်... အနာဂတ်အလားအလာကောင်းတွေ အတော်များများ ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ဆိုလည်း မမှားပါဘူး... ဒါပေမယ့် ပြဿနာတစ်ခုရှိလာတာက အက်ချင်ပေါင်ဟာ အခုဆို အသက်၂၀အရွယ် ဖြစ်လာတာပါပဲ။ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်လာတဲ့ အသက်အရွယ်မျိုးဖြစ်တယ်။ ဒါပေမယ့် လာမယ့်ရာသီချယ်လ်ဆီးမှာတော့ သူ့အတွက် ပုံမှန်ပွဲထွက်ခွင့်တစ်နေရာက သိပ်မသေချာသေးပါဘူး။ အလွန်ဆိုဟာ သူ့လက်ထက်ချယ်လ်ဆီးကို Three-backအခင်းအကျင်းနဲ့ တည်မလား၊ Four-backဖြစ်မလား မသေချာသေးပေမယ့် ဘယ်လိုကစားကွက်အခင်းအကျင်းမျိုးမှာပဲဖြစ်ဖြစ် အက်ချင်ပေါင်ကစားနိုင်တဲ့ CBနဲ့ RBနေရာတွေအတွက် သူ့ထက်ပိုဦးစားပေးရမယ့် ကစားသမားတွေ ချယ်လ်ဆီးမှာ အတော်အသင့်ရှိနေပါတယ်.... CBနေရာအတွက် လီဗီကိုဝဲ၊ လာခရိုက်စ်နဲ့ ဖိုဖာနာ ရှိနေသေးတယ်။ Three-backအခင်းအကျင်းအတွက် စဥ်းစားမယ်ဆိုရင် ရီစီဂျိမ်းစ်က RCB၊ ဟာတိုက LCBနေရာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်... Right-back, right wing-backနေရာတွေအတွက်လည်း ကစားသမားသစ်ပါလက်စ်ထရာရှိနေတယ်။ ဂတ်စ်တိုအသင်းပြောင်းဖြစ်မယ်ဆိုရင်တောင် ရီစီဂျိမ်းစ်လည်း ဒီpositionတွေမှာ ကစားကောင်းကစားဖြစ်ပါဦးမယ်... ဒါကြောင့် လာမယ့်ရာသီအလွန်ဆိုရဲ့ ပထမဦးစားပေးအခင်းအကျင်းမှာ အက်ချင်ပေါင်ပါဝင်ခွင့်ရဖို့ဆိုတာက ဖြစ်နိုင်ချေနည်းလွန်းပါတယ်။ squad playerအနေနဲ့ ပါဝင်ရဖို့ ပိုများနေတဲ့ အနေအထားပါပဲ... လာမယ့်ရာသီမှာ ချယ်လ်ဆီးဟာ ဘာဥရောပပြိုင်ပွဲမှ ကစားရဖို့ မရှိတာကြောင့်လည်း နည်းပြအလွန်ဆိုအနေနဲ့ သူ့ရဲ့လူစာရင်းကို rotateလုပ်ဖို့၊ squad playerတွေကို ပွဲကစားခွင့်များများပေးနိုင်ဖို့ အခွင့်အရေး သိပ်မရှိပါဘူး.... လိုတိုရှင်းပြောရရင် လာမယ့်ရာသီမှာလည်း (လူစာရင်းတစ်ခုလုံး ဒဏ်ရာပြဿနာနည်းပါးပြီး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင်) အက်ချင်ပေါင်အတွက် ပွဲကစားချိန်မိနစ် အတော်နည်းပါးနေဦးမယ့် အနေအထားပါပဲ... အသက်၂၀ကျော်လာပြီဖြစ်တဲ့၊ လာမယ့်ရာသီမှာ ၂၁နှစ်ပြည့်မယ့် လူငယ်လေးတစ်ယောက်အနေနဲ့ လက်ရှိအချိန်ထိ ပွဲကစားချိန်မိနစ်များများစားစား မရသေးဘူးဆိုရင် အက်ချင်ပေါင်ရဲ့ တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်တာလည်း သတိပြုရပါမယ်... ဒါဆို အက်ချင်ပေါင် အငှါးထွက်ကစားသင့်ပြီလား... ကျနော်ပြောနေကျအတိုင်းပဲ ကိစ္စတိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာရှိပါတယ်။ အငှါးထွက်ကစားမယ်၊ အသင်းရွေးချယ်မှုလည်း မှန်ကန်မယ်ဆိုရင် သူ့အတွက် ပွဲကစားချိန်မိနစ် အလုံအလောက်ရလာမယ်၊ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လာမယ်၊ ပိုမိုရင့်ကျက်သော ကစားသမားတစ်ယောက်အဖြစ် ချယ်လ်ဆီးကို ပြန်လာနိုင်ပါလိမ့်မယ်... အငှါးမထွက်ဘဲ ချယ်လ်ဆီးမှာပဲ ထရိန်နင်ဆင်းရင်း၊ ကြိုကြားကြိုကြား ဝင်ကစားရင်း အလွန်ဆိုလို နည်းပြမျိုး၊ ရီစီဂျိမ်းစ်လို အသင်းခေါင်း‌ဆောင်မျိုးဆီကနေ အနီးကပ်ကြိုးစားသင်ယူနေမယ်ဆိုရင်လည်း အားသာချက်ရှိတာပါပဲ... ဘယ်လမ်းကိုရွေးမလဲဆိုတာကတော့ ကာယကံရှင်အက်ချင်ပေါင်နဲ့ ချယ်လ်ဆီးတာဝန်ရှိသူတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်... ကျနော့်သဘောဆိုရင်တော့ အက်ချင်ပေါင်ကို အငှါးထွက်ကစားစေချင်ပါတယ်။ အလွန်ဆိုနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရတာ သိပ်မကြာသေးပေမယ့် ချယ်လ်ဆီးမှာ သူဖြတ်သန်းခဲ့ရတဲ့ ပိုချက်တီနိုတို့၊ မာရက်စ်ကာတို့ဆိုတာလည်း တစ်မျိုးတစ်ဘာသာစီထူးချွန်တဲ့ နည်းပြကောင်းတွေပဲလို့ ကျနော်ယုံကြည်ပါတယ်။ ပြောချင်တာက အက်ချင်ပေါင်ဟာ ချယ်လ်ဆီးနဲ့အတူ ထိုက်သင့်သလောက် အနီးကပ်သင်ယူခဲ့ပြီးပါပြီ။ အခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက ပွဲအတွေ့အကြုံပါပဲ... ဒါကို လာမယ့်ရာသီ ချယ်လ်ဆီးမှာ မရသေးဖို့များနေတာဆိုတော့ ရနိုင်မယ့်အသင်းဆီ အငှါးထွက်ကစားတာ ပိုကောင်းပါတယ်။ အသင်းရွေးချယ်မှု မှန်ကန်ဖို့တော့ လိုအပ်ပါလိမ့်မယ်...

  • без подписи

  • ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နှစ်‌ပေါင်းများစွာ အကြိတ်အနယ်ယှဥ်ပြိုင်ကြရင်း ကျနော်နဲ့အာဆင်းကြားမှာ ပွတ်တိုက်မှုတွေလည်း အတော်များများရှိခဲ့တယ်။ ကွင်းထဲမှာ ကစားကွက်ချင်း၊ နည်းဗျူဟာချင်း အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ရသလို မီဒီယာစာမျက်နှာတွေထက်မှာလည်း အပြန်အလှန် စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ရပါတယ်... ၂၀၀၀ပြည့်လွန်နှစ်ကာလများမှာတော့ “ဘောလုံးဟာ ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမယ့် အရေးအကြီးဆုံးတော့ မဟုတ်ဘူး”လို့ ကျနော်ပိုပြီးယုံကြည်လာတယ်။ ပွဲတစ်ပွဲရဲ့ အနိုင်အရှူံးဟာ ဘယ်လိုပဲရှိရှိ၊ ပွဲသိမ်းခရာမှုတ်ချိန်မှာ ကျနော်တို့နည်းပြတွေဟာ လုပ်ငန်းတူမိတ်ဆွေများအနေနဲ့ ဝိုင်လေးတစ်ခွက်နှစ်ခွက်သောက်ရင်း ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုသင့်တာပဲလို့ ကျနော်တွေးမိလာတယ်။ ဒါကြောင့် အိုးထရက်ဖို့ဒ်ကိုရောက်လာတဲ့ ပြိုင်ဖက်အသင်းရဲ့ နည်းပြတိုင်းကို ပွဲသိမ်းခရာမှုတ်ချိန်မှာ ကျနော့်ရုံးခန်းထဲဖိတ်ခေါ်ပြီး ဝိုင်တစ်ပုလင်းနဲ့ တည်ခင်းဧည့်ခံတဲ့ အစဥ်အလာတစ်ရပ်ကို ကျနော်စတင်ဖို့ ကြိုးစားခဲ့တယ်... အဲ့ဒါက အတော်လေးအောင်မြင်ခဲ့တယ်ထင်ပါတယ်။ အပြန်အလှန်သဘောအနေနဲ့ ကျနော်တို့ရဲ့ အဝေးကွင်းပွဲစဥ်များမှာလည်း ပြိုင်ဖက်နည်းပြတွေက ကျနော့်ကို သူတို့ရုံးခန်းထဲ ဖိတ်ခေါ်ကြ၊ ဝိုင်တစ်ပုလင်းနဲ့ ပြန်လည်ဧည့်ခံကြတာပေါ့လေ... ပွဲအပြီးမှာ ကျနော်နဲ့ ဝိုင်အတူသောက်ဖို့ ငြင်းဆန်ခဲ့တဲ့ ပြိုင်ဖက်နည်းပြကတော့ တစ်ယောက်ပဲရှိခဲ့ပါတယ်။ ဟုတ်တယ်၊ ခင်ဗျားတို့ထင်တဲ့တစ်ယောက်ပါပဲ။ အာဆင်းပါပဲ... ယူနိုက်တက်-အာဆင်နယ်ပွဲအပြီးတွေမှာ ကျနော့်ရုံးခန်းထဲကို အာဆင်ဝင်းဂါးတစ်ခါမှ လိုက်မလာခဲ့ဘူး။ လက်ထောက်နည်းပြပတ်ရိုက်စ်ပဲ လာတတ်တယ်... ၂၀၀၄အောက်တိုဘာ၊ အိုးထရက်ဖို့ဒ်ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာတော့ ပတ်ရိုက်စ်ပါ မလာတော့ပါဘူး။ ကျနော်တို့ကြား ဆက်ဆံရေးအတင်းမာဆုံးဖြစ်ခဲ့တဲ့ကာလတွေဆိုပါတော့... အာဆင်နယ်ရဲ့ ၄၉ပွဲဆက် ရှူံးပွဲမရှိစံချိန်ကို ကျနော်တို့ ရပ်တန့်လိုက်နိုင်ခဲ့တယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တချို့အပါအဝင် ဒီပွဲအရှူံးနဲ့ပတ်သက်လို့ အာဆင်းနဲ့ အာဆင်နယ်ကစားသမားတွေ အတော်လေးပေါက်ကွဲခဲ့ကြတယ်။ ကျနော်ကိုယ်တိုင်တောင် ပီဇာနဲ့ ပစ်ပေါက်ခံခဲ့ရပါသေးတယ်... “အဲ့ဒါဖာဘရီဂတ်စ်လုပ်ခဲ့တာပဲ”လို့ နောက်ပိုင်းမှာ ကျနော်ပြန်သိရတယ်။ ဒါပေမယ့် ကျနော်ကတော့ ဘယ်သူဘယ်ဝါရယ်လို့ မမြင်ခဲ့ရပါဘူး။ သေချာတာတစ်ခုက အဲ့ဒီပီဇာဟာ အာဆင်နယ်အဝတ်လဲခန်းဖက်ကနေ လာခဲ့တယ်ဆိုတာပါပဲ... နှစ်ဖက်တင်းမာမှုတွေ ပြန်လည်လျော့ကျသွားခဲ့တာကတော့ ၂၀၀၉ဧပြီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ အိုးထရက်ဖို့ဒ်မှာ ကျနော်တို့ 1-0နဲ့ နိုင်ခဲ့တယ်။ ပွဲအပြီးမှာ ပတ်ရိုက်စ်နဲ့အတူ အာဆင်ဝင်းဂါးကိုယ်တိုင် ကျနော့်ရုံးခန်းထဲ လိုက်လည်ခဲ့တယ်။ ဝိုင်တစ်ခွက်သောက်ပြီး မိနစ်အနည်းငယ်လောက် စကားစမြည်ပြောသွားခဲ့တယ်... နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အကြာ၊ အမ်းမရိတ်စ်မှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဥ်အပြီးမှာတော့ အာဆင်ဝင်းဂါးက ကျနော့်ကို သူ့ရုံးခန်းထဲဖိတ်ခေါ်ပြီး ရှားပါးဝိုင်တစ်ပုလင်းနဲ့ ဧည့်ခံခဲ့တယ်။ အဲ့ဒီကနေစလို့ ကျနော်တို့ကြားက ခါးသီးတဲ့အားပြိုင်မှုတွေ၊ တင်းမာမှုတွေအားလုံး ပြီးဆုံးသွားခဲ့တယ်။ နောက်ဆုံးတော့ ကျနော်တို့နှစ်ယောက်ဟာ မိတ်ဆွေကောင်းတွေ ပြန်ဖြစ်နိုင်ခဲ့ကြပါတယ်... အာဆင်းနဲ့ ကျနော်ဟာ ပရီးမီးယားလိဂ်မှာ ၁၇နှစ်လောက် အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ခုလောက် တကယ့်ခါးသီးပြိုင်ဖက်တွေ ဖြစ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေအနေနဲ့ စတင်သိကျွမ်းခဲ့ကြသလို နောက်ဆုံးတစ်နေ့မှာလည်း မိတ်ဆွေကောင်းတွေ ပြန်ဖြစ်နိုင်ခဲ့ကြတယ်... ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့နည်းပြဘဝတစ်လျှောက်မှာ အာဆင်းဟာ အမှတ်တရဖြစ်စရာအကောင်းဆုံး ပြိုင်ဖက်တစ်ယောက်၊ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့တာတော့ အသေအချာပါပဲ... (ဆာအဲလက်စ်ဖာဂူဆန်) #TheSportsArena #Story #ManUtd #Arsenal #EPL

  • ဆာအဲလက်စ်ပြောတဲ့ အာဆင်ဝင်းဂါးအကြောင်း... မိတ်ဆွေကောင်းတွေအဖြစ် စတင်ခဲ့တယ်။ နောက်တော့ ခါးသီးပြိုင်ဖက်တွေ ဖြစ်သွားတယ်။ နောက်ဆုံးမှာ မိတ်ဆွေကောင်းတွေ ပြန်ဖြစ်လာကြတယ်။ အာဆင်းနဲ့ကျနော့်ကြား ဆက်ဆံရေးကို အတိုချုပ်ပြောရင်တော့ အဲ့ဒါပါပဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒီနှစ်ကာလတွေတစ်လျှောက်လုံးမှာ ကျနော်ဟာ အာဆင်းအပေါ် ကောင်းကောင်းနားလည်ပေးနိုင်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း သူ့လိုဖြစ်ခဲ့ဖူးလို့ပါပဲ... ကျနော်ရော၊ အာဆင်းရော အရှူံးကိုသိပ်ကြောက်ကြတယ်၊ အရှူံးကို လွယ်လွယ်နဲ့ လက်မခံချင်ကြဘူး။ ကျနော်စိန့်မာရင်နည်းပြဘဝမှာတုန်းက ရိတ်ရိုဗာအသင်းကို ရှူံးသွားခဲ့တဲ့ ပွဲစဥ်တစ်ပွဲအပြီးမှာ ပြိုင်ဖက်နည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ဖူးတယ်။ ပြိုင်ဖက်နည်းပြဆိုတာ တခြားသူမဟုတ်ဘူး။ ကစားသမားဘဝတုန်းက ကျနော့်အသင်းဖော်ဟောင်းဖြစ်ခဲ့သလို မိတ်ဆွေကောင်းတစ်ယောက်လည်းဖြစ်တဲ့ ဘာတီပါတန်ပါပဲ။ ဘာတီက ကျနော့်နောက် တောက်လျှောက်လိုက်ပြီး ကျနော့်ကို နှစ်သိမ့်‌ဖျောင်းဖျခဲ့တာ၊ ဒါကို ကျနော်လက်သင့်မခံဘဲ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်မြဲငြင်းဆန်ခဲ့တာတွေကို ဒီနေ့အထိ ကျနော်ကောင်းကောင်းမှတ်မိနေပါသေးတယ်... တချို့သောဘဝသင်ခန်းစာတွေက တန်ဖိုးကြီးကြီးမားမား ပေးရတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အမှားတွေကနေ သင်ယူရတာမို့လို့ပါပဲ။ အဲ့ဒီနေ့က ကျနော်သိပ်မှားသွားခဲ့တယ်။ ပိုမိုရင့်ကျက်လာတဲ့တစ်နေ့မှာတော့ “ဘဝဟာ ဘောလုံးပွဲတစ်ပွဲထက် အများကြီးပိုအရေးကြီးတာပဲ”လို့ ကျနော်သင်ယူနိုင်ခဲ့ပါတယ်.... ကျနော်နဲ့ အာဆင်းကြားက ဆက်ဆံရေးဟာ အစောပိုင်းမှာတော့ အဆင်ပြေပြေပါပဲ။ သူ့လက်ထက် အာဆင်နယ်နဲ့ ကျနော်တို့ယူနိုက်တက်ရဲ့ ပထမဆုံးတွေ့ဆုံမှုက အိုးထရက်ဖို့ဒ်မှာဖြစ်ခဲ့တယ်။ ပွဲအပြီးမှာ သူကျနော့်ရုံးခန်းထဲလိုက်လာပြီး အေးအေးဆေးဆေး စကားစမြည်ပြောဖြစ်ခဲ့ပါတယ်... ပြဿနာကတော့ ကျနော်တို့ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဥ်တစ်ပွဲမှာ သူတို့အာဆင်နယ်ဟာ ကစားပုံအတော်ကောင်းခဲ့ပါလျက်နဲ့ ရှူံးသွားရာကနေ စခဲ့တယ်ထင်တယ်။ အာဆင်းဟာ သူ့အသင်းရဲ့ အားနည်းချက်တစ်ခုကို သူကိုယ်တိုင် ရှာတွေ့ခဲ့ပုံမရဘူး။ တကယ်လည်း သူတို့ဟာ အားနည်းချက်မရှိသလောက်နီးနီး ကောင်းခဲ့တာကိုး... ဒီလိုနဲ့ အာဆင်းဟာ ဒီရလဒ်အတွက် ကျနော်တို့ကို ပြစ်တင်ဝေဖန်လာခဲ့တယ်။ ကျနော်တို့ဟာ ကစားပုံကြမ်းလွန်းတယ်, ကြံ့ခိုင်မှုကို အားပြုလွန်းတယ်လို့ သူဝေဖန်ခဲ့တယ်။ နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်အသင်းကိုပဲ ကိုယ်အကောင်းဆုံး ကြိုးစားတည်ဆောက်လို့ရမယ်၊ ပြိုင်ဖက်တွေက ကိုယ့်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ လိုက်ကန့်သတ်လို့မရနိုင်ဘူးဆိုတာကို သူသဘောမပေါက်ခဲ့တာပဲ။ ဒါမှမဟုတ် သဘောပေါက်ရဲ့သားနဲ့ ကျနော်တို့ကို စိတ်ဓာတ်‌ရေးရာအရ အသာစီးယူနိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ကျနော့်အမြင်ကတော့ အာဆင်းဟာ သူ့ကစားသမားတွေကို ပြိုင်ဖက်က တွန်းတွန်းတိုက်တိုက်နဲ့‌ ဘောလုံးဖျက်ထုတ်တာမျိုးကအစ သိပ်လက်သင့်ခံချင်ပုံမရဘူး။ သူတို့လိုပဲ လှပညက်ညောစွာနဲ့ ကစားကွက်ချင်း ယှဥ်ကစားစေချင်ပုံပါပဲ... ဒါက ကျနော်အာဆင်းကို ပြစ်တင်ဝေဖန်နေတာ မဟုတ်ပါဘူး။ ပြောခဲ့သလိုပဲ ကျနော်ကိုယ်တိုင်လည်း ဒါမျိုးတွေ ကြုံတွေ့ဖြတ်သန်းခဲ့ဖူးပါတယ်။ စိန့်မာရင်နည်းပြဘဝ ပွဲစဥ်တစ်ပွဲမှာ ပြိုင်ဖက်ကစားသမားတစ်ယောက်က ကျနော့်လူတွေကို ခပ်ကြမ်းကြမ်းလိုက်ဖျက်နေတာမျိုး အကြိမ်ကြိမ်မြင်ခဲ့ရတော့ ကိုယ်တိုင်ကွင်းထဲဝင်ကစားပြီး သူနဲ့ရင်ဆိုင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ဖူးတယ်။ လက်ထောက်နည်းပြဒေဗီပရိုဗန်က ကျနော့်ကို အကြိမ်ကြိမ်တားဆီးခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျနော်လူစားဝင်ကစားသမားအနေနဲ့ ကွင်းထဲရောက်လာတယ်။ ၂မိနစ်အတွင်းမှာပဲ အနီကတ်ထိပြီး ပြန်ထွက်လာခဲ့ရပါတယ်... ကျနော့်ရဲ့ နှစ်ပေါင်း၂၀ကျော် ပရီးမီးယားလိဂ်ခရီးစဥ်မှာ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နဲ့ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးတို့ဟာ အခက်ခဲဆုံးပြိုင်ဖက်တွေပါပဲ... မော်ရင်ဟိုနဲ့ ရိုမန်လက်ထက် ချယ်လ်ဆီးက အတွေ့အကြုံရင့်ထိပ်တန်းကစားသမားတွေ ပိုများတော့ ပိုပြီးသတိထားခဲ့ရတယ်။ သူတို့က ပိုပြီး ပရိယာယ်ကြွယ်ဝသလို ပိုပြီးတော့လည်း မာယာများပါတယ်... အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်ကတော့ သန့်ရှင်းစွာ၊ မာယာနည်းပါးစွာ ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တစ်ခုသတိပြုရမှာက ဘောလုံးမှာ ဘာကိုမှ တထစ်ချပြောဆိုသုံးသပ်လို့ မရနိုင်ဘူးဆိုတာပါပဲ... အာဆင်ဝင်းဂါးရဲ့ အစောပိုင်းနှစ်တချို့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဝါအနီအများဆုံးစာရင်းဝင် အသင်းတစ်သင်းဖြစ်ခဲ့ဖူးတယ်။ စတိဗ်ဘိုးလ်နဲ့ တိုနီအဒမ်ဟာ တကယ်ကို ကြမ်းတမ်းမာကြောတဲ့ ဗဟိုခံစစ်အတွဲပါပဲ။ နောက်တော့ ဗီအဲရာရောက်လာတယ်... ခံစစ်က ဝင်းတားဘန်းတို့၊ တိုက်စစ်မှူးအီယန်ရိုက်တို့ဆိုလည်း အ‌တော်လေးကို တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့၊ အာဆင်းရဲ့စကားကို ငှါးသုံးရရင် “နည်းနည်းညစ်တတ်တဲ့”ကစားသမားမျိုးတွေပါပဲ...

  • без подписи

  • ချယ်လ်ဆီး 6-4 Western Sydney ပွဲပြီးအတွေးများ... အားလုံးအဆင်ပြေနေတယ်တော့လည်း မဟုတ်သေးပါဘူး။ ဂိုးရလဒ်ကို ကြည့်လိုက်ရုံနဲ့ ဒါကသိသာပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်ပူပန်လောက်စရာလည်း ရှိမနေပါဘူး... ရာသီကြိုခြေစမ်းပွဲဖြစ်တယ်၊ ခြေစမ်းပွဲမှာမှ warm-upသဘောဆန်တဲ့ ပထမဆုံးပွဲစဥ်ဖြစ်တယ်။ ကမ္ဘာ့ဖလားအားလပ်ရက်ကာလ မပြီးဆုံးသေးတာကြောင့် လူလည်းမစုံသေးဘူး။ အကယ်ဒမီထွက်လူငယ်လေးတွေ အများစု ပွဲထွက်ကစားလာခဲ့တယ်။ လူငယ်လေးတွေဆိုတဲ့နေရာမှာမှ အသင်းကြီးနဲ့ သိပ်မနီးစပ်သေးတဲ့၊ အသင်းကြီးဆီရောက်လာဖို့ သိပ်မရှိသေးတဲ့ လူငယ်လေးတွေက အများစုဖြစ်ပါတယ်... တိုက်စစ်ပိုင်းကတော့ အားရစရာအချက်တွေ ရှိခဲ့တယ်။ အသက်၁၇နှစ်အရွယ် လူငယ်လေးတွေဖြစ်တဲ့ ကာဗူမာမက်ကွင်းန်နဲ့ ဒတ်စ်တန်ဆတ်ပယက်ဗ်တို့ ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ သူတို့ရဲ့ တိုက်စစ်တွဲလုံးကနေပဲ ဆတ်ပယက်ဗ်က ပွဲချိန်၆မိနစ်ကျော်မှာတင် ဦးဆောင်ဂိုးသွင်းပေးခဲ့တယ်... No.10 roleအဖြစ် ပွဲထွက်ကစားလာတဲ့ နောက်ထပ် အသက်၁၇နှစ်အရွယ်လူငယ်လေးရက်ဂျီဝဲလ်ရှ်လည်း သဘောကျစရာခြေစွမ်းမျိုး ရှိခဲ့ပါတယ်... ဒါပေမယ့် တိုဆင်နဲ့ လူငယ်လေးဆူဘူလိုယီ ဗဟိုခံစစ်အတွဲကတော့ သိပ်အဆင်မပြေခဲ့ဘူး။ သူတို့တင်မကဘဲ ခံစစ်ကြောင်းတစ်ခုလုံးအနေနဲ့လည်း လိုအပ်ချက်တွေ များခဲ့တယ်။ လူငယ်ဂိုးသမားလေးရှာမန်းလိုဝီ အတော်ကြိုးစားကာကွယ်နေတဲ့ကြားကပဲ ဂိုးတွေတောက်လျှောက်ပေးခဲ့ရပါတယ်... ပထမပိုင်းတစ်ပိုင်းပဲ ကစားခွင့်ရခဲ့ပေမယ့် အက်ဆူဂိုလည်း အတော်ကောင်းပါတယ်။ 2-2ဖြစ်စေမယ့် ချေပဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့တယ်။ လုပ်အားနှုန်းကောင်းကောင်းနဲ့ ခံစစ်-တိုက်စစ်မျှကစားပေးသွားတာမျိုးလည်း တွေ့ရပါတယ်... ဒုတိယပိုင်းအစမှာတော့ အက်ဆူဂိုနဲ့ မက်ကွင်းန်နေရာမှာ ယာဇူလီနဲ့ ကယ်လီမန်းဝင်ကစားခဲ့တယ်။ မိနစ်၆၀ကျော်၊ Sydneyက ဦးဆောင်ဂိုးထပ်သွင်းသွားပြီးနောက်မှာတော့ ရောဘတ်ဆန်းချက်ဇ်၊ လီဗီကိုဝဲ၊ ဖိုဖာနာ၊ (ကစားသမားသစ်)ပါလက်စ်ထရာ၊ အန်ဆဲလ်မီနို၊ ဂျင်မီဂစ်တန်စ်၊ ကိုးလ်ပါးမား၊ အက်စ်တီဗာအိုနဲ့ ယာအိုပတ်ဒရိုတို့ လူစားဝင်ကစားလာတယ်... ချက်ချင်းဆိုသလိုပဲ ဂျင်မီဂစ်တန်စ် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်၇၈မိနစ်မှာ Sydneyက နောက်တစ်ကြိမ်ဦးဆောင်ခဲ့တယ်... ဒါပေမယ့် ပွဲချိန်မိနစ်၈၀ကနေ ၈၉မိနစ်အတွင်းမှာတော့ ယာအိုပတ်ဒရိုက ၃ဂိုးဆက်တိုက်သွင်းပြီး ချယ်လ်ဆီးကို နိုင်ပွဲရသွားစေခဲ့ပါတယ်... ပြောခဲ့သလိုပဲ ခြေစမ်းပွဲမှာမှ warm-upသဘောဆန်တဲ့ ပထမဆုံးပွဲဖြစ်နေတော့ ဘာမှသိပ်အထွေအထူး သုံးသပ်ဖို့မရှိပါဘူး။ လူငယ်လေးတွေ အတော်များများ ပွဲကစားခွင့်ရခဲ့တာ၊ တချို့တွေ ခြေစွမ်းပြနိုင်ခဲ့ကြတာကိုက ကျေနပ်စရာပါပဲ... လီယန်မ်ဒီလက်ပ်တို့၊ တိုဆင်တို့ကတော့ ရလာတဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးပြောရမယ်။ ဒါပေမယ့် အခုမှတစ်ပွဲဆိုတော့ အများကြီးပြောဖို့တော့ မဟုတ်သေးပါဘူး... ဒီပွဲရဲ့ Man of the Matchကတော့ လူစားဝင်ပြီး hat-trickသွင်းသွားခဲ့တဲ့ ယာအိုပတ်ဒရိုပဲ ဖြစ်ပါလိမ့်မယ်... #TheSportsArena #Brief #Chelsea #EPL

  • без подписи

  • ဒီနေ့ကတော့ မိုက်ကယ်ကာရစ်ရဲ့ ၄၅နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်... Happy Birthday Michael Carrick! #TheSportsArena #Legends #ManUtd #EPL

  • ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ခေတ်ကုန်သွားတော့မလိုလို အခြေအနေမျိုးမှာ အိုးထရက်ဖို့ဒ်ကို သူရောက်လာခဲ့ပါတယ်... အာဆင်နယ်က ရှူံးပွဲမရှိ ရွှေဖလားချန်ပီယံဖြစ်တယ်။ မော်ရင်ဟိုရဲ့ချယ်လ်ဆီးကလည်း ရပ်တန့်ဖို့ မလွယ်ကူလောက်အောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်လာခဲ့တယ်။ အကျိုးဆက်အနေနဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုနဲ့ ၃နှစ်ဆက် လွဲချော်ခဲ့တယ်။ ယူနိုက်တက်ခေတ်ကုန်သွားပြီလား၊ ကုန်သွားတော့မှာလား မေးခွန်းထုတ်ရမလို ရှိခဲ့ပါတယ်... ချန်ပီယံဆုနဲ့ ၃နှစ်ဆက်လွဲချော်ထားရချိန်၊ ၂၀၀၆ နွေရာသီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်တစ်ဦးထဲကိုပဲ ခေါ်ယူခဲ့တယ်။ ဒါဟာ ရွိုင်ကိန်းမရှိတော့ပြီဖြစ်တဲ့ ကွင်းလယ်ကို အစားထိုးဖို့ပဲလို့ ကျနော်တို့ သ‌ဘောပါခဲ့ကြပေမယ့် “ကာရစ်လောက်နဲ့ ဖြစ်ပါ့မလား” သံသယဝင်ခဲ့ရပါတယ်... စိတ်ပူမယ်ဆိုလည်း ပူလောက်စရာပါပဲ။ မိုက်ကယ်ကာရစ်ရဲ့ ကစားပုံကစားပေါက်ကိုက ရွိုင်ကိန်းနဲ့ အ‌တော်လေးကွဲပြားခြားနားနေတယ်။ သူကမြန်နှုန်းတွေ၊ လုပ်အားနှုန်းတွေ၊ တွန်းတွန်းတိုက်တိုက်ကစားနိုင်မှုတွေကို အားပြုမထားဘူး။ ကစားပုံပျော့တဲ့အထဲပါတယ်လို့တောင် ပြောရမယ်။ ဒါပေမယ့် သူ့ရဲ့ဘောလုံးအမြင်၊ ဘောလုံးဖြန့်ဝေမှု၊ ကစားကွက်အနေအထားတစ်ရပ်လုံးကို ကျေညက်စွာဖတ်ရှုနိုင်မှုတွေအရ မိုက်ကယ်ကာရစ်ဟာ ရွိုင်ကိန်းတို့လိုပုံစံမျိုးနဲ့ မတူကွဲပြားသော ကွင်းလယ်ကစားသမားကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်... တွန်းတွန်းတိုက်တိုက် ဘောလုံးမဖျက်နိုင်ပေမယ့် ပါးနပ်တဲ့ နေရာယူပုံ၊ ရွေ့လျားပုံ၊ ပွဲကိုဖတ်ရှုနိုင်မှုတွေနဲ့ ပြိုင်ဖက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို စနစ်တကျ ကြားဖြတ်ဟန့်တားထားတဲ့၊ ခံစစ်ကြောင်းရှေ့က spaceတွေကို coverလုပ်ပေးထားတဲ့ မိုက်ကယ်ကာရစ်ကို ကျနော်တို့တွေ့မြင်ခဲ့ရတယ်... အိုးထရက်ဖို့ဒ်မြက်ခင်းကို သူစနင်းတဲ့နှစ်မှာပဲ ယူနိုက်တက်ဟာ ၃နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်... မှန်တာပေါ့။ ဒါဟာ သူ့တစ်ယောက်ထဲကြောင့်တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ၂၀၀၆ကမ္ဘာ့ဖလားမှာ အခန့်မသင့်စွာပဲ ကတောက်ကဆလေးတချို့ ရှိခဲ့ပြီးနောက် ပိုမိုရင့်ကျက်သော ရွန်နေနဲ့ ရော်နယ်ဒိုကို ကျနော်တို့မြင်ခဲ့ရတယ်။ ဖာဒီနန်-ဗီဒစ်ဟာ ပြည်တွင်းမှာတင်မက ဥရောပရဲ့ အကောင်းဆုံးစာရင်းဝင် ဗဟိုခံစစ်အတွဲဖြစ်လာတယ်။ သူတို့ရဲ့နောက်မှာ ဗန်ဒါးဆားလို ဂိုးသမားမျိုးက မားမားမတ်မတ်ရှိနေခဲ့တယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ... အထူးသဖြင့် ရွန်နေနဲ့ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေဟာ ရပ်တန့်လို့မရအောင် ဖြစ်လာတယ်။ ဒါပေမယ့် အဲ့ဒီသွင်းဂိုးတွေရဲ့ နောက်ကွယ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းအများစုဟာ ကာရစ်ဆီကနေ မြစ်ဖျားခံစီးဆင်းနေတယ်၊ ကာရစ်နဲ့ တစ်နည်းတစ်ဖုံပတ်သက်နေတယ်ဆိုတာကိုတော့ အဲ့ဒီအချိန်တုန်းက သတိပြုမိသူနည်းခဲ့ပါတယ်... ကျနော်တို့(အများစု)ဟာ သူ့ကို အနည်းနဲ့အများ အားမလိုအားမရ ဖြစ်ကြရတယ်။ ယူနိုက်တက်ကွင်းလယ်မှာ သူနဲ့တခြားတစ်ယောက် တွဲဖက်ပွဲထွက်လာပြီဆိုရင် တခြားတစ်ယောက်ကို ပိုပြီးအာရုံကျခဲ့ကြတယ်။ ဒါပေမယ့် ကာရစ်ကတော့ သူ့ရဲ့ပုံစံအတိုင်း တိတ်ဆိတ်စွာ၊ ငြိမ်သက်စွာ၊ အေးဆေးလွန်းစွာနဲ့ သူလုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ဆာအဲလက်စ်ဖာဂူဆန်နှစ်ကာလများမှာတင်မကဘဲ ဒေးဗစ်မွိုက်စ်၊ လူးဝစ်ဗန်ဟားလ်နဲ့ မော်ရင်ဟိုခေတ်အထိ ယူနိုက်တက်ကွင်းလယ်ရဲ့ အရေးပါတဲ့ ထောက်တိုင်တစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့ပါတယ်... ၂၀၀၆ကနေ ၂၀၁၈... ယူနိုက်တက်မှာ ၁၂နှစ်တိတိ သူဖြတ်သန်းခဲ့တယ်။ ပြိုင်ပွဲစုံပွဲ၄၆၀ကျော် ကစားပေးခဲ့တယ်။ ပရီးမီးယားလိဂ်ဖလား၅လုံးအပါအဝင် ဆုဖလား၁၈လုံးထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်... ဒါပေမယ့် လက်ရွေးစင်အသင်းမှာတော့ အင်္ဂလန်နည်းပြအဆက်ဆက်က သူ့ကိုမျက်ကွယ်ပြုခဲ့ကြတယ်။ တကယ်လို့များ သူ့ကို ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေးခဲ့ရင် အဲ့ဒီနှစ်ကာလတွေမှာ အင်္ဂလန်ဟာ အများကြီးပိုတည်ငြိမ်တဲ့ အသင်းလိုက်ဟန်ချက်တစ်ခုကိုများ ပိုင်ဆိုင်နိုင်မလား တွေးလောက်စရာပါပဲ... ဘာပဲဖြစ်ဖြစ်ပေါ့လေ။ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးစာရင်းဝင် holding midfielder, deep-lying playmakerတစ်ယောက်ဆိုတာကတော့ တကယ်ကို သေချာလွန်းခဲ့ပါတယ်... နှစ်ကာလတွေဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်ပြီးဆုံးသွားတယ်။ အခုတော့ ကာရစ်လည်း ယူနိုက်တက်ရဲ့ နည်းပြချုပ်တောင် ဖြစ်နေခဲ့ပြီ။ အများကြီးပြောဖို့တော့ စောနေသေးပေမယ့် မနှစ်က ဒုတိယရာသီဝက်မှာတော့ သူအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်၊ စာမေးပွဲအောင်ခဲ့တယ်လို့ ပြောရပါမယ်... ဒါပေမယ့် အားလုံးသိပြီးဖြစ်တဲ့အတိုင်းပေါ့လေ။ ယူနိုက်တက်နည်းပြတစ်ယောက်ဟာ စာမေးပွဲအောင်ရုံအဆင့်လောက်နဲ့တော့ သိပ်အဆင်မပြေနိုင်ဘူး။ ဂုဏ်ထူးတွေ တသီတတန်းကြီး ပါလာဖို့လည်း လိုနေသေးတယ်။ ဒါကို သူလုပ်နိုင်မလား၊ ကစားသမားဘဝတုန်းက ယူနိုက်တက်ကို ၃နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလား ပြန်ရစေခဲ့သလို အခုနည်းပြဘဝမှာရော၊ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်‌ပေးဖလားကို ပြန်ယူပေးနိုင်မလားဆိုတာကတော့ ကျနော်တို့ ဆက်ပြီးစောင့်ကြည့်ရမယ့်ကိစ္စပါပဲ...

  • без подписи

  • သူဒဏ်ရာပြန်ကောင်းလာချိန်မှာတော့ အာဆင်နယ်ဟာ သူ့နည်းသူ့ဟန်နဲ့ အရှိန်ရပြီးဖြစ်နေတယ်။ စမစ်ရိုးကို ပြန်တွဲခေါ်ပြီး နေရာပေးဖို့အထိ အဆင်မပြေတော့ဘူး။ ဒါပေမယ့် အာတီတာဟာ စမစ်ရိုးကို လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ပါဘူး။ အခြေအနေပေးတာနဲ့ ပြန်လည်ပွဲထုတ်ဖို့ သူအမြဲကြံစည်နေခဲ့ပုံရတယ်။ စမစ်ရိုးလည်း အကောင်းဆုံးတော့ ကြိုးစားခဲ့တာပါပဲ... ဒါပေမယ့် အခန့်မသင့်ချင်တော့ ၂၀၂၃-၂၄မှာ၊ အာတီတာက သူ့ကိုဖြည်းဖြည်းချင်း ပြန်လည်ပွဲထုတ်လာတော့မယ်လို့ ယူဆရတဲ့အချိန်မျိုးမှာ သူဒဏ်ရာထပ်ရသွားတယ်။ အဲ့ဒီကနေစလို့ စမစ်ရိုးရဲ့ အာဆင်နယ်ကစားသမားဘဝဟာ ပြီးသလောက်ဖြစ်သွားခဲ့တာပါပဲ... ရာသီကုန်ချိန်မှာတော့ ဖူလ်ဟမ်ကို သူပြောင်းခဲ့ရတယ်။ အဲ့ဒီမှာလည်း သူသိပ်တော့မညံ့ခဲ့ပါဘူး။ ပွဲထွက်ကစားသမားအနေနဲ့ဖြစ်ဖြစ်၊ super-subအနေနဲ့ဖြစ်ဖြစ် သူကြိုးစားကစားနေဆဲ၊ အတိုင်းအတာတစ်ခုထိ ခြေစွမ်းတွေ ပြနေဆဲပါပဲ။ ဒါပေမယ့် သူ့ဆီက ကျနော်တို့မျှော်လင့်ထားခဲ့တာလည်း အဲ့ဒီလောက်တော့ မကခဲ့ဘူး‌‌ပေါ့လေ... သူလုံးဝပြီးဆုံးသွားတယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အခုဆို သူက ၂၆ဖြစ်လာတယ်။ ကစားသမားအနေနဲ့ဆိုရင် လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ လူလတ်ပိုင်းထဲရောက်လာတယ်။ ဒီအဆင့်လောက်နဲ့ ရပ်မသွားဖို့ဆိုရင်တော့ သူအများကြီးလုပ်ရဦးမယ်၊ ဒီထက်အများကြီး ပိုကောင်းလာဖို့ လိုပါဦးမယ်။ သူလုပ်နိုင်ပါ့မလား သံသယဝင်စရာရှိလာတာလည်း အမှန်ပါပဲ... ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အခုဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ပြန်ရခဲ့ပြီ။ အသင်းကြီးတစ်သင်းအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ lvတစ်ခုကို ပြန်ရောက်နိုင်ခဲ့ပြီလို့ ယုံယုံကြည်ကြည် ပြောလို့ရပါတယ်... ဒီလိုအမြင့်ဆုံးပြန်ရောက်လာချိန်မှာ စမစ်ရိုးပါမလာနိုင်ခဲ့တာ၊ ခရီးတစ်ဝက်မှာ ကျန်ခဲ့ရတာကတော့ နည်းနည်းဝမ်းနည်းစရာပါပဲ။ အနာဂတ်မျှော်လင့်ချက်ဆိုလို့ သူနဲ့ဆာကာလောက်ပဲ ရှိခဲ့တဲ့ နှစ်ကာလတွေလည်း အာဆင်နယ်ပရိသတ်တွေ တကယ်ဖြတ်သန်းခဲ့ရဖူးတာပဲမဟုတ်လား... #TheSportsArena #Story #Arsenal #EPL

  • စမစ်ရိုးသို့ အလွမ်းများစွာ... အာဆင်နယ်နည်းပြရာထူးကနေ လွင့်စင်သွားရလောက်အောင် အန္တရာယ်များတဲ့ အနေအထားမျိုး ၃ကြိမ်ထက်မနည်း အာတီတာ ကြုံခဲ့ရဖူးပါတယ်။ အဲ့ဒီထဲမှာ အခက်ခဲဆုံးဖြစ်ခဲ့တာကတော့ ၂၀၂၀-၂၁ဘောလုံးရာသီပဲဖြစ်မှာပါ... ၂၀၂၀နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်၇ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားခဲ့တယ်။ ၂ပွဲပဲသရေကျပြီး ၅ပွဲတိတိရှူံးခဲ့တယ်။ ဘယ်လိုမှ လက်သင့်ခံနိုင်စရာမရှိတဲ့ ရလဒ်မျိုးတွေပါပဲ။ ပိုဆိုးတာက အဲ့ဒီကာလမှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဖက်တွေဖြစ်ပါတယ်... ဗီလာ၊ လိဒ်စ်၊ ဝုဗ်၊ စပါး၊ ဘန်လေ၊ ဆောက်သမ်တန်နဲ့ အဲဗာတန်... တဲ့။ အဲ့ဒီတုန်းက ဗီလာကလည်း အခုလိုမဟုတ်သေးဘူး။ ဆိုလိုတာက ဒါဟာ ခက်ခဲတဲ့ ပွဲကြပ်ကာလတစ်ခု လုံးဝမဟုတ်ဘူး။ ကိုယ့်ဖက်က လိုအပ်ချက်တွေ များလွန်းလို့သာ အခုလောက်ထိ ရလဒ်တွေဆိုးရွားနေရခြင်းပါပဲ... အဲ့ဒီလိုအနေအထားမျိုးမှာ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကို လက်ခံကစားရဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ချယ်လ်ဆီးကလည်း ဒီလောက်ကောင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်က အဆပေါင်းများစွာ ပိုဆိုးနေတယ်။ အဲ့ဒီပွဲမှာသာ ချယ်လ်ဆီးကို ရှူံးသွားခဲ့ရင် အာတီတာ တကယ်ပြုတ်ကောင်းပြုတ်သွားနိုင်တယ်။ အာဆင်နယ်ပရိသတ်ညီအစ်ကိုတွေကတော့ ဒါကို ကောင်းကောင်းမှတ်မိကြမယ်ထင်ပါတယ်... အဲ့ဒီလိုအခြေအနေမျိုးမှာ အာတီတာဟာ အင်မတန်ရဲတင်းလှတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်။ သူတောက်လျှောက်နီးပါး အားပြုသုံးစွဲလာတဲ့ Three-backကစားကွက်ကို စွန့်လွှတ်လိုက်တယ်။ 4-2-3-1ကို ပြန်ပြောင်းတယ်။ (အဲ့ဒီအချိန်) အဓိက,ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ နီကိုလပ်စ်ပီပီကို အရန်ခုံပို့လိုက်တယ်။ Left wing-backလိုလို၊ No.8 roleလိုလို နေရာစုံဖြည့်ကစားပေးနေရတဲ့ ဆာကာကို ညာခြမ်းတိုက်စစ်မှာ ပြန်ကစားစေခဲ့တယ်... နောက်ထပ်လူငယ်လေးတွေဖြစ်တဲ့ စမစ်ရိုးနဲ့ မာတင်နယ်လီကိုလည်း ရဲရဲတင်းတင်း ပွဲထုတ်လာပါတယ်။ လာကာဇက်ကို အထောင်ထားပြီး ဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီ... လူငယ်လေး၃ယောက်က ဝန်းရံပေးထားတဲ့ ပုံစံမျိုးပါပဲ... အဲ့ဒီအပြောင်းအလဲတွေက ထင်မထားလောက်အောင်ကို အလုပ်ဖြစ်ခဲ့တယ်။ အာဆင်နယ်ဟာ ချယ်လ်ဆီးကို ပြတ်ပြတ်သားသား အသာစီးကစားခဲ့တယ်။ 3-1နဲ့ နိုင်ပွဲယူနိုင်ခဲ့တယ်။ စမစ်ရိုးနဲ့ ဆာကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်။ ဆာကာက တစ်ဂိုးသွင်းပြီး စမစ်ရိုးက တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ ဒါဟာ အာတီတာလက်ထက် အာဆင်နယ်အတွက် ကြီးမားတဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်... ဒီပွဲရဲ့နောက်ဆက်တွဲသက်ရောက်မှုတွေအဖြစ် အာဆင်နယ်ရဲ့ 4-2-3-1, 4-3-3ကစားကွက်က ပြန်လည်ခိုင်မာသွားတယ်။ ဆာကာနဲ့ စမစ်ရိုးအပါအဝင် လူငယ်လေးတွေ နေရာရလာတယ်၊ တောက်ပလာခဲ့တယ်... ချက်ချင်းလက်ငင်း ထိပ်တန်းပြန်ရောက်လာတာမျိုး မဟုတ်သေးပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့တယ်။ အဓိက,ကတော့ ဆာကာနဲ့ စမစ်ရိုးတို့လို လူငယ်လေးတွေကြောင့်ပါပဲ... ၅နှစ်ကျော်၊ ၆နှစ်နီးပါးဆိုတဲ့ အချိန်ကာလတစ်ခုဟာ ဘာမှမဟုတ်သလိုပဲ မြန်မြန်ဆန်ဆန်နဲ့ ကုန်လွန်ပြီးဆုံးသွားတယ်။ ဝေဖန်မှုတွေ၊ အားမလိုအားမရဖြစ်ရခြင်းတွေ၊ အမနာပပြောဆိုမှုတွေလည်း ရှိသလောက်ရှိခဲ့ပေမယ့် ဒီဖက်နှစ်တွေမှာ အာဆင်နယ်ရဲ့ ပြန်လည်မြင့်တက်လာမှုကတော့ တကယ်ကိုလမ်းကြောင်းမှန်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်တောင် မသေချာတော့တဲ့ ဇယားအလယ်အလတ်အသင်းတစ်သင်းလို အနေအထားမျိုးထိ နိမ့်ကျသွားခဲ့ရာကနေ အခုလိုမျိုး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး၊ အတောင့်တင်းဆုံးစာရင်းဝင် အသင်းတစ်သင်းအဖြစ် ပြန်လည်ရပ်တည်လာနိုင်ခဲ့တယ်... အဲ့ဒီအတွက် စပြီးအရှိန်ယူခဲ့တာကတော့ ၂၀၂၁-၂၂ဘောလုံးရာသီဖြစ်ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့နည်းဗျူဟာပိုင်းကအစ အပြောင်းအလဲလုပ်လာတယ်။ ဘန်ဝှိုက်၊ အိုဒီဂတ်၊ ရမ်းစ်ဒေးလ်၊ တိုမီယာဆု၊ လိုကွန်ညာနဲ့ နူနိုတာဗာရက်ဇ်... အသက်၂၃နှစ်ပတ်ချာလည် ကစားသမားတွေကိုပဲ စုစည်းခေါ်ယူခဲ့တယ်။ အလုပ်ဖြစ်တဲ့သူတွေလည်းဖြစ်၊ မဖြစ်တဲ့သူတွေလည်း မဖြစ်ခဲ့ပေမယ့် ဒါဟာ အရေးပါတဲ့ အပြောင်းအလဲတစ်ခုပါပဲ... အဲ့ဒီရာသီမှာ အာဆင်နယ်ဟာ ရာသီကုန်ခါနီးထိ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်ခဲ့တယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်ဝင်းဂါးခေတ်လွန် ယိမ်းယိုင်နိမ့်ပါးသွားမှုတွေနဲ့စာရင် အများကြီးပြန်တိုးတက်လာခဲ့တာပါပဲ။ အဲ့ဒီအတွက် ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ ထည့်ဝင်သယ်ပိုးမှုတွေကလည်း အရေးပါခဲ့ပါတယ်... နောက်တစ်နှစ်၊ ၂၀၂၂-၂၃မှာတော့ ဇင်ချန်ကို၊‌ ဂျေးဇုစ်တို့ ရောက်လာခြင်းနဲ့အတူ အာဆင်နယ်ရဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အတော်လေးအရှိန်ရလာတယ်။ ဖြစ်ချင်တော့ အဲ့ဒီလိုအချိန်မျိုးမှာ စမစ်ရိုး ဒဏ်ရာပြဿနာတွေ ရှိသွားခဲ့တယ်။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အာဆင်နယ်မှာ သူနည်းနည်းပြတ်ကျန်ခဲ့ရသလိုလည်း ဖြစ်ခဲ့ပါတယ်...

  • без подписи

  • စပါးရဲ့ ငယ်မွေးခြံပေါက်တစ်ဦးလို့ ပြောရမှာဖြစ်သော်လည်း အသင်းကြီးမှာ နေရာတစ်နေရာရဖို့တော့ သူနည်းနည်းစောင့်ခဲ့ရပါတယ်။ မဟုတ်သေးဘူး၊ နည်းနည်းမဟုတ်ဘူး၊ သူအတော်စောင့်ခဲ့ရတာ.... လေတန်အိုးရီးယန့်၊ မီလ်ဝေါ၊ နော်ဝစ်ချ်၊ လက်စတာ စသည်ဖြင့် ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းကလပ်အသင်းတွေမှာ သူအငှါးထွက်ကစားခဲ့ရတယ်။ အတွေ့အကြုံယူခဲ့ရတယ်။ သူ့ကိုယ်သူပိုကောင်းအောင်၊ စပါးအတွက်၊ ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်အောင် ကြိုးစားတည်ဆောက်ခဲ့ရပါတယ်... ၂၀၁၃လောက်မှာတော့ စပါးအသင်းကြီးမှာ သူကြိုကြားကြိုကြား ပွဲထွက်ခွင့်ရလာတယ်။ နောက်တစ်နှစ်မှာ စပါးကို ပိုချက်တီနို ရောက်လာခဲ့ခြင်းကပဲ သူ့ရဲ့ကစားသမားဘဝကို တဆစ်ချိုးပြောင်းလဲသွားစေခဲ့ပါတယ်... ပိုချက်တီနိုဟာ ဆိုလ်ဒါဒို၊ အဒီဘာယောတို့လို တိုက်စစ်မှူးတွေကိုကျော်ပြီး သူ့ကိုနေရာပေးခဲ့တယ်။ အဲ့ဒီရာသီမှာ သူဟာ ပြိုင်ပွဲစုံပွဲ၅၀ကျော်ကစားပြီး ၃၁ဂိုးတိတိ သွင်းပေးနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ စောင့်ကြည့်ရမယ့် တိုက်စစ်မှူးတစ်ယောက်အဖြစ် မြင့်တက်လာခဲ့ပါတယ်... အဲ့ဒီကနေစလို့ သူဟာ မရပ်တော့ဘူး၊ နောက်ပြန်လှည့်မကြည့်တော့ဘူး။ သူ့ရဲ့ဂိုးတွေဟာ ဆက်တိုက်ဖြစ်လာတယ်... စပါးသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ သမိုင်းတလျှောက်ဂိုးသွင်းအများဆုံး၊ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယဂိုးသွင်းအများဆုံး စသည်ဖြင့်ပေါ့လေ... အမြင့်ဆုံးဂိုးသွင်းစံချိန်မှတ်တမ်းတွေကို သူရခဲ့တယ်... ဒါတင်မကသေးပါဘူး။ သူ့ကို No.9စစ်စစ်၊ ဂိုးသွင်းကောင်းရုံတိုက်စစ်မှူးတစ်‌ယောက်အဖြစ် ကျနော်တို့ တစ်ချိန်လုံး သိထားရာကနေ ၂၀၂၀ပတ်ချာလည် မော်ရင်ဟိုလက်ထက်မှာတော့ သူ့ရဲ့ playmakerဆန်တဲ့ အရည်အသွေးတွေကို ကျ‌နော်တို့ အံ့အားသင့်ဖွယ် ထပ်မံတွေ့မြင်ခဲ့ရပါတယ်... ဒါပေမယ့် စပါးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ အဆင်သင့်မဖြစ်လွန်းမှုတွေကြောင့် သူဟာ ကစားသမားဘဝမှာ ဘာဖလားမှ ဟုတ်တိပတ်တိ မရဖူးဘူးဖြစ်ခဲ့တယ်။ ဂိုးတွေဘယ်လောက်သွင်းသွင်း၊ ရွှေဖိနပ်ဆုတွေ ဘယ်လောက်ရရ... ဘာဖလားမှ မရဖူးတာက သူနဲ့ပတ်သက်လို့ လှောင်ပြောင်ရယ်မောချင်စရာလည်း ဖြစ်ခဲ့ပါတယ်... ဒီလိုနဲ့ ၂၀၂၃မှာတော့ သူစပါးကို စွန့်ခွာဖို့၊ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်ဆိုတာကလည်း ဒီနေ့ဘောလုံးကမ္ဘာရဲ့ ထိပ်တန်းအသင်းတွေထဲမှာ ဆုဖလားအာမခံချက် အမြင့်မားဆုံးအသင်းတွေထဲက တစ်သင်းပဲမဟုတ်လား... ဒါပေမယ့်ဖြစ်ချင်တော့ သူစရောက်လာတဲ့ ၂၀၂၃-၂၄မှာ ဘိုင်ယန်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရတယ်။ သူ့ရဲ့ ဖလားမရခြင်းကံကြမ္မာကိုလည်း ပိုပြီးတော့ ရယ်မောနောက်ပြောင်ချင်စရာ ဖြစ်ခဲ့ပါတယ်... ဒါပေမယ့် ပင်ကိုအရည်အချင်းရှိပြီး မဆုတ်မနစ်ကြိုးစားတတ်သူတွေကို ဘုရားသခင်ဟာ ရေရှည်မျက်ကွယ်ပြုထားလေ့မရှိပါဘူး။ နောက်ဆုံးတော့ ဘိုင်ယန်မြူးနစ်မှာ သူ့အတွက် ဆုဖလားအောင်မြင်မှုတွေဟာ ဆက်တိုက်ဖြစ်လာတယ်... ထုံးစံအတိုင်း သူ့ရဲ့သွင်းဂိုးတွေဟာလည်း မီးခိုးမဆုံး၊ မိုးမဆုံးပါပဲ။ ပြီးခဲ့တဲ့ရာသီမှာဆိုရင် ပြိုင်ပွဲစုံ၅၁ပွဲကစားပြီး ၆၁ဂိုးထိသွင်းပြခဲ့တယ်။ တစ်ပွဲတစ်ဂိုးနှုန်းထက်ကို သိသိသာသာ ကျော်လွန်နေခဲ့တာဖြစ်ပါတယ်... စပါးအတွက် ၄၃၅ပွဲမှာ ဂိုး၂၈၀... ဘိုင်ယန်မြူးနစ်အတွက် ၁၄၇ပွဲမှာ ၁၄၆ဂိုး... အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂၁ပွဲမှာ ၈၅ဂိုး... သူဟာ ဂိုးတွေသွင်းဖို့ မွေးဖွားလာခဲ့သူတစ်ယောက်ပါပဲ။ နောက်ပိုင်းနှစ်တွေမှာ ကိုယ့်အသင်းရဲ့ အဓိကplaymakerအဖြစ်လည်း တွဲဖက်တာဝန်ယူကစားနေရင်း ဒီ‌လောက်ထိဂိုးတွေရထားတယ်ဆိုတာက ပိုပြီးတော့ ချီးကျူးစရာကောင်းတဲ့အချက်ဖြစ်ပါတယ်... ဒီနေ့ကတော့ ဟာရီကိန်းရဲ့ ၃၃နှစ်ပြည့်မွေးနေ့ပါပဲ... Happy Birthday Harry Kane! #TheSportsArena #PlayerBirthday #Spurs #BayernMunich #EPL #Bundesliga