tgindex
Thoughts From Blavk

Thoughts From Blavk

Статистика

Anime အပြင် ရယ်စရာမောစရာတွေ Animeတွေနဲ့ တခြား အရာတွေတင်မယ် Entertainment Only !

Последний пост
21 апр.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 082
−2 за 3 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
5 826
19 постов
Вовлечённость
538,4%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • မူးမူးရူးရူးနဲ့ကျွန်တော်မျိုးရဲ့ ချန်နယ်ကို အပြစ်မမြင်ပဲ ဝင်ထားကြတဲ့ လူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Anime VD Encoding With Laptop ဆိုတဲ့ တော့ပစ်လေးနဲ့အတူ Tuto Vd လေးတွေလုပ်ပေးပါ့မယ် (တကယ်က လုပ်ပေးချင်လို့ကို လုပ်ပေးတာဗျာ...)

  • 4 нояб.1 70612

    ဒီလထဲတော့ အပျော်အနေနဲ့ ပွဲကိစ္စလေးတွေနဲ့ အတည်အနေနဲ့ ကြော်ငြာကိစ္စတွေကို ဆက်စပ်ပြီးတင်ပေးသွားပါဦးမယ်။ #blavk

  • 11 окт. 2025 г.1 70531из kuromigameshop

    17 ရက်နေ့ လာမဲ့ Aspirant Skin Event အတွက် Recharge Pahse 2 ကို Pre order ခပ်ပါးပါးလက်ခံပေးပါ့မယ်။ ဈေးတွေကျတုန်း လူတိုင်းကိုအဆင်ပြေစေချင်လို့ပါ။ 1 Weekly Pass 5700 ဈေးပါ။ တစ်ရာခွာကောက်ထားပါတယ်။ ဈေးအတက်အကျမငြိမ်‌သေးလို့ 💎3 wp -17100ks 💎343 - 19000 ks 💎1 wp + 172 - 15200 ks 💎2wp + 86 - 16200 ks 💎706 - 38400 Anime Outworld Myanmar မှ ရောင်းတာမလို့ စိတ်ချရမှူ 200% ဝယ်ယူရန် - @blavkflm မှတ်ချက် ဈေးကျနေချိန် မလို့သာ ဒီဈေးနဲ့ရတာမလို့ လူဦးရေ အကန့်အသတ်ရှိပါလိမ့်မယ်။

  • AI ရဲ့လွှမ်းမိုးလာမှုနဲ့ အတူ AI တွေကို မှီခိုအသုံးပြုရင်း ဘာသာပြန်လာတဲ့အခါ ဖြစ်လာတဲ့ ပြဿနာတွေ အတော်များများကို တွေ့နေရပါတယ်။ ဒီနေ့မှာတော့ AI သုံးတဲ့ ကိုကိုများများကို Class ခွဲပေးပြီးတော့ ဘယ်လိုမျိုး အသုံးချတဲ့ လူဟာတော့ ဘာသာပြန်လောကအတွက်ပိုအဆင်ပြေလဲ ဆိုတာကို ပြောပြသွားမှာပါ။ AI ကို အသုံးချတဲ့နေရာမှာ သူတို့ အသုံးချပုံပေါ်မူတည်ပြီး အဆင့်သုံးဆင့်အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ ၁။ အတုမြင်၊အတတ်သင် စက်ရုပ်ကောင်လေးများ အဆင့် ဒီအဆင့်ကတော့ အကုန်လုံးကိုကူးချပြီး လာပြတာပါ၊ ကျွန်တော်ကတော့ စက်ရုပ်ကောင်လေးအဆင့်လို့ တစ်ကိုယ်တည်းသတ်မှတ်ထားပါတယ်။ ၂။ မိတ်ကပ်လူးတဲ့ မိတ်ကပ်စက်ရုပ်/မိတ်ကပ်ဆရာအဆင့် ဒီအဆင့်ကတော့ သာသာနာနာလေး ပြောရရင် ကူးချထားတာကိုမသိသာအောင် အချိန်အနည်းငယ်လောက်ပေးပြီးပြန်ထားတဲ့ အဆင့်ပေါ့။ တချို့ဆို အရမ်းကောင်းလွန်းလို့ မိတ်ကပ်မှန်းတောင်မသိရပါဘူး။ သေချာ အချိန်ပေးစစ်မှ ပေါ်တဲ့ ပယောဂ မျိုးပါ၊ ဒီအဆင့်ကတော့ မိတ်ကပ်ဆရာအဆင့်ပါ။ ၃။ အသုံးချပညာရှင်အဆင့်/ အေအိုင်ဂုရု ဒီအဆင့်ကသာ ကျွန်တော်တို့အားလုံးအတွက် အဆင်ပြေမဲ့အဆင့်ဖြစ်ပါတယ်လို့ အရင်ဆုံးပြောချင်ပါတယ်။ ဒီအဆင့်မှာတော့ အေအိုင်ကို အားကိုးတာမျိုးမဟုတ်ပဲ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို တိုးပွားစေရန်အလို့ငှာ အသုံးချခြင်းဖြင့် အလုပ်လုပ်ကြတဲ့ ဆရာတွေပေါ့ဗျာ။ ဒီလူတွေကတော့ အဆင်ပြေပါတယ်။ ဒီလိုအဆင့်ရောက်ဖို့ကလဲ ကိုယ်တိုင်က တတ်သိနားလည်နေမှ ဖြစ်မှာဆိုတော့ အဆင်ပြေတာပေါ့ဗျာ။ ဒီတော့ အေအိုင်ကို အလုပ်ခေါ်သူ အလုပ်ရှင်များက မစ္ဆရိယစိတ် မျိုးရှိနေတာမျိုး မဟုတ်ဘဲ ချစ်ခင်ကြင်နာခြင်းအလို့ငှာလဲ စွမ်းနိုင်လောက်အောင် ကောင်းပြနိုင်တာမျိုးမဟုတ်သေးပါဘူး။ ကျားကြောက်လို့ ရှင်ကြီးကိုးရအောင်လဲ ရှင်ကြီးဟာ ကျားထက်ဆိုးနေတယ်မလားဗျာ။ ပြီးတော့ AI ခေတ်ကြီးထဲမှာ AI ကို သုံးမိမှန်းမသိကို သုံးမိလာမှာပါ။ မြစ်ကမ်းနဘေးမှာ လမ်းလျှောက်နေရင်တော့ တစ်ချိန်မဟုတ်တစ်ချိန် ရေစိုရမှာပါပဲလေ။ ဒီတော့ နည်းပညာဆိုတာဟာ မှီခိုအားကိုးစရာမဟုတ်ပဲ အသုံးချစရာပါ။ AI ကိုမသုံးရဘူးဆိုပြီး ဘာသာပြန် အလုပ်ခေါ်စာတွေမှာတွေ့ရင် ဆိုလိုရင်းဟာ စက်ရုပ်ကောင်လေးအဆင့်နဲ့ စက်ရုပ်မိတ်ကပ်ဆရာအဆင့်ကို လွန်ပြီး အသုံးချပညာရှင် အဆင့် ရောက်နေဖို့ လိုတယ်လို့ဆိုလိုခြင်းပါ။ ဒီစာလေးကိုဖတ်ပြီးတာနဲ့ နားလည်မှုများစွာရရှိပြီး အေအိုင်အသုံးချပညာရှင်များ ပေါ်ထွန်းလာဖို့ အကြောင်းပြုရင်း... လေးစားလျက် #molly စာလေးဖတ်ပြီးသွားရင် ဒိုင်းမွန်းလေးတွေလာဖြည့်ကြပါဦး diashop လေးအကြောင်းသိချင်ရင် https://t.me/blavkManU/108

  • Thoughts From Blavk pinned a photo

  • အောက်မြစ်တွေ၊ တစ်ချောင်းငင်တွေက ကျန်ခဲ့တာမဟုတ်ပဲ "Telegram Desktop Version မှ Bugs တစ်ခု" သာဖြစ်တာမလို့ "ဒီဘဲ သူကိုယ်တိုင် သတ်ပုံတောင် မနိုင်ပဲ စဆရက လာလုပ်နေတယ်" လို့မတွေးချင်စေပါ။ ချစ်ခြင်းများဖြင့် ဘာသာပြန်ခြင်းကို တိုးတက်စေချင်သူတစ်ဦး #blavk

  • Movie တွေကို ဘာသာပြန်ရင် တကယ်ပဲ ပုဒ်မ၊ ပုဒ်ကလေးတွေ မလိုအပ်ဘူးဆိုတာ တကယ်ဟုတ်ပါ့မလား...။ လွန်ခဲ့တဲ့ရက်တွေမှာ ကျွန်တော့်ကို အိပ်လို့မပျော်စေလောက်တဲ့အထိ နှိပ်စက်နေခဲ့တဲ့ မေးခွန်းတွေ၊ အတွေးထဲမှာ ဒီမေးခွန်းဟာ စိတ်ဝိဉာဉ်ထဲအထိကို နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတဲ…

  • Movie တွေကို ဘာသာပြန်ရင် တကယ်ပဲ ပုဒ်မ၊ ပုဒ်ကလေးတွေ မလိုအပ်ဘူးဆိုတာ တကယ်ဟုတ်ပါ့မလား...။ လွန်ခဲ့တဲ့ရက်တွေမှာ ကျွန်တော့်ကို အိပ်လို့မပျော်စေလောက်တဲ့အထိ နှိပ်စက်နေခဲ့တဲ့ မေးခွန်းတွေ၊ အတွေးထဲမှာ ဒီမေးခွန်းဟာ စိတ်ဝိဉာဉ်ထဲအထိကို နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတဲ့ဆူးတစ်ချောင်းပါ။ ဘာကြောင့်လဲ၊ ဘာလို့များလဲ။ တကယ်တမ်းတော့ မြန်မာစာ ရေးထုံးထဲမှာတော့ မည်သည့်စာနေနေ၊ ကျွန်တော်တို့ ပုဒ်ကလေး၊ပုဒ်မတွေဟာ ထည့်ရမဲ့ အဖြတ်အတောက်တွေပါပဲ။ စကားပြောမလို့ မထည့်ရပါဘူးတို့၊ စကားပြေမလို့မထည့်ရပါဘူးဆိုပြီး သတ်သတ်မှတ်မှတ် ထည့်သွင်းဖော်ပြထားတဲ့ ချွင်းချက်ဆိုတာတွေ မြန်မာစာမှာမရှိခဲ့ပါဘူး။ ဒီတော့ အောက်က စာအရှည်ကြီးတွေကို မဖတ်ချင်တဲ့လူတွေအတွက်အရိုးရှင်းဆုံးအဖြေက " ပုဒ်ကလေး၊ပုဒ်မ ထည့်သင့်ပါတယ်။ ရေးထုံးကို နင်းပြီးရေးမယ်ဆိုရင်သေချာပေါက် ထည့်ကိုထည့်ရမှာပါ။ မထည့်သင့်ဘူး၊ မထည့်ဘူးဆိုတာတွေက ကိုယ်ပိုင်မူတွေသာဖြစ်ပါတယ်။"

  • Hello ! Anime တွေကိုလဲ ကြည့်တယ် Anime Outworld Myanmar ကလဲဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့ AOM ကို Support ချင်ရင် ကျွန်တော်တို့ရဲ့ MLBB Diamond Shop လေးမှာ လာအားပေးပြီး Support လို့ရပါတယ်။ ကျွန်တော်တို့ဟာ အတန်ဆုံးနဲ့ အမြန်ဆုံး Service ကိုပေးနေပါပြီ။ ဈေးလေးကိုအရင်ကြည့်ပြီးမှ တန်မတန်ဆုံးဖြတ်ကြည့်ပါဗျာ။ AOM က Dia Shop လေးရဲ့ Link - https://t.me/kuromigameshop ======================================================== Anime Outworld Myanmar မှာ ကြော်ငြာအပ်လိုသူများအနေဖြင့်တော့ ဒီအကောင့်လေးကို သွားလို့ရပါတယ် @aommads

  • 27 июн. 2025 г.64,7 тыс8

    The Aspirants Skin event Phrase 1 အတွက်လဲ ပရီအော်ဒါလက်ခံနေပါပြီနော်။ ဖြည့်ပြီးကြာချိန် - 3မိနစ် Loli စကင်တွေနဲ့ပျော်ဖို့လိုနေပြီ Recharge ပြည့်ဖို့အတွက် Weekly Pass 3 weeks - 18,900ks 💎 343 - 20,000ks 💎 1 week + 💎 172 - 16300ks 💎 2 weeks + 💎 86 - 17700ks 💎 706 - 41000 ks ဝယ်ယူရန် - @blavkflm (AOM မှ Admin တစ်ဦးလဲ ဖြစ်တာမလို လိမ်မှာမကြောက်နဲ့ ပြန်ဖွင့်တာမလို ဈေးချိုတာပါညော်)

  • ဪ စီးပွားရေးလေးများမကောင်းတော့လဲ ရှိတဲ့အလုပ်လေးပြုတ်တော့ ဒိုင်းမွန်းလေးရောင်းရပြီပေါ့လေ။ ကဲအားလုံးပဲ ဈေးသက်သက်သာသာနဲ့ Daimond ကိုလဲဝယ်ချင်တယ်၊ ယုံကြည်ရတဲ့နေရာလဲရှာနေရင်တော့ ဒီကိုလာခဲ့ပါနော် ကိုယ်တိုင်ဦးစီးထားတဲ့ Daishop လေးဖြစ်တာမလို့ MLBB Daimond တွေကို ယုံကြည်စိတ်ချစွာ ဈေးသက်သက်သာသာဖြင့်လာဝယ်နိုင်ပါတယ်။ Anime Outworld Myanmar က Admin တစ်ဦးလဲဖြစ်တာမလို့ Support ပေးတဲ့သဘောလဲ ဖြစ်တာပေါ့ဗျာ ဟီးဟီး ဒိုင်းမွန်းဝယ်ယူရန် - https://t.me/kuromigameshop/45 #blavk

  • без подписи

  • ဒီFrame လေးကို ကြည့်ပြီးတော့ သူပြောတဲ့စကားကိုလဲ အတော်လေး သဘာဝကျတယ်လို့ထင်မိတယ်။ မှားသည် မှန်သည်ဆိုတဲ့ အရာတွေဟာ လူထုရဲ့ အမြင်သက်သက်ကိုသာ တစ်ဖက်စောင်းပြောတာမျိုးပါ ။ ကျွန်တော်တို့ AOM ကိုယ်တိုင်လဲ ဒီလိုမျိုး ဖြစ်ရပ်တွေတောက်လျှောက်ရင်ဆိုင်ရပါတယ်။ ကိုယ်တိုင်တောင် မသိလိုက်ပဲ အပြစ်ကြီးကျူးလွန်မိခဲ့တဲ့အချိန်တွေ Ethic မရှိပါဘူးပြောခံရတာတွေအပြင်၊ တချို့တွေဆို စိတ်ဆိုးစိတ်ကောက်တွေပါဖြစ်ပြီး လက်သီးပုန်းပြတဲ့အထိကို ခံခဲ့ရဘူးပါတယ်။ တကယ်က ကိုယ်တိုင်တောင်မသိပဲ ရန်များခဲ့တဲ့အချိန်တွေအတော်များများကိုပိုင်ဆိုင်ခဲ့တာပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်နေပါစေ၊ သူတို့ရဲ့ရပ်တည်ချက်ကိုသာ သွေဖယ်သွားခဲ့သည်ရှိသော် သူတို့ကိုသာထိခိုက်နစ်နာခဲ့သည်သာ ရှိသော် တောင်းပန်နေရင်းတောင် ပြေလည်သွားတဲ့အရာမျိုးမဟုတ်ခဲ့တာတွေပါ ကြုံခဲ့ဖူးပါတယ်။ တကယ်တော့ အမှန်တရားတစ်ခုဆိုတာဟာ လူထုရဲ့ရပ်တည်ချက်တစ်ခုတင်ပါပဲ။ Anime LInk https://t.me/aomanimemm/273 #blavk

  • ယနေ့မှာပြောပြသွားစရာတစ်ခုရှိပါတယ်။ Blavk ဆိုပြီးသာနာမည်ပေးထားပေမဲ့ တကယ်က ဒီချန်နယ်ကို လူနှစ်ယောက်run နေတာဖြစ်ပါတယ်။ Blavk နဲ့ ကျွန်တော် Molly ပါ၊ နှစ်ဦးသဘောတူချက်အရ #blavk သာသုံးခဲ့ပေမဲ့ နှစ်ကောင်လုံးက အားရင်အားသလို ပြေးနေကြတာပါ။ အခုတော့လဲ Blavk ကိုယ်တိုင်က သူ့ကိုယ်ပိုင်အကောင့်နဲ့ဖြစ်သွားပါပြီ။ ဒါလေးကတော့သူ့အကောင့်ပါ။ @blavkflm သွားဆဲလို့ရပါသည်။ #molly

  • ဖန်တီးဖြစ်ခဲ့တဲ့ လိုဂိုလေးတစ်ခုနှင့် Logo Conceptလေးကို လာကြွားရင်း ခဏပြန်လာတာပါ ဟဲဟဲ အခုလက်ရှိထိ အတူရှိပေးနေတဲ့လူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ #molly

  • အိပ်မပျော်တဲ့လူများအတွက်ပါ။ အခု ဖြစ်နေသလောက်ဆို အကြမ်းဖျင်းပြောလို့ရတာက Swarm Aftershocks ဆိုတာမျိုးပဲ ပြောရမယ် Magnitude အသေးလေးတွေနဲ့ အများကြီး စီးရီးလိုက်လာနေတာ ဆိုတော့က အိပ်တာလည်းအိပ်ပေါ့ သတိနဲ့အိပ် ငလျင်ကြောတစ်လျှောက်ကို ဆက်တိုက်လှုပ်နေမှာ အိမ်က ခိုင်ခန့်ရင် အက်ရာရှိရင်တော့ ခုတင်အောက်ဖြစ်ဖြစ် စားပွဲခုံအောက်ဖြစ်ဖြစ်အိပ်တာလုံခြုံပါတယ်။ သတိနဲ့အိပ်ရင်ရပါပြီ။ ဒါပေမဲ့ တရားသေပုံသေတွက်လို့ရတဲ့အရာမဟုတ်လို့ သတိလေးတော့ထားပါ။ ဒါကိုမှ မလုံလောက်သေးဘူးထင်တဲ့လူတွေက "My Earthquake Alerts-Map" ဆိုတဲ့ App လေးကိုဒေါင်းထားပါ။ App store မှာရော Google Playstoreမှာအပြင် APK PURE မှာပါရှိပါတယ်။ "My Earthquake Alerts - Maps " ဆိုတာလေးပါ။ သူက ငလျင်တွေလှုပ်ခတ်တာကို တစ်ကမ္ဘာလုံးနဲ့ချီပြီးအသိပေးနေတာပါ။ ဒေါင်းပြီး လိုအပ်တဲ့ Location Permission တွေပေးရပါတယ်။ ပေးပြီးသွားရင်တော့ သုံးလို့ရပါတယ်။ ဘေးထောင့်လေးမှာပါတဲ့ အစက်လေးသုံးစက်မှာ Settings ဆိုတာရှိပါတယ်။ အဲ့မှာ Notifications ဆိုတဲ့ထဲမှာ Notification Type ကို ကိုယ့်အနီးပတ်ဝန်းကျင်မှာထားပြီး Minimum Magnitude ကိုတော့ 3.0 လောက်ထားပြီး ALerts Sound ကိုပါ နှစ်သက်ရာထားလို့ရပါတယ်။ အဆင်ပြေကြပါစေ အဆင်မပြေတာရှိရင် မန့်လို့ရပါတယ်။ #blavk

  • 7.7 Magnitude အားဆိုတာသိပ်ကြောက်ဖို့ကောင်းတယ်။ ၂၀၁၃ တုန်းက ပါကစ္စတန်မှာဖြစ်တဲ့ တစ်ခုဆို လူပေါင်းတစ်ထောင်နီးပါး သေပြီး ကျွန်းတွေ မြှပ်ပေါ်ဖြစ်တာမျိုးတွေ၊ အင်ဒိနီးရှားမှာဖြစ်တဲ့ ၂၀၁၈ တုန်းတစ်ခုဆို ဆူနာမီပါပါပြီး လူ ထောင်နဲ့ချီသေဆုံးပါတယ်။ ဒီတော့ ကမ်းခြေပိုင်းမှာရှိတဲ့ ညိုကီတို့တွေ ရေလက်ကြားတွေနဲ့ နီးတဲ့ညီကို‌တွေလည်း သတိနဲ့ နေကြဖို့နှိုးဆော်လိုက်ပါတယ်။ ဆူနာမီပါ ကပ်ပါလာနိုင်တာမလို့ပါ။ #blavk

  • အခုဖြစ်ပေါ်သွားတဲ့ ငလျင်ဟာ Magnitude 7.7 အထိ အင်အားပြင်ထန်ခဲ့ပြီးတော့ ဗဟိုချက်က စစ်ကိုင်းတိုင်းနဲ့ ၂၇ ကီလိုမီတာအကွာမှာလို့ အကြမ်းဖျင်း သိရပါတယ်။ တိတိကျကျသိရတာမဟုတ်ပေမဲ့ မြန်မာနိုင်ငံ အလယ်ဗဟိုကနေ စတယ်လို့သိရပါတယ်။ ၁၉၃၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ 7.8 magnitude ပဲရှိခဲ့တာပါ။ ဒီတော့ အင်အား 7.7 magnitude ဆိုတာဟာ အရမ်းကိုပြင်းထန်တဲ့ ငလျင်ဖြစ်ခဲ့ပြီးတော့ အဆောက်အဦးတွေပြိုကျပျက်စီးတာတွေ၊ ဗဟိုဧရိယာနဲ့ နီးကပ်လေ ပိုပြီးတော့ အန္တရာယ်များလေပဲဖြစ်ပါတယ်။ လမ်းလျှောက်ကောင်းကောင်းလျှောက်မရတာတွေ၊ လူတွေယိမ်းထိုးနေတာတွေ၊ ခေါင်းမူးတာတွေလိုမျိုး အသေးစား သက်ရောက်မှုတွေလည်းရှိနိုင်ပါတယ်။ ငလျင်လှုပ်ပြီဆိုတာကိုသိတာနဲ့ ပထမဆုံး တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်အရင်လုပ်ပါ။ ပြာယာခတ် စိတ်မလှုပ်ရှားကြပါနဲ့။ အတတ်နိုင်ဆုံး ကွင်းပြင်လိုနေရာမျိုးမှာ ဆောင့်ကြောင့်ထိုင်ချပြီးနေပါ။ ကွင်းပြင်လိုနေရာမျိုးကိုမသွားနိုင်ပဲ တိုက်အမြင့်မှာရောက်နေသူတွေကတော့ တောင့်တောင့်တင်းတင်းရှိမဲ့ စားပွဲတွေအောက်မှာ ခန္ဓာကိုယ်ကိုဝပ်ပြီးတော့ ခေါင်းကို ဂရုတစိုက်ကာကွယ်ထားပါ။ သတိထားကြပါ။ ငလျင်ဟာ နောက်ဆက်တွဲ ထပ်လာနိုင်သေးတာမလို့ပါ။ #blavk

  • မနက်ဖြန်တော့ ဒေါက်တာ တင့်ဆွေရဲ့ တစ် ကိစ္စတွေနဲ့ ဖြစ်ပျက်ပုံတွေကို ပြောပြရင်း သတ်ပုံကိစ္စတွေပြောပြချင်ပါတယ်။ ကျွန်တော်ဟာ သတ်မှတ်စံနှုန်း ရေးထုံးတွေကိုသာ လိုက်နာကျင့်သုံးတဲ့လူမလို့ ဒေါက်တာတင့်ဆွေနဲ့လည်းအများကြီး ကွဲလွဲမှာပါ။ ကိုယ်တိုင်လည်း ပြင်နေဆဲ၊ မှားနေဆဲဖြစ်တဲ့ သတ်ပုံလေးတွေနဲ့ အတွေ့များတဲ့သတ်ပုံတွေကို အကြမ်းဖျင်းဖော်ပြပေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ မကြာမီ လာမည် မျှော်... #blavk

  • ဟိုဘက်ရပ်ကွက်တော့ ပြဿနာတွေတက်နေကြပြီ နည်းနည်းလောက်တော့ ကိုယ့်အမြင်လေးပြောလိုက်ပါဦးမယ်။ Soul ရဲ့ ဖောင်ဒါပြောသလိုသာဆို Tran တွေက အတော်အမြင်ကျဉ်းတယ်လို့ပြောရမယ် သို့ပေမဲ့လည်း ဘာတွေ ဘယ်လိုပြဿနာဖြစ်လည်းဆိုတာကို ဂဃနဏ မသိရလို့ သေချာမပြောတတ်သေးပါ။ ဘာသာပြန်တာလေးတစ်ခုလုပ်ယုံနဲ့ ဒီဟာတွေကို ငါတို့ပိုင်ပါတယ်မဟုတ်ပဲ၊ အခြားအခြားသောTeam တွေဖြစ်စေ Engagement တွေ fees income တွေ ရအောင် သေချာပေါက်လုပ်ရဦးမှာပါ။ ဒါတွေကလည်း ဘာသာပြန် အဖွဲ့တွေရဲ့ ဆက်လက်ရပ်တည်နိုင်စေရေးအတွက်ဖြစ်ပါတယ်။ ဘာသာပြန်တွေဟာ အဓိကလို့ပြောလို့ရပေမဲ့လည်း ဘာသာပြန်တစ်ခုလေးလုပ်ယုံနဲ့တော့ ဒီလိုအခြေအနေမျိုးကိုမဖြစ်လာနိုင်ပါဘူး။ အဖက်ဖက်က Team တွေပေါင်းမှသာ ဒီလိုမျိုး အရာကြီးတစ်ခုဖြစ်လာမှာပါ။ Teamwork ဆိုတာအရေးကြီးပါတယ်။ နှစ်ဘက်လုံးကပြဿနာတွေကို ဘယ်လိုထပ်ရှိလဲမသိလို့ ကိုယ်လည်း ဆက်မပြောတတ်တော့ပါဟိဟိ #blavk