- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 46
- Всего постов
- 239
- Тип
- открытый
- Язык
- my
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 296
- 1/48двое суток
- 1 485
- 1/72трое суток
- 1 601
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
💜 : ဘမ်ရေ!!! ငါ မင်းရဲ့အဖေကို လိုချင်တယ်!! ဂျောင်ကုကီတို့ အာ့ကိုမြင်လိုက်တာနဲ့ ချက်ခြင်းကို ခေါင်းတွေခါပြီး ငြင်းတော့တာပဲ.....တစ်ခါထဲငြင်းတာတောင်မဟုတ် နော် ဆက်တိုက်ကိုငြင်းတာ။ ပြောတော့ အာမီတွေကို ချစ်တယ် အာမီတွေက ပထမဆိုပြီးနော်။ နောက်ဆိုရင် အဲ့လို မတောင်းသင့်တာကို သွားမတောင်းကြနဲ့ အခုလို အငြင်းခံရပြီး အရှက်အကြီးအကျယ်ကွဲကုန်မယ်။ #busancoupledestiny #jikook #Admin 🍡
အကိုက ထွက်တဲ့အချိန် Exit A ဘက်ကထွက်ပါပြောတုန်းက သေချာနားမထောင်ပဲတွတ်ထိုးနေကြပြီးတော့ ဘာပြောလိုက်တာလဲ? ငါလည်းမသိလိုက်ဘူး? လုပ်တာ စင်ပေါ်မှာနှစ်ယောက်သား အတူပူးလိုက်ဖက်ပြီး နမ်ဂျွန်းဟျောင်းကိုယုံပြီး သူ့နောက်လိုက်တာ အဲ့မှာ စလွဲတော့တာပဲ.... #busancoupledestiny #jikook #Admin 🍡
🐰 : ဘူဆန်ကလေထုက အရမ်းကောင်းတာပဲ။ 🐱 : အင်း ဟုတ်တယ်။ 🐻 : အမှန်ပဲလေ 🐱 : တကယ်ကိုကောင်းတာ 🐨 : အဲ့ဒါက ဂျောင်ကုကီ နဲ့ ဂျီမင်တို့ရဲ့ မြို့ဖြစ်လို့လေ စတင်တိုက်ဆိုင်မှုတွေထဲကတစ်ခုက မွေးရပ်မြေတူနေတာပဲ....ဘယ်တော့မှာ ခွဲမရတဲ့ ဘူဆန်သားနှစ်ယောက်နဲ့ သူတို့မြို့လေး။ #busancoupledestiny #jikook #Admin 🍡
🐰 : ဘာလဲ ဟင်? 🐥 : ငါလည်း သေချာ မသိဘူး... အကိုကတော့ အရှေ့ကနေ သေချာအာပေါက်အတက် ရှင်းပြနေတာ အိမ်ကအတွဲနှစ်ယောက်ပြောနေတာကြားရင် ဟိုဘီဟျောင်း အမောဆို့နိုင်တယ်။ #busancoupledestiny #jikook #Admin 🍡
ဂျီမင် အာပါးက မန်ဘာတွေအတွက် မုန့်တွေကိုယ်တိုင်လုပ်ပြီး ယူလာပေးတာ....အားလုံးစားပြီးကြိုက်နေကြတာ။ ဒီမိသားစုကြီးက တကယ်ချစ်စရာကောင်းကြတာပါ။ #busancoupledestiny #jikook #Admin 🍡
ပါးလေးကိုသွားထိကိုင်ထားတဲ့ လက်ကလေးက တကယ်နူးညံ့လွန်းတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ရင်ခုန်ရတာကတော့ မျက်မှန်အောက်ကနေ စိုက်ကြည့်ပြီး ပြုံးနေတဲ့ အကြည့်တွေပဲ။ ဘယ်လောက်ထိ အချစ်မှာပျော်၀င်နေလဲဆိုတာ အဲ့ဒီအပြုံးတွေထဲမှာ အကုန်မြင်နေရတယ်... #busancoupledestiny #jikook #Admin 🍡
ဂျီမင် ချင်မီဘီးကုပ်လေး၀တ်ထားတဲ့ ကလေးလေးကို သူ့ဟူဒီလေးပေးဖို့ အဝေးကြီးကနေ လျှောက်လာပြီး အနားကိုလာပေးပေးသွားတာ...ဒီနှစ်ကတော့ ကလေးတွေကံထူးတဲ့နှစ်ပဲ။ #busancoupledestiny #jikook #Admin 🍡
ကိုကို့ဆီက အဖက်ခံလိုက်ရတော့ စိတ်တွေခုန်ပြီး ထွက်ရမယ့်အပေါက်ပါမှားကုန်လို့ စင်ပေါ်မှာ U turn ပြန်ကွေ့ပြီး လာရတယ်.....ဒါတောင် သွားနေရင်း သူ့ချစ်ချစ်ကို " Shopping Mall " ဆိုတဲ့စကားလုံးလေးထည့်ပြောရင်း မထတထိ ကလိပြီး ပြန်လှည့်ကြည့်နေသေးတာ....ဟိုကသူပြောတာမကြားလိုက်ဘူး 🤣🤣 #busancoupledestiny #jikook #Admin 🍡
အင်စတာဂရမ်မှာ ကိုရီးယားယဉ်ကျေးမှုနဲ့ ဘာသာစကားအကြောင်း တင်ဆက်နေတဲ့ david.koreanish က Baltimore က Arirang Concert ကြည့်ပြီးတဲ့အချိန် ဂျီမင်အပေါ်ဘယ်လောက် သဘောကျသွားလဲဆိုတာကိုပြောပြသွားတာ။ ဒါမျိုးတွေကြောင့်လည်း တစ်စုံတစ်ယောက်က ဥစ္စာခြောက်ပြီး စစ်ထဲပါတူတူ အပူးလိုက် လိုက်၀င်သွားတာလား သံသယ ဖြစ်မိတယ် ။ 🗣: အမှန်အတိုင်းပြောရရင် ဒီလူက ကျွန်တော့်ရဲ့ လိင်စိတ်အပေါ် ခံယူချက်ကိုတောင် သံသယဝင်သွားစေတယ် ခ်ခ်ခ်.... ရှိုးပွဲမသွားခင်က ဂျီမင်အကြောင်း သတ်သတ်မှတ်မှတ်သိပ်မသိခဲ့ဘူး၊ ဒါပေမဲ့ သူ့ အပိုင်းရောက်လာတိုင်း သူက အရာရာတိုင်းကို လွှမ်းမိုးသွားတယ်။ သူ့အသံ၊ သူ့ရဲ့ အက၊ လမ်းလျှောက်ပုံလေးကအစ... သူ့ရဲ့ စတိတ်ပေါ်က ဩဇာတိက္ကမက ကမ္ဘာကျော်လွန်နေတာပဲ! ပုံမှန်အခြေအနေမျိုးမှာဆိုရင် တခြားယောက်ျားတစ်ယောက်ကို ဒီလိုပြောရတာ ထူးဆန်းတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့လည်း သူ့ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုကိုအပြင်မှာ ကြည့်ဖူးရင် ငါပြောတာကို နားလည်လာပါလိမ့်မယ်။ #busancoupledestiny #jikook #Admin 🍡
без подписи
ဂျီမင်လေး အင်စတာမှာ သူ့ သီချင်းလေးတွေနဲ့ Dance Cover လုပ်ထားတဲ့ ဗီဒီယိုလေးတွေအောက်မှာ ကောမန့်လေးတွေရးပြီး အသဲလေးတွေပေးသွားတယ်။ 1MILLION Dance Studio ရဲ့ WHO (Rock Remix) Dance Cover အောက်မှာ 🐥 Aiki ကို: "ကျေးဇူးတင်ပါတယ်🙌" 🐥 Tamzin Choi ကို: "ဟျောင်း၊ ဒါက ဘာလဲဟေ့? ကျေးဇူးတင်ပါတယ်🥱" ကလေးက သန်းနေတဲ့အီမိုဂျီကို အံ့ဩတဲ့ အီမိုဂျီထင်ပြီးမှားသုံးသွားတယ် ။ Filter သီချင်းနဲ့ Dance Cover ကထားတဲ့ Video လေးအောက်မှာလဲ 🐥: မင်း အအေးမိတော့မယ်ထင်တယ်.. 😭 🗣️ : စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်ဟီးဟီး၊ ဒါပေမဲ့ ငါ တကယ်အဆင်ပြေပါတယ် 😊🥹🫶 #busancoupledestiny #jikook #Admin 🍡
မေးခွန်းမေးတိုင်း သူကြီးပဲအားရပါးရလုဖြေနေတာ ကိုကိုက တစ်မှတ်မှမရသေးဘူးလည်းပြောလိုက်တော့ ခုဏက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေတဲ့ ကောင်လေး ဘယ်ရောက်သွားလဲမသိ။ 🐰 : ငါအဖြေအချို့တော့ မှန်လောက်မယ်ထင်တယ်။ 🐥 : ငါ တစ်ခုမှ မမှန်သေးဘူး။ 🐰 : တစ်ခုမှတောင် မမှန်သေးဘူးလား? 🐥 : အင်း 🐰 : တကယ်လား? 🐥 : အင်း #busancoupledestiny #jikook #Admin 🍡
Honest Review လေး ပေးပါ့မယ့် ဂျီမင် ကိုင်ထားတဲ့ Dior အိတ်ကလေးက ခရီးသွားရင် သူ့လိုလွယ်သွားရင် အဆင်ပြေလားဆို ပြေဘူးရှင့်။ အနီးအနား သူငယ်ချင်းတွေနဲ့ မုန့်သွားစားတဲ့အချိန် လွယ်တာမျိုးဆိုရင်တော့ အဆင်ပြေတယ် ဖုန်းတစ်လုံးနဲ့ Wallet အသေးရယ် ၊ ကားသော့ရယ် နှုတ်ခမ်းနီဘူးလောက်တော့ ထည့်လို့ရတယ်။ သူ့ကိုလွယ်ပြီး ခရီးဝေးသွားမယ်ဆိုရင် အဆင်ပြေဘူးရှင့် အရင်ဆုံး power bank ထည့်ဖို့အတွက်နေရာမကျန်ဘူး....အခုက လူတစ်ယောက်ကအနည်းဆုံး ဖုန်း2လုံးလောက်ရှိကြတာဆိုတော့ အာ့တွေထည့်ဖို့နေရာမရှိ။ ကိုကို့ လိုမျိုး ခရီးသွားတဲ့အချိန်လွယ်ချင်တယ်ဆိုရင်တော့ သူ့လိုမျိုးဘေးကနေ ကျောပိုးအိတ်အကြီးထဲ လိုအပ်တာအကုန်ထည့်ပြီးလွယ်ထားတဲ့ ချစ်သူလေးရှိဖို့တော့ လိုပါတယ်။ ချစ်သူမရှိတဲ့သူတွေကတော့ Dior အိတ်လွယ်ပြီး ခရီးသွားလို့ အဆင်မပြေပါဘူးရှင့်။ #busancoupledestiny #jikook #Admin 🍡
ကိုကို့လက်က သွေးကြောလေးတွေကို ခပ်ဖွဖွလေးထိ ပွတ်ကြည့်ပြီးတော့ သူ့လက်ကသွေးကြောလေးနဲ့ယှဉ်ကြည့်တော့ ကိုကိုက သူ့နောက်လက်တစ်ဖက်က သွေးကြောကိုပါပြီး ပြောပြနေတာကို ဘာသွားစပြီးကလိလိုက်လဲတော့မသိ တစ်ချက်ကျွေးခံလိုက်ရရော....ကျွေးတဲ့သူကလည်း အားတော်တော်ပါပုံပဲ ဂျောင်ကုကီတို့ အရမ်းများနာနေဦးမယ် #busancoupledestiny #jikook #Admin 🍡
မနေ့က ဂု ကို ကိုကို့ဆီက ဖလိုင်းကစ်စ့် လည်းပြန်မရဘူးဆိုပြီး စနေတဲ့သူတွေ ဂျောင်မှာ ငိုလို့ရပြီနော်....ဂု ကိုကို့ဆီ "Mwah" ၂ခါတောင် ရသွားတာ မြင်တယ်ဟုတ် ။ #busancoupledestiny #jikook #Admin 🍡
ဂျောင်ကုကီကိုကြည့်ဦး ကိုကို့ဆံပင်ကို တစ်ခါထဲတောင်မဟုတ် လေးခါတောင် သပ်တင်ပေးနေတာ....မျက်နှာမှာလည်းကျေနပ်နေတဲ့အပြုံးကြီးနဲ့....သူအဲ့လိုလုပ်တိုင်း " ဂျီမင်ဟျောင်းက သူ့ခေါင်းကို သူများထိတာမကြိုက်ဘူး ဒါပေမယ့် ငါပဲထိလို့ရတယ် " ဆိုပြီးဂုဏ်ဆာပြီးပြောသွားတဲ့စကားပဲ ပြန်ပြန်ကြားယောင်မိတာ။ အနောက်ကပြောနေတဲ့ လီဒါကြီးလည်း လက်လျော့လိုက်ပြီထင်ပါတယ်။ #busancoupledestiny #jikook #Admin 🍡
သူလိုမျိုး ပွတ်ချင်လိုက်တာနော်.......အားကျပါတယ်ညေးရာ ပွတ်လိုက် ပုတ်လိုက်နဲ့ မထိရမနေနိုင်ဘူးထင်တယ်နော်။ #busancoupledestiny #jikook #Admin 🍡
ဇဝနဉာဏ်ရွှင်တယ်ပြောရမလား....တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းတယ်ပြောရမလားပဲ နှုတ်ဆက်စကားပြောနေရင်း "Baltimore" လို့ ပြောနေရာကနေ "Shopping mall" ဆိုပြီး ခဏချင်းမှာတင် ဉာဏ်ကစားပြီး ဟာသလုပ်သွားတာက တကယ်ကို ဖြတ်ထိုးဉာဏ်ကောင်းတယ်ပဲပြောရမယ်။ ဘေးနားက ညေးတို့ ရှော့ပင်းမောလ် မှာကျရှုံးသွားတာပဲ 🐥 "ဗောလ်တီမိုး ! ရှော့ပင်းမောလ် ! 🐥 "ကျွန်တော် စဉ်းစားလို့ရတဲ့ 'မောလ်' က ဒါပဲရှိတော့တယ်။ ရှော့ပင်းမောလ် ဆိုတာ အင်္ဂလိပ်လို ဟုတ်တယ်မလား? ဟုတ်တယ်နော်၊ Konglish ကိုရီးယားစကားရောထားတဲ့ အင်္ဂလိပ် မဟုတ်ဘူးမလား? ဟီး ဆော်ရီးပါ ဟီး။ #busancoupledestiny #jikook #Admin 🍡
အကိုင်ခံချင်လို့ ကော့ပြတာလား??? ကော့ပြလို့ အကိုင်ခံရတာလားတော့ မသဲကွဲဘူး....ဒါပေမယ့်သေချာတာကတော့ ကိုင်ခံရတဲ့အချိန် ကျေနပ်နေတဲ့သူ့အပြုံးကြီးပဲ။ #busancoupledestiny #jikook #Admin 🍡
တက်တူးမရှိလို့ မရှိကြောင်းရေးတင်ထားတဲ့ထဲ မဟုတ်တာတစ်လုံးမှမပါဘူး...အရှိကို အရှိတိုင်း အမှန်တိုင်းပဲရေးထားတာပဲ...ဒါရေးတင်ကတည်းက တုန်ဆင်းလာမယ့်ဟာတွေရှိမယ်ဆိုတာ ရိပ်မိပြီးသားပဲ။ ပေါက်ပန်းလေးဆယ် အဆင့်မရှိ အောလီအောလတ် ပရမ်းပတာ ပြောနေတာတွေကို ကြိုဆိုဧည့်ခံနေစရာအကြောင်းလည်းမရှိဘူး။ ပေ့ချ်ရော တယ်လီချန်နယ်ရော သန့်သန့်လေးပဲထားတယ် မဟုတ်တဲ့ဟာတွေကို အရူးချီးပန်းသလို ပေါက်ပန်းလေးဆယ်တွေပြော အချက်အလက်နဲ့ ပြန်ရှင်းပြလည်း နားလည်နိုင်တဲ့ ဉာဏ်ရည်မရှိ....ချွတ်လို့မကျွတ်တဲ့ ငါစွဲနဲ့ ဟာတွေကို အချိန်ကုန်ခံ လေကုန်ခံပြီး ရှင်းပြတဲ့အလုပ် ဒို့မလုပ် ဘန်းးး ဆိုပြီး တခါထဲ ပြန်လမ်းမဲ့ကျွန်းကို တန်းပို့လိုက်တာပဲ ။ ပွဲရှာဖို့ သပ်သပ်လာရေးတဲ့ဟာတွေကိုလည်း အဖက်လုပ်ပြီး ပေ့ချ်မှာပြန်တင်ပြီး ပွဲလာတောင်းတိုင်း ပွဲပြန်ပေးတဲ့အလုပ်လည်း ဒို့မလုပ်။ ကလေးတွေအတွက် ပြောစရာရှိတာ ရှင်းစရာရှိရင် တိုက်ရိုက်ပဲတင်ပြီးရှင်းပြပေးတယ်...ပြောစရာရှိတာကို တိတိကျကျသေချာပြောပြပေးတယ်။ ကလေးနှစ်ယောက်အတွက် ကိုယ်လုပ်စရာရှိတာ ကိုယ့်ဟာကိုယ်လုပ်ပြီးပဲနေတယ်။ ဘူဆန်ပေ့ချ်က သူ့အထာနဲ့ သူပဲနေပါတယ် လာအောတိုင်း လိုက်အောပေးမယ့်အထဲမပါဘူး။ အောလီအောလတ်တွေ လာပြောနေတာကို ဘန်း လွှတ်လိုက်လို့ ဒီအက်မင် ကြောက်လို့ ဘန်းလိုက်တယ်ထင်နေရင်တော့မှားမယ် ကြောက်တတ်ရင် Jikook page ကိုင်ပြီး အက်မင်လုပ်မနေဘူး။ အဆင့်ချင်းမတူတဲ့ ပေါက်လို့ဝဲစားတွေကို ငါ့ရဲ့ Home Sweet Home ထဲပေးမဝင်ဘူးဆိုတာ အရင်သဘောပေါက်ဖို့ပဲလိုတယ်။ #busancoupledestiny #jikook #Admin 🍡