- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 6
- Всего постов
- 24
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 416
- 1/48двое суток
- 476
- 1/72трое суток
- 514
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
👥လူတိုင်းနီးပါးဟာသူတို့ကျရောက်လာမယ့် ✨"မွေးနေ့" ကို ခံစားမှုအမျိုးမျိုးနဲ့စောင့်ဆိုင်းနေတတ်ကြပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပျော်ရွင်နေကြတဲ့သူတွေရှိသလို "ငါအသက်ကြီးသွားလို့မပျော်တော့ဘူး"👨🦳 ဆိုတဲ့သူတွေကလည်းဒီထဲမှာရှိနေတယ်နော်ရှင့်။ကိုကိုမမတို့ရေတစ်နှစ်အသက်ကြီးလို့ တစ်နှစ်ထက်တစ်နှစ်ရင့်ကျင့်လာကြတော့မယ် ဆိုတာကိုလည်းသတိစေချင်ပါတယ်ရှင့်။💡 ဟုတ်ပါတယ် ဒီနေ့Aug 14th ကတစ်ယောက်သော အစ်ကိုရဲ့ ထူးခြားပျော်ရွင်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်ရှင့်...🩵🥳 ကျွန်မတို့ရဲ့Content Writer Team ထဲက ဝါရင့် အရေးအသားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ Content တွေဖန်တီးရေးသားနေတဲ့ ကိုကြီး "Tin Myo Ko" ရှင့် happy birthday ပါနော်🔖🎊 🗓မွေးနေ့မှစ၍ အသက်ဆုံးတိုင် ချစ်ရတဲ့မိသားစုကလေးပိုင်ဆိုင်ပါစေ။မိဘကိုသိတတ်တဲ့ သားလိမ္မာလေးဖြစ်ပါစေ။အရေးအသားကောင်းတဲ့ content တွေ ဒီထက်မက ဖန်တီးရေးသားနိုင်ပါစေ။၀င်ငွေကြမ်း အသုံးကြမ်းမယ့် ဘ၀ကိုရောက်ပါစေ။ရောက်နေရင်လည်းဒီထက်မက သုံးနိုင် ဖြုန်းနိုင် လှူနိုင် တန်းနိုင်ပါစေရှင့်။ပျော်ရွင်ခြင်းတွေ၊ကောင်းမွန်ခြင်းတွေသာ အနားရောက်ရှိပါစေလို့ ZAE teamမှ မွေးနေ့ဆုမွန်ကောင်း ပါးပေးလိုက်ရပါတယ်ရှင့်🙏🏻🍀 Happy birthday yapi yapi🎉 Be lucky and be cool✨ You're the main character in your life💐👤 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Tin_Myo_Ko_BD_Wish #contentwriter_Yoon #graphicdesign_Hureen #Zie_Academy #ZAE
видео или голосовое, без подписи
Hello Academies လေးတို့ရေ... ဒီထဲမှာ ကိုယ့်ရဲ့ English Skills တွေကို တိုးတက်အောင် Level တစ်ခုရောက်အောင် လုပ်ချင်နေတဲ့သူလေးတွေပါကြလား👀🩵 English Speakingကို အမြဲတမ်း တစ်ယောက်ထဲ practiceလုပ်နေရတဲ့ကလေးတွေအတွက် Zie Academyက Special English speaking clubလေးတစ်ခုနဲ့အတူပြန်လာပါပြီ။🫶 ဒီ Speaking Clubလေးကို Tell Me About ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး Speaking Club ခရီးစဉ်တစ်လျှောက်လုံးမှာ classmates တွေနဲ့အတူ practice အပြန်အလှန်လုပ်ကြရင်း level up သွားကြမှာပါ📈 ဒီ Speaking Clubလေးရဲ့ရည်ရွယ်ချက်ကတော့ Speaking ကိုကောင်းကောင်းပြောတတ်သွားနိုင်ဖို့နဲ့ Tell Me About topic အောက်ကနေပြီး ဘယ်လိုဘယ်ပုံဖြေဆို ပြောဆိုနိုင်မလဲဆိုတာ သိရှိသွားဖို့ပါပဲ✨💡 Main Lessonအနေနဲ့ Speaking မှာ Writingလို 3ပိုင်းခွဲပြီးတော့ သွားကြမှာပါ... Basic Need အနေနဲ့ကတော့ Upper A2/Lower B1 Level လေးရှိဖို့တော့လိုပါမယ်နော်🔖 •••Details 👩🏻🏫Host Teacher - Tr.Cindy 🗓Starting Date - 25.8.2026 📌Day - Tuesday & Wednesday ⏳Time - 7:00 - 8:30 📱Platform - Zoom meeting ⭕️Student Limit - Unlimited [Register Form Link🖇️] https://docs.google.com/forms/d/e/1FAIpQLSfdHxnM9eMEThNmf0Gg-oCCbkiZHtv8_dsLRvQIHznO4VasfA/viewform?usp=header ဒီ Clubလေးက Zie Academyရဲ့ တွေ့ရခဲတဲ့ Speaking Club လေးဖြစ်တာမို့ အခုပဲ အမြန် စာရင်းသွားသွင်းဖို့ အကြံပြုလိုပါတယ်နော်။ Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Speaking_Club #contentwriter_Aurora #graphicdesign_Chan #Zie_Academy #ZAE
видео или голосовое, без подписи
😴 "တစ်ရက်လောက် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး အနားယူချင်လိုက်တာ..." လို့ တွေးဖူးကြလား Academies လေးတို့? 😪 နေ့တိုင်း စာသင်ရတာ၊ အလုပ်လုပ်ရတာ၊ တာဝန်တွေကို လုပ်ဆောင်နေရတဲ့ Academiesလေးတို့တွေ ပင်ပန်းနေရောပေါ့ ပင်ပန်းနေရင် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အနားယူဖို့ လိုတာကိုတော့ မမေ့လိုက်ပါနဲ့နော်🧘♀️ 📅 ဒီနေ့ August 10 ရက်နေ့ကတော့ National Lazy Day ပဲ ဖြစ်ပါတယ်🎉 👀 မှန်မှန်ပြော... ဒီလိုနေ့မျိုးကို နာမည်ကြားလိုက်တာနဲ့ ပြုံးမိသွားကြတယ်မလား? ဒီနေ့ဟာ တရားဝင် အားလပ်ရက်တော့ မဟုတ်ပေမဲ့ အလုပ်များတဲ့ ကျွန်မတို့ရဲ့ဘဝမှာ ခဏတာ အနားယူပြီး ကိုယ့်ကိုယ်ကို အားပြန်ဖြည့်ဖို့ သတိပေးတဲ့ Unofficial Holiday တစ်နေ့အဖြစ် လူသိများပါတယ် 🎯 National Lazy Day ရဲ့ အဓိက သတင်းစကားကတော့... 💌 ပျင်းရိနေဖို့ မဟုတ်ဘဲ အနားယူဖို့ပါနော် 🪫➡️🔋 နေ့စဉ်ဘဝရဲ့ တာဝန်တွေကြားမှာ ခဏတာ အနားယူခြင်းက စိတ်ရော ခန္ဓာကိုယ်ကိုပါ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးပြီး နောက်တစ်နေ့ကို လန်းလန်းဆန်းဆန်းနဲ့ ပြန်လည်စတင်နိုင်ဖို့ ကူညီပေးတယ်ဆိုတာကို သတိရစေချင်တာပါ 🤔 National Lazy Day ကို ဘယ်လို ဖြတ်သန်းကြလဲ? လူအများစု ကတော့... 😴 အိပ်ရေးဝဝ အိပ်ပြီး အနားယူကြတယ် 🚶♀️ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ပြီး စိတ်ကို အနားပေးကြတယ် 📵 ဖုန်းနဲ့ Social Media ကို ခဏဖယ်ထားပြီး ကိုယ့်အတွက် အချိန်ပေးကြတယ် 🎬 ရုပ်ရှင်၊ Series ဒါမှမဟုတ် TV Show ကြည့်ရင်း အနားယူကြတယ် 🍜 ကြိုက်နှစ်သက်တဲ့ အစားအစာလေး စားရင်း သက်သောင့်သက်သာ အချိန်ဖြုန်းကြတယ် 💭 ဒါပေမဲ့... 💁♀အနားယူတာ နဲ့ 💁♀ပျင်းရိတာ က မတူပါဘူးနော် ❌ အနားယူတာက ရပ်တန့်တာ မဟုတ်ပါဘူးရှင် ✅ ပိုကောင်းတဲ့ မနက်ဖြန်အတွက် အားပြန်ဖြည့်လိုက်တာပါပဲ ကဲ... Academies လေးတို့ရော ဒီနေ့ National Lazy Day မှာ ဘယ်လို အနားယူနည်းလေးနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ ပြင်ဆင်ထားကြလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်💬 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #National_Lazy_Day #contentwriter_Naw_Hel #graphicdesign_Chaw #Zie_Academy #ZAE
видео или голосовое, без подписи
🐾 အိမ်မှာရှိတဲ့ မြောင်လေးတွေကို ကလေးသဖွယ် ချစ်ကြတဲ့သူလေးတွေ ရှိကြလား??? 💗 ဒီနေ့ August 8 ရက်နေ့ ကတော့ တိရစ္ဆာန်ချစ်သူလေးတွေအတွက် အထူးနေ့လေးတစ်နေ့ဖြစ်တဲ့ " International Cat Day🐈 " ပဲ ဖြစ်ပါတယ်။ ကြောင်လေးတွေကို ကိုယ့်ကလေးလို ချစ်ကြတဲ့သူတွေအတွက်တော့ ဒီနေ့လေးက ပိုပြီး အဓိပ္ပါယ်ရှိမယ် ထင်ပါတယ် 🥰🐾 တကယ်တော့ ကြောင်လေးတွေဟာ အရမ်းကို အသိရှိပြီး ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေပါ။ သူတို့ကို ချော့မြူပေးရတာ အရမ်းကြိုက်ကြတယ်။ အစာတောင်းပြီဆိုရင်လည်း ဘေးနားလာပြီး “ငြောင်… ငြောင်…” 🥺🐾 ဆိုပြီး အော်တတ်ကြတယ်။ ...စားလို့ဝ၊ သောက်လို့ဝပြီဆိုရင်တော့ တစ်နေကုန် ထိုင်အိပ်တတ်ကြတဲ့ အပျင်းလေးတွေပါ 😴🐈💤 တချို့ကြောင်လေးတွေဆို သူတို့သခင်ဘေးနားမှာပဲ အိပ်ချင်ကြတယ် ❤️ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ကိုယ့်ကို စိုက်ကြည့်တတ်ကြတယ် 👀 လူပြောတာကိုလည်း နားလည်သလိုလိုနဲ့ အကြည့်လေးတွေနဲ့ ပြန်တုံ့ပြန်တတ်ကြသေးတယ်။ “လာပါဦး” လို့ ခေါ်လိုက်ရင် ပေါင်ပေါ်တက်ထိုင်ပြီး အနားကမခွာတော့တဲ့အချိန်တွေဆို… တကယ့်ကလေးလေးတစ်ယောက်လိုပါပဲ🥹🐾 🫶 ကြောင်ချစ်သူတွေအတွက်တော့ ကြောင်လေးတွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေထက်ပိုပါတယ်။ ကိုယ့်ရဲ့သားသမီးလေးတွေ၊ ကိုယ့်မိသားစုဝင်လေးတွေပါ 🏡 ဒါကြောင့် သူတို့တမှိုင်မှိုင်ဖြစ်ပြီး နေမကောင်းတဲ့အချိန်ဆိုရင်လည်း ကိုယ့်သားသမီးနေမကောင်းသလို စိတ်မကောင်းဖြစ်ရပါတယ် 😢💔 ဒီနေ့ "International Cat Day" မှာတော့ အိမ်မှာရှိတဲ့ မြောင်လေးတွေကို ပိုပြီးဂရုစိုက်ပေးကြမယ်နော် 💕🐈 🐾 Happy International Cat Day! 🐾 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Happy_International_Cat_Day #contentwriter_Nicolas #graphicdesign_Adley #Zie_Academy #ZAE
видео или голосовое, без подписи
📚G12 ကျောင်းသားလေးတွေရဲ့... စာသင်နှစ်က နှစ်လကျော်လာပြီဆိုတော့ စာတွေရနေကြပြီလား?? ဒီတစ်ခါမှာ အရင် content တွေနဲ့မတူ G12 ကျောင်းသား၊ ကျောင်းသူလေးတွေကို ဦးတည်ပြီး ပြောပြသွားမှာပါ။ 📍 ...ဘာအကြောင်းလဲဆိုတော့ "G12မှာ ဘိုင်အို ထိုင်ငို မဖြစ်ရအောင်" Bio Study Tips လေးတွေ ရှဲပေးသွားပါ့မယ်။ 📌 အရင်ဦးဆုံး ပြောပြချင်တာက Biology က ဘာသာတွေအားလုံးအထဲမှာ အမှတ်ယူလို့ အကောင်းဆုံးပါ။ ကိုယ်စာပိုင်ရင် ပိုင်သလောက် အမှတ်ရာပြည့်အထိ ဆွတ်ခူးနိုင်ပါတယ် 🎉 ✅Bio Study Tips •ကိုယ် ကျက်မယ့် အကြောင်းအရာကို အရင် မြန်မာလို နားလည်အောင် အရင်လုပ်ပါ။🧠 •Topic တစ်ပုဒ်ကျက်ပြီးတိုင်း အလွတ်ချရေးတဲ့ အကျင့်လုပ်ပါ။📝 •စာလုံးပေါင်းလုံး၀ မှားလို့မရပါ။ ဂုဏ်ထူးသမားဆို s/es က အစ သတိထားရင် အကောင်းဆုံးပါ။❌ •အရေးကြီးတဲ့ Scientific Name တွေကို မျဉ်းသားဖို့ လုံး၀မမေ့ပါနဲ့။📏 •ရှေ့ကိုပဲ ဆက်တိုက် ကျက်သွားတာမဟုတ်ပဲ အသစ်တစ်ပုဒ်ပြီးတိုင်း ရှေ့အပုဒ် တွေကို ပြန်ဆိုကြည့်ပါ။📖 •အဓိကက ထပ်ခါတလဲလဲ ပြန်နွှေးဖို့ပါ။ တစ်ခါကျက်ပြီး ဒီတိုင်းထားလိုက်ရင် မေ့မှာ အသေချာပါ။ ဒါ့ကြောင့် ခဏခဏပြန်နွှေးပါ။ နောက် ခလုတ်တိုက်မိရင်တောင် ကိုယ်ဆိုနေကျ Bioစာသားတွေ မှတ်မိနေအောင်လုပ်ပါ။💡 •Labels and Caption တွေ အတိအကျကျက်ပါ။📑 •ငါးမှတ်တန်၊ ဆယ်မှတ်တန် မေးတတ်တာတွေကို မေးခွန်းဟောင်းနဲ့ တွဲကြည့်သွားပါ။ ‼️အရေးအကြီးဆုံးကတော့ ကိုယ်က ပါးစပ်ကနေ ဘယ်လောက်ပဲ စာရနေပါစေ လက်နဲ့ ချမရေးထားရင် အလကားပါပဲ။ ဒါ့ကြောင့် ချရေးတတ်တဲ့ အကျင့်လုပ်ထားပါ။ Bio ဆိုတာ ကျက်အားသန်တဲ့သူတွေအတွက် အလွယ်ဆုံးဆိုပေမဲ့ ကိုယ်က စာကျက်အားနည်းရင်လည်းဘာမှ မဖြစ်ဘူးနော်။ ကိုယ်ကျက်ထားတာတွေကို ထပ်ခါတလဲလဲ ပြန်ကျက်ပြီး အမြဲ Practice လုပ်နေဖို့ပဲ လိုပါတယ် ⚜ အားလုံးပဲ Grade 12မှာ ကိုယ်လိုချင်တဲ့ အမှတ်တွေရရှိပြီး ဂုဏ်ထူးပန်းများ ဝေဆာနေနိုင်ပါစေလို့ Zie Academy ကနေ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💜 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Biology_Study_Tips_For_G12 #contentwriter_Nicolas #graphicdesign_Adley #Zie_Academy #ZAE
видео или голосовое, без подписи
👶 "အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်" ဆိုတဲ့ အမြင်ကို ကြားဖူးကြတယ်မလား? ဒါပေမဲ့ လူတိုင်းရဲ့ ဘဝပန်းတိုင်၊ ဦးစားပေးမှုနဲ့ ရွေးချယ်မှုတွေကတော့ မတူညီတာမျိုးရှိနိုင်ပါတယ်🙂↕️ ဒီလို မတူညီတဲ့ ဘဝရွေးချယ်မှုတွေကို အပြန်အလှန် နားလည်လေးစားပေးနိုင်ဖို့ ရည်ရွယ်ပြီး August 1 ရက်နေ့ ကို International Childfree Day အဖြစ် ကမ္ဘာတစ်ဝန်းမှာ ကျင်းပကြပါတယ် 🤍 ဒီနေ့ဟာ "ကလေးမယူဖို့ တိုက်တွန်းတဲ့နေ့" မဟုတ်ပါဘူး🙅♀ 💁♀တကယ်တော့ ၁၉၇၃ ခုနှစ်မှာ အမေရိကန်နိုင်ငံက Ellen Pick နဲ့ Shirley Radl တို့က National Organization for Non-Parents (NON) ကို စတင်ဖွဲ့စည်းပြီး Non-Parents' Day အဖြစ် စတင်သတ်မှတ်ခဲ့တာက အစပြုခဲ့တာပါ။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာတော့ NON နဲ့ Non-Parents' Day လှုပ်ရှားမှုတွေဟာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး ၂၀၁၃ ခုနှစ် မှာ စာရေးဆရာမ Laura Carroll က International Childfree Day အဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး ကမ္ဘာတစ်ဝန်း ပိုမိုအသိအမှတ်ပြုလာစေဖို့ မြှင့်တင်ပေးခဲ့ပါတယ်🌍 🎯 ဒီနေ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့... 🔹 ကလေးမယူဘဲ နေထိုင်ဖို့ ရွေးချယ်ထားသူတွေကို အသိအမှတ်ပြုပေးဖို့ 🔹 မိဘဖြစ်ဖို့ ရွေးချယ်သူတွေနဲ့ Childfree အဖြစ် နေထိုင်ဖို့ ရွေးချယ်သူတွေရဲ့ ဘဝရွေးချယ်မှုတွေကို အပြန်အလှန် နားလည်လေးစားပေးဖို့ 🔹 လူတစ်ယောက်ရဲ့ ဘဝတန်ဖိုးကို မိဘဖြစ်ခြင်း၊ မဖြစ်ခြင်းတစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်ကြောင်း အသိပညာပေးဖို့ ပဲဖြစ်ပါတယ်။ 🥳 International Childfree Day ကို ဘယ်လို ကျင်းပကြလဲ? 🏆 Childfree Person of the Year Award ကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ကြပါတယ်။ 🗣 Childfree ဘဝနေထိုင်မှု နဲ့ ပတ်သက်တဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ ဘဝဇာတ်လမ်းတွေကို အပြန်အလှန် မျှဝေဆွေးနွေးကြပါတယ်။ 💫ကိုယ်ပိုင်အိပ်မက်တွေ၊ ဝါသနာတွေနဲ့ ဘဝအောင်မြင်မှုတွေကို အပြန်အလှန် ဂုဏ်ပြုကြပါတယ်။ 🗯 Academies တို့ကိုလည်း ပေးချင်တဲ့ message တစ်ခုက လူတိုင်းဟာ ဘဝလမ်းကြောင်းတွေ မတူနိုင်ပေမဲ့ အပြန်အလှန် နားလည်လေးစားနိုင်ခြင်းကတော့ လူတိုင်းအတွက် အရေးကြီးတဲ့ တန်ဖိုးတစ်ခုပါ 🤍 တချို့က မိဘဖြစ်ဖို့ ရွေးချယ်ကြမယ်။တချို့က Childfree အဖြစ် နေထိုင်ဖို့ ရွေးချယ်ကြမယ်။ ဘယ်လမ်းကိုပဲ ရွေးချယ်ပါစေ၊ အရေးကြီးတာက ကိုယ့်ရွေးချယ်မှုအပေါ် တာဝန်ယူနိုင်ဖို့နဲ့ တခြားသူရဲ့ ရွေးချယ်မှုကိုလည်း အပြန်အလှန် လေးစားပေးနိုင်ဖို့လိုပါတယ်နော် Zie Academy ကတော့ မတူညီတဲ့ အမြင်တွေနဲ့ ဘဝရွေးချယ်မှုတွေကို သိရှိနားလည်ပြီး အပြန်အလှန် လေးစားတတ်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ရင်း International Childfree Day အကြောင်းကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ် ✨ Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #International_Childfree_Day #contentwriter_Naw_Hel #graphicdesign_Emilia #Zie_Academy #ZAE
видео или голосовое, без подписи
🤔"မြန်မာလို စာမရေးတတ်တော့တဲ့ မြန်မာလူငယ်တွေ..."🌱 👥ကျွန်တော်တို့တစ်တွေဟာ တိုးတက်ဖို့အတွက် အင်္ဂလိပ်စာ သင်ကြတယ်။ အလုပ်အတွက် ထိုင်းစာ၊ တရုတ်စာ၊ ဂျပန်စာ၊ ကိုးရီးယားစာ စသဖြင့် လေ့လာကြတယ်။⭐ 💁ဒါက မမှားပါဘူး၊ လိုလည်း လိုအပ်ပါတယ်။ 🧐ဒါပေမဲ့… ကိုယ့်မိခင်ဘာသာစကားကို တန်ဖိုးထားတဲ့စိတ်ကရော တဖြည်းဖြည်း လျော့နည်းလာနေပြီလား? 🤗ယနေ့ခေတ်မှာ လူငယ်တချို့ဟာ မြန်မာလို စာရှည်ရှည် ရေးဖို့ ဝန်လေးလာကြတယ်။ 📚မြန်မာစာအုပ် ဖတ်တဲ့အလေ့အကျင့် လျော့လာတယ်။🎭"ဒီနေ့ အလုပ်မှာ So stress ဖြစ်တာပဲ" ဆိုပြီး မြန်မာစကားပြောရင် အင်္ဂလိပ်စကားလုံး မပါရင် မပြည့်စုံတော့သလို ခံစားလာကြရတယ်။ မြန်မာစကားကို မြန်မာလိုနားလည်အောင်ပြောပြဖို့ ရှင်းပြဖို့ ခက်ခဲလာတယ်။🤓 ဒီထက်ဆိုးတာက မြန်မာစကားကို အင်္ဂလိပ် စာလုံးပေါင်း Zawgyi/Unicode မဟုတ်ဘဲ Myanglishနဲ့ 🫴“hok,kyay zuu , br ma ma lok buu “ စသဖြင့် ရေးလာခြင်းပါပဲ။👀 🫴ဒါဟာ အခြားဘာသာစကား သင်ယူတာကြောင့် မဟုတ်ပါဘူး။ ကိုယ့်ဘာသာစကားကို အသုံးပြုတဲ့ အချိန်နဲ့ လေးစားမှု လျော့နည်းလာတာကြောင့်ပါ။✋ 🫵ဘာသာစကားဆိုတာ… စကားလုံးတွေ စုထားတာ မဟုတ်ဘူး။ အဲ့ဒီထဲမှာ… 📜ယဉ်ကျေးမှုရှိတယ်။ 📜သမိုင်းရှိတယ်။ 📜အတွေးအခေါ်ရှိတယ်။ 📜လူမျိုးတစ်မျိုးရဲ့ ဖြစ်တည်မှုနဲ့ Identity ရှိတယ်။ 🌐နိုင်ငံခြားဘာသာစကားက ကမ္ဘာကြီးကို မီးမောင်းထိုးပြနေတဲ့ ပြတင်းပေါက်ဆိုရင်မိခင်ဘာသာစကားကတော့ ကိုယ့် ပင်စည်ရဲ့ အမြစ်ကို ထိန်းထားတဲ့ မြေဆီလွှာပါ။🪴 အမြစ်မခိုင်တဲ့ သစ်ပင်ဟာ မုန်တိုင်းတိုက်ရင် အလွယ်တကူ လဲကျနိုင်သလိုပဲ… မိခင်ဘာသာစကားကို လက်လွှတ်လိုက်တဲ့ လူမျိုးဟာလည်း ကိုယ့်ရဲ့ ယဉ်ကျေးမှုကို တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မယ်။🧑🦳 🧑🎓ဒီတော့… အင်္ဂလိပ်စာ သင်ပါ။ ကိုးရီးယားစာ၊ ထိုင်းစာ၊ တရုတ်စာ လေ့လာပါ။ ဒါပေမဲ့… တစ်နေ့ကို မြန်မာစာအုပ် ၁ စာမျက်နှာတော့ ဖတ်ပါ။ စာရေးရင် မြန်မာစာလုံးပေါင်း မှန်မှန်လေးနဲ့ ဂုဏ်ယူစွာ ရေးပါ။🧑🏫 👀ဒါနဲ့ Academies တို့ရော… နောက်ဆုံးဖတ်ဖြစ်ခဲ့တဲ့ မြန်မာစာအုပ်နာမည်လေးကို သတိရရင် Comment မှာ ရေးခဲ့ပါဦး! 🇲🇲 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd/ TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Mother_Language #contentwriter_Jim #graphicdesign_Emilia #Zie_Academy #ZAE
видео или голосовое, без подписи
✨ဒီနေ့လေးကတော့ အားလုံးသိကြတဲ့အတိုင်း ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဖြစ်ပါတယ်...🙏🏻 မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးအကြိမ် ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောကြားတော်မူခဲ့တဲ့ နေ့မြတ်ဖြစ်သလို၊ ဓမ္မအလင်းရောင် လောကကို စတင်ထွန်းလင်းခဲ့တဲ့ နေ့လေးလည်း ဖြစ်ပါတယ်။✨ ဒီလို မင်္ဂလာရှိတဲ့နေ့လေးမှာ ဘုရားတရားကို ကြည်ညိုသဒ္ဓါပွားရင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ကြပါစေ။ မေတ္တာတရားတွေ ပေါများလာပြီး လောဘ၊ ဒေါသနဲ့ စိတ်ပူပန်မှုတွေ လျော့ပါးကာ အေးချမ်းမှုတွေ တိုးပွားကြပါစေ။🍃 ပြုသမျှ ကုသိုလ်ကောင်းမှုတွေဟာ ကိုယ်တိုင်အတွက်သာမက မိဘ၊ ဆရာသမား၊ မိသားစုနဲ့ ချစ်ခင်ရသူတွေအတွက်လည်း ရရှိပါစေ။ လုပ်သမျှအရာတိုင်း အဆင်ပြေချောမွေ့ပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကာ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ။☘ ဒီဓမ္မစကြာနေ့ကစပြီး ကိုယ့်ဘဝကို တရားဓမ္မရဲ့အလင်းရောင်နဲ့ လမ်းညွှန်နိုင်တဲ့ နေ့သစ်တစ်နေ့ ဖြစ်ပါစေလို့ ZIE Academy ကနေ ဆုတောင်း ပေးလိုက်ရပါတယ်ရှင်......🤍 သာဓု… သာဓု… သာဓု…🙏🏻 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Warso_Full_Moon_Day #contentwriter_Yadanar #graphicdesign_Chan #Zie_Academy #ZAE
видео или голосовое, без подписи
"စာတစ်ပိုဒ်တည်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်လို့ ရနိုင်မလား? 🎙️" 🌍ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိပြီး အသံပေါင်း မြောက်မြားစွာ ထွက်ပေါ်နေပေမဲ့... ငြိမ်းချမ်းရေးဆိုတာကြီးကတော့ ခပ်ဝေးဝေးမှာပဲ ရှိနေကြတုန်းပါပဲ.....😞 🤫ဒါပေမဲ့ နှစ်စဉ် ဇူလိုင်လ ၂၆ ရက်နေ့ ရောက်တိုင်းမှာတော့ 📅ကမ္ဘာကြီးရဲ့ ဆူညံသံတွေ ခဏငြိမ်သက်သွားပြီး ကမ္ဘာတစ်လွှားမှာ အသံတစ်သံတည်း ပဲ့တင်ထပ်သွားလေ့ရှိပါတယ်။ 🤔 🗣️အကြောင်းကတော့ Global One Voice Day 🎙️ လို့ခေါ်တဲ့ နေ့လေးကြောင့် ဖြစ်ပါတယ်။🌐 နေ့အခေါ်အဝေါ်လေးက ဆန်းသလို နောက်ကွယ်က သမိုင်းကြောင်းကလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ 📖 ၁၉၉၆ ခုနှစ်တုန်းက 📜 ကုလသမဂ္ဂ အရာရှိဟောင်းတစ်ဦးဖြစ်သူ Robert Muller က 🤝ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအကုန်လုံး အမုန်းတရားတွေ ၊ မတူကွဲပြားမှုတွေကို ခဏဘေးဖယ်ပြီး ငြိမ်းချမ်းရေးအတွက် 🕊️ အသံတစ်သံတည်း ပိုင်ဆိုင်ကြည့်ကြရင် ဘာဖြစ်မလဲဆိုတဲ့ စိတ်ကူးလေးနဲ့ ဒီလှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။💡 အဲဒီနောက်ပိုင်းမှာတော့ နှစ်စဉ် ဇူလိုင် ၂၆ ရက် 📅၊ ဂရင်းနစ်စံတော်ချိန် မွန်းတည့် ၁၂ နာရီ ⏰ ရောက်တိုင်း ကမ္ဘာ့နေရာအသီးသီးက လူတွေဟာ 👥ကုလသမဂ္ဂရဲ့ "လူ့အခွင့်အရေး အထွေထွေကြေညာစာတမ်း" 📜 ကိုတစ်ချိန်တည်း၊ အသံထွက်ပြီး ပြိုင်တူဖတ်ရှုကြတဲ့ လှပတဲ့ အစဉ်အလာလေးတစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ One Voice Day ရဲ့ ကျွန်တော်တို့ကို အဓိကပေးချင်တဲ့ Message ကတော့ 💁ကျွန်တော်တို့အချင်းချင်း စည်းလုံးဖို့ လူတိုင်း တစ်ပုံစံတည်း ဖြစ်နေစရာ မလိုပါဘူး။ 😊ယဉ်ကျေးမှု ၊ ဘာသာစကား နဲ့ ခံယူချက်တွေ မတူညီနိုင်ပေမဲ့ လူသားဆန်မှု ❤️၊ ငြိမ်းချမ်းရေး 🕊️ နဲ့ တန်းတူညီမျှမှု ⚖️ ဆိုတဲ့ နေရာမှာတော့ကျွန်တော်တို့အားလုံးရဲ့ အသံတွေ တစ်သံတည်း ညီညွတ်နေဖို့ လိုပါတယ်။ 🎙️ 💁ကြယ်တစ်ပွင့်တည်းနဲ့ ⭐ ညကောင်းကင်ကြီးကို မလင်းစေနိုင်ပေမဲ့ ကြယ်တွေအကုန်လုံး စုဆုံလင်းလက်လိုက်တဲ့အခါ မှောင်မဲနေတဲ့ ကောင်းကင်ကြီးတစ်ခုလုံး သာယာသွားသလိုပါပဲ။🌌 တစ်ယောက်ချင်းစီရဲ့ အသံမှာလည်း ကမ္ဘာကြီးကို ပိုမိုလှပလာအောင် 🌍ဖန်တီးနိုင်တဲ့ စွမ်းအားတစ်ခုစီ ရှိနေပါတယ်။ ✨ 🩵ဒါကြောင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အသံတွေဟာ အရေးပါတယ်ဆိုတာကို သတိထားမိစေဖို့ ZIE Academy ကနေ Global One Voice Day လေးကို sharing လုပ်ပေးလိုက်ရပါတယ်ရှင်။ 🕊️ Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd/ TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #Global_One_Voice_Day #contentwriter_Yadanar #graphicdesign_Chaw #Zie_Academy #ZAE
видео или голосовое, без подписи
🧘 International Self-Care Day🧘 😇 "ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်" ဆိုတာ အားတဲ့အချိန်မှာပဲလုပ်ရမယ်ဆိုတာထက် ⏰ နေ့စဉ် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် (24/7) အမြဲကျင့်သုံးသင့်တဲ့ လူနေမှုအလေ့အထတစ်ခုပဲဖြစ်ပါတယ်။💁 ဒါကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ကို International Self-Care Day အဖြစ် သတ်မှတ်ခဲ့ပါတယ်။🎗️ 🌐International Self-Care Federation (ISF) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Self-care ဆိုတာ " မိမိရဲ့ကျန်းမာရေးအခြေအနေကို သိရှိနားလည်ပြီး မိမိကိုယ်တိုင် တာဝန်ယူစောင့်ရှောက်တာ ဖြစ်သလို လိုအပ်တဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း ပါဝင်ပါတယ်" လို့ဖော်ပြထားပါတယ်။🌟 🤓ဒီလိုမျိုးသိရှိဖို့ဆိုရင် self-care ရဲ့အရေးပါတဲ့အစိတ်အပိုင်းလေးတွေကိုလည်း သိထားဖို့လိုပါလိမ့်မယ်။✨ ဒါကြောင့် 💚 Self-care ကို အခြေခံတည်ဆောက်ပေးတဲ့ အရေးကြီးဆုံးမဏ္ဍိုင် ၇ ခု (Seven Pillars of Self-Care)ကို🧩 academies လေးတို့အတွက် ဗဟုသုတအနေနဲ့မျှဝေလိုက်ပါတယ်ဗျ👼 ၁။ Health Literacy (ကျန်းမာရေးဗဟုသုတရှိ အောင်လုပ်တာ) ၂။ Self-awareness (မိမိကိုယ်ကို သိရှိနားလည်တာ) ၃။ Physical Activity (ကိုယ်လက်လှုပ်ရှားမှုရှိတာ) ၄။ Healthy Eating (ကျန်းမာရေးနှင့်ညီညွတ်တဲ့စားသောက်မှုပုံစံရှိတာ) ၅။ Risk Avoidance or Mitigation (ကျန်းမာရေးကိုထိခိုက်စေနိုင်မယ့်အန္တရာယ်တွေကို လျှော့ချတာ) ၆။ Good Hygiene (မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းအောင်နေတာ) ၇။ Optimal Use of Products and Services (ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးများကို မှန်ကန်စွာ အသုံးပြုတာ) 💁စတဲ့ အချက် (၇)ချက်က self-care ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်ပါတယ်။🧩 🌱တစ်နည်းအားဖြင့် Self-care ဆိုတာ ကိုယ့်ကိုယ်ကို ဦးစားပေးတာအပြင် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်တာဆိုလည်းမမှားပါဖူး။ 🌸 💚 ဒါကြောင့် International Self-Care Day မှာ မိမိကိုယ်ကို ဂရုစိုက်ဖို့ အချိန်ပေးပြီး "Self-care is not selfish. It's essential." ဆိုတဲ့ အယူအဆကို နေ့စဉ်ဘဝထဲမှာ လက်တွေ့ကျင့်သုံးကြရအောင်ပါဗျ။🤓 Telegram Channel link https://t.me/ZIEACADEMY Facebook Page Link https://www.facebook.com/share/14YGGmsYjd/ TikTok Account Link https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1 #International_Self_Care_Day #contentwriter_Louis #graphicdesign_Chaw #Zie_Academy #ZAE
видео или голосовое, без подписи