AYUMI Japanese Language School
Статистика- Последний пост
- 13 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 4
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 321
- 1/48двое суток
- 367
- 1/72трое суток
- 396
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
⚜⚜16.8.2026 (တနင်္ဂနွေနေ့) Nat - Test အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုသူများသို့.... ✅ အသိပေးကြေငြာခြင်း ✅ 16.8.2026 (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည့် Nat-Test ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲတွင် 📝 နံနက်ခင်း 3Q, 5Qနှင့် 📝 နေ့လည်ခင်းတွင် 2Q, 4Qဖြေဆိုရမည် ဖြစ်ပါသည်။ 🙏 လူစု လူဝေး မဖြစ်စေရန်အတွက် 🙏 📝 3Q, 5Qဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသူ ၊ ကျောင်းသား များ အနေဖြင့် မနက် ၈:၀၀ နာရီ ရွှေကံ့ကော် ကိုယ်ပိုင် အထက်တန်းကျောင်း(၂) သို့ အရောက်လာပေးရပါမည်။ 📝 2Q, 4Qဝင်ရောက် ဖြေဆိုကြမည့်ကျောင်းသူ ၊ ကျောင်းသား များ အနေဖြင့် နေ့လည် ၁၂:၀၀ ရွှေကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်း(၂) သို့ အရောက်လာပေးရပါမည်။ ⚜📍 မပျက်မကွက်ယူဆောင်လာပေးရန် 📍⚜ ⭐စာမေးပွဲဖြေဆိုရာတွင် မှတ်ပုံတင် နှင့် စာမေးပွဲဖြေဆိုခွင့်စာရွက် (Admission Ticket)မပျက်မကွက်ယူဆောင်လာခဲ့ပေးရပါမည်။ ⭐မဖြစ်မနေလိုအပ်သောပစ္စည်းများမှအပ ကျန်ပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများယူဆောင်လာခြင်း မပြုပါရန်။ ⚛⚛စာမေးပွဲအတွက် မဖြစ်မနေ လိုအပ်သော ပစ္စည်းများ ⚛⚛ ✅ မှတ်ပုံတင် မူရင်း၊ ✅ Admission Ticket ✅ ခဲတံ ( B / 2B ) ၊ ✅ ခဲဖျက် ၊ ❗အမည် ၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများ အနေဖြင့် စာမေးပွဲကျင်းပသည့်နေ့တွင် အခန်းစောင့် ဆရာ၊ ဆရာမ များ ထံတွင် စုံစမ်းမေးမြန် ပြင်ဆင်နိုင်ပါသည်။ ❗(စာမေးပွဲရက်နောက်ပိုင်း ပြောင်းလဲမှုများကို လုံးဝ (လုံးဝ)လက်ခံမည်မဟုတ်ပါ။)❗ စာမေးပွဲ၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက စာမေးပွဲ ဖြေဆိုခွင့် ရရှိမည် မဟုတ်ပါသောကြောင့် တိကျသေချာစွာ လိုက်နာပေးပါရန် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။ 🙏🙏🙏🙏🙏 ⏬⏬⏬⏬⏬ Covid စည်းကမ်းနှင့်အညီ စာမေးပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် စာမေးပွဲ လာရောက်ဖြေဆိုသူများ အနေဖြင့် လူစုလူဝေး မပြုလုပ်ကြပါရန် ၊ သတ်မှတ်စည်းကမ်းများကို လိုက်နာပေးကြပါရန်............ မေတ္တာရပ်ခံအပ်ပါသည်။ ❗ဖြေဆိုရမည့်နေရာ- ရွှေကံ့ကော် ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ၅၆လမ်းနှင့်၃၇လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ Nat Test Center ,Mandalay 09777994464 09402533803
16.8.2026တွင်Nat-Test ဖြေဆိုမည့် level အားလုံး စာမေးပွဲဖြေဆိုခွင့်စာရွက်များ (Admission Ticket)ထုတ်ယူရန် နှင့် စာမေးပွဲဖြေဆိုရမည့်အချိန် နှင့် နေရာ ✅2Q, 3Q,4Q နှင့် 5Qအတွက် Admission Ticket များကို 10.8..2026(တနင်္လာနေ့)မှ 14.8.2026(သောကြာနေ့)အထိ မှတ်ပုံတင်နှင့်တကွ JMJC ရုံးခန်းသို့ (မနက်ပိုင်းတွင် 9:30နာရီ မှနေ့လည် 12:00နာရီအထိ နှင့် နေ့လည်ပိုင်းတွင် 1:00နာရီမှ 3:00နာရီထိ)လာရောက်ထုတ်ယူနိုင်ပါသည်။ (နေ့လည် 12:00နာရီမှ 1:00 နာရီအထိ ထမင်းစားနားပါသည်) ❗ကိုယ်စားထုတ်ယူမည့်သူများအနေဖြင့် စာမေးပွဲဖြေဆိုမည့်သူ၏ မှတ်ပုံတင်မိတ္တူကို မပျက်မကွက်ယူဆောင်လာခဲ့ရမည်ဖြစ်ပါသည်။ Admissions Ticket ထုတ်ယူရန် နေရာ JMJC Japanese Language Center 63(A)street, Between 27 & 28 streets Chan Aye Thar San Township, Mandalay ☎️ 09777994464 ၊ 09402533803 ✅စာမေးပွဲဖြေဆိုရမည့်နေရာ ရွှေကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ၅၆လမ်းနှင့်၃၇လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ ✅စာမေးပွဲဖြေဆိုရမည့်အချိန် Level 3Q,5Q များသည် ဖြေရမည့်ကျောင်းသို့ မနက် (၈)နာရီ အရောက်လာရန် Level 2Q,4Qများသည် ဖြေရမည်ကျောင်းသို့ နေ့လည် (၁၂)နာရီ အရောက်လာရန်
8 လပိုင်း Nat Test စာမေးပွဲ မန္တလေးမြို့တွင် ဖြေဆိုမည့်သူများသို့
မြန်မာယူနတီအေဂျင်စီမှ ပြုလုပ်မည့် seminar ဖြစ်ပါတယ်နော်။ စိတ်ဝင်စားသူများ အောက်ကလင့်မှာ စာရင်းပေးပီးတက်ရောက်နိုင်ပါတယ်။ 📢 ဂျပန်နိုင်ငံ အလုပ်အကိုင်အခွင့်အရေးကို ရှာဖွေနေတဲ့ ယောက်ကျားလေးများအတွက်! ဂျပန်စာ JLPT-N4 , JFT-A2 အောင်လက်မှတ်ရှိထားရုံဖြင့် ဂျပန်နိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းအားစိတ်ဝင်စားသည့်မည်သူမဆိုအခမဲ့တက်ရောက်နိုင်ပါသည်။ 🗓 နေ့ရက် : 11-August-2026 (အင်္ဂါနေ့) ⏰ အချိန် : 10:00 Am - 11:00 Am 📍 နေရာ : Zoom Online Seminar ဟောပြောပွဲတွင် သိရှိရမည့် အကြောင်းအရာများ ✅အခမဲ့သင်တန်းအကြောင်း ✅လစာမြင့်သည့်အလုပ်ခေါ်စာအကြောင်း ✅ဆောက်လုပ်ရေးစာမေးပွဲအကြောင်း ✅ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု၊ ✅ SSW ဗီဇာ၊ အလုပ်လျှောက်ထားပုံနှင့် လုပ်ငန်းအကြောင်းကို အသေးစိတ် ရှင်းလင်းပေးမည် ဟောပြောပွဲသို့တက်ရောက်ရန်ဖိတ်ခေါ်အပ်ပါသည်ခဗျာ --------------------------------------- ✅ဟောပြောပွဲတက်ရောက်မည့်သူများအတွက်👇 စာရင်းပေးသွင်းရမည့်လမ်းညွှန်ချက် ▶️ အောက်ဖော်ပြပါ Google Form Link ကိုနှိပ်၍ စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။ Gmail account ဖြင့်စာရင်းပေးသွင်း ရမည် ဖြစ်ပြီး account တစ်ခုကို တစ်ကြိမ်သာ စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။ ဟောပြောပွဲတက်ရောက်ရန် Zoom Application update version ကို မိမိ၏ ဖုန်း ၊ ကွန်ပြူတာ ၊ တက်ဘလက်များတွင် download ပြုလုပ်ထားပြီး ဟောပြောပွဲ အစီအစဥ် လင့်ခ်ကို တိုက်ရိုက်နှိပ်ပြီး တက်ရောက်မည် ဆိုပါက အဆင်ပြေ ချောမွေ့စွာဖြင့် တက်ရောက်နိူင်ပါ လိမ့်မယ်။ 📩 စာရင်းပေးသွင်းရန် Google Form link 👇🏻👇🏻👇🏻 https://docs.google.com/forms/d/e/1FAIpQLScAWPetVqeXGgC7Ny0flYZnF_mrh2gkAllIt3ueyjV6EjW7-w/viewform?usp=header Note: Seminarတက်ရောက်ရန်စာရင်းသွင်းပြီးပါက တက်ရောက်သူများကိုပြန်လည်ဆက်သွယ်ရန်အချက်လက်ပေးပို့လို့ရမည့် Telegram Linkအား Joinထားရန်လိုအပ်ပါသည်။ တက်ရောက်ရမည့် Zoom Linkအား ကျင်းပမည့်နေ့ မနက်၉နာရီမှာ Seminar-Groupမှာပေးပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
ကလေးတို့ senseiတို့နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်ဘက်မှာရှိတဲ့ companyတစ်ခုက စစ်တမ်းလေးတစ်ခု ကောက်ချင်လို့ ဖြေပေးပါဦးနော်။ လောလောဆယ်တော့ ဂျပန်နိုင်ငံမှာ ပညာဆက်လက်သင်ကြားဖို့ အဓိက လုပ်ဆောင်ပေးနေတယ်ဆိုပေမယ့် နောက်ပိုင်း အလုပ်နဲ့လည်း ချိတ်ဆက်ဖို့ အခွင့်အရေးတွေ ရှိလာနိုင်တာမို့ ဖြေပေးကြပါဦးနော်။ https://forms.gle/5nr3TZ3PPK9y8p2Q8
December JLPT - N5 level ဖြေချင်တဲ့ ကျောင်းသား/သူရှိရင် သင်တန်းကို ပြောပေးပါဦးနော်
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်သံရုံး၏ တရားဝင် YouTube Channel တွင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် တင်ဆက်ပေးလျက်ရှိပါသည်။ Subscribe ပြုလုပ်ထား၍ အမြဲမပြတ် စောင့်မျှော်ကြည့်ရှု လေ့လာခြင်းဖြင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနားလည်သိရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ ယခုတစ်ခေါက်တွင် Chiyogami ဂျပန်ရိုးရာအလှစက္ကူများ အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။ ဂျပန်၏ သဘာဝအလှတရားကို ဆန်းကြယ်ဝေဆာလှသော ဒီဇိုင်းများနှင့် အရောင်အသွေးများဖြင့် ပုံဖော်ထားသည့် Chiyogami ခေါ် ဂျပန်ရိုးရာအလှစက္ကူများ။ ဂျပန်ရိုးရာ လက်လုပ်စက္ကူများပေါ်တွင် ရေးဆွဲဖန်တီးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုကို အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုပေးပါ။ https://youtu.be/oJh3G6ggFmo
JLPT exam Feeနဲ့ လိုအပ်တဲ့ အချက်အလက်များကို မနက်ဖြန်နောက်ဆုံးထားပြီး ပေးရမှာပါနော်။ ခုချိန်ထိ မပေးရသေးသူတွေ အများကြီး ကျန်နေသေးလို့ပါနော်။
без подписи
без подписи
без подписи
ယခုလအတွင်းမှာ ဖွင့်လှစ်မည့် N5 အခြေခံ တန်းခွဲ အသစ်တွေပါရှင့်။
Tokutei မိတ်ဖက်အေဂျင်စီတစ်ခုမှ အလုပ်ခေါ်စာ ဖြစ်ပါတယ်ရှင့်။ 特定技能(自動車運送業)Truck Driver ✔️ Male 🏠 အလုပ်နေရာ - Chiryu City, Aichi 📋 လိုအပ်ချက်များ ⭐ JLPT N3 အောင်လက်မှတ်နှင့်အထက်ရှိသူများ ⭐ 特定技能(自動車運送業)အောင်လက်မှတ်ရှိသူ (မရှိသေးပါက Interview အောင်ပြီးနောက် ဖြေနိုင်သူ) ⭐ အသက် 69 နှစ်အောက် ⭐ Manual ယာဉ်မောင်းလိုင်စင် (AT မရ) 🚚 အလုပ်အမျိုးအစား 2တန် / 4တန် ကားမောင်း၍ ပြောင်းရွှေ့ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း ပစ္စည်းထုပ်ပိုးခြင်း၊ သယ်ဆောင်ခြင်း 💴 လစာ - ¥198,120 ~ ¥274,600 ⏰ အချိန်ပို - ပျမ်းမျှ 27 နာရီ/လ 📈 လစာတိုး - ရှိ 🎁 ဘောနပ်စ် - ရှိ 🚗 လမ်းစရိတ် - အများဆုံး ¥15,000 🕗 အလုပ်ချိန် - 8:00 ~ 17:00 📅 ပိတ်ရက် - တစ်ပတ် ၂ ရက် အထက်ပါ အလုပ်ခေါ်စာကို AYUMI သင်တန်းမှာတက်ရောက်နေသူများ၊တက်ရောက်ခဲ့သူများထဲမှ စိတ်ပါဝင်စားလို့ လျှောက်ထားချင်ပါက အခုရက်ပိုင်းအတွင်း နောက်ဆုံးထား၍ သင်တန်းဖုန်း 09740033173 ဆီသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/သူများသို့ Exam Fee N1,N2,N3 - 57000 N4,N5 - 52000 service fee - 10000 (နံပါတ်စဉ်102မှ စ၍ ) -Photo soft copy (3cm x 4cm size) (background အဖြူဖြစ်ဖြစ် အပြာဖြစ်ဖြစ် ရပါသည်) -မှတ်ပုံတင် ရှေ့မျက်နှာ soft copy -မှတ်ပုံတင် နောက်မျက်နှာ soft copy -စာရွက်အဖြူပေါ်တွင် မိမိလက်မှတ်ထိုးထားသောပုံ စတာတွေကို သင်တန်းtelegram @ayumiJLS သို့ ပို့ပေးပါရန်။ အထက်ပါအချက်အလက်တို့ကို 3/8/2026ရက်နေ့ နောက်ဆုံးထား၍ သင်တန်းသို့ ပေးပါရန်။
ဒီနေ့နေ့ခင်း ၁၂ထိ ထပ်တိုးစာရင်းပေးသူ စာရင်းပါနော် ။
без подписи
без подписи