tgindex
Action Lover Myanmar

For Ads and Movie Request - @kaungkhantisforyou💌

Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
2
Всего постов
20
Тип
открытый
Язык
my
Категория
Видео
В каталоге с
15 авг.
Подписчики
1 625
−6 за 3 дн.
Сутки
−1
−0,06%
Неделя
—
 
Месяц
—
 
Просмотров на пост
211
20 постов
Вовлечённость
13,0%
к подписчикам
Постов в день
0,3
всогО 20
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
42
1/48двое суток
48
1/72трое суток
51

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • The Iso...late Thi...ef (2026) ဒါရိုက်တာ John Suits က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Mackenzie Foy, Sean Bean, Odeya Rush, Jack Kesy နဲ့ Ty Simpkins တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလရဲ့အလွန်အမင်း အေးစက်လှတဲ့ဆောင်းရာသီ ရာသီဥတုကြီးထဲမှာ Ada ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သီးခြားခွဲထွက်နေတဲ့ ပြည်ထောင်စု တပ်မတော် စခန်းတစ်ခုမှာ တစ်ယောက်တည်းစခန်းစောင့်အဖြစ် နေထိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးယူခံထားရတဲ့ ရွှေအမြောက်အမြားဟာ သူမရဲ့စခန်းဆီ မတော်တဆ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းတစ်စုဟာ သူမ နေထိုင်ရာ စခန်းကို သိမ်းပိုက်လိုက်ကြပါတော့တယ်။ အကူအညီမဲ့နေတဲ့ ခါးသီးလှတဲ့ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada ဟာ သူ့ဆီရောက်နေတဲ့ ရွှေတွေကို ဓားပြတွေ မသိအောင် ဝှက်ထားရင်း၊ တစ်ချက်မှားတာနဲ့ အသက်ဘေးကြုံနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကြားထဲကနေ ဉာဏ်ဆင်ပြီး ယှဉ်ပြိုင်တိုက်ခိုက်သွားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပါ။ https://t.me/kmovie_mm_sub/613

  • Ga...yong 2 (2026) အဆက်ထွက်တဲ့ကားဆိုတော့ ပထမပိုင်းတုန်းက ဆရာကြီး Meor ရဲ့ သိုင်းပညာနဲ့ အကြမ်းပတမ်း ဖြတ်သန်းမှုတွေကို မြင်တွေ့ခဲ့ရပြီးပြီဆိုရင် ဒီတစ်ခေါက် ဒုတိယပိုင်းမှာ ပိုမိုက်တဲ့ အက်ရှင်တွေ၊ ပိုကြီးမားတဲ့ ပဋိပက္ခတွေနဲ့ ပြန်လာတာပါ။ ဒါရိုက်တာ Faisal Ishakး က ရိုက်ကူးပေးထားပြီး မင်းသား Beto Kusyairy၊ မင်းသမီး Nabila Huda နဲ့ Mohd Syafie Naswip တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။ မလာယာကို ဂျပန်တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ကာလမှာ ဇာတ်လိုက် မီအိုဟာ စင်ကာပူက Special Branch ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ ပြဿနာက အဲဒီအချိန်မှာ အကျင့်ပျက်ခြစားနေတဲ့ အရာရှိတွေရဲ့ အကာအကွယ်နဲ့ ဘိန်းလုပ်ငန်းတွေကို ကြီးစိုးနေတဲ့ တရုတ် လူမိုက်ဂိုဏ်းတွေ ခြယ်လှယ်နေတဲ့ အချိန်ဖြစ်နေတာပါ။ တရားဥပဒေကို မျက်ကွယ်ပြုပြီး ခြစားမှုတွေ၊ မတရားမှုတွေ ကြီးစိုးနေတဲ့ ဒီလိုအချိန်မှာ ရဲအရာရှိ မီအိုတစ်ယောက် ဒီခွန်အားကြီးမားတဲ့ လူမိုက်ဂိုဏ်းတွေကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်မလဲ။ အကျင့်ပျက် အရာရှိတွေရဲ့ ဖိအားတွေကြားကနေ အမှန်တရားအတွက် သူ့ရဲ့ သိုင်းပညာနဲ့ ဘယ်လို တိုက်ပွဲဝင်မလဲ ဆိုတာ.. https://t.me/kmovie_mm_sub/610

  • Wan....ted (2026) မင်းသားကြီး Shin Hyun-Joon, ဟာသသရုပ်ဆောင် Kim Byung-man, မင်းသမီး Bae Woo-Hee နဲ့ Twelve ထဲမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ထိုင်ဝမ်မင်းသမီးချောလေး Regina Lei တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ စာပို့သမား ရှင်းဟျွန်းဂျွန်း (Shin Hyun-Joon) နဲ့ ဝရမ်းပြေး ချွဲချောဂူ (Shin Hyun-Joon) တို့ဟာ သွေးသားမတော်စပ်ပေမဲ့လည်း အံ့ဩစရာကောင်းလောက်အောင်ကို ရုပ်ချင်း တစ်ပုံစံတည်း ဆင်တူနေကြသူတွေပါ။ ဒါကြောင့် ဟျွန်းဂျွန်းလည်း အမြဲတမ်း ဝရမ်းပြေးလို့ အထင်မှားခံနေရပြီး သူ့ရဲ့ နေ့စဉ်ဘဝက ကမောက်ကမတွေ ဖြစ်ကုန်တော့တာပေါ့။ တစ်ဖက်မှာ ချွဲချောဂူကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေကလည်း ဟျွန်းဂျွန်းကြောင့် စုံစမ်းစစ်ဆေးမှုတွေ ရှုပ်ထွေးကုန်ပြီး ဟျွန်းဂျွန်းကို ပူးပေါင်းစုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ ချွဲချောဂူကို ခြေရာခံလိုက်ရင်းကနေ ထိုင်ဝမ်အထိ ရောက်ရှိသွားပြီး ဒီအမှုထဲ ချောဂူရဲ့ရည်းစားဟောင်း ယန်ဖေး (Regina Lei) ပါ ပါဝင်ပတ်သက်လာတဲ့အခါ... အလွဲပေါင်းများနဲ့ ရယ်နေရမှာမို့လို့ စိတ်အပန်းပြေရအောင် အခုပဲ ကြည့်လိုက်ကြပါတော့နော်။ https://t.me/kmovie_mm_sub/608

  • Opera...tion D...rug War (2026) မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဖြိုခွင်းဖို့ လျှို့ဝှက်စစ်ဆင်ရေးဝင်တဲ့ အထူးရဲတပ်ဖွဲ့ဟာ သွေးထွက်သံယို တိုက်ပွဲတွေနဲ့ သစ္စာဖောက်မှုတွေကြားမှာ အသက်အန္တရာယ်ကို ရင်ဆိုင်ကြရပါတယ်။ ရန်သူက အင်အားကြီးလာတာနဲ့အမျှ မစ်ရှင်ဟာ ထင်ထားတာထက် ပိုမိုအန္တရာယ်များလာပါတယ်။ အက်ရှင်၊ သေနတ်ပစ်ခတ်မှုနဲ့ အရှိန်အဟုန်မြင့် လိုက်ဖမ်းခန်းတွေ ပြည့်နှက်နေပြီး၊ တရားမျှတမှုအတွက် အသက်ကိုတောင် စတေးရမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ Crime Action ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ https://t.me/kmovie_mm_sub/606

  • Detec...tive Chen...2 (2026) တရုတ်ရုပ်ရှင်လောကရဲ့နာမည်ကြီး အက်ရှင်မင်းသားချော Ashton Chen နဲ့ မင်းသားကြီး Liu Tianzu တို့ ပါဝင်ထားတဲ့အက်ရှင် ရုပ်ရှင်ကားကြီး ပြည်သူ့သမ္မတခေတ်ရဲ့ရန်ပွဲတွေနဲ့ ရှုပ်ထွေးလှတဲ့ ရှန်ဟိုင်းမြို့တော်ကြီး တစ်နေ့မှာတော့ မြို့တော်ရဲ့ သြဇာအရှိဆုံး Green Gang ဂိုဏ်းချုပ်ကြီး လုပ်ကြံခံရတဲ့ အမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ မတရားတာကို မြင်ရင် ဝင်ကူညီတတ်ပြီး သူရဲကောင်းဆန်လှတဲ့ သိုင်းပညာရှင် Chen Hu ဟာ နောက်ကွယ်က လူတွေရဲ့ အကွက်ချခြင်းကို ခံလိုက်ရပြီး မတရား စွပ်စွဲချက်တွေနဲ့အတူ သေဒဏ်ကျခံရမယ့် ငရဲခန်းထောင်ကြီးထဲကို ဓားစာခံအဖြစ် ပို့ဆောင်ခြင်း ခံလိုက်ရပါတော့တယ် သေတွင်းထဲကနေ Chen Hu ဟာ ရှင်သန်ခွင့်ရဖို့အတွက် အသက်နဲ့လဲပြီး ထောင်ဖောက်ခဲ့ပြီး ထောင်ပြင်ပကို ရောက်ရှိသွားတဲ့အခါမှာတော့ သူဟာ အမှုမှန်ကို ဖော်ထုတ်ဖို့အတွက် ရန်သူတွေရဲ့အခြေစိုက်စခန်းဖြစ်တဲ့ ဂျပန် ကျောင်းတော်ကြီးထဲကို လျှို့ဝှက်ထောက်လှမ်းရေးအဖြစ် အသွင်ပြောင်းဝင်ရောက်ခဲ့ပါတော့တယ် ထောင်တွင်း ပိတ်ဆို့ထားတဲ့ အခန်းထဲကနေ လူပျောက်ဆုံးသွားတဲ့ လျှို့ဝှက်ချက်ကနေ စလို့ နောက်ကွယ်ကပဟေဠိတွေဟာ တောက်လျှောက် ပေါ်ထွက်လာခဲ့ပါတယ်။ https://t.me/kmovie_mm_sub/605

  • The Gentle....man Thief (2026) ဂန္တဝင်ကားတွေနဲ့ လူသိများတဲ့ မင်းသားကြီး John Travolta ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားတဲ့ Action/Heist ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ Masterpiece ကြီးလို့တော့ မဆိုလိုပေမဲ့ မင်းသားကြီးရဲ့ Aura တွေ၊ Swag အပြည့်နဲ့ အက်ရှင်ခန်းတွေကို အပျင်းပြေ အချိန်ဖြုန်းရင်း ရှုစားချင်တယ်ဆိုရင်တော့ ကွက်တိပါပဲ။ အဆင့်မြင့် လုံခြုံရေးအထပ်ထပ် ချထားတဲ့ နေရာတွေကိုတောင် ဘာမှမဖြစ်သလို အေးဆေးဖောက်ထွင်းတတ်တဲ့ သူ့ဘဝမှာ စောရဘဝက အနားယူပြီဆိုပြီး တစ်ကိုယ်တော် ဂေါက်လေးရိုက်ရင်း ဖြတ်သန်းနေရာကနေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခု ကြုံလာရတဲ့အခါ… လွယ်မယ်ထင်ခဲ့တဲ့ မစ်ရှင်တစ်ခုကနေ အလွဲလွဲအချော်ချော်တွေ ဖြစ်လာပြီး ရဲတွေက တစ်ဖက်၊ တခြားဂိုဏ်းတွေက တစ်ဖက် သူ့ကို ဝိုင်းဝန်းပိတ်ဆို ဖမ်းဆီးလာကြပါတော့တယ်။ ဇိမ်ခံသင်္ဘောကြီးတွေပေါ်က ပေါက်ကွဲမှုတွေ၊ ပစ်ခတ်ခန်းတွေနဲ့အတူ ဘိုးတော်ကြီး John Travolta ဘယ်လိုတွေ သေနတ်ပစ်ခတ် ကြမ်းပြသွားမလဲဆိုတာကို အပျင်းပြေ ခံစားကြည့်လိုက်ကြပါဦးဗျာ။ https://t.me/kmovie_mm_sub/604

  • Win...ter Battle...ground (2026) ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ UFC ဖိုက်တာဟောင်း Action မင်းသား Donald "Cowboy" Cerrone က အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားတာပါ။ အနာဂတ်ကမ္ဘာကြီးမှာ AI တွေက လူသားတွေအပေါ် ကြီးစိုးချယ်လှယ်တဲ့ စနစ်ဆိုးကြီးတစ်ခု အမြစ်တွယ်နေပါပြီ။ ဒီလို အမှောင်ကျနေတဲ့ ကမ္ဘာကြီးမှာ စနစ်ကိုတော်လှန်တဲ့ စစ်သားဟောင်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့တောနက်ကြီးထဲမှာ ပုန်းအောင်းနေထိုင်နေပါတယ်။ သူကတော့ ဒီကမ္ဘာပေါ်မှာ AI ရဲ့ ထိန်းချုပ်မှုအောက်ကနေကင်းလွတ်နေတဲ့ နောက်ဆုံးကျန်ရစ်တဲ့လွတ်လပ်သူပေါ့။ ဒါပေမဲ့ ငြိမ်သက်နေတဲ့ တောအုပ်လေးထဲကို AI အစိုးရက စေလွှတ်လိုက်တဲ့ အထူးလေ့ကျင့်ထားတဲ့ လူသတ်သမား Elite Assassins တွေ ရောက်လာတဲ့အခါမှာတော့… သူတစ်ယောက်တည်း အင်အားအများကြီးနဲ့ ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ လူသတ်သမား‌ေတွကို ဘယ်လို ရင်ဆိုင်မလဲ။ Plot က ရိုးရှင်းပေမဲ့ တောထဲက Survival အကွက်တွေ၊ သေနတ်ပစ်ခန်းတွေနဲ့ Donald Cerrone ရဲ့ အကြမ်းပတမ်း ဖိုက်တင်ခန်းတွေကို အသားပေးရိုက်ကူးထားတာမို့ Action, Thriller, War ကားတွေ ကြိုက်ရင်တော့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦး။ https://t.me/kmovie_mm_sub/602

  • IP Man: The Ku...ng Fu Le...gend (2026) ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြီး အခြေချခါစ သိုင်းခန်းမစဖွင့်ဖို့ကြိုးစားနေတဲ့အချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျင့်ဝတ်မရှိတဲ့အနောက်တိုင်းကုန်သည်တစ်ယောက်က အနောက်တိုင်းလက်ဝှေ့ရုံဖွင့်ဖို့အတွက် ဒေသခံသိုင်းသင်တန်းကျောင်းတွေ ဆိပ်ကမ်းတွေကို အတင်းအဓမ္မသိမ်းယူဖို့ ကြိုးစားနေပါတယ်။ အနိုင်ကျင့်ခံရတဲ့ ဒေသခံအလုပ်သမားတွေနဲ့ သိုင်းဆရာကြီးတွေဘက်ကနေပြီး ယဲ့ဝမ့်က မတရားမှုကိုအပြင်းအထန်ရင်ဆိုင်ကာကွယ်ပေးခဲ့တာကြောင့် အနောက်တိုင်းအတွက်ယဲ့ဝမ့်ဟာ ပစ်မှတ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုနဲ့ မတရားထောင်ချောက်ဆင်ပြီး စွပ်စွဲပြီးထောင်ချလိုက်ပါတယ်။ ထောင်နံရံရဲ့နောက်ကွယ်မှာ မြေအောက်ဂိုဏ်းကစေလွှတ်တဲ့ ကြေးစားလူသတ်သမားတွေရဲ့ အန္တရာယ်အမျိုးမျိုးကိုပါ ယဲ့ဝမ့်ဟာ ရင်ဆိုင်လာရပါတယ်။ သိုင်းအဖွဲ့သားတွေရဲ့စည်းလုံးမှုနဲ့အတူ ယဲ့ဝမ့်ရဲ့ယုံချွင်းလက်သီးသိုင်းပညာနဲ့ အနောက်တိုင်းသားကိုပြန်လှန်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ https://t.me/kmovie_mm_sub/599

  • Bor...der Li...ne ( 2026 ) အဓိကကတော့ အထက်ကလူတွေအနေနဲ့ လိုချင်တာရလို့ ဘယ်လိုတွေကြိုးကိုင်ပြီး နောက်ကွယ်မှာဘယ်လို အကွက်တွေရွှေ့လဲဆိုတာကို ရိုက်ပြထားပါတယ်။ မက္ကဆီကိုမှာနေတဲ့ ဒီရေဂိုဟာ ဆေးကျောင်းသားဖြစ်ပြီး ဝမ်းကွဲအိမ်မှာ နေနေတုန်း ဖမ်းခေါ်ခံလိုက်ရပြီး နိုးလာချိန်မှာတော့ အမေရိကဒီစီမှာ နောက်ဖေးလမ်းကြားလေးမှာ နိုးလာပါတယ်။ ဖုန်းရောပိုက်ဆံအိတ်ရော ဘာမှမရှိတော့ဘဲ ကားလိုင်စင်တစ်ခုနဲ့ သေနတ်တစ်လက်သာ လက်ဝယ်ရှိနေတဲ့အခါမှာတော့ ဒီရေဂိုလည်း ဘာလုပ်ဘာကိုင်ရမှန်းမသိဘဲ ကြောင်ပျောက်ပါတော့တယ်။ တစ်ဘက်မှာကလည်း သူနဲ့တူတူဖမ်းခံရတဲ့ ဝမ်းကွဲကလည်း အမေရိကကို မသိဘဲရောက်လာပေမဲ့ နဂိုကတည်းက လူဆိုးဖြစ်နေတဲ့အခါ သေနတ်ပါရတဲ့အချိန်မှာတော့ မျောက်အုန်းသီးရသလို အမေရိကမှာ သောင်းကျန်းပါတော့တယ်။ ဒီရေဂိုတစ်ယောက် ဘာဆက်လုပ်ရမလဲမသိ လမ်းပျောက်နေတုန်း မလီနာဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး အကူညီရဖို့ဖြစ်လာတဲ့အခါ.... ​ဒီရေဂိုတစ်ယောက် ဘာဆက်ဖြစ်မလဲ ဘာဖြစ်လို့ အမေရိကကို ဖမ်းခေါ်ခံရပြီး ရောက်လာလဲ။ ဘယ်သူက သူ့ကိုဒီနေရာခေါ်လာလဲ ဒီကိုရောက်နေရတဲ့ ရည်ရွယ်ချက်အစစ်မှန်ကရော ဘာဖြစ်မလဲဆိုတာကတော့... https://t.me/kmovie_mm_sub/592

  • Super....girl (2026) မင်းသမီးချောလေး Milly Alcock ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ I, Tonya နဲ့ Cruella တို့လို ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့တဲ့ Craig Gillespie က တာဝန်ယူ ပုံဖော်ပေးထားတာပါ။ ကျွန်တော်တို့ သိထားတဲ့ ကမ္ဘာမြေပေါ်ကို ကလေးဘဝတည်းက ရောက်လာပြီး မေတ္တာတရားတွေနဲ့ နွေးနွေးထွေးထွေး ကြီးပြင်းလာခဲ့ရတဲ့ စူပါမန်းရဲ့ ဇာတ်ကြောင်းမျိုး မဟုတ်ပါဘူး။ ကာရာကတော့ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်စီးသွားတဲ့ အပျက်အစီးအပိုင်းအစတွေပေါ်မှာ အသက် ၁၄ နှစ်အရွယ်အထိ အထီးကျန်စွာနဲ့ ရှင်သန်ကြီးပြင်းခဲ့ရသူပါ။ ကိုယ့်မျက်စိရှေ့မှာတင် ချစ်ရတဲ့သူတွေ အကုန်သေဆုံးသွားတာကို မြင်တွေ့ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲက နာကျင်မှုတွေ၊ ဒေါသတွေကဘယ်လောက်တောင် နက်ရှိုင်းမလဲ။ တစ်ရက်မှာတော့ ကာရာတစ်ယောက် သူ့ရဲ့သစ္စာရှိတဲ့ အဖော်ဖြစ်တဲ့ ခွေးလေး ခရစ်ပတိုနဲ့အတူ အာကာသထဲကို ခရီးထွက်လာရာကနေ ကလဲ့စားချေချင်နေတဲ့ ဂြိုဟ်သားကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့မိတဲ့အခါ... သူတို့နှစ်ယောက် စကြဝဠာတစ်ခွင်က အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ ကာရာတစ်ယောက် စူပါမန်းရဲ့အရိပ်အောက်ကနေ ထွက်ပြီး သူ့ကိုယ်ပိုင် လမ်းကြောင်းကို ဘယ်လိုဖောက်မလဲဆိုတာ. https://t.me/kmovie_mm_sub/589

  • DRA....GN ( 2025 ) ဒီဇာတ်ကားလေးကတော့ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်ဆိုသလိုပဲ ကိုယ်ဖန်တီးခဲ့တဲ့စက်က ဒုက္ခပေးလို့ တောထဲမှာဘစ်ကျွတ်အောင် ပြေးရမဲ့ကားလေးပါ။ မန်တစ်ဆိုတဲ့ အဖွဲ့အစည်းဟာ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အေအိုင်ပေါ်လာတာကြောင့် ဝန်ထမ်းဉီးရေတွေကို လျှော့ချပစ်ပါတယ်။ ဝန်ထမ်းတွေက လူတချို့ကိုပဲ ချန်ထားပြီး ဒီထဲက လူ ၅ယောက်ကို အဖွဲ့တစ်ခုဖွဲ့စေပြီး တောထဲက နေရာတစ်ခုကို ဖြတ်သွားရမဲ့ တာဝန်ပေးပါတယ်။ ဘာအလုပ်မှ မလုပ်ရဘဲ နေရာတစ်ခုကိုဖြတ်သွားရုံဖြစ်တဲ့ အလုပ်မလို့ ထူးဆန်းနေပေမဲ့လည်း ဘာမှမပြောခဲ့ပါဘူး။ ဆက်ဘက်ရှန် အဒဲ ဒန်နီရယ် တွမ်ဂျေကော့ တို့ဟာ အတူတူခရီးသွားကြရင်း ဒီခရီးဟာ ပုံမှန်လမ်းလျှောက်တဲ့ခရီးလို့ ထင်နေပေမဲ့ တကယ်ကတော့ ချို့ယွင်းပြီး ကိုယ်ပိုင်အသိစိတ်ဝင်နေတဲ့ လူသတ်ဒရုန်းနဲ့ တည်ပေးလို့လွှတ်လိုက်တာ ဖြစ်နေတဲ့အခါ... ဘာဖုန်းမှမပါသွား။ လူသူမရှိတဲ့တောထဲမှာ လူ ၅ယောက်က ကိုယ်ပိုင်အသိစိတ်ဝင်နေပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ အသိဉာဏ်ရှိတဲ့ ဒရုန်းလိုက်တာခံရတဲ့အခါ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်သွားကြမလဲ ဆိုတာကတော့.. https://t.me/kmovie_mm_sub/587

  • Mur...der Ga...me (2026) ချောင်ရှီးဟာ ကြေးစားလူသတ်လက်နက်လေ့ကျင့်ရေးစခန်းက အတော်ဆုံးလုပ်ကြံသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ မစ်ရှင်တစ်ခုထမ်းဆောင်ရင်း မမျော်လင့်ထားတဲ့အဖြစ်ပျက်တစ်ခုနဲ့ သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ... ငယ်ငယ်ကတည်းက လူသတ်ဖို့အရိုးစွဲအောင် ဦးနှောက်ဆေးခံလာရတဲ့ အဖွဲ့အစည်းကြီးကနေ ချောင်ရှီးတစ်ယောက်လွတ်မြောက်လာပြီးနောက် မင်ဟွေ့အနေနဲ့ မျက်မမြင်ကောင်မလေးနဲ့အတူ ဇာတ်မြှုပ်ပြီးနေခဲ့ပါတယ်။ အဖွဲ့အစည်းကြီးမှာ နေလာခဲ့တဲ့နေ့တွေက ငရဲစစ်တလင်းသဖွယ်ဖြစ်နေပေမဲ့ မျက်မမြင်ကောင်မလေးမင်ကျူးနဲ့အတူနေချိန်မှာတော့ သူ့ရဲ့ဘဝကြီးဟာ တဖန်ရှင်သန်လာခဲ့ပါတယ်။ အသက်ရှင်ဖို့အတွက် ကိုယ့်လူကိုယ်ချနင်းနေကြပြီး လူမဆန်တဲ့ ဒုစရိုက်အဖွဲ့အစည်းကြီးကနေ ခဏတာထွက်ပြေးခဲ့ပေမဲ့ အရိပ်မဲကြီးတွေက သူ့နောက်ကို တကောက်ကောက်လိုက်လာတဲ့အခါ... မင်ကျူးရဲ့အစ်မနေရာမှာအစားထိုးဝင်နေထားတဲ့ချောင်ရှီးကို မင်ကျူးတစ်ယောက် သိသွားပြီး အဖွဲ့အစည်းကလူတွေ လာသတ်ကြတဲ့အခါ သူငယ်ချင်းရဲ့ညီမဖြစ်သူကို ကာကွယ်စောင့်ရှောက်ဖို့ ချောင်ရှီးတစ်ယောက်ဘယ်လိုတွေကြိုးပမ်းမလဲ။ သူရဲ့အတောင့်တဆုံးဘဝလေးကရော နောက်ဆုံးမှာဖြစ်လာနိုင်ပါ့မလား။ https://t.me/kmovie_mm_sub/584

  • Opera....tion Ha...dal (2025) ၂၀၁၈ တုန်းက ရုံတင်ကားတွေထဲမှာ အက်ရှင်ခန်းတွေ ရှယ်ကြမ်းပြီး ပရိသတ်တွေကို အထိုင်မခံခဲ့တဲ့ Operation Red Sea (Jiaolong အထူးတပ်ဖွဲ) ဇာတ်ကားကို မှတ်မိကြသေးလား။ အဲဒီတုန်းက ကယ်ဆယ်ရေးမစ်ရှင်ကို ရင်တမမနဲ့ ကြည့်ခဲ့ရပေမဲ့... အခုတော့ ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ ရေအောက်ကမ္ဘာရဲ့ စစ်ဆင်ရေးသစ်ကြီးနဲ့ အဆက်ထွက်လာပါပြီ။ Operation Red Sea ရဲ့အငွေ့အသက်တွေအတိုင်း နာမည်ကြီး ဝါရင့်တရုတ်မင်းသားတွေ အများကြီး အားဖြည့်ပါဝင်ထားပြီး ရေတပ်အရာရှိတွေရဲ့ ခန့်ညားတဲ့ Aura တွေကို အပြည့်အဝ မြင်တွေ့ရမှာပါ။ သာမန်ကုန်းပေါ်မှာ ပစ်ခတ်ရတဲ့ စစ်ဆင်ရေးမဟုတ်တော့ဘဲ လင်းလက်စရာအလင်းရောင်တောင် မရှိတဲ့ ရေအောက်အနက်ဆုံးနေရာ (Hadal zone) မှာ ဖြစ်ပျက်မဲ့ အကြိတ်အနယ် တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အကျပ်အတည်းတစ်ခုကြားထဲမှာ ဓားစာခံတွေကို ကယ်တင်ဖို့နဲ့ တိုင်းပြည်ရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် Jiao Long အထူးတပ်ဖွဲဝင်တွေဟာ ရေငုပ်သင်္ဘောတွေနဲ့ အသက်စွန့်ပြီး ခက်ခဲတဲ့ လျှို့ဝှက်တာဝန်ကို ထမ်းဆောင်ကြရတဲ့အခါ… https://t.me/kmovie_mm_sub/583

  • Ma...n Of Wa..r (2026) ဒီဇာတ်ကားလေးကတော့ ယူကရိန်း ရုရှားစစ်ပွဲကို နောက်ခံထားရိုက်ကူးထားတဲ့ စစ်ကားလေးပါ။ စစ်ကားဆိုပေမဲ့ တစ်ကိုယ်တော်ကြမ်းပြရမ်းပြပြီး ယူကရိန်းရုရှားစစ်ပွဲမှာ အမေရိကန်ဘက်ကလူတစ်ယောက် ဘယ်လိုရှင်းသွားမလဲဆိုတာ ရိုက်ပြထားပါတယ်။ ယူကရိန်းကိုရုရှားဘက်မှ စတင်ပစ်ခတ်ချိန်မှာ မိုက်ရဲ့တူမရိုင်လီဟာ ယူကရိန်းဘက်က မိဘမဲ့ဂေဟာကို လုပ်အားပေးကူညီရင်းကနေ တိုက်ပွဲထဲပိတ်မိပြီး ဓားစာခံအဖြစ် ခေါ်သွားခံရပါတော့တယ်။ မိုက်ဟာ သူ့မှာ ဆွေမျိုးလို​ဖြစ်နေတဲ့လူဆိုလို့ ရိုင်လီတစ်ယောက်ပဲရှိတဲ့အခါ ဘယ်လိုမှမတတ်သာဘဲ သူကိုယ်တိုင်သွားခေါ်ရမဲ့ အခြေအနေထိ ဖြစ်လာပါတော့တယ်။ အဲဒါအပြင် သူ့တူမကိုဖမ်းသွားတာက တကယ်ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ရုရှားစစ်သားတွေ ဖြစ်နေတဲ့အခါမှာတော့ မလောက်ငှတဲ့အချိန်အတွင်းမှာ ခြေလွန်လက်လွန်တွေမဖြစ်ခင် မိုက်တစ်ယောက် စစ်ဖြစ်တဲ့နေရာကိုဘယ်လိုဝင်ပြီး တိုက်ပွဲတွေကြားက ဘယ်လိုကယ်ဆယ်သွားမလဲ။ ရုရှားကြေးစားတွေကို ဘယ်လို​တစ်ကိုယ်တော် ဖြုတ်ပြသွားမလဲ သူ့တူမဆိုသူကို ကယ်တင်နိုင်မလားဆိုတာ... https://t.me/kmovie_mm_sub/581

  • W...ings Of D...read (2026) မင်းသားရော၊ ဒါရိုက်တာအနေနဲ့ပါ ပါဝင်ထားတာကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ကွန်ဖူး ရှောင်လင်ကတုံးမင်းသား ရှီရှောင်လုံ (Ashton Chen) ပဲ ဖြစ်ပါတယ်။ မင်းသမီးချော Nita Lei နဲ့ Fengchao Liu တို့ကလည်းပါဝင်အားဖြည့်ထားပါတယ်။ လေကြောင်းရဲအရာရှိ ကုချောင်ယန် (Ashton Chen) ဟာ တရုတ်ပြည်ကို ပြန်လာတဲ့ လေယာဉ်ခရီးစဉ်မှာ မထင်မှတ်ဘဲ လေယာဉ်ပြန်ပေးဆွဲခံရတာနဲ့ထိပ်တိုက်ကြုံတွေ့ရပါတော့တယ်။ ပေတစ်သောင်းအမြင့် ကောင်းကင်ယံထက်က လေယာဉ်ပေါ်မှာ ကူညီမယ့်သူမရှိ၊ ထွက်ပြေးစရာလမ်းမရှိတဲ့အခါ ကုချောင်ယန်တစ်ယောက် ခရီးသည်တွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် ရက်စက်တဲ့ ပြန်ပေးဆွဲသမားတွေကို ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။ အကန့်အသတ်ရှိတဲ့ လေယာဉ်ပေါ်က နေရာကျဉ်းကျဉ်းလေးမှာ အသက်လုရတဲ့ တိုက်ပွဲတွေ၊ အနီးကပ် Close Combat အက်ရှင်ကွက်တွေက ဇာတ်ရှိန်ကို အစကနေ အဆုံးထိ ရင်တမမနဲ့ ဆွဲခေါ်သွားမှာပါ။ ပြန်ပေးသမားတွေက ဘာလို့ ဒီလေယာဉ်ကို ပစ်မှတ်ထားတာလဲ... ကုချောင်ယန်ကရော ခရီးသည်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကယ်တင်နိုင်ပါ့မလားဆိုတာ Action ကြမ်းကြမ်း ဇာတ်ကားမျိုးမို့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။ https://t.me/kmovie_mm_sub/578

  • The Guar...dian (2026) ဂန်ဒိုဂျွန်းအဖြစ် INFINITE အဖွဲ့ဝင် မင်းသားချော Nam Woo Hyun က ပါဝင်ထားပါတယ်။ မိခင် ဂင်မီဂျင်းအဖြစ် မင်းသမီးကြီး Park Eun Hye က သရုပ်ဆောင်ထားပြီး Villain နေရာမှာ မင်းသားကြီး Han Jae Seok က ဆရာကြီး ချာဒုံချောအဖြစ် အားဖြည့်ထားသလို၊ ဖိလစ်ပိုင်မင်းသမီး Yassi Pressman (ဆန်ဒရာအဖြစ်) နဲ့ Eric Ejercito (ခိုခိုအဖြစ်) ပါဝင်ထားပါတယ်။ တိုက်ကွမ်ဒိုချန်ပီယံအိပ်မက်ကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူနဲ့အတူ ဖိလစ်ပိုင်ကို ပြောင်းရွှေ့လာတဲ့ ဒိုဂျွန်းရဲ့ ဘဝကနေ စတင်ပါတယ်။ မိခင်ဖြစ်သူ မီဂျင်းရဲ့ပြင်းထန်တဲ့ လောင်းကစားစွဲလမ်းမှုကြောင့် ဒိုဂျွန်းတစ်ယောက် ကျောင်းထွက်ပြီး အလုပ်ကြိုးစားခဲ့ရပေမဲ့ တစ်ရက်မှာတော့ သူ့မိခင်ဟာ ကိုရီးယားရာဇဝတ်ဂိုဏ်းကြီးရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။ ရဲတွေကို အားကိုးလို့မရတဲ့ အခြေအနေမှာ မိခင်ကို ကယ်တင်ဖို့အတွက် ၄၈ နာရီအတွင်း အချိန်နဲ့အမျှ အသက်လုတိုက်ပွဲဝင်ရတဲ့အခါ.. အမိုက်စား တိုက်ခိုက်ရေးအခန်းတွေ၊ စိတ်လှုပ်ရှားစရာ ခြေရာခံလိုက်လံမှုတွေနဲ့အတူ သားအမိ သံယောဇဉ်ကို ရင်ထဲထိအောင် ခံစားရမဲ့ အက်ရှင်စိမ့်စိမ့် ကြိုက်သူ‌ေတွလက်မလွတ်သင့်ပါဘူး။ https://t.me/kmovie_mm_sub/572

  • War Ma...chine (2026) နက်ဖလစ် ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi Action ဇာတ်ကားသစ်လေးပါ။ Reacher စီးရီးနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Alan Ritchson ခေါင်းဆောင်ပါဝင်ထားပြီး၊ အက်ရှင်ကြမ်းကြမ်းနဲ့ ဂြိုဟ်သားစက်ရုပ်တွေ ချကြတဲ့ကားမျိုး ကြိုက်တတ်ရင်သဘောကျမယ့် ဇာတ်ကားပါ။ အဓိကဇာတ်ကောင်က နာမည်မရှိဘဲ "81" လို့ပဲ ခေါ်တဲ့ စစ်သားတစ်ယောက် (Alan Ritchson) ပါ။ သူက အာဖဂန်နစ္စတန်စစ်ပွဲမှာ သူ့ညီဖြစ်သူ ‌ေသဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာရနေတဲ့သူပေါ့။ ညီဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အမေရိကန် Army Ranger အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ သူကိုယ်တိုင် ဝင်ရောက်အရွေးခံပါတယ်။ Ranger ဖြစ်ဖို့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ "Death March" လို့ခေါ်တဲ့ တောတွင်းစစ်ဆင်ရေးကို ဆင်းရတဲ့အချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။ အဲဒီတောထဲမှာ သူတို့အဖွဲ့ဟာ ကမ္ဘာမြေပြင်က မဟုတ်တဲ့ ဧရာမ စက်ရုပ်ကြီးတစ်ကောင် နဲ့ သွားတိုးပါတော့တယ်။ https://t.me/kmovie_mm_sub/571

  • Fu...ry In the Sha....dows (2026) အက်ရှင်မင်းသားကြီး Xing Yu (Shi Yanneng) ကိုယ်တိုင် ဗီလိန်/ဂိုဏ်းခေါင်းဆောင် အနေနဲ့ အကြမ်းပတမ်း ပါဝင်အားဖြည့်ထားသလို၊Wanzhong Wang နဲ့ Haoran Zhang တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မိုးသည်းထန်နေတဲ့ ညတစ်ညမှာ အသေအချာ အကွက်ချစီစဉ်ထားတဲ့ "Harman Development Bank" ဓားပြတိုက်မှုကြီးနဲ့အတူ ပရိသတ်ကို ဆွဲခေါ်သွားပါတယ်။ ထန်လိဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းခေါင်းဆောင်ဟာ သူ့ရဲ့လူယုံတပည့်တွေဖြစ်တဲ့ ဟန်ချီလျန် နဲ့ အာမု တို့ကို ဦးဆောင်ပြီး ဒီဘဏ်ကို ဝင်စီးခဲ့တာပါ။ ချောချောမွေ့မွေ့ ပြီးဆုံးသွားမယ်ထင်ပေမဲ့ အခြေအနေတွေက ချက်ချင်းဆိုသလို သွေးထွက်သံယိုဘက်ကို ဦးတည်သွားပါတော့တယ်။ ဓားပြတိုက်နေစဉ်အတွင်းမှာ ပေါ်ဝမ် လို့ခေါ်တဲ့ ကင်းလှည့်ရဲအရာရှိတစ်ယောက်ကို သူတို့အဖွဲက ပစ်သတ်လိုက်မိတဲ့အခါမှာတော့… ရဲတစ်ယောက် သေဆုံးသွားတဲ့အတွက် ရဲတပ်ဖွဲ့တစ်ခုလုံးက အရေးပေါ်တုံ့ပြန်မှုတွေ ချက်ချင်းလုပ်လာပြီး ထန်လိတို့ ဓားပြဂိုဏ်းကိုပိုက်စိပ်တိုက် ရှာဖွေပါတော့တယ်။ https://t.me/kmovie_mm_sub/565

  • Bad....land Ris...ing (2026) မိသားစုရဲ့ စိုက်ပျိုးရေးခြံကို ကယ်တင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဝင် ရောက်လုပ်ကိုင်နေတဲ့ဒေးဗစ်ဆိုတဲ့ အထူးတပ်ဖွဲ့ (SAS) စစ်သားဟောင်း တစ်ယောက်အကြောင်း ဖြစ်ပါတယ်။သူဟာ အလုပ်ပြီးလို့ ဇနီးနဲ့ သားဖြစ်သူဆီကို ၁၉ နာရီကြာ ကားမောင်းပြီး အိမ်အပြန်လမ်းမှာ ထင်မှတ်ဘဲလူမိုက်ဂိုဏ်းတွေနဲ့ ရုရှားမတ်ဖီးယားတွေရဲ့လုယက်မှု ပစ်ခတ်မှုတစ်ခုကြားထဲ ရောက်သွားခဲ့ ပါတယ်။ သူ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားရင်းနဲ့ မသိလိုက်ဘဲ ငွေအိတ်ကြီးတစ်အိတ်ကို ကားပေါ် သယ်လာမိရာကနေရက်စက်တဲ့ ရာဇဝတ်ကောင်တွေ၊ ရုရှားလူသတ် သမားနဲ့ စုံထောက်တွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ မိသားစုဆီ အရောက် ပြန်နိုင်ဖို့နဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက် လမ်းခရီး တစ်လျှောက်မှာ…. https://t.me/kmovie_mm_sub/564

  • La descono...cida (2026) The marked woman အဖြစ်လည်း ဒီရုပ်ရှင်ကို သိကြပါတယ်။ ဘာစီလိုနာဆိပ်ကမ်းကိုဆိုက်ကပ်လာတဲ့ ကွန်တိန်နာထဲမှာ နှိပ်စက်ခံထားရတဲ့အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့ပါတယ်။ အဲဒီအမျိုးသမီးမှာ သူ့ရဲ့အတိတ် သူနဲ့ပတ်သက်တဲ့အကြောင်း ဘာဆိုဘာမှ မမှတ်မိတော့တာကြောင့် သူပါလာတဲ့ကွန်တိန်နာ ထွက်လာတဲ့ နေရာကလွဲရင် ရဲတွေလည်း ဘာသဲလွန်စမှမရလို့ အကျပ်ရိုက်နေပါပြီ။ အယ်ဂီစီရက်ကနေ လာတဲ့ သင်္ဘောဆိုတာကလွဲရင် ဘာသဲလွန်စမှ မရတဲ့အခါ ဒီအမျိုးသမီးဘယ်သူလဲ ဘာလဲ နောက်ကြောင်းကိုစုံစမ်းဖို့အတွက်မောင်သေလို့ စိတ်ထိခိုက်နေတဲ့ ရစ်ပိုဆိုတဲ့ စုံထောက်မကို တာဝန်ပေးလိုက်ပါတော့တယ်။ သူနဲ့အတူ အယ်ဂီစီရက်က ကိစ္စတစ်ခုကြောင့် အစစ်ဆေးခံနေရတဲ့ ဇာရာတေးဆိုတဲ့ရဲကပါ ရောက်လာတဲ့အခါမှာတော့.. အတိတ်မေ့နေတဲ့ကောင်မလေး စိတ်ထိခိုက်နေတဲ့ စုံထောက်မနဲ့ အစစ်ဆေးခံနေရတဲ့ ဇာရာတေးတို့သုံးယောက်ဟာ အချင်းချင်း မတည့်ဘဲကိုက်ကြရင်း အဲဒီကြားထဲကနေ ဒီလျှို့ဝှက်ချက်များနေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ ဘာလို့ကွန်တိန်နာထဲမှာ လူတစ်ယောက်ပါလာရသလဲ ဒီကောင်မလေးရဲ့ အတိတ်မှာရော ဘယ်လိုလူဖြစ်ခဲ့လဲ။ https://t.me/kmovie_mm_sub/561