tgindex
Chill With Mocha

Chill With Mocha

Статистика

Grab your favourite cup of coffee and join us for a cozy escape.☕️☕️

Последний пост
19 июн.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
73
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
102
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
66
40 постов
Вовлечённость
64,7%
к подписчикам
Постов в день
0,0
всего 73
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဘယ်လိုအရာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ နေတတ်ရမယ် အခက်အခဲတွေရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ ထိခိုက်နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။ အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။ နေတတ်အောင်နေပါ။ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက်တိုးတဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။ တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။ နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။ မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆို တာကိုပါပဲ။ တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေးရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။ နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။ သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။ မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။ အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မ သိမ်းထားသင့်တော့ဘူး။ မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်.... မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။ ရည်မှန်းချက်တွေ ရှိနေရမယ်။ လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ကြား မင်းအရှုံးမပေးသွားရဘူး။ မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းကိုယ်မင်း လေးစားတတ်ရမယ်။ မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။ အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။ မင်းကိုယ်မင်း သန်မာနေစေရမယ်။ အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ် အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။ မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေ သင့်တော့ဘူး။ မင်းအတွက်မင်း ရှိနေရမယ်။ မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။ စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။ မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။ မင်းကိုယ်မင်း ချစ်တတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။ မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။ မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှု တွေ ဆုပ်ကိုင်ထားနိုင်ဖို့... ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။ ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။ နေတတ်အောင်လည်းကြိုးစားပါ။ ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ။ နေတတ်အောင်ပဲ ကြိုးစားပါ။ နေတတ်ဖို့က စိတ်ကအဓိကပါ။

  • စရမလား…..မစရဘူးလား တွေဝေမှုတွေနဲ့ ပြည့်နေတဲ့ လူ့ဘဝ။ ကိုယ်ကိုယ်တိုင် စဖို့တော့ ခက်ပါသည်။ သူများခြေလှမ်းစတာကိုတော့ လက်ခုပ်တီးပေးဖို့ ကျွန်တော်တို့ မတွေဝေမိကြ။ အားတောင်ပေးလိုက်ကြသေးသည်။ ခြေလှမ်းစပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကော အားမပေးချင်ကြဘူးလား။ ၁၂/၀၆/၂၀၆ #radiantminds #bryan #tyk

  • 4 июн.287из lavenderpan7

    အခုနောက်ပိုင်း တိတ်ဆိတ်ခြင်းနဲ့ပဲနေတတ်လာခဲ့တယ် ဘယ်သူ့ကိုမှမုန်းတာမျိုး​လည်း မရှိတော့ပါဘူး ကိုယ့်စိတ်ကလေးပင်ပန်းရတာမလို့။ချစ်တဲ့သူတွေကတော့အကောင်းမြင်စိတ်နဲ့ကြည့်ပေးမယ် မလိုသူတွေကတော့လုပ်သမျှအပြစ်ဖြစ်နေမှာပဲလေ သိပ်ကောင်းနေတဲ့သူတော့မဟုတ်ပေမယ့် ဘယ်သူ့ကိုမှမနာလိုတာမျိုး ထိခိုက်စေတာမျိုးမရှိဖူးဘူး.. ကျန်ရှိတဲ့ဘဝသက်တမ်းမှာ ချစ်ရတဲ့သူတွေကိုသာတွေးပြီး ပျော်ရွှင်စရာတွေပဲဖြည့်ဖို့ ကျမရဲ့ကိုယ်ပိုင်ကမ္ဘာလေးကို သိမ်းထားပါတယ် #lavenderpan https://vt.tiktok.com/ZSxo86urt/

  • ငါတို့တစ်ဘဝလုံးရင်းပြီး လျှောက်တောင် မရောက်နိုင်တော့တဲ့ ခရီးတွေရှိ တယ် ။ ငွေကြေးနဲ့ အချိန်ကို ရင်းပြီးဖျော်ဖြေရင်တောင် မဖျော်တော့တဲ့ ရက်တွေဆို တာရှိ တယ် ။ ငါတို့ရှိရှိသမျှ ပုံပြီးပေးရင်တောင် ပြန်ဖန်တီးလို့ မရနိုင်တော့တဲ့ အတိတ်တွေဆို တာ ရှိ တယ် ။ ဘယ်ဘုရားရဲ့ သံသယာစက်ဝန်းတိုင်းမှာမှ ပြန်ပေါင်းလို့မရတဲ့ ကံကြမ္မာတွေဆိုတာ ရှိခဲ့တယ် ။ #chillwithmocha #peace

  • 17 апр.676из radiantmindbryan

    နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းဆိုတဲ့ ဆုလာဘ်ကြီးနှစ်ပါးနဲ့ ပြည့်စုံနိုင်ကြပါစေ။ ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေကို မေတ္တာတရားရှေ့ထားနိုင်သလို ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ၊ ကောင်းတဲ့သူတွေရဲ့ ကျေးဇူးတရားတွေကို အစဉ်ထာဝရအောက်မေ့နိုင်ကြပါစေ။ မိမိကိုယ်ကိုလည်း မေတ္တာတရားထားနိုင်ပြီး ဂရုဏာကိုလက်ကိုင်စွဲကာ ကြုံလာသမျှအခက်အခဲတွေကို ရင်ဆိုင်နိုင်ပါစေ။ ၁၇.၀၄.၂၀၂၆ သုနန္ဒာ #bryan #radiantminds

  • ဆက်ဆံရေးတွေမှာ အနစ်နာခံရ ၊ အရှုံးပေးရလို့ ပင်ပန်းရရင်တောင် … ဝမ်းမနည်းဘူး ။ စေတနာကို တန်ဖိုးမထားလို့ … ကျေးဇူးမတင်လို့ ဆိုပြီးလည်း နောင်တမရပါဘူး ။ ကိုယ့်ဘက်က ကောင်းခဲ့ရသလောက် ပြန်မငဲ့ညာလည်း အငြိုးတေးမထားတတ်ဘူး ။ အရာရာဟာ ကိုယ်ခွင့်ပြုခဲ့တာ ။ ကိုယ်ခွင့်ပြုလို့ ဖြစ်ခဲ့တာ ။ ဘယ်သူ့ ပယောဂမှမပါပဲ ကိုယ့်စိတ်ရဲ့အရောင်အတိုင်း ရှိခဲ့တာ ။ ဖြည့်ဆည်းလိုစိတ်ကလည်း ကိုယ်တိုင်မွေးမြူခဲ့တာ ။ အောက်ကျခံပြီး မေတ္တာပေးတာကလည်း ကိုယ်တိုင်ကြည်ဖြူခဲ့တာ ။ မိမိကိုယ်ကိုနိမ့်ချပြီး ဆက်ဆံခဲ့တာကလည်း … ကိုယ့်စိတ်အတိုင်း ဆုံးဖြတ်ခဲ့တာ ။ အရာရာဟာ ကိုယ့်စိတ်ရှိအတိုင်း နေခဲ့တာ ။ ကိုယ်ဆီက တစ်ခုခုပေးတာဟာ ကိုယ်ချစ်လို့ပေးတာ .. မေတ္တာရှိလို့ပေးတာ ၊ ကြည်ဖြူလို့ ပေးခဲ့တာ ။ ကိုယ်စိတ်မကုန်ခင်ထိ စိတ်ရှိသလောက် စေတနာထားခဲ့တာ ။ အဆုံးသတ်မှာ လူ့စိတ်က ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုယ်မသိချင်ခဲ့ဘူး ။ အရာရာဟာ ဟန်ဆောင်ပြီး လူကောင်းလုပ်ခဲ့တာမှ မဟုတ်ပဲ ။ အဲဒီအတွက် Drama လည်း မခင်းဘူး ။ စိတ်ဆိုး ဒေါသလည်း မဖြစ်ဘူး ။ ဒါကိုတုံးအတယ်လို့လည်း မထင်စေချင်ဘူး ။ ကိုယ့်စိတ်ဟာ … ဒီအတိုင်းပဲမို့ … ။ သင်ယူခဲ့ဖူးတဲ့ အဆုံးအမတွေဟာ လူကောင်းတစ်ဦးသာ ဖြစ်ချင်ခဲ့လို့ ။ ပြန်ရဖို့မျှော်လင့်တဲ့စိတ်နဲ့ စေတနာထားတတ်သူ မဟုတ်ခဲ့တာမို့ … ကိုယ်ပေးနိုင်တဲ့ မေတ္တာနဲ့ နွေးအောင် နေထိုင်ခဲ့ပြီးသားပဲမို့ ။ ဒါပေမဲ့ ကိုယ်ယုံကြည်တာ တစ်ခုကလေ … စိတ်ကောင်းထားတဲ့သူဟာ ဆိုးတဲ့ ဘဝမှာ ကြာကြာမနေရဘူး ။ မကောင်းတဲ့သူတွေဟာ သူ့အလိုလို ထွက်သွားလိမ့်မယ် ။ ကောင်းတဲ့ စိတ်စေတနာကံကလည်း အချိန်တန် အကျိုးပေးလိမ့်မယ် ။ ဒီကံကြမ္မာဟာ ကိုယ့်ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ။ Happy Ending ဆိုတာ မရှိတဲ့ လူ့ဘဝမှာ .. တစ်နေ့နေ့တော့ အကြောင်းပြချက်တစ်ခုခုနဲ့ သေချာပေါက်ခွဲကြရမှာပဲ ။ အဲဒီအခါ အမြဲသည်းခံခဲ့တဲ့ကိုယ် … ကောင်းတာတွေချည်း ပေးချင်ခဲ့တဲ့ကိုယ် … လုံလောက်တာထက်ပို စေတနာထားခဲ့တဲ့ကိုယ်က ဝမ်းနည်းရတဲ့သူအဖြစ် ကျန်နေရစ်မှာမဟုတ်ဘူး ။ ဘာလို့ဆို ကိုယ်ဖြတ်သန်းခဲ့သမျှ နေ့တွေမှာ … လူတွေနဲ့ ပတ်သက်ရင် နောင်တမရှိလို့ ။ လူတွေဟာ ခွဲရပြီး … မှတ်ဉာဏ်တွေသာ ကျန်ခဲ့မှာ ။ ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေမှာ … သတိရတိုင်း အပြစ်ရှိစိတ်တွေသာ ခံစားနေရမဲ့သူဟာ ကိုယ်မဟုတ်ဘူး ။ ပေါ့ပါးတဲ့ စိတ်အစဉ်နဲ့ အေးအေးလူလူ ရှေ့ဆက်သွားနေမဲ့သူဟာ ကိုယ်ပဲ ။ ဒါကြောင့် ကိုယ်ကြည်ကြည်ဖြူဖြူ ပေးလှူခဲ့တဲ့ စိတ်စေတနာ နှင့် မေတ္တာ အတွက် … တန်ဖိုးထားမခံရလည်း … အသွားပြန် မရှိလည်း ယနေ့ချိန်အထိ အကြွင်းမဲ့ နောင်တကင်းလျက်ပါပဲ ။ #TharHtwe

  • ဗွမ်း... အားလုံးပဲ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ စိတ်သစ် လူသစ်နဲ့ ဖြတ်သန်းနိုင်ပါစေနော်....🌷🫶

  • видео или голосовое, без подписи

  • 2 апр.623из K_K_O_journal

    စာရေးဆရာ - ပီမိုးနင်း ​"လောက၌ အဖိုးတန်ဆုံးသော အရာသည် အခွင့်အရေး ဖြစ်၏။ ထိုအခွင့်အရေးကို ဖန်တီးနိုင်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်၏။ သူတစ်ပါးက လာ၍ ပေးသေော အခွင့်အရေးကို စောင့်မျှော်နေသူသည် သူတစ်ပါး၏ ကျွန်သာ ဖြစ်ရမည်။ ​မိမိ၏ စိတ်ဓာတ်ကို မိမိက အုပ်စိုးနိုင်ရမည်။ စိတ်က သခင်၊ ကိုယ်က ကျွန် ဖြစ်စေရမည်။ စိတ်ဓာတ် အားငယ်သူသည် သေးငယ်သော အခက်အခဲကိုပင် တောင်ကြီးသဖွယ် မြင်တတ်၏။ စိတ်ဓာတ် ခိုင်မာသူသည်ကား ကြီးမားသော အခက်အခဲကိုပင် မြက်ပင်ကလေးသဖွယ် နင်းခြေ၍ ကျော်ဖြတ်နိုင်၏။ ​အလုပ်တစ်ခုကို လုပ်ရာ၌ 'ငါလုပ်နိုင်ပါ့မလား' ဟု သံသယမဝင်နှင့်။ 'ငါလုပ်ရမည်၊ ငါဖြစ်အောင်လုပ်မည်' ဟူသော စိတ်ဓာတ်ဖြင့်သာ စတင်လော့။ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်မှာ မလျှော့သော ဇွဲလုံ့လနှင့် ပြတ်သားသော ဆုံးဖြတ်ချက်သာ ဖြစ်ပေသည်။" #Kyaw_Khaing_Oo

  • "အခက်အခဲတွေကြားက တူတူတွဲပြီး တိုးထွက်မှာပေါ့" တဲ့ ဘာမှမရှိတဲ့ဘဝထဲကို ဘာမှမကြည့်ဘဲ ဝင်ရဲတယ်ဆိုတာ ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ

  • 7 мар.602из blazeofdream

    🔥 Understanding and Facing Fear ကြောက်စိတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အောင်မြင်မှုဆီ လှမ်းတက်ကြမယ်! တစ်ခုခုလုပ်ဖို့ ကြောက်နေမိလို့ မင်းရဲ့ အိမ်မက်တွေကို လက်လျှော့လိုက်ရတာ ဘယ်နှကြိမ်ရှိပြီလဲ? 🤔 လူကြားထဲ စကားပြောဖို့၊ အသစ်တစ်ခုခု စမ်းသပ်ဖို့ ဒါမှမဟုတ် ကျရှုံးမှာကို ကြောက်တာကြောင့်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို မြိုသိပ်ထားရသလား? တကယ်တော့ "ကြောက်စိတ်" ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီကြောက်စိတ်ကို ဘယ်လို "ရင်ဆိုင်" (Face) ပြီး "ကျော်လွှား" (Overcome) မလဲဆိုတာကသာ မင်းရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာပါ။ Blaze Of Dream နှင့် MYEO တို့ ပူးပေါင်းပြီး လူငယ်တွေအတွက် တကယ့်ကို အရေးကြီးတဲ့ "Facing Fear" Webinar လေးကို ပြုလုပ်သွားဖို့ ရှိပါတယ်။ 🎤 Guest Speaker Introduction ဒီ Webinar မှာ အဓိက ဆွေးနွေးပေးသွားမယ့်သူကတော့ - Ma Hsu Myat Kyaw (Community lay counsellor @ MYEO) ပဲ ဖြစ်ပါတယ်။ 🌟 သူမဟာ လူငယ်တွေရဲ့ အရည်အချင်း မြှင့်တင်ရေးနဲ့ စိတ်ဓာတ်ခွန်အား ပေးခြင်းပိုင်းမှာ အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်တာကြောင့် မင်းရဲ့ ကြောက်ရွံ့မှုတွေကို ဘယ်လို ယုံကြည်မှုအဖြစ် ပြောင်းလဲမလဲဆိုတာကို အကောင်းဆုံး လမ်းပြပေးသွားမှာပါ။ ✨ ဒီ Webinar မှာ ဘာတွေလေ့လာရမလဲ? ✅ To understand about Fear ✅ To realize the realted emotions beyond Fear ✅ How to hadle the emotions with healthy way ✅ Q&A Session: Speaker နဲ့ တိုက်ရိုက်ဆွေးနွေးမေးမြန်းနိုင်မယ့် အခွင့်အရေး။ 📌 Webinar အသေးစိတ် 🗓 Date: 14.3.2026 (Saturday) 🕖 Time: 7:00 PM to 9:00 PM (MMT) 📍 Platform: Zoom link (Online) 📍 တက်ရောက်နိုင်သူ: စိတ်ဝင်စားသူ မည်သူမဆို (All Participants) 📝 ဘယ်လို စာရင်းပေးသွင်းရမလဲ? မင်းရဲ့ Comfort Zone ထဲကနေ ရဲရဲဝံ့ဝံ့ ထွက်နိုင်ဖို့ အခုပဲ အောက်ပါ Link မှာ စာရင်းပေးသွင်းလိုက်ပါ။ 👇 🔗 Register Here: [link here] https://forms.gle/9qUG1ZTtyFvj5UVV7 (ဒါမှမဟုတ် Chat Box သို့ "facing fear" လို့ ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်) 📩 စာရင်းပေးထားတဲ့သူတွေကို mail ကနေတစ်ဆင့် တက်ရောက်ရမဲ့ Zoom link ကိုပို့ပေးသွားပါ့မယ် "မင်းရဲ့ သတ္တိက ကြောက်စိတ်မရှိတာ မဟုတ်ဘဲ၊ ကြောက်နေတဲ့ကြားကပဲ လုပ်ရဲတာကို ဆိုလိုတာပါ။" 🚀 #FacingFear #BlazeOfDream #MYEO #Collaboration #PersonalDevelopment #YouthEmpowerment #ConfidenceBuilding #FreeWebinar #MyanmarYouth

  • 7 мар.432из blazeofdream

    видео или голосовое, без подписи

  • မရဲတရဲပင် ဖြစ်လင့်ကစား ကျနော် ရှေ့ဆက်တိုးမယ်၊ ကြောက်ရွံ့နေမယ့်အစား စွန့်စားခန်း ဖွင့်မယ်။ အကြောက်အလန့်ကင်းစွာနဲ့ လျှို့ဝှက်ဆန်းကြယ်မှုထဲ ခြေစုံပစ်ဝင်မိတယ်၊ အမှတ်အသားမရှိ လမ်းညွှန်သင်္ကေတမရှိသော လမ်းတလျောက် အိပ်မက်တွေ မျိုးစေ့ချ စိုက်ပျိုးခဲ့တယ်။ ရွေးချယ်မှုတခုစီတိုင်းက အလောင်းအစားတခု ခြေလှမ်းတိုင်းက မသေချာမရေရာ၊ သို့သော် လက်မြောက်အရှုံးမပေးဖို့ရာ မျှော်လင့်ချက်ရောင်ခြည်က မက်လုံးပေးနေလေရဲ့။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အရေး သက်တောင့်သက်သာရှိရခြင်းကို ကျနော် နောက်ချချန်ခဲ့ပါတယ်၊ ကိုယ်စိတ်နှစ်ဖြာပင်ပန်းမှုရဲ့ အနွေးဓါတ်ကို ကျနော် နှစ်သက်ခုံမင်နေမိပြီ။ အကြောက်တရားရဲ့ တီးတိုးပြောသံ ရဲစွမ်းသတ္တိရဲ့ တိုက်ပွဲခေါ်သံ ကြားသည့်အခိုက် မှေးမှိန်ယုတ်လျော့သွားလေပေါ့။ ခလုတ်ကန်သင်းအတိပြီးသော ခရောင်းလမ်းကို လျောက်ရကောင်း လျောက်ရနိုင်သော်ငြား ငါ့နှလုံးအိမ် ဆုံးချိန်ထိ မယိမ်း။ swann

  • စိတ်ရှုပ်လာတိုင်းအဲရင်ခွင်လေးထဲပြေးခိုလို့ ပွေ့ဖက်ထားချင်တယ် တစ်နေ့တာရဲ့အမှတ်တမဲ့တွေ့ခဲ့တဲ့ ကြောင်လေးအကြောင်းကအစ ပြောပြချင်တယ် အဖော်မင်တဲ့သူမလို့ စကားတွေများမိတဲ့အခါ ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတဲ့ခပ်အေးအေးမျက်ဝန်းညိုလေးကို တစိမ့်စိမ့်ရှက်သွားတဲ့အထိ ငေးချင်တယ် မင်းပေးခဲ့ရင် ပန်းသေးသေးလေးတစ်ပွင့်ကအစ တန်ဖိုးထားမယ် ငြီးငွေ့စရာမရှိတဲ့ရယ်မောဖွယ်ဘဝလေးကိုလိုအပ်တယ် မင်းနဲ့အတူပေါ့ ချစ်သောရေ #lavenderpan -7

  • 22 янв.835из radiantmindbryan

    Just Do It. Motivational speaker တွေ သုံးလေ့ရှိတဲ့ “လုပ်သာလုပ်လိုက်ပါ”ဆိုတဲ့ စကားက တွန်းအားတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် တန်းပြီး လုပ်ချင်တာလုပ်လို့မရတဲ့ အခြေအနေတွေအများကြီးရှိနေပါတယ်။ အစ ဆိုတဲ့အတိုင်း ချည်တွေရှုပ်နေတဲ့ထဲမှာ ချည်စလေးတစ်စကို ဆွဲထုတ်ရသလိုပေါ့။ အတွေးပေါင်းစုံနဲ့ လုပ်ရကောင်း၊ မလုပ်ရကောင်း လုပ်နိုင်ကောင်း၊ မလုပ်နိုင်ကောင်းတွေ စဉ်းစားမိနေတဲ့အချိန်လို့ပဲ ပြောချင်ပါတယ်။ ဒါ့ကြောင်း တစ်ခါတလေ “Just Do It” ဆိုတဲ့စာကြောင်းလေးကို အလုပ်တစ်ခုကို တန်းပြီးစလုပ်ဖို့အထိ တွန်းအားမပေးနိုင်ပါဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို ဘာကြောင့်လုပ်ချင်လဲဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ အဲ့ဒီအလုပ်ကို လုပ်နိုင်ဖို့အတွက် နေ့စဉ် ကိုယ်လေ့လာ၊ သင်ယူသွားရမယ့် ပညာရပ်တွေ၊ အဲ့ဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားနိုင်ဖို့အတွက် စည်းကမ်းတွေ လိုပါတယ်။ Turning Thoughts into Crafted Words. #bryan #radiandminds

  • 21 янв.714из blazeofdream

    𝑴𝒆𝒅𝒊𝒂 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕 𝐌𝐘𝐄𝐎 ရဲ့ 𝐀𝐈 𝐁𝐮𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (Mandalay)  မှာ Blaze Of Dream ကလည်း National Media Partner အနေနဲ့ ပါဝင်ထားကြောင်း ဝမ်းမြောက်ဝမ်းသာဖြင့် ကြေညာလိုက်ပါတယ်။ ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။ အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ လူတိုင်းကို ဒီ AI Bus Training မှာ သင်ပေးသွားပါမှာ ဖြစ်ပါတယ်။ အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။ ပြီးတော့ ဒီ Training မှာသင်ပေးသွားမယ့် အကြောင်းအရာတွေက - Fundamental of Generative AI - AI Prompts 101 – How to Talk to AI - Work Smarter not Harder – Maximize Productivity with AI - AI in Combating Fake News, Hoax & Misinformation - Ethical AI Usage – Plagiarism & Copyright Issues စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။ နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။ - AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။ - AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။ - AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။ - မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။ ဒီ Training က AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပါတယ်။ ဒါကြောင့် သင်ပေးမယ့် သင်ခန်းစာတွေ၊ အကြောင်းအရာတွေကို တကယ်ကို ယုံကြည်ရတယ်ဆိုတာ အာမခံနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ AI Bus (Mon & Kayin ) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်တွေက… Jan 26, Jan 27, Jan 28, Jan 29, Jan 30 (၅) ရက်တိုင်တိုင်ကျင်းပသွားမှာ  ဖြစ်ပါတယ်။ အချိန်ကတော့ 6 pm - 8 pm ဆိုပြီး ကျောင်းချိန် ရုံးချိန်လွတ် စီစဉ်ထားပါတယ်။ AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။ မန္တလေး က လူတွေအကုန်လုံးကို အောက်က Link မှာ အခမဲ့ စာရင်းပေးထားတော့နော်။ https://m.me/myeo.hub?ref=learning_ai_mdy (တကယ်လို့ Link ကနေ နှိပ်လို့အဆင်မပြေရင် MYEO Messenger CB မှာ learning ai mdy လို့ စာပို့ပြီးတော့လည်း စာရင်းပေးလို့ရပါတယ်။) စာရင်းပေးပြီးသွားရင်တော့ MDY လို့ မန့်သွားဦးနော်။👇 အားလုံးပျော်ပျော်ရွှင်ရွှင် AI အကြောင်းလေ့လာကြရအောင်။ နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။ https://t.me/myeochannel #MYEOAIBus #MYEOAIBusMM #MYEOAIBusMandalay #လူငယ်တွေအတွက်_AIBus #BlazeOfDream

  • 21 янв.501из blazeofdream

    видео или голосовое, без подписи

  • စိတ်ဓာတ်ကျနေလား ကလေးငယ် ကောင်ကင်ကြီးကို မော့ကြည့်ပါနော် ကြယ်တွေဘယ်လောက်တောင် လှလိုက်လဲ ကျယ်ပြောလှတဲ့ ကောင်ကင်ကြီးမှာ အပြိုင်အဆိုင် ထွန်းလင်းနေကြတယ် ကြယ်လေးတွေက လမင်းကြီးလောက် မကြီးပေမယ့်လည်း သူတို့လေးတွေဆက်လက် လင်းလက်နေကြဆဲလေ အဲ့လိုဘဲ တို့တွေရဲ့ ဘဝမှာ ကိုယ်ပိုင်အလင်းရောင်လေးတွေ ရှိတယ် တစ်ခါတစ်ရံမှာ သူကတော့ အရမ်းလင်းလက်နေပြီး ငါကျတော့ ဘာလို့ အဲ့လိုမဖြစ်ရတာလဲလို့ တွေးပြီး သိမ်ငယ်တတ်ကြတယ် အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ကိုယ်ပိုင် အလင်းရောင်လေးကို မေ့သွားကြတယ် ကလေးငယ်အနေနဲ့ အဲ့လိုအခြေအနေမျိုး ကြုံလာရတဲ့အခါ ည ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါနော် ကြယ်လေးတွေကလည်း လမင်းကြီးလောက်မကြီးပါဘူးနော် ဒါပေမယ့်လည်း သူတို့လေးတွေ ဆက်လက် ထွန်းလင်းနေဆဲပါဘဲ သူတို့လေးတွေမှာလည်း ကိုယ်ပိုင် အလှတရားရှိပါတယ်နော်✨ ဒီညတော့ ကလေးငယ် အေးချမ်းစွာ အိပ်စက်အနားယူပါကွယ်🌃🌟

  • 20 янв.586из tharhtoobeuniquecommunity

    များများတော့ မတောင်းတမိဘူး... ကျောတစ်ခင်းစာ...အိပ်စက်ခွင့်ရမဲ့, လုံခြုံတဲ့နေရာ... နေ့ရက်တိုင်း ဖူလုံစွာ စားသောက်ခွင့်ရမယ်... အထိုက်အလျောက် လေ့လာလည်ပတ်နိုင်ရမယ်... ကိုယ့်အတွက်ရော ဘေးကလူတွေအတွက်ရော အကျိုးရှိမဲ့အရာလေးတွေကို လုပ်သွားမယ်... မြေတောင်မြှောက်သွားပေးမယ်... ကိုယ်နိုင်တဲ့ အရာတွေပေးမယ်... မနိုင်တာတွေကို နိုင်သူတွေဆီလွဲပေးမယ်... ကိုယ့်အတွက် အမှန်တကယ် တန်ဖိုးဖြည့်တဲ့ လူတွေ, အရာတွေနဲ့ သာ ကာရံလိုတော့တယ်... ခိုင်မာတဲ့ ဆက်ဆံရေးအသိုက်အမြုံလေးရှိမယ်... ဘ၀အတွက် လိုအပ်တဲ့ ဘ၀ပညာရေး စာပေတွေကိုဆက်လက်လေ့လာမယ်... ကိုယ့်ဘ၀မှာ ကိုယ့်ကို နားလည်ပေမဲ့ သူနဲ့ လက်တွဲသွားဖြစ်မယ်...။ အပြိုင်အဆိုင်ကင်းပြီး ကိုယ့်ရဲ့ဦးတည်ချက်, ရပ်တည်ချက်လေးနဲ့ သူမတူစွာ ဆက်လက်ရပ်တည်သွားမယ်...။ ကိုယ့်ရဲ့တာ၀န်ကို အတတ်နိုင်ဆုံးယူပြီး ဖြစ်လာသမျှ ဇွဲမလျှော့တမ်း ရင်ဆိုင်ရုံမှအပ အခြားမရှိတော့ဘူးလို့ပဲ မြင်မိပါတယ်...။ 🍁🌻☘️ @TharHtooBeUnique @BUNIQCoaching

  • "The Golden Path" ​Golden leaves upon the ground, A peaceful world without a sound. Warmth of sun and breeze so light, Everything feels soft and bright. ​One step here, another there, Springtime magic in the air. Letting go of what is past, Finding beauty that will last.

Chill With Mocha — tgindex