- Последний пост
- 2 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 5 033
- 1/48двое суток
- 5 767
- 1/72трое суток
- 6 220
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Channel photo updated
ဇူလိုင်၂၄ ၂၀၂၆ DVB ၊သံလွင်တိုင်းနဲ့အနောက်တိုင်းမီဒီညာတွေ၊နီပိတ်တို့ Online အပေါ်မတင်ရဲသောသတင်းပါ တပ်မဟာ ၇ ဂွင်အတွင်းက ကရင်အခေါ် ထီးလောသီထနေရာ အား တပ်မတော်သိမ်းငှက်အစာကောက် - KNU စောဂျော်နီ ( ပြင်းထန်စွာဒဏ်ရာရ) ရကြောင်းနှင့် KNU တပ်မဟာ၅နှင့် PDF တို့ အသေအပျောက်များကြောင်းသတင်းပေးပို့လာပါတယ် ဆက်စပ်သတင်းပါ KNU /KNLA/PDF များ ထီးလောသီထ စခန်းအနီးဝန်းကျင်နဲ့ အနီးဝန်းကျင်ရှိကျေးရွာများမှာ ထပ်မံအင်အားဖြည့်တင်း ဖြန့်ကျက်အခြေပြုနေတယ်လို့သတင်းပေးပို့လာတာကြောင့် တပ်မတော်သိမ်းငှက်အစာကောက်ဖို့ လိုအပ်မယ်ထင်ပါတယ် ဆက်လက်စုံစမ်းနေလျှက်ပါ။ အမဲလိုက်မုဆိုးကြီး 24.7.2026(01:37PM) Fri.day https://t.me/+Q_03ANIPyExkOWJl
без подписи
без подписи
без подписи
ဇူလိုင်၂၄ ၂၀၂၆ ကျိုက်ထိုနယ်သတင်းပါ မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်း၊ မီးပွိုင့်၏ အနောက်ဘက် ကိုက်(၃၀၀)ခန့်အကွာတွင် ဒီကနေ့နံနက် ၁၀နါရီ၃၀မိနစ် အချိန်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားကြောင်းသိရပါတယ်၊ မော်လမြိုင်မြို့ ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ဦးထွန်းထွန်း၊ ၅၅ နှစ်၊(ဘ)ဦးမြင့်လွင်၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ဒေါ်မိငယ်၊ ၄၆ နှစ်၊ (ဘ)ဦးချစ်၊ ခြံလုပ်၊မန္တလေးအပိုင်း၊ ဇာသပြင်ကျေးရွာ၊ ဘားအံမြို့၊ မဧကရီမျိုး၊၄၆ နှစ်၊(ဘ)ဦးမျိုးလွင်၊ မပတ (မမှတ်မိ)၊ သူနာပြု၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့၊ ဒေါ်မီး၊ ၅၂ နှစ်၊(ဘ)ဦးချစ်၊ မပတ (မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ခြံလုပ်၊ မန္တလေးပိုင်း၊ ဇာသပြင်ကျေးရွာ၊ဘားအံမြို့နေသူတို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN-22 3E-990410 Toyota Succeed Taxi ခဲဖြူ/ဝါကြား ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် ခြမ်းသို့ရောက်ရှိ၍ ကန့်လန့်ဖြစ်သွားစဉ် ရန်ကုန်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်း ထွန်းလင်းဦး၊ ၃၂ နှစ်၊(ဘ)ဦးလှဌေး၊ ၁၂/မဂန(နိုင်)၁၀၀၄၂၉၊ မွတ်စလင်/အစ္စလာမ်၊ အထည်ရောင်း၊ ကန်အနောက်ရပ်ကွက်၊ဓမ္မဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူ မောင်းနှင်ပြီး ဒေါ်ဇိုင်ဒါ ၊ ၆၄ နှစ်၊(ဘ)ဦးဟာဘီ၊မှီခို၊ ကန်အနောက်ရပ်ကွက်၊ ဓမ္မဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ လိုက်ပါလာသည့် ယာဉ်အမှတ် YGN-18 2M-9837 Toyota Light Truck အပြာရောင်ယာဉ်မှ ယာဉ်အမှတ် Toyota Succeed Taxi ယာဉ်၏ယာဘက်ခြမ်း ဒရိုင်ဘာ ထိုင်သည့်နေရာသို့ ဝင်ရောက်တိုက်မိသဖြင့် Succeed Taxi ယာဉ်မောင်း ဦးထွန်းထွန်း တွင် နား(၂)ဖက်သွေး ထွက်ဒဏ်ရာ၊ ယာဘက်လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ ယာတံတောင်ပေါက်ပြဲဒဏ်(သေဆုံး)၊ Succeed Taxi ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်မီး တွင် ယာဘက်မျက်နှာတစ်ခြမ်းနှင့် ဦးခေါင်း အရည်ပြားလန်ဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်မိငယ်၊ ၄၆ နှစ်၊(ဘ)ဦးချစ်၊ခြံလုပ်၊ ဇာသပြင်ကျေးရွာ၊ ဘားအံမြို့၊ ယာဘက်ဦးခေါင်းနှင့် မျက်နှာတစ်ခြမ်းကွဲဒဏ်ရာ၊ ယာဘက်ခြေဖမိုးကွဲ ဒဏ်ရာ၊ ယာခြေသန်းကွဲဒဏ်ရာ(မစိုးရိမ်ရ) မဧကရီမျိုး တွင် ရင်ခေါင်းအောင့်(မစိုးရိမ်ရ)၊ ယာခြေ ထောက်ထုံ ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့အား ပဒုမ္မာလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ကျိုက်ထို ပြည်သူ့ ဆေးရုံသို့ ၁၀၄၅ အချိန်ပို့ဆောင်ခဲ့ထားရှိပြီး ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း သတင်းပေးပို့လာပါတယ်။ 👇👇👇👇👇👇👇👇👇👇 အမဲလိုက်မုဆိုးကြီး 24.7.2026(01:17PM) Friday https://t.me/+Q_03ANIPyExkOWJl
ဇူလိုင် ၂၄ ၂၀၂၆ နေ့လည်ပိုင်းပေးပို့လာသော KNU အကြမ်းဖက်အဖွဲ့သတင်းနဲ့ ကရင်ပြည်နယ်သတင်းပါ KNU အကြမ်းဖက်ခေါင်းဆောင် ဘောကျော်ဟဲ ရဲ့ KNU တပ်မဟာအလိုက် အား အမိန်းပေးထုတ်ပြန်ချက်အရ - ကရင်ပြည်နယ်အတွင်းရှိတပ်မတော်စခန်းများအား သာလွန်အင်အားသုံးတိုက်ခိုက်ရန်၊တပ်မတော်စခန်းများအား လေ့လာသုံးသပ်ကာ စစ်ရေးဖော်ဆောင်ရန်၊လက်နက်ခဲယမ်းနဲ့တရားမဝင်ကုန်ပစ္စည်းများသယ်ယူရေး၊တရားမဝင်ရွှေလုပ်ကွက်များ၊သစ်၊သဲ၊ကျောက်များမှဆက်ကြေးငွေကို အဓိကအသက်သွေးကြောအဖြစ်ဆက်လက်တည်ရှိစေရေးအတွက် အဓိကအနေဖြင့် ထိုင်း - မြန်မာနယ်စပ်စခန်းများ၊လက်နက်ခဲယမ်း တရားမဝင်ကုန်ပစ္စည်းသယ်ယူရေးလမ်းကြောင်းအနီးရှိ တပ်စခန်းများ၊ရွှေ၊သစ်၊သဲ၊ကျောက် လုပ်ကွက်များရဲ့နယ်မြေအတွင်းရှိ တပ်စခန်းများအား တိုက်ခိုက်ရေးအတွက် အမိန့်ပေးထားတယ်လို့သိရပါတယ်။လတ်တလောဆက်စပ်သတင်းမှာတော့ တပ်မဟာ ၁ / ၇ နယ်မြေအတွင်းသို့ KNLA၊ ABSDF ၊ PDF စတဲ့အကြမ်းဖက်အဖွဲ့များစုစည်းနိုင်ရေးကိုစီစဥ်နေသလို၊မြေပြန့်ရှိ အကြမ်းဖက် PDF များ ရောက်ရှိလာနိုင်ရေးကိုပါစီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊KNDO၊ KNPP အပြင်၊စစ်ကိုင်း၊မန္တလေး၊ယောနှင့် NUG အကြမ်းအဖွဲ့လက်အောက်ခံ အကြမ်းဖက်အဖွဲ့များကိုလည်း ဇူလိုင်လကုန်နှင့်စက်တင်ဘာလအတွင်းရောက်ရှိစေရေးခေါ်ဆောင်ထားတယ်လို့သိရပါတယ် ထိုင်း - မြန်မာ နယ်စပ်စခန်းများ ကျုံဒိုးလမ်းပိုင်း သာမညလမ်းပိုင်း မြိုင်ကလေးလမ်းပိုင်း ဘီးလင်းလမ်းပိုင်း သိမ်ဇရပ်လမ်းပိုင်း အထူးသတိရှိဖို့လိုအပ်မှာဖြစ်သလို တပ်စခန်းအားလုံးသတိရှိရန်လိုအပ်မှာဖြစ်ပါကြောင်း သတင်းပေးပို့လာပါတယ်။ အမဲလိုက်မုဆိုးကြီး 24.7.2026(01:07PM) Fri.day https://t.me/+Q_03ANIPyExkOWJl
ဇူလိုင် ၂၄ ၂၀၂၆ သထုံ ၊ဘီးလင်းနယ် အထူးသတိ ပိန္နဲတောကျေးရွာရှိ၊အစိုးရအထက်တန်းကျောင်းအတွင်းမှာ KNU /PDF များ တပ်စွဲအခြေပြုထားသလို ပိန္နဲတော့ကားလမ်းတလျှောက်မှာလဲ KNU အကြမ်းဖက်အဖွဲ့များ ဂိတ်ဖွင့်ကာ ပြည်သူတစ်ဦးလျှင် ငွေကျပ်၁၀၀၀၀ နှုံး ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်၊အထကကျောင်းနဲ့ပိန္နဲတောလမ်းတလျှောက် KNU/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ ခန့်မှန်းအင်အား၂၀၀ ထက်မနည်း ဖြန့်ချ အခြေပြုနေတယ်လို့ သတင်းပေးပို့လာပါတယ်။ အမဲလိုက်မုဆိုးကြီး 24.7.2026(12:40PM) Friday https://t.me/+Q_03ANIPyExkOWJl
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ဇူလိုင်၂၄ ၂၀၂၆ သိမ်ဇရပ်နယ်သတင်းပါ မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ ရွှေလွှာမြိုင် ရပ်ကွက် ( ၁)တောင်ဝိုင်းဘုန်းကြီးကျောင်းအနီးရှိ တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်ပါတယ်၊နိုင်ငံတော်ပိုင်မြေဖြစ်တဲ့အပြင် မိုးတွင်းကာလ ရပ်ကွက်အတွင်းရှိရေစီးရေလာမြောင်းများပိတ်ဆို့ကာ ရေးကြီးရေလျှံဖြစ်ပေါ်နိုင်သလို၊နိုင်ငံတော်မှတရားဝင်လိုင်စင်ချပေးထားခြင်း မရှိတာကြောင့် ထိရောက်စွာအရေးဖို့လိုအပ်မှာဖြစ်သလို၊ခွင့်ပြုပေးထားတဲ့အဂတိလိုက်စား ဌာနဆိုင်ရာအချို့အပြင်၊သတင်းပေးပို့ခြင်းမရှိသော အုပ်ချုပ်ရေးမှုး၊ရာအိမ်မှုး၊ဆယ်အိမ်မှုး၊အဆင့်ဆင့်ထိရောက်စွာအရေးယူဖို့ လိုအပ်ပါတယ်။ ဘယ်သူသေသေ ငတေမာလျင်ပြီးရောဆိုတဲ့စိတ်နဲ့ မြို့ပေါ်ရပ်ကွက်အနီးမှာ အခုလိုခွင့်ပြုချက်ပေးခြင်းက အဆင်ပြေမနေပါဘူး၊ ဆက်လက်စုံစမ်းဖော်ထုတ်သွားပါမည်။ အမဲလိုက်မုဆိုးကြီး 24.7.2026(12:27PM) Fri.day
ဇူလိုင် ၂၄ ၂၀၂၆ KNU အကြမ်းဖက်အဖွဲ့ရဲ့လှုပ်ရှားမှုသတင်းပါ KNU အကြမ်းဖက်အဖွဲ့ကတော့ ကယားပြည်နယ်၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းအရှေ့ခြမ်း၊ စတဲ့နယ်မြေများအတွင်းက အကြမ်းဖက်အဖွဲ့များကို မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သါရီတိုင်းအတွင်းသို့ ဖြန့်ကျက်စေရေးစီစဥ်နေတယ်လို့သိရပါတယ်၊အကြမ်းဖက်အဖွဲ့အစည်းများဝင်ရောက်လာနိုင်ရေးအတွက် စစ်ရေး Mission ကို တဖက်လှည့် စစ်ပရိယာယ်သုံးကာ တပ်မတော်စခန်းတချို့ကို တိုက်ခိုက်ရန်လဲစီစဥ်နေတယ်လို့သိရပါတယ်။KNU အကြမ်းဖက် တပ်မဟာ၁၊တပ်မဟာ၃၊တပ်မဟာ ၅ နယ်မြေများအတွင်းရှိ တပ်မတော်စခန်းများ အထူးသတိရှိဖို့ လိုအပ်မှာဖြစ်သလို၊မွန်ပြည်နယ်၊ကရင်ပြည်နယ်ရှိ လမ်းတံတားများ၊စာသင်ကျောင်းအချို့သတိရှိရန် လိုအပ်ပါတယ်၊ သိမ်ဇရပ် ကျိုက်ထို ဘီးလင်း သထုံ ဘားအံ မြိုင်ကလေး ဘုရားသုံးဆူ ရေး ထားဝယ် လောင်းလုံ တနင်္သါရီ မောတောင် ထားဝယ်ရေနက်ဆိပ်ကမ်း မေတ္တာမြို့ စတဲ့နယ်မြေများအတွင်းကတပ်စခန်းများ၊လမ်းတံတားကင်းများ၊အဝေးပြေးလမ်းမကြီးအနီးရှိ စာသင်ကျောင်းများအထူးသတိရှိစေချင်ပါတယ်။ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များအနေဖြင့် ကား၊ဆိုင်ကယ်များကိုစစ်ဆေးဖို့ လိုအပ်ပါတယ်၊မြို့တွင်းနဲ့မြို့ပြင်များရှိ တည်းခိုခန်းများ၊ဟိုတယ်များ၊ထမင်းဆိုင်များကို စစ်ဆေးဖို့လိုအပ်ပါတယ်၊ KNU အကြမ်းဖက်များအနေဖြင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်အပြင် တနင်္သါရီတိုင်းအတွင်းစစ်မီးမွှေးရန် အကြမ်းဖက်အဖွဲ့အမျိုးမျိုးဖြင့်တွေ့ဆုံကာ စီစဥ်နေကြောင်း သတင်းပေးပို့လာပါတယ်။ ဆက်လက်စုံစမ်းနေလျှက်ပါ။ အမဲလိုက်မုဆိုးကြီး 24.7.2026(12:00AM) Friday https://t.me/+Q_03ANIPyExkOWJl
без подписи
без подписи
ဇူလိုင်၂၄ ၂၀၂၆ ကျိုက်ထိုနယ်သတင်းပါ မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထိုမြို့ ရန်ကုန် -မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ ( ထက်) စက်သုံးဆီအရောင်းဆိုင်ကတော့ ပြည်သူတွေတန်းစီပြီးနေတာကိုမရောင်းပဲ ပုံးများဖြင့်လာဝယ်နေတဲ့ တရားမဝင်ရွှေတွင်းလုပ်သားများကိုရောင်းတဲ့အတွက် မွန်ပြည်နယ်အစိုးရက ရောင်းချခွင့်ကိုပိတ်လိုက်တာလို့သိရပါတယ်၊ထပ်ဆင့်စုံစမ်းချက်အရ ထက်စက်သုံးဆီအရောင်းဆိုင်ကတော့ပြည်သူများရဲ့ပြောကြားချက်အရ ငှက်ပျောတော၊ပီတိ၊မာလာဖူး၊ချောင်းစောက်နဲ့ဘီးလင်းနယ်မြေအတွင်းရှိတရားမဝင်ရွှေတွင်းများကို ကားစင်းလုံးပြတ် ရောင်းချနေတာရှိတယ်လို့သိရပါတယ်၊စိစစ်ဖော်ထုတ်ကာ ထိရောက်စွာအရေးယူဖို့လိုအပ်မှာဖြစ်သလို ထက်စက်သုံးဆီဆိုင်ပိုင်ရှင်အနေဖြင့် ဆိုင်၃ဆိုင်ကို အမည်၃မျိုးဖြင့်လိုင်စင်လုပ်ပြီးရောင်းချနေတာရှိသလို၊လိုင်စင်မဆောင်ပဲ တရားမဝင်ဆိုင်ပါဖွင့်ပြီး ရောင်းနေတယ်လို့သိရပါတယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ - ကျိုက်ထို၊ဘီးလင်း၊သိမ်ဇရပ်၊မုပ္ပလင်၊စတဲ့ခရိုင်အတွင်းကဆီဆိုင်အများစုမှာ တရားမဝင်ရွှေတွင်း၊တရားမဝင်သစ်လုပ်ငန်း၊တရားမဝင် သဲ၊ကျောက်လုပ်ငန်းတွေကိုဦးစားရောင်းချနေကြောင်းသိရပါတယ်။ အမဲလိုက်မုဆိုးကြီး 24.7.2026(11:28AM) Fri.day
ဇူလိုင်၂၄ /၂၀၂၆ မင်္ဂလာပါ အမျိုးတို့ ဘေးရန်ကင်းကွာ စိတ်ချမ်းသာ လိုအင်ဟူသမျှ ပြည့်ဝကြပါစေ။ အမဲလိုက်မုဆိုးကြီး 24.7.2026(11:09AM) Fri.day