tgindex
Dreyo ပညာပေးစာတိုကောင်းများ

Dreyo ပညာပေးစာတိုကောင်းများ

Статистика

လူကြီး/လူငယ်များအတွက် ရသမျိုးစုံ ကဗျာကောင်းများအား ကဗျာပျိုးခင်းမှနေ့စဉ် တင်ဆက်ပေးလျှက်ရှိပါသည်။ Joinထားပေးပါအုံးဗျာ... Sub 2.1k ပြည့်ပါချင်တယ် ဝင်ပြီးရင်လဲ ပြန်မထွက်ကြပါနဲ့အုံး ။

Последний пост
6 сент. 2025 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
1 072
−5 за 3 дн.
Сутки
−3
−0,28%
Неделя
 
Месяц
 
Просмотров на пост
1 040
20 постов
Вовлечённость
97,0%
к подписчикам
Постов в день
0,0
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ခု Channelက owner deleat accဖြစ်သွားပါတယ်ဗျာ💔

  • ပြန်တွေ့ရင်ပြုံးပြနိုင်အောင် သေချာလေ့ကျင့်ထားပေမယ့် ဘယ်တော့မှ မတွေ့တော့ဘူး အကွာအဝေးဟာ ပါရမီကောင်းလွန်းတယ်။ -တေးခက် [ဝေး-၁၃]

  • "နှင်းဆီဆူး" မင်းဟာ လှပတဲ့ နှင်းဆီတစ်ပွင့် ငါက ကြမ်းတမ်းတဲ့ ဆူး မင်းစိတ်ကြိုက် လှပါ ပွင့်ပါ ကမ္ဘာကြီးကို မင်းဘယ်လောက်လှကြောင်း ဝင့်ကြွားပါ၊ မင်းကို ထိခိုက်လာမဲ့ အန္တာရာယ်တွေကို ငါအစွမ်းကုန်ကာကွယ်မယ်၊ ငါဟာ မင်းအတွက် ကြမ်းတမ်းတဲ့ ဆူး... နှင်းဆီဆူး။ -အင်ပေါ်စေပယ်

  • နွေတို့ မိုးတို့ ဆောင်းတို့တောင် သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ ငါ့မှာတော့ မင်းတစ်ယောက်တည်း တစ်နှစ်ပြီးတစ်နှစ် ။ •အောင်ခိုင်မြတ်•

  • သူစိတ်ညစ်တဲ့အကြောင်း ကြားတဲ့အခါ ကိုယ်ပါ စိတ်မောရပြီး သူ့ရယ်သံတွေကို ကြားရတဲ့အခါ ကိုယ်ပါ လိုက်ပြုံးမိတာဟာ ချစ်ခြင်းမေတ္တာပဲ။ - လင်းညီ

  • မင်းတို့ပြောတော့ သူပျော်ရင် ငါပျော်နေရတာနဲ့ ထက်တူပါပဲဆို ဟိုကောင်သူ့ပါးလေးကိုနမ်းတော့ မင်းကဘာလို့မျက်ရည်ကျရတာလဲ.. -ခန့်

  • ဒီနေ့လည်း ပြဿဒါးပဲနဲ့ တူတယ်      "မချစ်နိုင်ပါဘူးတဲ့" ကိုယ့်အလွမ်းကို ထမ်းပြီးပြန်ခဲ့ပါတယ် ။ -ဟန်ချင်း

  • ချစ်တာကို ချစ်တယ်လို့ ပြောခဲ့ပါတယ် ဘာကိုမှမတွေး သိက္ခာတရားတွေလည်း မတွေး  အခြားသော တိုင်းတာချက်များလည်း မတွေးပါ ။ မြကျေး အေးချမ်းခြင်းတစ်နေရာ

  • ချစ်ခြင်းမေတ္တာလို့  အသံကြားရင် အရင်လို မပြုံးချင်တော့ဘူး။ အသွားသာရှိပေမဲ့ အပြန်ဟာရှိမနေခဲ့ရင် စွဲလမ်းမှုနဲ့  ဆက်တွယ်ကပ်နေခဲ့ရင် ဝဋ်ကြွေးဆပ်ရတယ်လို့ သဘောထားရပါလိမ့်မယ်။ ကမ္ဘာဟာ ပုံမှန်လည်ပတ်နေတယ်။ အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးနေတယ်။ မင်းကိုမြတ်နိုးစွာနဲ့  ဆွေးတမြေ့မြေ့ကပ်တွယ်ရင်း ဝဋ်ကြွေးကျေခဲ့ရင် ချစ်နိုင်ကောင်းပါရဲ့။ __ ရွက်လွှာ

  • ဟေ့လူ သေမလို့လားတဲ့ မဟုတ်ပါဘူး လေး၊ငါး၊ခြောက်မိနစ် ကိုးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ် ခေတ်ကြီးနဲ့ဝေးသွားသလို အိပ်ချင်လို့ပါ ။ - အောင်ချိမ့်

  • တစ်ယောက်ယောက်ကိုမေ့ပစ်ဖို့အတွက် ဖြတ်လမ်းဆိုတာ မရှိပါဘူး သူ့အလိုလိုမေ့သွားတဲ့ တစ်နေ့နေ့ဆိုတာတော့ ရှိလိမ့်မယ်။ အဲ့ဒီမတိုင်ခင်ထိတော့ (ကျနော်တို့မှာ) နေ့တိုင်းသတိရနေရတာပါပဲ ။ -မိုးနေ့

  • နောင်တစ်ချိန်တစ်ခါ သို့မဟုတ်အကြိမ်ကြိမ်အခါခါ ကျွန်တော့်ကိုငြင်းပယ်နိုင်သည် သို့သော် မင်းကိုငါ ချစ်တယ် 🌻🤍 -အောင်ချိမ့်

  • မင်းဟာ တောက်ပတဲ့ နေရောင်ဆို ငါ့တစ်ဘဝလုံး အမှောင်ဖုံးသွားတဲ့ထိ မင်းကို ငေးကြည့်နေမိမယ် ထင်တယ်။ -အင်ပေါ်စေပယ်

  • အာဏာရှင်ဟာ အာဏာရှင်ဆန်ဆန် ကဗျာဆရာဟာ ကဗျာဆန်ဆန် တစ်ဖတ်က ကမ္ဘာကြီးကိုဖျတ်စီးနေစဉ် တစ်ဖတ်က ကမ္ဘာကြီးကို ပြုပြင်ပေးနေတယ်။ နေညို။။။ -ဘီလူးဆိုင်းနဲ့ပူဇော်ခြင်း

  • ✔     "မုတမပါ လင်္ကာမချော”      .    ================== “မုသားမပါ လင်္ကာမချော” မဟုတ်ပါ၊ “မုတမပါ လင်္ကာမချော” ဖြစ်ပါသည်၊ ပဉ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်၊ ဘုရား အလောင်းတော်သည် ပါရမီဖြည့်ကာလတစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်၊ အခြားသိက္ခာပုဒ်များ ချိုးဖျက်မိသော်လဲ မုသာဝါကို မချိုးဖောက်ကြောင်းသိရသည်၊ ( ဖြည့်စွက် ~ သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့် ) ဒီကနေ့ မြန်မာစကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ “မုသား မပါလင်္ကာမချော” ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်၊ ပဉ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်၊ အမှန်မှာ၊ “မုသား မပါ လင်္ကာ မချော”မဟုတ်ပဲ၊ “မုတမပါ လင်္ကာမချော” ဖြစ်သည်၊ လူတိုင်း အာရုံ ခြောက်ပါးရှိသည်၊ ၁။ မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည်၊ ၂။ ကြားခြင်းကို "သုတ" ခေါ်သည်၊ ၃။ ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊      သိရှိခြင်းကို "မုတ" ဆိုသည်၊ မြင်ကာမျှဖြင့် စာဖွဲ့ပါလျင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညော နိုင်ပါ၊ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊ သိရှိပြီးမှ ရေးသားလျှင် သို့မဟုတ် ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြောက်သည်ဟု ပြောရမည်၊ စကားပြေပြစ်သည်၊ ❌“မုသားမပါ လင်္ကာမချော” မဟုတ်ပါ၊ ✔“မုတမပါ လင်္ကာမချော” ဖြစ်ပါသည်။ Copy from > V Nandaw Batha -acc

  • ကိန္နရီ ကိန္နရာဇာတ် ကိုယ်ဖတ်ဖူးတယ် တစ်ညတာဝေးရတာကို နှစ်ပေါင်း ၇၀၀ ဆွေးရတယ်တဲ့ ကိုယ်တို့လို တစ်ဘဝစာ ဝေးရင် သူတို့ဘယ်လိုနေကြမလဲ။💔 - Crd

  • ရည်းစားထားမလား နာရီဝယ်ပတ်မလားဆို နာရီပဲ ဝယ်ပတ်လိုက်တယ်" အပြောင်းအလဲမြန်တာခြင်း အတူတူ နာရီက အချိန်မှန်တယ်။ - အကြည်တော်

  • ဝေးကွာခြင်းတွေဟာ ငြင်းဆန်ခွင့်မရှိတော့လည်း တင်းခံကြည့်ယုံပေါ့။ - တာရာညို

  • မင်းမှာ ရွေးချယ်ရခက်ရင် ဒီလိုတွေးကွာ။ ဥပမာ-ငါရယ် အဲ့ဒီကောင်ရယ် ရေနစ်နေတယ်၊ နှစ်ယောက်စလုံးက ရေမကူးတတ်ဘူး၊ မင်းမှာ ရွေးချယ်ခွင့်ရှိတာက တစ်ယောက်ကိုကယ်ရင် တစ်ယောက်သေမယ်၊ မင်းဘယ်သူ့ကိုကယ်မလဲ၊ ငါသေတယ်ပေါ့ကွာ။ -ဘုန်းပြည့်စုံမင်း

  • မင်းကြောင့်ပွင့်လန်းခဲ့ရပြီး မင်းက ပဲ ကြွေနွမ်းစေခဲ့တဲ့ လက်ပံ ပါ နွေ။ ပွင့်လန်းစေခဲ့ ပြီး မှ ဘာလို့များ ကြွေနွမ်းစေတာလဲ နွေရယ်. . .။ - လူကြီး(ဦးနိုင်)