tgindex
ATBC INTERNATIONAL COLLEGE 🎓 🎓🎓

ATBC INTERNATIONAL COLLEGE 🎓 🎓🎓

Статистика

"သင်တန်းကြေး အသက်သာဆုံးနှင့် သင်ကြားမှုအကောင်းဆုံး သင်တန်းကျောင်း - ATBC"

Последний пост
11 авг.
Последнее чтение
13 авг.
Постов за неделю
1
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
864
−1 за 2 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
171
22 постов
Вовлечённость
19,8%
к подписчикам
Постов в день
0,1
всогО 22
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
58
1/48двое суток
66
1/72трое суток
71

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 👩‍💻 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐎𝐟𝐟𝐢𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐏𝐃𝐎𝐌) ## 👩‍💻 ရုံးလုပ်ငန်းတွေကို လုပ်တတ်ရုံနဲ့ မလုံလောက်ပါဘူး။ Professional ကျကျ စီမံခန့်ခွဲတတ်ဖို့လည်း လိုပါတယ်။ နေ့စဉ် ရုံးပိုင်းဆိုင်ရာအလုပ်တွေကို လုပ်ကိုင်နေကြပေမယ့် Office Administration, Business Communication, Document Management နဲ့ Coordination တွေကို စနစ်တကျ ကိုင်တွယ်နိုင်တဲ့ Professional Office Staff တစ်ယောက်ဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ Knowledge နဲ့ Skills တွေ လိုအပ်ပါတယ်။ အထူးသဖြင့် Administrative Staff၊ Office Assistant၊ PA၊ EA စတဲ့ Position တွေက Organization တစ်ခုရဲ့ နေ့စဉ်လုပ်ငန်းစဉ်တွေ ချောမွေ့စွာ လည်ပတ်နိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ရုံးပိုင်းဆိုင်ရာ Career ကို ပိုမို Professional ကျကျ တည်ဆောက်ချင်သူတွေအတွက် ATBC International College ရဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐎𝐟𝐟𝐢𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐏𝐃𝐎𝐌) အတန်းကို ဖွင့်လှစ်ပေးထားပါတယ်။ ဒီ Program မှာ— ✅ Office Administration ✅ Business Communication ✅ Document Management ✅ Coordination Skills ✅ Workplace Professionalism စတဲ့ ရုံးလုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မယ့် Professional Knowledge နဲ့ Skills တွေကို စနစ်တကျ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ━━━━━━━━━━━━━━━━━━━ 🎯 ဘယ်သူတွေ တက်ရောက်သင့်လဲ? 🔹 Administrative Staff များ 🔹 Office Assistants နှင့် Receptionists များ 🔹 Executive Assistant (EA) နှင့် Personal Assistant (PA) များ 🔹 Office Management Career ကို စတင်တည်ဆောက်လိုသူများ 🔹 လက်ရှိရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိပြီး Professional Skills ပိုမိုမြှင့်တင်လိုသူများ ━━━━━━━━━━━━━━━━━━━ 🎓 Class Information 📅 Start Date – 27-August-2026 (Thu) 🕢 Time – 7:30 PM – 9:00 PM 💻 Learning Mode – Online Zoom Class 💰 Special Class Fees မူရင်းသင်တန်းကြေး — 600,000 Ks 🎁 Discount — 200,000 Ks 👉 Now Only – 400,000 Ks ━━━━━━━━━━━━━━━━━━━ 🎓 သင်တန်းပြီးဆုံးပါက Professional Diploma လက်မှတ် ရယူလိုသူများအနေဖြင့် Exam ဖြေဆိုပြီး ရယူနိုင်ပါတယ်။ Exam ဖြေဆိုအောင်မြင်သူများသည် ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ 📌 Local Diploma လက်မှတ်အတွက် Certificate Fee ထပ်မံပေးသွင်းရန် မလိုအပ်ပါ။ 💡 ရုံးလုပ်ငန်းအတွေ့အကြုံရှိတာက ကောင်းမွန်တဲ့အစတစ်ခုပါ။ ဒါပေမယ့် Career ကို နောက်တစ်ဆင့်တက်လှမ်းဖို့ဆိုရင် အတွေ့အကြုံနဲ့အတူ Professional Office Management Skills တွေကိုပါ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ သင်တန်းအသေးစိတ်အချက်အလက်များကို ATBC International College Page Messenger မှတစ်ဆင့်ဖြစ်စေ၊ 09 789 299 485, 09 760 300 881, 09 760 300 883 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ━━━━━━━━━━━━━━━━━━━ 📩 Contact ATBC International College 📱 Phone: 09 789 299 485, 09 760 300 881, 09 760 300 883 💬 Messenger: m.me/atbcinternationalcollege2019 🌐 Website - https://atbc.edu.mm/ 🏫 အမှတ် ၆၆(က)၊ ၉ ရပ်ကွက်၊ သူရ(၁)လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (သစ္စာလမ်းမကြီး၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီး) ✨ “ATBC နဲ့အတူ သင့်ရဲ့အနာဂတ်ကို စတင်လိုက်ပါ” “𝐁𝐞𝐠𝐢𝐧 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐀𝐓𝐁𝐂” ✨ #ATBC #atbcedu #ATBCInternationalCollege #OfficeManagement #ProfessionalDiploma #PDOM #OfficeAdministration #BusinessCommunication #AdministrativeSkills #ProfessionalSkills #CareerGrowth #CareerDevelopment #OnlineClass #BeginYourFutureWithATBC

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • 🚨 9/Aug/2026 ရက်နေ့တွင် စတင်မည့် Campus Diploma Classes -------------------------------- 👉 9/Aug/2026 ရက်နေ့တွင် စတင်မယ့် Campus Diploma Classes ကို အမီအပ်နှံဖို့ အချိန်ရှိသေးပါတယ်! 🎓 Business Management နဲ့ Digital Marketing Skills တွေကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်အောင် စနစ်တကျ လေ့လာချင်သူများအတွက် ATBC International College ရဲ့ Campus Diploma Programs ကို ဒီနေ့ပဲ စတင်တက်ရောက်နိုင်ပါပြီ။ ━━━━━━━━━━━━━━━━━━━ 📘 Executive Diploma in Business Management (EDBM) – Batch 48 -------------- 📅 Start Date – 9.August.2026 (Sunday) ⏰ Time – 1:00 PM – 3:00 PM 🗓 Duration – 4 Months 💻 Online Zoom Class Management Skills၊ Leadership၊ Business Strategy နဲ့ Decision Making Skills တွေကို စနစ်တကျ လေ့လာနိုင်မယ့် Program ဖြစ်ပါတယ်။ 👉 အသေးစိတ်ကြည့်ရန်: https://www.facebook.com/share/p/1LLM3E4ti5/ ━━━━━━━━━━━━━━━━━━━ 📱 Executive Diploma in Digital Marketing (EDDM) – Batch 40 -------------- 🗓 Start Date – 9-August-2026 (Sunday) ⏰ Time – 1:00 PM – 3:00 PM ⏳ Duration – 4 Months 🏫 အမှတ် ၆၆(က)၊ ၉ ရပ်ကွက်၊ သူရ(၁)လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (သစ္စာလမ်းမကြီး၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီး) Social Media Marketing၊ Content Marketing၊ Digital Advertising နဲ့ AI Tools အသုံးချနည်းများကို လက်တွေ့ကျကျ လေ့လာနိုင်မယ့် Program ဖြစ်ပါတယ်။ 👉 အသေးစိတ်ကြည့်ရန်: https://www.facebook.com/share/p/1DMJ2dRbWf/ ━━━━━━━━━━━━━━━━━━━ ⏰ Class စတင်ချိန်နီးလာပြီဖြစ်လို့ အမီစာရင်းပေးသွင်းလိုသူများအနေဖြင့် Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။ 📞 Diploma သင်တန်းများ အသေးစိတ်စုံစမ်းရန် 09 789 299 485 | 09 760 300 881 | 09 760 300 883 ✨ Begin Your Future with ATBC #ATBC #ATBCInternationalCollege #BeginYourFutureWithATBC #CampusClass #EDBM #EDDM #BusinessManagement #DigitalMarketing #DiplomaPrograms #CareerDevelopment #ProfessionalSkills #StudyWithATBC

  • HR Career ကို စတင်လေ့လာလိုသူများနှင့် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဗဟုသုတများ ရရှိလိုသူများအတွက်— 🎓 Fundamentals of Human Resources Management သင်တန်းကို သင်တန်းကြေး FREE ဖြင့် ဖွင့်လှစ်ပေးလိုက်ပါပြီ။ ━━━━━━━━━━━━━━━━━━ သင်တန်းမှာ ဘာတွေသင်ယူရမလဲ? 🔹 What is Human Resource Management? 🔹 Evolution of HRM 🔹 Human Relations 🔹 Functions of HR 🔹 Basic Skills and Mindset of HR Professionals 🔹 HR Professionals သိထားသင့်သော အခြေခံအကြောင်းအရာများ 🔹 HR Career Levels HR Career တစ်ခုကို စတင်ရာမှာ သိထားသင့်တဲ့ အခြေခံသဘောတရားများ၊ လုပ်ငန်းတာဝန်များနဲ့ လိုအပ်တဲ့ Professional Skills များကို စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။ ━━━━━━━━━━━━━━━━━━ 📌 Class Information 📅 Date – 17 August 2026 (Monday) 🕢 Time – 7:30 PM to 9:30 PM ⏳ Duration - 1 Day Only 💰 သင်တန်းကြေး – FREE 📜 သ်ငတန်းဆင်းလက်မှတ် ရယူလိုသူများ လက်မှတ်ဖိုး – 30,000 Ks ပေးသွင်းပြီးယူနိုင်ပါသည်။ ━━━━━━━━━━━━━━━━━━ HR Field ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေစတင်လေ့လာရမလဲ မသိသေးသူများအတွက် သင့်တော်တဲ့ Foundation Course တစ်ခုဖြစ်ပါတယ်။ 👉 သင်တန်းတက်ရောက်လိုသူများ #Page_Messenger မှတစ်ဆင့် ဆက်သွယ်ပြီးစာရင်းပေးသွင်းနိုင်ပါပြီ။ Begin Your Future with ATBC #ATBCInternationalCollege #FundamentalsOfHRM #HumanResourceManagement #HRCourse #FreeCourse #CareerDevelopment #ProfessionalDevelopment

  • 🎓 သင့်ရဲ့ လက်ရှိပညာရေးနဲ့ Career Level အလိုက် သင့်တော်တဲ့ Program ကို ATBC မှာ ရွေးချယ်နိုင်ပါပြီ... လူတိုင်းရဲ့ ပညာရေးနောက်ခံ၊ လုပ်ငန်းအတွေ့အကြုံနဲ့ Career Goal တွေက မတူညီကြပါဘူး။ ဒါကြောင့် ATBC International College မှာ အခြေခံအဆင့်ကနေ Management Level နဲ့ International Bachelor Degree Pathway အထိ ကိုယ့်ရဲ့ လက်ရှိအဆင့်နဲ့ ကိုက်ညီတဲ့ Program ကို စနစ်တကျ ရွေးချယ်လေ့လာနိုင်ပါတယ်။ 📘 Certificate Programs ------------------------ Business, Management, Accounting, Marketing, Psychology စတဲ့ ဘာသာရပ်တွေကို အခြေခံကနေ စတင်လေ့လာလိုသူများအတွက် သင့်တော်ပါတယ်။ ✅ ဘာသာရပ်အခြေခံ တည်ဆောက်လိုသူများ ✅ လုပ်ငန်းခွင်မဝင်ရောက်မီ လိုအပ်တဲ့ Knowledge နဲ့ Skills ရယူလိုသူများ ✅ Diploma Program မတက်မီ Foundation တည်ဆောက်လိုသူများ --- 📗 Diploma & Executive Diploma Programs ------------------------------------------ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရန် ပြင်ဆင်နေသူများ၊ လက်ရှိလုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူများနဲ့ Career Growth လုပ်လိုသူများအတွက် ရည်ရွယ်ထားပါတယ်။ ✅ လုပ်ငန်းခွင်အတွက် အသုံးဝင်တဲ့ Professional Skills ရယူနိုင်ခြင်း ✅ Theory နဲ့ Practical Knowledge ကို ပေါင်းစပ်လေ့လာနိုင်ခြင်း ✅ ရာထူးတိုးတက်ရေးနဲ့ Career Development အတွက် အသုံးချနိုင်ခြင်း ✅ Business, HR, Marketing, Finance နဲ့ Management နယ်ပယ်တွေမှာ ကျွမ်းကျင်မှု မြှင့်တင်နိုင်ခြင်း --- 📙 MBA Program ----------------- Management Level သို့ ဝင်ရောက်နေသူများ၊ Management Position အတွက် ပြင်ဆင်နေသူများ၊ Business Owners နဲ့ Entrepreneurs များအတွက် သင့်တော်ပါတယ်။ ✅ Strategic Management နဲ့ Leadership Skills မြှင့်တင်နိုင်ခြင်း ✅ Business Decision-Making ကို စနစ်တကျ လုပ်ဆောင်နိုင်ခြင်း ✅ Organization နဲ့ Team များကို ထိရောက်စွာ ဦးဆောင်နိုင်ခြင်း ✅ Career Growth နဲ့ Business Growth အတွက် Management Mindset တည်ဆောက်နိုင်ခြင်း --- 🌍 OTHM Bachelor Degree Pathway Programs --------------------------------------------- G12 သို့မဟုတ် GED ပြီးဆုံးထားသူများအတွက် အချိန်တိုတိုနဲ့ နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးဘွဲ့လမ်းကြောင်းကို စတင်နိုင်မယ့် Program ဖြစ်ပါတယ်။ ✅ International Qualification Pathway ဖြင့် ဆက်လက်လေ့လာနိုင်ခြင်း ✅ Business နဲ့ Management ပညာရပ်တွေကို စနစ်တကျ လေ့လာနိုင်ခြင်း ✅ Bachelor Degree ရရှိဖို့ Academic Pathway တည်ဆောက်နိုင်ခြင်း ✅ နိုင်ငံတကာပညာရေးနဲ့ Career Opportunities များအတွက် ပြင်ဆင်နိုင်ခြင်း --- ပညာရေးကို အခြေခံကနေ စတင်ချင်တာပဲဖြစ်ဖြစ်၊ Career ကို နောက်တစ်ဆင့်တက်ချင်တာပဲဖြစ်ဖြစ်၊ International Degree Pathway ကို စတင်ချင်တာပဲဖြစ်ဖြစ် — ATBC မှာ သင့်အတွက် သင့်တော်တဲ့ Program ရှိပါတယ်။ 📩 မိမိနဲ့ ကိုက်ညီတဲ့ Program ကို သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Begin Your Future with ATBC #ATBC #atbcedu #ATBCInternationalCollege #CertificatePrograms #DiplomaPrograms #ExecutiveDiploma #MBAProgram #OTHMPathway #CareerGrowth #ProfessionalDevelopment #InternationalEducation

  • 📖 ပညာမတတ်တာထက် အလိုက်မသိတာပိုခက်တယ် လူတစ်ယောက်ကို တန်ဖိုးရှိစေတဲ့အရာက ဘွဲ့လက်မှတ်တွေ၊ အတတ်ပညာတွေချည်းပဲ မဟုတ်ပါဘူး။ ပညာဆိုတာ သင်ယူလို့ရတယ်။ စာဖတ်လို့ရတယ်။ ဆရာသမားတွေဆီက သင်ယူလို့ရတယ်။ ဒါပေမဲ့ အလိုက်သိတတ်ခြင်း ကတော့ စာအုပ်ထဲမှာ မရှိဘူး။ ဘယ်အချိန်မှာ ဘာပြောရမလဲ... ဘယ်သူကို ဘယ်လိုလေးစားရမလဲ... ဘယ်နေရာမှာ ဘယ်လိုပြုမူရမလဲ... အခြားသူရဲ့ စိတ်ခံစားချက်ကို ဘယ်လိုနားလည်ပေးရမလဲ... ဒီအရာတွေက လူတစ်ယောက်ရဲ့ လူမှုအသိဉာဏ် (Social Intelligence) နဲ့ ကိုယ်ချင်းစာတရားကို ဖော်ပြနေတဲ့ အရည်အသွေးတွေပါ။ ပညာတတ်ပေမယ့် အလိုက်မသိရင်... လူတွေက လေးစားဖို့ခက်တယ်။ ပညာမတတ်သေးပေမယ့် အလိုက်သိတတ်ရင်... လူတွေက ယုံကြည်တယ်၊ ချစ်ခင်တယ်၊ အခွင့်အလမ်းတွေကလည်း သူ့ဆီကို ရောက်လာတတ်တယ်။ ဘဝမှာ အောင်မြင်ဖို့ IQ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ EQ (Emotional Intelligence) နဲ့ Social Intelligence လည်း အရေးကြီးပါတယ်။ ဒါကြောင့်... 📚 ပညာကို ဆက်လေ့လာပါ။ 🤝 လူ့စိတ်ကို နားလည်အောင် ကြိုးစားပါ။ ❤️ အလိုက်သိတတ်တဲ့ လူတစ်ယောက် ဖြစ်အောင် လေ့ကျင့်ပါ။ ပညာသည် အလုပ်အကိုင်ကို ဖန်တီးပေးနိုင်သည်။ အလိုက်သိတတ်ခြင်းသည် လူ့ဘဝကို တန်ဖိုးရှိစေသည်။ မောင်သက်နောင် (ATBC) Thet Naung (ATBC) #မောင်သက်နောင်ATBC #ATBCInternationalCollege #Leadership #LifeLessons #SocialIntelligence #EmotionalIntelligence #PersonalDevelopment #LifelongLearning #SuccessMindset #Education #Myanmar

  • 📌 Career ကို အဆင့်မြင့်တင်ပြီး စနစ်ကျတဲ့ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်လာဖို့ အဆင်သင့်ဖြစ်ပြီလား? လုပ်ငန်းခွင်မှာ အတွေ့အကြုံရှိနေရုံနဲ့ Career Growth အတွက် မလုံလောက်ပါဘူး။ Team တစ်ခုကို ထိရောက်စွာ ဦးဆောင်နိုင်ဖို့၊ လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့နဲ့ ရေရှည်တိုးတက်မှုအတွက် Strategy တွေ ချမှတ်နိုင်ဖို့ Professional Management Knowledge တွေကို စနစ်တကျ လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒီလို လက်ရှိ Career ကို နောက်တစ်ဆင့်တက်လှမ်းလိုတဲ့ Working Professionals များအတွက်— 🎓 ATBC International College မှာ Swiss MBA Program ကို တက်ရောက်နိုင်ပါပြီ။ Swiss MBA Program မှာ — ✅ International Business Environment ကို နားလည်သုံးသပ်နိုင်ခြင်း ✅ Strategic Planning နှင့် Business Strategy များ ချမှတ်နိုင်ခြင်း ✅ Team နှင့် Organization ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း ✅ Leadership နှင့် Decision-Making Skills များ တိုးတက်လာခြင်း ✅ Marketing၊ Human Resource နှင့် Finance ပိုင်းဆိုင်ရာ Management Knowledge များ ရရှိခြင်း ✅ လက်တွေ့လုပ်ငန်းခွင်ပြဿနာများကို Strategic Thinking ဖြင့် ဖြေရှင်းနိုင်ခြင်း တို့ကို စနစ်တကျ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ━━━━━━━━━━━━━━━━━━ 📚 Program Highlights 🔹 Switzerland နိုင်ငံအခြေစိုက် La Xenia International Institute of Switzerland နှင့် ပူးပေါင်းဖွင့်လှစ်ထားသော MBA Program 🔹 အလုပ်တစ်ဖက်ဖြင့် တက်ရောက်နိုင်မည့် Online Zoom Class 🔹 စာမေးပွဲမရှိဘဲ Assignment-Based Assessment ဖြင့် သင်ယူရမည့်စနစ် 🔹 ၁ နှစ်သင်ကြားမှုနှင့် ၄ လ Thesis ပြုလုပ်ရမည့် Program 🔹 ကျောင်းလခကို လစဉ်ခွဲသွင်းနိုင်မည့် Installment Plan ━━━━━━━━━━━━━━━━━━ 👥 Swiss MBA Program က ဘယ်သူတွေအတွက် သင့်တော်လဲ? ▪️ လက်ရှိရာထူးမှ Management Level သို့ တက်လှမ်းလိုသူများ ▪️ Team Leader၊ Supervisor နှင့် Manager များ ▪️ မိမိ၏ Leadership Skills ကို မြှင့်တင်လိုသူများ ▪️ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲလိုသော Business Owners များ ▪️ Career နှင့် Professional Qualification ကို တစ်ပြိုင်နက်တည်း မြှင့်တင်လိုသူများ Manager တစ်ယောက်ဖြစ်လာဖို့ ရာထူးတစ်ခုတည်းက မလုံလောက်ပါဘူး။ လူ၊ လုပ်ငန်းနဲ့ Strategy ကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ရှိဖို့လည်း လိုအပ်ပါတယ်။ မိမိရဲ့ Career ကို နောက်တစ်ဆင့်တက်လှမ်းပြီး အရည်အချင်းပြည့်ဝတဲ့ Strategic Leader တစ်ယောက်ဖြစ်လာဖို့ ATBC Swiss MBA Program နဲ့ စတင်လိုက်ပါ။ 📩 သင်တန်းအကြောင်းအသေးစိတ်နှင့် Admission Requirements များကို သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Begin your future with ATBC. #ATBC #atbcedu #ATBCInternationalCollege #SwissMBA #MBAProgram #ManagementEducation #CareerDevelopment #LeadershipDevelopment #StrategicManagement #WorkingProfessionals #BusinessManagement #StudyWithATBC

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • 🎓 ATBC INTERNATIONAL COLLEGE 6th Graduation Ceremony – ကျေးဇူးတင်လွှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ATBC International College ၏ ဆဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား (6th Graduation Ceremony) ကို ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသူ အားလုံးကို ATBC International College မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ယခုကဲ့သို့ အမှတ်တရဖြစ်ဖွယ် ဘွဲ့နှင်းသဘင်အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် အဖက်ဖက်မှ အားပေးကူညီပံ့ပိုးပေးခဲ့ကြသော ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ၊ ပညာရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဆရာကြီး/ဆရာမကြီးများ၊ သင်ကြားပို့ချပေးခဲ့ကြသော ဆရာ/ဆရာမများ၊ ATBC International College ၏ Management Team နှင့် ဝန်ထမ်းများအားလုံး ကို အထူးလေးစားစွာ ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် မိမိတို့၏ သားသမီးများ ပညာရေးခရီးလမ်းတစ်လျှောက် အစဉ်မပြတ် ယုံကြည်အားပေးပံ့ပိုးပေးခဲ့ကြသော မိဘ၊ အုပ်ထိန်းသူများ အားလည်း ATBC International College မှ လေးလေးနက်နက် ကျေးဇူးတင်ရှိပါသည်။ အထူးသဖြင့် ယနေ့ဘွဲ့နှင်းသဘင်အခမ်းအနား၏ အဓိကဂုဏ်ယူဖွယ်ရာဖြစ်သော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအားလုံး ကိုလည်း လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ ယနေ့ရရှိခဲ့သည့် အောင်မြင်မှုသည် ဘွဲ့လက်မှတ်တစ်စောင် ရရှိခြင်းသာမက မိမိတို့၏ ရည်မှန်းချက်များဆီသို့ ခြေလှမ်းသစ်တစ်ခု စတင်ခြင်းလည်း ဖြစ်ပါသည်။ ATBC တွင် သင်ယူခဲ့သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို အသုံးချ၍ မိမိတို့၏ Career၊ Business နှင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်သော Professional များနှင့် Future Leaders များအဖြစ် ဆက်လက်တိုးတက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ATBC International College အပေါ် ယုံကြည်မှုထားရှိပြီး ပညာရေးခရီးလမ်းတစ်လျှောက် အတူတကွ လျှောက်လှမ်းပေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံး၏ ယုံကြည်မှုနှင့် ပံ့ပိုးကူညီမှုများသည် ATBC ၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ ATBC International College အနေဖြင့်လည်း အရည်အသွေးမြင့် ပညာရေး၊ လက်တွေ့အသုံးချနိုင်သော Professional Skills နှင့် နိုင်ငံတကာအဆင့်မီ သင်ယူမှုအခွင့်အလမ်းများကို ဆက်လက်ဖန်တီးပေးသွားပြီး အနာဂတ်ခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ATBC International College ၏ 6th Graduation Ceremony ကို အမှတ်တရဖြစ်ဖွယ်၊ ဂုဏ်ယူဖွယ်နှင့် အောင်မြင်ပြည့်စုံသော အခမ်းအနားတစ်ခု ဖြစ်မြောက်စေရန် ပါဝင်ပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။ 🎓 Congratulations to All Graduates! သင်တို့၏ ယနေ့အောင်မြင်မှုမှသည် ပိုမိုကြီးမားသော အနာဂတ်အောင်မြင်မှုများဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။ Begin Your Future with ATBC With Sincere Appreciation, ATBC International College #ATBCInternationalCollege #ATBC6thGraduation #ATBCGraduation2026 #6thGraduationCeremony #ClassOf2026 #CongratulationsGraduates #Graduation2026 #FutureLeaders #MyanmarEducation #BeginYourFutureWithATBC

  • စီးပွားရေးကျင့်ဝတ် (Business Ethics) ------------------------------ အပိုင်း (၂) - ဥပဒေနဲ့ ကျင့်ဝတ် ဘာကွာခြားသလဲ? --- လူအများစုက "ဥပဒေနဲ့အညီ လုပ်ရင် ကျင့်ဝတ်အရလည်း မှန်တယ်" လို့ ယူဆတတ်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်မှာတော့ ဥပဒေ (Law) နဲ့ ကျင့်ဝတ် (Ethics) ဟာ ဆက်စပ်နေသော်လည်း အတူတူမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ဖို့ဆိုရင် ဥပဒေကို လိုက်နာရုံသာမက ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုကိုပါ နားလည်ဖို့ လိုအပ်ပါတယ်။ --- ⚖️ ဥပဒေ (Law) ဆိုတာ ဘာလဲ? ဥပဒေဆိုတာ အစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများက ပြဋ္ဌာန်းထားတဲ့ တရားဝင် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်ပါက— • ဒဏ်ငွေ • ပြစ်ဒဏ် • ဥပဒေရေးရာ အရေးယူမှု တွေကို ခံရနိုင်ပါတယ်။ ဥပမာ— * အခွန်မဆောင်ခြင်း * ကုန်ပစ္စည်းအတုများ ရောင်းချခြင်း * စာချုပ်အပေါ် လိမ်လည်ခြင်း တို့ဟာ ဥပဒေချိုးဖောက်မှုများ ဖြစ်ပါတယ်။ --- 🤝 ကျင့်ဝတ် (Ethics) ဆိုတာ ဘာလဲ? ကျင့်ဝတ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်း မှန်ကန်မှု၊ တရားမျှတမှု၊ တာဝန်ယူမှုနဲ့ ယုံကြည်မှု ကို အခြေခံထားတဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံနှုန်းများ ဖြစ်ပါတယ်။ ကျင့်ဝတ်ကို ချိုးဖောက်တဲ့အခါ ဥပဒေအရ အပြစ်မရှိနိုင်ပေမယ့်— • လူမှုယုံကြည်မှု လျော့ကျခြင်း • လုပ်ငန်းဂုဏ်သတင်း ထိခိုက်ခြင်း • ဖောက်သည်ယုံကြည်မှု ဆုံးရှုံးခြင်း တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ --- ⚖️ ဥပဒေ (Law) နှင့် 🤝 ကျင့်ဝတ် (Ethics) အဓိက ကွာခြားချက် (၅) ချက် ၁။ အခြေခံရင်းမြစ် ဥပဒေ — အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများက သတ်မှတ်ခြင်း ကျင့်ဝတ် — လူမှုအသိုင်းအဝိုင်းနှင့် ကိုယ်ပိုင်တန်ဖိုးများက သတ်မှတ်ခြင်း ၂။ လိုက်နာမှုပုံစံ ဥပဒေ — မဖြစ်မနေ လိုက်နာရခြင်း ကျင့်ဝတ် — ကိုယ်ပိုင်ဆန္ဒနှင့် တာဝန်ယူမှုဖြင့် လိုက်နာခြင်း ၃။ ချိုးဖောက်မှု၏ အကျိုးဆက် ဥပဒေ — တရားဝင်ပြစ်ဒဏ် ရှိခြင်း ကျင့်ဝတ် — ယုံကြည်မှုနှင့် ဂုဏ်သတင်း ဆုံးရှုံးနိုင်ခြင်း ၄။ စံနှုန်း ဥပဒေ — အနိမ့်ဆုံးလိုက်နာရမည့် စံနှုန်း (Minimum Standard) ကျင့်ဝတ် — ပိုမိုမြင့်မားသော စံနှုန်း (Higher Standard) ၅။ ရည်ရွယ်ချက် ဥပဒေ — "ဘာတွေ မလုပ်ရမလဲ" ကို သတ်မှတ်ပေးခြင်း ကျင့်ဝတ် — "ဘာတွေ လုပ်သင့်သလဲ" ကို လမ်းညွှန်ပေးခြင်း --- လက်တွေ့စီးပွားရေး ဥပမာများ ------------------ ဥပမာ (၁) စီးကရက်ကုမ္ပဏီတစ်ခုသည် ဥပဒေအရ ထုတ်လုပ်ခွင့်ရှိပြီး အခွန်လည်း ပေးဆောင်နေပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်မှုကို သိရှိထားလျက် ဆယ်ကျော်သက်များကို ပစ်မှတ်ထား ကြော်ငြာခြင်းဟာ— ဥပဒေနဲ့ကိုက်ညီနိုင်ပေမယ့် ကျင့်ဝတ်အရ မှားယွင်းနိုင်ပါတယ်။ --- ဥပမာ (၂) စားသောက်ကုန်ကုမ္ပဏီတစ်ခုက ဥပဒေအရ ခွင့်ပြုထားတဲ့ ပစ္စည်းတစ်မျိုးကို အသုံးပြုနေပါတယ်။ ဒါပေမယ့် ရေရှည်ကျန်းမာရေးအန္တရာယ်ရှိနိုင်ကြောင်း သိရှိလာတဲ့အခါ ဖောက်သည်များအတွက် ရပ်ဆိုင်းဆုံးဖြတ်ခြင်းဟာ— ဥပဒေထက် မြင့်မားတဲ့ ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ --- ဥပမာ (၃) နိုင်ငံတစ်ခုမှာ လာဘ်ပေးလာဘ်ယူမှုကို ဥပဒေအရ ခွင့်ပြုထားသော်လည်း ကုမ္ပဏီရဲ့ ကိုယ်ပိုင်ကျင့်ဝတ်စည်းမျဉ်းအရ တားမြစ်ထားပါက— ကျင့်ဝတ်ကို ဦးစားပေးလိုက်နာခြင်းဟာ ရေရှည်ယုံကြည်မှုတည်ဆောက်ပေးနိုင်ပါတယ်။ --- အနှစ်ချုပ် ဥပဒေဟာ "မလုပ်ရ" ဆိုတဲ့ အနိမ့်ဆုံးစံနှုန်းကို သတ်မှတ်ပေးပါတယ်။ ကျင့်ဝတ်ကတော့ "ဘာလုပ်သင့်တယ်" ဆိုတဲ့ ပိုမိုမြင့်မားတဲ့ လမ်းညွှန်မှုကို ပေးပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းက ရပ်တည်နိုင်ဖို့အတွက် ဖြစ်ပြီး၊ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်းက ရေရှည်ယုံကြည်မှုနဲ့ အောင်မြင်မှုအတွက် ဖြစ်ပါတယ်။ --- ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Business Ethics Series အဖြစ် အပိုင်းဆက်များစွာ ဆက်လက်ရေးသားသွားပါမယ်။ မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Comment မှာ မျှဝေပေးခဲ့ပါဦး။ မောင်သက်နောင် (ATBC) Thet Naung (ATBC) #BusinessEthics #စီးပွားရေးကျင့်ဝတ် #BusinessEducation #BusinessManagement #EthicalLeadership #Leadership #ProfessionalDevelopment #ATBCInternationalCollege #ThetNaungATBC #BeginYourFutureWithATBC

  • စီးပွားရေးကျင့်ဝတ်ဆိုတာ ဘာလဲ? ကျင့်ဝတ်နဲ့ စီးပွားရေးရဲ့ ဆက်စပ်မှု ------------------------ လူသားတိုင်းဟာ နေ့စဉ်ဘဝမှာ ကောင်းတာ၊ ဆိုးတာ၊ မှန်တာ၊ မှားတာကို ဆုံးဖြတ်ချက် ချနေကြရတယ်။ ဒါကို "ကျင့်ဝတ်" (Ethics) လို့ခေါ်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း ဒီဆုံးဖြတ်ချက်တွေဟာ ပိုပြီးအရေးကြီးလာတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီဟာ ဝန်ထမ်းများ၊ ဖောက်သည်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ် သက်ရောက်မှုရှိလို့ပဲဖြစ်ပါတယ်။ စီးပွားရေးကျင့်ဝတ် (Business Ethics) ဆိုတာ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်တွေမှာ မှန်ကန်တဲ့အရာနဲ့ မှားယွင်းတဲ့အရာကို ခွဲခြားသတ်မှတ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တန်ဖိုး ထားမှုတွေနဲ့ အခြေခံမူတွေရဲ့ အစုအဝေးတစ်ခုဖြစ်ပါတယ်။ ဒါဟာ ရုံးတွင်းစည်းမျဉ်းတွေ ချည်းမဟုတ်ဘဲ လုပ်ငန်းရဲ့ ယဉ်ကျေးမှု၊ ဆုံးဖြတ်ချက်ချပုံနဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံပုံကိုပါ လွှမ်းခြုံထားပါတယ်။ ဘာကြောင့် စီးပွားရေးမှာ ကျင့်ဝတ်က ပါဝင်လာတာလဲ? ------------------------ အရင်တုန်းက စီးပွားရေးဆိုတာ "အမြတ်အစွန်းရအောင် လုပ်တာ" ပဲလို့ ထင်ကြတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူ့အဖွဲ့အစည်းက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးမျှော်လင့်ချက် ကြီးလာတယ်။ လုပ်ငန်းတွေဟာ သူတို့ရဲ့ သက်ရောက်မှုတွေအတွက် တာဝန်ယူရမယ်၊ လူ့အဖွဲ့အစည်းရဲ့ အကျိုးအတွက်ပါ ဆောင်ရွက်ရမယ်ဆိုတဲ့ အတွေးအခေါ်က ပေါ်ပေါက်လာတယ်။ ဒါ့အပြင် အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ မှားယွင်းတဲ့လုပ်ရပ်ဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းပျံ့နှံ့သွားနိုင်တယ်။ ၂၀၁၅ ခုနှစ် Volkswagen ကား ဒီဇယ်ဓာတ်ငွေ့ လိမ်လည်မှုအရှုပ်တော်ပုံ (Dieselgate) ဟာ ကုမ္ပဏီရဲ့တန်ဖိုး ဘီလီယံပေါင်းများစွာ ကျဆင်းသွားစေ ခဲ့တယ်။ ဒါကြောင့် ကျင့်ဝတ်ဟာ စီးပွားရေးရဲ့ "အပိုအလှဆင်မှု" မဟုတ်တော့ဘဲ "အခြေခံလိုအပ်ချက်" ဖြစ်လာပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အပိုင်းဆက်များစွာရေးသားဖို့ ပြင်ဆင်နေပါတယ်။ မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Comment မှာ တစ်ခုခုမန့်ခဲ့ပေးကြပါဉီး။ မောင်သက်နောင် (ATBC) Thet Naung (ATBC) #ThetNaung #thetnaungatbc #BusinessEthics #စီးပွားရေးကျင့်ဝတ် #BusinessEducation #BusinessManagement #EthicalLeadership #Leadership #ProfessionalDevelopment #ATBCInternationalCollege #ThetNaungATBC #BeginYourFutureWithATBC

  • 📢 WE ARE HIRING! ATBC International College တွင် ဝန်ထမ်းများ ခေါ်ယူနေပါသည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းကို စိတ်ဝင်စားပြီး မိမိ၏ Career နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိသူ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အဖွဲ့အစည်းတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သူများကို ATBC International College မှ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။

  • 🔥 ၂ လအတွင်း Best Seller ဝင်ခဲ့တဲ့ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်! 📘 "SMEs လုပ်ငန်းရှင်များအတွက် မဟာဗျူဟာကျသော စီးပွားရေး စီမံကိန်းရေးဆွဲခြင်း လမ်းညွှန်" ထုတ်ဝေပြီး ၂ လအတွင်း စာဖတ်သူများရဲ့ အားပေးမှုနဲ့ Best Seller စာရင်းဝင်ခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ အခုလို အားပေးကြတဲ့ စာဖတ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏 ဒီစာအုပ်ဟာ... ✅ လုပ်ငန်းစတင်လိုသူများ ✅ SMEs လုပ်ငန်းရှင်များ ✅ Startup Founder များ ✅ Business Manager များ ✅ မိမိလုပ်ငန်းကို ပိုမိုတိုးတက်အောင်မြင်လိုသူများ အတွက် လက်တွေ့အသုံးချနိုင်တဲ့ Business Guide တစ်အုပ် ဖြစ်ပါတယ်။