- Последний пост
- 18 мар.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
နေ့စဉ်ရှူနေရတဲ့ လေထုကို ကျေးဇူးမတင်ဖြစ်ရင်တောင် ကိုယ်ချစ်ရသူနဲ့ဆို အတူရှိခဲ့တဲ့ ဝင်သက်ထွက်သက်ကအစ တန်ဖိုးထားပါတယ် အသက်ရေ။ -အံ့လွန်းပျို
နောက်ဆုံးတော့လည်း တစ်ယောက်တည်းပါပဲလို့ပြောရအောင်လည်း အစတည်းကတစ်ယောက်တည်းပါပဲ။ ဒဏ်ရာတချို့ရခဲ့တာကလွဲရင် အရာအားလုံးက ပုံမှန်ပါပဲ ။ -ဟန်အတ္တငယ် @brokenheartkabyar
ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ် ။ အသိပေးချင်တယ် မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ မင်းရှိနေရင် ပင်ပန်းစရာတွေ မေ့ထားလို့ရတယ် ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။ အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို မင်းလည်း သိမယ် ထင်ပါတယ် ။ - ခက်နှောင်
ပြန်တော့မလိုချင်တော့ပါဘူး ဒါပေမဲ့လည်း မာမိုရီတွေကိုလည်း မေ့မရပြန်ဘူး။ _ဦးခက်ဂုဏ်{ပုဂံ}📖
ထားခဲ့တော့မလို့လား ? နေခဲ့မယ်နော် ။ ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျွန်တော့်ကြောင့် မပျော်ခဲ့ရဖူးဘူးလား ။ ကျွန်တော်ရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်းအတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။ မင်းစာလေးပို့လာရင် ဘယ်လောက်မအားနေပါစေ အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရပို့တဲ့တွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ပါ။ အများကြီးပေါ့ နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။ ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ထားပါတော့.... အတိတ်ကို ပြန်ပြောလို့လည်း မင်းရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြင်တော့မှာမှ မဟုတ်ပဲလေ ။ ကိုယ်ဘယ်လောက်ပဲတားတား နောက်ဆုံး မင်း ကိုယ့်ကိုထားပြီး ထွက်သွားတော့မှာပဲ မဟုတ်လား ။ ကိုယ့်ကြောင့် မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ကိုယ်က မချစ်တတ်ခဲ့တာလို့ပဲထားပါ ။ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ် လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။ ကိုယ်မျိုသိပ်ခဲ့ရတာတွေ ကိုယ်ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး ကိုယ် ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။ တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ်။
ပထမနေရာမှမရရင် ဒုတိယဆိုတာဟာလည်း တတိယနဲ့တူတူပဲပေါ့အချစ်ရဲ့ ခဏသုံးအဖြစ်တော့ရူးလို့တောင် ကိုယ်မနေဝံ့ခဲ့ပါဘူးကွယ်။ -လရောင်မေ
ဧည့်ခံပွဲသို့ ကြွရောက်ပါဆိုတဲ့ ဖိတ်စာလေးသာ ကမ်းလိုက်ပါ နောက်ဆုံးအနေနဲ့ မင်းပျော်နေတာလေးကို ငေးကြည့်ချင်သေးလို့💔💔💔💔💔
မင်းလည်း မပြေးပါနဲ့တော့ ငါလည်း ဆက်မလိုက်တော့ဖူး ရှေ့ကပြေးနေတဲ့ မင်းတောင် ဒီလောက်ပင်ပန်းနေတယ်ဆိုရင် နောက်ကလိုက်နေတဲ့ငါဆို ဘယ်လောက်ပင်ပန်းလိုက်မလဲ အချစ်ရယ်...မင်းလည်း ဆက်မပြေးပါနဲ့တော့ ငါလည်း ဆက်မလိုက်တော့ပါဘူး မင်းထားခဲ့တဲ့ နေရာလေးမှာပဲ နေခဲ့ပါ့မယ်
"လူတစ်ရောက်က "စိတ်ဖိစီးမှုတွေ တအားများလာတဲ့အခါ "သူတန်ဖိုးထားတဲ့ အရာတွေတောင်မှ "ကျောခိုင်းသွားတတ်တယ်...💔🥀 "....ဆရာကြီး အောင်သင်း...." (ရေးသောစာတို)
ဘာမှတော့ မသက်ဆိုင်ပါဘူး ဒါပေ့မယ့် တအား လွမ်းနေတဲ့ကြောင်း ပြောပြချင်မိတယ်... မင်းကတော့ မင်းချစ်တဲ့သူရဲ့ ရင်ခွင်ထဲကနေ ငါ့ကို လှောင်လို့ ရယ် ပေါ့ကွယ်
သတိရလားဆိုတော့ သတိရပါတယ်။ လွမ်းနေသေးလားလို့မေးရင် လွမ်းနေသေးပါတယ်။ ပြန်ဆက်သွယ်ချင်လားဆိုရင်တော့ ဟအင်း။ ပြန်မဆက်သွယ်ချင်တော့ပါဘူး။
ဘာမှဖြစ်မလာတဲ့ကောင်ပါ တစ်ယောက်ယောက်ကမေးရင် အမေတော့ဖြေရသိပ်ခက်မှာ လို့ထင်ခဲ့တယ် ။ အရင်လို လူဆိုးမဟုတ်ဘူး တဲ့ ကြီးကြီးကျယ်ကျယ်ဂုဏ်ယူစရာလိုပဲ ဒီအဖြေအတွက် အမေ တော်တော်စောင့်ခဲ့ပုံရတယ်။
ဝေးဝေးဝေးပြေးထွက်မှ ဝေးကြမှာ မဟုတ်ပါဘူး။ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်ရှိမနေကြရင်လည်း ငါတို့ဟာ ဝေးရတာပဲ။ -လွန်းသစ္စာ
ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာ ပြေးတဲ့မင်းကမောလို့ ရပ်နေတဲ့အချိန်ဆိုတာရှိမှာပါ အဲ့အခါကျရင် ကိုယ်အမှီမင်းအနားကိုပြေးလာမှာ။ ဆက်ပြေးနေရင် ပိုပင်ပန်းဖို့ပဲရှိတယ်မလားအချစ် မပြေးပါနဲ့ အဆင်ပြေရင်ကိုယ့်အနားမှာပဲရှိနေစေချင်တယ်။ -နေကြာဖြူ
အချစ်ရေ… ငါတို့ အတူနေမယ်ဆိုတဲ့ အိမ်ကလေးဟာလေ ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင် ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ -စိုင်းဝင်းမြင့်
အချစ်အတွက် အတ္တကြီးတယ်ဆိုတာ အပြစ်မဟုတ်ဘူး အချစ်ရဲ့။ ကလေးတွေလို ကိုယ့်အရုပ်လေးကို သူများဆီ မပါစေချင်တာလေး တစ်ခုပဲ။ - မောင်ကိုးလ်
ကိုယ်နဲ့စပြီး သူများနဲ့ဆုံးသွားတဲ့ ဇာတ်လမ်းမျိုးကို ကိုယ်တိုင်ရေးရလိမ့်မယ်လို့ ဘယ်တွေးထားပါ့မလဲဗျာ....😔🥀။ #crd
ဟိုကောင့်လက်ကိုမြဲအောင်တွဲပြီး တခြားကမ္ဘာကိုမျက်နှာမူပါ။ ကျွန်တော်ရပါတယ် "နောင်တတွေ ဒဏ်ရာတွေ"။ #Crd
တစ်ခါတလေ အလိုမကျမိတာကလွဲလို့ မင်းကို ဘယ်တုန်းကမှ စိတ်မပျက်ခဲ့မိပါဘူး စိတ်ဆိုးလဲ ခဏပါ မင်းကို အကြာကြီး ပစ်ထားရဲတဲ့ သတ္တိ ငါ့မှာမရှိဘူး....😘။ #crd
ဘယ်လိုမေတ္တာမျိုးနဲ့ ဘယ်လိုပဲ သွန်းလောင်းပြီး ပျိုးခဲ့ ပျိုးခဲ့ အချိန်တန်လို့ လှပတဲ့ အပွင့်တစ်ပွင့် ပွင့်လာရင် တန်ဖိုးဖြတ်ပြီး ဝယ်ယူနိုင်မှ ပိုင်ဆိုင်ရမှာ။ မင်းပျိုးတဲ့ ပန်းက မင်းကို လည်ပြန်ကြည့်မှာ မဟုတ်ဘူး ညီ