- ミ☁️︎ ❝ 🍓 - 𝐂𝐇𝐀𝐍𝐍𝐄𝐋 𝐁𝐘 𝐕𝐄𝐍𝐔𝐒
Статистика𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐕𝐞𝐧𝐮𝐬 𝐂𝐡𝐚𝐧𝐧𝐞𝐥 ✨ 𝐶ℎ𝑎𝑛𝑛𝑒𝑙 𝐷𝑎𝑡𝑒 20.11.2022 ¹¹•⁰³ ᵃᵐ 🍂 𝐍𝐞𝐞𝐝 𝐬𝐮𝐛𝐬 - 2.2 𝒌 ♡ ☾︎ 𝒍𝒆𝒕'𝒔 𝒈𝒐 ☽︎ 𝐋𝐞𝐚𝐯𝐞 • 𝐁𝐚𝐧 💯 𝐍𝐨 𝐚𝐝𝐝𝐩𝐨𝐬𝐭 💢
- Последний пост
- 12 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 3
- Всего постов
- 89
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 74
- 1/48двое суток
- 84
- 1/72трое суток
- 91
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
𝙷𝚊𝚙𝚙𝚢 𝙱𝚒𝚛𝚝𝚑𝚍𝚊𝚢 𝚝𝚘 𝚖𝚎 ... 𝙷𝚊𝚙𝚙𝚢 𝚋𝚒𝚛𝚝𝚑𝚍𝚊𝚢 ... 𝙷𝚊𝚙𝚙𝚢 𝚋𝚒𝚛𝚝𝚑𝚍𝚊𝚢 .... 𝙷𝚊𝚙𝚙𝚢 𝙱𝚒𝚛𝚝𝚑𝚍𝚊𝚢 𝚝𝚘 𝚖𝚎 🎂🎉 #𝐤𝐨𝐮𝐬𝐮𝐤𝐞`
အသိပေးကြေညာချက် ဤအကောင့်သည် Aron ၏ အကောင့်မဟုတ်ပါ။ ထို့ကြောင့် “Aron” ဟူသော အမည်ဖြင့် ကဗျာရွတ်ဆိုခြင်း၊ ကဗျာရေးသားခြင်း သို့မဟုတ် မည်သည့်အကြောင်းအရာကိုမဆို တင်ဆက်နေသည်ကို တွေ့ရှိပါက ထိုအကြောင်းအရာများသည် ကျွန်တော်၏ လုပ်ဆောင်ချက်များ မဟုတ်ကြောင်း အတိအလင်း အသိပေးအပ်ပါသည်။ ကျွန်တော်၏ အမည်နှင့် အကောင့်ကို အသုံးပြု၍ တင်ဆက်ခြင်း၊ ရေးသားခြင်းများနှင့် ပတ်သက်၍ မည်သည့်တာဝန်မျှ ယူမည်မဟုတ်ပါ။ ကျွန်တော် မဟုတ်ပါ။ ကျွန်တော်၏ အကောင့်လည်း မဟုတ်ပါ။ ကျွန်တော်၏ ရေးသားချက်လည်း မဟုတ်ပါ။ သက်ဆိုင်သူများအနေဖြင့် အကောင့်ပိုင်ရှင်နှင့် အကြောင်းအရာများကို သေချာစွာ စစ်ဆေးပြီးမှ ယုံကြည်ပေးကြပါရန် အသိပေးအပ်ပါသည်။ @Aron_atz299999 ဒီacc သည် Aron အစစ်သုံးနေသော ACC အစစ် ဖြစ်ပါသည်။
"ဇူလိုင် ၁၉ — မမေ့တဲ့ နှလုံးသားများ" ဇူလိုင် ၁၉... မိုးကောင်းကင်က အရင်လိုပဲ အလင်းဖြာနေတယ်။ လေကလည်း အရင်လိုပဲ တိုးတိုးလေး တိုက်နေတယ်။ ဒါပေမယ့်... ဒီရက်စွဲကို သိတဲ့ နှလုံးသားတွေကတော့ သာမန်နေ့တစ်နေ့လို ဘယ်တော့မှ မဖြတ်သန်းနိုင်ဘူး။ တချို့ဒဏ်ရာတွေက အချိန်ကြာရင် ပျောက်တတ်တယ်။ တချို့အမှတ်တရတွေက အချိန်ကြာရင် မှေးမှိန်တတ်တယ်။ ဒါပေမယ့်... တိုင်းပြည်တစ်နိုင်ငံရဲ့ သွေးနဲ့ရေးထားတဲ့ သမိုင်းကတော့ နှစ်ပေါင်းဘယ်လောက်ကြာကြာ မဖျက်နိုင်တဲ့ စာမျက်နှာပဲ။ အဲဒီနေ့မှာ... လူတချို့ရဲ့ အသက်တွေ ရပ်တန့်သွားတယ်။ ဒါပေမယ့်... သူတို့ ယုံကြည်ခဲ့တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ပြည်သူအတွက် ရပ်တည်တဲ့ စိတ်ဓာတ်ကတော့ မသေခဲ့ဘူး။ လူဆိုတာ တစ်နေ့ သေဆုံးရမှာပဲ။ ဒါပေမယ့်... တချို့လူတွေက သူတို့ရဲ့ အသက်ထက် အိပ်မက်ကို ပိုရှည်အောင် ထားခဲ့ကြတယ်။ တချို့လူတွေက ကိုယ့်နာမည်ထက် တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုချစ်ခဲ့ကြတယ်။ အဲဒီလို လူတွေကို "အာဇာနည်" လို့ ခေါ်တယ်။ သူတို့ကို ဂုဏ်ပြုတာက ပန်းခွေတင်ရုံ မဟုတ်ဘူး။ တိတ်တိတ်လေး ငြိမ်သက်နေရုံလည်း မဟုတ်ဘူး။ သူတို့ ယုံကြည်ခဲ့တဲ့ တန်ဖိုးတွေကို ကိုယ်လည်း မစွန့်လွှတ်ဖို့ပဲ။ ဒီနေ့... ကလေးတစ်ယောက်က "ဇူလိုင် ၁၉ ဆိုတာ ဘာလဲ" လို့ မေးရင်... ငါတို့မှာ ဖြေဖို့ တာဝန်ရှိတယ်။ "အဲဒါ... ပြည်သူတွေအတွက် အသက်ပေးခဲ့သူတွေကို သတိရတဲ့နေ့" လို့။ သမိုင်းကို မသင်တဲ့ လူမျိုးဟာ အမှားဟောင်းတွေကို ထပ်ခါထပ်ခါ လျှောက်ရတတ်တယ်။ သမိုင်းကို မမှတ်မိတဲ့ လူမျိုးဟာ သူတို့ရဲ့ အမြစ်ကို ကိုယ်တိုင် မေ့သွားတတ်တယ်။ ဒါကြောင့်... ဇူလိုင် ၁၉ ဟာ ဝမ်းနည်းဖို့ သက်သက် မဟုတ်ဘူး။ သတိရဖို့။ ကျေးဇူးတင်ဖို့။ အနာဂတ်မျိုးဆက်တွေ မမေ့သွားအောင် လက်ဆင့်ကမ်းဖို့။ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း... ခေတ်တွေ ဘယ်လောက်ရွေ့ရွေ့... မျက်နှာတွေ ဘယ်လောက်ပြောင်းပြောင်း... သွေးနဲ့ ရေးခဲ့တဲ့ သမိုင်းဟာ ဘယ်တော့မှ မဖျက်နိုင်ဘူး။ ဒီနေ့... ငါတို့ ပန်းတစ်ပွင့် တင်မယ်။ ဒါပေမယ့် ပန်းထက် ပိုအရေးကြီးတာက... နှလုံးသားထဲမှာ "မမေ့ဘူး" ဆိုတဲ့ စကားကို အသက်ရှင်နေစေဖို့ပဲ။ အာဇာနည်တွေကို တကယ် ဂုဏ်ပြုချင်ရင်... သူတို့ရဲ့ နာမည်ကို တစ်နှစ်တစ်ခါ ရွတ်ဆိုရုံနဲ့ မလုံလောက်ဘူး။ သူတို့အတွက် အသက်ပေးခဲ့တဲ့ တန်ဖိုးတွေကို နေ့တိုင်း မေ့မသွားဖို့ လိုတယ်။ ဇူလိုင် ၁၉... အသံတိတ်နေပေမယ့် နှလုံးသားတိုင်းမှာ ကြားနေရတဲ့ နေ့။ မျက်ရည်ကျရပေမယ့် မျှော်လင့်ချက် မသေတဲ့ နေ့။ အတိတ်ကို ငိုကြွေးဖို့ မဟုတ်ဘဲ... အနာဂတ်ကို သမိုင်းမမေ့တဲ့ လူတွေအဖြစ် ဆက်လက်လျှောက်လှမ်းဖို့ သတိပေးနေတဲ့ နေ့။ မမေ့ပါနဲ့... သွေးနဲ့ ရေးထားတဲ့ သမိုင်းကို မှင်နဲ့ ဘယ်တော့မှ ဖျက်လို့ မရဘူး။ အာရွန်
ငါ ဘယ်ရောက်သွား လေက တိုက်နေတယ် ငါ ဘယ်ရောက်သွားသလဲလို့ တိုက်နေတဲ့လေကို မေးမိတယ် လေက ငြိမ်နေတယ် ပြန် မဖြေ... ။ -ကေဇဝင်း
အကြိုက်ဆုံးပါဆိုတဲ့ သီချင်းတွေလည်း နားမထောင်ချင် ၊ လူတွေကို စေ့စေ့မကြည့်ချင် ၊ စကားတွေ ထပ်ခါထပ်ခါမပြောချင်၊ ဘယ်အရာကိုမှ အရောမဝင်ချင် ချည်နှောင်မှုတွေ မရှိချင် ၊ နောက်ပြီး ဘာကိုမှ ထပ်ပြီး မဆုံးရှုံးချင် ။ • ခက်နှောင် •
မုန်းနေသူအတွက် ကမ္ဘာကြီးက မရှောင်နိုင်အောင် ကျဉ်းပါတယ် ချစ်နေသူအဖို့ ကမ္ဘာကြီးက မဆုံနိုင်အောင် ကျယ်လွန်းရဲ့ တစ်ခါတလေ ဆုံချင်စိတ်နဲ့ မင်းကိုမုန်းပစ်ချင်တယ်ကွယ် ။ • ဆန်းကျော်စွာဝင်း
story react ly lr py pr lrr Story Btw, wanna play with me❓ #ᴋᴏᴜsᴜᴋᴇ`
အချစ်ရေ မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ် သဘာဝတရားကလည်း ကျောက်သားဖွဲ့စည်းလို့ သိပ်သည်းလှချည်ရဲ့ ။ -မောင်ချောနွယ်
စိတ်ကုန်သွားတဲ့အခါ အတိတ်ဆိုတာလည်း နောင်တ ဆိုတဲ့စကားလုံးအောက်မှာ ကျရှုံးခဲ့ရတာများပါတယ် • ဇေယံ(အရိပ်)
ငါတို့ဟာ ခေတ်ကျန် အမှိုက်များသာ ဖြစ်တယ် လက်ဖက်ရည်ဆိုင်နဲ့ အရက်ဆိုင်ကလွဲရင် ဘယ်မှမသွားတတ်တဲ့ လူတွေဖြစ်လာတယ် ရှပ်အင်္ကျီနဲ့ ပုဆိုးကလွဲရင် ဘာမှမဝတ်တတ်တဲ့သူတွေဖြစ်လာတယ် ကဗျာနဲ့ ခေတ်ဟောင်းသီချင်းတွေကလွဲရင် မခံစားတတ်တဲ့လူတွေဖြစ်လာတယ် နှုတ်ခမ်းမွှေးနဲ့ တက်တူးကလွဲရင် ဘယ်အဆောင်အယောင်မျိုးမှ မမက်မောတဲ့ လူတွေဖြစ်လာတယ် အချစ်နဲ့ စစ်ကလွဲရင် ဘာမှ အရေးမကြီးတဲ့လူတွေဖြစ်လာတယ် ငါတို့ဟာ (၂၁)ရာစုရဲ့ ခေတ်ကျန်အမှိုက်များသာ ဖြစ်တယ် ။ ။ • ဂန္ဓမာ •
"အကျယ်ချုပ်ထဲက ၈၁ နှစ်ပြည့် မွေးနေ့" ဒီနေ့… နိုင်ငံတစ်နိုင်ငံလုံးမှာ မွေးနေ့သီချင်းတွေ မကြားရဘူး…။ ရင်ထဲက တိတ်ဆိတ်သံတွေပဲ ကြားနေရတယ်။ ဒီနေ့… ကိတ်မုန့်ပေါ်က ဖယောင်းတိုင်တွေကို မီးမထွန်းနိုင်ကြဘူး…။ ဒါပေမဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကတော့ တိတ်တိတ်လေး တောက်ပနေဆဲ။ အသက် (၈၁) နှစ်… လူတစ်ယောက်အတွက်ဆို သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နားနေရမယ့် အရွယ်။ ဒါပေမဲ့… ကျွန်တော်တို့ရဲ့ မိခင်ကြီးကတော့ အကျယ်ချုပ်အခန်းလေးထဲမှာ နေ့ရက်တွေကို ဖြတ်သန်းနေရဆဲ။ အမေ… အမေ့ကို သံတံခါးတွေနဲ့ ပိတ်လှောင်ထားနိုင်တယ်… အမေ့လွတ်လပ်ခွင့်ကို ကန့်သတ်ထားနိုင်တယ်…။ ဒါပေမဲ့… ပြည်သူတွေရဲ့ အချစ်နဲ့ ယုံကြည်မှုကိုတော့ ဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ တချို့က အချိန်ကြာလာရင် ပြည်သူတွေ မေ့သွားလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့… အချိန်တွေ ကြာလာလေလေ အမေ့ရဲ့ တန်ဖိုးကို ပိုပြီး သိလာလေလေပဲ။ အမေ့ဆံပင်တွေ ဖြူလာတယ်… မျက်နှာပေါ်မှာလည်း နှစ်တွေက ရေးခြစ်ထားတဲ့ အမှတ်အသားတွေ ရှိလာတယ်…။ ဒါပေမဲ့… ပြည်သူတွေအတွက် ရပ်တည်ခဲ့တဲ့ အမေ့ရဲ့ စိတ်ဓာတ်ကတော့ ဘယ်တော့မှ မအိုသေးဘူး။ ဒီနေ့… ကျွန်တော်တို့ ပြည်သူတွေက လက်ဆောင်တွေ မပေးနိုင်ကြဘူး။ ပန်းစည်းတွေလည်း မပို့နိုင်ကြဘူး။ ဒါပေမဲ့… တစ်နိုင်ငံလုံးရဲ့ နှလုံးသားထဲကနေ ဆုတောင်းစကားတစ်ခွန်းတော့ ရှိတယ်။ "အမေ… ကျန်းမာပါစေ။ အမေ… လွတ်လပ်မှုကို ပြန်ရပါစေ။ အမေ… ပြည်သူတွေရဲ့ အနားကို ပြန်လာနိုင်ပါစေ။" တစ်ခါတလေ… ကျွန်တော်တို့ ရင်နာတာက အမေ အကျယ်ချုပ်ထဲမှာ ရှိနေလို့ မဟုတ်ဘူး…။ တစ်နိုင်ငံလုံးရဲ့ အနာဂတ်ကပါ အတူတူ ပိတ်လှောင်ခံထားရသလို ခံစားနေရလို့ပဲ။ ဒါပေမဲ့… မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ မသေဘူး အမေ။ မိုးအမှောင်ဆုံး ညတောင် မနက်ခင်းကို မတားနိုင်သလို… သံတံခါးတွေကလည်း လူထုရဲ့ ယုံကြည်မှုကို မတားနိုင်ဘူး။ ဒီနေ့… အကျယ်ချုပ်ထဲမှာ (၈၁) နှစ်ပြည့် မွေးနေ့ကို တိတ်တိတ်လေး ဖြတ်သန်းနေရတဲ့ ကျွန်တော်တို့ရဲ့ မိခင်ကြီးအတွက်… ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော် ပြောချင်တာကတော့… "အမေကို ပိတ်ထားနိုင်ပေမယ့်… အမေ့ကို ချစ်တဲ့ ပြည်သူတွေရဲ့ နှလုံးသားကိုတော့ ဘယ်သူမှ ပိတ်ထားလို့ မရဘူး။" Happy birthday ပါ အမေဒေါ်အောင်ဆန်းစုကြည် အာရွန်
ကိုယ်သိပ်ကြောက်တဲ့အရာတွေကို မကြောက်ချင်ယောင်ဆောင်ရင်း စောက်ဂရုမစိုက်ချင်ယောင်ဆောင်ရင်း တကယ် မကြောက်တော့တဲ့အခါ တကယ် စောက်ဂရုမစိုက်တော့တဲ့အခါ အဲဒီ အခြေအနေကို လွယ်တယ် ထင်နေလား အဲဒီ ဖြတ်သန်းမှုကို လွယ်တယ် ထင်နေလား အဲဒီ နှစ်ကာလတွေကို လွယ်တယ်များထင်နေလား။ • ဘုန်းပြည့်စုံမင်း • #ᴋᴏᴜsᴜᴋᴇ`
လရောင်ဟာ ကမ္ဘာကိုနမ်းဖို့ ခွင့်တောင်းရဲ့လား ပျားကောင်လေးကရော ပန်းကိုနမ်းဖို့ခွင့်တောင်းလို့လား ထိကရုန်းပင်လေးမျက်လွှာချတယ်ဆိုတာ လေညင်းကျီစယ်လို့ပါ ဘာလို့စကားတွေအများကြီး ပြောနေဦးမှာလဲ မင်းမျက်လုံးတွေ မှိတ်လိုက်တော့အချစ်။ ။ • ဆန်းကျော်စွာဝင်း • #ᴋᴏᴜsᴜᴋᴇ`
ကမ္ဘာဟာပျော်စရာ မကောင်းတဲ့အခါ ဆေးလိပ်ဟာ အသက်တိုစေတာသိရက်နဲ့ သောက်နေကြတယ်။ ဘယ်သူသိနိုင်မလဲ အသက်တစ်ရက်ရှင်ခြင်းရဲ့ ဒုက္ခတွေ။ - လူပျော် #ᴋᴏᴜsᴜᴋᴇ`
အမေ မအိုပါဘူး အမေရေ... အချိန်တွေက လူတိုင်းကို ပြောင်းလဲပစ်နိုင်တယ်တဲ့... ဒါပေမဲ့ သားရဲ့ရင်ထဲက အမေ့ပုံရိပ်ကိုတော့ ဘယ်အချိန်ကမှ မပြောင်းလဲနိုင်ခဲ့ဘူး။ ငယ်ငယ်တုန်းက သားလက်ကလေးကိုဆွဲပြီး လမ်းလျှောက်သင်ပေးခဲ့တဲ့ အမေ... မိုးရွာတဲ့နေ့တွေမှာ သားမဖျားအောင် တစ်ညလုံး မအိပ်ဘဲ နဖူးလေးကို စမ်းပေးခဲ့တဲ့ အမေ... သားလိုချင်တာတွေ ရဖို့ ကိုယ်လိုချင်တာတွေကို တိတ်တိတ်လေး စွန့်လွှတ်ခဲ့တဲ့ အမေ... ဒီနေ့ သားကြီးလာပြီ... အမေကလည်း အသက်တွေ ကြီးလာပြီ... ဒါပေမဲ့ အမေရေ... သားမြင်နေရတဲ့ အမေ့မျက်နှာပေါ်က အရေးအကြောင်းတွေဟာ အိုမင်းခြင်းရဲ့ အမှတ်အသားတွေ မဟုတ်ဘူး။ သားသမီးတွေအတွက် ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ မေတ္တာတွေ ရေးထိုးထားတဲ့ သမိုင်းစာမျက်နှာတွေပဲ။ အမေ့လက်တွေ ကြမ်းတမ်းလာတာဟာ အသက်ကြီးလို့ မဟုတ်ဘူး... သားသမီးတွေ အဆင်ပြေဖို့ ပင်ပန်းခြင်းတွေကို အပြုံးတစ်ခုပြီးတစ်ခုနဲ့ ဖုံးကွယ်ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ အမှတ်အသားတွေပါ။ လောကကြီးမှာ လှပတဲ့ပန်းတွေ အများကြီးရှိတယ်... ဒါပေမဲ့ အမေ့မေတ္တာလောက် မွှေးပျံ့တဲ့ပန်း တစ်ပွင့်မှ မရှိဘူး။ လောကကြီးမှာ တောက်ပတဲ့ ကြယ်တွေ အများကြီးရှိတယ်... ဒါပေမဲ့ သားဘဝရဲ့ အမှောင်တွေကို အမေ့လောက် လင်းပေးနိုင်တဲ့ ကြယ် တစ်လုံးမှ မရှိဘူး။ သားအောင်မြင်တဲ့နေ့မှာ လက်ခုပ်တီးပေးတာ အမေ... သားကျရှုံးတဲ့နေ့မှာ ဘေးနားမှာ ရပ်ပေးတာလည်း အမေ... လူတိုင်းက စွန့်ခွာသွားတဲ့အချိန်မှာ "သားရယ်... အမေရှိသေးတယ်" လို့ ပြောပေးမယ့်သူဟာ အမေပဲ ဖြစ်တယ်။ ဒီကမ္ဘာပေါ်မှာ အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပြပါဆိုရင် သားက အမေ့နာမည်ကိုပဲ ရေးမယ်။ ပေးဆပ်ခြင်းဆိုတာကို အဓိပ္ပာယ်ဖွင့်ပြပါဆိုရင် အမေ့ဘဝကိုပဲ ပြမယ်။ ဘာလို့လဲဆိုတော့... အမေဟာ သားအတွက် မေတ္တာရဲ့ အဓိပ္ပာယ်ဖြစ်သလို ဘဝရဲ့ အားအင်လည်း ဖြစ်တယ်။ နှစ်တွေ ဘယ်လောက်ကြာကြာ... အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း... သားရဲ့ ရင်ထဲမှာတော့ အမေဟာ နွေဦးပန်းလေးလို နုပျိုဆဲ... လမင်းကြီးလို လှပဆဲ... မေတ္တာအပြည့်နဲ့ တောက်ပနေဆဲ... အမေ... အမေ မအိုပါဘူး။ သားရဲ့နှလုံးသားထဲမှာ အမေဟာ လှမြဲ... လှဆဲ... ထာဝရ လှနေဦးမယ့် အချစ်ဆုံး မိခင်ပါ အမေ။ အာရွန်
ကံတွေ ဘယ်လောက်ပဲ ဝေးဝေး မင်းဆီကို ရောက်ချင်တဲ့ စိတ်က မဝေးဘူး။ ဒါပေမဲ့... ငါတို့ကတော့ ဘယ်တော့မှ မဆုံစည်းရတော့ဘူးထင်တယ်။ အာရွန်
ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ် ။ အသိပေးချင်တယ် မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ မင်းရှိနေရင် ပင်ပန်းစရာတွေ မေ့ထားလို့ရတယ် ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။ အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို မင်းလည်း သိမယ် ထင်ပါတယ် ။ •ခက်နှောင် • #ᴋᴏᴜsᴜᴋᴇ`
သိပ်သည်းလှတဲ့ အမှတ်တရတွေက ရင်ဘတ်ကိုဖောက်ဝင်ပြီး မေ့ဖို့ကြိုးစားသမျှ အိပ်မက်တွေကို နာကျင်မှုအဖြစ် ပြန်နှိုးတယ်။ တချို့လူတွေက ဝေးသွားပေမယ့် အမှတ်တရတွေကတော့ မဝေးသေးဘူး၊ ရင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာတွေက မနေ့ကလိုပဲ နာနေဆဲ... အာရွန်