tgindex
Ananda Saytanar Foundation

Ananda Saytanar Foundation

Статистика
Последний пост
30 апр.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
228
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
130
21 постов
Вовлечённость
57,0%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အေးချမ်းစွာဖြတ်သန်းနိုင်ပါစေကြောင်း အနန္တစေတနာဖောင်ဒေးရှင်းမှ ဆုတောင်းမေတ္တာ ပို့လိုက်ရပါတယ် ခင်ဗျာ။ #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company

  • без подписи

  • 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🎆 နှစ်သစ်မှစပြီး ကျန်းမာချမ်းသာခြင်းအတိနဲ့ နေ့သစ်တွေကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။ စီးပွားလာဘ်လာဘတွေ တိုးပွားပြီးတော့ ချစ်ခင်ရသူတွေနဲ့ အကောင်းဆုံး အမှတ်တရတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Ananda Saytanar Foundation မှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🥰 #AnandaSaytanarFoundation #HappyNewYear #NewYearWish

  • без подписи

  • အသည်းကင်ဆာရဲ့ သတိပြုရမယ့် လက္ခဏာများ 👉အသည်းကင်ဆာက အဖြစ်များတဲ့ ကင်ဆာတစ်ခုဖြစ်သလို အသေအပျောက်များစေတဲ့ ကင်ဆာတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၈၀ တုန်းထက်စာရင် အသည်းကင်ဆာဖြစ်နှုန်းက ၃ ဆလောက် ပိုများလာသလို သေနှုန်းကလည်း ၂ ဆလောက် ပိုများနေပါတယ်။ 👉အသည်းကင်ဆာဖြစ်နှုန်းများလာရတာက စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလာရခြင်းနဲ့လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေပါတယ်။ အသည်းကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေကတော့ 🔹ဘီပိုး စီပိုး ကူးစက်ခံရတာ 🔹အသည်းအဆီဖုံးတာ 🔹အရက်အလွန်အကျွံ‌သောက်တာ ‌🔹ဆေးလိပ်သောက်တာ 🔹အဝလွန်တာ 🔹အမျိုးအစား ၂ ဆီးချိုရောဂါရှိတာ 🔹အသည်းထိခိုက်စေတဲ့ မျိုးရိုးလိုက် ရှားပါးရောဂါတွေရှိတာ 🔹Aflatoxin (ငရုတ်သီး၊ ပဲ၊ ပြောင်းမှာ ပါတဲ့မှို) စားမိတာ 🔹ကြွက်သားတက်စေမယ့် စတီးရွိုက်တွေ အလွန်အကျွံ အသုံးပြုတာ စတာတွေပဲ ဖြစ်ပါတယ်။ 👉အသည်းကင်ဆာရဲ့ လက္ခဏာတွေက ကင်ဆာအစောပိုင်းအဆင့်ဆို သိပ်မသိသာပါဘူး။ ဒါ့ပြင် တခြားရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာကြောင့် အသည်းကင်ဆာကို သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 👉ဘာပဲဖြစ်ဖြစ် ခုပြောမယ့် လက္ခဏာတွေ ခံစားနေရရင်တော့ အသည်းကင်ဆာကို သံသယရှိသင့်ပါတယ်။ 🔸အလိုလိုနေရင်း ပိန်လာတာ 🔸အစားအသောက်ပျက်တာ 🔸ဗိုက်ပြည့်လွယ်တာ 🔸ပျို့အန်တာ 🔸ညာဘက်နံကြားမှာ တင်းကျပ်ကျပ် ခံစားရတာ 🔸ချက်နားတစ်ဝိုက်မှာ အောင့်တာ 🔸ညာဘက်ဇက်ကျောအောင့်တာ 🔸ရေဖျင်းဆွဲတာ 🔸အသားယားတာ 🔸အသားနဲ့ မျက်လုံးဝါတာ 🔸အလိုလိုနေရင်း အညိုအမည်းစွဲတာ၊ သွေးမတိတ်တာ စတာတွေပဲဖြစ်ပါတယ်။ 👉ဒီလက္ခဏာတွေရှိတဲ့အခါ အသည်းကင်ဆာကို သတိထားပြီး ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ စစ်ဆေးတဲ့အခါ လိုအပ်တဲ့ သွေး၊ ဆီးတွေ စစ်တာ၊ အယ်ထွာဆောင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာ၊ အသားစစစ်တာတွေ လုပ်ရနိုင်ပါတယ်။ 👉အသည်းကင်ဆာမှန်းသေချာပြီ၊ ကင်ဆာအဆင့်ကိုလည်း သိရပြီဆိုရင်တော့ ကုသမှုစတင်ပါတယ်။ ကုသနည်းတွေကတော့ 🔹ခွဲစိတ်နည်း 🔹ရောင်ခြည်ပြနည်း 🔹ဆေးသွင်းနည်း 🔹ခုခံအားကုထုံး 🔹ပစ်မှတ်ထားကုထုံး 🔹အကျိတ်ကိုဖျက်ဆီးနည်း 🔹ကင်ဆာကို ထောက်ပံ့နေတဲ့ သွေးကြောတွေကို ပိတ်ဆို့နည်း စသဖြင့် ကင်ဆာအခြေအနေပေါ် မူတည်ပြီး ကုထုံးတွေ အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ 👉ကင်ဆာတွေရဲ့ သဘောတရားအရ ရောဂါနုရင် အသက်ရှင်နှုန်းများပြီး ကင်ဆာရင့်ရင်တော့ ကုသရတာ ခက်နိုင်ပါတယ်။ 👉ဒီလို အန္တရာယ်များတဲ့ အသည်းကင်ဆာရဲ့ ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် 🔹ဘီပိုး ကာကွယ်ဆေး ထိုးထားပါ 🔹ဘီပိုး စီပိုး ကူးနိုင်တဲ့ အပြုအမူတွေကို ရှောင်ပါ 🔹အရက်နဲ့ ဆေးလိပ်ရှောင်ပါ 🔹အဝမလွန်အောင် ထိန်းပါ ဒါဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အသည်းကင်ဆာရဲ့ လက္ခဏာတွေကို သိရှိထားပြီး စောစောစီးစီး ဆေးစစ်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ Dr Htet Htet Zaw Win #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company #ကျန်းမာရေး #ကင်ဆာ #Cancer #ကင်ဆာကုထုံး #healthylife #အသည်း #အသည်းကင်ဆာ

  • без подписи

  • ‼ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းခြင်းက ကြောက်စရာမလိုပါ 👨‍⚕️ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်ကဆဲလ်တွေ ထိန်းချုပ်မရအောင်ကြီးထွားလာပြီး အကျိတ်အဖြစ်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအနှံ့ကို ပြန့်ပွားသွားတတ်တဲ့ရောဂါမျိုးဖြစ်သလို 🔸အရေပြားနှင့် အတွင်းအင်္ဂါ အပေါ်ယံအမြှေးများ 🔸ကြွက်သား၊ အရိုးနှင့် အသားအမျှင်တွေမှာ ဖြစ်ပွားတတ်ပါတယ်။ ကင်ဆာရောဂါက ယနေ့ခေတ် ကမ္ဘာတဝှမ်းမှာ အဖြစ်အများဆုံးနဲ့ အသေအပျောက်အများဆုံးရောဂါထဲမှာ ပါဝင်နေသလို 🔸DNA (မျိုးဗီဇဆဲလ်) ထိခိုက်ပျက်စီးခြင်း 🔸နာတာရှည် နာကျင်ရောင်ရမ်းမှုဖြစ်ခြင်း 🔸နေထိုင်စားသောက်မှုပုံစံလွဲမှားခြင်း 🔸မျိုးရိုးရှိခြင်း 🔸ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာ 🔸ဗိုင်းရပ်စ်နှင့် ထိတွေ့မိခြင်း အစရှိတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်တတ်တဲ့ရောဂါမျိုးဖြစ်တာကြောင့် ကင်ဆာရောဂါကို စနစ်တကျ ကုသဖို့ လိုအပ်ပါတယ်။ ကင်ဆာရောဂါကို ကုသရာမှာ ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပြခြင်း အစရှိတဲ့ကုထုံးတွေက ယနေ့အထိ အဓိက ကုထုံးတွေအဖြစ် အသုံးပြုကုသနေဆဲဖြစ်ပါတယ်။ 👨‍⚕️ 🚨ခွဲစိတ်ခြင်းကို လူနာတွေက မကြောက်ကြပေမယ့် ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ပြရမယ်ဆိုရင်တော့ ကြောက်ကြတာကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်တွေထဲမှာ ကင်ဆာဆေးသွင်းပြီး လူနာက ဆံပင်ကျွတ်တာ၊ အန်တာ၊ ပါးစပ်ထဲ အနာတွေပါက်တာတွေ မြင်ဖူးထားကြတော့ ဆေးသွင်းရမယ်ဆိုရင် လူနာတွေက ကြောက်နေသလို ကုသမှု မခံယူချင်ကြတော့တာတွေလည်း ရှိပါတယ်👀 💢တကယ်တော့ ကင်ဆာဆေးသွင်းတဲ့အခါ ဆေးက ကင်ဆာဆဲလ်တွေအပြင် ခန္ဓာကိုယ်မှာ ပွားများမှုမြန်တဲ့ ဆံသားမွေးညင်းအိတ်၊ သွေးဆဲလ်၊ ခံတွင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ မျိုးပွားအင်္ဂါက ဆဲလ်တွေကိုပါ တိုက်ခိုက်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ 🔹ပင်ပန်းနုံးချိခြင်း 🔹သွေးအားနည်းခြင်း 🔹ပိုးဝင်လွယ်ခြင်း 🔹အညိုအမည်းစွဲလွယ်ခြင်း 🔹ဆံပင်ကျွတ်ခြင်း 🔹ပျို့အန်ခြင်း 🔹အစားအသောက်ပျက်ခြင်း 🔹ဝမ်းချုပ်ခြင်း 🔹ဝမ်းလျှောခြင်း 🔹ခံတွင်းတွင် အနာဖြစ်ခြင်း 🔹အရေပြားမွဲခြောက်ခြင်း 🔹ကလေးရဖို့ခက်ခြင်း အစရှိတဲ့ဝေဒနာလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ 👨‍⚕️ဒီဘေးထွက်ဆိုးကျိုးတွေက အဖြစ်များတဲ့ဆိုးကျိုးတွေဆိုပေမယ့် လူနာတိုင်း ဖြစ်တာမဟုတ်သလို တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူပါဘူး။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုး အကုန်လုံးကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ကင်ဆာဆေးသွင်းတာနဲ့ ပတ်သက်ရင် အကောင်းဆုံးက ကိုယ်ခံစားရတာတွေကို ဆရာဝန်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြတာပဲ ဖြစ်ပါတယ်... ဒါမှ ခံစားရတဲ့ဝေဒနာ၊ ပြင်းထန်ပုံကို လိုက်ပြီး လိုအပ်တာတွေ ပြုလုပ်ပေးလို့ ရမှာပဲ ဖြစ်ပါတယ်။ 👍 💢အခုခေတ်မှာ ကင်ဆာဆေးတွေကို ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ ထိရောက်မှုအားကောင်းအောင် ထုတ်လုပ်ထားတာကြောင့် အရင်ကလောက် ဆိုးကျိုးတွေ မများတော့ပါဘူး။ ဒါတင်မက ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းအောင် 🔹ပစ်မှတ်ထားသော ကင်ဆာကုထုံး 🔹RFA (Radiofrequency Ablation) 🔹PEI (Percutaneous Ethanol Injection) 🔹MWA (Microwave Ablation) 🔹Transarterial chemoembolization (TACE) 🔹Transarterial radioembolization (TARE) အစရှိတဲ့ကုထုံးတွေနဲ့ တွဲဖက်ပြီး ကုသပေးနေပြီဖြစ်ပါတယ်။ ကင်ဆာဆေးတွေက အစွမ်းထက်တာကြောင့် ကင်ဆာရောဂါတွေရဲ့ (80% - 90%) လောက်က ကင်ဆာဆေးသွင်းကုထုံးကို လိုအပ်တုန်းပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် ကောင်းကျိုးတွေက ပိုများတာကြောင့်လည်း ကင်ဆာကုသရေးမှာ အရေးပါနေဆဲ ဖြစ်ပါတယ်။👨‍⚕️ ဒါကြောင့် ကင်ဆာဆေးသွင်းဖို့ကို ကြောက်စရာမလိုပါဘူး။ အကယ်၍ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်တယ်ဆိုရင်လည်း 🔺ဆရာဝန်ကို ပြောပြပါ။ 🔺ခံစားရသမျှကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဒါမှလိုအပ်တာတွေကို ပြင်ဆင်ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 🔺ဘဝတူ ကင်ဆာဆေးသွင်းတဲ့လူနာတွေနဲ့လည်း စကားပြောကြည့်ပါ။ ဒါဆိုရင် ကင်ဆာဆေးသွင်းတာက ထင်သလောက် ကြောက်ဖို့ မကောင်းဘူးဆိုတာ သိလာမှာပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို ကင်ဆာဆေးသွင်းခြင်းက ကြောက်စရာမလိုဘူးဆိုတာ သိရှိနားလည်သွားမယ်လို့ ယုံကြည်ပါတယ်။😊 📣လူကြီမင်းတို့အနေနဲ့လည်း ယနေ့ခေတ်မှာ အဖြစ်များပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တတ်တဲ့ကင်ဆာရောဂါ မဖြစ်ပွားမခံစားရလေအောင် စနစ်တကျနဲ့ ပြုမူနေထိုင်စားသောက်ကြဖို့ကို 𝐀𝐧𝐚𝐧𝐝𝐚 𝐒𝐚𝐲𝐭𝐚𝐧𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ⚕️𝐀𝐧𝐚𝐧𝐝𝐚 𝐒𝐚𝐲𝐭𝐚𝐧𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ⚕️ Dr Htet Htet Zaw Win #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company #Health #ကင်ဆာ #Cancer

  • без подписи

  • Vitamin D နည်းလွန်း/များလွန်းရင် ဘာတွေဖြစ်နိုင်သလဲ❓ 👨‍⚕️Vitamin D ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တွေ မျှတစေဖို့အပြင် အရိုးကျန်းမာရေး၊ ခုခံအားစနစ်နဲ့ ကြွက်သား၊ ဦးနှောက်ဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် အဓိကထောက်ပံ့ပေးပါတယ်... ကိုဗစ်ကာလတုန်းကဆိုရင် Vitamin D က အဓိကအားထားရာဖြစ်ခဲ့တာကြောင့် မသိသူ မရှိသလောက်ဆိုသလို Vitamin D အားဆေးဆိုတာကလည်း မသောက်ဖူးသူ မရှိလောက်အောင်ပါပဲ...✨ 🚨ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ဗီတာမင်ဆိုပေမယ့် "တန်ဆေး၊ လွန်ဘေး" စကားအတိုင်း Vitamin D နည်းလွန်း/ များလွန်းသွားတဲ့အခါ မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်... 💢ခန္ဓာကိုယ်ထဲမှာ ရှိသင့်တဲ့ Vitamin D ပမာဏက 20 and 40 ng/mL (သို့မဟုတ်) 60 and 100 nmol/L ဖြစ်ပြီးတော့ ဒီထက်နည်းလွန်းရင် ဒါမှမဟုတ် ဒီထက်များလွန်းရင်တော့ ကျန်းမာရေးကို ထိခိုက်စေမှာပဲဖြစ်ပါတယ်... Vitamin D နည်းလွန်းရင် ဘာဖြစ်နိုင်သလဲ❓ 🔸ပင်ပန်းနွမ်းနယ်ခြင်း 🔸အရိုးနာခြင်း၊ ခါးနာခြင်း 🔸အရိုးကျိုးလွယ်ခြင်း 🔸ကြွက်သားနာခြင်း 🔸ကြွက်တက်ခြင်း 🔸စိတ်ကျရောဂါ အစရှိတဲ့ဝေဒနာတွေ ခံစားရနိုင်ပြီး ကလေးငယ်လေးတွေမှာဆိုရင်တော့ အရိုးခွင်တာ ဖြစ်တတ်ပါတယ်... Vitamin D ချို့တဲ့ခြင်းက... 🔹နေရောင်ခြည်နဲ့ ထိတွေ့မှု မရှိဘဲ အိမ်တွင်းအောင်းနေသူ 🔹အဝလွန်သူ 🔹အသည်း၊ ကျောက်ကပ် မကောင်းသူ 🔹ဆေးဝါးအချို့ကို စွဲသောက်နေသူ (ဥပမာ ဝမ်းပျော့ဆေး၊ စတီးရွိုက်၊ အတက်ကျဆေး၊ တီဘီဆေး) တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်... Vitamin D နည်းလွန်းရင် အထက်ကဖော်ပြခဲ့တာတွေဖြစ်နိုင်သလို Vitamin D လွန်ကဲသွားရင်လည်း ဖြစ်ပေါ်နိုင်တဲ့ပြဿနာတွေ ရှိနေပါသေးတယ်... 👨‍⚕️Vitamin D လွန်ကဲခြင်းက အများအားဖြင့် Vitamin D အားဆေး အလွန်အကျွံသောက်သူတွေမှာ ဖြစ်တတ်ပါတယ်... Vitamin D ကို နေရောင်ခြည်နဲ့ အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီလိုရရှိတဲ့ Vitamin D က အလွန်အကျွံ ဖြစ်တာ မရှိသလောက် ရှားပါတယ်... Vitamin D လွန်ကဲရင် ဘာတွေဖြစ်နိုင်လဲ❓ Vitamin D လွန်ကဲတဲ့အခါ အဆိပ်သင့်ပြီး 🔸ဗိုက်အောင့်ခြင်း 🔸ပျို့အန်ခြင်း 🔸ကြွက်သား အားနည်းခြင်း 🔸ဆီးမကြာခဏ သွားခြင်း 🔸ဆီးကျောက်တည်ခြင်း 🔸နှလုံးခုန်မမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်... Vitamin D က နည်းလွန်း/ များလွန်းတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်ပမာဏအတိုင်းလေး ရှိနေဖို့အရေးကြီးပါတယ်...👌 Vitamin D ချို့တဲ့ခြင်း မဖြစ်အောင် ဘယ်လိုပြုလုပ်သင့်လဲ❓ ✅နေရောင်ခြည်ခံပါ... (မွန်းတည့်နေမှာ တစ်ရက်ကို ၅-၁၀မိနစ်လောက် ခံပေးရုံနဲ့ လုံလောက်ပါတယ်...) ✅အစားအသောက်မှာဆိုရင်လည်း Vitamin D ဖြည့်စွက်ထားတဲ့ နို့၊ ဆီရီယယ်၊ အနီရောင်အသား၊ ဥအနှစ်၊ ဆယ်မွန် စတာတွေ စားပေးပါ... ✅Vitamin D ချို့တဲ့နေပြီလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်ကြည့်ပါ... 👨‍⚕️အကယ်၍ နည်းနေတယ်ဆိုရင် Vitamin D ကို ပြန်လည်ဖြည့်စွက်ပေးရမှာဖြစ်ပြီး ဒီလိုအချိန်မှာ ပေးတဲ့ Vitamin D က သာမန်အားဆေးတွေမှာပါတဲ့ Vitamin D ထက် ပမာဏ အင်မတန်များတာကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့လည်း မမေ့ပါနဲ့နော်... ဒီလိုမှမဟုတ်ရင် Vitamin D အဆိပ်သင့်နိုင်ပါတယ်... Vitamin D လွန်ကဲသူဆိုရင်တော့ ‌သောက်လက်စ အားဆေးကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်... Vitamin D အားဆေးကို မှီဝဲနေကြတယ်ဆိုရင်လည်း လွန်ကဲတဲ့ပမာဏကို မသောက်သုံးမိဖို့ နေ့စဉ်သောက်သုံးသင့်တဲ့ ပမာဏကို သိထားမှဖြစ်မှာပါ...👍 💢အရွယ်ရောက်ပြီးသား သူတစ်ယောက်အတွက် တစ်ရက်ကို Vitamin D 600 IU၊ အသက် (၇၀) ကျော် လူကြီးတွေအတွက် 800 IU ဆို လုံလောက်ပါတယ်... သာမန်လူအနေနဲ့ တစ်ရက်ကို 4000 IU ထက်ပိုသောက်မိရင် Vitamin D လွန်ကဲနိုင်တာကြောင့် အထူးဂရုပြုဖို့လိုအပ်ပါတယ်... 👨‍⚕️✨အကယ်၍ Vitamin D ချို့တဲ့နေပြီဆိုရင်လည်း ဒီလောက်ပမာဏနဲ့ မလုံလောက်ဘဲ ပမာဏအများကြီးနဲ့ ကုသရမှာဖြစ်တာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သောက်သင့်သုံးပေးဖိုကို အကြံပြုလိုက်ပါရစေ... အခုလောက်ဆို Vitamin D က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဗီတာမင်ဖြစ်ပြီး နည်းလွန်း/ များလွန်းရင် ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကိုလည်း သိရှိသွားပြီလို့ ယုံကြည်ပါတယ်... 📣ဒါကြောင့် Vitamin D ကို ရှိသင့်တဲ့ပမာဏအတိုင်း ရှိနေစေဖို့အတွက် မိတ်ဆွေတို့အနေနဲ့ စားသောက်နေထိုင်ပုံကို ပြုပြင်ပြောင်းလဲဖို့လိုအပ်သလို အားဆေးသောက်မယ်ဆိုရင်လည်း သင့်တော်တဲ့ပမာဏကိုသာ သောက်သုံးကြဖို့ကို 𝐀𝐧𝐚𝐧𝐝𝐚 𝐒𝐚𝐲𝐭𝐚𝐧𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ထပ်မံအကြံပြုတိုက်တွန်းလိုက်ပါတယ်... 𝐀𝐧𝐚𝐧𝐝𝐚 𝐒𝐚𝐲𝐭𝐚𝐧𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 Dr Htet Htet Zaw Win #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company #Health #HealthKnowledge #VitaminD #VitaminDdeficienc #VitaminDtoxicity

  • без подписи

  • ရင်သားကင်ဆာအတွက် ဟော်မုန်းကုထုံးဆိုတာ ဘာလဲ 👉ကင်ဆာကျိတ်တချို့ရဲ့ ကြီးထွားမှုက ဟော်မုန်းတွေအပေါ်မှာလည်း မူတည်နေပါတယ်။ ဥပမာ ပြောရရင် ရင်သားကင်ဆာပါ။ ရင်သားကင်ဆာရဲ့ ကြီးထွားမှုက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေပေါ် မူတည်နေပါတယ်။ ဒါကြောင့် ရင်သားကင်ဆာကို ကုသတဲ့အခါ ဒီဟော်မုန်းတွေကို ထိန်းချုပ်နိုင်တဲ့ ဟော်မုန်းကုထုံးဆိုတာ ပေါ်လာပါတယ်။ 👉ရင်သားကင်ဆာနဲ့ ပတ်သက်လာရင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက အရေးကြီးပါတယ်။ ရင်သားကင်ဆာလူနာတွေမှာ ER +, PR+, နှစ်ခုလုံး +ဆိုပြီး တွေ့ဖူးမှာပါ။ ဒါက estrogen receptor positive, progesterone receptor positive ဖြစ်တာကို ပြောတာပါ။ ရင်သားကင်ဆာတွေရဲ့ ၃ ပုံ ၂ ပုံ လောက်က receptor positive ဖြစ်ကြပါတယ်။ အများဆုံးကတော့ ER+ ပါ။ ၁၀ ယောက်မှာ ၈ ယောက်လောက် ရှိပါတယ်။ 👉Receptor positive ဖြစ်တာကောင်းလားဆိုတော့ ကြံဖန်ပြီးတွေးရရင်တော့ ကောင်းပါတယ်။ ဟော်မုန်း receptor တွေ positive ဖြစ်တဲ့အတွက် ဒီဟော်မုန်းတွေကိုသာ ပိတ်နိုင်မယ်ဆိုရင် ကင်ဆာကို ပိုပြီး ထိန်းချုပ်ရတာ လွယ်မှာပါ။ ဒါကိုပဲ ဟော်မုန်းကုထုံးလို့ ခေါ်တာ ဖြစ်ပါတယ်။ 👉ဟော်မုန်းကုထုံးပေးလိုက်တဲ့အခါ 🔹ဟော်မုန်းနဲ့ ကင်ဆာအကျိတ် ထိတွေ့မှုနည်းသွားစေပါတယ်။ 🔹အီစထရိုဂျင် ပမာဏကို ကျစေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာ တန့်သွားပါတယ်။ 👉ဟော်မုန်းကုထုံးကို ရင်သားကင်ဆာခွဲစိတ်ပြီး နောက်ဆက်တွဲကုထုံးအနေနဲ့ ပေးလို့ရသလို အကြိုကုထုံးအနေနဲ့ ပေးတာလည်း ရှိပါတယ်။ ကုသတဲ့အနေနဲ့ရော နောက်ထပ် ထပ်မဖြစ်အောင်ရော ပေးလေ့ရှိပါတယ်။ 👉ဟော်မုန်းကုထုံးမှာ သုံးတဲ့ ဆေးအမျိုးအစားတွေကတော့ aromatase inhibitors, selective estrogen receptor modulators (SERMs) သို့မဟုတ် estrogen receptor down regulators (SERDs) စတာတွေပဲ ဖြစ်ပါတယ်။ ဆေးနာမည်တွေအနေနဲ့ - anastrozole - goserelin - tamoxifen - fulvestrant စတာတွေပဲ ဖြစ်ပါတယ်။ ဆေးတွေက သောက်ဆေး၊ ထိုးဆေး အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ 🔸နုံးတာ 🔸ရှိန်းတိန်းဖိန်းတိန်းဖြစ်တာ 🔸အရိုးအဆစ်နဲ့ ကြွက်သားတွေနာတာ 🔸လိင်စိတ်လျော့နည်းတာ 🔸စိတ်အတက်အကျဖြစ်တာ 🔸ပျို့အန်တာ 🔸ရင်သားတင်းတာ 🔸မိန်းမကိုယ်ခြောက်တာ 🔸ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ 👉ဟော်မုန်းကုထုံးတွေကို ၅ နှစ်လောက် ပေးလေ့ရှိပါတယ်။ ပြန်ဖြစ်နိုင်ခြေများတဲ့သူတွေကတော့ ၅ နှစ်ထက်ကြာပြီး ပေးနိုင်ပါတယ်။ 👉ဟော်မုန်းကုထုံးတွေက ရင်သားကင်ဆာအတွက် ထိရောက်တဲ့ကုထုံးပါ။ ကင်ဆာကျိတ်ကို မပွားအောင်ထိန်းဖို့၊ ပြန်မဖြစ်ဖို့ တားဆီးနိုင်တာကြောင့် အကျိုးရှိတဲ့ ကုထုံးပါ။ ရင်သားကင်ဆာအတွက် ထိရောက်တဲ့ကုထုံးတွေ များပြားလာတာကြောင့် ရင်သားကင်ဆာကို ကုသဖို့ မနှောင့်နှေးကြဖို့ အကြံပြုလိုပါတယ်။ Dr Htet Htet Zaw Win #Ananda_Saytanar_Foundation #By_AMMK_Investment_Holdings_Company #ကျန်းမာရေး #health #ရင်သားကင်ဆာ #breastcancerawareness

  • без подписи

  • ငလျင်ဒဏ်ပြီး‌နောက် ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာများ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ရှောင်လွှဲမရနိုင်တဲ့ ငလျင်ဒဏ်ပြီးနောက်မှာ ကြုံလာရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ငလျင်ဒဏ်ကို ရှောင်လွှဲလို့ မရသည့်တိုင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားလို့ ရနိုင်ပါတယ်။ ငလျင်အပြီးမှာ ကြုံလာရနိုင်တဲ့ ကျန်းမာရေးပြဿနာများကတော့ 🔸ထိခိုက်ဒဏ်ရာ အဆောက်အဦတွေ ပြိုကျတာ၊ ငလျင်လှုပ်နေချိန် ကိုယ့်အပေါ်ကို ပစ္စည်းတွေ ပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာတွေ ရနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်နည်း- ငလျင်ငြိမ်သွားလို့ လက်ရှိရှိနေရာကနေ တစ်နေရာကို ရွှေ့တော့မယ်ဆိုရင် ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ။ ကိုယ့်အပေါ်ကို ထပ်ပြီး ပြိုကျပိကျနိုင်တာရှိရင် သတိထားပြီး ရွှေ့ပါ။ ငလျင်အပြီးမှာ နောက်ထပ်ငလျင်တွေ ထပ်လာနိုင်တာကြောင့် ကိုယ်ရှိနေတဲ့နေရာက စိတ်မချရဘူးဆို စိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းပါ။ 🔸ငလျင်အပြီး ခေါင်းမူးခြင်း Post earthquake dizziness syndrome လို့ခေါ်ပြီး ငလျင်လှုပ်ပြီးတဲ့အခါ လူက ခေါင်းမူးတာ၊ ပျို့အန်ချင်တာတွေ ခံသားရတတ်ပါတယ်။ ကားမူးတာနဲ့ အလားတူပါတယ်။ ကြိုတင်ပြင်ဆင်နည်း- ငလျင်လှုပ်အပြီး မူးဝေတာကို ခံစားရတဲ့အခါ အနားယူပါ။ ပြင်းပြင်းထန်ထန် လှုပ်ရှားတာကို ရှောင်ပါ။ ရေများများသောက်ပါ။ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အမူးပြေဆေး‌တွေ သောက်နိုင်ပါတယ်။ 🔸အဆိပ်ရှိအကောင်များ အန္တရာယ် လူတွေလိုပဲ တွင်းအောင်းသတ္တဝါတွေလည်း ငလျင်ဒဏ်ကြောင့် အပြင်ကို ထွက်လာနိုင်ပါတယ်။ အကောင်တွေ ကိုက်မိရင် အဆိပ်သင့်နိုင်ပါတယ်။ ကြိုတင်ပြင်ဆင်နည်း- ငလျင်လှုပ်ပြီးလို့ အဆောက်အဦတွေ၊ ချောင်တွေနား သွားတော့မယ်၊ ပစ္စည်းတွေ ဖယ်ဖို့ ရှိတယ်ဆို အသံကျယ်ကျယ်ပေးပါ။ ခြောက်လှန့်ထုတ်ပါ။ မတော်တဆ ကိုက်ခံရသည်ရှိသော် နီးစပ်ရာကျန်းမာရးဌာနကိို အမြန်သွားရောက်ကုသပါ။ 🔸ဝမ်းပျက်ဝမ်းလျှောရောဂါ အခုဆိုရင် ငလျင်အပြီးမှာ တချို့နေရာတွေမှာ ရေတွေတက်လာတာကို တွေ့ရမှာပါ။ ငလျင်လှုပ်တာကြောင့် ရေကောင်းရေသန့်တွေ ရဖို့ခက်တဲ့အချိန်မှာ ရေတက်လာတာကြောင့် ဝမ်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ကြိုတင်ပြင်ဆင်နည်း- ရေတက်တဲ့ဒေသတွေမှာ သောက်ရေကို ရေသန့်ဘူး ဒါမှမဟုတ် ကြိုချက်ထားတဲ့ရေကိုသာ သောက်သုံးပါ။ အစားအစာသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ သုံးရေမသန့်တာ၊ ရှားပါးတာကြောင့် အရေပြားရောဂါတွေ ဖြစ်နိုင်တာကိုလည်း သတိပြုပါ။ 🔸ဆေးဝါးပြတ်လပ်မှု ပြဿနာ ဆီးချို၊ သွေးတိုးနဲ့ သန္ဓေတားဆေးလိုမျိုး နေ့စဉ်သောက်နေကျ ဆေးဝါးတွေ ပြတ်လပ်ပြီး ရောဂါအခြေအနေ ထိန်းရခက်တာတွေ ဖြစ်နိုင်ပါတယ်။ ကြိုတင်ပြင်ဆင်နည်း- ဆေးဝါးတွေကို အနည်းငယ်ပိုဆောင်ထားပါ။ ကိုယ်နေတဲ့ ဒေသရဲ့ အခြေအနေပေါ် မူတည်ပြီး ၂ပတ်စာ၊ ၁လစာစသဖြင့် ပိုဝယ်ထားသင့်ပါတယ်။ 🔸စိတ်ကျန်းမာရေး ဒီတစ်ခါ ငလျင်က တော်တော်ပြင်းတဲ့ ငလျင်ဖြစ်တဲ့အပြင် အပျက်အစီး၊ အသေအပျောက်များတာကြောင့် နာဂစ်တုန်းကလိုပဲ စိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်ပါတယ်။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်တိုစိတ်ဆတ်တာတွေ ဖြစ်တတ်ပါတယ်။ ကြိုတင်ပြင်ဆင်နည်း- စိတ်ဓာတ်ကျဝေဒနာ၊ စိတ်ဒဏ်ရာတွေအထိ ဖြစ်မသွားစေဖို့ မိမိခံစားနေရတာတွေကို ရင်ဖွင့်ပါ။ လိုအပ်ရင် စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးပါ။ ငလျင်ဒဏ်နဲ့ အတူ ပါလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း အရေးကြီးပါတယ်။ နောက်ရက်တွေမှာလည်း ငလျင်အသေးစားလေးတွေ ထပ်လာဖို့ ရှိတယ်လို့ ပညာရှင်များက ခန့်မှန်းထားကြတာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ Dr Htet Htet Zaw Win #Ananda_Saytanar_Foundation #By_AMMK_Investment_Holdings_Company #ငလျင် #မန္တလေး #စစ်ကိုင်း #ကျန်းမာရေး

  • без подписи

  • နွေရာသီမှာ လူကြီးတွေကို ဘယ်လို ဂရုစိုက်ပေးမလဲ ☀️တစ်နှစ်ထက် တစ်နှစ် ပိုပြင်းလာတဲ့နွေကြောင့် နွေရာသီဆိုရင် ရေဓာတ်ခန်းခြောက်တာ၊ ချွေးထွက်များတာ၊ အပူလျှပ်တာတွေလည်း အဖြစ်များလာပါတယ်။ အထူးသဖြင့်တော့ နွေရာသီရဲ့ အပူဒဏ်ကို ဘိုးဘိုးဘွားဘွားတွေက ပိုပြီး ခံစားရပါတယ်။ 👉ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝဖို့ ပိုခက်လာသလို သောက်ရတဲ့ဆေးတွေ၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း အပူဒဏ်ကို တုံ့ပြန်တွေက ကျဆင်းလာပါတယ်။ ဒါကြောင့် နွေရာသီရောက်ပြီဆိုရင် လူကြီးတွေကို အနားမှာထားပြီး သေချာဂရုစိုက်ဖို့ လိုပါတယ်။ ☀️ဒီနှစ်နွေရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ကျန်းမာစေဖို့ ဂရုစိုက်ပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ 🔸ရေများများတိုက်ပေးပါ။ လူကြီးတွေက ရေသောက်ပြီးရင် ရှူးထပေါက်ရမှာစိုးလို့ ရေမသောက်ချင်ကြပါဘူး။ ဒါပေမယ့် နွေရာသီမှာကတော့ ရေက မဖြစ်မနေ သောက်ဖို့ လိုပါတယ်။ ရေများများသောက်ဖြစ်စေဖို့ အနီးအနားမှာ ရေဘူးထားပေးပါ။ ရေသောက်ဖို့ သတိပေးပါ။ ရေအပြင် အရည်ရွှမ်းတဲ့ အသီးအနှံတွေလည်း ကျွေးပေးပါ။ ကော်ဖီ၊ လက်ဖက်ရည်ကတော့ ရေဓာတ်ဆုံးရှုံးစေလို့ မတိုက်သင့်ပါ။ 🔸ပွပွချောင်ချောင် အဝတ်တွေ ဝတ်ပေးပါ။ နွေရာသီမှာ လူကြီးတွေအတွက် အသင့်တော်ဆုံးက ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေပါ။ ချွေးစုပ်တဲ့ အသားတွေ ဝတ်ပေးသင့်သလို ချွေးစိုရင်လည်း ပုံမှန်လဲပေးသင့်ပါတယ်။ 🔸အခန်းကို အေးနေအောင် ထားပေးပါ။ လူကြီးတွေနဲ့ နေတဲ့အခန်းမှာ သင့်တော်သလို ပန်ကာ၊ အဲကွန်း ထားပေးပါ။ ပန်ကာတွေက အဲကွန်းတွေက လေဖြတ်စေတယ်ဆိုတာ မဟုတ်ပါ။ ပူလွန်းတဲ့အချိန်မှာ အဲကွန်း၊ ပန်ကာ ဖွင့်ပြီး အေးအောင် မနေရင် အပူလျှပ်နိုင်ပါတယ်။ အခန်းတွေကို လေဝင်လေထွက်ကောင်းအောင် ညနေစောင်းအချိန်တွေဆို ပြတင်းပေါက်ဖွင့်ထားပါ။ နေ့ဘက်တွေဆိုရင်တော့ အပူမဝင်အောင် ပိတ်ထားပါ။ 🔸အစားအသောက် ဂရုစိုက်ပေးပါ။ နွေရာသီမှာ အစားအစာတွေက ပျက်စီးလွယ်၊ သိုးလွယ်တဲ့အတွက် လူကြီး စားမယ့်အစားအစာကို သေချာစစ်ဆေးပါ။ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံ၊ အရသာအာရုံတွေ သိပ်မကောင်းတဲ့အတွက် သိုးနေတာကို မသိဘဲ စားမိတဲ့အခါ အစာအဆိပ်သင့်ပြီး အထက်လန်အောက်လျှောဖြစ်တတ်ပါတယ်။ 🔸နေလောင်ဒဏ်မခံရအောင် ဂရုစိုက်ပေးပါ။ အပြင်သွားတဲ့အခါတိုင်းမှာ sunscreen လိမ်းပေးပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။ 🔸တတ်နိုင်သမျှ အိမ်ထဲမှာနေပါ။ နေပြင်းတဲ့ မနက် ၁၀နာရီနဲ့ နေ့လယ် ၃နာရီအတွင်းမှာ အပြင်ပေးမထွက်ပါနဲ့။ အိမ်ထဲမှာ သို့မဟုတ် အေးတဲ့နေရာ၊ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေခိုင်းပါ။ 🔸ရေချိုးဖို့ မကြောက်ပါနဲ့။ လူကြီးတွေက ရေချိုးရင် လေဖြတ်တတ်တယ်ဆိုပြီး အသိမှားတာကြောင့် ရေမချိုးချင်ကြပါဘူး။ တကယ်က ရေချိုးတာနဲ့ လေဖြတ်တာနဲ့ မဆိုင်ပါ။ ပူလွန်းတဲ့ရာသီမှာ ရာသီမှာ ရေချိုးတာက အပူချိန်ကို လျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ရာသီဥတုပေါ် မူတည်ပြီး ၂ကြိမ်လောက်တော့ ချိုးလို့ ရပါတယ်။ ရေခဏခဏ မချိုးချင်ရင် ရေပတ်နိုင်နိုင်တိုက်ပေးလို့လည်း ရပါတယ်။ 👉နွေရာသီမှာ လူကြီးမိဘတွေ ကျန်းမာစေဖို့ ခုပြောတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်ပေးလို့ ရပါတယ်။ ဒါ့ပြင် အပူလျှပ်၊ အပူလွန်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့ 🔹နုံးတာ 🔹မူးဝေတာ 🔹ခေါင်းကိုက်တာ 🔹ရင်ထဲ နေလို့ မကောင်းတာ 🔹ချွေးထွက်များတာ 🔹ဖြူဖျော့ပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာတာ 🔹အသားတွေ ပူကျစ်တာ စတာတွေ ခံစားရရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့လည်း လိုအပ်ပါတယ်။ ပူလွန်းတဲ့ နွေရာသီရောက်နေပြီ ဖြစ်တာကြောင့် ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတွေကို အနီးကပ်စောင့်ရှောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ Dr Htet Htet Zaw Win #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company #ကျန်းမာရေး #health #နွေ

  • без подписи

  • မနက်ခင်းဆိုရင် မြူတွေကျနေသလိုမျိုး ဖြစ်နေတာတွေကို ရှေ့လတွေက သတိထားမိခဲ့ကြမှာဖြစ်ပါတယ်။ တကယ်တော့ ဒါတွေက မြူကျတာမျိုးမဟုတ်ပဲ လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာတာတွေပါ။ လေထုညစ်ညမ်းတာတွေက အချိန်တိုအတွင်း ပြုပြင်လို့ မရ‌တာကြောင့် ရှေ့လျောက် ကြုံတွေ့ရဦးမှာပါ။ ဒါ့ကြောင့် ဒီလိုလေထုညစ်ညမ်းမှုတွေနဲ့ ထိတွေ့မိတဲ့အခါ - ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်နိုင်လဲ - ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ဒေါက်တာ အေးမွန်မွန်ခန့်မှ ရှင်းပြပေးထားပါတယ်။ #AnandaSaytanarFoundation #By_AMMK_Investment_Holdings_Company #ကျန်းမာရေး #health #မြူ #လေထုညစ်ညမ်းမှု

  • без подписи

  • လတ်တလော အဖြစ်များနေတဲ့ အသည်းရောင် အသားဝါ A နဲ့ E ခုတလောမှာ ဆိုရှယ်မီဒီယာမှာ အသားဝါတဲ့သူတွေ မကြာခဏ တွေ့နေရပြီး ဒါက အသည်းရောင် အသားဝါ Aပိုး၊ Eပိုးတွေကြောင့်လို့လည်း ပြောကြတော့ ဒါက Bပိုး၊ Cပိုးတွေလိုပဲ အရေးကြီးသလား။ အသည်းထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်လားဆိုတာကို ပြောပြပေးချင်ပါတယ်။ အသည်းအသားဝါပိုးမှာ A, B, C, D, E ဆိုပြီး ၅ မျိုး ရှိပါတယ်။ အများစုကတော့ B ပိုး၊ C ပိုးဆိုတာကို ကြားဖူးမှာပါ။ ကူးစက်တတ်ပြီး အသည်းကင်ဆာဖြစ်တဲ့အထိ ပြင်းထန်တာကြောင့် အသံကြားရုံနဲ့တင် ကြောက်ကြတဲ့ ပိုးတွေပါ။ ဒါဆို A နဲ့ E ကရော။ A နဲ့ E ကတော့ မတူပါဘူး။ B ပိုး၊ C ပိုးတို့နဲ့ ကူးစက်ပုံရော၊ ပြင်းထန်ပုံခြင်းပါ မတူညီပြန်ပါဘူး။ Aပိုးနဲ့ Eပိုးက အစားအသောက်နဲ့ မစင်ကနေ အဓိက ကူးစက်ပါတယ်။ ဥပမာ ရောဂါပိုးရှိသူရဲ့ မစင်တွေ ပါဝင်နေတဲ့ အစားအစာကို စားမိတာမျိုးပေါ့။ မစင်တွေပါနေတာကိုတော့ တမင် စားမိမှာ မဟုတ်ပေမယ့် ရောဂါပိုးရှိသူက အိမ်သာဝင်ပြီး လက်မဆေးဘူး။ အဲ့လက်နဲ့ အစားအစာကို ပြင်မယ်၊ ဒါကို တခြားသူက စားမိမယ်ဆိုရင်လည်း သဘောတရားက အတူတူပါပဲ။ နောက်ပြီး မိလ္လာစနစ်မကောင်းတဲ့နေရာတွေမှာ မသန့်တဲ့ရေကို သောက်မိရင်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်စကနေ ၂ပတ်-၆ပတ်ကြာသည်အထိ တခြားသူကို ကူးစက်နိုင်ပါတယ်။ Aပိုးနဲ့ Eပိုးက လက္ခဏာချင်းလည်း ဆင်တူပါတယ်။ ပိုးစစဝင်ချင်းမှာဆိုရင် လက္ခဏာက တိတိကျကျ မရှိဘဲ - ဖျားတာ - အဆစ်နာတာ - အနီစက်တွေထွက်တာ - ဖောရောင်တာလောက်ပဲ ရှိပါတယ်။ အသားမဝါခင်အဆင့်မှာတော့ - နုံးတာ - ကိုယ်လက်နာတာ - အစားအသောက်ပျက်တာ - ပျို့အန်တာ - ဖျားတာ - ချောင်းဆိုးတာ - ဗိုက်အောင့်တာ - ဝမ်းလျှောတာ - ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့တာတွေ ဖြစ်တတ်ပါတယ်။ အသားဝါတဲ့အဆင့်မှာတော့ - မျက်လုံးနဲ့ အရေပြားတွေ ဝါလာတာ - အစားအသောက်ပျက်တာနဲ့ ပျို့အန်တာ ပိုဆိုးလာတာ - အရေပြားယားယံတာတွေ ဖြစ်လာပါတယ်။ ဒီအဆင့်မှာတော့ တခြားလက္ခဏာတွေ သက်သာစ ပြုလာပါပြီ။ တကယ်တော့ Aပိုး၊ Eပိုးတွေက နဂိုတည်းက ရှိပါတယ်။ ရောဂါကူးတိုင်း လက္ခဏာမပြတာကြောင့် သတိမထားမိတာ ဖြစ်ပါတယ်။ ရောဂါရှိမရှိကတော့ ဆေးစစ်ကြည့်ရင် သိနိုင်ပါတယ်။ ကုသနည်းက မရှိပါဘူး။ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်ပဲ လုပ်လို့ ရပါတယ်။ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် သူ့အလိုလို သက်သာလာမှာ ဖြစ်ပါတယ်။ အများစုက ၄ပတ်ကနေ ၈ပတ်လောက်ဆို အလိုလိုပျောက်သွားပါတယ်။ နောက်ဆက်တွဲလည်း မကျန်တတ်ပါဘူး။ Bပိုး၊ Cပိုးလောက်လည်း မဆိုးပါဘူး။ Aပိုး၊ Eပိုးကြောင့် အသည်းပျက်စီးတာက မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆိုရင်တော့ ဂရုစိုက်ရပါမယ်။ Eပိုးက ကိုယ်ဝန်ဆောင်တွေမှာ ပြင်းထန်တတ်ပြီး ကလေးကို ထိခိုက်နိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုပါတယ်။ ကာကွယ်နည်းကတော့ 🔹Aပိုးအတွက်ဆိုရင် ကာကွယ်ဆေးရှိပါတယ်။ ၆လခြား ၂ကြိမ် ထိုးလို့ရပါတယ်။ Eပိုးအတွက်ကတော့ ကာကွယ်ဆေး မရှိပါ။ အဓိက လိုအပ်တာကတော့ အစားအသောက်သန့်ရှင်းရေးပါ။ အစားအသောက်တွေကနေ ကူးစက်တာဖြစ်တဲ့အတွက် 🔹အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းထားပါ။ 🔹အပြင်စာစားမယ်ဆို သန့်ရှင်းတဲ့ဆိုင်ကပဲ စားပါ။ 🔹ရေကို ကျိုချက်ပြီး သောက်ပါ။ 🔹လက်ဆေးပါ။ 🔹Aပိုး၊ Eပိုး ကူးစက်ထားတဲ့ လက္ခဏာရှိရင် သူများအတွက် အစားအသောက် မချက်ပေးပါနဲ့။ Aပိုး Eပိုးက မပြင်းထန်ဘူးဆိုပေမယ့် ကူးစက်တတ်တဲ့ရောဂါဖြစ်တာကြောင့် သတိထားပြီး ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။ Dr Htet Htet Zaw Win #Ananda_Saytanar_Foundation #By_AMMK_Investment_Holdings_Company #ကျန်းမာရေးဗဟုသုတ #အသည်းရောင်အသားဝါ