- Последний пост
- 11 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 52
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 7
- 1/48двое суток
- 8
- 1/72трое суток
- 8
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အခု Ads Post မှာ ပါချင်ရင် @DayATeamBot ကို “Ads” ဆိုပြီးပို့ပေးလိုက်ပါ ViP✨ မောင်သုတ ရှားမှ ရှားတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး မောင်စူးစမ်း သိပ္ပံနဲ့ သင်္ချာချစ်သူများအတွက် ကွက်တိ Glow Up Tip 𝐓𝐡𝐞 𝗚𝐫𝛐𝞈𝐭𝐡 𝐡𝐮ḃ🤎 Story MR channal for you! Knowledge and moti channel Knowledge 🧠and Feel text🫀 Motivation zone 🍀Knowledge Hub!!🍀 ကဗျာ၊စာပေ၊စာတို၊Vlog ရစ်ကြိုးငယ်ရဲ့ကဗျာရိပ်မြုံ စာပေ သုတ ရသ သုတရသကမ္ဘာ Education Golden Academy of Education 𝐀𝐋𝐓𝐑𝐔𝐈𝐒𝐌 Movie Movie ViP✨ မောင်သုတ ရှားမှ ရှားတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး မောင်စူးစမ်း သိပ္ပံနဲ့ သင်္ချာချစ်သူများအတွက် ကွက်တိ New channel=⭕️ Spv-Poyo Total Ch-12 Total type-8 Version-2.0 @TheAdsBurma #DayA1+A
အခု Ads Post မှာ ပါချင်ရင် @DayATeamBot ကို “Ads” ဆိုပြီးပို့ပေးလိုက်ပါ ViP✨ မောင်သုတ ရှားမှ ရှားတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး မောင်စူးစမ်း သိပ္ပံနဲ့ သင်္ချာချစ်သူများအတွက် ကွက်တိ Glow Up Tip 𝐓𝐡𝐞 𝗚𝐫𝛐𝞈𝐭𝐡 𝐡𝐮ḃ🤎 Story MR channal for you! Knowledge and moti channel Knowledge 🧠and Feel text🫀 Motivation zone 🍀Knowledge Hub!!🍀 Knowledge Sharing by Hein😍💌 𝗖𝗵𝗶𝗹𝗹 𝗦𝗽𝗮𝗰𝗲⭕️ ကဗျာ၊စာပေ၊စာတို၊Vlog ရစ်ကြိုးငယ်ရဲ့ကဗျာရိပ်မြုံ Music & lyrcis Channels Music Love Music Crazy စာပေ သုတ ရသ သုတရသကမ္ဘာ ♡𝑷𝒐𝒆𝒕𝒓𝒚 𝒁𝒐𝒏𝒆 ✿ ကလောင်တံ Education Golden Academy of Education 𝐀𝐋𝐓𝐑𝐔𝐈𝐒𝐌 Movie Movie မြန်မာဇာတ်လမ်းတွဲများ ViP✨ မောင်သုတ ရှားမှ ရှားတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး မောင်စူးစမ်း သိပ္ပံနဲ့ သင်္ချာချစ်သူများအတွက် ကွက်တိ New channel=⭕️ Spv-Poyo Total Ch-19 Total type-11 Version-2.0 @TheAdsBurma #DayA1+A
"𝗥𝗮𝗶𝗻 𝗼𝗻 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁 𝗣𝗹𝗮𝗻𝗲𝘁𝘀" 𝗘𝗮𝗿𝘁𝗵 ဆိုတဲ့ ကမ္ဘာဂြိုဟ်တင်မက ကျန်တဲ့ ဂြိုဟ်တွေမှာပါ မိုးရွာတယ်လို့ ပညာရှင်တွေက ဆိုပါတယ် ရေချည်းပဲတော့ မဟုတ်တာကြောင့် ဂြိုဟ်တွေရဲ့ လက္ခဏာအပေါ်မူတည်ပြီး ရွာချတဲ့ ပစ္စည်းတွေက မတူညီပါဘူး 𝗘𝗮𝗿𝘁𝗵 - အရင်းနှီးဆုံးဂြိုဟ်ကြီးမို့ မိုးရေ ရွာချတာ သိပြီးသားပါ 𝗦𝗮𝘁𝘂𝗿𝗻 - သူကတော့ နည်းနည်း လိုချင်တပ်မက်ဖွယ်ကောင်းပါတယ် စိန်တွေ ကို ရွာချတာဖြစ်ပါတယ် ဒါပေမယ့်လည်း နှုန်းနဲ့ အရှိန်က ရှိသေးတာမို့ သွားဖမ်းခွင့်ရရင်တောင် 𝗡𝗲𝘄𝘁𝗼𝗻 လို ပန်းသီးကျပြီး 𝗟𝗮𝘄 ထွင်နိုင်မယ့်အစား စိန်မှန်ပြီး ဘဝပြောင်းမှာပါ xD 𝗩𝗲𝗻𝘂𝘀 - အက်စစ်မိုး ရွာချတာပါ အတိအကျပြောပြရရင် ဆာလဖျူရစ်အက်စစ် (𝗦𝘂𝗹𝗽𝗵𝘂𝗿𝗶𝗰 𝗔𝗰𝗶𝗱) ဒါပေမယ့် အဲ့အက်စစ်တွေက မြေကြီးအထိ မရောက်ပါဘူး ဒါကြောင့် မြေမထိတဲ့အက်စစ်မိုးလို့ ဆိုနိုင်ပါတယ် 𝗘𝘅𝗼𝗽𝗹𝗮𝗻𝗲𝘁 𝗛𝗗 189733𝗯 - ဖန်တွေ ရွာချတယ်လို့ ယူဆနိုင်တယ်ဆိုပြီး ပညာရှင်တွေက ပြောထားကြသလို သက်သေလည်း ရှိတယ် ပြောပြန်ပါတယ် သူက အရမ်းအပူချိန်များတာမို့ တစ်ခုခု ဓါတ်ပြုတာမျိုးဖြစ်ပြီး ဖန်ရွာသွန်းတာလို့ 𝘃𝗵 တော့ ထင်ပါတယ် ဒါလေးကတော့ 𝗦𝘂𝗯𝘀 တို့ ဗဟုသုတ သွားရှာပြီး ပြန်ရေးထားတာလေးပါ သိပ္ပံနဲ့ပတ်သက်တဲ့ 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 မေးခွန်းတွေ မေးလာတဲ့အခါ ဖန်က ဘယ်မှာရွာပြီး စိန်က ဘယ်မှာရွာလဲဆိုတာနဲ့ အက်စစ်မိုးက ဘယ်ဂြိုဟ်မှာ ရွာတယ်ဆိုတာကို သိရှိသွားမှာဖြစ်ပါတယ် #vh #chillin #rain #planets
သြဂုတ်လကို ရောက်လို့လာပြန်ပါပြီ တဖန် ဒီတစ်ခေါက်တော့ အချိန်အကြောင်းမပြောတော့ပါဘူး ရိုးနေပြီထင်လာလို့ xD ဒီနေ့တော့ စာနဲ့ပတ်သက်တာလေး ပြောပြမှာပါ 𝗦𝘂𝗯𝘀 တို့တစ်ခါတစ်လေကျရင် စာလုပ်ပေမယ့် စာက ခေါင်းထဲ တော်တော်နဲ့ မဝင်သလိုဖြစ်တယ် ပြီးရင်လည်း တစ်ရက်လောက်ကြာရင် ပြန်ထွက်သွားတယ် အဲ့လိုဖြစ်ဖူးမယ်ထင်ပါတယ် စိတ်တိုစရာပါပဲ ငါအချိန်အကြာကြီးပေးပြီး စာကျက်ထားတာတောင် စာက ခေါင်းထဲမစွဲဘူးလို့ ထင်ကောင်းထင်နိုင်မှာပါ အဲ့တာက တကယ်တော့ အဆန်းကြီးမဟုတ်သလို ကိုယ့်ရဲ့ ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတာလည်း မဟုတ်ပြန်ပါဘူး ခက်ခဲတဲ့စာမေးပွဲတွေမှာ အမှတ်ကောင်းနေတဲ့သူတွေက စာကို တစ်ခေါက်ပဲ အချိန်အကြာကြီးပေးပြီး ကျက်လို့ မှတ်မိတာကြောင့် အမှတ်ကောင်းတယ်ထင်ရင်တော့ မှားဖို့ % များပါတယ် အဓိက က စာကို မြန်မြန်ကျက်ပြီး မြန်မြန်မှတ်မိချင်တာထက် ဘယ်လောက်ထိ ပြန်ပြန်နွေးနိုင်လဲဆိုတာပေါ် မူတည်ပါတယ် "𝗔𝗰𝘁𝗶𝘃𝗲 𝗥𝗲𝗰𝗮𝗹𝗹𝗶𝗻𝗴 & 𝗥𝗲𝗽𝗲𝗮𝘁𝗲𝗱 𝗣𝗿𝗼𝗰𝗲𝘀𝘀" 𝘄𝗶𝗹𝗹 𝗴𝗲𝘁 𝘆𝗼𝘂 𝗵𝗶𝗴𝗵 𝗺𝗮𝗿𝗸𝘀. မေးခွန်းတွေကို ပြန်မနွေးကြည့်ဘဲ ဖြေကြည့်မယ် ဘယ်လောက်ထိ ပြန်မှတ်မိလဲဆိုတာ စမ်းသပ်မယ် အချိန်ဇယားအရ ပြန်ပြန်ပြီး စာနွေးမယ် တွက်မယ်ဆိုရင် အမှတ်ကောင်းနေမှာက အသေအချာပါပဲ အချိန်ကတော့ ပေးရပါတယ် သေချာပေါက် ကျောင်းသားဘဝက လွယ်ကူပြီး စာနည်းနေတဲ့ အချိန်ကတော့ ပြဿနာမရှိပါဘူး စာများလာတဲ့အခါ ပုံမှန်လုပ်ဖို့က သေချာပေါက်ကို လိုအပ်လာပါပြီ စာတစ်ခေါက်ကျက်ပြီး ဖြေခါနီးအထိ မှတ်မိဖို့က မလွယ်တာမို့ စာကျက်ပျင်းလည်း ခေါင်းထဲစွဲအောင် ထပ်ခါထပ်ခါ လေ့ကျင့်ရမှာပါပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေမှာ ဒါက အရမ်းအရေးကြီးပါတယ် အမြဲတမ်းထိတွေ့နေမှသာ အမှတ်ကောင်း မှန်းနိုင်မှာပါ နောက်တစ်ခုက စာလုပ်ချိန်များတာကြောင့် သူများထက် စာပိုရသွားတယ်ဆိုတဲ့ဟာက မှားနေတယ်လို့ ဆိုနိုင်တယ်လို့ ဆောင်းပါးအများစုက ဖော်ပြပါတယ် လူတစ်ယောက်ရဲ့ ဦးနှောက်လည်း တစ်နေ့တာအတွက် 𝗶𝗻𝘁𝗮𝗸𝗲 𝗹𝗶𝗺𝗶𝘁 ရှိနိုင်ပါတယ် စာ (၈) နာရီလုပ်ပြီး အဲ့ (၈) နာရီအတွင်း စာချည်းကိုပဲ အာရုံစိုက်ဖို့ဆိုတာက ခက်ခဲလွန်းပါတယ် အကြောင်းအရာတစ်ခုခုကို တွေးမိကောင်း တွေးမိနိုင်မယ် စာသာလုပ်နေပေမယ့် အာရုံက တစ်ခြားစီ ရောက်နေနိုင်မယ် စာကို (၃) နာရီပဲလုပ်ပြီး အဲ့ (၃) နာရီအတွင်း အာရုံမလွဲဘဲ 𝗳𝗼𝗰𝘂𝘀 လုပ်နိုင်ရင် (၈) နာရီဆိုပြီး အချိန်ပေးစရာ မလိုပါဘူး 𝗦𝘂𝗯𝘀 အဲ့တာကြောင့် နာရီပေါင်း ဘယ်လောက်လုပ်တာထက် လုပ်တဲ့ နာရီအတွင်း အာရုံ ဘယ်လောက်စုစည်းနိုင်လဲဆိုတာက စကားပြောသွားပါတယ် ဒါကတော့ 𝘃𝗵 ရှာထား၊ တွေ့ထားတဲ့ အကြောင်းအရာတွေကို ရေးသားထားတာဖြစ်ပါတယ် 𝘃𝗵 ကိုယ်တိုင်လည်း အသုံးချဖို့ ကြိုးစားနေဆဲမို့ 𝗹𝗲𝘁'𝘀 𝘁𝗿𝘆 𝘁𝗼𝗴𝗲𝘁𝗵𝗲𝗿 𝘀𝘂𝗯𝘀!!! #vh #chillin #studying
𝗜'𝗹𝗹 𝗯𝗲 𝗿𝗲𝘀𝘁𝗶𝗻𝗴 '𝘁𝗶𝗹𝗹 𝗔𝘂𝗴𝘂𝘀𝘁. 𝗜 𝗸𝗻𝗼𝘄 𝗶 𝗵𝗮𝘃𝗲𝗻'𝘁 𝗯𝗲𝗲𝗻 𝗽𝗼𝘀𝘁𝗶𝗻𝗴 𝗺𝘂𝗰𝗵, 𝗜 𝗵𝗮𝘃𝗲 𝗺𝘆 𝘀𝗶𝗻𝗰𝗲𝗿𝗲 𝗮𝗽𝗼𝗹𝗼𝗴𝘆 𝗳𝗼𝗿 𝘀𝘂𝗯𝘀. #vh #chillin
𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗮𝘁𝗶𝗼𝗻: 𝗩𝗶𝘀𝘂𝗮𝗹 𝗩𝗲𝗻𝘁𝘂𝗿𝗲 𝘃𝗵 လိုမျိုး အင်တာနက်ပေါ်က 𝗗𝗲𝗮𝗱 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗧𝗵𝗲𝗼𝗿𝗶𝗲𝘀 တွေ 𝗨𝗻𝘀𝗼𝗹𝘃𝗲𝗱 𝗠𝘆𝘀𝘁𝗲𝗿𝗶𝗲𝘀 တွေ 𝗕𝗶𝘇𝗮𝗿𝗿𝗲 𝗦𝘁𝗼𝗿𝗶𝗲𝘀 တွေ စတာတွေကို စိတ်ဝင်တစား ကြည့်တတ်ရင်တော့ ဒီ 𝗖𝗵𝗮𝗻𝗻𝗲𝗹 လေးက 𝗦𝘂𝗯𝘀 တို့အတွက် နေရာကောင်းလေးတစ်ခုဖြစ်မှာပါ သူက 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 𝗣𝗼𝗱𝗰𝗮𝘀𝘁 𝗧𝘆𝗽𝗲 မို့ 𝘃𝗶𝗱𝗲𝗼 အများစုက ရှည်ပါတယ် စိတ်ဝင်စားဖို့ကောင်းအောင် 𝗖𝗼𝗻𝘁𝗲𝘅𝘁 ကို ပြောတတ်တာမို့ ကြည့်ရတာတော့ တန်ပါတယ် 𝘃𝗵 က သူ့အသံအနေအထားကို ကြိုက်တာမို့ တစ်ခါတစ်လေကျ ဖွင့်ပြီး အိပ်ပျော်သွားလေ့ရှိပါတယ် xD မကြိုက်တဲ့အချက်လေးလည်း ရှိပါသေးတယ် 𝗦𝘂𝗯𝘀 တို့ကို အရှိအရှိအတိုင်းပဲ ရေးနေကြမို့ အားနည်းချက်လေး မဖုံးကွယ််နိုင်ပါဘူး သူ့အားနည်းချက်က "ပုံကြီးချဲ့ခေါင်းစဥ်တပ်တာ၊ 𝗶𝗻𝘁𝗿𝗼 ဝင်တာ" ဥပမာပြောပြရရင် ပြည်နယ်တစ်ခုမှာ ကြောင်တွေ အကုန်ပျောက်တယ်ထားပါတော့ ကြောင်ပျောက်တာရဲ့ အကြောင်းအရင်းက ကြောင်တွေကို ခိုးယူပြီး တစ်ခြားတစ်နေရာမှာ ပြန်ရောင်းစားဖို့ ခိုးယူတာကြောင့်ဆိုရင် သူက ပုံကြီးချဲ့ပြီးတော့ အဲ့ပြည်နယ်မှာ ကြောင်တွေကိုပဲ သတ်စားတဲ့လူရှိသလိုလို ဇာချဲ့တတ်တာပါ 𝗔𝗻𝗻𝗼𝘆𝗶𝗻𝗴 ဖြစ်ပေမဲ့ ကျန်တာအဆင်ပြေပါတယ် #vh #chillin #ytrecommendations
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 သစ်တောစိမ်း(Ferrea) Knowledge Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series K-Drama Job Seeker ရန်ကုန်အလုပ်အကိုင် Spv - Kim Total Ch - 13 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 တွေ 𝗿𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱 မပေးရတာကြာပြီဆိုတော့ အဲ့တာလေး ပြန်ပေးပါမယ် 𝘃𝗵 တစ်ယောက်လည်း လူလျော့မှ 𝗖𝗵𝗶𝗹𝗹 𝗦𝗽𝗮𝗰𝗲 အတွက် အသိတရားပြန်ဝင်လာပါတယ် ;") နှစ်ရက်အတွင်း နှစ်ယောက် သုံးယောက်ဆိုတော့ လန့်သွားပါပြီ xD 𝘃𝗵 ကတော့ 𝗬𝗼𝘂𝗧𝘂𝗯𝗲 နဲ့ပဲ အရင်းနှီးဆုံးဆိုတော့ 𝗬𝗼𝘂𝗧𝘂𝗯𝗲 ပဲ 𝗿𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱 ပေးလို့ရမှာပါ ;" နောက်ပိုင်းတွေ 𝘃𝗵 တစ်ယောက် နယ်ချဲ့လာရင်တော့ ပိုကျယ်ဝန်းတဲ့နယ်ပယ်ကိုပါ အသားပေးသွားပါမယ် 𝗜𝗻𝘀𝗼𝗺𝗻𝗶𝗮 ရှိတာလည်း မဟုတ်ဘဲ မအိပ်တာများပြီး အအိပ်မက်နေတာမို့ 𝗖𝗵𝗶𝗹𝗹 𝗦𝗽𝗮𝗰𝗲 အတွက် 𝘀𝗰𝗵𝗲𝗱𝘂𝗹𝗲 တောင် ကြက်ပျောက် ငှက်ပျောက် ;") ကိုယ်အဆင်ပြေတာလေးနဲ့ လုပ်ရမယ်ဆိုရင်တော့ 𝗿𝗲𝘀𝗲𝗮𝗿𝗰𝗵 ကို အများအပြားလုပ်စရာမလိုဘဲ 𝗬𝗮𝗽𝗽𝗶𝗻𝗴 ပိုများတဲ့ 𝗣𝗼𝘀𝘁 တွေ တင်မယ်ဆိုရင်တော့ နှစ်ရက် တစ် 𝗣𝗼𝘀𝘁 လောက်တော့ ကြိုးစားလို့ရမယ်ထင်ပါတယ် နွေရာသီမှာ ကြိုးစားထားတဲ့ 𝗦𝘂𝗯𝘀 တွေ အများကြီးမတိုးရင်တောင် မလျော့ချင်တာမို့ ပြန် 𝗹𝗼𝗰𝗸 𝗶𝗻 ရတော့မယ်ထင်ပါတယ် 𝗦𝘂𝗯𝘀 တို့ရေ ;") ဒါကတော့ ဒီတိုင်း မတင်ရတာကြာနေလို့ ရေလာလောင်းပေးတာပါ 𝗖𝗵𝗶𝗹𝗹 𝗦𝗽𝗮𝗰𝗲 ကို 𝗛𝗮𝘃𝗲 𝗮 𝗻𝗶𝗰𝗲 𝗱𝗮𝘆, 𝗦𝘂𝗯𝘀!!! #vh #chillin
"𝗪𝗵𝗲𝗻 𝘁𝗵𝗲 𝗽𝗼𝘄𝗲𝗿 𝗼𝗳 𝗹𝗼𝘃𝗲 𝗯𝗲𝗮𝘁𝘀 𝘁𝗵𝗲 𝗹𝗼𝘃𝗲 𝗼𝗳 𝗽𝗼𝘄𝗲𝗿, 𝘁𝗵𝗲 𝘄𝗼𝗿𝗹𝗱 𝗸𝗻𝗼𝘄𝘀 𝗽𝗲𝗮𝗰𝗲." သတင်းတွေတက်လာတာ ကြားပြီးလောက်ပြီ ထင်ပါတယ် 𝗡𝗲𝘄 𝗬𝗼𝗿𝗸 𝗘𝗺𝗽𝗶𝗿𝗲 𝗦𝘁𝗮𝘁𝗲 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 ရဲ့အပေါ်ဆုံးအထိ တက်ပြီး 𝗣𝗿𝗼𝘁𝗲𝘀𝘁 𝗮𝗻𝗱 𝗣𝗿𝗼𝗽𝗼𝘀𝗮𝗹 လုပ်ခဲ့တာ 𝘃𝗵 အမြင် အရမ်း တန်ဖိုးရှိလွန်းပါတယ် "ချစ်ခြင်းမေတ္တာရဲ့ အင်အား" က "အာဏာကို မက်မောချစ်မြတ်နိုးခြင်း" ဆိုတဲ့ အရာကို အနိုင်ယူနိုင်တဲ့အခါ ကမ္ဘာကြီးက ငြိမ်းချမ်းရေး အစစ်အမှန်ကို သိရှိ၊ ရရှိပါတယ် တကယ်ကိုမှန်ပြီး အဓိပ္ပါယ်ရှိတဲ့ စာသားလေးပါပဲ 𝘃𝗵 စစဖတ်ချင်း နှစ်သက်သွားတဲ့ စာလေးတစ်ခုဖြစ်နေတာကြောင့် ပြန်မျှဝေပြီး ရေးလိုက်ရပါတယ် 𝗦𝘂𝗯𝘀 တို့လည်း သိတဲ့အတိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင် "အာဏာ" ဆိုတဲ့ အရာကြောင့် "ငြိမ်းချမ်းရေး" ဆိုတာ ပျောက်လို့လာနေပါတယ် ချစ်ခြင်းမေတ္တာတရားနဲ့ 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻 ဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားက ဆက်သွယ်မှုတွေနဲ့ တည်ဆောက်ကြပြီ ကမ္ဘာကြီးကို ကောင်းမွန်အောင် လုပ်ရမဲ့နေရမှာ အခုတော့ ဆန့်ကျင်ဘက်တောင် ဖြစ်ချင်နေပါပြီ သူတို့ပေးချင်တဲ့ 𝗺𝗲𝘀𝘀𝗮𝗴𝗲 က ရိုးရှင်းသလောက် အင်အားကြီးလွန်းပါတယ် 𝗦𝘂𝗯𝘀 တို့ပဲ စဥ်းစားကြည့်ပါ အာဏာဆိုတဲ့ အရာက လူတစ်ယောက်ကို မလုပ်သင့်တာတွေကို လုပ်စေပါတယ် မဖြစ်သင့်တာတွေကို ဖြစ်စေပါတယ် တစ်နည်းအားဖြင့် တွေးကြည့်ရင် သူများဆိက အာဏာကို လိုချင်တာဖြစ်စေ၊ သူများတွေအပေါ် အာဏာပြချင်တာဖြစ်စေ ဒီလိုချင်တပ်မက်စိတ်က ချစ်ခြင်းမေတ္တာနဲ့ လားလားမှ မဆိုင်နေပါဘူး အဲ့တော့ ကောင်းမွန်တဲ့ ချစ်ခြင်းမေတ္တာကပဲ ဒီလိုချင်တပ်မက်စိတ်တွေကို အနိုင်ရသင့်ပါတယ် နောက်ထပ်တစ်ခုက 𝘃𝗵 မနေ့က 𝗭𝗮𝗰𝗵.𝗗 𝗙𝗶𝗹𝗺𝘀 မှာ 𝗩𝗶𝗱𝗲𝗼 တစ်ခုတွေ့ပါတယ် 𝗩𝗶𝗱𝗲𝗼 လေးမှာ 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁 တစ်ခုကို ပြထားတာပါ ဘာလေးလဲဆိုတော့ ဆရာမတစ်ယောက်က ကလေးတွေကို ပူဖောင်း တစ်ယောက် တစ်ခုစီပေးပြီး ကိုယ့်နာမည်တွေကို ရေးခိုင်းပါတယ် ပြီးတော့ အဲ့ပူဖောင်းတွေကို ဟောခန်းတစ်ခုထဲမှာ ချထားပြီး မွေလိုက်တဲ့အခါ ပူဖောင်းတွေက ပျံ့နှံ့ပြီး တည်ရှိသွားပါတယ် အဲ့အခါ ဆရာမက ၅မိနစ်အချိန်ပေးမယ် ပူဖောင်းကို ရှာရမယ် ၅မိနစ်ပြည့်တာနဲ့ ကိုယ့်နာမည်ရေးထားတဲ့ ပူဖောင်းကို ကိုင်ထားနိုင်ရမယ်ဆိုပြီး ပြောပါတယ် ကလေးတွေက ရှာပါတယ် ၅မိနစ်ပြည့်တဲ့အထိ ရှာမတွေ့တဲ့ကလေးတွေ ရှိနေတော့ ဆရာမက "အဲ့တာဆိုရင် ကိုယ်တွေ့တဲ့ပူဖောင်းက ကိုယ့်နာမည်မဟုတ်လည်း ပူဖောင်းပိုင်ရှင်ဆီကို ပေးပေးပါ" ဆိုပြီး နည်းလမ်းပေးပါတယ် အဲ့လိုနဲ့ ၅မိနစ်မပြည့်ခင်မှာပဲ ကလေးတွေအကုန် ကိုယ့်ပူဖောင်းကိုယ် ရကုန်ပါတယ် ပြောချင်တာက ကိုယ်က ကိုယ်တွေ့တဲ့ ပူဖောင်းကို ပိုင်ရှင်ဆီပေးရင်း ပေးရင်းနဲ့ လူစေ့ ပူဖောင်းရှိကုန်တာပါ ကိုယ့်အတွက်ပဲ ရှာမယ်ဆို အချိန်လည်း ပိုကြာပြီး အားလည်း ပိုထုတ်ရပါတယ် အများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ အချိန်ကုန် သက်သာပြီး အားစိုက်ထုတ်ရလည်း သက်သာပါတယ် ဒါက 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁 တစ်ခုတင်မဟုတ်ဘဲ အပြင်လောကမှာလည်းပဲ ဒီအရာက အသုံးချနိုင်လေ ကောင်းလေပါ ဒါကတော့ 𝘃𝗵 ဆက်စပ်ပြီး စဥ်းစားမိသွားတာပါ အဲ့တော့ ကောင်းမွန်တဲ့ပုံစံနဲ့ နေထိုင်ခြင်းက အကုန်လုံးအတွက် အကျိုးရှိတာကို ဖြစ်ရပ်နှစ်ခုလုံးက ပြောပြနေပါတယ် #vh #chillin #experimenting #protest
Grade 12 ဖြေဆိုထားသူတွေ အကုန် Result ကောင်းကြပါစေ အောင်မြင်စွာ ဂုဏ်ထူးများ ပါကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် #vh #chillin
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 ⭕️ သစ်တောစိမ်း(Ferrea) Knowledge Chill Space Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series K-Drama Game 𝗩𝗮𝗹𝗼𝗿𝗮𝗻𝘁: 𝗥𝗮𝗻𝗱𝗼𝗺 𝗣𝗼𝘀𝘁𝘀 Job Seeker ⭕️ ရန်ကုန်အလုပ်အကိုင် Spv - Kim Total Ch - 15 Total Type - 8 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 Knowledge Chill Space Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series K-Drama Game 𝗩𝗮𝗹𝗼𝗿𝗮𝗻𝘁: 𝗥𝗮𝗻𝗱𝗼𝗺 𝗣𝗼𝘀𝘁𝘀 Spv - Kim Total Ch - 14 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
𝗠𝗮𝘁𝗶𝗸𝘀 ဆိုတဲ့ သင်္ချာဂိမ်းတစ်ခု ဆော့ဖြစ်တာ ၁လ ကျော်ပြီ 𝗦𝘂𝗯𝘀 တို့ စိတ်ဝင်စားကြမလားမသိ ကြော်ငြာမတက်ဘူး ဆော့လို့ကောင်းတယ် 𝗽𝗿𝗲𝗺𝗶𝘂𝗺 𝘃𝗲𝗿𝘀𝗶𝗼𝗻 မခွဲထားသေး #vh #chillin
"𝗚𝗿𝗼𝘄 𝗯𝘆 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁𝗶𝗻𝗴" 𝗖𝗼𝗺𝗳𝗼𝗿𝘁 𝘇𝗼𝗻𝗲 ကနေ ရုန်းထွက်ပါ ရုန်းထွက်ပါ ဆိုပြီး တော်တော်များများ ပြောတာကို ကြားဖူးကြမှာပါ 𝗘𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁𝗶𝗻𝗴 ဆိုတဲ့ စမ်းသပ်ခြင်း က 𝗖𝗼𝗺𝗳𝗼𝗿𝘁 𝘇𝗼𝗻𝗲 ကနေ ဘယ်လိုရုန်းရမှန်းမသိရင် လုပ်သင့်တဲ့ အကောင်းဆုံးအရာပါပဲ အသက်ရှင်တဲ့အချိန်ကာလက လူတစ်ယောက်နဲ့တစ်ယောက်အပေါ်မူတည်ပြီး တိုတောင်းနိုင်သလို ရှည်လျားနိုင်ပါတယ် အဲ့အချိန်ကာလအပိုင်းအခြားတစ်ခုမှာ လုပ်စရာတွေက အများကြီးမှ အများကြီးရှိပါတယ် လူတွေက အမြဲတမ်း တစ်ခုမဟုတ်တစ်ခု အသစ်တွေဖန်တီးနေကျမို့ လုပ်စရာကုန်တယ်ဆိုတာတော့ မရှိလာနိုင်ပါဘူး လုပ်ဖို့အတွက်လိုအပ်တဲ့ ငွေကြေး အချိန် အခြေအနေ အစရှိသဖြင့် ပံ့ပိုးရင် ဆောင်ရွက်စရာတွေက များပါတယ် အဲ့တော့ အဲ့ မဖြစ်နိုင်သေးတဲ့အရာတွေ ဒါမှမဟုတ် ခက်ခဲနေသေးတဲ့အရာတွေကို ခဏလောက်ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်လုပ်နိုင်ပေမဲ့ ကိုယ်မလုပ်ရသေးတဲ့ ကောင်းတဲ့အရာတွေကို ရှာဖွေပြီး 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁 လုပ်သင့်ပါတယ် 𝘃𝗵 တစ်ခေါက်ဖတ်ဖူးပါတယ် အနာဂတ်မှာ ကိုယ်ဘယ်အရာကို အလုပ်အကိုင်အဖြစ် ရွေးချယ်ချင်လဲကို သေချာချင်ရင် အလုပ်အကိုင်တဲ့ပတ်သက်တဲ့ အရာတွေ စမ်းလုပ်ကြည့်သင့်ကြောင်း ဥပမာ ကိုယ်က 𝘄𝗲𝗯 𝗱𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿 ဖြစ်ရတာကို စိတ်ဝင်စားနိုင်ပေမဲ့ မ စမ်းကြည့်ဖူးတော့ စိတ်ဝင်စားမှန်းမသိနိုင်ဘူး အဲ့တာကြောင့် သင်တန်းလေးတွေ တက်ရင်းကနေမှ "ငါဒါကို ထင်ထားတာထက် ပိုကြိုက်သားပဲ" ဆိုပြီး တစ်ခုခု သိရစေမှာပါ 𝘃𝗵 အပေါ်မှာ ပြောခဲ့တာကို ပြန်ကောက်ရရင် လုပ်စရာဆိုတာ ကုန်တယ် မရှိဘူး ပြီးတော့ အခုလည်း ဆင်တူတာထပ်ပြောရရင် ရှာဖွေ့တွေ့ရှိမှုတွေက အဆုံးသတ်တယ်ရယ် မရှိပါဘူး ဥပမာ ကိုယ်မစားဖူးတဲ့အရာတစ်ခုက ကိုယ်သာစားဖူးခဲ့ရင် 𝗳𝗮𝘃𝗼𝘂𝗿𝗶𝘁𝗲 𝗳𝗼𝗼𝗱 ဖြစ်နိုင်တာမျိုး 𝗘𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁𝗶𝗻𝗴 (စမ်းသပ်ကြည့်ခြင်း) တွေက ကိုယ်တိုးတက်ဖို့အတွက်ပဲ မဟုတ်ဘဲ တစ်ခါတစ်လေကျ မျှော်လင့်ချက် ရောင်ခြည် အဖြစ် မြင်တွေ့ရနိုင်ပါသေးတယ် ပြောချင်တာက ကောင်းတာတွေ စမ်းလုပ်ကြည့်ရင်းကနေ ကိုယ်က တစ်ခုကို သဘောကျသွားရင် အဲ့တစ်ခုက ကိုယ် စိတ်ညစ်နေရင်တောင် စိတ်ညစ်တာတွေကို မေ့ဖျောက်ပေးတာမျိုး ကိုယ်က 𝗰𝗼𝗻𝘁𝗲𝗻𝘁 ရေးရတာကို စမ်းကြည့်ရင်း 𝗰𝗼𝗻𝘁𝗲𝗻𝘁 ရေးရတဲ့ အလုပ်ကို လုပ်ကြည့်ရင်းကနေ အဲ့အလုပ်က ကိုယ့်အတွက် စိတ်ထွက်ပေါက်ဖြစ်နေတာတွေက ရှိလာနိုင်ပါတယ် 𝘃𝗵 လည်း အရင်က စာရေးရတာ သိပ်သဘောမကျပါဘူး ဒီတိုင်း သူများတွေကို ကြည့်ရင်း 𝗖𝗵𝗮𝗻𝗻𝗲𝗹 ထောင်ဖို့ စိတ်ကူးရလာတာကနေမှ စာရေးရင်း ရေးရင်း နှစ်သက်လာတာမျိုး ဒါလည်း 𝘃𝗵 စမ်းခဲ့တာပါပဲ xD တန်ဖိုးရှိတဲ့ ကျောက်တွေက ကျောက်တုံးကြီးတွေကြားထဲ ပုန်းကွယ်နေသလိုမျိုး ကိုယ့်ရဲ့ အနှစ်သက်ဆုံးအရာတွေကလည်း ပုန်းကွယ်နေနိုင်ပါတယ် ရလာတဲ့ အချိန်လေးမှာ ကိုယ်မရှာဖွေရသေးတဲ့ အရာတွေ အများကြီးရှိနေနိုင်ပါတယ် ဂိမ်းဆော့တာနဲ့ ဥပမာပေးရရင် ကိုယ့်အတွက် 𝗿𝗲𝘄𝗮𝗿𝗱 ကောင်းကောင်း ရမဲ့ 𝘀𝗶𝗱𝗲 𝗾𝘂𝗲𝘀𝘁 ကို လွတ်သွားတာပါ ;") အဲ့တော့ ကိုယ်ရထားတဲ့ အချိန်လေးမှာ 𝗴𝗿𝗼𝘄 𝗯𝘆 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁𝗶𝗻𝗴 လုပ်သင့်သလို 𝗵𝗮𝘃𝗲 𝗳𝘂𝗻 𝗯𝘆 𝗲𝘅𝗽𝗲𝗿𝗶𝗺𝗲𝗻𝘁𝗶𝗻𝗴 လည်း လုပ်သင့်ပါတယ် #vh #chillin #experimenting
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 Knowledge Chill Space Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope Series/Movie Kim The Series K-Drama Game 𝗩𝗮𝗹𝗼𝗿𝗮𝗻𝘁: 𝗥𝗮𝗻𝗱𝗼𝗺 𝗣𝗼𝘀𝘁𝘀 Spv - Kim Total Ch - 13 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 Knowledge Chill Space Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope Series/Movie Kim The Series K-Drama Game 𝗩𝗮𝗹𝗼𝗿𝗮𝗻𝘁: 𝗥𝗮𝗻𝗱𝗼𝗺 𝗣𝗼𝘀𝘁𝘀 Spv - Kim Total Ch - 13 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
မနက်ဖြန်ဆို သောကြာနေ့တောင် ရောက်ပြီပဲ အချိန်တွေက မြန်လွန်းပါတယ် အရာရာက မြင်တွေ့ပြီးသား အားလုံးနီးပါးက ကြုံတွေ့ဖူးပြီးသား မြင်ဖူးနေကျအရာတွေက အသစ်အဆန်းမဟုတ်လို့ ဦးနှောက်ထဲ နေရာမယူတတ်ဘူး မနက်စာစားခဲ့ပေမဲ့ ဘာဟင်းလဲဆိုတာ စဥ်းစားရတယ် အထူးသဖြင့် ဖုန်းကြည့်ရင်ပေါ့ စားနေရတာပါပဲ နေ့တိုင်းလုပ်နေရတဲ့ အလုပ်တွေ ထွေထွေထူးထူးမရှိဘူး မနက်က ဘာဟင်းနဲ့စားလဲရဲ့ အဖြေက တန်ဖိုးမှ မရှိတာကို စကားဆက်လို့ရအောင် ပြောတဲ့စကားသာသာပဲ ရှိတာ ထွေထွေထူးထူးဖြစ်ပျက်သွားရင် အရမ်းအဆိုးကြီးမဟုတ်ရင်တောင် ဦးနှောက်က ပုံကြီးချဲ့တတ်တာလည်း ထုံးစံပဲ ထမင်းစားတာမျိုးကျ ပုံကြီးချဲ့ဖို့လောက်ထိ ထူးဆန်းမှု ရှိမနေဘူး နေ့တစ်နေ့မှာ တစ်ခုခု ကြုံခဲ့ရလို့ အဲ့အရာက ကိုယ့်စိတ်ကို သွားထိစေလို့ဆိုတာနဲ့ကို ဆိုးဆိုးမဆိုးဆိုး ပုံကြီးချဲ့တတ်တာ သဘာဝပါပဲ ဒါပေမဲ့လည်း တစ်ဖက်ကတွေးကြည့်ပြန်တော့ သူများအမြင်မှာ ပုံကြီးချဲ့သလိုပေမဲ့ ကိုယ့်အမြင်မှာကျ တကယ့်အဖြစ်အပျက် တကယ်ကို ကြီးမားတဲ့အဖြစ်အပျက်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ကိုယ့်ရဲ့အမြင်တွေတောင် ပြောင်းလဲသွားနိုင်ပါတယ် အရင်နှစ်က ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုက အချိန်ကြာလာတဲ့အခါ ပြန်တွေးကြည့်ရင် အဲ့တုန်းကလောက်ထိ ပြင်းထန်မနေဘူး အထူးသဖြင့် ကိုယ်က အခုလက်ရှိမှာ တစ်ခြားပိုကြီးမားတဲ့ ပြဿနာတစ်ခုရှိနေရင် အဲ့တော့ အဆင်ပြေမှာပါ "အချိန်တန်ရင် အဆင်ပြေသွားမှာပါ။" လူတိုင်းက ကိုယ့်လမ်းကိုယ် လျှောက်ရတာပဲလေ လျှောက်တာတောင် ရှေ့ဆက်လျှောက်ရတာမို့ အခုလတ်တလော စိတ်ဓါတ်ကျစရာတွေက နောင်တစ်ချိန်မှာ အသေးအမွှားဖြစ်နိုင်သလို ကိုယ်အဲ့လိုကနေ ရုန်းထွက်လာနိုင်ခဲ့တယ် ကျော်လွှားနိုင်ခဲ့တယ်လို့ တွေးလာရနိုင်သလို ရှိပါတယ် လတ်တလောမှာ ရှင်သန်ပါ ရှေ့ဆက်ပါ အနားယူပါ ခွန်အားပေးစကားတွေက ကြားရရင် နားထဲကန့်လန့်ဝင်တတ်တဲ့အခါရှိပေမဲ့ တစ်ခါတစ်လေကျ အားတက်ဖို့လိုတာပါပဲ လူတစ်ချို့အတွက်တော့ နှစ်သိမ့်ပေးခံရတာက ကော်ဖီပူပူနွေးနွေးလေး တစ်ခွက်ကို သောက်နေရသလိုပါပဲ ကော်ဖီပူပူနွေးနွေးလေးနဲ့ ကိုယ့်ရဲ့ပြဿနာတွေနဲ့ ပူတာခြင်းတူတာတောင် တစ်ခုက မနှစ်လိုစရာ နောက်တစ်ခုကျတော့လည်း နှစ်သက်ဖွယ်စရာ ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်တော့ မရှိပေမဲ့ 𝗖𝗵𝗶𝗹𝗹 𝗦𝗽𝗮𝗰𝗲 မှာ 𝗦𝘂𝗯𝘀 တို့ကို နားလည်ပေးနိုင်မဲ့သူတစ်ယောက်တော့ ရှိပါတယ် ဒီရက်ပိုင်း ဒီလိုတွေကလွဲ ကျန်တဲ့အရာ စာရိုက်ဖို့ လက်က လေးလံနေပါတယ် #vh #chillin
𝗠𝗮𝘆 27 ကတည်းက တကယ်ကို ပျောက်သွားတာပဲ ;") ဟိုလုပ် ဒီလုပ်နဲ့ ရှုပ်နေတာရော 𝗿𝗲𝘀𝗲𝗮𝗿𝗰𝗵 အတွက် အချိန်မပေးနိုင်တာရောမို့ မတင်ဖြစ်တာ နားလည်ပေးမယ်ထင်ပါတယ် ၆လပိုင်းထဲ ရောက်ပြီဆိုတော့ 𝗲𝗿𝗮 အသစ်တစ်ခုစပြီလို့ ဆိုရပါမယ် စိတ်ဝင်စားစရာအကြောင်းတွေ 𝗿𝗲𝘀𝗲𝗮𝗿𝗰𝗵 လုပ်တာဖြစ်ဖြစ် ဒီတိုင်း 𝘃𝗵 စိတ်ကူးနဲ့ တစ်ခုခု ရေးတာဖြစ်ဖြစ် ပြန်စပါပြီ အခုလည်း နည်းနည်း စာရှည်ချင်လို့ နှစ်ဝက်ရောက်တာကို အကျယ်တဝင့် ပြောချင်မိ xD ၆လပိုင်းဆိုတော့ ၁၂ရဲ့တစ်ဝက် နှစ်ဝက်ကုန်ပြီဆိုတာကတော့ 𝗦𝘂𝗯𝘀 တို့အသိပါပဲ အဲ့တော့ မလုပ်လိုက်ရတဲ့ အရာတွေအပေါ် မလုပ်ရသေးလို့ အားမလိုအားမရဖြစ်တဲ့ စိတ်ထက် ကိုယ်လုပ်ခဲ့တဲ့ အရာတွေအပေါ် ဂုဏ်ယူဖို့၊ စိတ်ချမ်းသာမှုရှိဖို့ကိုပဲ 𝗳𝗼𝗰𝘂𝘀 လုပ်ပါ မကောင်းတဲ့အခြေအနေတွေရှိရင်လည်း ဆက်လက်အားတင်းထားဖို့လည်း ပြောချင်ပါသေးတယ် ငါနှစ်ဝက်ကြီးကို အလကားသက်သက် ဖြုန်းလိုက်မိပြီလို့ တွေးရင် အဲ့ 𝗻𝗲𝗴𝗮𝘁𝗶𝘃𝗲 𝘁𝗵𝗼𝘂𝗴𝗵𝘁𝘀 တွေက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဒုက္ခပေးတတ်ပါတယ် အဲ့တော့ အသေးအမွှားလေးကအစ ဂုဏ်ယူပါ 𝗺𝗼𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻 လည်း မတင်တာကြာတော့ တင်ပေးပါအုံးမယ် #vh #chillin
မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree အစုံတင်ချန်နယ် စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 Knowledge Chill Space Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series ⭕️ K-Drama Game 𝗩𝗮𝗹𝗼𝗿𝗮𝗻𝘁: 𝗥𝗮𝗻𝗱𝗼𝗺 𝗣𝗼𝘀𝘁𝘀 Language Learning Fluent In Progress Let's improve with Consistency Spv - Kim Total Ch - 16 Total Type - 8 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1
"𝗚𝗲𝘁𝘁𝗶𝗻𝗴 𝗯𝗮𝗰𝗸 𝗼𝗻 𝘁𝗿𝗮𝗰𝗸 𝗔𝗦𝗔𝗣" အလုပ်တစ်ခုကို လုပ်နေကြပေမဲ့ အကြောင်းတစ်ခုခုကြောင့် တစ်ရက်လောက်ကနေ နှစ်ရက်၊ သုံးရက်လောက်အထိ အဆက်ပြတ်သွားတာ ဖြစ်ဖူးကြမယ်ထင်ပါတယ် အရမ်းအရေးကြီးတဲ့ အလုပ်ဆိုရင်၊ မပြီးပြီးအောင် လုပ်ရမဲ့အလုပ်ဆိုရင် ချက်ချင်း အချိန်ရတာနဲ့ ပြန်ဆက်ရပေမဲ့ အဲ့တာက တာဝန်မလို့ပါ တစ်ချို့အလုပ်တွေ ဥပမာ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ 𝗚𝗼𝗮𝗹𝘀 တွေကြောင့် လုပ်ရမဲ့ 𝗧𝗮𝘀𝗸𝘀 တွေကကျ တစ်ခြားတစ်ယောက်က ခိုင်းတာမဟုတ်သလို သေချာစဥ်းစားကြည့်ရင် ကိုယ်ပိုင်ဆိုင်ချင်လို့ လုပ်တာဆိုပေမဲ့ မဖြစ်မနေရ၊ မလုပ်မနေရ ဟုတ်မနေဘူး အဲ့တော့ ကိုယ့်စိတ်ထဲ မသိစိတ်ထဲ ပေါ့ပေါ့ထားတတ်တာလေးက အနည်းငယ်ရှိနေပါတယ် နေ့တိုင်းလုပ်နေရာကနေ အဆက်ပြတ်သွားတဲ့အခါ အဲ့ "ပေါ့ပေါ့လေးထားတတ်တဲ့စိတ်" ဆိုတဲ့ မသိစိတ်ထဲက အရာလေးဟာ တစ်ဖြည်းဖြည်း ကြီးမားလာတတ်ပါတယ် အဲ့အခါကျ အဆက်ပြတ်ရက်များလာလေ ပြန်ဆက်ချင်စိတ်၊ လုပ်ချင်စိတ်တွေ ကုန်ဆုံးတာက သဘာဝပါပဲ အဲ့လိုမဖြစ်အောင်၊ မဖြစ်မနေပြတ်တဲ့အချိန်ကလွဲ ပြီးတာနဲ့ ချက်ချင်းပြန်ဆက်မိအောင်၊ လုပ်မိအောင် လုပ်ဖို့ကတော့ အဓိက လိုအပ်တာ "မိမိစိတ်" ပါပဲ 𝘃𝗵 သုံးနေကျ နည်းလေးတစ်ခုကိုပြောပြရရင် "𝗧𝗮𝗸𝗶𝗻𝗴 𝗮 𝘀𝗵𝗼𝗿𝘁 𝘄𝗮𝗹𝗸" ပါပဲ အပြင်အထိသွားပြီး လမ်းလျှောက်တာမျိုးမဟုတ်လည်း အိမ်ထဲမှာပဲ လှည့်ပတ်လျှောက်တာမျိုး အဲ့လိုလျှောက်နေရင်း ဦးနှောက်ကလည်း တွေးနေရမှာပါ "ငါ့ရဲ့ 𝗚𝗼𝗮𝗹𝘀 တွေကို 𝗮𝗰𝗵𝗶𝗲𝘃𝗲 ဖို့၊ ရရှိဖို့ ဒီအရာကို မလုပ်ချင်လည်း လုပ်လိုက်တာက အကောင်းဆုံးပဲ" ဘာညာ အဲ့လိုမတွေးလည်း "ရှုပ်တယ်ကွာ လုပ်ချလိုက် ခဏလေးပဲကိုး" အဲ့လိုလေး ကိုယ့်စိတ်ကို ပြောပေးတာက ပြန်ဆက်မိစေမှာပါ 𝗚𝗲𝘁𝘁𝗶𝗻𝗴 𝗯𝗮𝗰𝗸 𝗼𝗻 𝘁𝗿𝗮𝗰𝗸 𝗔𝗦𝗔𝗣 ဖို့ဆို သုံးနေတဲ့ 𝗱𝗲𝘃𝗶𝗰𝗲 တွေကို ချပြီး လမ်းလျှောက်လိုက်တော့ ကိုယ့်အတွေးတွေကို စုစည်းဖို့ နားချိန်ရတယ်သဘောထားပါ ဒါကို 𝗯𝗮𝗰𝗸 𝘁𝗼 𝘀𝗰𝗵𝗼𝗼𝗹 ထဲ ဘာလို့ထည့်ထားလဲဆို 𝘃𝗵 တို့ စာလုပ်နေရာကနေ တစ်ရက်လောက် မလုပ်မိတာနဲ့ လုပ်စရာတွေ ပုံလာတာမို့ မလုပ်ချင်ရာကနေ တစ်ဆထက်တစ်ဆ ပုံလာတာမျိုးဖြစ်ပြီး ကိုယ့်ဟာကိုယ် စာမလုပ်ဖြစ်တော့တာမျိုးကြောင့်ပါ အဲ့အခါကျရင် ပြတ်လည်း ကိစ္စမရှိပါဘူး ပုံလာလည်း ပုံမှန်လုပ်နေကျ ပမာဏထက် နည်းနည်းစီ တစ်ရက်ချင်းစီကို ပေါင်းထည့်ပေးလိုက်ပါ ကိုယ့်အတွက် ဝန်လည်းပိုမများလာဘဲ ဖြည်းဖြည်းချင်း တိုးတာမျိုးက အလုပ်လည်း ပြီးမြောက်စေပြီး လုပ်ချင်စိတ်ပျောက်တာမျိုးကို ဖျောက်ပြီး လုပ်နေကျ 𝗣𝗮𝗰𝗲 (နှုန်း)ကို ပြန်ရစေမှာပါ ပြတ်ဖို့အကြောင်းအရင်းမရှိတော့ရင် ရက်ဆက်မလိုက်ဖို့က ကိုယ့်တာဝန်ပါ ;") အဲ့တော့ ဖြည်းဖြည်းချင်း 𝗳𝗹𝗼𝘄 𝘀𝘁𝗮𝘁𝗲 ထဲ ပြန်ရောက်အောင် ကြိုးစားတာက ကြိုးစားရမှာပါ 𝗽𝗿𝗲𝘀𝘀𝘂𝗿𝗲 မပိဖို့ 𝗯𝗮𝗹𝗮𝗻𝗰𝗲 လုပ်နိုင်ကြမှာပါ 𝗦𝘂𝗯𝘀 တို့က #vh #chillin #gettingbackontrackasap