tgindex
ဆရာလမင်းအောင်(ဧကံသဗျာကရဏဗေဒ)

ဆရာလမင်းအောင်(ဧကံသဗျာကရဏဗေဒ)

Статистика

ကျန်းမာပျော်ရွှင် ငွေဝင်ကြပါစေ🌸❤️☘️

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
19
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
15 авг.
Подписчики
1 290
−7 за 2 дн.
Сутки
−6
−0,46%
Неделя
 
Месяц
 
Просмотров на пост
160
18 постов
Вовлечённость
12,4%
к подписчикам
Постов в день
0,4
всего 19
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
101
1/48двое суток
115
1/72трое суток
124

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကျွန်တော် ဘာကြောင့် လောင်းကစား လောကကို စိတ်ကုန်တာလဲဆိုရင် ဒီအကြောင်းတွေလည်း ပါပါတယ်။ ကော်စားတိုင်းဟာ ထိုးသားဒုက္ခပေးတာကို ၁၀၀%မှာ ၇၀% လောက်က ခံရဖူးတဲ့သူချည်းပါပဲ။ လူရင်းလည်း စိတ်မချရဘူး။ လူကောင်းလည်း စိတ်မချရဘူး။ လောင်းကစားဟာ မာန်နတ်နဲ့တူတယ်။ မာန်နတ်ရဲ့သွေးဆောင်လှည့်စားမှုကို မလွန်ဆန်နိုင်တဲ့သူဟာ လူကောင်းကနေလည်း မကောင်းတဲ့လူဖြစ်သွားနိုင်တယ်။ ကိုယ်လည်း သံချေးတက်ရသလို သူတစ်ပါးလည်း သံချေးတက်ရတဲ့အလုပ်ဟာ လောင်းကစားပါပဲ။ အသိ+သတိ= ယှဉ်တွဲနေထိုင်ခြင်းကို ဉာဏ်ပညာလို့ခေါ်ပါတယ်။ ဘယ်သူ့ကိုမှ အယုံမလွန်မိကြပါစေနဲ့လို့ စေတနာနဲ့ အသိပေးလိုက်ပါတယ်ခင်ဗျာ။ ဆရာလမင်းအောင် ဗေဒင်

  • လက္ခဏာပညာနဲ့ပထမဆုံးဟောဖူးတဲ့ Client ပါပဲ 100% မှာ 99% မှန်တယ်ဆိုလို့ ကိုယ့်ကိုကိုယ်လည်း ဝမ်းသာပီတိဖြစ်ရသလို သင်ဆရာ၊ မြင်ဆရာ အပေါင်းတို့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း အမှတ်ရမိပါတယ် ပညာဟူသမျှ ကျွမ်းကျင်ပိုင်နိုင်သော ကိုယ် ဖြစ်ရပါစေသား။ ဆရာလမင်းအောင်

  • ဗေဒင်မေးမယ်ဆိုရင် သိထားသင့်တဲ့အချက်များ ☝️ ♥️ ကိုယ် စိတ်ဝင်စားနှစ်သက်တဲ့ ပညာရပ်ဖြင့် မေးမြန်းနိုင်ပါသည်။ (ဥပမာ-တားရော့၊လက္ခဏာ၊မြန်မာဗေဒင်...) ♥️ မည်သည့်နည်းဖြင့်ဖြစ်စေ ဗေဒင်မေးမည်ဆိုတာနဲ့ အမည်၊ မွေးသက္ကရာဇ်အပြည့်အစုံ ပေးရပါမည်။ ♥️ လက္ခဏာ‌သိရှိလိုပါက လက်ဝါးပြင် ဘယ်ညာနှစ်ဖက်ပုံ(လက်ချောင်းထိပ်နှင့်လက်ကောက်ဝတ် မြင်သာစေရမည်)(၂ပုံ)၊ လက်ဖဝါးအနီးကပ် ညာဘက်ပုံ(၁ပုံ)၊ ညာလက်ဖမိုးပုံ(၁ပုံ) ကြည်လင်ပြတ်သားစွာ ရိုက်ပို့ရမည်။ ♥️ ဗေဒင်မေးတဲ့အခါ စာနဲ့ပဲ Writing မေးချင်တာလား၊ ဖုန်းနဲ့ Speaking မေးချင်တာလား၊ အသံဖိုင်နဲ့ Listening မေးချင်တာလား အဆင်ပြေသလို မေးနိုင်ပါသည်။ ♥️ ဗေဒင်သီးသန့်မဟောသေးတာကြောင့် ဒီ့အတွက် သီးသန့်အချိန်ပေးထားခြင်းမရှိပါ။ သို့ပါသောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်အချိန်ကို ညှိနှိုင်းနိုင်ရပါမည်။ 👉ဉာဏ်ပူဇော်ခနှုန်းထား- ၁၀၈ယောက်မပြည့်မချင်း အနည်းဆုံး ၂၀၀၀ကျပ် သက်မှတ်ပါသည်။ ဒါက ဆရာမကြီးဒေါက်တာစောယုနွယ်သက်မှတ်ပေးတဲ့ စည်းကမ်းနှုန်းထားပါ။ စေတနာကြေးအနေဖြင့် စေတနာရှိသလောက်ပေးပါက လက်ခံပါသည်။👈 မိတ်ဆွေတို့အတွက် ငွေ၂၀၀၀ဆိုပေမယ့် ကျွန်တော့်အတွက်က အဖိုးတန်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်။ ဒါကြောင့် မည်သူမဆို မေးမြန်းနိုင်ပါတယ်။ ပညာတစ်ခု ကျွမ်းကျင်တတ်မြောက်ဖို့ဆိုတာ လက်တွေ့အသုံးချခြင်းနဲ့သာ ရရှိနိုင်ပါတယ်။ ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားပေးပါမယ်။ ဆရာလမင်းအောင်

  • ဆရာက ဗေဒင်အကြောင်းအရာတွေပဲတင်တော့မှာလား။ ဂဏန်းမတင်တော့ဘူးလားဆိုတော့ ... တင်ပေးပါမယ်ခင်ဗျာ။ တင်စရာရှိတာတွေ ပုံမှန်တင်ပေးပါမယ်။ ဒါပေမဲ့ 2Dနဲ့ပက်သက်တာတွေကို တစ်ပတ်စာ တစ်ပတ် ပြန်ဖျက်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် Ssရိုက်ထားပါ။ မှတ်ယူထားပါ။ မှတ်တမ်းအနေနဲ့ Channel မှာ ထားတော့မည် မဟုတ်ပါ။ ၇ရက်သားသမီးအပေါင်း ချမ်းသာသုခအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။

  • Type (1) လက္ခဏာနှင့် သုံးတန်ပေါ်နိစ် ပေါင်းစပ်ဖတ်ကြားပေးပါသည်။ Type (2) မဟာဘုတ်နှင့် သုံးတန်ပေါ်နိစ် ပေါင်းစပ်ဟောကြားပေးပါသည်။ Type (3) တားရော့နှင့် ဂဏန်းဗေဒင် ပေါင်းစပ်ကြည့်ရှုပေးပါသည်။ Type (4) ဧကံသနှင့် တားရော့ တွဲစပ်ဖတ်ရှုပေးပါသည်။ ဒါကတော့ မိမိ အားသန်သလို တွဲစပ်ကြည့်တတ်တာလေးတွေဖြစ်ပါတယ်။ ဗေဒင်ဆိုတာ နေရာတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။ ထောင့်စေ့အောင်ကြည့်နိုင်လေ ပိုကောင်းလေပါပဲ။ ဗေဒင်ကြည့်ရှုမယ်ဆိုရင် အချိန်တစ်ချက်ညှိပေးပါ။ မေးသူနဲ့ ဟောသူ တိုက်ရိုက်ဖြစ်နိုင်ရင် ပိုကောင်းပါတယ်။ ၇ရက်၈နံဖွားနေ့သားအားလုံး ကျန်းမာချမ်းသာကြပါစေ။ ဆရာလမင်းအောင်

  • ဗေဒင်ပညာရပ်မှာ မြန်မာဗေဒင်ရဲ့အချုပ်ဖြစ်တဲ့ မူလမဟာဘုတ်ဟာ အင်မတန်ကျယ်ပြန့်နက်ရှိုင်းပါတယ်။ တော်ရုံဂြိုဟ်သက်သိရုံလောက်နဲ့ ဆရာတက်လုပ်လို့မရပါဘူး။ ဥပမာ- တနင်္ဂနွေသား မရဏဖွား ဆိုပါတော့။ သူဟာ မရဏဖွားဖြစ်တာကြောင့် မင်းဘဝတော့ တစ်သက်လုံး သွားပြီ၊ ဆိုးပြီလို့ ဟောလိုက်မယ်ဆိုရင် အဲဒီဗေဒင်ဆရာ ဘာမှမသိသေးလို့သာဖြစ်တယ်။ နောက်ပြီး ၇ရက်သားသမီးတွေကို ရောတုတ်နေတာတွေရှိပါတယ်။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ကံဇာတာမတူပါဘူး။ ဒီနေ့အတွက် စနေသားသမီးတွေ ဘာဖြစ်မယ်ဆိုတာ တစ်ဦးတစ်ယောက်တည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ယေဘုယျဟောချက်များသာဖြစ်တယ်။ စနေသားအားလုံးအတွက် မမှန်ကန်နိုင်ပါ။ Social ခေတ်ဖြစ်တာနဲ့အညီ ဗေဒင်ဆရာတွေဟာ လူတွေစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်လာပါတယ်။ ဒီတင်ဆက်မှုတွေဟာ လူတွေရဲ့ အပေါ်ယံ စိတ်‌ဖြေရာ‌တွေ ဖြစ်လာပြီး ဗေဒင်ရဲ့ တကယ့်နက်နဲမှုတွေကို မမြင်နိုင်တော့ပါဘူး။ ဒါကြောင့် မြန်မာဗေဒင်ဆိုရင် ယေဘုယျဆန်တယ်လို့သာ သိမြင်လာကြတာဖြစ်တယ်။ တကယ်တော့ မြန်မာဗေဒင်ဟာ မိတ်ဆွေရဲ့ ကာလအပိုင်းအခြားနဲ့ လောကဓံတွေကို တစ်ခုချင်းစီ စိပ်ဖြာတွက်ဆနိုင်ပါကြောင်းနဲ့ ပေါ့သေးသေးပညာ မဟုတ်ကြောင်း ဗဟုသုတမျှဝေလိုက်ရပါတယ်။ ဆရာလမင်းအောင်

  • ကံကြမ္မာကို မည်သူမျှ ကြိုတင်မသိရှိနိုင်ပါ။ သို့သော် လူဆိုတာ ကံကံ၏အကျိုးဆိုတဲ့ အကျိုးအကြောင်းတိုက်ဆိုင်လာတဲ့အခါ မလွှဲမသွေ ကြုံရမည့်ကိစ္စရပ်တွေ ဖြစ်လာပါတယ်။ ဒါကို ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါ။ သို့သော် အဆိုးတွေ ကြုံမလာဖို့နဲ့ အကောင်းတွေ ပိုမိုဖြစ်ထွန်းဖို့ကိုတော့ ဗေဒပညာနဲ့ ဆန်းစစ်အသုံးချနိုင်ပါတယ်။ ဆိုးရမယ့်ဇာတာကို ထိုအဆိုးမှ လွှဲဖယ်ဖို့၊ အဆိုးတွေ အားနည်းသွားစေဖို့ ဗေဒင်ယတြာနဲ့ စီမံဆောင်ရွက်နိုင်ပါတယ်။ ဥပမာ- လူတစ်ယောက်ဟာ စနေဂြိုဟ်အိပ်တဲ့ကာလ၊ စနေဂြိုဟ်စားတဲ့ ကာလနဲ့ ကြုံတဲ့အခါ အဲဒီကာလဟာ သူ့အတွက် အဆိုးဂြိုဟ်၊ အပူဂြိုဟ်စီးနင်းတဲ့ ကာလဖြစ်ပါတယ်။ ပူပင်သောကတွေကို ခါးစည်းခံရမယ့်ကာလဖြစ်ပါတယ်။ သို့သော် ထိုစနေဂြိုဟ်ဆိုးဟာ ၁၀နှစ်တာလုံး ဆိုးနေမည်မဟုတ်ပါ။ စနေဂြိုဟ်ကိုမှ ဘုမ္မိနှစ်ထပ်ကျတဲ့ နှစ်မှာ ပိုဆိုးနိုင်ပါတယ်။ ဘယ်နှစ် ဘယ်လ ဘယ်ကာလမှာ ပိုဆိုးနိုင်မလဲဆိုတာကိုတော့ သာမာန်လူတွေ မသိနိုင်ပါ။ ဗေဒပညာနဲ့သာ ဆန်းစစ်သိမြင်နိုင်ပါတယ်။ အဲဒီအခါ မဖြစ်သင့်တာတွေ မဖြစ်အောင် ယတြာကောင်းတွေနဲ့ တားဆီးပိတ်ပင်လမ်းလွှဲပေးနိုင်ပါတယ်။ ဆရာလမင်းအောင်

  • ဆရာနဲ့တိုက်ရိုက်ဆွေးနွေးလိုပါက အချိန်ညှိနှိုင်းပေးပါတယ် သိလိုတာပဲ မေးချင်တာဆိုရင် မွေးသက္ကရာဇ်နဲ့နာမည်၊ နေ့နံပို့ပေးပါ သိလိုတာ မေးထားပါ အားတဲ့အချိန် စာပြန်ပါမည် ကောင်းသောနေ့တွေ ကောင်းသောညတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ။ ဣစ္ဆာသယမဟိဒ္ဓိစေ ‌ဧကံသဗျာကရဏဗေဒ ဆရာလမင်းအောင်

  • အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ပညာအမွေ၊ ဆရာကြီးဦးမောင်မောင်မြင့်အေးနှင့် ဆရာမကြီးဒေါက်တာစောယုနွယ်တို့၏ သားတပည့် ဧကံသဗျာကရဗေဒပညာရှင် အကျွန်ုပ် ဆရာလမင်းအောင်သည် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတို့၏ ဂုဏ်ကျေးဇူးကြောင့် သင်ကြားတတ်မြောက်ခဲ့ရသော ... မဟာဘုတ်ပညာ၊ အင်္ဂဝိဇ္ဇာ၊ သုံးတန်ပေါ်နိစ်၊ လက္ခဏာပညာ၊ ဧကံသ၊ ဂဏန်းဗေဒင်နှင့် တားရော့ပညာရပ်များကို အသုံးပြုကာ အများသူငှာတို့၏ လိုလားတောင့်တအပ်သော အရာမှန်သမျှကို ကူညီဆောင်မပေးနိုင်သူ ဖြစ်ရပါစေသား။ ယခုယနေ့မှစ၍ အထက်ပါ ပညာရပ်များဖြင့် ၇နေ့ ၈နံဖွား သားသမီးအပေါင်းကို ဉာဏ်ပူဇော်ခ မသက်မှတ်ဘဲ စေတနာကြေးဖြင့် (၁၀၈)ရောက်တိတိကို သစ္စာအဓိဌာန်ပြု ဟောကြားပေးသွားမည်ဖြစ်ပါသည်။ ဉာဏ်ပူဇော်ခ သက်မှတ်ခြင်း မရှိပေမယ့် ကျွန်တော်၊ကျွန်မကတော့ ငွေကြေးမပြေလည်တာကြောင့် ဘယ်လောက်ပူဇော်ငွေ ပေးရမလဲဆိုရင် အနိမ့်ဆုံး မြန်မာငွေ ၂၀၀၀ကျပ် သက်မှတ်ပါတယ်။ အခမဲ့ မဟောကြားနိုင်ခြင်းကို နားလည်ပေးပါ။ ဆရာလမင်းအောင် ဧကံသဗျာကရဗေဒ

  • без подписи

  • без подписи

  • без подписи

  • ရေဘေးအတွက် အဝတ်အထည်တွေလှူဖို့လုပ်ထားပါတယ် သွားလှူမယ့်အဖွဲ့က ကျွန်တော့်ဆီ လာယူပါမယ် ၉ရက်နေ့နောက်ပိုင်း ဖြစ်ပါလိမ့်မယ် ဆေးဝါး၊ အစာခြောက်၊ မုန့်ခြောက်နဲ့ ရေသန့်ကတ်လှူချင်တဲ့ သူတွေရှိရင် ကျွန်တော့်ဆီဆက်သွယ်နိုင်ပါတယ် သွားလှူမယ့်အဖွဲ့တွေနဲ့ ချိတ်ပေးပါမယ် (သို့မဟုတ်) ငွေသားလှူချင်လည်း ရပါတယ်။ ဆရာလမင်းအောင်

  • без подписи

  • без подписи

  • без подписи

  • "ဆရာကြီး​ဒေါက်တာမင်းသိင်္ခ၏ပညာဒါနလက်ဆင့်ကမ်းပွဲ" ဆရာကြီးဦး​မောင်​မောင်မြင့်​အေးနှင့် ဆရာမကြီးဒေါက်တာ​စောယုနွယ်တို့၏ ​ဧကံသဗျာကရဏ​ဗေဒဗေဒင်ပညာသင်တန်းအပတ်စဥ် (၉၆/၂၀၂၆) သင်တန်းဆင်း​အောင်ပွဲအခမ်းအနားကို ၅.၈.၂၀၂၆တွင်​ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းဟာ ကျွန်တော့်အတွက်တော့ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတယ်ဆိုတဲ့အတိုင်း တစ်ဖက်ခြမ်းက စားဝတ်နေရေး၊လူမှုရေးတွေကို ပစ်ချထားပြီး မေတ္တာတရားနဲ့ပြည့်ဝတဲ့ သစ်ပင်ကြီးဆီရောက်ဖို့ အဝေးကြီးကနေ ပျံသန်းသွားရတဲ့ ခရီးဖြစ်ပါတယ်။ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အားလုံးရဲ့ သင်ကြားမှုများကို လက်တွေ့အသုံးချခြင်းဖြင့် လောကကောင်းကျိုး ဆောင်ရွက်ပါမည်ဟု သစ္စာပြုပါသည်။ #ဂမ္ဘီရအမည် #ဆရာလမင်းအောင် #ဧကံသဗျာကရဗေဒ

  • 4 июл.234211

    "ဒိဝါတပတိဂါထာ" လွန်ခဲ့တဲ့ကာလတွေတုန်းက ကျွန်တော်ဟာ အတော်လေး အကြပ်အတည်းနဲ့ ရင်ဆိုင်ရပါတယ်။ သူတစ်ပါးကြွေးမြီကို သိန်းရာဂဏန်းအထိ ခေါင်းခံပြီး အကြွေးဝန်ထမ်းရပါတယ်။ အဲဒီနောက်လည်း ဘာလုပ်လုပ် အဆင်မပြေပါ။ စိတ်လေမှောက်မှားခြင်းတွေနဲ့ မကြုံရအောင်လို့ ကိုယ့်ကိုကိုယ် တည်ဆောက်ရင်း အွန်လိုင်းပေါ်မှာ လူတစ်ယောက်က "ဒိဝါတပတိဂါထာ"ကို တစ်နေ့ ၁၀၈ခေါက်ပူဇော်တာကြောင့် သူဟာ အခက်အခဲမှန်သမျှ အဆင်ပြေပါတယ်ဆိုတဲ့အကြောင်း ရေးသားထားတာ ဖတ်လိုက်ရတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဲဒီဂါထာကို ရှာပြီး ရွတ်ပွားမိတယ်။ အနက်အဓိပ္ပါယ်နှင့်တကွ စိတ်ထဲစွဲတဲ့အထိ ယုံကြည်ရွတ်ပွားမိတယ်။ ဂါထာရဲ့ အနက်အဓိပ္ပါယ်လေးကလည်း အလွန်ကြည်နူးစရာကောင်းတယ်။ *ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမ ဘာတိ စန္ဒိမာ နေမင်းသည် နေ့အခါ၌သာလျှင် တောက်ပ၏ လမင်းသည် ညအခါ၌သာလျှင် လင်းပ၏။ *သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာဝတ်စားဆင်ယင်သောအခါ၌သာလျှင် တင့်တယ်၏ ရဟန္တာသည် ဈာန်သမာပတ်ဝင်စားသောအခါ၌သာလျှင် တင့်တယ်တောက်ပ၏။ *အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ မြတ်စွာဘုရားရှင်သည်ကား သီလ၊သမာဓိ၊ပညာ၊ပုည၊ဓမ္မ တရားငါးကြောင့် နေ့ရောညပါ အခါခပ်သိမ်း ထွန်းလင်းတောက်ပတင့်တယ်တော်မူ၏။ *တာဒိသံ တေဇ သမ္ပန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ ထိုကဲ့သို့ အတုမရှိသော တန်ခိုးတေဇော်အာနုဘော်တို့နှင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။ *နမက္ကရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ ဤသို့ ရှိခိုးပူဇော်ရသောအကျိုးအားကြောင့် ဘုရားတပည့်တော်သည် ကြံကြံသမျှ၊ တောင့်တသမျှ လိုအင်ဆန္ဒဟူသမျှတို့သည် အလုံးစုံပြည့်စုံပါစေသတည်း။ ပါချုပ်ဆရာတော်ကြီးရဲ့ ဟောကြားချက်ထဲမှာဆိုရင်လည်းပဲ ဒိဝါတပတိကိုရွတ်မယ်ဆိုရင် ဘုရားကိုအာရုံပြုပြီး ရွတ်ရမယ်လို့ဆိုတယ်။ ဒီဂါထာက အထက်ပါ အနက်အဓိပ္ပါယ်တွေအတိုင်း ဘုရားရှင်ရဲ့ဂုဏ်တော်နဲ့ နေမင်း၊လမင်း၊ပြည့်ရှင်မင်း၊ရဟန္တာတို့ရဲ့ဂုဏ်ရောင်နဲ့ နှိုင်းယှဉ်တာ။ မြတ်စွာဘုရားကတော့ အရာအားလုံးရဲ့အထွဋ်အထိပ်ဖြစ်တော်မူတယ်။ ဒါလေးကိုပဲ စိတ်က အားတိုင်း ရွတ်ဆိုပွားများနေမယ်ဆိုရင် ကိုယ့်စိတ်မှာ မကောင်းတဲ့အတွေးတွေ ဝင်မလာနိုင်ဘူး။ ဒါကပဲ လက်ငင်းပထမအကျိုးကျေးဇူးပါ။ ရွတ်ပါများလေ စိတ်ကြည်နူးလေ။ သောကအပူဗျာပါဒတွေ လျော့ကြလေပဲ။ တချို့က အဓိဌာန်တွေဘာတွေ ဝင်ကြတယ်။ ဒီဂါထာတော်ဟာ လိုအင်ဆန္ဒဟူသမျှကို ပြည့်ဝစေနိုင်တယ်။ ပြည့်စုံနိုင်တယ်လို့ ယုံကြည်ရွတ်ဆိုပွားများကြတယ်။ ကျွန်တော်လည်းပဲ ဒိဝါတပတိဂါထာကို နေ့စဉ် ၁၀၈ကြိမ်ရအောင် ရွတ်ဆိုပူဇော်ပါတယ်။ အခက်အခဲ၊ အကြပ်အတည်းတွေမှာ ကူညီမစမယ့်သူတွေ ပေါ်လာတယ်။ သူ့အလိုလို တစ်နည်းနည်းနဲ့ အဆင်ပြေသွားတယ်။ နောက်တော့ မြန်မာလို အနက်အဓိပ္ပါယ်ပါ ထည့်ပြီး ပူဇော်လေ့ရှိတယ်။ လက်ရှိလည်း အချိန်ရရင် ရသလို ရွတ်ဆိုပွားများဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုတွေ၊ သောကတွေ ရှိနေမယ်ဆိုရင် ဒီဂါထာလေးကို ရွတ်ဆိုပူဇော်ကြည့်ပါလို့ တိုက်တွန်းပါတယ်။ စိတ်နှလုံး ငြိမ်သက်အေးချမ်းနေဖို့က အဓိကပဲမဟုတ်ဘူးလား။ စိတ်တည်ငြိမ်မှ အလုပ်တည်ငြိမ်မှာပါ။ ဓမ္မကုသိုလ်လေးတွေလည်း တိုးများကြပါစေ။

  • Channel created