tgindex
Charity with Dream

Charity with Dream

Статистика
@charitywithdreamанглийский

YOUR HEART, YOUR CENT, THEIR HOPE, THEIR FUTURE

Последний пост
3 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
23
Тип
открытый
Язык
английский
В каталоге с
14 авг.
Подписчики
173
−1 за 3 дн.
Сутки
−1
−0,57%
Неделя
 
Месяц
 
Просмотров на пост
50
23 постов
Вовлечённость
28,9%
к подписчикам
Постов в день
0,0
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
14
1/48двое суток
16
1/72трое суток
17

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • “ရေဘေးအတွက် ကူပေးပါ၊ ထမင်းအတွက် 1500”  1500 ဆိုတဲ့ Amount ဟာ သာမန်အခြေအနေမှာ မပြောပါးလောက်ပေမယ့်လို့ လက်ရှိ ဧရာဝတီတိုင်းမှာတော့ 1500 ဆိုတာကအင်မတန်မှတန်ဖိုးရှိနေပါပြီ။ အရေးပေါ်ရေကြီးမှု အခြေအနေကြောင့် ဧရာဝတီဟာဆိုရင်ဖြင့်အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ မိတ်ဆွေစေတနာနည်းများမဆိုလှူဒါန်းလိုက်တဲ့ အလှူက လူ့အသက်တစ်ချောင်းကိုကယ်လိုက်တာလည်း ဖြစ်နိုင်တာမို့ သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။  တချို့အဖြစ်အပျက်တွေကို အဝေးကနေကြည့်ရင်... “ဒီလိုပဲ ဖြစ်နေကျပါ” လို့ ထင်မိတတ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ရှိနေတဲ့သူတွေအတွက်တော့ စကားနဲ့ မဖော်ပြနိုင်တဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း “ဧရာဝတီက နှစ်တိုင်းရေကြီးတာပဲ” ဆိုတဲ့ မှတ်ချက်တွေကို အများကြီး တွေ့နေရပါတယ်။ ဟုတ်ပါတယ်။ ဧရာဝတီမှာ ရေကြီးတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ သာမန်ရေကြီးမှုတစ်ခု မဟုတ်ပါဘူး။ တာကျိုးမှုကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို မျက်စိတစ်ခဏအတွင်း လူအများအပြား ရင်ဆိုင်နေရပါတယ်။ တစ်ချို့မိသားစုတွေက... သူတို့နေအိမ်တွေကို ထားခဲ့ရတယ်။ နှစ်လနဲ့ချီ ကြိုးစားစိုက်ပျိုးထားတဲ့ လယ်တွေကို ထားခဲ့ရတယ်။ နေ့စဉ်ဘဝကို ရပ်တည်ပေးနေတဲ့ အရာတွေကို ထားခဲ့ရတယ်။ ဒါပေမယ့် ရေကျသွားတာနဲ့ အခက်အခဲတွေ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်စိုက်ပျိုးဖို့၊ ဘဝကို ပြန်စတင်ဖို့... အချိန်၊ အားပေးမှုနဲ့ အကူအညီတွေ လိုအပ်နေဦးမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာက ဘယ်သူမှန်၊ ဘယ်သူမှားဆိုတဲ့ အငြင်းအခုံတွေထက်... လိုအပ်နေသူတွေရဲ့ ဘေးမှာ ရပ်ပေးခြင်းပါ။ Dream Education အနေနဲ့ Aug (7) ရက်နေ့မှာ ရေဘေးသင့်ဒေသများသို့ လူကိုယ်တိုင် သွားရောက်ကာ လိုအပ်သော အထောက်အပံ့များကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကွင်းပြင်အခြေအနေကိုလည်း အချိန်နဲ့တစ်ပြေးညီတင်ပေးသွားပါမယ်။ ဒီခရီးမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းရဲ့ အားနဲ့ မဟုတ်ဘဲ၊ ကူညီချင်တဲ့ လူတိုင်းရဲ့ စေတနာတွေကိုပါ အတူသယ်ဆောင်သွားချင်ပါတယ်။ တတ်နိုင်သလောက်... 💙 အလှူငွေ 💙 စားသောက်ကုန်များ 💙 သောက်သုံးရေ 💙 အခြေခံဆေးဝါးများ 💙 လိုအပ်သောပစ္စည်းများ ဖြင့် ပါဝင်ကူညီနိုင်ပါတယ်။ Thai Baht နဲ့လည်းလှူလို့ရနိုင်သလို အဆင်ပြေအောင်လှူနိုင်ဖို့ Dream ဘက်ကတတ်စွမ်းနိုင်သမျှကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။ ငလျှင်တုန်းကလည်း Dream နဲ့အတူဖြတ်ကျော်ပြီးသွားပြီမို့ ဒီတစ်ခါမှာလည်း Dream နဲ့တူတူဝိုင်းဝန်းကူညီပါဝင်ပေးကြပါဦးနော်။  အလှူပမာဏက အရေးမကြီးပါဘူး။ အရေးကြီးတာကတေ့ာ “ဒီအခက်အခဲကို သူတို့တစ်ယောက်တည်း မဖြတ်သန်းရဘူး” ဆိုတဲ့ စိတ်ပါပဲ။ 💙 အလှူလက်ခံမှုအသေးစိတ်ကို Comment တွင် ဖော်ပြပေးထားပါတယ်။  တစ်ယောက်တည်းရဲ့ အကူအညီက သေးငယ်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ အများကြီး ပေါင်းလိုက်တဲ့အခါမှာတေ့ာ တစ်မိသားစုရဲ့ မျှော်လင့်ချက်၊ တစ်ရွာရဲ့ ပြန်လည်ရပ်တည်နိုင်မှု၊ တစ်ဘဝရဲ့ အသစ်ပြန်စနိုင်မှု ဖြစ်လာနိုင်ပါတယ်။ Give a Hand, Help Them Stand. #ရေဘေးအတွက်ကူပေးပါထမင်းတစ်နပ်၁၅၀၀ #ရေဘေး #ဧရာဝတီတိုင်း #weneedyourhelp

  • без подписи

  • “ဖရီးကစ်နဲ့ အင်္ဂလိပ်စကားပြောသင်တန်း တက်ကြမယ်”✨ 📝အင်္ဂလိပ်စကား‌ပြောကို စိတ်ထဲမှာပြောထွက်ပေမဲ့ လက်တွေ့မှာ ပြောထွက်ဖို့ရာ ခက်ခဲနေရပြီလား။ 📝အင်္ဂလိပ်စာသင်တန်းတက်ရင် ဆရာ/မနဲ့ အတန်းဖော်တွေကို ရှိန်နေရလို့ တက်ရောက်ဖို့ နှစ်ခါပြန် စဉ်းစားနေရတုန်းလား။ ဒီလိုလမ်းစပျောက်နေတဲ့ Dreamers လေးတို့ရဲ့ အင်္ဂလိပ်စာခရီးလမ်းအစကို “အာ..အိ…အူ…အဲ… အို” ဘဝကနေ တစ်ဆစ်ချိုးပြောင်းလဲနိုင်ဖို့ မပြောရဲတာတွေ မေ့ပျောက်ပြီး၊ တန်းတူ အတန်းဖော်သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စရာ Network တွေလည်း ဖန်တီးကြရင်း လွတ်လပ်ပေါ့ပါးတဲ့ အတွေ့အကြုံအသစ်ကို စတင်ပုံဖော်နိုင်ဖို့ ပြင်ဆင်သင့်ပါပြီနော်။‼️ ဒီအတွက် စိတ်ပူစရာ မရှိရလေအောင် အင်္ဂလိပ်စကားပြောကို အစကနေ စတင်လေ့ကျင့်ချင်သူတွေ၊ အပြင်ကို in-person တက်ရောက်ဖို့ မအားလက်သူတွေ၊ ကုန်ကျစရိတ် လုံးဝမရှိဘဲ ထိရောက်တဲ့ တိုးတက်ပြောင်းလဲမိတွေကို လိုချင်သူတွေ၊ စတဲ့သူတွေအတွက် Dream Education မှ အသစ်ဖွင့်လှစ်လိုက်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐅𝐨𝐫 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫𝐬 ဆိုတဲ့ Class လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။🎉✨ ဒါလေးကတော့ English Speaking သီးသန့်ကိုမှ Beginners တွေကိုပဲ သီးသန့် Target ထားတဲ့ Online ZOOM Meeting အတန်းလေးပဲဖြစ်ပါတယ်။  𝐂𝐥𝐚𝐬𝐬 𝐃𝐞𝐭𝐚𝐢𝐥𝐬 — 📗𝐓𝐢𝐭𝐥𝐞 - 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐅𝐨𝐫 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫𝐬  ⏳𝐃𝐚𝐭𝐞  - 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲   ⏰𝐓𝐢𝐦𝐞 - 𝟖:𝟑𝟎 - 𝟗:𝟑𝟎 𝐏𝐌 💵𝐅𝐞𝐞𝐬 - 𝐅𝐫𝐞𝐞  💻𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐎𝐎𝐌 𝐌𝐞𝐞𝐭𝐢𝐧𝐠  💎𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 - 𝐉𝐮𝐧𝐞 𝟏𝟓, 𝟐𝟎𝟐𝟔 နောက်ပိုင်း English Speaking ကို Confidence ရှိရှိပြောနိုင်ဖို့ဆိုရင် အခြေခံကစပြီး ပိုင်နိုင်ဖို့လိုတာမလို့ အခွင့်အခါကြုံတုန်း အချိန်လေးတွေက ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင်တော့ အချိန်မီလေး Register တင်လိုက်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။❤️ Registration Link - https://forms.gle/adtG4YAGWPBVJZUH9 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ➡️ https://www.facebook.com/share/1MFCkjfFMV/?mibextid=wwXIfr 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ➡️ https://t.me/dreamedu168 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ➡️ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤 𝐓𝐨𝐤 ➡️ https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 🔗𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐅𝐨𝐫 𝐃𝐫𝐞𝐚𝐦𝐞𝐫𝐬 ➡️ https://t.me/+cvan439AIbM5MmJl ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ #Dream_Education #Non_Profit_Org  #English_Speaking_FreeClass #Content_By_Wen #Graphic_By_E_Sar_Lite

  • без подписи

  • Mathematics ကိုမြင်တာနဲ့ အခုထိ ကြောက်နေကြတုန်းလား? 😰 ဒါဆိုရင်တော့ အခုပြောပြသွားမဲ့အရာလေးက Dreamers လေးတို့အတွက် သတင်းကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။ ဒါကတော့ Dream ကနေ GED Mathematics အတန်းလေးကို မကြာခင်အချိန်အတွင်းမှာ ဖွင့်လှစ်ပေးတော့မှာမလို့ပဲဖြစ်ပါတယ် 🎉 ဒီအတန်းလေးကို ဘယ်လိုအခြေအနေမျိုးတွေမှာ တက်သင့်လဲ? 📌 ကိုယ်က အရင်ကတည်းက Mathematics ကို အားနည်းသူ၊ 📌 အမှတ်နဲ့ပတ်သက်ပြီး စိုးရိမ်တတ်သူ၊ 📌 GED Mathematics ဖြေဖို့အတွက် ကြံရွယ်ထားသူ ဒါမှမဟုတ် စာမလုပ်ဖြစ်တာကြာလို့ Revision သဘောမျိုးနဲ့ စာလေးတွေကို ပြန်ကြေအောင် လုပ်ချင်တဲ့သူ၊ 📌 GED နဲ့ ပတ်သက်ပြီး Mathematics ကို အခုမှစပြီး ထိတွေ့ဖူးသူ ဆိုရင်တော့ ဒီအတန်းလေးက ရွေးချယ်သင့်ဆုံးပါပဲ။ ဘာကြောင့် ရွေးချယ်သင့်တာလဲဆိုရင် - ✅ GED Mathematics နဲ့ပတ်သက်ပြီး အခြေခံကို သေချာနားလည်သွားစေမဲ့အပြင် ✅Random Questions တွေ၊ Old Question တွေကိုလည်း ‌ကောင်းမွန်စွာဖြေရှင်းတွက်ချက်နိုင်တဲ့သူတစ်ယောက်ဖြစ်မှာမလို့ပါပဲ။ ✅ ဒါ့အပြင် သီအိုရီတွေ၊ Formula တွေ များလို့ မှတ်ရမှာတွေ ရောနေမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ သင်တန်းကာလပြီးဆုံးသည်အထိ စာလေးတွေကို မှတ်မိနေဖို့ဆိုရင် ဒီသင်တန်းလေးက Dreamers လေးတို့အတွက် အကိုက်ညီဆုံးအတန်းလေးတစ်ခုပါပဲ 💯 ✨ သင်တန်းစမဲ့ ရက်လေးကတော့ 13th Mar 2026 ပဲဖြစ်ပါတယ် ✨ Registration Link လေးလည်း တစ်ခါထဲထည့်ပေးထားတာမလို့ အလွယ်တကူ Apply လို့ရပါတယ်နော်။ Link - https://docs.google.com/forms/d/e/1FAIpQLSc3qDOf6KOk7qIS0-kLcPTYzSjVer7wT_w2fSeBDGsvISmnug/viewform?usp=publish-editor သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်‌အကြောင်းအရာလေးကိုလည်း Announcement Post လေးမှာ ဝင်ကြည့်လို့ရပါတယ်ရှင်။ Link - https://www.facebook.com/share/p/18Sgj8D5Wk/ နောက်ရက်တွေမှာလည်း ကိုယ်နဲ့ကိုက်ညီမဲ့ Content လေးတွေကို Dream ကနေပြီး ဝေမျှပေးသွားဦးမှာမလို့ Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့ဦးနော် 💕 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ➡️ https://www.facebook.com/share/1MFCkjfFMV/?mibextid=wwXIfr 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ➡️ https://t.me/dreamedu168 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ➡️ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤 𝐓𝐨𝐤 ➡️ https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 🔗𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐅𝐨𝐫 𝐃𝐫𝐞𝐚𝐦𝐞𝐫𝐬 ➡️ https://t.me/+cvan439AIbM5MmJl ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ #Dream_Education #Non_Profit_Org #GED_Mathematics_Free_Class #Content_By_Wen #Graphic_By_E_Sar_Lite

  • без подписи

  • 4 နှစ်သား Dreamလေးနဲ့အတူ တစ်နှစ်ပတ်လုံးကို ခြုံငုံကြည့်လိုက်ကြရ‌အောင် 👀 2025 ဟာ လကုန်ရက်တွေထက် memory တွေနဲ့ သင်ခန်းစာတွေ ပိုများခဲ့ပါတယ် ☘️ ✨ ဒီနှစ်အတွက် Dream ရယ်၊ Dreamers လေးတို့နဲ့ ပတ်သက်ပြီး အကြီးမားဆုံး အမှတ်ရနေမိတာကတော့ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဖက်မှာ အင်အား ၇.၇ ပမာဏရှိတဲ့ ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့တဲ့အချိန်ကာလပဲ ဖြစ်ပါတယ်။ ✨ အဲ့ဒီအချိန်ကာလတုန်းက Dream အနေနဲ့ ရန်ပုံငွေရှာဖွေရေး ပရောဂျက် တစ်ခုဖြစ်တဲ့ “တစ်ဦးမှအများသို့” ဆိုတဲ့ ပရောဂျက်လေးကို လုပ်ဆောင်ခဲ့ပြီး ရရှိလာတဲ့ အလှူငွေတွေကို လိုအပ်နေတဲ့ နေရာ‌ဒေသတွေမှာ Dream က အဖွဲ့ဝင်လေးတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းနိုင်ခဲ့တာဟာလည်း Dream ရဲ့အဖွဲ့ဝင်တွေအတွက် ‌ကြည်နူးစရာအခိုက်အတန့်လေးအဖြစ် ပုံရိပ်လေးတွေ ထင်ကျန်နေခဲ့ပါတယ် 📷 ✨ ဒီအတွက် ရန်ပုံငွေထည့်လှူပေးခဲ့တဲ့ Dreamer တစ်ယောက်ချင်းစီတိုင်းကိုလည်း Dream က‌နေပြီး ပန်းချီလေးတွေ၊ Free Class တက်ခွင့် Ticket လေးတွေကို ပြန်လည် ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်အမှတ်ရမိပါတယ်။ ပြန်လည်ထူထောင်ရေးကာလအတွက် ရန်ပုံငွေရှာရင်းနဲ့ June လမှာ ပြုလုပ်ကျင်းပဖြစ်ခဲ့တဲ့ "အိပ်မက်အတွက်ခြေလှမ်း" ဆိုတဲ့ Event လေးကလည်း တစ်နှစ်ပတ်လုံးအတွက် မမေ့နိုင်စရာနဲ့ အကြီးမားဆုံး Event လေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ Event လေးမှာဆိုရင် နာမည်ကြီး Influencers များစွာပါဝင်ခဲ့ပြီး အတူတူဆွေးနွေးခဲ့ရတာတွေဟာ နေ့ရက်တွေပြောင်းလဲသွားခဲ့လည်း မပြောင်းလဲတဲ့အမှတ်တရတွေပဲ ဖြစ်ပါတယ် ✨ ✨ ဒါ့အပြင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေကို ဝန်းရံပြီး ရန်ပုံငွေကောက်ခံပွဲ အစီအစဉ်တွေမှာ ပါဝင်နိုင်ခဲ့တာကလည်း Dream အဖွဲ့သားတွေ အားလုံးအတွက် အမှတ်တရကောင်းတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ ဒီနှစ်ရဲ့ August လမှာပဲ Dream ရဲ့ ၄ နှစ်ပြည့် မွေးနေ့လေးကို 🎂 Dream က member လေးတွေနဲ့အတူ ဖြတ်သန်းနိုင်ခဲ့တာကလည်း တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခုပဲဖြစ်ပါတယ်။ ကျောင်းသား၊ သူတွေအတွက် Scholarship နဲ့ ပတ်သက်တဲ့ 3 Days Bootcamp လေးတစ်ခုကိုလည်း Fully Scholarship ရရှိထားတဲ့ စီနီယာတွေကနေပြီး အနာဂတ်အတွက် လမ်းညွှန်မှုလေးတွေ ပေးနိုင်ခဲ့တာဟာလည်း 2025 ရဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ် 🎉 💡မသိမဖြစ်သိထားသင့်တဲ့ Leadership Programတွေ၊ Campaign တွေကိုလည်း လူငယ်တွေအတွက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသေးတယ်။ ဒါတွေအပြင် Dream ရဲ့ 2025 ကို အတူတူ ပြန်ကြည့်ရမယ်ဆိုရင် - 📚 လူငယ်တွေအတွက် အကျိုးပြုစေမဲ့ မတူညီတဲ့ Languages တွေ၊ Classes တွေကို ဖွင့်လှစ်နိုင်ခဲ့ပြီး အပတ်စဉ်ကျင်းပနေကြဖြစ်တဲ့ Speaking to Lead (STL) ကနေလည်း မတူညီတဲ့ Topic များစွာကို လူငယ်တွေနဲ့အတူ ဆွေးနွေးမျှဝေနိုင်ခဲ့ပါတယ်။ Zoom ထဲက ရယ်မောသံတွေ၊ အချင်းချင်းဆွေးနွေးသံတွေက ပြန်စဉ်းစားမိတိုင်း လတ်လတ်ဆတ်ဆတ်ကြားယောင်နေတာမလို့ ပါဝင်ခဲ့တဲ့တစ်ဦးချင်းစီတိုင်းကိုလည်း Dream က အမှတ်‌တရရှိနေပါတယ်။ ⚖️ ဒါ့အပြင် Movie, Music, Books and Games တွေကိုလည်း Recommend ပေးခဲ့ပါ‌သေးတယ်။ Social Tools နဲ့ ပတ်သက်ပြီး လူငယ်တွေ မရှိမဖြစ် သိထားသင့်တဲ့အရာတွေကိုလည်း ဆက်လက်မျှဝေပေးနိုင်ခဲ့ပါတယ်။ Dream က‌နေပြီး Education အပြင် Funny post လေးတွေ၊ Broken post လေးတွေနဲ့ Dreamers လေးတွေကို စိတ်ခံစားမှုရသလေးတွေလည်း ပေးအပ်ခဲ့ပါသေးတယ် 💁‍♂️ 2025 ဟာ အများကြီး ပြီးပြည့်စုံတဲ့ နှစ်မဟုတ်ပေမဲ့ အဓိပ္ပါယ်ရှိတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ် ✨ 2026 မှာလည်း လူငယ်တွေနဲ့အတူ ဆက်လက်လှမ်းလျှောက်သွားရင်း လူငယ်‌တွေရဲ့အနားမှာ ရှိနေပေးဖို့က Dream ရဲ့ Goal တစ်ခုဖြစ်ပါတယ် ❤️ Thank you for being part of Dream’s 2025. Together, we grow. Together, we make change. Happy New Year 🎊 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ➡️ https://www.facebook.com/share/1MFCkjfFMV/?mibextid=wwXIfr 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ➡️ https://t.me/dreamedu168 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ➡️ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🔗𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐢𝐤 𝐓𝐨𝐤 ➡️ https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 🔗𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐅𝐨𝐫 𝐃𝐫𝐞𝐚𝐦𝐞𝐫𝐬 ➡️ https://t.me/+cvan439AIbM5MmJl ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ #Dream_Education #Non_Profit_Org #Year_Recap #Content_By_Wen #Graphic_By_E_Sar_Lite

  • без подписи

  • မြန်မာနိုင်ငံမှာ အခြေအနေအမျိုးမျိုးကြောင့် ရှေ့ဆက်ဖို့လမ်းပျောက်နေသူများ အတွက် Prospect Burma Scholarship✨ Prospect Burma Scholarship ဟာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေ‌အနေအမျိုးမျိုးကြောင့်  နိုင်ငံခြားပညာသင်ဖို့ ကြိုးစားနေသူတွေကို ပံပိုးပေးမယ့် scholarship တစ်ခုပါ 🎓 Prospect Burma အဖွဲ့အစည်းကို 1989 ခုနစ်ကဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ ကျောင်းသားပေါင်း ထောင်နဲ့ချီ ကူညီထောက်ပံ့ပေး‌နေပါတယ်။ နှစ်စဉ်နှစ်တိုင်းပေးအပ်တဲ့ဆုဖြစ်ပီး Dec 1 ရက်နေ့မှာ စတင်လေ့ရှိပါတယ် 📅 Bachelor အတွက် 4 years, Master အတွက် 2 years, PhD အတွက် 3နှစ် ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ တစ်ခြား Scholarship တွေလို Degree ပြီးတဲ့အထိ ထောက်ပံ့ပေးတာမဟုတ်လို့ နှစ်စဉ်ပြန်လျှောက်ရပါတယ်။ Scholarship ကို Full Scholarship & Partial Scholarship ဆိုပြီးခွဲထားပါတယ် 🎓 Full Scholarship မှာ  -Tuition Fees 🎫 -Accomodation & Living costs 🏠 -Travel Costs ✈️ -Health Insurance/Health coverage 🏥 -Academic costs and related 📚 -Mentoring, Pastoral Support and student network 🤝 Partial Scholarship မှာ  Full Scholarship နဲ့ သိပ်မကွာပေမဲ့ ကိုယ်ပိုင်ပိုက်ဆံပိုစိုက်ရတာတွေ 💸 ၊ ကုန်ကျစရိတ်တွေပိုများနိုင်ပါတယ် 📈 လျှောက်ထားဖို့လိုအပ်ချက်များ 📄✍️ -Dreamersတို့ရဲ့ ကျောင်းက အထက်တန်းအောင်လက်မှတ် (သို့) ညီမျှတဲ့လက်မှတ်တစ်ခု 📜၊ တက္ကသိုလ်တက်ရောက်ပြီးရင်တော့ ပထမနှစ်အမှတ်စာရင်း 🧾 -Passport Info Page 🛂 -IELTS, Duolingo, TOEFL လို အင်္ဂလိပ်စာမေးပွဲရလဒ် 📘 (Dreamers တို့လျှောက်ထားတဲ့ ကျောင်းကလိုအပ်မှသာ) -University acceptance letter (if you already have one) 🎒 -Two recommendation letters 📨📝 -Personal statement (Dreamers တို့ရဲ့ Goals, Plans and Social Impact ကိုချပြနိုင်မဲ့ essay တစ်ခု) 💡❤️ ဒီအချက်တွေကိုပြင်ဆင်ထားနိုင်ရင်တော့ Prospect Burma Scholarship ကို လျှောက်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ် 🌟✨📚 🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟 📌 Follow our socials 🔵 Facebook Page – https://www.facebook.com/dreameducation168?mibextid=JRoKGi 📢 Telegram Channel – https://t.me/dreamedu168 📸 Instagram – https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🎵 TikTok – https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1 #Dream_Education #Non_Profit_Org #Prospect_Burma_Scholarship #knowledge_sharing #Content_by_Lin_Young_Kha #Graphic_by_Ingyin

  • без подписи

  • 🚸 ကလေးတစ်ယောက်တော့ အနာဂတ်တံခါးကြီးကို လာခေါက်နေပြန်ပါပြီ… ✨ 2026 - 2027 ပညာသင်နှစ်ကို သင်္ဘောသီးထောင်းစားရင်း စားရိတ်ငြိမ်းကျောင်းတက်နိုင်မယ့် အခွင့်အရေးကြီးကို Child’s Dream Fully-Funded Scholarship စတင်ခေါ်ယူနေပါပြီ။ 💁🏻 🎓 လျှောက်ထားနိုင်တဲ့ ကျောင်းတွေကတော့ ထိုင်းနိုင်ငံ 🇹🇭 အခြေစိုက်ကျောင်းတွေဖြစ်တဲ့… 🏫 Asia - Pacific International University Elementary Education 🏫 Bangkok University Media and Communication Innovative Media Production 🏫 Chiang Mai University Economics Environmental Science Social Science 🏫 King Mongkut’s Institute of Technology Ladkrabang Software Engineering 🏫 Mae Fah Laung University Public Health Environmental Health International Development 🏫 Thammasat University Civil Engineering Global Studies and Social Entrepreneurship Social Policy and Development Politics and International Relations စတဲ့ကျောင်းတွေကနေ အသီးသီးခေါ်ယူနေပြီလည်း ဖြစ်ပါတယ်။ 🎗️ Child’s Dream ကပေးမယ့် Scholarship Support တွေကတော့… Tuition Fees Living costs (Room fees, Settlement allowance) Supplies (Uniform, Computer Grants, Books, …) Emergency cost စတာတွေကို Fully - Funded လုပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ 📑‼️ လျှောက်ထားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့… Passport Photo (not older than 6 months) National ID / Birth Certificate (မွေးစားရင်း) Passport First page 3 photos of the applicant’s current living condition (နေထိုင်မှု အခြေအနေဓာတ်ပုံ) Previous academic transcripts GED/ English Proficiency (TOEFL, IELTS Certificates) Other training courses certificates Two reference letters One video presentation Two essays (3,000 characters each) စတာတွေတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ⌛️ Application Deadline - 30 January, 2026 ‼️ လျှောက်ထားချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ် လေးမှာဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ Apply Now - https://forms.gle/8c79bP9W25FT8gkS8 Child’s Dream Official Facebook Page https://www.facebook.com/childsdreamfoundation  Don’t forget to follow your dreams 📌 Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi 📌 Telegram Channel - https://t.me/dreamedu168 📌 Instagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==  📌 TikTok - https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1 First step towards your dream #Dream_Education #Non_Profit_Org #Child_Dream #Scholarships #Content_By_KuKue #Graphic_By_E_Sar_Lite

  • без подписи

  • 🍀Dream Bootcamp is successfully over 🍀 Dream Org ကနေ Dreamer လေးတို့အတွက် Thai နိုင်ငံက Scholarships တွေဖြစ်ကြတဲ့ TISR, SUT & CD Scholarship တွေနဲ့ပတ်သက်လို့ Knowledge sharing လေးတွေအပြင် Q&A လေးတွေကိုပါ ပျော်ပျော်ကြီး လုပ်ပေးခဲ့တဲ့ Bootcamp ကြီးကလည်း အောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပါပြီ။ 🥳 အချိန်ပေးပြီး Sharing လုပ်ပေးခဲ့ကြတဲ့  Ms. May Sandar Bo Mr. Aung Myint Myat Mr. Than Htike  တို့ကိုလည်း Dream Organization ကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။ 🫰🏻 ဒါ့အပြင် Bootcamp လေးကို ပါဝင်အားဖြည့်ပေးကြတဲ့ Participant တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 🙇🏻‍♂️ နောက်ထပ် ကိုယ်စိတ်ဝင်စားရာအကြောင်းအရာလေးတွေကို Dream Education Contact Box မှာ လာရောက် Suggest ပေးနိုင်သလို Feedback လေးတွေလည်း လာရောက်ပေးနိုင်ပါတယ်။ 🙆🏻 တစ်ဦးတစ်ယောက်ချင်းစီရဲ့ Feedback ကို Dream Org ကတန်ဖိုးထားလျက်ရှိပါတယ်။ ❤️ နောက်ထပ်လည်း Dreamers လေးတွေအတွက် အကျိုးအများကြီးရှိမယ့် Webinar တွေအပြင် အခုလို Bootcamp လေးတွေအများကြီးပြုလုပ်ပေးဖို့ရှိသေးတာမို့ Dream Education Page ကိုလည်း Like & Follow လုပ်ထားဖို့မမေ့နဲ့ဦးနော်…. First Step Towards Dreamers #Dream_Education #Non_Profit_Org #Scholarship_Bootcamp #ThankYou #Content_By_KuKue #Graphic_By_E_Sar_Lite

  • без подписи

  • 🥳 နိုးထကြလော့ Dreamers လေးများ … 📣 Child’s Dream Scholarships Bootcamp အတွက် Register ထားတဲ့ Dreamers လေးတွေ Alert Alert … 🔔 မကြာခင်မှာတော့ Dream Scholar Bootcamp ကြီး စတင်တော့ မှာဆိုတော့ မျက်စိဖွင့်၊​ နားစွင့်၊​ Laptop လေးဖွင့်ပြီး အသင့်ပြင်လိုက်တော့နော်… 💁🏻 ✉️ Topic: Child’s Dream Scholarship 👨🏻‍🎓 Guest Speaker: Mr. Than Htike 🗓️ Date: 14th November, 2025 ⌛️ Time: 7 PM - 9 PM Idea တွေကို ပျော်ပျော်ကြီး Sharing လုပ်သွားမှာဖြစ်သလို Valuable Facts တွေကလည်း စောင့်မျှော်နေတာမို့ Be Ready!!! Dream Telegram Group မှာလည်း Up-to-date News လေးတွေကို တင်ပေးထားတာမို့ မလွတ်ရလေအောင် ဝင် Check ကြည့်ကြဦးနော်။ 🙆🏻 Let’s see tonight, meet with us… 🌟 First Step Towards Dreamers #Dream_Education #Non_Profit_Org #Scholarship_Bootcamp #Reminder #Content_By_KuKue #Graphic_By_E_Sar_Lite

  • без подписи

  • 𝐀𝐡𝐞𝐦! 𝐌𝐚𝐲 𝐈 𝐇𝐚𝐯𝐞 𝐘𝐨𝐮𝐫 𝐀𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 𝐏𝐥𝐞𝐚𝐬𝐞! 🔔 𝐖𝐢𝐥𝐥 𝐭𝐡𝐞 𝐑𝐞𝐚𝐥 𝐒𝐥𝐢𝐦 𝐒𝐡𝐚𝐝𝐲 𝐩𝐥𝐞𝐚𝐬𝐞 𝐬𝐭𝐚𝐧𝐝 𝐮𝐩! 🔊 အမ် Dream မှာတေ့ာ Real Slim Shady မဟုတ်ဘဲ…. “𝐖𝐢𝐥𝐥 𝐭𝐡𝐞 𝐑𝐞𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐧𝐭𝐬 𝐩𝐥𝐞𝐚𝐬𝐞 𝐬𝐭𝐚𝐧𝐝 𝐮𝐩!” 🤩 ဟုတ်ပါတယ်။ Scholarship Bootcamp ကို ပါဝင်လျှောက်ထားတဲ့ Dreamers လေးတွေ တစ်ချက်လောက် နားစွင့်ပေးပါဦးနော် ‼️ Dream ရဲ့ Scholarship Bootcamp ကြီးကိုတေ့ာ နောက်နာရီအနည်းငယ်အတွင်းမှာပဲ စတင်ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။ 🎉 📚𝐓𝐨𝐩𝐢𝐜: 𝐓𝐈𝐒𝐑 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 & 𝐒𝐔𝐓 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩  🗣️𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫: 𝐌𝐬. 𝐌𝐚𝐲 𝐒𝐚𝐧𝐝𝐚𝐫 𝐁𝐨 𝐚𝐧𝐝 𝐌𝐫. 𝐀𝐮𝐧𝐠 𝐌𝐲𝐢𝐧𝐭 𝐌𝐲𝐚𝐭 🗓️𝐃𝐚𝐭𝐞: 𝟏𝟏/𝟏𝟏/𝟐𝟎𝟐𝟓 ( 𝐓𝐮𝐞𝐬𝐝𝐚𝐲 ) 🕰️𝐓𝐢𝐦𝐞: 𝟕𝐩𝐦 𝐭𝐨 𝟗𝐩𝐦 📌အပေါ်မှာ ဖော်ပြထားတဲ့ Information တွေကို ဒီနေ့ Bootcamp မှာ ဆွေးနွေးပြောကြားသွားကြမှာဖြစ်ပါတယ်။ Scholarship နှစ်ခုထဲကနေမှ သက်ဆိုင်ရာ Scholarship အတွက် Bootcamp ကို လျှောက်ထားတဲ့ Dreamers လေးတို့အနေဖြင့် Telegram Group မှာ Link လေးတွေ Update ပေးထားတာဖြစ်တာကြောင့် Telegram ထဲကို ဝင်စစ်ဖို့မမေ့ကြနဲ့ဦးနော်။ 😉 𝐒𝐞𝐞 𝐘𝐨𝐮 𝐓𝐨𝐧𝐢𝐠𝐡𝐭 𝐃𝐫𝐞𝐚𝐦𝐞𝐫𝐬 ✨🥰 ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 💫 #Dream_Education #Non_Profit_Org #Scholarship_Bootcamp #Reminder #Content_By_Sandi #Graphic_By_E_Sar_Lite