tgindex
B

BLCS Official Channel

Статистика
@burmeselearnschineseанглийский

Your Gateway to Practical Workplace Chinese with Singapore-based Chinese Tutor

Последний пост
08:12
Последнее чтение
ещё не заходили
Постов за неделю
12
Всего постов
38
Тип
открытый
Язык
английский
В каталоге с
13 авг.
Подписчики
3 264
+3 за 4 дн.
Сутки
−2
−0,06%
Неделя
 
Месяц
 
Просмотров на пост
323
35 постов
Вовлечённость
9,9%
к подписчикам
Постов в день
1,7
всего 38
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
232
1/48двое суток
265
1/72трое суток
286

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 08:121306

    ရင်တမမဖြစ်တာကိုတရုတ်လို… #chinese #onlinechinese #chinesedrama #chinesestudy #mandarin #myanmar

  • без подписи

  • Laoshi တို့မြန်မာတွေအမြဲပြောနေကြတဲ့ လက်လှန်တယ် ငါသူ့ကိုလက်လှန်တယ် ငါသူ့လုပ်ရပ်တွေကိုတကယ်လက်လှန်တယ် စသဖြင့် လက်လှန်တယ်ဆိုတဲ့စကားကိုတရုတ်လို 服了 fú le ဆိုပြီးပြောလို့ရပါတယ်။ 服 က 服气 fú qì ကနေလာပါတယ်။ 服气ကအဓိပ္ပါယ်အမျိုးမျိုးရှိတဲ့ထဲမှာမှ ဒီမှာတော့လက်မြှောက်အရှုံးပေးတယ်ကိုဆိုလိုတာပါ။ 我服了 လို့ပြောတဲ့အခါမှာတော့ တဖက်လူရဲ့ အပြုအမူ၊ ခေါင်းမာမှု သို့မဟုတ် မဆီမဆိုင် လုပ်ရပ်တွေကို စိတ်ကုန်ပြီးလက်လှန်တယ်ကိုပြောတာပါ။ ဥပမာစာကြောင်းလေးတွေကြည့်ရအောင်။ ⬇️ 我真的是服了。 Wǒ zhēnshi fú le. I really can't take this anymore. / I totally give up. ငါတော့ တကယ်ကို လက်လှန်ပါတယ်။ - 我真服了你了! Wǒ zhēn fú le nǐ le! I really give up on you! ငါမင်းကိုတကယ်လက်လှန်တယ်! - 遇到这种不讲理的人,我彻底服了。 Yù dào zhè zhǒng bù jiǎnglǐ de rén, wǒ chèdǐ fú le. Dealing with such an unreasonable person, I am completely defeated. ဒီလို အကြောင်းပြချက်မရှိ မဆီမဆိုင်လုပ်တဲ့လူမျိုးနဲ့ တွေ့တော့ ငါလုံးဝကိုလက်လှန်ပါတယ်။ - 这网速慢得像蜗牛一样,我真服了! Zhè wǎngsù màn de xiàng wōniú yíyàng, wǒ zhēn fú le! This internet is as slow as a snail, I truly can't stand it! ဒီ အင်တာနက်လိုင်းက ခရုသွားသလိုနှေးနေတာ၊ တကယ်ကိုလက်လှန်ပါတယ် - 曼谷的交通我真的是服了。 Màngǔ de jiāotōng wǒ zhēnshi fú le. I truly give up on Bangkok's traffic. ဘန်ကောက်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကိုတော့ ငါ တကယ် လက်လှန်ပါတယ်။ - 开会迟到一小时,理由还一大堆,真服了他。 Kāihuì chídào yì xiǎoshí, lǐyóu hái yídàduī, zhēn fú le tā. An hour late to the meeting and still making endless excuses, I really give up on him. အစည်းအဝေးကို တစ်နာရီတောင် နောက်ကျတယ်၊ အကြောင်းပြချက်တွေကလည်း အများကြီးပေးနေသေးတယ်၊ သူ့ကိုတော့ တကယ်လက်လှန်တယ်။ - 这鬼天气,一天下八次雨,我也真的是服了。 Zhè guǐ tiānqì, yì tiān xià bā cì yǔ, wǒ yě zhēnshi fú le. This terrible weather rains eight times a day, I'm truly sick of it. ဒီ မိုးလေဝသစုတ်ကတော့ကွာ၊ တစ်ရက်တည်း မိုး ရှစ်ခါလောက်ရွာချနေတယ်၊ ငါလည်း တကယ် လက်လှန်ပါတယ်။ - 这种话他也讲得出来, 我真的是服了他。 Zhè zhǒng huà tā yě jiǎng de chūlái, wǒ zhēnshi fú le tā. He can actually say such things, I'm truly speechless with him. ဒီလို စကားမျိုးကိုတောင် သူက ပြောထွက်သေးတယ်၊ သူ့ကိုတော့ ငါ တကယ်လက်လှန်ပါတယ်။ - 这种事他也做得出来, 我真的服了他。 Zhè zhǒng shì tā yě zuò de chūlái, wǒ zhēn fú le tā. He could actually do such a thing, I really give up on him. ဒီလို အလုပ်မျိုးကိုတောင် သူက လုပ်ရက်သေးတယ်၊ ငါတော့ သူ့ကို တကယ်လက်လှန်တယ်။ - 他不是有老婆孩子吗? 为什么还不断在外面拈花惹草? 我真服了这种男人。 Tā bú shì yǒu lǎopo háizi ma, wèishénme hái búduàn zài wàimiàn niānhuārěcǎo? Wǒ zhēn fú le zhè zhǒng nánrén. Doesn't he have a wife and kids, why does he keep fooling around outside? I am completely disgusted by this kind of man. သူ့မှာ သားမယား ရှိနေတာ မဟုတ်ဘူးလား၊ ဘာလို့ အပြင်မှာ အမြဲတမ်း ပွေရှုပ်နေရတာလဲ? ဒီလို ယောက်ျားမျိုးကိုတော့ ငါတကယ်လက်လှန်တယ်။ ▪️拈花惹草 niānhuārěcǎo ဆိုတာ ယောက်ကျားလေးတွေမိန်းမလိုက်စားတာ/ဖောက်ပြန်တာ/ဗွေရှုပ်တာကိုဆိုလိုတာပါ။ ▪️မိန်းကလေးတွေဖောက်ပြန်ရင်တော့ 红杏出墙hóng xìng chū qiáng လို့ပြောပါတယ်။ - How to say သူ့ပေါ်အဲ့လောက်ကောင်းတာတောင်ဒီလိုစကားမျိုးသူပြောထွက်တာ ငါတကယ်လက်လှန်ပါတယ်။ - PS: 服了 ကို Complain တတ်တဲ့ context မှာသုံးတဲ့အခါမှာသာ Laoshi တို့မြန်မာလိုလက်လှန်တယ်ဆိုတဲ့အဓိပ္ပါယ်ပေါက်တာပါ။ တခြား context မှာသုံးတာကိုနောက်ပို့စ်မှာရေးပေးပါမယ်။

  • စေတနာကို 善意 Shànyì လို့ပြောလို့ရပါတယ်။ 善意 = 善良的心意Shànliáng de xīnyì 善良 ဆိုတာ kind / good ကောင်းမွန်သော 心意 ဆိုတာ စိတ်ဆန္ဒ ဆိုတော့ 善意 ဆိုတာ ကောင်းမွန်သောစိတ်ဆန္ဒ တနည်းအားဖြင့်စေတနာကိုဆိုလိုတာပါ။ 善意的提醒 Shànyì de tíxǐng A well-meant reminder / A friendly reminder စေတနာဖြင့် သတိပေးခြင်း - 善意的谎言 Shànyì de huǎngyán A white lie စေတနာဖြင့် ပြောသော မုသား (အဖြူရောင်မုသား) - 善意的祝福 Shànyì de zhùfú Kind wishes / Well-wishing စေတနာမွန်ဖြင့် ဆုမွန်ကောင်းတောင်းပေးခြင်း - 善意的问候 Shànyì de wènhòu A warm greeting / Kind regards စေတနာပါသော နှုတ်ခွန်းဆက်စကား - 善意的话语 Shànyì de huàyǔ Kind words / Words of goodwill စေတနာပါသော စကားများ - 老师善意地提醒大家注意安全。 Lǎoshī shànyì de tíxǐng dàjiā zhùyì ānquán. The teacher kindly reminded everyone to pay attention to safety. Laoshi က လူတိုင်းကို ဘေးကင်းလုံခြုံရေး ဂရုပြုရန် စေတနာဖြင့် သတိပေးခဲ့သည်။ - 老师鼓励大家在网络空间保持善意。 Lǎoshī gǔlì dàjiā zài wǎngluò kōngjiān bǎochí shànyì. The teacher encourages everyone to maintain kindness and goodwill in cyberspace. Laoshi က အင်တာနက်လူမှုကွန်ရက်ပေါ်တွင် စေတနာမွန်ထားရှိကြရန် လူတိုင်းကို အားပေးတိုက်တွန်းခဲ့သည်။ - 留言时请保持善意。 Liúyán shí qǐng bǎochí shànyì. Please remain kind and respectful when leaving comments. Commentရေးသားသည့်အခါ ကျေးဇူးပြု၍ စေတနာမွန်ထားရှိပေးပါ။ - 遇到分歧时,请善意地表达自己的看法。 Yù dào fēnqí shí, qǐng shànyì de biǎodá zìjǐ de kànfǎ. When encountering disagreements, please express your views with goodwill. သဘောထားကွဲလွဲမှုများ ကြုံတွေ့ရသည့်အခါ မိမိ၏အမြင်ကို စေတနာပါသော သဘောထားဖြင့် ဖော်ပြပါ။ - 遇到分歧时,请善意地理解对方的立场。 Yù dào fēnqí shí, qǐng shànyì de lǐjiě duìfāng de lìchǎng. When encountering disagreements, please kindly understand the other person's perspective. သဘောထားကွဲလွဲမှုများ ကြုံတွေ့ရသည့်အခါ တစ်ဖက်လူ၏ ရပ်တည်ချက်ကို စေတနာထား၍ နားလည်ပေးပါ။ - 善意ရဲ့ opposite က 恶意 ပါ။ Social media ခေတ်မှာလူတွေဟာ 善意 တဖြည်းဖြည်းခေါင်းပါးလာသလိုပဲ။ ဟိုနေ့က 七月 ကို鬼月 လို့လဲ ခေါ်တယ်လို့ပြောတာ 鬼月 ကိုသရဲလလို့ဘာသာပြန်လိုက်တာ Laoshi ကို chatbox ထဲထိစာပို့ပြီးလာဆဲတဲ့လူတွေရှိတယ်။ အဲ့ထဲမှာအသက်ကြီးပိုင်းအန်တီကြီးတွေပါတယ်။ လူတွေက ကိုယ်နဲ့အမြင်မတူတာတွေကိုကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့အမြင်ကိုကောင်းကောင်းမဖော်ထုတ်တတ်ကြဘူး။ တခုခုဆိုအော်မယ် ဆဲမယ်ဆိုတာချည်းပဲ။ ဒီလိုလူတွေကို Laoshi entertain မလုပ်ပါ။ တခါတည်း block ပစ်လိုက်ပါတယ်။ 如果要表达自己的想法或指正别人, 记得请带上您的善意。 请用善意的语言表达您的看法。 အထက်ကစာသုံးကြောင်းကိုမြန်မာလိုဘာသာပြန်ပေးကြည့်ကြည့်ပါ။

  • без подписи

  • တရုတ်ပြက္ခဒိန်အကြောင်း Laoshi သိသလောက်လေးရှဲပေးပါမယ်။ ပုံမှန် Laoshi တို့သုံးနေတဲ့ Gregorian Calendar ကိုတရုတ်လို 阳历 yáng lì လို့ခေါ်ပါတယ်။ 阳ဆိုတာ 太阳 (နေ) ကနေလာတာပါ။ ဘာဖြစ်လို့လဲသူက ကမ္ဘာကြီးကနေကိုပတ်တဲ့ကြာချိန်ကနေလာတဲ့အတွက် 阳历 လို့ခေါ်ရခြင်းဖြစ်ပါတယ်။ လပေါ်မူတည်ပြီးဖြစ်လာတဲ့ပြက္ခဒိန်ကိုကျတော့ 阴历 yīnlì လို့ခေါ်ပါတယ်။ လကိုရှေးခေတ်မှာ 太阴tàiyīn လို့ခေါ်ပါတယ်။ အဲ့ကြောင့်လပေါ်မူတည်တဲ့ပြက္ခဒိန်ကိုကျတော့ 阴历 လို့ခေါ်ပါတယ်။ ဘာသာတော်တော်များများရဲ့ပြက္ခဒိန်တွေကတော့ လပေါ်မူတည်တာဖြစ်တဲ့အတွက်阴历လို့ခေါ်လို့ရပါတယ်။ တရုတ်ပြက္ခဒိန်ကိုကျတော့ 农历 nóng lì လို့​ခေါ်ပါတယ်။ သူကတော့ လရောနေရောပေါ်မှာမူတည်ပါတယ်။ တရုတ်နှစ်သစ်ကူးကို Laoshi တို့ 农历新年 လို့ခေါ်ကြပါတယ်။ 农历နဲ့ 阳历 ကတလကျော်ကွာပါတယ်။ ဥပမာခု ၈လပိုင်းလယ်လောက်ရောက်နေပြီဖြစ်သော်လည်းတရုတ်ပြက္ခဒိန်က၇လဆန်းပဲရှိပါသေးတယ်။ 农历အရဆိုရင်တနှစ်မှာ ၃၅၄.၃၇ ရက်ပဲရှိပါတယ်။ အဲ့ကြောင့် တနှစ်မှာ ၃၆၅.၂၄ ရက်ရှိတဲ့ 阳历 နဲ့ပြန်ညှိဖို့ လထပ်ပေါင်းပေးရပါတယ်။ ၂နှစ်/၃နှစ်တခါလထပ်နှစ်ရှိပါတယ်။ အဲ့လိုလထပ်တာကိုတရုတ်လို 闰月 rùn yuè လို့ခေါ်ပါတယ်။ ဥပမာ တချို့နှစ်မှာ ၅လနှစ်ခါရှိပါတယ်။ ၅လထပ်ရင်တရုတ်လို 润五月 လို့ပြောပါတယ်။ ၄လထပ်ရင် 润四月 လို့ပြောပါတယ်။ Laoshi အမေဆိုရင်တရုတ်ပြက္ခဒိန်ပဲအမြဲသုံးလေ့ရှိပါတယ်။ Laoshi မွေးတဲ့နှစ်က 润五月 ဆိုပြီးသူအမြဲပြောလေ့ရှိတယ်။ တရုတ်ပြက္ခဒိန်မှာ လတိုင်း ရဲ့ပထမဆုံးရက်ကို 初一 chūyī လို့ခေါ်ပါတယ်။ ဒုတိယရက်ကို 初二 လို့ခေါ်ပါတယ်။ ၁၀ရက်နေ့ထိကိုရှေ့မှာ 初 တပ်ပြီးခေါ်ပါတယ်။ ၁၁ရက်နေ့ကစပြီးရှေ့မှာ 初 မတပ်တော့ပါ။ ဥပမာ ၈လပိုင်း၁၅ရက်နေ့ ကို 八月初十五 လို့မပြောဘဲ 八月十五 လို့ပဲပြောပါတယ်။ ပထမလကိုတော့ 一月 လို့မခေါ်ဘဲ 正月 zhēng yuè လို့ခေါ်ပါတယ်။ 正 ဆိုတဲ့စာလုံးဟာခါတိုင်း zhèng လို့ထွက်ပေမယ့်ဒီမှာ zhēng လို့ထွက်ပါတယ်။ နောက်ဆုံးလ ၁၂လပိုင်းကိုလဲ 十二月 လို့မခေါ်ဘဲ 腊月 là yuè လို့ခေါ်ပါတယ်။ 腊月初八 ဆိုရင် တရုတ်လ၁၂လပိုင်း၈ရက်နေ့ 腊月十五 ဆိုရင် တရုတ်လ ၁၅ရက်နေ့ 正月初一 ဆိုရင် တရုတ်လ၁လပိုင်း၁ရက်နေ့(တရုတ်နှစ်ကူးနေ့) 正月十五 ဆိုရင်တရုတ်လ၁လပိုင်း၁၅ရက်နေ့(နှစ်ကူးနောက်ဆုံးနေ့) 农历 ကိုလူတွေကလွယ်လွယ်နဲ့ 阴历 (လပြက္ခဒိန်) လို့လဲခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့နေထက်လကိုအဓိကမူတည်တဲ့ပြက္ခဒိန်မို့လို့ပါ။ ဥပမာ လတိုင်းရဲ့ 初一 ဟာလကွယ်ဖြစ်ပြီး လတိုင်းရဲ့ 十五 ဟာလပြည့်ဖြစ်ပါတယ်။ အဲ့ကြောင့်လကွယ်လပြည့်ကိုတရုတ်လို 初一十五 လို့လဲလွယ်လွယ်ခေါ်ကြပါတယ်။ 我初一十五吃斋。 လို့ပြောရင်လပြည့်လကွယ်သက်သက်လွတ်စားတယ်ကိုဆိုလိုတာပါ။ ကယ်တရုတ်ပြက္ခဒိန်အကြောင်းအကြမ်းဖျင်းနားလည်ပြီလား? PS: Laoshi ကို follow လုပ်ထားတာကြာပြီဖြစ်တဲ့လူတွေကတော့ ဒီအကြောင်းဖတ်ဖူးမှာပါ။ ဟိုးအရင်တုန်းကလဲ Laoshi တခါရေးဖူးပါတယ်။ #lunarcalendar #GregorianCalendar #chinesecalendar #chinesedrama #chinesefood #CHINESESEASON #mandarin #onlinechiense #myanmar #burmese

  • မနေ့က 斟酌 zhēnzhuó ကို Laoshi တင်ပေးခဲ့ပါတယ်။ ဒီနေ့斟နဲ့ 酌 ကိုခွဲပြီးလေ့လာရအောင်။ ▪️斟 ဆိုတာ ငှဲ့သည် / လောင်းထည့်သည် ▪️酌 ဆိုတာ သောက်သည်/ချိန်ဆသည် ▪️斟酒zhēn jiǔ ဆိုရင် အရက်ငှဲ့သည် ▪️斟茶zhēn chá ဆိုရင် ရေနွေးကြမ်းငှဲ့သည် ▪️斟酒 ဆိုတာ 倒酒 နဲ့အတူတူပါ။ ▪️斟茶 ဆိုတာ 倒茶 နဲ့အတူတူပါ။ ဒါပေမယ့် 斟 သုံးရင်တော့ ယဉ်ကျေးပျူငှါစွာငှဲ့တယ်ဆိုတဲ့အဓိပ္ပါယ်ပေါက်ပါတယ်။ များသောအားဖြင့်အထက်လူကြီး/ဧည့်တော်သည်တွေကိုငှဲ့ပေးတဲ့အခါမှာသာသုံးလေ့ရှိပါတယ်။ ဥပမာ 请帮老板斟酒。 Qǐng bāng lǎobǎn zhēn jiǔ. Please pour some wine for the boss. ကျေးဇူးပြုပြီး ဘော့စ်ကိုအရက်ငှဲ့ပေးပါ။ - 主人热情地为每一位客人斟酒。 Zhǔrén rèqíng de wèi měi yí wèi kèrén zhēn jiǔ. The host warmly poured wine for every guest. အိမ်ရှင်သည် ဧည့်သည်တိုင်းကို နွေးထွေးစွာ အရက်ငှဲ့ပေးသည်။ - 请允许我为您斟茶。 Qǐng yǔnxǔ wǒ wèi nín zhēn chá. Please allow me to pour tea for you. သင့်အတွက် ရေနွေး ငှဲ့ပေးပါရစေ။ - Laoshi တို့ 酌 ဘယ်လိုသုံးလဲကြည့်ရအောင် ခုခေတ်မှာအသုံးအများဆုံးကတော့ 小酌/小酌一杯 / 小酌几杯ဆိုတဲ့အသုံးအနှုန်းပါ။ 小酌 ဆိုတာအရက်ကိုမူမူးရူးရူးသောက်တာ မဟုတ်ဘဲ အေးဆေးလေး/ပေါ့ပေါ့ပါးပါးလေးနဲ့ နည်းနည်းပါပါးအပျော်သောက်တာကိုဆိုလိုတာပါ။ ဥပမာ 我喜欢周末在家小酌一杯。 Wǒ xǐhuān zhōumò zài jiā xiǎozhuó yī bēi. I like to enjoy a quiet drink at home on weekends. ကျွန်တော်/ကျွန်မ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အိမ်မှာ အေးဆေးနဲ့နဲနဲပါးပါးသောက်ရတာ ကြိုက်တယ်။ - 我们几个好友相聚的时候都会小酌几杯。 ကျွန်တော်တို့ သူငယ်ချင်း အရင်းအချာတွေ တွေ့ဆုံကြတဲ့အခါတိုင်း နည်းနည်းပါးပါး သောက်လေ့ရှိကြတယ်။ - 明天放假, 今晚要不要去酒吧小酌一杯? Míngtiān fàngjià, jīnwǎn yào bùyào qù jiǔbā xiǎozhuó yī bēi? Tomorrow is a holiday, do you want to go to a bar for a drink tonight? မနက်ဖြန် ရုံးပိတ်ရက်ဆိုတော့ ဒီည ဘားမှာ သောက်စရာလေးတစ်ခု ပေါ့ပေါ့ပါးပါး သောက်ရအောင်လား။ - How to say တစ်နေ့လုံး အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီးတဲ့နောက် ဒီညတော့တစ်ယောက်တည်း အေးဆေး ပေါ့ပေါ့ပါးပါး သောက်ပြီး relax လုပ်ချင်ပါတယ်။ Hint 辛苦一天 Relax လုပ်သည် ကို 放松 သုံးပါ။ #mandarinlearner #mandarinchinese #chinese #onlinechinese #chinesemandarin #chinesefood #chinesetutor #chineselearner #myanmar #singapore

  • 斟酌 zhēnzhuó ဆိုတဲ့ ကြိယာစာလုံးလေး Laoshi သင်ပေးချင်ပါတယ်။ 简体字:斟酌 (Simplified Chinese) 繁體字:斟酌 (Traditional Chinese) 简体字 နဲ့ 繁体字 ကအတူတူပါ။ 斟酌 ဆိုတာ အရင်ခေတ်တုန်းကတော့ အရက် ဒါမှမဟုတ် ရေနွေးကြမ်း ငဲ့တဲ့အခါ ခွက်လျှံမထွက်အောင် (သို့) နည်းမသွားအောင် အခြေအနေကိုကြည့်ပြီး စိစစ်ချိန်ဆပြီး ငဲ့တာကို ဆိုလိုတာပါ။ ( 斟 = ငဲ့သည် / လှောင်းထည့်သည် 酌 = သောက်သည်/ချိန်ဆသည် 斟酒zhēn jiǔ အရက်ငဲ့သည် 酌酒 zhuó jiǔ အရက်သောက်သည် ခုခေတ်မှာတော့ 斟酌 ဆိုတာ စကားလုံး၊ အသုံးအနှုန်း၊ ဆုံးဖြတ်ချက် ဒါမှမဟုတ် လုပ်ရပ်တစ်ခုခုကို ပေါ့ပေါ့ဆဆမလုပ်ဘဲ သေချာ ချိန်ဆတာ၊ သင့်တော်မသင့်တော် လေးနက်စွာ စဉ်းစားသုံးသပ်တာကို ဆိုလိုတာပါ။ ဥပမာ ⬇️ 斟酌词句 zhēnzhuó cíjù စကားလုံးအသုံးအနှုန်းကို သေချာချိန်ဆသည် - 斟酌一下 zhēnzhuó yíxià ခဏလောက် သေချာစိစစ်ချိန်ဆကြည့်သည် - 斟酌一番后,他决定辞职。 Zhēnzhuó yì fān hòu, tā juédìng cízhí. After careful deliberation, he decided to resign. သေချာ စိစစ်ချိန်ဆ စဉ်းစားပြီးနောက်၊ သူ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ - 经过一番斟酌后,她决定买一只劳力士手表。 Jīngguò yì fān zhēnzhuó hòu, tā juédìng mǎi yì zhī Láolìshì shǒubiǎo. After careful deliberation, she decided to buy a Rolex watch. သေချာ စိစစ်ချိန်ဆ စဉ်းစားပြီးနောက်၊ သူမဟာ Rolex နာရီတစ်လုံး ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ - 这个问题需要仔细斟酌。 Zhège wèntí xūyào zǐxì zhēnzhuó. This issue needs careful consideration. ဒီပြဿနာကို သေချာ လေးနက်စွာ စိစစ်ချိန်ဆဖို့ လိုအပ်ပါတယ်။ - 这封信的用词需要再斟酌一下。 Zhè fēng xìn de yòngcí xūyào zài zhēnzhuó yíxià. The wording of this letter needs to be reconsidered carefully. ဒီစာထဲက အသုံးအနှုန်းတွေကို နောက်တစ်ကြိမ် သေချာ စိစစ်ချိန်ဆဖို့ လိုပါတယ်။ - 这个决定我需要再斟酌斟酌。 Zhège juédìng wǒ xūyào zài zhēnzhuó zhēnzhuó. I need to deliberate on this decision a bit more. ဒီဆုံးဖြတ်ချက်ကို ကျွန်တော် နောက်တစ်ကြိမ် သေချာ ချိန်ဆစဉ်းစားဖို့ လိုပါသေးတယ်။ - 他在斟酌到底要不要接受这份工作。 Tā zài zhēnzhuó dàodǐ yào bu yào jiēshòu zhè fèn gōngzuò. He is weighing whether or not to accept this job. သူ ဒီအလုပ်ကို လက်ခံရမလား ဆိုတာကို သေချာ ချိန်ဆစဉ်းစားနေပါတယ်။ - 说话前最好先斟酌一下,免得得罪人。 Shuōhuà qián zuìhǎo xiān zhēnzhuó yíxià, miǎnde dézuì rén. It is best to weigh your words before speaking to avoid offending people. စကားမပြောမီ သူတစ်ပါးကို မပြစ်မှားမိစေရန် ရှေ့မဆောက် သေချာ စိစစ်ချိန်ဆသင့်ပါတယ်။ - 斟酌再三,我们提出了最合理的方案。 Zhēnzhuó zàisān, wǒmen tícíhū le zuì hélǐ de fāng'àn. After deliberating repeatedly, we proposed the most reasonable plan. အကြိမ်ကြိမ် စိစစ်ချိန်ဆပြီးနောက်၊ ကျွန်တော်တို့ အသင့်တော်ဆုံး စီမံကိန်းကို တင်ပြခဲ့ကြပါတယ်။ - အရက်နဲ့ပတ်သက်ပြီးရှေ့ပတ်ကသင်ပေးတဲ့ 酝酿 ကိုမှတ်မိကြသေးလား။ စာနွေးချင်တယ်ဆိုရင်မန့်မှာလင့်ချထားပေးပါတယ်။ - How to say သေချာ စိစစ်ချိန်ဆ စဉ်းစားပြီးနောက်၊ သူမဟာ ရန်ကုန်ကကွန်ဒိုကို ရောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Hint 仰光的公寓

  • без подписи

  • မနေ့ကအရှိကိုအရှိတိုင်းပြောတာကို 有一说一 ဆိုတာ Laoshi တင်ပေးခဲ့ပါတယ်။ Comment မှာ 老实说 / 实话实说 ဆိုပြီးမန့်ထားတာတွေ့ရပါတယ်။ ဘာကွာလဲဆိုတာ Laoshi ရှင်းပြပေးပါမယ်။ 有一说一 ကစကားကို ချဲ့ကားပြီးမပြောသလိုလျော့ပြီးလည်းမပြောဘဲအရှိကိုအရှိတိုင်းပြောတာပါ။ တိုက်ရိုက်ဘာသာပြန်ရင် ၁ရှိပြီး၁ပြောတယ်ဆိုတာ ၁ရှိပြီး ၁.၂ မပြောဘူး/၀.၈ မပြောဘူး။ ပကတိရှိတဲ့အတိုင်းပြောတာကိုဆိုလိုတာပါ။ 实话实说 shí huà shí shuō ဆိုတာအမှန်ကိုအမှန်တိုင်းပြောတယ်ကိုဆိုလိုတာပါ။ လိမ်လည်ခြင်းမရှိဘဲအမှန်တိုင်းပြောတာကိုဆိုလိုတာပါ။ ၂ခုကခပ်စင်စင်လေးပါ။ 有一说一 ကချဲ့ကားပြောဆိုခြင်း/လျော့ပြောခြင်းမရှိဘဲအရှိကိုအရှိတိုင်းပြောတဲ့ဘက်ကိုပိုပြီးရောက်ပါတယ်။ 实话实说 ကလိမ်ခြင်းညာခြင်းမရှိ၊ ဖုန်းခြင်းဝှက်ခြင်းမရှိဘဲအမှန်တိုင်းပြောတဲ့ဘက်ကိုပိုရောက်ပါတယိ။ ခွဲတတ်ပြီလား? ခွဲတတ်ပြီဆိုရင် yes လို့မန့်သွားပါ။ #chinese #mandarin #chineseonline #chineselearning #chineselanguage #mandarintutor #singapore #Myanmar #burmese #chinesedrama

  • အရှိကိုအရှိတိုင်းပြောတာကိုတရုတ်လို 有一说一 လို့ပြောလို့ရပါတယ်။ ဥပမာ 我有一说一,没有任何隐瞒。 Wǒ yǒu yī shuō yī, méiyǒu rèn hé yǐnmán. I speak honestly and withhold nothing. ကျွန်တော်/ကျွန်မ က အရှိကိုအရှိအတိုင်း ပြောတာပါ၊ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး။ - 我喜欢有一说一的人。 Wǒ xǐhuān yǒu yī shuō yī de rén. I like people who are straightforward and honest. ကျွန်တော်/ကျွန်မ က အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူတွေကို ကြိုက်ပါတယ်။ - 他是一个有一说一的人。 Tā shì yī gè yǒu yī shuō yī de rén. He is a straightforward person who tells it like it is. သူက အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူ တစ်ယောက်ပါ။ - 老板是一个有一说一的人,不会偏袒任何人。 Lǎobǎn shì yī gè yǒu yī shuō yī de rén, bù huì piāntǎn rèn hé rén. The boss is a fair and straightforward person who won't favor anyone. သူဌေးက အရှိကိုအရှိအတိုင်း တိတိကျကျ ပြောဆိုတတ်သူဖြစ်ပြီး ဘယ်သူ့ကိုမှ မျက်နှာလိုက်မှာ မဟုတ်ပါဘူး။ ▪️မျက်နာလိုက်တာကို 偏袒 piāntǎn လို့ပြောပါတယ် - 老板叫我有一说一,所以我把经理的所有坏事都说出来了。 Lǎobǎn jiào wǒ yǒu yī shuō yī, suǒyǐ wǒ bǎ jīnglǐ de suǒyǒu huàishì dōu shuō chūlái le. The boss told me to be completely honest, so I revealed all the bad things the manager did. သူဌေးက အရှိကိုအရှိအတိုင်း ဒဲ့ပြောဖို့ မှာလိုက်လို့ မန်နေဂျာရဲ့ မကောင်းတဲ့ ကိစ္စအားလုံးကို ကျွန်တော်/ကျွန်မ ဖွင့်ပြောပြလိုက်တယ်။ - 在这个团队里,大家都可以有一说一。 Zài zhège tuánduì lǐ, dàjiā dōu kěyǐ yǒu yī shuō yī. In this team, everyone can tell it like it is. ဒီအသင်းထဲမှာ လူတိုင်း အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ - 有一说一,这家餐厅的食物真的很好吃。 Yǒu yī shuō yī, zhè jiā cāntīng de shíwù zhēn de hěn hǎochī. To tell the truth, the food at this restaurant is really delicious. အရှိကိုအရှိအတိုင်း ပြောရရင်၊ ဒီဆိုင်က အစားအသောက်က တကယ်ကို စားလို့ကောင်းပါတယ်။ - 有一说一,这次的比赛他确实尽力了。 Yǒu yī shuō yī, zhè cì de bǐsài tā quèshí jìnlì le. To tell you the truth, he really did his best in this match. အရှိကိုအရှိအတိုင်း ပြောရရင်၊ ဒီတစ်ခေါက် ပြိုင်ပွဲမှာ သူ တကယ်ပဲ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ - 有一说一,我真的很不喜欢这个国家。 Yǒu yī shuō yī, wǒ zhēn de hěn bù xǐhuān zhège guójiā. To tell you the truth, I really don't like this country. အရှိကိုအရှိအတိုင်း ပြောရရင်၊ ကျွန်တော်/ကျွန်မ ဒီနိုင်ငံကို တကယ် မကြိုက်ပါဘူး။ - 有一说一,我觉得他真的是一个很糟糕的人。 Yǒu yī shuō yī, wǒ juéde tā zhēn de shì yī gè hěn zāogāo de rén. To tell you the truth, I think he is really a terrible person. အရှိကိုအရှိအတိုင်း ပြောရရင်၊ သူက တကယ်ကို ဆိုးရွားတဲ့သူ တစ်ယောက်လို့ ကျွန်တော်/ကျွန်မ ထင်ပါတယ်။ - 有一说一,我真的很不爽我的上司。 Yǒu yī shuō yī, wǒ zhēn de hěn bù shuǎng wǒ de shàngsi. To tell you the truth, I am really unhappy with my boss. အရှိကိုအရှိအတိုင်း ပြောရရင်၊ ကျွန်တော်/ကျွန်မ ငါ့ရဲ့ အထက်လူကြီးကို တကယ်မကျေမနပ် ဖြစ်မိတယ်။ - How to say အရှိကိုအရှိတိုင်းပြောရရင် ငါကတကယ်တမ်းက အစားအသောက်ကိုအရမ်းခုံမင်တဲ့လူပါ။ အဲ့ကြောင့်ဝိတ်ချတာဘယ်တုန်းကမှမအောင်မြင်တာပါ။ အစားအသောက်ကိုအရမ်းခုံမင်တဲ့လူကို 吃货 နဲ့သုံးပါ။ အစားအသောက်ကိုအရမ်းခုံမင်တဲ့လူကို 吃货 နဲ့သုံးပါ။

  • без подписи

  • အိုးမဲသုတ်တာကိုတရုတ်လို 抹黑 mǒhēi လို့ပြောပါတယ်။ လူများတကာကိုမကောင်းစိတ်နဲ့တမင်တကာပုပ်ချတာ/အသရေဖျက်တာ/သိက္ခာချတာတွေအားလုံးကို 抹黑 နဲ့သုံးလို့ရပါတယ်။ 某些国家的网红很喜欢抹黑缅甸。 Mǒu xiē guójiā de wǎnghóng hěn xǐhuān mǒhēi Miǎndiàn. Influencers from certain countries really like to smear Myanmar. တချို့နိုင်ငံများမှ အင်တာနက်ဆယ်လီများသည် မြန်မာနိုင်ငံကို အိုးမဲသုတ်ရတာ အလွန်ကြိုက်ကြသည်။ - 经常看到一些网红一边来缅甸讨生活,一边却在网上抹黑缅甸。 Jīngcháng kàndào yīxiē wǎnghóng yībiān lái Miǎndiàn tǎoshēnghuó, yībiān què zài wǎngshàng mǒhēi Miǎndiàn. I often see some influencers making a living in Myanmar while maliciously smearing Myanmar online at the same time. မြန်မာပြည်မှာ စီးပွားလာရှာပြီး မြန်မာပြည်ကို အိုးမဲသုတ်တဲ့ ဆယ်လီတွေကို လိုင်းပေါ်မှာ မကြာခဏ တွေ့ရတယ်။ ဒီမှာ sentence pattern လေးတခုတပါတည်း Laoshi သင်ပေးလိုက်ပါမယ်။ 一边….., 一边却….. တဘက်မှာတော့…လုပ်တယ်၊ နောက် တဘက်မှာကျတော့…လုပ်တယ်။ ဆိုတဲ့အခြေအနေမျိုးမှာသုံးပါတယ်။ ဥပမာ 一边在缅甸赚钱,一边却不断在网上矮化缅甸。 Yìbiān zài Miǎndiàn zhuànqián, yībiān què bùduàn zài wǎngshàng ǎihuà Miǎndiàn. Making money in Myanmar on one hand, while constantly belittling Myanmar online on the other. မြန်မာပြည်မှာ စီးပွားလာရှာပြီး မြန်မာပြည်ကို လိုင်းပေါ်မှာ စဉ်ဆက်မပြတ် နှိမ့်ချအောင်လုပ်နေတယ်။ - 一边在缅甸赚钱,一边却在用抹黑缅甸来赚取流量。 Yìbiān zài Miǎndiàn zhuànqián, yībiān què zài yòng mǒhēi Miǎndiàn lái zhuànqǔ liúliàng. Making money in Myanmar on one hand, while using smeared claims against Myanmar to gain views and traffic on the other. မြန်မာပြည်မှာ စီးပွားလာရှာပြီး မြန်မာပြည်ကို အိုးမဲသုတ်ကာ လိုင်းပေါ်မှာ View ရှာနေတယ်။ - 一边在缅甸赚钱,一边却觉得自己高人一等。 Yìbiān zài Miǎndiàn zhuànqián, yībiān què juéde zìjǐ gāorényīděng. Making money in Myanmar on one hand, while feeling superior to others on the other. မြန်မာပြည်မှာ စီးပွားလာရှာပြီး မိမိကိုယ်ကို စိတ်ကြီးဝင်နေတယ်။ - 一边在缅甸赚钱,一边却毫不尊重缅甸的文化。 Yìbiān zài Miǎndiàn zhuànqián, yībiān què háobù zūnzhòng Miǎndiàn de wénhuà. Making money in Myanmar on one hand, while showing zero respect for Myanmar's culture on the other. မြန်မာပြည်မှာ စီးပွားလာရှာပြီး မြန်မာ့ယဉ်ကျေးမှုကို နည်းနည်းမှ မလေးစားဘူး။ - နားလည်ပြီလား 抹黑 အစား တချို့က 黑 တလုံးတည်းလဲသုံးကြတယ်။ ဥပမာ 很喜欢黑缅甸 = 很喜欢抹黑缅甸 How to say တစ်သီးပုဂ္ဂလမီဒီယာများရဲ့အိုးမဲသုတ်တဲ့စွမ်းရည်ကိုလျော့မတွက်နဲ့ Hint 自媒体 တစ်သီးပုဂ္ဂလမီဒီယာ 小看 လျော့တွက်သည်

  • без подписи

  • နားထောင်ခြင်းရဲ့ Traditional Chinese ကိုလေ့လာရအောင် 繁體字:聽 简体字:听 繁体字ကိုကြည့်ခြင်းအားဖြင့် စစ်မှန်သော "နားထောင်ခြင်း" (聽) ဆိုသည်မှာ နားဖြင့်အသံကို ကြားရုံတင်မဟုတ်ဘဲ၊ မျက်လုံး၁၀လုံးဖြင့် ဂရုတစိုက်ကြည့်ပြီး နှလုံးသားအပြည့်အဝဖြင့် နားစွင့်ပေးခြင်း ဖြစ်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့တရုတ်စာလုံးလေးပါ။ Isn’t it ? ☺️

  • 蒙福不是终点,成为祝福才是我们的使命。 ဒီနေ့ဘုရားကျောင်းက service မှာကြားလိုက်တဲ့စကားတခွန်း။ အရမ်းကြိုက်လို့အားလုံးကိုရှဲပေးလိုက်ပါတယ်။ 蒙福不是终点, Méngfú bú shì zhōngdiǎn, Being blessed is not the destination; ကောင်းချီးမင်္ဂလာ ခံစားရခြင်းသည် အဆုံးသတ် မဟုတ်ပါ၊ - 成为祝福才是我们的使命。 chéngwéi zhùfú cái shì wǒmen de shǐmìng. becoming a blessing is our mission. အခြားသူများအတွက် ကောင်းချီးဖြစ်လာခြင်းသည်သာ ကျွန်ုပ်တို့၏ mission ဖြစ်သည်။

  • 祝福新加坡61岁生日快乐。 🇸🇬🇸🇬 愿这片充满韧性的土地: 国泰民安, 风调雨顺, 生生不息, 一路繁花。 Explanation in comment.

  • 繁體字: 醜 (traditional Chinese) 简体字: 丑 (simplified Chinese) Meaning: ရုပ်ဆိုးသော ကယ်ရှေးလူကြီးတွေရုပ်ဆိုးတာကိုဘယ်လိုအဓိပ္ပါယ်ဖွင့်လဲဆိုတာစာလုံးကနေသိနိုင်ပါတယ်။ 🤭 This is the beauty of traditional Chinese. Laoshi personally အရဆိုရင် traditional Chinese ကိုပိုပြီးကြိုက်ပါတယ်။ ငယ်ငယ်တုန်းကလားရှိုးကတရုတ်ကျောင်းတွေက ထိုင်ဝမ်သင်ရိုးသုံးတာဖြစ်တဲ့အတွက် traditional Chinese နဲ့ပဲကြီးပြင်းလာခဲ့တာပါ။

  • 酝酿 yùnniàng ဆိုတဲ့ ကြိယာစာလုံးလေး Laoshi သင်ပေးချင်ပါတယ်။ 简体字:酝酿 (Simplified Chinese) 繁體字:醞釀 (Traditional Chinese) 酝酿 ဆိုတာ အရင်ခေတ်တုန်းကတော့ အရက်နှပ်တာ၊ စိမ်တာကို ဆိုလိုတာပါ။ အရက်စိမ်တယ်၊အရပ်နှပ်တယ်ဆိုတာဟာ အချိန်ပေးရပြီးဖြည်းဖြည်းလေးနဲ့လုပ်ရတဲ့အလုပ်ပါ။ အပြင်ပန်းမှာတော့ဘာမှအပြောင်းအလဲမတွေ့ရသေးပေမယ့်ဓာတုဒြပ်တွေကအချိန်နဲ့အမျှမသိမသာလေးပြောင်းလဲနေတာပါ။ အဲ့ကြောင့်ခုခေတ်မှာတော့ 酝酿 ဆိုတာအတွေးအခေါ်၊ ခံစားချက်၊ အစီအစဉ် ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခု စတင်မပေါ်ပေါက်ခင် မသိမသာ ငုပ်လျှိုးပြင်ဆင်နေတာ၊ အချိန်ယူ ပျိုးထောင်နေတာ၊ အရှိန်ယူနေတာကို ဆိုလိုတာပါ။ Laoshi သဘောကျတဲ့ နက်ရှိုင်းတဲ့ တရုတ်စာလုံးလေးပါ။ ဥမမာ 酝酿着某种情绪 yùnniàng zhe mǒu zhǒng qíngxù တစ်ခုခုသော ခံစားချက်ကို ရင်ထဲမှာ မသိမသာ ပျိုးထောင်နေတယ် - 酝酿着一个新的计划 yùnniàng zhe yí gè xīn de jìhuà အစီအစဉ်သစ်တစ်ခုကို အချိန်ယူ ပြင်ဆင်နေတယ် - 一场危机正在酝酿。 Yī chǎng wēijī zhèngzài yùnniàng. A crisis is brewing. အကျပ်အတည်းတစ်ခု စတင်ဖြစ်ပေါ်ဖို့အရှိန်ယူနေပါတယ် - 看似平静,但其实风暴正在酝酿之中。 Kànsì píngjìng, dàn qíshí fēngbào zhèngzài yùnniàng zhī zhōng. It seems calm, but in reality, a storm is brewing. တည်ငြိမ်နေပုံရပေမဲ့ တကယ်တော့ မုန်တိုင်းကြီးကအရှိန်ယူနေတာပါ။ - 这些想法在我心里已经酝酿很久了。 Zhèxiē xiǎngfǎ zài wǒ xīnlǐ yǐjīng yùnniàng hěn jiǔ le. These ideas have been brewing in my mind for a long time. ဒီအတွေးတွေဟာ ကျွန်တော့်စိတ်ထဲမှာ စဉ်းစားပြင်ဆင်နေတာ အတော်ကြာပါပြီ။ - 这个计划公司已经酝酿很久了。 Zhège jìhuà gōngsī yǐjīng yùnniàng hěn jiǔ le. The company has been developing this plan for a long time. ဒီအစီအစဉ်ကို ကုမ္ပဏီက စဉ်းစားဆွေးနွေးနေတာ အတော်ကြာပါပြီ။ - 团队已经酝酿出解决方案了。 Tuánduì yǐjīng yùnniàng chū jiějué fāng'àn le. The team has developed a solution. အဖွဲ့ဟာ ဖြေရှင်းနည်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။ - 拍戏前,演员们需要酝酿感情。 Pāixì qián, yǎnyuánmen xūyào yùnniàng gǎnqíng. Before filming, the actors need to build up their emotions. ဇာတ်လမ်းမရိုက်ကူးမီ၊ သရုပ်ဆောင်များသည် ခံစားချက်များကို ပြင်ဆင်မွေးမြူရန် လိုအပ်ပါသည်။ - 他在酝酿什么,谁都不知道。 Tā zài yùnniàng shénme, shéi dōu bù zhīdào. Nobody knows what he is brewing up. သူ ဘာတွေ ပြင်ဆင်ကြံစည်နေလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ - Laoshi တို့အထပ်ထပ်အခါခါသေချာစဉ်းစားသုံးသပ်တာဆိုရင် 反复酝酿Fǎnfù yùnniàng လို့ပြောပါတယ်။ 经过反复酝酿,他终于作出了最终的决定。 Jīngguò fǎnfù yùnniàng, tā zhōngyú zuòchū le zuìzhōng de juédìng. After deliberating repeatedly, he finally made his final decision. ထပ်ခါထပ်ခါ စဉ်းစားသုံးသပ်ပြီးနောက်၊ သူဟာ နောက်ဆုံးမှာ အပြီးသတ် ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ။ - 经过反复酝酿,这个项目终于正式启动了。 Jīngguò fǎnfù yùnniàng, zhège xiàngmù zhōngyú zhèngshì qǐdòng le. After repeated deliberation, this project has finally officially launched. ထပ်ခါထပ်ခါ စဉ်းစားသုံးသပ်ပြီးနောက်၊ ဒီစီမံကိန်းဟာ နောက်ဆုံးမှာ တရားဝင် စတင်ခဲ့ပါပြီ။ - How to say တခြားသူရဲ့မျက်လုံးထဲမှာသူဘာမှမလုပ်နေဘူးလို့ထင်ရပေမယ့် တကယ်တမ်းသူကကြီးမားတဲ့ အစီအစဉ်တစ်ခုကို ပျိုးထောင်ပြင်ဆင်နေပါတယ်။ Hint 在外人眼里 一个大计划 #chinese #onlinechinese #learnmandarin #burmese #myanmar #hsk #onlinechinesecourse

  • без подписи