𝒦𝓃𝑜𝓌𝓁𝑒𝒹𝑔𝑒 𝒞𝒶𝒻𝑒
Статистика"Where Intelligence Meets Humor. 💡😂 (Angél Alphá အဖွဲ့ရဲ့ main channel link) အောက်က link ကို copy ယူ၍ ဝင် join ပါ။ 👇👇 ( https://t.me/mirror148 )
- Последний пост
- 13 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 3
- Всего постов
- 47
- Тип
- открытый
- Язык
- my
- Категория
- Развлечения
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 20
- 1/48двое суток
- 22
- 1/72трое суток
- 24
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ငါ့တစ်ကိုယ်ထဲအတွက်တော့ သူတို့နှစ်ကိုယ်မဝေးစေရပါ။ - နေညို။။။
အချစ်ဦးဆိုတာ မင်းပထမဆုံးတွဲခဲ့တဲ့သူကို ဆိုလိုတာမဟုတ်ဘူး.... မင်းကို အချစ်စစ်နဲ့ ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ဆိုလိုတာ.... အော်.... အချစ်ဦး.... အချစ်ဦး.... အရာရာကိုမေ့နိုင်တဲ့ လူကြမ်းကြီးတွေတောင်၊ အချစ်ဦးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကိုတော့ မမေ့နိုင်ပါလားကွယ်။ ။ By Khun ---------- “First love isn’t the person you first dated.... It’s the person who taught you how to love with all your heart....” Ah... first love... first love... Even the toughest villains, who can forget everything else, can never forget the memories shared with their first love. By Khun #creatorsearchinsights #myheartissobroken #Angél_Alphá #unforgettable
"နိဒါန်းသစ္စာ" ရာသီတစ်ခုရောက်တိုင်း သူ့ကိုယ်သင်းရနံ့လေးနဲ့ သူ့အသံလေးပြန်ကြားမိတယ် ယောက်ျားမာနမကျချင်လို့ "မေ့နိုင်ပြီပြောတာပါ" မလိမ်တက်မှန်း ဥဩလေးနဲ့ရော်ဝါရွက်တို့က သက်သေထူနေတယ်။ - နေညို။။။ -စိတ်ကမ္ဘာမှနွေ(အညွှန်းကဗျာ)
ဒီနေ့မှာကျိုးကြေနေပြီး သိပ်မနာတဲ့ မနက်ဖြန်ကိုတောင့်တတယ်။ - နေညို။။။
"သွားတော့ကွယ်" ဆိုတဲ့စကားကအလိမ်အညာပါ တကယ်ဆိုမင်းကို ငါ့နှလုံးသားထဲမှာပဲနေစေချင်တာ။ - နေညို
"တစ်ခါတလေမှာ ပေးဆပ်ခြင်းကလည်း ချစ်ခြင်းပါပဲ" __ "Sometimes, sacrifice is also a form of love." #Khun #Angél_Alphá_x_Mirror S-un W-ukong edit, H-eat w-aves song, sad story, sad letter. #creatorsearchinsights #စာတို
"ချစ်တေးချို" မေတ္တာတေးကိုမောင်စပ်ရင် မမက သီဆိုပေါ့ တိမ်မျှင်တွေအလှ နေရာကျဖို့ မမခဏသွားပြုံးပြလိုက်ပါ ဇင်ယော်တွေထဲတော့ ရောပျံသန်းမသွားနဲ့ကွယ်။ မမရေ ရေလှိုင်းပုတ်သံ ဒီရေတက်ချိန်မှန်ဖို့ မမအပြုံးကို မောင်ဖုံးပေးထားမယ် မောင့်လက်ဖဝါးထဲမှာနေကွယ်။ - နေညို။။။
"ငါ့ကဗျာ" အသံတိတ်လင်းလက်ပြီး ကြွေလွင့်ခဲ့ရတဲ့ကြယ်တစ်ပွင့်လို။ - နေညို။။။
ဘုန်းနိုင်အမှတ်တရကဗျာများ ကဗျာ(၁) မမဝေသို့ နတ်သျှင်သူ့ကြောင့် မဝခဲ့တဲ့အိပ်ရေးတွေ ပိတောက်ဦးနဲ့အတူ မောင်သိပ့်ပါရစေ စိတ်လိုက်မာန်ပါဖူးခဲ့သမျှ မမဝေနဲ့မှပွင့်ခဲ့ရတယ် ညနက်တွေထဲ မောင်လမ်းမပျောက်ချင်ဘူးကွယ်။ တိမ်မျှင်ပမာ ဆုပ်ခဲ့ရတဲ့လက်တစ်စုံ ကံလေအဝှေ့မှာ ပြိုပျက်ခဲ့တယ် မြို့တော်ဝန်လည်းအသင့် တော်ဝင်ပန်းလည်းအသင့် အညတရသာ ခြေပျက်၊လက်ပျက် ကျန်ခဲ့ရပေါ့။ နှောင်းသက္ကရာဇ်တွေမှာ ပိတောက်လည်းမပွင့်နိုင် ငွေလလည်းမသာနိုင်တော့။ - နေညို။။။ -ပညာမမှီ၊ကာရန်မညီပေမဲ့ဆရာ့အားသတိရ၍ ရေးဖွဲ့မိသည်
အဆုတ်က ဒဏ်ရာနဲ့ နှလုံးက နာစရာ... ရှူရှိုက်နေတဲ့ အငွေ့တွေက သက်သေ။ သမိုင်းမှာ မမှားတဲ့ သူရဲကောင်းရယ်လို့ ရှိခဲ့ရင်... ငါ မှားတာ အသေအချာပဲ။ ရံဖန်ရံခါ... ငါတို့ မြင်နေရတဲ့ ရောင်စုံသက်တံလို ဖြစ်လိုက်၊ တစ်ခါတရံ ကျပြန်တော့လည်း မိုးတိမ်မဲတွေ ဖြစ်လိုက်။ ခက်တာတစ်ခုက... မင်းဟာ မိုးသားအမဲကိုသာ မြင်တော့၊ ငါလည်း ဘယ်စွမ်းပါ့မလဲ။ -ကိုငှက်
လေတိုက်တိုင်းပျယ်ပြနေရတဲ့ တိမ်မျှင်တွေကို သိပ်အထင်သေးတယ် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ အနာတရအပြည့်။ - နေညို။။။
ကဗျာမဟုတ် နည်းပညာတွေတိုးတက်လာတာနဲ့ အစစ်အမှန်တွေကွယ်ပျောက်လာတယ် စာလေးပေးဖို့ မဝံရဲတဲ့ခေတ်တွေ ပြန်စာကမ်းဖို့ ရှက်သွေးလေးဖြာတဲ့ခေတ်တွေ ယောက်ျားကလည်းသိင်္ခါမဲ့ခြင်းနဲ့ မိန်းမသားကလည်း အိန္ဒြေကင်းခြင်းတို့နဲ့ ဖုံးအုပ်သွားခဲ့ပြီ။ ကဗျာ၊စာပေ၊အနုပညာရသတို့ဟာ အသိတရားမဲ့မူတွေအောက် ခြေမျက်စိအုပ်တဲ့ အရှက်တရားတွေဟာ ပေါင်တံကိုလှစ်ဟပြမူတွေအောက် လက်ဖမိုးထိ ဆွဲယူခြုံတဲ့သိင်္ခါတွေဟာ ရင်သားတွေထက်အကာ ကင်းမဲ့မူအောက် တစ်ရက်ကြီးရင်တောင် အကိုလို့ခေါ်တဲ့ယဉ်ကျေး မူတွေဟာ မိဘ၊လူကြီးတွေကို ဆဲဆိုရိုင်းဆိုင်းမူတွေအောက် ရှေးစာေရးဆရာတွေရဲ့ ဆုံးမစာတွေဟာ ခေတ်စာရေးဆရာတွေရဲ့ အသုံးမကျမူအောက် ကမ္ဘာကိုကျော်တဲ့ အမွေအနှစ်တွေဟာ လူတိုင်းခြေဖဝါးအောက် စုံးစုံးမြုပ်ခဲ့ရပေါ့။ လျှပ်တစ်ချက်အလက်မှာ ပျက်ပြယ်နေတဲ့ ဆေးစတွေ နံရံအပြိုအပျက်တွေထက်က ဝါးဝါးတားတား အရုပ်တွေ တွေ့မိမြင်မိသလောက်ထုတ်ပြချင်မိတယ်။ အဝတ်စလစ်နဲ့မိန်းကလေး လူကြီးသူမ ကုတင်ထက်ကျရောက်ခဲ့ခြင်းကို ကူညီကယ်တင်ပေးခြင်းလို့ဆိုသတဲ့ အရှက်လုံဖို့ အဝတ်ကမ်းပေးတဲ့သူဆင်းရဲကိုတော့ သူယုတ်မာလို့ဆိုကြသတဲ့ ကြက်တစ်ကောင် မပျံနိုင်ခြင်းကို သိန်းငှက်က မကြိုးစားလို့ဆိုပြီး အပြစ်တင်ကျတယ် ေ"ာက်ကျင့်မကောင်းပုံများ တဖတ်ထဲကကြည့်ပြီး "ယ" ကိုအမှန်လုပ်နေတယ် တောင်ခြေကအမြင်မျိုးနဲ့ တောင်ပေါ်တက်နေတဲ့လူတွေကို ဆရာလုပ်ချင်သူတွေလဲ အပေါသား။ မီးမောင်းထိုးပြရရင် မြေနေရာတောင်မလပ်နိုင် မဆုံးပေမဲ့ ပုဒ်မချတော့မယ်။ - နေညို။။။ -ခါးခြင်ခါးကြ ဒါအမှန်တရားပဲ
စိတ်ပျိုကိုယ်နု လောကထဲမှာ မမပျော်ပါစေ။ မမရေ မိုးစက်လေးတွေကိုလည်း မျက်စောင်းလေးနဲ့ စိတ်မကောက်ပါနဲ့ မိုးချုန်းသံတွေကိုလည်း မမကိုပြန်အော်တယ်ဆိုပြီး ခြေလေးစောင့်လို့ စိတ်မကောက်ပါနဲ့ အချိန်မမှန်လို့လည်း မီးမလာတာကို စိတ်မကောက်ပါနဲ့ သိလားမမရဲ့ မောင့်လက်ဖဝါးထဲမှာမဟုတ်ရင်လေ လောကကြီးက မမအပေါ်သဘောမကောင်းဘူး။ - နေညို။။။
အပိုမပြောပါ ဒီသံသရာမှာ မောပန်းခဲ့ရင် မမအပြုံးသာ မြင်လိုပါတယ်။ - နေညို။။။
ခနော်ခနဲ့ မဲ့တဲ့တဲ့ ရွက်ဝါတွေလေ ဟိုတစ်နှစ်နွေကပေါ့ သူအပြိုင် ငါအနိုင်လို ရှေ့ဆုံးက ကြွေဖို့ပြင်နေတယ် နှလုံးသားဖြင့် ရှင်သန်နေသူ ထိုအဖြစ်သူတွေ့မိတော့ ရသလောက်ရွက်ဝါတွေကို နိုင်သလောက် သူသယ်သတဲ့ သူတက်သလိုပြုပြင်စီရင်တော့ ထွက်လာတဲ့ရလဒ်က ခြေဖဝါးတွေအောင် နစ်မြုပ်တဲ့ "ကဗျာ၊ကဗျာ၊ကဗျာ" - နေညို။။။
ကဗျာဆရာအများစုက ရုပ်ရည်ကသာ မြေပြင်ပမာဖြစ်နေပေမဲ့ နှလုံးသားကတော့ တိမ်လိုပါ။ - နေညို
ရိုးရိုးလေးပါပဲ ဘယ်လေပဲတိုက်တိုက် ဘယ်နေရာမှာပဲရှိရှိ အဲ့ဒီပန်းရနံ့လေးကိုသာရပါတယ်။ - နေညို
သက်တံ့တစ်ခုကိုမှ အပိုင်သိမ်းထားချင်တဲ့ ဆန္ဒမျိုး တိမ်မှာထင်တဲ့အရုပ်ကိုမှ ကောင်းကင်မှာ အမြဲချိတ်ထားချင်သလို မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်ချင်နေမိခဲ့။ - နေညို။။။
"To be worthy of a golden setting, you must first become a diamond." 💎 "ရွှေနဲ့ကွပ်တာခံချင်ရင်တော့ စိန်ဖြစ်ဖို့တော့လိုမယ်" 💎 အဲ့လိုပဲ သူတစ်ပါးမြတ်နိုးတန်ဖိုးတာ ခံချင်ရင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိဖို့လိုတယ်ပေါ့နော် အဲ့စကားလေးကြားဖူးကြမှာပါ။ ကိုယ်က ဂဲတစ်လုံးဖြစ်နေပြီးတော့ ရွှေကွပ်တာခံချင်နေလို့တော့မရဘူးလေ နောက်ပြီးတစ်ခြားလူကကိုယ့်ကိုယ် တန်ဖိုးထားပါစေလို့ဆုတောင်းနေမဲ့အစား ကိုယ်တိုင်က ကိုယ့်ရဲ့အရည်အချင်းကိုယ့်ရဲ့ စိတ်ထားကို စိန်တစ်ပွင့်လိုမျိုးအရင်ဆုံး တောက်ပအောင်တွေးဖို့တော့လိုတာပေါ့နော်။ တစ်ခါတစ်လေမှာလူတွေကကိုယ်တိုင်ကျအရည်အချင်းမရှိဘူး ကိုယ်တိုင်ကျမကြိုးစားပဲနဲ့ ပြည့်စုံတဲ့လူ တော်တဲ့လူ အရည်အချင်းရှိတဲ့လူကို စောင့်နေတက်တဲ့အကျင့်လေးတွေရှိတယ်။ အဆက်ဖတ်ရန် - comment 👇
လေအခြွေကို ကြွေပြဖို့စောင့်နေတဲ့ ရွက်ဝါလိုဘဝမျိုး တစ်စုံတစ်ယောက်ပျော်ဖို့ ငါတို့ဘဝ ပျက်ပြရတယ်။ - နေညို။။။