tgindex
🦋DarDar’s Diary 🦋

🦋DarDar’s Diary 🦋

Статистика

ဤချန်နယ်သည်Knowledge Sharing အတွက်သာ ရည်ရွယ်ပါသည်ရှင့်။ မူရင်းပိုင်ရှင်များအား လေးစားစွာဖြင့်Credit ပေးပါသည်။ မိမိတို့ Content ကို မဖော်ပြစေလိုပါက (@dardar215)သို့တိုက်ရိုက် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။ချက်ချင်းပြန်ဖျက်ပေးပါ့မယ်ရှင့်❤️‍🔥

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
76
Всего постов
218
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
634
−3 за 2 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
10
40 постов
Вовлечённость
1,6%
к подписчикам
Постов в день
10,9
всогО 218
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
12
1/48двое суток
13
1/72трое суток
14

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဆယ်ကျော်သက်အရွယ်ပြီးဆုံးချိန်ကစလို့ ဒီနေရာဟာ ဒီပုံအတိုင်းဖြစ်နေတာပဲ ။ အသည်းကွဲတယ် ။ ခေတ်ပျက်တယ် ။ မသေအောင်နေဖို့ကို ဘုရားစာလိုရွတ်ပြီးမှာနေရတယ် ။ မနက်ဖြန်သာ ရှေ့ကိုသွားနေတဲ့ရထားဆို နောက်ပြန်ထိုင်စီးရင်း ဒီနေ့တွေကို ထားခဲ့ချင်တယ် ။ #sitttinaing

  • အရင်က ကိုယ့်ဖုန်းမှာပဲ ကိုယ့်အတွက်ကိုယ်ပေါ့ … အခုကတော့ သူ့ဖုန်းမှာပါ လုပ်ပေးထားတယ်။ ကျမက မိသားစုနဲ့မကြီးပြင်းရတော့ လူတွေတဦးနဲ့တဦး ဘယ်လိုချစ်ရတယ်ဆိုတဲ့ စံနှုန်းတွေ ကိုယ်တွေ့သိပ်မသိပါဘူး။ ကျမ သိသလောက်လေးတော့ … ကြိုးစားပေးပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့အတိုင်း သူများကိုလည်း ချစ်ပေးတာပါပဲ … ကြိုက်မကြိုက် … ထိုက်မထိုက်ကတော့ လူတကိုယ် စိတ်တမျိုးမို့ …။

  • ခင်ဗျား ဦးနှောက်က ခင်ဗျားကို နေ့စဉ်ဘဝမှာ နေရထိုင်ရ အဆင်တပြေဖြစ်အောင် အတော်လေးကို အကူအညီပေးထားရှာတာပါ.. ဥပမာအားဖြင့်ပေါ့.. ခင်ဗျား မျက်လုံးတွေဟာ ခင်ဗျားနှာခေါင်းကို အမြဲတမ်း မြင်နေရပါတယ်.. ဒါပေမယ့် ဦးနှောက်က အဲ့ဒါကို သတိမထားမိအောင် ဖျောက်ပေးထားတယ်.. ဒါပေမယ့် အခု သတိထားမိသွားပြီဆိုတော့ ခင်ဗျား မမြင်ချင်လဲ ခဏတော့ နှာခေါင်းကြီးကို မြင်နေရပါလိမ့်မယ်.. စ စ ချင်းတော့ ဟုတ်ရဲ့လားဟ ဆိုပြီး မျက်လုံးကိုအောက်စိုက် ကြည့်မိနေလိမ့်မယ်.. မမြင်ရပါဘူး ဆိုပြီး နှာခေါင်းကို ပွစိပွစိ လုပ်ကြည့်မယ်.. အဲ့ကျမှ ဟုတ်တယ်ဟ ဆိုပြီး စိတ်ညစ်သွားမယ်.. မြင်ကွင်းအလယ်ကောင်တည့်တည့်မှာ ရုတ်တရက်ကြီး နှာခေါင်းတစ်ခု ကန့်လန့်လာခံနေတာ ဘယ်နည်းနဲ့မှ အဆင်မပြေဘူးလေ.. ဟုတ်တယ်မလား.. ဒီကြားထဲ.. ခင်ဗျားဟာ တံတွေးမြိုချတိုင်း မြိုချတိုင်းမှာ နားအတွင်းထဲကနေ အဲ့မြိုချတဲ့အသံကို ကြားနေရသေးတယ် ဆိုတာကိုပါ အခု ထပ်ပြီး ဖတ်လိုက်မိပြန်ပြီ.. အဲ့ဒီ့အသံကိုလဲ ဦးနှောက်က သတိမထားမိအောင်ဖျောက်ပေးထားတယ်.. ဒါပေမယ့် အခု တံတွေးမြိုချကြည့်တော့ “ယဏု” ဆိုတဲ့ အသံမျိုးလေး ကြားလိုက်ရတယ်.. ပြီးတော့ ပြန်ဖျောက်လို့မရတော့ပြန်ဘူး.. မြိုချတိုင်းကို ကြားနေရတော့တာ.. အခုဆို မြင်ကွင်းထဲ နှာခေါင်းကြီးကွယ်နေရတဲ့အထဲ ခင်ဗျားနားထဲမှာလဲ တံတွေးမြိုချတဲ့အသံက လာဆူညံနေပြန်ပြီ.. အေး.. အဲ့မှာ နောက်ထပ် ဦးနှောက်က ခင်ဗျားစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ဖုံးဖုံးဖိဖိလုပ်ပေးထားတဲ့ နောက်တစ်ချက်ကို သွားသတိထားမိပြန်တယ်.. တခြားမဟုတ်ဘူး.. လျှာ.. အရာအားလုံးဟာ အနားယူရင် ကမ္ဘာမြေဆွဲအားရှိရာ အောက်ဖက်ကို လှဲလျှောင်းအနားယူတယ် ဆိုပေမယ့် လျှာက ဘာမှမလုပ်ပဲ နားနေတဲ့အချိန်ဆို အပေါ်ကို တက် ကပ်ပြီး အနားယူတာ.. အဲ့ဒီ့တော့ ခင်ဗျားလျှာဟာ ခင်ဗျားအာခေါင်နဲ့ အမြဲတမ်းထိနေတယ်.. ဒါပေမယ့် အဲ့လိုထိနေတာကို အခုမှ သတိထားမိတာ.. ဟုတ်လို့လားဆိုပြီး လျှာကို လှုပ်စိလှုပ်စိလုပ်ကြည့်လိုက်တော့ အာခေါင်က ယားသွားတယ်.. အဲ့မှာ တံတွေးမြိုချတယ်.. “ယဏု” တဲ့.. နှာခေါင်းကြီးကလဲ မြင်နေရသေးတယ်.. ဒါပေမယ့် အာခေါင် ယားတာက တော်ပါသေးတယ်.. မဟုတ်လဲ လူဟာ အမြဲတမ်း တစ်နေရာမဟုတ် တစ်နေရာမှာ ယားနေတတ်ကြတာလေ.. ဆိုတော့ ခင်ဗျား အတွေးထဲမှာ “ဘယ်မှာယားလို့လဲ” ဆိုပြီး သတိထားကြည့်ကြည့်လိုက်ချိန်မှာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ တကယ်ပဲ ယားယံနေတယ်ဆိုတာ သိလိုက်ရတယ်.. မိုးတွေလဲ ရွာနေတော့ လူက နေရထိုင်ရတာ စိုတိစိုစွတ်ဖြစ်နေတဲ့အထဲ ယားကလဲယားနေရတာ ဘယ်အဆင်ပြေပါ့မလဲ.. ဒါပေမယ့်သေချာစဉ်းစားကြည့်လိုက်တော့.. မိုးရေထိလို့ စိုတိစိုစွတ်ဖြစ်တာကမှ ခဏနေ သုတ်လိုက်ရင် ခြောက်သွားသေးတယ်.. ခင်ဗျား ကိုယ်ထဲက အရိုးတွေဆို အမြဲတမ်း စိုတိစိုစွတ်ဖြစ်နေတာ.. အဆင်ပြေတဲ့ သောကြာနေ့ညနေပိုင်းလေးဖြစ်ပါစေဗျာ.. 🙂

  • သူတို့စောင့်ရှောက်ပေးနေတာကိုအိမ်မက်နဲ့ပြပေးတာ။ မြေစောင့်ဘီလူး လားတင်းပုတ်ထမ်းထားတဲ့အစောင့်တကယ်ရှိပါတယ်။ အဲဒီလိုအိပ်မက်တွေ ဆက်တိုက်မက်ပြီးနောက် တဖြည်းဖြည်းနဲ့ အလုပ်အကိုင် သတင်းကောင်းတွေ စပြီးထူးခြားလာတယ် ထူးခြားတဲ့အိမ်မက်တွေဆက်တိုက်မက်ပြီး အဆင်ပြေလာပါတယ်။ အလုပ်ကောင်းရတဲ့အပြင် စီးစရာကား၊ ကားဆီဖိုး၊ အင်တာနက်လိုင်းဖိုး၊ ဖုန်းဘေလ်၊ Laptop၊ iPhone၊ အဝတ်အစားဖိုးနဲ့ အကျိုးရှိတာတွေ သုံးဖို့အတွက် အပိုငွေတွေပါပေးတယ်။ ဒါတွေဟာ ဘာသာရေးလုပ် ဆုတောင်းမေတ္တာပို့ခဲ့တဲ့ လက်တွေ့အကျိုးပေးတာတွေပါ။ ဒါကြောင့် ကိုယ့်ကံကို ကိုယ်တိုင်မြှင့်တင်ရမယ်။ ကိုယ်တိုင်ကုသိုလ်လုပ်ရမယ်။ ဆရာသမား များရဲ့အထောက်အပံ့ အကြံ့အဉာဏ်လည်းယူရမယ် ဘာယတြာလေး ချေရမလဲ၊ ဘာဂါထာလေး ရွတ်ရမလဲ၊ ဘယ်ဘုရားမှာ ဘယ်နေ့မှာ ဘာကုသိုလ်လေးတွေလုပ်ရမလဲ၊ ဘာတွေ ကပ်လှူရမလဲဆိုတာတွေကို ကိုယ့်ထက် ပိုသိတဲ့သူ၊ ယုံကြည်ရတဲ့ ဆရာသမားတွေထံမှာ မေးမြန်းပြီး လမ်းညွှန်မှုယူပါ။ ကုသိုလ်လုပ်ရမှာကတော့ ကိုယ်တိုင်ပါ။ မေတ္တာပွားရမှာက ကိုယ်တိုင်ပါ။ စိတ်ကိုပြုပြင်ရမှာက ကိုယ်တိုင်ပါ။ ကိုယ့်ဘဝကောင်းဖို့ သူများကိုပဲ အားကိုးနေလို့လည်းမရပါဘူး ကိုယ့်ကံကို ကိုယ်တိုင်ကောင်းအောင် ပြုပြင်ရမှာပါ။ ဘာသာရေးမလုပ်ပဲ ယတြာတွေချည်းလုပ်နေလို့လည်းမရပါဘူး လိုင်းပေါ်ကရောင်းသမျှအဆောင်ပစ္စည်းတွေဝယ်ပြီး ရောင်းတဲ့သူသာချမ်းသာသွားတယ် မိမိကပိုမွဲလာတာမျိုးတွေလည်းတွေ့ဖူးပါတယ်။ Sandar Hatton

  • ကိုယ့်ရဲ့ဘုန်းကံကို ကိုယ်တိုင်မြှင့်ရတယ်။ ဘုန်းကံမြင့်ချင်ရင် မိမိကိုယ်တိုင် ဘာသာရေးလုပ်ပြီး ကိုယ့်ကံကို ကိုယ်တိုင်မြှင့်တင်ရမှာပါ။ သူများက ကုသိုလ်ပြုလုပ်ပုံတွေကို လမ်းညွှန်ပေးနိုင်ပါတယ်။ ဘာလုပ်သင့်တယ်၊ ဘာရှောင်သင့်တယ်ဆိုတာ အကြံပေးနိုင်ပါတယ်။ တခြားသူက ကိုယ့်အစား ကိုယ့်ကံကို မြင့်တင်ပေးလို့မရပါဘူးနော်။ တခြားသူက ကိုယ့်ဘုန်းကံကို မြှင့်ပေးလို့ရတယ်ဆိုရင် ဘုရားရှင်ရဲ့ တရားတော်နဲ့ ဘယ်လိုကိုက်ညီမလဲဆိုတာ ပြန်စဉ်းစားကြည့်ကြပါ။ ဘုရားရှင်တောင် ​ဘုန်းကံမြင့်အောင်လုပ်ပေးခဲ့လို့လား ဘုရားရှင်ကလမ်းပြပေးခဲ့တာပါ။ ကံဆိုတာ ကိုယ်လုပ်တာ ကိုယ်ခံရတာပါ။ ကံညံ့နေတယ်လို့ ကိုယ်တိုင်ခံစားနေရရင် ဘာသာရေးကို ပိုလုပ်ပါ။ ဘုရားရှိခိုးပါ။ ဂုဏ်တော်တွေကို များများ ပွားများပါ။ ပုတီးစိပ်ပါ။ တရားမှတ်ပါ။ ကုသိုလ်ကောင်းမှုတွေ များများပြုလုပ်ပါ။ ရဟန်းသံဃာတော်တွေကို သင်္ကန်းကပ်လှူပါ။ အိမ်ကဘုရားကို ရေသပ္ပါကုသိုလ်ပြုပါ။ ရောင်တော်ဖွင့်ပေးပါ အဓိန်ဌာန်ပုတီးစိပ်ပါ။ ဘုရားစေတီပုထိုးတွေကိုသွားရောက်ဖူးမြော်ရေသပ္ပာယ်ပါ။ ဆီမီးထွန်းကုသိုလ်ယူပါ။ ဘုရား၊ ကျောင်း၊ ကန်တွေမှာ တံမြက်စည်းလှည်းကုသိုလ်ယူပါ။ ဘုရားကျောင်းကန်မှ အိမ်သာတွေကို သန့်ရှင်းပေးပြီး ကုသိုလ်ယူပါ။ ငှက်ကလေးတွေ၊ ငါးလေးတွေကို မေတ္တာ စိတ်နဲ့လွှတ်ပေးပါ ငှက်စာ၊ ခွေးစာကျွေး ကုသိုလ်ယူပါ လမ်းခင်းကုသိုလ်ပြုပါ။ ကိုယ်လုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုလေးတွေကို မပျင်းမရိလုပ်ယူကြပါ။ စိတ်မလန်းဆန်းဘူး ကံညံ့နေတယ်ထင်ရင် ခန္ဓာကိုယ်သန့်ရှင်းအောင် ဆနွင်းနဲ့ရေချိုးတာ၊ တလျှော်ကမွန်းနဲ့ ရေချိုးတာ၊ သံပုရာသီးလေးထည့်ပြီး ရေချိုးတာမျိုးတွေကလည်းလုပ်ပေးပါ ကိုယ့်စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ မွှေးသောပန်းလေးတွေနဲ့ရေချိုးပါ။ အိပ်ခန်းထဲမှာ သံပုရာသီးလေးတွေ စိတ်ပြီး ပန်းကန်ပြားလေးထဲ ထည့်ထားတာမျိုးလည်း လုပ်လို့ရပါတယ်။ အနံ့လေးမွှေးပြီး စိတ်လန်းဆန်းစေပါတယ်။ အိမ်ကိုလည်း သန့်ရှင်းသပ်ရပ်အောင်ထားပါ။ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနဲ့ ကြမ်းတိုက်တာ၊ အိမ်ရှေ့နဲ့ ခြံထဲကိုပတ်ဖျန်းပြီး သန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်လို့ရပါတယ်။ ဖိနပ်စင်နဲ့ ဖိနပ်တွေကိုလည်း ညီညာသပ်ရပ်အောင် စီထားပါ။ ဖိနပ်ချွတ်နေရာကိုလည်း သန့်ရှင်းအောင်ထားပေးပါ။ အိမ်သာ၊ ရေချိုးခန်းကို သန့်ရှင်းမွှေးကြိုင်အောင်ထားပါ။ မီးဖိုချောင်ကိုလည်း သန့်ရှင်းသပ်ရပ်ပြီး အနံ့အသက်ကောင်းအောင် ထားပါ။ အိမ်သန့်၊ စိတ်သန့်၊ ကိုယ်သန့်ဆိုတာကလည်း ကိုယ့်စိတ်ကို ကြည်လင် လန်းဆန်းစေပါတယ်။ အိမ်အေးချမ်းအောင်ဘအမြင်အေးအောင် စိမ်းစိမ်းစိုစိုအပင်လေးတွေလည်း အိမ်အတွင်းထဲ ခြံထဲစိုက်ထားလို့ရပါတယ်။ ဘုရားမှာ စိမ်းစိမ်းစိုစိုနဲ့ ကြာရှည်ခံပြီး ငွေကုန်သက်သာတဲ့ အရွက်၊ ပန်းလေးတွေ ကပ်လှူလို့ရပါတယ်။ ရွက်လှ၊ ဇော်လုံး၊ သပြေတို့ ကပ်လှူလို့ရပါတယ်။ ပိတောက်ခက်လေးတွေကို အလုံးတုတ်တုတ်လေး ခုတ်ပြီး ကပ်လှူထားလို့လည်းရပါတယ် အတက်လေးတွေထွက်လာပြီး ကြာရှည်ခံပါတယ်။ မျက်စိလည်းအေးပါတယ်။ အိမ်မှာလည်း အတတ်နိုင်ဆုံး စကား မများ ရန်မဖြစ်အောင် နေကြပါ။ အိမ်မှာအလုပ်အကိုင်အဆင်မပြေတဲ့အခါ အချင်းချင်းကြည့်မရရန်လိုတတ်တာမျိုးဖြစ်တတ်ပါတယ် အတတ်နိုင်ဆုံး တစ်ယောက်အပေါ်တစ်ယောက်သနားမေတ္တာစိတ်လေးထားပေးပါ ချစ်ချစ်ခင်ခင်နေပေးပါ။ ဘုရားစာရွတ်၊ တရားနာ၊ မေတ္တာပွားများနေပါ စိတ်လည်း ပိုအေးချမ်းလာပါလိမ့်မယ်။ ဘုရားရှိခိုးတဲ့အခါ ရေတစ်ခွက်သီးသန့်ကပ်ထားပြီး ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှပေးဝေပြီးတဲ့အခါ အဲဒီရေကို အပင်တွေ၊ ခြံထောင့်တွေမှာ ရေစက်ချပြီး အမျှပေးဝေလို့ရပါတယ်။ သောက်တော်ရေ စွန့်တဲ့အခါတိုင်းလည်း ရေကို အလွယ်တကူ ပတ်လိုက်တာမျိုးမလုပ်ဘဲ မေတ္တာပို့ပြီး အပင်လေးတွေမှာ ရေစက်ချ အမျှပေးဝေပါ။ ခြံစောင့်နတ်၊ အပင်စောင့်နတ်တို့လည်း ကျွန်ုပ်ယနေ့ပြုသမျှ ကုသိုလ်အစုစုကို အမျှရကြပါစေ။ ကျွန်ုပ်နှင့်အတူ ထပ်တူကုသိုလ်များ ရရှိကြပါစေ။ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်သော ဘုံဘဝ၊ ဘုံဌာနတို့၌ ရောက်ရှိနိုင်ကြပါစေ လို့မေတ္တာပို့ဆုတောင်းပေးပါ။ ဤအိမ်အတွင်းရှိ ကျွန်ုပ်တို့မိသားစုကိုလည်း ဘေးဥပဒ်အန္တရာယ် တစ်စုံတရာမျှမကျရောက်အောင် စောင့်ရှောက်ကာကွယ် ပေးကြပါလို့ ပြောဆိုဆုတောင်းပါ။ အိမ်နဲ့ ခြံမှာစောင့်ရှောက်ပေးနေတဲ့အစောင့်အရှောက်တွေနဲ့ ကိုယ်နဲ့အချိတ်အဆက်မိသွားတဲ့အခါ၊ သူတို့ရဲ့ကူညီစောင့်ရှောက်ခြင်းတွေ ရတတ်ပါတယ် အိမ်ထဲကျရောက်လာမဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။ စီးပွားတက်လာမယ် မိသားစုတွေ ပိုပြီးအဆင်ပြေလာပါတယ်။ ဒါတွေက စန္ဒာကိုယ်တိုင် လက်တွေ့ခံစားခဲ့ရတာလေးတွေပါ။ ဒီအိမ်ကို ရောက်ပြီး သုံးလေးလလောက်မှာထင်တယ် ထူးဆန်းတဲ့ အိပ်မက်တွေ စမက်လာခဲ့ပါတယ်။ အဲဒီတုန်းကလည်း မက်ခါစမှာ ပို့စ်တင်ရေးခဲ့ဖူးပါတယ်။ အိပ်မက်ထဲမှာ တင်းပုတ်ကြီးတွေ ထမ်းထားပြီး ပုဆိုးခါးတောင်းကျိုက်ထားတဲ့ ယောကျ်ားကြီးနှစ်ယောက်က စန္ဒာတို့မိသားစုကို အိမ်ရှေ့ကနေ စောင့်ကြည့်နေတယ်လို့ လာပြောတာမျိုး မက်ခဲ့တာပါ။ အိပ်မက်ကနေ လန့်နိုးလာတော့ ချွေးတောင်ပြန်တယ်။ အိပ်မက်ထဲမှာလည်း ကြောက်နေပြီး အပြင်မှာနိုးလာတဲ့အချိန်မှာပါ ကြောက်နေခဲ့ပါတယ်။

  • ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင်းအထန် ဖြစ်ပွားပါက ကုသမှု ချက်ချင်း မရရှိလျှင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။ ​အထူးသဖြင့် ကာလဝမ်းရောဂါ (Cholera) ကဲ့သို့ ပြင်းထန်သော ကူးစက်ရောဂါမျိုး ဖြစ်ပါက - ​ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ခြင်း: ခန္ဓာကိုယ်မှ ရေနှင့် ဆားဓာတ် (Electrolytes) များ အရမ်းမြန်မြန် ထွက်သွားသည့်အတွက် သွေးလန့်ခြင်း (Shock) ဖြစ်ပြီး ကျောက်ကပ်နှင့် အခြား အวัยวေများ ခေတ္တခဏအတွင်း မလုပ်ဆောင်နိုင်တော့ဘဲ သေဆုံးနိုင်ပါတယ်။ ​ဆားဓာတ် အလွန်အမင်း ယိုယွင်းခြင်း: ခန္ဓာကိုယ်အတွက် လိုအပ်သော ပိုတက်စီယမ်နှင့် ဆိုဒီယမ်ဓာတ်များ စိမ့်ထွက်သွားသဖြင့် နှလုံးခုန် မမှန်တော့ဘဲ ရုတ်တရက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ​သတိပြုရန် လက္ခဏာများ ​ဆန်ဆေးရေကဲ့သို့ ဝမ်းဖြူဖြူများ မရပ်မနား သွားခြင်း ​မကြာခဏ အန်ခြင်း ​မျက်ကွင်းဟောင်းလောင်း ဖြစ်သွားခြင်း၊ နှုတ်ခမ်းနှင့် လျှာ ခြောက်သွေ့ခြင်း ​အလွန်အမင်း မောပန်းနွမ်းနယ်ပြီး သတိလစ်ချင်သလို ဖြစ်လာခြင်း ​ဆီး လုံးဝမထွက်တော့ခြင်း ​အရေးပေါ် ပထမရှေးဦးပြုစုခြင်း ​ဝမ်းစဖြစ်သည်နှင့် ဓာတ်ဆားရည် (ORS) ကို ချက်ချင်း ဖျော်သောက်ရပါမည်။ မသက်သာပါက သို့မဟုတ် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ တွေ့ရှိပါက အချိန်မဆိုင်းဘဲ အနီးစပ်ဆုံး ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသရန် အရေးကြီးလှပါသည်။

  • ဘဝမှာ ရပ်တည်ရှင်သန်ဖို့ ငွေက အရမ်းအရေးပါတယ်။ ဒါပေမဲ့ ငွေနဲ့ လုံးဝ မလဲရမဲ့အရာတွေလည်း ရှိပါသေးတယ်။ အဲဒီအရာတွေကတော့ "ကတိစကားတစ်ခွန်းကို ငွေနဲ့မလဲနဲ " " အကျင့်စာရိတ္တကို ငွေနဲ့ မလဲနဲ့ " " အရှက် သိက္ခာကို ငွေနဲ့ မလဲနဲ့ " " မိတ်ဆွေကောင်းတွေကို ငွေနဲမလဲနဲ့ " ကတိစကားတစ်ခွန်းကို ငွေနဲ့လဲမိရင် ငွေဘယ်လောက်ရှိရှိကတိမတည်သူရဲ့ နှုတ်ထွက် စကားကို ဘယ်သူမှ လေးစားမှာမဟုတ်ဘူး။ အကျင့် စာရိတ္တကို ငွေနဲ့ လဲမိရင် မကောင်းခဲ့တဲ့ ကိုယ့်ရဲ့အကျင့်က တစ်သက်လုံး အရိပ်လိုမိုးပြီး ကိုယ့်အရိပ် ကိုယ်တောင် ရှက်ရွံ့ နေရတတ်တယ်။ အရှက် သိက္ခာကို ငွေနဲ့ လဲမိရင် ကွဲခဲ့တဲ့အရှက် ဘာနဲ့မှ ပြန်ဆက်ဖို့ မဖြစ်နိုင်လို့ တစ်သက်လုံး ခေါင်းငုံ့နေပေရော့ပဲ။ မိတ်ဆွေကောင်းတွေကို ငွေနဲ့ လဲမိရင် အခက်အခဲ ကြုံတဲ့အခါ ဖေးမမဲ့သူ မရှိ ၊ ကူညီမဲ့သူ မရှိ ဘဝနဲ့ အထီးကျန်စွာ ဖြတ်သန်းရတတ်တယ်။ ငွေဟာ ဘဝအတွက် အရမ်း အရေးပါပါတယ်။ ဒါပေမဲ့ ငွေနောက်လိုက်ရင်း ကိုယ်တန်ဖိုးထားတဲ့ အရာတွေ ဆုံးရှုံးရတာမျိုး မဖြစ်ပါစေနဲ့။ ငွေလည်း ရှာပါ။ ကိုယ်ချစ်မြတ်နိုးရတဲ့ အရာတွေကိုလည်း တန်ဖိုး ထားပါ ။ #ပြန်လည်မျှဝေပါသည်

  • ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေပဲ ရှိတယ်လို့ သိထားရင် ... ဒါ ကိုယ်အရွယ် မရောက်သေးလို့ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတိုင်း ကောင်းတာမဟုတ်ဘူးလို့ သိလာရင် ... ဒါ ကိုယ်ရင့်ကျက်လာလို့ပါ။ ကိုယ်တိုင်လည်း သိပ်ပြီး ကောင်းမနေဘူးလို့ သတိထားမိလာရင် ... ဂုဏ်ယူပါတယ်.... ကိုယ် အသိတရား၊ နိုးကြားမှု ရှိလာပါပြီ။ **** ငယ်ရွယ်တုန်းက လူတွေကို “လူကောင်း... လူဆိုး” ဆိုပြီး ရိုးရိုးလေး ခွဲမြင်တတ်တယ်။ နောက်ပိုင်း ဘဝအတွေ့အကြုံတွေ များလာတဲ့အခါ... “ဪ… လူတချို့က ကိုယ့်အပေါ် ကောင်းတယ်လို့ ထင်ရပေမယ့် တချို့အချိန်မှာ မကောင်းနိုင်ပါဘူး။ လူတစ်ယောက်မှာ ကောင်းတဲ့ဘက်ရော မကောင်းတဲ့ဘက်ရော ရှိနိုင်တာပဲ” ဆိုတာ နားလည်လာတယ်။ ဒီထက်ပိုပြီး ရင့်ကျက်လာတဲ့အခါ သူများကိုပဲ အပြစ်တင်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ်ပါ ပြန်ကြည့်တတ်လာတယ်။ “သူများမှာ အားနည်းချက်ရှိသလို ငါ့မှာလည်း အားနည်းချက်ရှိတယ်။ ငါလည်း အမြဲမှန်နေတဲ့ လူကောင်းတစ်ယောက် မဟုတ်ဘူး” လို့ ဝန်ခံနိုင်လာတယ်။ တကယ်တော့ “လူတိုင်းမကောင်းဘူး” ဆိုတာကို သိတာထက် “ကိုယ်တိုင်လည်း ပြည့်စုံတဲ့လူ မဟုတ်ဘူး” ဆိုတာကို သိလာခြင်းက ပိုနက်ရှိုင်းတဲ့ ရင့်ကျက်မှု ဖြစ်ပါတယ်။ --- မျှဝေပါတယ် 💌 #နိုင်းနိုင်းစနေ

  • ဝန်ထမ်း ၈၀၀ ကျော်ကို ထမင်း ကျွေးတဲ့ Video Content လေး hot လာတော့ အဲ့ဒါ ကောင်းမွန်ပဲကိတ်ပါ ကျွန်မနဲ့ လက်တွဲလာတာ 3နှစ်ကျော်လာပြီဖြစ်တဲ့ Client ပါ အမြဲအသားဟင်းပါအောင်ကျွေးတယ် အသားဟင်းမစားရင်လည်း ဘဲဥ ကြက်ဥကို ရှယ်ကျွေးသေးတယ် ဝန်ထမ်းတွေက Canteen မှာစားကြတယ် Manager တွေကကျတော့ တစ်ခါတလေ စောစား နောက်ကျစားတွေရှိတော့ ထမင်းချိုင့်နဲ့ ရုံးပေါ်ကို တစ်ယောက်တချိူင့် စီစဥ်ပေးသေးတယ် အဲ့ရုံးကို SOP Project တာဝန်ယူပြီး မနက် ၉ ညနေ ၅ ရုံးတတ်ပေးနေတဲ့အချိန်မှာ ဝန်ထမ်းတွေက အလုပ်ကို တော်တော်လေး သေသေချာချာလုပ်ကြတယ် MD ဘာလိုချင်လဲ ဘာလုပ်ချင်လဲဆိုတာကို အလေးထားကြတယ် ကျွန်မက ဝန်ထမ်းတွေနဲ့ထက် လုပ်ငန်းရှင်နဲ့လုပ်တာများပေမယ့် အဲ့ရုံးမှာ ဝန်ထမ်းတွေက တော်တော်လေး ဆုံးဖြတ်နိုင်သလို လုပ်ငန်းရှင်ကလည်း တော်တော်လေး Authority ပေးထားတာတွေ့ရတယ် လုပ်ငန်းရှင်က တော်တော်လေး တော်တယ် သူပြောတာက ဝန်ထမ်းတွေအလုပ်လုပ်ရတာ ပင်ပန်းတယ် အသားဟင်းတော့ နေ့တိုင်းစားချင်မှာပေါ့ ကျွေးလိုက်ဆိုပြီး အနပ်တိုင်းအသားဟင်းနဲ့ကျွေးတယ် အဲ့ဒါ Point ပါပဲ ဝန်ထမ်းတွေပင်ပန်းတယ်လို့ တွေးတဲ့လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေ ဘာအလုပ်မှမရှိဘူးလို့တွေးတဲ့လုပ်ငန်းရှင် ကွာခြားချက်က ဝန်ထမ်းတွေဆီက ပြန်ရတဲ့ Performance ပါပဲ

  • йоС пОдписи

  • йоС пОдписи

  • အသက် 25နဲ့ 35 ကြားခန္ဓာကိုယ် ကို မပျက်စီးစေဖို့အတွက်သောက်သင့်တဲ့ Vitamin 4မျိုး.✨✨✨ 1. Multivitamins ဘာလို့ Multivitamins ဖြစ်ရတာလဲဆိုတော့ ဒီ25 ကျော်ပြီး 35မတိုင်ခင်အရွယ်တွေက အိုလွယ်တဲ့အရွယ်တွေထဲမှာပါတယ်... ဒီအသက်အရွယ် အများစုက အလုပ်လုပ် ကြရတဲ့အရွယ်တွေများတယ်. စိတ်ညစ် စရာတွေ stress တွေများတယ် အိပ်ချိန်၊အနားယူချိန်တွေနည်းတယ် အဲ့ဒါကြောင့် energy ရှိဖို့ Multivitamins တွေလိုတယ်ပေါ့နော်... Multivitamins ကဘာတွေကောင်းစေလဲဆိုတော့ Vitamins တော်တော်များများပါတဲ့အတွက်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်ပေးတယ်။ Vitamin B တွေ ပါတဲ့အတွက်ကြောင့် အစားအသောက်တွေကနေ energy တွေတည်ဆောက်ပေးတယ် ဒါ့ပြင့်သူ့မှာ#Vitamin D& Vitamin B-12& Vitamin A! C! E! ပါတဲ့အတွက်ကြောင့် ခနွာကိုယ်မှာလိုအပ်တဲ့ ဓါတ်တွေကိုလည်းဖြည့်ဆည်းပေးနိုင်တယ်.. 2.Coenzyme Q10 - သူကလည်း နံပါတ်1အတိုင်းဘဲ ဒီအသက်အရွယ် တွေကအလုပ်လုပ်တဲ့အရွယ် stress များတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့် energy ကို boost လုပ်ဖို့လိုတယ် ဒါ့ကြောင့် ဒီအသက်အရွယ် မှာ Coenzyme Q10 သောက်ဖို့လိုတယ် ⚡Coenzyme Q10 - စွမ်းအင်ထုတ်လုပ်မှုကိုကူညီပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်။ 3. Fish oil ဘာလို့ Fish oil သောက်ရတာလဲဆိုရင် သူက နှလုံး နဲ့ သွေးကြော တွေအတွက် လည်း ေကာင်းစေတယ် ဦးနှောက်နဲ့ အာရုံကြော အတွက်လည်းကောင်းတယ်အမြင်အာရုံကို လည်းကောင်းစေတယ် အခြားကောင်းတာတွေလည်းအများကြီးရှိတယ် 🐟Fish oil ( Omega -3 ) - နှလုံး၊ ဦးနှောက်နဲ့ မျက်စိ ကျန်းမာရေး ကို ကူညီ ပေးတယ်။ 4. Vitamin D Vitamin Dက အရိုး၊သွားတွေကိုကောင်းစေတယ် ကြွက်သားတွေကိုကောင်းစေတယ်။ ပြီးတော့ ကိုယ့်ရဲ့ resistance တွေကိုပိုပြီးတော့သန်မာစေတယ်။ ☀ အသက် ၂၅-၃၅ ကြား vitamins တွေ စသောက်ချင်နေပြီး ဘယ်ကစသောက်ရမလဲမသေးသိသေးရင် ဒီ ၄ မျိူးက နေစ try ကြည့်လို့ရပါတယ်။

  • ရှာလေဖွေလေ တွေ့ရှိလေ ဆိုတာ တကယ်မှန်သောစကား ပါပဲ ။ ဒီနှစ်ခုက တော်တော်ကို လိုက်ဖက် ထိမိနေတာ ကို တွေ့လိုက်ရတော့ အရမ်း အံ့ဩလို့ပါ။ ကိုယ့်တယောက်ထဲ အပေါ် သိသာရင် တောင် လက်အညောင်းခံပြီး လာမရေးဘူး။ အခုက ကိုယ်တိုင်လဲသိသာတဲ့အပြင် အခုက မြ ညွှန်ပေးတဲ့သူတွေကလဲ အတော် သိသာတယ်ဆိုပြီး Feedback တွေက များလာလို့ လာကြွားတာပါ။ မြရဲ့ပေ့မှာရော TikTok မှာပါ ဆံသားနဲ့ ပတ်သက်ပြီး လာဆွေးနွေးကြတယ်။ ရင်ဖွင့်ကြတယ်။ ဘာတွေသုံးရမလဲ အကြံတောင်းကြတယ်။ မြပြောသလို တွဲစပ်သုံးကြတယ် ။ သိသာတာဆိုရင် လာကြွားကြတယ်။ မြတို့ တူတူ ပျော်ကြတယ်။ အဲ့လို community လေးပေါ့နော် မြတို့က ။ ဒီ တြိရတန ဆိုတာလဲ မြ မညွှန်းလဲ သူ့ဘာသာ နာမည်ရှိပြီးသား နှစ်ချို့ ဘရန်းတခုပါပဲ။ အခုဟာက စွယ်တော်ရွက် Combo လေး ဖြစ်နေတာကို ပြောပြချင်တာ ။ ပုံမှန်ဆို တြိရတန ဖြန်းတယ် ။ ဖြန်းတဲ့ ပမာဏ မမှန်တာဖြစ်စေ ဖြန်းနည်းမမှန်တာဖြစ်စေ မသိသာလို့ စိတ်ဓာတ်ကျ တတ်ကြပါတယ်။ နှစ်ဘူးကုန်ပြီ ဘာမှလဲ မသိသာဘူး။ တော်ပြီ ဆက်မသုံးတော့ဘူးဆိုပြီး တခြား ဘရန်း တခု ထပ်စမ်းကြပြန်ရော။ အဲ့ထဲ မြတို့လဲ ပါပါတယ်။ ဒါပေမဲ့ မြတို့ အသုံးပြုနည်းကို သေချာ ပြန်စမ်းသပ်ပြီး ပြောင်းသုံးကြည့်လိုက်တော့ ရလဒ်က သုံးပတ်က နေ ၂ လအတွင်း တော်တော်ကြီး သိသာတာကို တွေ့ရလို့ တော်တော် ဝမ်းသာပြီး လာပြောပြတာပါ။ သုံးနည်းကတော့ မနက်နိုးတာနဲ့ တြိရတန ကို ဦးရေပြားကို ဖြန်းတယ်။ ညဘက်ကြ မအိပ်ခင် ဦးရေပြားကို Klarity serum လိမ်းအိပ်တယ်။ အဲ့တာနေ့တိုင်း နော် ပုံမှန်ပဲ ။ ခေါင်းလျော်တဲ့ ရက်ကြ မလျော်ခင် တြိရတနကို ဖြန်းထားတယ်။ နာရီဝက်လောက်ကြာတော့ shampooနဲ့သေချာလျော်တယ်။ လေမမှုတ်ခင် ဦးရေပြားကို Klarity serumလိမ်းတယ်။ အဲ့လိုလေး သေချာပုံမှန်သုံးပေးတာ ဘာတွေ သိသာလာလဲ ဆိုတော့ ဆံပင်ကျွတ်တာ တော်တော်ကို နည်းသွားပြီး ဆံပင် အသစ်တွေ ရက်ရက်စက်စက် ကိုထွက်လာတာ ဗျာ တကယ် ပျော်စရာကြီး။ ဒါ့အပြင် ဦးရေပြားအဆီပြန်တာကိုလဲ သက်သာစေပြီး ဆံပင်အမြစ်တွေကို ခိုင်စေပါတယ်။ အရင်လို ဘီးဖြီးတိုင်း ပြတ်မထွက်တော့ဘူးလေ။ ဆံပင်အရမ်းကျွတ်နေရင် ဆံပင်အုံထူချင်ရင် ဒီအတွဲလေး သုံးကြည့်ပါ။ ရလဒ်က မြတို့ စမ်းသပ်ချက်အရ သုံးပတ်ဆိုသိသာပါတယ်။ တယောက်နဲ့ တယောက် lifestyle မတူတာ ဖြစ်လို့ အတိအကျတော့ တွက်လို့မရပေမဲ့ သိသာတာတော့ တော်တော်ကြီးကို သိသာတာဖြစ်လို့ try ကြည့်စေချင်ပါတယ်။ စျေးကလဲ တြိရတန တဘူး ၄၅၀၀ Klarity ၁၆၅၀၀ ပဲ ဆိုတော့ လူတိုင်း တတ်နိုင်တဲ့ ဘတ်ဂျတ်ဆေ့ဖြစ်တာလေးပါ။ Har tonic စျေးကြီးတာတွေ သုံးပြီး မသိသာလို့ စိတ်ညစ်နေရင် အခု မြပြောတဲ့ အတွဲလေးကို စမ်းကြည့်လိုက်နော် ။ ဘာမှ မသိသာဘူးဆိုတာမရှိဘူး။ ဦးရေယားတာသက်သာလာတယ်။ ဆံပင်ကျွတ်တာတော်တော်နည်းသွားတယ်။ ဆံပင်အသစ်တွေအများကြီးထွက်လာတယ်။ အုံထူအရှည်မြန်ချင်ရင် သုံးကြည့်လိုက်ပါ။ ကြိုက်သွားစေရမယ်😎😎✌️ #Burmesebeautyblogger #hairtonic #klarityhairtonic #HairCareTips #haircare #review #တြိရတန

  • “ မိန်းမတစ်ယောက်ယူထားပြီး သူချက်ပေးတဲ့ ထမင်းလဲ မစားရ ။ သူလျော်ပေးတဲ့ အဝတ်လဲ မဝတ်ရ ။ နောက်ပြီး ထွေးပိုက်ခွင့်လဲ မရှိပဲ အတူတူရှိနေတယ် ဆိုတာ ကလွဲရင် အိမ်မှုကိစ္စကအစ လိင်မှုကိစ္စအဆုံး ငြင်းဆန်ခံခဲ့ရပြီး ကိုယ့်အနားကနေ ထွက်ခွါဖို့ ခြေတစ်လှမ်းခြင်းစီနောက်ဆုတ်နေတဲ့ ကျွန်မလို မိန်းမ နဲ့ အတူတူရှိခဲ့ရတာဟာ သူ့အတွက်လဲ ငရဲ လိုပဲ နေမှာပါ … “ #မယ်ညို #ချစ်ခြင်းဟုအမည်မတွင်ခဲ့ပါ ( သော ) ပြီးမြောက်ခါနီး ဝတ္ထု ထဲမှ …..

  • Supplementsနဲ့ ပတ်သတ်ပြီး တင်ထားသမျှ စုစည်းမှု ဒီ supplement ကို ဖြစ်နိုင်ရင် ဂျပန်ဆေးဆိုင်ကဘူးတွေ ဝယ်မသောက်ပါနဲ့။ စျေးပေါတဲ့ အမျိုးအစားတွေ သုံးထားပြီး စျေးအဆမတန်ပေးရတာ မတန်နေဖူး ဝယ်မယ်ဆို commentမှာ ကြည့်ပါ Supplement မသောက်ခင် ဒါသိဖို့လို https://www.facebook.com/share/p/1P49kPDR5y/?mibextid=wwXIfr Supplements ဝယ်သောက်မယ်ဆို ဒီလို အမြင့်ဆုံးတွေပဲသောက်ပါ https://www.facebook.com/share/p/1CneKFHCwB/?mibextid=wwXIfr ၁နေ့ ထမင်း၃နပ်စားရုံနဲ့ Supplements သောက်ဖို့လိုမလို??? https://www.facebook.com/share/p/1CbrA3LrXu/?mibextid=wwXIfr နေ့စဉ်ဘဝမှာ လိုတဲ့ D3+K2 အကြောင်းဆိုတာဘာလဲ https://www.facebook.com/share/p/17a5kFhcGq/?mibextid=wwXIfr ညောင်းညာ၊အကြောတက်၊ အိပ်မပျော်ရင် D3+K2သောက်နေရင် သောက်ဖို့ Magnesium အကြောင်း https://www.facebook.com/share/p/1KbvrTsewq/?mibextid=wwXIfr Zinc အကြောင်း https://www.facebook.com/share/p/1CtXgPcBg1/?mibextid=wwXIfr မနက်ခင်း ဂျင်းကိုသောက်ရင် ဒါတွေ လုံးဝ သိသာလာမယ်👇🏻👇🏻 https://www.facebook.com/share/p/19ZnT9AqiQ/?mibextid=wwXIfr Healthy living ကိုငွေကုန်ကြေးကျ များတယ်ထင်ရင် ကိုယ့်ရဲ့Investment လုပ်တဲ့နေရာ လွဲနေလို့ပါ ပုံမှန်သုံးနေကျ ငွေကို နေရာမှန်မှာ ပြောင်းသုံးတတ်ဖို့ပဲ လိုတာ👇🏻 https://www.facebook.com/share/p/1HF4tU5wRY/?mibextid=wwXIfr Chia seedsကို ဗိုက်ပြည့်ချင် ဝမ်းမှန်ချင်ရင် ဒီလိုသောက်ပါ 👇🏻 https://www.facebook.com/share/p/1ERN4dQtHF/?mibextid=wwXIfr ချီယာစေ့နဲ့ လုံးစေ့ မတူပါ https://www.facebook.com/share/p/1ThNp8GjW5/?mibextid=wwXIfr ဝမ်းမှန်ချင်တယ်ဆို ဒါထည့်စားပါ https://www.facebook.com/share/p/1DNSGecMpu/?mibextid=wwXIfr အရွက်ဖျော်ရည်နဲ့ detox လုပ်တဲ့အခါ ဖျော်လို့ရှိရင် တွေ့ကရာ အသီးကို ရောမကြိတ်ပဲနဲ့ သူ့အချိုးနဲ့ သုံးတာက ပိုကောင်းတယ်👇🏻 https://www.facebook.com/share/p/1FJyqsC3Wy/?mibextid=wwXIfr Detox အသီးဖျော်ရည်လုပ်တဲ့အခါ ဘာအသီးရောရမှန်း မသိဖြစ်နေရင် ကျတော့် wellness routineကို ပြန်မျှဝေပေးပါတယ် လုပ်သောက်ကြည့်ပါ👇🏻👇🏻 ဒါလုပ်သောက်ရင် သတိထားရမှာက https://www.facebook.com/share/p/1LWDsH4JVL/?mibextid=wwXIfr Supplements တွေသောက်ပြီး စျေးတူရက်နဲ့ အာနိသင် ဘာလို့ကွာနေတာလဲ ❓ သိထားရမယ့် အရမ်းအရေးကြီးတဲ့အရာ https://www.facebook.com/share/p/1DUk7oYMRg/?mibextid=wwXIfr ထမင်းစားစေဖို့ Ebios အားဆေး https://www.facebook.com/share/p/17F5Kk9eXc/?mibextid=wwXIfr မှတ်ဥာဏ်နဲ့ နှလုံးအတွက် Omega 3 အကြောင်း https://www.facebook.com/share/p/16WDcZgC1S/?mibextid=wwXIfr Vit Cသောက်မယ်ဆို Lipoသောက်ပါ Lipoအကြောင်း https://www.facebook.com/share/p/1EBkpAKZYf/?mibextid=wwXIfr ဗီတာမင် ဘီအုပ်စု သောက်နေရင် ဗီတာမင်စီနဲ့ တွဲသောက်ပါ အာနိသင် ပိုကောင်းတယ် https://www.facebook.com/share/p/1CBrDb7AJE/?mibextid=wwXIfr Collagen သောက်လို့မထူးခြားရင် ဒီလိုသောက် https://www.facebook.com/share/p/1D5ELUKJMP/?mibextid=wwXIfr အာရုံစူးစိုက်မှုနဲ့ ခေါင်းကြည်ဖို့ Nutritional yeast whole food https://www.facebook.com/share/p/1ePDN5aan9/?mibextid=wwXIfr Dr.Berg နှင့် အကောင်းစား supplements မှာချင်ရင် ဒီကနေ မှာ။ လုံးဝ စိတ်ချရတယ် https://www.facebook.com/share/p/1Aaxcwhc1B/?mibextid=wwXIfr အသားလှ၊ စိတ်ကြည်၊ ကျန်းမာရေးကောင်းဖို့ အာရုံကြောကောင်းဖို့ ကျတော့်ရဲ့ 3 in 1 ဖော်မြူလာ Supplements ၃မျိုး https://www.facebook.com/share/p/1D7QdspK4N/?mibextid=wwXIfr ဖြည့်စွက်ဆေးဂျယ်လီတွေစားနေရင် ဒါသိပြီးမှ ဆက်စားတာ ကောင်းမယ် https://www.facebook.com/share/p/1CJfEEHJ5E/?mibextid=wwXIfr ဆေးတွေ ကော်လဂျင်တွေ သူများညွှန်းတိုင်း pros and consမသိဘဲ စားနေ သောက်နေသူများ ဒီမှာကြည့်ပါ https://www.facebook.com/share/p/1BQvkHFMG7/?mibextid=wwXIfr အသားကြည်စေတဲ့ Hatomugi ဆေးပြား https://www.facebook.com/share/p/1BjNZj5DCX/?mibextid=wwXIfr ဦးနှောက်၊ အာရုံကြော နှင့်ကျန်းမာရေးအတွက် နေ့စဉ်သောက်ဖို့ကျတော်ရဲ့ supplements ၃မျိုး https://www.facebook.com/share/p/17SWTMVMJ3/?mibextid=wwXIfr သိုးနေအောင် အိပ်ပျော်စေဖို့ sleeping hack https://www.facebook.com/share/p/178kdLeuN6/?mibextid=wwXIfr #aungsymphony #lifestyle #selfcare #supplements

  • ဒါပေမယ့် အမှတ်တရကြောင့်ပဲ— လူမနေ၊ ဝင်ငွေမထွက်၊ တဖြည်းဖြည်းပျက်စီးနေတဲ့ ပိုင်ဆိုင်မှုကို အမြဲကိုင်ထားရမယ်လို့လည်း မဆိုလိုပါဘူး။ နယ်က ကိုယ့်အတွက်တန်ဖိုးရှိတာကို ထိန်းထားရင်း ရန်ကုန်က လက်ရှိဘဝကိုလည်း မပင်ပန်းစေဖို့ပါ။ နယ်မှာ သိန်း ၁၅၀၀ တန် အိမ်နဲ့မြေရှိပြီး ရန်ကုန်မှာ တစ်လ ၇ သိန်းနဲ့ ငှားနေရရင်— နယ်ကအိမ်ကို ဆက်ထားမလား။ ရောင်းပြီး ရန်ကုန်မှာဝယ်မလား။ ဒါမှမဟုတ် ပိုင်ဆိုင်မှုတချို့ကိုပဲ ရောင်းပြီး နှစ်ဖက်လုံးမှာ ခြေတစ်ဖက်စီထားမလား။ ဘာကြောင့် အဲဒီလိုရွေးမလဲ။ - Ko Wunna #WunnaBeWealthy #KoWunna #YangonProperty #PropertyDecision #FinancialPlanning

  • အိမ်လခသက်သာမယ့်ပမာဏက တစ်နှစ်အကြမ်းဖျင်း ၄.၂% ဝန်းကျင်ရှိပါတယ်။ ပိုင်ဆိုင်မှုနှစ်ခုရဲ့ ဈေးတက်နိုင်ခြေကို ခဏဖယ်ထားရင်တောင် ကိုယ့်မိသားစုအတွက် တကယ်အသုံးဝင်မှုက ရန်ကုန်ကတိုက်ခန်းမှာ ပိုများနေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်ရှိပါတယ်။ နယ်ကအိမ်ကို သိန်း ၁၅၀၀ တန်တယ်ဆိုတိုင်း ရောင်းလိုက်တာနဲ့ လက်ထဲ သိန်း ၁၅၀၀ ရမယ်လို့ မယူဆပါနဲ့။ ခေါ်ဈေးနဲ့ တကယ်အရောင်းအဝယ်ဖြစ်တဲ့ဈေး မတူနိုင်ပါဘူး။ ဝယ်လိုအားနည်းတဲ့နေရာဆိုရင်— သိန်း ၁၅၀၀ တန်ပိုင်ဆိုင်မှုကို အမြန်ရောင်းဖို့ သိန်း ၁၂၀၀၊ ၁၃၀၀ လောက်ပဲ ရနိုင်ပါတယ်။ တစ်ဖက်မှာ ရန်ကုန်တိုက်ခန်းကိုတော့ လူတွေဝယ်ချင်နေတဲ့အချိန် ခေါ်ဈေးအမြင့်နဲ့ ဝယ်ရနိုင်ပါတယ်။ ဒီလိုဆို— ကိုယ်က နယ်မှာ ဈေးလျှော့ရောင်းပြီး ရန်ကုန်မှာ ဈေးမြင့်ဝယ်သူ ဖြစ်သွားနိုင်ပါတယ်။ ပိုင်ဆိုင်မှုတစ်ခုကောင်းကောင်းကို ရောင်းပြီး ရန်ကုန်က အထပ်မြင့်၊ တိုက်ဟောင်း၊ ပြန်ရောင်းရခက်တဲ့ အခန်းတစ်ခန်းနဲ့ လဲမိရင်— နေရာပြောင်းသွားတာပဲရှိပြီး ကိုယ့်ပိုင်ဆိုင်မှုအရည်အသွေးက ပိုကျသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဆိုရင် ရွေးချယ်စရာကို သုံးမျိုးခွဲကြည့်မယ်။ ပထမနည်း— နယ်ကပိုင်ဆိုင်မှုကို ခဏဆက်ထားပြီး ရန်ကုန်မှာ ဆက်ငှားနေမယ်။ ရန်ကုန်မှာ မိသားစုဘဝ မတည်သေးသူအတွက် ဒီနည်းက ပိုလုံခြုံပါတယ်။ အိမ်လခကုန်ပေမယ့် နောက်မှ ပြန်ဆုံးဖြတ်လို့ရသေးတယ်။ ဒုတိယနည်း— နယ်ကပိုင်ဆိုင်မှုအားလုံး မရောင်းဘဲ အသုံးမဝင်ဆုံးတစ်ခုကိုပဲ ရောင်းမယ်။ ဥပမာ— အိမ်နဲ့မြေ နှစ်ခုရှိရင် ငှားစားလို့ရတဲ့အိမ်ကို ဆက်ထားမယ်။ လူမနေ၊ ဝင်ငွေမထွက်၊ စောင့်ရှောက်ရခက်တဲ့ မြေကွက်ကိုပဲ ရောင်းမယ်။ ရတဲ့ငွေနဲ့ ကိုယ့်စုငွေကိုပေါင်းပြီး ရန်ကုန်မှာ သိန်း ၁၀၀၀ ကနေ ၃၀၀၀ ကြား ကိုယ်တတ်နိုင်တဲ့အခန်းဝယ်မယ်။ ဒီနည်းက နယ်ကပိုင်ဆိုင်မှုအားလုံး မလက်လွှတ်ရဘဲ ရန်ကုန်မှာလည်း ကိုယ်ပိုင်နေစရာ ရနိုင်ပါတယ်။ လက်ရှိအခြေအနေအများစုအတွက် ကျွန်တော်ပိုသဘောကျတာ ဒီနည်းပါ။ တတိယနည်း— နယ်ကအိမ်ကိုရောင်းပြီး ရန်ကုန်မှာ အပြည့်အဝပြောင်းဝယ်မယ်။ ဒီနည်းကိုရွေးမယ်ဆိုရင် အနည်းဆုံး— နောက်ငါးနှစ်အထက် ရန်ကုန်မှာနေဖို့ သေချာတယ်။ မိသားစုဝင်ငွေက ရန်ကုန်နဲ့ ချိတ်ဆက်ပြီးသားဖြစ်တယ်။ ကလေးကျောင်းနဲ့ မိသားစုဘဝ ဒီမှာတည်ပြီးသားဖြစ်တယ်။ နယ်ကပိုင်ဆိုင်မှုက ဝင်ငွေမထွက်ဘူး။ ပြန်နေဖို့ အလားအလာနည်းတယ်။ အလျင်လိုပြီး ဈေးလျှော့ရောင်းတာ မဟုတ်ဘူး။ ရန်ကုန်မှာ ဝယ်မယ့်တိုက်ခန်းက စာရွက်စာတမ်းရှင်းတယ်။ ငှားရလွယ်တယ်။ လိုအပ်ရင် ပြန်ရောင်းရလွယ်တယ်— ဆိုတဲ့အချက်တွေ ပြည့်စုံသင့်ပါတယ်။ အရေးကြီးဆုံးက— နယ်ကအိမ်ရောင်းရတဲ့ငွေအားလုံးကို ရန်ကုန်တိုက်ခန်းထဲ မထည့်ပါနဲ့။ ဥပမာ— နယ်ကပိုင်ဆိုင်မှုရောင်းပြီး သိန်း ၂၀၀၀ ရတယ်ဆိုပါစို့။ သိန်း ၂၀၀၀ တန်တိုက်ခန်းကို ငွေအကုန်နဲ့ တန်းမဝယ်သင့်ပါဘူး။ တိုက်ခန်းအတွက် သိန်း ၁၆၀၀ ကနေ ၁၇၀၀၊ ပြင်ဆင်စရိတ်နဲ့ စာရွက်စာတမ်းအတွက် သိန်း ၁၀၀၊ မိသားစုအရေးပေါ်ငွေအဖြစ် သိန်း ၂၀၀ ကနေ ၃၀၀— ဆိုပြီး ခွဲထားသင့်ပါတယ်။ အိမ်ဝယ်ပြီးနောက် လက်ထဲမှာငွေမကျန်တော့ဘူးဆိုရင်— ဆေးကုစရိတ်ပေါ်လာရင် ချေးရမယ်။ ဝင်ငွေကျသွားရင် နေ့စဉ်အသုံးစရိတ်အတွက် ဒုက္ခရောက်မယ်။ အိမ်ပြင်ဖို့ ရွှေရောင်းရနိုင်တယ်။ အဲဒီအိမ်က ကိုယ့်မိသားစုကို လုံခြုံမှုမပေးဘဲ ငွေအကုန်ပိတ်နေတဲ့ ပိုင်ဆိုင်မှုဖြစ်သွားနိုင်ပါတယ်။ နောက်သုံးနှစ်ကနေ ငါးနှစ်အတွင်း ရန်ကုန်မှာ နေစရာလိုအပ်ချက် ဆက်ရှိနိုင်ပါတယ်။ အလုပ်၊ ပညာရေး၊ ဆေးကုသရေးနဲ့ မိသားစုအတွက် အဆင်ပြေတဲ့ဘဝတစ်ခုရှာဖို့ မြို့ကြီးဆီလာသူတွေလည်း ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် လူတွေပိုလာတာနဲ့ တိုက်ခန်းတိုင်း ဈေးတက်မယ်လို့ မဆိုလိုပါဘူး။ လူနေချင်တဲ့နေရာ၊ သွားလာရလွယ်တဲ့နေရာ၊ ရေနဲ့မီး အဆင်ပြေတဲ့နေရာ၊ အထပ်သင့်တော်တဲ့အခန်း၊ စာရွက်စာတမ်းရှင်းတဲ့အခန်း၊ ငှားရလွယ်ပြီး ပြန်ရောင်းရလွယ်တဲ့အခန်း— ဒီလိုပိုင်ဆိုင်မှုတွေပဲ နောက်သုံးနှစ်ကနေ ငါးနှစ်အတွင်း ဝယ်လိုအားကို ပိုခံနိုင်ပါလိမ့်မယ်။ ဒီနေ့ သိန်း ၂၀၀၀ ပေးဝယ်ထားတဲ့အခန်းကို နောက်ငါးနှစ်မှာ သိန်း ၃၀၀၀ ခေါ်နိုင်တာနဲ့ အမြတ်သိန်း ၁၀၀၀ ရပြီလို့ မတွက်ပါနဲ့။ အဲဒီဈေးနဲ့ တကယ်ဝယ်မယ့်သူရှိမှ အမြတ်ဖြစ်တာပါ။ တိုက်ခန်းအတွက် အရေးကြီးတာက ခေါ်ဈေးဘယ်လောက်တက်သလဲ မဟုတ်ပါဘူး။ ကိုယ်လိုအပ်တဲ့အချိန် ငွေဘယ်လောက်မြန်မြန် ပြန်ဖော်နိုင်သလဲဆိုတာပါ။ ဒါကြောင့်— နယ်ကပိုင်ဆိုင်မှုကို စိတ်မချလို့ အလောတကြီး မရောင်းပါနဲ့။ ရန်ကုန်အိမ်ဈေး တက်နေတာမြင်လို့လည်း အလောတကြီး မဝယ်ပါနဲ့။ ကိုယ့်မိသားစု နောက်သုံးနှစ်ကနေ ငါးနှစ်အထိ ဘယ်မှာနေမလဲ အရင်ဆုံးဖြတ်ပါ။ နယ်ကပိုင်ဆိုင်မှုက ငွေဝင်စေသလား၊ အသုံးဝင်သလား ပြန်စစ်ပါ။ ရန်ကုန်မှာ ဝယ်မယ့်တိုက်ခန်းက အိမ်လခဘယ်လောက်သက်သာမလဲ၊ ပြန်ငှားရလွယ်မလွယ် တွက်ပါ။ နယ်ကပိုင်ဆိုင်မှုအားလုံး မရောင်းဘဲ တချို့ကိုပဲ ရောင်းလို့ရမရ ကြည့်ပါ။ ပြီးရင် မိသားစုအရေးပေါ်ငွေချန်ပြီးမှ ဝယ်ပါ။ နယ်ကအိမ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်မိသားစုရဲ့ အမှတ်တရနဲ့ လိုအပ်ရင် ပြန်စရာနေရာလည်း ဖြစ်နိုင်ပါတယ်။

  • “နယ်မှာ သိန်း ၁၅၀၀ တန် အိမ်နဲ့မြေရှိတယ်။ အခု ရန်ကုန်မှာ မိသားစုနဲ့ တစ်လ ၇ သိန်းပေးပြီး အိမ်ငှားနေရတယ်။ နယ်ကအိမ်ကို ရောင်းပြီး ရန်ကုန်မှာ တိုက်ခန်းဝယ်သင့်လား” ဒီမေးခွန်းကို မေးလာတဲ့သူတွေ များလာပါတယ်။ တချို့က အလုပ်ကြောင့် ရန်ကုန်ရောက်လာတယ်။ တချို့က ကလေးကျောင်း၊ ဆေးရုံနဲ့ မိသားစုအနာဂတ်အတွက် ပြောင်းလာတယ်။ တချို့ကတော့ နယ်မှာ ဆက်နေဖို့ မလွယ်တော့လို့ ရှိတာလေးထုပ်ပြီး ရန်ကုန်ရောက်လာတယ်။ ရန်ကုန်မှာ အိမ်ငှားနေရပေမယ့် နယ်မှာတော့ ကိုယ်ပိုင်အိမ်ရှိတယ်။ မြေကွက်ရှိတယ်။ မိဘတွေထားခဲ့တဲ့ ခြံရှိတယ်။ ကိုယ်တိုင် နှစ်ပေါင်းများစွာ စုဆောင်းပြီး ဆောက်ထားတဲ့အိမ်ရှိတယ်။ ပိုင်ဆိုင်မှုတော့ ရှိတယ်။ ဒါပေမယ့် ကိုယ်တကယ်နေနေတဲ့ ရန်ကုန်မှာတော့ အိမ်မရှိဘူး။ နယ်ကအိမ်မှာ လူမနေဘူး။ ငှားထားရင်လည်း ငှားခနည်းတယ်။ စောင့်ရှောက်ပေးမယ့်သူမရှိရင် အိမ်က တဖြည်းဖြည်းပျက်စီးလာတယ်။ တစ်ဖက်မှာတော့ ရန်ကုန်မှာ လစဉ်အိမ်လခ ပေးနေရတယ်။ ဒါကြောင့်— “နယ်မှာထားပြီး ဘာလုပ်မလဲ” “ရောင်းပြီး ကိုယ်တကယ်နေတဲ့နေရာမှာ အိမ်ဝယ်လိုက်ရင် မကောင်းဘူးလား” လို့ စဉ်းစားလာတာ သဘာဝပါပဲ။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က— အိမ်တစ်လုံးရောင်းပြီး အိမ်တစ်လုံးဝယ်တာလောက် မရိုးရှင်းပါဘူး။ နယ်က ကိုယ့်ပိုင်ဆိုင်မှုကို လက်လွှတ်ပြီး ရန်ကုန်မှာ ဘဝအသစ်တစ်ခု အခြေချမယ့်ဆုံးဖြတ်ချက်ပါ။ ဒါကြောင့် ပထမဆုံးမေးရမယ့်မေးခွန်းက— “ရန်ကုန်အိမ်ဈေး ဆက်တက်မလား” မဟုတ်ပါဘူး။ “နောက်သုံးနှစ်ကနေ ငါးနှစ်အတွင်း ကိုယ့်မိသားစု ရန်ကုန်မှာပဲ ဆက်နေဖို့ ဘယ်လောက်သေချာသလဲ” ဆိုတာပါ။ အလုပ်အကိုင်က ရန်ကုန်မှာ တည်နေပြီ။ ကလေးကျောင်းကလည်း ဒီမှာဖြစ်နေပြီ။ ဆေးကုသရေး၊ စီးပွားရေးနဲ့ မိသားစုဘဝကလည်း ရန်ကုန်နဲ့ ချိတ်ဆက်ပြီးသားဆိုရင်— ရန်ကုန်က ခဏလာနေတဲ့နေရာ မဟုတ်တော့ပါဘူး။ ကိုယ့်မိသားစု အခြေချနေတဲ့နေရာ ဖြစ်လာပါပြီ။ ဒီအခြေအနေမှာ ရန်ကုန်မှာ အိမ်ဝယ်တာက ဈေးတက်ဖို့တစ်ခုတည်းအတွက် မဟုတ်တော့ဘူး။ အိမ်လခသက်သာမယ်။ ကလေးကျောင်း မကြာခဏပြောင်းစရာမလိုဘူး။ အိမ်ရှင်က အိမ်ပြန်ယူမှာ မစိုးရိမ်ရဘူး။ မိသားစုအတွက် တည်ငြိမ်တဲ့နေရာတစ်ခု ရမယ်။ ဒါတွေကလည်း ငွေနဲ့တိုင်းလို့မရတဲ့ အကျိုးအမြတ်တွေပါ။ ဥပမာ— ရန်ကုန်မှာ တစ်လ ၇ သိန်းနဲ့ ငှားနေတယ်ဆိုရင် တစ်နှစ် ၈၄ သိန်းကုန်ပါတယ်။ ငါးနှစ်ဆို သိန်း ၄၂၀ ပါ။ နောက်ငါးနှစ်အတွင်း အိမ်လခတက်လာနိုင်တာကို မထည့်တွက်သေးပါဘူး။ ဒါပေမယ့် သိန်း ၂၀၀၀ တန် တိုက်ခန်းဝယ်လိုက်ရင် အိမ်လခ သိန်း ၄၂၀ အပြည့် မြတ်တာလို့တော့ တန်းတွက်လို့မရပါဘူး။ တိုက်ခန်းပြင်ဆင်စရိတ်ရှိမယ်။ စာရွက်စာတမ်းနဲ့ အရောင်းအဝယ်ကုန်ကျစရိတ်ရှိမယ်။ တိုက်ရဲ့ပြုပြင်ထိန်းသိမ်းစရိတ်ရှိမယ်။ ငွေသိန်း ၂၀၀၀ ကို တခြားနေရာမှာသုံးရင် ရနိုင်မယ့်အခွင့်အရေးလည်း ဆုံးရှုံးသွားမယ်။ ဒီအရာတွေကိုပါ ပေါင်းတွက်ရပါမယ်။ ဒါဆို နယ်ကအိမ်ကို ရောင်းသင့်လား။ ကျွန်တော့်အမြင်နဲ့တော့— ရန်ကုန်ရောက်တာ ခြောက်လ၊ တစ်နှစ်ပဲရှိသေးရင် နယ်ကပိုင်ဆိုင်မှုကို ချက်ချင်းမရောင်းသင့်သေးပါဘူး။ အလုပ်အကိုင် ဘယ်လောက်တည်မလဲ မသိသေးဘူး။ ကလေးကျောင်း အဆင်ပြေမပြေ မသေချာသေးဘူး။ ဘယ်မြို့နယ်မှာ ရေရှည်နေချင်လဲလည်း မသိသေးဘူး။ ရန်ကုန်မှာပဲ ဆက်နေမလား၊ နောက်တစ်နေရာကို ပြောင်းဦးမလားလည်း ဆုံးဖြတ်မပြီးသေးဘူး။ ဒီလိုအချိန်မှာ နယ်ကအိမ်ကို ရောင်းလိုက်ပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း အလောတကြီးဝယ်မိရင်— မသေချာသေးတဲ့ဘဝကို ငွေပြန်ဖော်ရခက်တဲ့ ပိုင်ဆိုင်မှုတစ်ခုနဲ့ ချည်ထားလိုက်သလို ဖြစ်နိုင်ပါတယ်။ အနည်းဆုံး တစ်နှစ်လောက် ငှားနေကြည့်ပါ။ ကိုယ်တကယ်အခြေချချင်တဲ့ မြို့နယ်ကို ရွေးပါ။ မိုးတွင်း ရေဝင်မဝင်၊ ရေနဲ့မီး အဆင်ပြေမပြေ၊ အလုပ်သွားအလုပ်ပြန် ဘယ်လောက်ကြာမလဲ၊ ကလေးကျောင်းနဲ့ နီးမနီး၊ ဈေး၊ ဆေးရုံနဲ့ သွားလာရေး အဆင်ပြေမပြေ— တကယ်နေကြည့်ပြီးမှ ဆုံးဖြတ်ပါ။ တိုက်ခန်းဝယ်တာက အခန်းအတွင်းပိုင်းလှတာကိုပဲ ကြည့်လို့မရပါဘူး။ ကိုယ်ဝယ်တာ အခန်းတစ်ခန်းတည်း မဟုတ်ပါဘူး။ အဲဒီရပ်ကွက်၊ အဲဒီလမ်းနဲ့ နောက်ငါးနှစ်ကနေ ဆယ်နှစ်အထိ နေထိုင်ရမယ့်ဘဝကို အတူဝယ်လိုက်တာပါ။ နောက်တစ်ခုက နယ်ကပိုင်ဆိုင်မှုရဲ့ အခြေအနေကို ပြန်ကြည့်ရပါမယ်။ နယ်မှာအိမ်ရှိတယ်ဆိုတာနဲ့ မဖြစ်မနေ ဆက်ကိုင်ထားသင့်တာ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေ မေးကြည့်ပါ။ ဒီအိမ်ကို ငှားလို့ရသလား။ ငှားခပုံမှန်ရသလား။ ယုံကြည်ရတဲ့သူတစ်ယောက်က စောင့်ရှောက်ပေးနိုင်သလား။ လူမနေလို့ တဖြည်းဖြည်းပျက်စီးနေသလား။ နောက်သုံးနှစ်ကနေ ငါးနှစ်အတွင်း ကိုယ်ပြန်နေဖို့ အလားအလာရှိသလား။ လိုအပ်လာရင် ပြန်ရောင်းရလွယ်သလား။ စာရွက်စာတမ်းရှင်းသလား။ ဥပမာ— နယ်က အိမ်နဲ့မြေတန်ဖိုး သိန်း ၁၅၀၀ ရှိတယ်။ တစ်လ ၃ သိန်းနဲ့ ငှားရတယ်ဆိုရင် တစ်နှစ် ၃၆ သိန်းရပါတယ်။ အကြမ်းဖျင်း အငှားအမြတ်နှုန်းက တစ်နှစ် ၂.၄% ဝန်းကျင်ပါ။ အိမ်ပြင်ဆင်စရိတ်၊ အိမ်လွတ်နေတဲ့ကာလနဲ့ စောင့်ရှောက်စရိတ်နုတ်ရင် ဒီထက်နည်းနိုင်ပါတယ်။ တစ်ဖက်မှာ— ရန်ကုန်မှာ တစ်လ ၇ သိန်း အိမ်လခပေးနေရတယ်။ တစ်နှစ် ၈၄ သိန်းပါ။ ကိုယ်တိုင်နေဖို့ အဆင်ပြေတဲ့ ရန်ကုန်တိုက်ခန်းကို သိန်း ၂၀၀၀ နဲ့ ဝယ်နိုင်တယ်ဆိုရင်—

  • အရမ်းတွေ လာဘ်ပိတ်နေရင် ငွေဝင်လမးကြောင်းအကုန်ပိတ်နေတယ်ဆိုရင် ဂါထာ တစ်ခုသင်ပေးမယ် ဒီဂါထာကိုသာ နာနာဖိရွတ် "ဥုံ ဗုဒ္ဓစက္ကံ မဟာလာဘံ" ပိုက်ဆံဆိုတာ အပေါဆုံးအရာဖြစ်လာလိမ့်မယ် တစ်ခုပဲ ဘာသာရေးနဲ့ ကောင်းမှုတော့ များများလုပ် #ကဇွဲ

  • йоС пОдписи