Banner Queen
Статистика- Последний пост
- 19 апр. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 17
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Shaakuntalam [2023] ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalam ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူမိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ်
Dark Harvest (2023) ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
တခြားဂြိုလ်ကနေ မတော်တဆရောက်လာတဲ့ ဂြိုလ်သားလေးကို အိမ်ပြန်ပို့ပေးကြမယ့် တောတွင်းကောင်လေးတွေ.... Jungle Beat : The Movie ( 2020 ) 📱 ============================ ဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။ ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့ ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ Animation Series – Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။ Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေးတစ် ယောက် သူတိုနေတဲ့တောထဲကို ရောက်လာလိုပါပဲ။ သူတိုတွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတိုရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတိုတွေ ကူညီပေးတာကိုတွေ့ရမှာပါ။
W-h-e-r-e’s t-h-e D-r-a-g-o-n? (2015) တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့် အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။ နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့..အမှန်က ဇာမဏီပျောက်လို့နဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ပြီးတော့ နဂါးပျောက်လို့ ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ။ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ။
အရမ်းမိုက် 🤟
😞😔
ရှယ်ကားလေး 😍
видео или голосовое, без подписи
видео или голосовое, без подписи
🎬Turistas (2006) MMSUB 🔴 နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ်ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့်ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့်နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။
Stranger Things မင်းသမီးရဲ့ adventure ရုံတင်ဇာတ်ကားအသစ် 😍 ➪➪➪➪➪➪➪➪➪➪➪➪➪➪ Damsel (2024) မြန်မာစာတန်းထိုး Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ် မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့ မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ** မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ....
Sorcerer And The White Snake (2011) ➪➪➪➪➪➪➪➪➪➪➪➪➪➪ နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး… မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ် သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ် လိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲကအမဖြစ်သူ စုစုဟာလူသားယောက်ျားလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ် တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်းဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ…
видео или голосовое, без подписи
Kingdom Ashin of the North (မြန်မာစာတန်းထိုး) ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆွန်းနိုင်ငံတော်ရဲ့ တရားဝင်အသိအမှတ်မပြုထားတဲ့ ရွာဆက်မှာ ဆောင်းဂျောယာအင်လူမျိုးတွေ နေထိုင်ကြတယ်။ အဲ့ဒီလူမျိုးတွေဟာ နိမ့်ကျတဲ့မျိုးရိုးဆိုပြီးတော့ တခြား ဂျိုဆွန်းပြည်သူတွေရဲ့ အနှိမ်ခံလည်း ဖြစ်ခဲ့ရပါတယ်။ တစ်နေ့မှာ ယောဂျင်လူမျိုး ၁၅ ယောက်ဟာ ဖယ်ဆာဂွန်နယ်မြေမှာ ကျားကိုက်ပြီး အသတ်ခံလိုက်ရပါတယ်။ ဂျိုဆွန်းရဲ့ တပ်မှူးကြီးဟာ သေဆုံးမှုကို စုံစမ်းပြီး ကျားဖမ်းဖို့လုပ်ရင်း တပ်မှူးကြီးက ယောဂျင်လူမျိုးတွေ သေရတဲ့အကြောင်းရင်းက ကျားကြောင့်မဟုတ်ဘဲ ဂျိုဆွန်းအကြီးအကဲတစ်ယောက်ရဲ့ လက်ချက်ဆိုတာ သိလိုက်ရပါတယ်။ ရွာဆက်က သူလျှို အာရှင်းရဲ့ အဖေကို ယောဂျင်လူမျိုးတွေဆီ လွှတ်ပြီး ကျားကြောင့် သေရတယ်လို့ သတင်းလွှင့်ခိုင်းပါတယ်။ ယောဂျင်လူမျိုးတွေဟာ ကျားကြောင့်မဟုတ်တာကို သိသွားပြီးတဲ့နောက် ရွာဆက်တစ်ရွာလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။