Channel K
Статистика- Последний пост
- 25 мая
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 6
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
T*h*e R*a*i*d ( 2011 ) IMDb Rating (7.6) / Rotten Tomatoes (87%) ဇာတ်ညွှန်းအကျဉ်း👇 အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတစ်ခုမှာ အလွန်ရက်စက်ပြီး အာဏာလည်းရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အအုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် .... အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်... ဇာတ်ကားကြည့်ရန်အတွက် Comment မှာ လင့်ချပေးထားပါတယ်။ 👇👇👇👇👇👇👇👇👇👇👇
IMDB (6.9/10) ✅ ကျွန်တော်အကြိုက်ဆုံးမင်းသားကြီး စတီဗင်ချောင်ရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ။ ဟာသအက်ရှင်တွေထဲမှာတော့ စတီဗင်ချောင်ရဲ့ ဇာတ်ကားက ကျွန်တော်ကို အာရုံအဖမ်းစာနိုင်ဆုံးဖြစ်သလို အတော်များများကိုလဲကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာလဲ စတီဗင်ချောင်ဟာ မျက်နှာအမူအရာမျိုးစုံနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားသလို မင်းသမီး Christy Chung ကလဲ အံဝင်ခွင်ကျခဲ့ပြီး စာသတွေကလဲ အတော်ကိုရယ်ရပါတယ်။ ဇာတ်ကြောင်းကတော့ အချစ်အတွက် အရာအားလုံးကို စွန့်လွှတ်စွန့်စားမယ့် ပေါင်မုန့်သမားလေးတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းဇာတ်ကွက်တွေက တစ်ကယ်ကောင်းပြီး ပါးစပ်မပိတ်နိုင်အောင် ရယ်နေရတာမို့ အပန်းဖြေရင်း ကြည့်ရှုကြပါဉီး။ ဇာတ်ကားကြည့်ရန်အတွက် Comment မှာ လင့်ချပေးထားပါတယ်။ 👇👇👇👇👇👇👇👇👇👇👇
IMDB (6.1/10)✅ Steven Chow ရဲ့ 1990 ကဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း👇 အထာကျတဲ့ ရဲအရာအရှိကြီး Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ခုကို တစ်ကိုယ်တော်ဝင်ဖြိုရင်း အTတ်ခံလိုက်ရပါတယ်။ လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုယ်ကိုTတ်တေသွားတာလို့ပဲ အားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ တေဆုံးမှုအကြောင်း အမှန်တိုင်းဖြစ်စေဖို့ လူ့ပြည်ကိုပြန်လာခဲ့ပါတယ်။ အဲ့ဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသား Sing (Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီး သူ့ရဲ့နာမည်ကို ပြန်လည်ရှင်သန်ပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။🔥 ဇာတ်ကားကြည့်ရန်အတွက် Comment မှာ လင့်ချပေးထားပါတယ်။ 👇👇👇👇👇👇👇👇👇👇👇
IMDB - 6.5/10 ဇာတ်ညွှန်းအကျဉ်း👇 အမှန်အကန်ချတာကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ကိုမတော်တဆTတ်လိုက်မိတဲ့အတွက်ကြောင့်ထောင်ကျနေသူတစ်ယောက်ပါ။တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက် Tတ်ခံလိုက်ရတဲ့သတင်းကိုကြားလိုက်မိပါတော့တယ်။သူဟာ ထိုလူ Tတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်လိုလျို့ဝှက်ချက်တွေပေါ်ပေါက်လာမလဲဆိုတာဆက်စောင့်ကြည့်ပါ အက်ရှင်သိုင်းကားကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ နည်းငယ်ရက်စက်တယ်လို့ထင်ရပြီးအခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်ကားကြည့်ရန်အတွက် Comment မှာ လင့်ချပေးထားပါတယ်။ 👇👇👇👇👇👇👇👇👇👇👇
မင်းသားကြီးစတီဖင်ချောင်ရဲ့ IMDB Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဟာသချစ်သူ ညီကို မောင်နှမတွေအတွက် တကယ် ခွီနေရမည့်ကား🤣🤣🤣 ဇာတ်ညွန်းအကျဉ်း👇 အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျက်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။ အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှမမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှ လောင်းကစားလောကက ဂျင်းတွေနဲ့ အားစင်းတို့တူ၀ရီး ဘယ်လိုတွေအားပြိုင်ကြမလဲ . . . . . . အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ . . . . ။ ဇာတ်ကားကြည့်ရန်အတွက် Comment မှာ လင့်ချပေးထားပါတယ်။ 👇👇👇👇👇👇👇👇👇👇👇
Channel created