- Последний пост
- 8 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 227
- 1/48двое суток
- 260
- 1/72трое суток
- 280
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
သီလမရှိတဲ့ပုဂ္ဂိုလ်က ဒေါသကြီးတယ်တဲ့.. သီလရှိတဲ့ပုဂ္ဂိုလ်က ဒေါသ ဘယ်တော့မှ မထွက်ဘူးတဲ့.. ဘုန်းကြီးပဲဖြစ်ဖြစ် သီလရှင်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်.. ဒေါသဖြစ်နေရင် သီလပျက်စီးတယ်ဆိုတာက ဘာပြောတာလဲလို့ မေးတော့ အထူးသဖြင့် သီလကြီး ၄-ပါးရှိတဲ့အနက်က ဣန္ဒြိယသံဝရသီလ ပျက်မသွားဘူးလား.. ပျက်သွားပြီ။ ။ အဲ့ဒီအထဲမှာ မပြောသင့် မပြောထိုက်တာတွေ ထည့်ပြီး ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ ပါတိမောက္ခသံဝရသီလလည်း ပျက်စီးပြီး မသွားဘူးလား.. ပျက်စီးသွားနိုင်တယ်။ ဒါ့ကြောင့် ဒီနေရာမှာ သီလရှိတဲ့ပုဂ္ဂိုလ်က မိမိရဲ့ပါတိမောက္ခသံဝရသီလကို ပျက်စီးမှာလည်း သိပ်ကြောက်တယ်။ ဣန္ဒြိယသံဝရသီလတွေ ကျိုးပေါက်သွားမှာလည်း သိပ်ရှက်တယ်။ ဒါ့ကြောင့် သီလရှိတဲ့သူတော်ကောင်းသည် မိမိကို လာလှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ၊ မိမိနဲ့အတူတကွ ပစ္စည်းအားဖြင့် ဆက်ဆံခြင်း၊ တရားအားဖြင့်ဆက်ဆံခြင်း ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘယ်တော့မှ အမျက်မထွက်ဘူး ယုတ်မာတဲ့စိတ်ဓာတ်ဖြင့်ဘယ်တော့မှ မကြည့်ဘူး။ ဒါ့ကြောင့် ပညာရှိတို့ရဲ့အမျက်အပြင်မထွက်ရဘူး ဆိုတဲ့ စည်းကမ်းလေးပေါ့။ သီလရှိတဲ့သူတော်ကောင်းတို့ရဲ့အမျက်ဒေါသဟာလည်း အပြင်မထွက်ရဘူး။ (ဖားအောက်ဆရာတော်၏ လက္ခဏသုတ္တန် တိပ်ခွေအပိုင်း-၂၂ မှ ထုတ်နုတ်ရေးသားသည်) တရား ပေ့ချ် မှတဆင့် 🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီလောကကြီးနဲ့ ဘယ်တော့မှ သွားမပူးပေါင်းနဲ့ အကုန်လုံးက ဧည့်သည်တွေပဲ ဘယ်သူမှ မပိုင်ဘူး ဧည့်သည်တွေ ချည်းပဲ အရှိ ထင်ပြီး အဟုတ် သွား မစွဲနဲ့ ကိုယ် ကံအကြောင်းကြောင့် အိမ်ထောင်ကျတယ် သားသမီးတွေ မွေးတယ် အဲ့ဒီမှာ စောင့်ရှောက်ရမည့် ဝတ္တရားတော့ရှိတယ် မစွဲနဲ့ စောင့်ရှောက်ရမယ့် ဝတ္တရား ကျွေးမွေးရမယ့် ဝတ္တရား ကိုယ့်ဝတ္တရား ကိုယ်လုပ်။ ဝတ္တရားတော့ကျေရမယ်။ သို့သော်လည်း အဲ့ဒီ သားတွေ သမီးတွေနဲ့ ပတ်ဝန်းကျင်တွေ စီးပွါးရေးတွေ ပညာရေးတွေ အပေါ်မှာ တပ်မက် စွဲလန်းမှုတွေ မရှိစေနဲ့ ဒါတွေက အိပ်မက်သဖွယ် ခဏပဲ သေတဲ့အခါ ပျောက်ကွယ်သလို အိပ်တဲ့သူက အိပ်ရာက နိုးတဲ့အခါ သူမက်ခဲ့တဲ့ အိပ်မက်က အဓိပ်ပါယျ မရှိတော့သလို အဲ့ဒီ လူ့လောကကြီးကလည်း သေတဲ့အချိန်ကျ ပျောက်ကွယ်သွားမှာ ဘာမှ မရှိတော့ဘူး အဲ့ဒီတော့ ဘာမှ မရှိတဲ့အရာကို ဘာမှ မရှိတဲ့ အတိုင်းလေး နေလိုက်တော့ ချစ်ခြင်း မုန်းခြင်းတွေ ပုဂ္ဂိုလ် သတ္တဝါတွေ သွားစွဲနေရင် အနှောင်အဖွဲ့ဖြစ်တယ် ကံတွေဖြစ်တယ် အမှန်ကတော့ ကိုယ့် ရုပ် ကို ဒိဋ္ဌိ မပြုတ်ရင် သူများကိုလည်း ဒိဋ္ဌိနဲ့ ကပ်မှာပဲ မဟုတ်ဘူးလား အဲ့ဒီတော့ ကိုယ့်ရုပ်ကို ဒိဋ္ဌိပြုတ်အောင် ပွါးပြီးတော့ စိတ်နဲ့ ဓမ္မနဲ့ တွဲပြီးတော့ အဲ့ဒီလို နေနေမှ အပါယ်တံခါးပိတ်မှာ ဒီဝိပဿနာဉာဏ် တွေဆိုတာ မဟာကုသိုလ်ကံတွေ တအား ပြင်းထန်တာ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး 🙏🙏🙏 Sat,Jun 6.2026 HHM ကူးယူပူဇော်ပါ၏🙏
без подписи
"ဝေဒနာဆိုတာ တရားရဲ့ တံခါးပဲ" "နာတာကို အရှုံးမပေးနဲ့၊ နာတာကို စိုက်ကြည့်၊ နာတာ ပျောက်ဖို့ မရှုနဲ့၊ နာတာကို သိအောင် ရှု။" ယောဂီတို့ တရားထိုင်တဲ့အခါ ခန္ဓာကိုယ်က နာကျင်တာ၊ ကိုက်ခဲတာ၊ ပူလောင်တာတွေ ဖြစ်လာရင် မကြောက်ကြနဲ့၊ အနေအထား မပြင်ကြနဲ့။ အဲ့ဒီ ဝေဒနာဟာ ငါ့ခန္ဓာကိုယ်ကြီးရဲ့ တကယ့် အမှန်တရား ဒုက္ခသစ္စာပဲ။ လူတွေက သုခချမ်းသာနောက်ပဲ လိုက်ချင်ကြတယ်၊ ဒုက္ခကိုကျတော့ ထွက်ပြေးချင်ကြတယ်။ တကယ်တော့ ဝေဒနာကို ကျော်ဖြတ်နိုင်မှ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်မယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရမှာဖြစ်တယ်။ ဝေဒနာတက်လာရင် စိတ်ကို တခြားမပို့ပါနဲ့။ နာတဲ့နေရာကို စိတ်စိုက်ပြီး ပြင်းပြင်းထန်ထန် မှတ်စမ်းပါ။ သတိကို ခိုင်ခိုင်ထား၊ ဝီရိယကို အားစိုက်။ "နာတာက သူ့အလုပ်၊ သိတာက ကိုယ့်အလုပ်၊ အလုပ်နှစ်ခု ကိုက်ညီရင် တရားတွေ့ပြီ။" နာလွန်းလို့ အသက်ပဲ သေသွားပါစေ၊ အညံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ရှုရမယ်။ အနာဒဏ်ကို ခံနိုင်မှ အနှစ်သာရကို ရမှာပါ။ ဝေဒနာရဲ့ အဆုံးကို မြင်အောင်ကြည့်နိုင်ရင် စိတ်ရဲ့ ငြိမ်းချမ်းမှုကို ယခုဘဝမှာတင် ကိုယ်တိုင်ကိုယ်ကျ ခံစားရပါလိမ့်မယ်။ ဒါကြောင့် အချိန်ရှိခိုက်မှာ ခန္ဓာဉာဏ်လှည့်ပြီး ဝေဒနာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ နိဗ္ဗာန်တံခါးကို ဖွင့်လှစ်နိုင်ကြပါစေကုန်သတည်း။ "သည်းခံခြင်းသည် နိဗ္ဗာန်၏ လမ်းစ၊ ဝေဒနာကို ကျော်ဖြတ်မှ တရားရ။" . 🪷 အနန္တကျေးဇူးတော်ရှင် 🪷 စွန်းလွန်းဆရာတော်ဘုရားကြီး . 📖 စွန်းလွန်းဆရာတော်ဘုရားကြီး၏ ဝေဒနာနုပဿနာ ရှုပွားနည်း အလုပ်ပေးတရားတော်များမှ ကောက်နုတ်မျှဝေ ပူဇော်ပါသည်။ စွန်းလွန်းဆရာတော်ဘုရားကြီး ဓမ္မဒါန 💖 Day Fri 🙏🏻🙏🏻🙏🏻crd #ဝေဒနာနုပဿနာ #အလုပ်ပေးတရား #သတိပဋ္ဌာန် #တရားအသိဖြင့်ဘ၀တွေအေးချမ်းကြပါစေ #အတွေးကိုသတိဖြင့်ထိန်းပါ #သတိဟာအရေးကြီးဆုံးပါမမေ့ပါနဲ့
စူဠသောတာပန်ဖြစ်ဖို့ အရမ်းကြီးလွယ်လွန်းတယ်ရယ်လို့၊ မထင်ကြပါနှင့်ယောဂီများ၊ စူဠသောတာပန်ဆိုတာ ခဏိကသမာဓိ ရထားသူဖြစ်၏။ ဥပစာသမာဓိတို့ အပ္ပနာသမာဓိတို့ ရနေပေမယ့်လည်း စူဠသောတာပန် မတည်နိုင်သေးပါ။ အဘယ့်ကြောင့်ဆိုသော် သုဒ္ဒဝိပဿနာနည်းဖြင့် နိဗ္ဗာန်သို့ ကိုင်းညွှတ်သော ယောဂီ များသာ ခဏိကသမာဓိရအပ်သည်ဖြစ် သောအကြောင်းကြောင့် ဖြစ်တယ်။ သမထယာနိက ယောဂီတွေအတွက်ကတော့ဈာန်၏အာရုံ ကိုသာ ကိုင်းညွှတ်သောစိတ်ရှိသည်ဖြစ်၍ ဥပစာသမာဓိ,အ ပ္ပနာသမာဓိရသည့်တိုင် "စူဠသောတာပန်"မဖြစ်အပ်ပါ။ သမာဓိရှိတဲ့စိတ်ဟာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်၏ ခဏိကသမာဓိ သမားက ခဏိကတိဟိတ်ပုဂ္ဂိုလ်ဖြစ်၏။ စူဠသောတာပန်ပုဂ္ဂိုလ်ဟာ ခဏိကသမာဓိရလို့ ခဏိကတိဟိတ်ပုဂ္ဂိုလ်ဖြစ်သလိုပဲ၊ ထိုခဏိကသမာဓိသည် အခွင့်စောင့်၍အမြဲမပြတ် စောင့်ရှောက်တတ်သောသဘောရှိ၏။ တစ်ကယ်တမ်းစူဠသောတာပန် ဖြစ်ရင်၇ရက်_၇လ_ ၇နှဈအတှငျးမဂျဖိုလျရပလေိမျ့မညျ။ သမထယာနိက ဝိပဿနာယောဂီတွေကို ဖယ်ထားပြီး၊သုဒ္ဒ ဝိပဿနာယာနိကယောဂီတွေအတွက်ကတော့ သဒ်ဓါနှငျ့ဝီရိယ တရားကိုအသက်နှင့် ခန္ဓာမငဲ့ကွပ်ဘဲ အားထုတ်နိုင်ကြမှသာ " စူဠသောတာပန် "ဖြစ်နိုင်၏။ သာမနျသဒ်ဓါနှငျ့သာမနျဝီရိယအားဖွငျ့အားထုတျနလေို့ကတေါ့ထူးမခွားနားပတျပြိုးအတိုငျးပဲဖွဈမညျ။ သဒ်ဓါတရားဟာ အထွဋ်အထိပ်ရောက်ရင် ပညာဖြစ်သွားသလို၊ ဝီရိယတရားဟာ အထွဋ်အထိပ် ရောက်ရင် ဝါယာမဖြစ်သွားပါလိမ့်မည်။ ခဏိကသမာဓိဟာ စိတ္တဝိသုဒ္ဓိဖြစ်၍ စိတ်ကလေးဟာ ကိုယ်ကာယကြီးကိုဥပေက္ခာပြုနိုင်သောသတ္တိရှိ၏၊ စူဠသောတာပန်များဟာ သေရင်အပါယ်မကျဘူးဆိုတာ သေခါနီးဝေဒနာကို ဥပေက္ခာပြုနိုင် သောသမာဓိ၏ အစွမ်းသတ္တိဖြစ်၏။ စိတ္တဝိသုဒ္ဓိဖြစ်၍ တိဟိတ်ပုဂ္ဂိုလ် အနေဖြင့်စုတိစိတ်ကျပြီး သေတော့နတ်ပြည်မှာ တိဟိတ် ပရိသန္ဓေစိတ်ဖြင့်နတ်သားဖြစ်၏။ ဒါကြောင့်ရှေးကဆရာတော်ကြီးများဟောတာက.... စူဠသောလောက်စာရင်းပေါက်က၊လွတ်မြောက်အပါယ်လေးတန်-တဲ့ဗျား။ အနန္တကျေးဇူးရှင် ဆားတောင်မဟာထေရ်မြတ်ကြီး🙏🙏🙏 ဒေါ် ဝေဝေ ဓမ္မအလှူ ဒါကြောင့်🙏ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ဆုပေးရင် (တိဟိတ်ပုဂ္ဂုလ်)ဖြစ်ပါစေလို့ ဆုပေတယ်၊ တိဟိတ်ပုဂ္ဂိုလ်မှသာ တရားကို သိလွယ်ဉာဏ်စူးလေသောကြောင့်ပင်ဖြစ်သည်။
#CreditToTheOwner #မူရင်းရေးသားပူဇော်သူ_အဆင့်ဆင့်မျှဝေသူများကိုကျေးဇူးတင်စွာဖြင့် #copy_ယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။ credit. Dhamma Taryar
ကြောက်တာ။ ဆရာသမားက-မေးမှာမြန်းမှာ ကြောက်တာနဲ့-ရိပ်သာက အသာလေးလစ်သွားတာမျိုး။ အဲဒီလို မကြောက်သင့်တာကိုကြောက်ပြီး ပြန်သွားရင်-မဂ်ဉာဏ် ဖိုလ်ဉာဏ်ကရနိုင်ပါ တော့မလား။မရနိုင်တော့ဘူးနော်။ (၇)နောက်အတားအဆီးက"ဝိစိကိစ္ဆာမာရ်" သံသယတွေဖြစ်နေတာ။ဒါမျိုးကတကယ့် သဒ်ဓါတရားနဲ့ကွိုးစားအားထုတျနတေဲ့ ယောဂီကြီးတောင်ဖြစ်တတ်တယ်။ သင်္ခါရုပေက္ခာဉာဏ်တော့ရောက်နေပြီ။ တရားက-ရှေ့ကို ဆက်မတက်ဘဲ ပြန်ပြန်ကျနေတယ်။ ဘင်္ဂတို့ ဥဒယဗ္ဗယတို့ထိ-ပြန်ကျသွားတာ။ တက်လိုက်-ပြန်ကျလိုက်နဲ့ကြိမ်ဖန်များတော့ ရှုအားတွေပါ-လျော့သွားပြီး သင်္ခါရုပေက္ခာဉာဏ်အထိတောင် ပြန်မတက်တော့ဘူး။အဲဒီတော့ စိတ်ဓာတ်တွေပါကျလာရော။ ငါဟာဒီဘ၀မှ-မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ့် တိဟိတ်ပုဂ္ဂိုလ်မှဟုတ်ရဲ့လား။ ဒွိဟိတ်များဖြစ်နေလားမသိဘူး။ တချို့ကျတော့-မဂ်တားဖိုလ်တား အန္တရာယ်တွေ-ရှိနေပြီလို့ထင်တယ်။ ရဟန်းတော်တွေဆိုရင်လည်း-ဝိနည်းနဲ့ ပတ်သက်တဲ့-အာပတ်သင့်တာတွေကို ပြန်ပြီး-သံသယဖြစ်နေတာနဲ့ရှေ့ဆက်ပြီး အားမထုတ်ဖြစ်တော့ဘူး။ အမှန်က-ကိုယ့်မှာသံသယတွေဖြစ်နေရင် တတ်သိနားလည်တဲ့သူတွေကိုမေးရတယ်။ ကိုယ့်မှာဉာဏ်ပညာက-နည်းနေသေးလို့ နုသေးလို့-သံသယဖြစ်နေတာ။ဆရာသမား ကောင်းရှိဖို့သိပ်အရေးကြီးတယ်။ (၈)နောက်အတားအဆီးတစ်ခုက"မက္ခမာရ်" ထမ္ဘမာရ် အထင်ကြီးတာ။ ညွတ်တွားလိုစိတ်မရှိတာ။ သူတစ်ပါးဂုဏ်ကျေးဇူးတွေကို အသိအမှတ်မပြုချင်တာ။ ကျေးဇူးကန်းတာ။ ကိုယ်က-တရားတွေလည်း ခဏခဏနာထား တယ်။ တရားစာအုပ်တွေလည်း အများကြီးဖတ်ထားတယ်ဆိုရင် ပြောတတ်ဆိုတတ်တာပဲ။ အထိုက်အလျောက် အားထုတ်ထားတော့-တရားတွေ့ပုံ တွေ့နည်းတွေ-ဆွေးနွေးလိုက်ရင်လည်း အများကြီးပြောတတ်တယ်။ အဲဒီတော့-အများကလည်းအထင်ကြီး။ ကိုယ့်ကိုယ်လည်း-အထင်ကြီးတာပဲ။ ဒါကိုမသိတဲ့ ယောဂီက နည်းနည်းလေး လုပ်ပြီး-ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး မာန်မာနတွေ-တတ်တယ်နော်။ မြတ်စွာဘုရားရဲ့တရားတော်ဆိုတာ မာန်မာနချိုးနှိမ်ထားတဲ့သူမှရနိုင်တာ။ မာန်မာနတွေတထောင်ထောင် လုပ်နေရင်ရမှာမဟုတ်ဘူး။ အဲဒီမာန်မာနကိုရှုမှတ်ပစ်ပြီး ဆက်ကြိုးစားမယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ကိုမရနိုင်ဘူးလား။ ရနိုင်ပါတယ်နော်။ (၉)နောက်တစ်ခု ကိုးခုမြောက် အတားအဆီးက"တဏှာမာနမာရ်" လာဘသက္ကာယသိ လောက။ လာဘ်လာဘကို သာယာမယ်။ ဂုဏ်သတင်းကြီးတာတွေကို နစ်မွမ်းနေမယ်ဆိုရင် အတားအဆီးခံရပြီလို့ သာ မှတ်လိုက်ပါ။ ငယ်တဲ့သူဖြစ်ဖြစ်၊ကြီးတဲ့သူဖြစ်ဖြစ် သီလ သမာဓိ ပညာအားကောင်းအောင် ကြိုးစားတဲ့-ပုဂ္ဂိုလ်ကို မဂ်တွေ ဖိုလ်တွေ မရသေးပေမယ့်-ကြည်ညိုကြတာပဲ။ ဟိုလူကကြည်ညို-ဒီလူကကြည်ညို။ ဟိုကချစ်ခင်ဒီကချစ်ခင်နဲ့-အာရုံငါးပါး ကာမဂုဏ်တရားကလည် ပေါလာတတ်တယ်။ အဲဒါကို-ကိုယ်ကဘဝင်မြင့်ပြီးတော့များ ပေါ့ပေါ့ဆဆနေလိုက်ရင်-အာရုံငါးပါးကာမ ဂုဏ်တရားဘက်ကို-ပြန်ပါသွားနိုင်တယ်နော်။ (၁၀)နောက်ဆုံးမာရ်က "အတ်တုက်ကံသန ပရ၀မ်ဘနမာရျ" သူတစ်ပါးကို နှိမ့်ချပြီး-ကိုယ့်ကိုယ်ကို ပင့်မြှောက်တာ။ ငါက-သီလစင်ကြယ်တယ်။ဒီကောင်တွေ ငါ့လောက်-သီလစင်ကြယ်တာမဟုတ်ဘူး။ ငါက-သမာဓိတွေ-အများကြီးရထားတယ်။ ဒီကောင်တွေ ငါ့လောက် သမာဓိရတာ မဟုတ်ဘူး။ ငါက ဝိပဿသာနာဉာဏ်တွေ အများကြီးရထားတာ။ ဒီကောင်တွေနဲ့ငါက-တူတာမဟုတ်ဘူး။ ငါမှ ငါ ဒီလိုဖြစ်လာတာ။ ထေရ်ကြီးဝါကြီးတွေကိုလည်း စိတ်ထဲ ကနေ နည်းနည်းစော်ကားလာတယ်။ ဒီမထေရ်ကြီးတွေကကွာ-စာအုပ်ကြီးဖတ်ပြီး လျှောက်ပြောနေတာပါ။ ဘာမှလုပ်တာလည်း မဟုတ်ဘူး။ သူတို့ သမာဓိလည်း-ရှိမှာမဟုတ်ပါဘူး။ ပါးစပ်က လျှောက်ပြောနေတာ။ မသိတော့-ပြစ်မှားတတ်တယ်နော်။ အဲဒါ-မဂ်တား ဖိုလ်တားပဲ။ ဆရာတော်ကြီးတွေ ကွယ်ရာမှာ လုပ်ထားတာ-ကိုယ်ကနားမလည်ပဲနဲ့လေ။ ဒကာဒကာမတွေနဲ့ ဆက်ဆံတာ တရားဟောတာပဲ-မြင်တာကိုး မနက်ဘက်ကိုစာသင်-ညဘက်မှာ တရားအားထုတ်တဲ့-ဆရာတော်ကြီးတွေ အများကြီးရှိတယ်။ ဘုမသိ ဘမသိနဲ့ အဲဒီလို သူများကိုလည်း-စော်ကားတတ်တယ်။ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး-သူများကို အထင်သေးတော့-နေရာတကာ ဆရာကြီးလုပ်ချင်တယ်။ ဟိုကိစ္စလည်းငါပါမှ။ဒီကိစ္စလည်းငါပါမှ။ ဒီလိုထင်တာ။ငါလုပ်တာမှအကောင်း။ သူတစ်ပါးလုပ်တာဆိုရင်အကောင်းမထင်ဘူး။ စိတ်တိုင်းမကျဘူး။အဲဒါနဲ့ပဲကိုယ့်ရဲ့ တရားအလုပ်တွေကို-ဆုံးအောင် မလုပ်ဖြစ်တော့ဘူး။ဒါ(၁၀)ခုမြောက် အတ်တုက်ကံသန ပရ၀မ်ဘနမာရျ။ ဒါကြောင့်အခုလိုတရားအလုပ် ပျက်စီးသွားအောင်-တားဆီးတတ်တဲ့ အတားအဆီး(၁၀)ခု-မာန်(၁၀)ပါးကို ကျော်ဖြတ်နိုင်မှမဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ-မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှလည်း သစ္စာဝါဒ၏-အနှစ်သာရကိုရမှာပါ။ ယောဂီဟောင်းကြီးတွေကရှုနည်း မှတ်နည်းတွေကို-သိတာမှမွှတ်နေတာပဲ။ သိပေမယ့်-အဆုံးအထိမရောက်တာက မာန်(၁၀)ပါးလုံးကိုမကျော်ဖြတ်နိုင်လို့။ ဘာဖြစ်လို့-မကျော်ဖြတ်နိုင်ရတာလဲ။ ဆန်းစစ်ကြည့်ရင် ဒုက္ခသစ္စာကိုသေသေချာချာ မသိလို့ပါပဲ။ ဘာဖြစ်လို့ဒုက္ခသစ္စာကို သေသေချာချာ မသိရတာလဲဆိုတော့မဂ္ဂသစ္စာကို ပြည့်စုံအောင်-မပွားလို့ပါပဲ။ #မြစိမ်းတောင်ဆရာတော်ကြီး။ သစ္စာဝါဒ၏-အနှစ်သာရမှ ထုတ်နှုတ်ဖော်ပြသည်။ Dha MMa Diary-ဓမ္မဒိုင်ယာရီ-ထံမှ ကူးယူ-ပူဇော်မျှဝေပါ၏။ (ဓမ္မမိတ်ဆွေများအား-အစဥ်လေးစားလျှက်) ကိုထွန်းဝေ(သစ္စာ)
#ကျော်ဖြတ်ရမည့်မာန်(၁၀)ပါး။ တရားအလုပ်ပျက်စီးသွားအောင် တားဆီးတတ်တဲ့-အတားအဆီးတွေကို မာရ်လို့ ခေါ်ပါတယ်။ မာရ်(၁၀)ပါးရှိပါတယ်။ အဲဒီမာန်(၁၀)ပါးကို ကျော်ဖြတ်နိုင်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို-ရမှာဆိုတော့ အထိုက်အလျောက်-သိထားသင့်ပါတယ်။ (၁)ပထမဆုံးမာရ်က"ကာမမာရ်"ပါ။ ငါးဖြာအာရုံ-ကာမဂုဏ်တွေအပေါ်မှာ သာယာတာ။တပ်မက်တာ-တွယ်တာတာ။ အင်မတန်အင်အားကြီးတဲ့အတွက် အများစုက-မကျော်ဖြတ်နိုင်ကြပါဘူး။ ယောဂီအများစုကတော့ အခိုက်အတန့်လေးပဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်လို့-တရားရိပ်သာကို ရောက်လာကြတာဟာ ငါးဖြာအာရုံ-ကာမဂုဏ်တွေကို စွန့်ပြီး-ကိလေသာတောက ထွက်လာကြတာပါပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ တောထွက်လာတာဆိုရင် သိမ်မွေ့တဲ့-သာယာတပ်မက်မှုတွေ ကိုပါ-ကျော်ဖြတ်ရမှာပါ။ တချို့ကတော့-တကယ်ကိုကြိုးစားတာ နေ့ရော-ညရောကြိုးစားတော့ သမာဓိတွေကရလာပြီ အလင်းရောင်တို့ပီတိတို့ ပသာဿဒ္ဓိတို့ဥဒယဗ္ဗယဉာဏ် အနုစားပိုင်းမှာ-ဥပက္ကိလေသတွေ ဖြစ်လာတယ်။ အလင်းရောင်တွေဖြစ်တယ်။ ပီတိတွေဖြစ်တယ်။ ပသာဿဒ္ဓိတွေဖြစ်တယ်။ သမာဓိလည်း-ကောင်းတယ်။ ဝီရိယလည်း ကောင်းလာတယ်။ သဒ်ဓါလညျး-ကောင်းလာတယ်။ အဲဒီလိုကောင်းလာတာကို ဘယ်လိုထင်လဲဆိုတော့ "ဟာငါဟိုတုန်းကနဲ့မတူဘူး။ မဂ်ဉာဏ်-ဖိုလ်ဉာဏ်ရပြီနဲ့တူတယ်" ဆိုပြီးတော့-အဲဒီ ပီတိပသာဿဒ္ဓိတွေ အလင်းရောင်တွေကို သာယာသွားတတ်တယ်။ အာရုံငါးပါး-ကာမဂုဏ်တရားကို သာယာတာမဟုတ်ဘူးနော်။ မိမိ ရထားတဲ့သမာဓိတွေကို သာယာသွားတာ။ သူများတွေ-ငါ့လောက်တောင်မရဘူး။ ငါအများကြီးရထားတာပဲ။ ငါ တော်တော်ဟုတ်နေတာပဲ။ မဂ်ဉာဏ်-ဖိုလ်ဉာဏ်မရသေးဘဲနဲ့ တစ်ခါတည်း-ကိုယ့်ကိုယ်ကို တင်းတိမ်ပစ်လိုက်တယ်။ ဒါ ဝိပဿနာ-ညစ်ညူးကြောင်းတွေ ဥဒယဗ္ဗယဉာဏ်အနုပိုင်းပဲရှိသေးတယ်။ အဲဒါကိုသူများတွေ-ငါ့လောက်တောင် ထူးထူးခြားခြားရတာမဟုတ်ဘူး။ "ဒီလောက်ဆို-တော်ရောပေါ့"ဆိုပြီး အိမ်ပြန်နားတယ်။ ကျောင်းမှာတစ်နှစ်လောက် လုပ်ထားတာအိမ်ရောက်တော့ တစ်ရက်တည်းနဲ့ကုန်ရော။ သမာဓိကတစ်ပြားသားမှ-မကျန်တော့ဘူး။ ဒါကြောင့်မို့ကိုယ်က-တရားမဆုံးသေးဘဲနဲ့ မဂ်ဉာဏ်-ဖိုလ်ဉာဏ်မရသေးဘဲနဲ့ နောက်မဆုတ်ပါနဲ့။ ဥဒယဗ္ဗယဉာဏ်-အနုပိုင်းမှာ ထူးထူးခြားခြားဖြစ်တတ်တယ်။ သမာဓိကလည်း-ထူးထူးခြားခြား ဖြစ်တတ်တယ်။ပီတိ-ပသာဿဒ္ဓိကလည်း ထူးထူးခြားခြား-ဖြစ်တတ်တယ်။ ပဿသာဒ္ဓိကြောင့်လည်း မေ့သလိုချုပ်သလို-ဖြစ်တတ်တယ်။ သမာဓိကြောင့်လည်း-မေ့သလို ချုပ်သလိုဖြစ်တတ်တယ်။ မဂ်စစ်မစစ်-ဖိုလ်နဲ့စစ်ရတယ်တဲ့။ ကိုယ့်ကိုယ်ကို-ဖလသမာပတ် မ၀င်စားနိုင်သေးဘဲနဲ့ မဂ်ဖိုလ်ရပြီလို့-ပြောလို့ရပါ့မလား။ မရသေးဘဲနဲ့တော်လိုက်တဲ့အခါကျတော့ ရသင့်ရထိုက်တဲ့တရားဆုံးရှုံးသွားပါတယ်။ တစ်ယောက်တည်း-ဆုံးရှုံးတာမဟုတ်ဘူး။ တစ်ယောက်ရဲ့နောက်မှာ ဝေနေယျတွေ-အများကြီးရှိတယ်။ အဲဒီဝေနေယျတွေပါ-တရားမရတော့တာ။ (၂)ဒုတိယမာရ်က"အရတိမာန်" တရားအားထုတ်တဲ့အလုပ်မှာ-မပျော်မွေ့တာ။ စိတ်၀င်စားမှု-မရှိတာမျိုး။ မလွှဲသာမရှောင်သာလို့မကျေမနပ်နဲ့ လုပ်နေရတာမျိုးပေါ့။သံဝေဂဉာဏ် အားမကောင်းတဲ့-ယောဂီတွေ အဖြစ်များပါတယ်။ (၃)တတိယက"ခုပ္ပိပါသမာရ်" ဗိုက်ဆာတဲ့အတွက်ကြောင့်-တရားကို ကောင်းကောင်း-အားမထုတ်နိုင်တာ။ ကိုယ်စားချင်တာ-မစားရဘဲရိပ်သာမှာ ကျွေးတာကိုပဲစားရတော့-စိတ်က မတင်းတိမ်ဘူး။ ဗိုက်ဆာတာကလည်း အခက်အခဲတစ်ခုပဲနော်။ (၄)နောက်တစ်ခုက"ကန္ဒီမာရ်" စိတ်ဓာတ်ကျတာ-ကျန်းမာရေးမကောင်း လို့ စိတ်ဓာတ်ကျတာမျိုးလည်းရှိတယ်။ တချို့ကျတော့-ကြိုးကြိုးစားစား အားထုတ်ပေမယ့်-တရားမတက်လို့ စိတ်ဓာတ်ကျတာ။ သင်္ခါရုပေက္ခာဉာဏ်ကိုတော့ရောက်နေပြီ။ ရှေ့ကိုဆက်မတက်ဘူး။ တရားကတက်လိုက်-ကျလိုက်နဲ့ ဒီနေရာမှာပဲ-လည်နေတော့ စိတ်ဓာတ်ကျပြီး-တရားကိုဆက် အားမထုတ်ချင်တော့ဘူး။ ဒါလည်း-အတားအဆီးတစ်ခုပဲ။ (၅)ငါးခုမြောက်က "ထိနမိဒ္ဓမာရ်" အိပ်ငိုက်တာ၊အပျင်းကြီးတာ။ တချို့ယောဂီတွေ မနက်စောစော အိပ်ရာမထချင်ဘူး။အအိပ်မက်တယ်။ အမှန်က မနက်စောစောဆိုတာ အင်မတန်တရားအားထုတ်လို့ကောင်းတာ။ (၆)မဂ်ဉာဏ် ဖိုလ်ဉာဏ်မရအောင် တားဆီးတဲ့ နောက်ထပ် မာရ်တစ်ခုကတော့"ဘီရုမာရ်"တဲ့။ ကြောက်စိတ်၀င်တာ။ ထိုင်မှတ်တဲ့အခါ အာရုံထဲမှာ ဘာကိုပဲမြင်မြင်-မြင်ရင်-မြင်တယ် မြင်တယ်မှတ်ပါလို့ ဆရာသမားက ခဏခဏ-သတိပေးနေပေမယ့် တချို့ကမမှတ်ဘူး။ မြင်တဲ့ အာရုံကို စိတ်၀င်တစားနဲ့ ကြည့်ကြည့် နေတယ်။အဲဒီအကျင့်က တစ်ချိန်ချိန်မှာဒုက္ခပေးတော့တာပဲ။ တရားမှတ်နေရင်းနဲ့တစ်ခါတလေ ကြောက်စရာကောင်းတဲ့ အာရုံမျိုး မြင်ရတတ်တယ်။ မြင်ရင်မြင်တယ်-မြင်တယ်မှတ်တဲ့ အလေ့အကျင့်မရှိတော့ မမှတ်ဘဲကြည့်နေမိတယ်။ သမာဓိအရှိန်ကရှိနေတော့ ကိုယ့်နားနီးကပ်လာတယ်လို့ထင်ပြီး အကြီးအကျယ်-ကြောက်သွားတတ်တယ်။ မျက်စိမှိတ်လိုက်တာနဲ့ပြန်ပြန်ပေါ်လာတဲ့ အတွက်-တရားကိုဆက်မထိုင်ရဲတော့ဘူး။ တစ်ချို့ကျတော့တစ်မျိုး။ တရားမတက်လို့-တရားစစ်ခံရမှာ
без подписи
#ဓမ္မာနုပဿနာဆိုတာ - တကယ်ရှိတဲ့ ဓမ္မသဘာဝတွေကို ဓမ္မအတိုင်း အမှန် သိ သိ ပေးနေတဲ့ ဉာဏ်ကို ခေါ်တယ်။ - ပညတ်မဖက် သက်သက်သော ပရမတ်တရားကို တိုက်ရိုက်ရှုတာ ဓမ္မာနုပဿနာပဲ။ - ပညတ် ပရမတ်ကို အထူးခွဲခြားသိရတယ်။ - ပရမတ်ဉာဏ်နဲ့ ကြာကြာနေနိုင်အောင် အလေ့အကျင့် လုပ်ပေးရတယ်။ #ဓမ္မာနုပဿနာနဲ့ ရှုပွားနေရင် - လုပ်ရင်းကိုင်ရင်း နှလုံးသွင်း ထင်လင်းရှုနိုင်ချက်။ - သွားရင်းလာရင်း နှလုံးသွင်း ထင်လင်းရှုနိုင်ချက်။ - ခရုဖမ်းသထက် လွယ်ကူချက် အပျက်မြင်နိုင်ချက်။ - ဖြစ်တာက ဥဒယဉာဏ်၊ ပျက်တာက ဝယဉာဏ်။ - ပျက်နေတယ် ပျက်နေတယ် မှန်စွာသုည သိရမယ်။ - ဓမ္မာနုပဿနာဆိုတာ ဉာဏ်၊ ဓမ္မာနုပဿီဆိုတာ ပုဂ္ဂိုလ်။ - ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိဆိုတာ ဓမ္မနဲ့နေသော ပုဂ္ဂိုလ်။ ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ မဟာထေရ် (အနိစ္စဆရာတော်)
без подписи
без подписи
без подписи
без подписи
အရာအားလုံးဟာအသစ်ပါ
ကိုပြေတီဦး+မအိန္ဒြာကျော်ဇင် (သမီး)ပြေသုဒြာ (သား)ပြေဓိရမိသားစု နေ့လည်ပိုင်း တရားပွဲ ၁၉-၃-၂၀၂၆
ကောင်းမွန်မြင့်မြတ်တဲ့ ကံတွေကိုထူထောင်ထားပါမှ ------------------------- ဘာဖြစ်လို့လဲ.. နည်းနည်းစဉ်းစားနော်။ ကံတွေက ရင့်ကျက်လာလို့ အကျိုးပေးတော့မယ် ဆိုလို့ရှိရင် နေဝင်ခါနီး, နေစောင်းသွားတဲ့အချိန်အခါမှာ တောင်ရဲ့အရိပ်သည် အရှေ့ဘက်မှာ တွဲလျားဆွဲပြီးခိုနေတယ်။ အဲ့ဒီပုံစံအတိုင်းပဲ သေကြေပျက်စီးတော့မယ်ဆိုရင်..၊ သတ္တဝါတစ်ဦး ဒီအကုသိုလ်ကံက အကျိုးပေးတော့မယ်ဆိုလို့ရှိရင်..၊ ဒီအကုသိုလ်ကံရဲ့စွမ်းအင်ကြောင့် မကောင်းတဲ့နိမိတ်တွေသည် တောင်ရိပ်ကြီးတွဲလွဲခိုနေသလို သေတော့မယ်ပုဂ္ဂိုလ်ရဲ့ အာရုံထဲမှာလာပြီးတော့ ထင်နေတတ်တယ်။ ထင်နေတဲ့အခါမှာ ဒီအကုသိုလ်ကံက ရင့်ကျက်နေပြီ၊ အကျိုး ကျိန်းသေဧကန် ပေးတော့မယ်ဆိုလို့ရှိရင် ဒီနိမိတ်တွေပဲကို ကောင်းတဲ့အာရုံတစ်ခုအဖြစ်နဲ့ လှမ်းမျှော်ပြီး လက်ခံပြီး ကြည့်နေတတ်ပါတယ်။ ကြည့်နေရုံတင်မကဘူး၊ ဒီမကောင်းတဲ့နိမိတ်တွေကို ဖယ်ရှားလိုတဲ့ စိတ်ကလေးဖြစ်တယ်ထား..၊ ဖယ်ရှားနိုင်တဲ့စွမ်းအားလည်း မရှိတော့ဘူးနော်။ အဲဒီ မကောင်းတဲ့အာရုံနိမိတ်တွေကို ထင်လာတဲ့အချိန်အခါမှာ ထိုပုဂ္ဂိုလ်က ဒီမကောင်းတဲ့အာရုံနိမိတ်တွေကို အာရုံယူပြီးတော့ မရဏာသန္နဇောစောခဲ့မယ်ဆိုရင်..၊ မရဏာသန္နဇောကလည်း အကုသိုလ်ဇောပဲဖြစ်တယ်။ ဒီ အကုသိုလ်ဇောစောပြီး ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ကောင်းရာသုဂတိ ကျိန်းသေဧကန် ရောက်တော့မလား.. မရောက်တော့ဘူး။ မကောင်းတဲ့ ဘုံဘဝကိုသာ ကျိန်းသေဧကန်ရောက်တော့မယ်..တဲ့ နော်။ အဲဒီ အချိန်အခါကျတော့မှ နောင်တတွေ အကြီးအကျယ်ရကြမယ်ဆိုရင် ဖြစ်နိုင်ပါဦးမလား၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူက.. ကံက.. ကျိန်းသေဧကန် အကျိုးပေးတော့မယ်။ ငါသည်မကောင်းမှု ပြုခဲ့မိတာတော့ မှားပြီ။ ငါသည် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုခဲ့မိတာတော့ မှားပြီ။ ငါသည် ညစ်နွမ်းတဲ့ အကုသိုလ်တရားတွေကို ဆည်းပူးခဲ့မိတာတော့ မှားပြီ။ ငါသည် အားကိုးလောက်တဲ့ ကောင်းမှုကုသိုလ်တွေကို မပြုခဲ့မိတာတော့ မှားပြီ။ သံသရာဝဋ်ဆင်းရဲ အပါယ်ဘေးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ သမထ ဝိပဿနာ ဘာဝနာဉာဏ်တွေ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရရှိအောင် မကြိုးစားခဲ့မိတာတော့ မှားပြီဆိုပြီးတော့...။ အဲဒီ_အချိန်အခါကျမှ_နောင်တ_အကြီးအကျယ်ရပြီး_စိုးရိမ်ပူဆွေး_ငိုကြွေးနေခဲ့မယ်ဆိုရင် အချိန်တွေ လွန်မသွားဘူးလား.. လွန်သွားပြီ။ အချိန်တွေ လွန်သွားတဲ့အတွက် ဘာတတ်နိုင်ဦးမလဲ..၊ မတတ်နိုင်ဘူး။ ဒါကြောင့် အခုအချိန်သည်_ကြိုတင်ပြင်ဆင်မယ်ဆိုရင် ကြိုတင်ပြင်ဆင်လို့ မရနိုင်ဘူးလား.. ရနိုင်သေးတယ်။ သတ္တဝါတွေမှာ ဒီဘဝမှာပဲဖြစ်စေ.. အတိတ်သံသရာ အဆက်ဆက်ကပဲဖြစ်စေ.. မကောင်းမှုအကုသိုလ် ဒုစရိုက်ဆိုတာက အနည်းနဲ့အများ လွန်ကျူးမိတဲ့ သတ္တဝါက များပါတယ်။ အဲဒီတော့ ဒီမကောင်းမှုအကုသိုလ်ကံတွေက ရင့်ကျက်လာပြီဆိုလို့ရှိရင် တစ်ချိန်မှာ အကျိုးပေးတော့မယ်။ အခုဒီမှာ နာဠာဂီရိဆင်က လာပြီးတော့.. သတ်ဖြတ်ဖို့ရန် ဘုရားရှင်ထံပြေးလာတဲ့ ဒီမကောင်းမှုအကုသိုလ်ကံ ဆိုလို့ရှိရင် ဘုရားအလောင်းတော်အဖို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဟိုဘက်ကလို့ ယူဆရပါတယ်နော်။ ဒီလောက်ဝေးလံနေတဲ့ အကုသိုလ်ကံတွေသော်လည်း ရင့်ကျက်လာတဲ့ အချိန်အခါမှာ အချိန်မီလာပြီးတော့အကျိုးမပေးဘူးလား.. အကျိုးပေးနေတယ်။ ဒီနာဠာဂီရိဆင်ကို တစ်ဘက်ကပြန်ပြီး ကြည့်မယ်ဆိုရင်ပေါ့..၊ ဒီနေရာမှာ ကံလေးက ဘုရားအလောင်းတော်ကလည်း ဘဝတစ်ခုမှာ ရှငျပစေ်စကဗုဒ်ဓါကို ဆင်ဖြင့်တိုးဝှေ့ပြီး သတ်မဲ့အဟန်ဖြင့် ခြောက်လန့်တဲ့ ပုံစံမျှသာရှိတယ်။ တကယ်သတ်ခဲ့တာ ဟုတ်သလား.. မဟုတ်ဘူး။ အဲဒီ အကုသိုလ်ကံလေးက အခုသူ့ကိုလည်း နာဠာဂီရိဆင်က သတ်မည့်အဟန်ဖြင့် ခြောက်လန့်တဲ့ ပုံစံအသွင်လောက်ပဲရှိတယ်။ တကယ်သတ်သလား.. မသတ်ဘူး။ အကယ်သာ တစ်ချိန်ကပေါ့လေ ခြောက်လန့်တဲ့ပုံစံမဟုတ်ဘဲ အသေတာသတ်ခဲ့မယ်ဆိုရင်.. ဒီအကုသိုလ်ကံတွေကြောင့် ဘုရားမဖြစ်မီဘဝတွေမှာ များစွာ အသတ်ခံရတဲ့ဘဝတွေရော မရှိနိုင်ဘူးလား.. ရှိနိုင်တယ်။ အပါယ်လေးဘုံလည်း မရောက်နိုင်ဘူးလား.. ရောက်နိုင်တယ်။ အခုလိုနောက်ဆုံး ဘုရားဖြစ်တဲ့ဘဝမှာလည်း နာဠာဂီရိဆင်ကလာပြီးတော့ အခုလို ခြောက်လန့်သလို အခြောက်လန့်ခံရနိုင်တဲ့ သဘောလည်း ရှိပါတယ်။ ဒါကြောင့် ကံတစ်ခုကို_ထူထောင်ပြီးတဲ့အချိန်အခါမှာ_ကံအရာတည်သွားရင် ပြန်လည်ဖျက်သိမ်းဖို့ဆိုတဲ့ အပိုင်းသည် အလွန်ခက်ခဲတယ်။ အလွန်ခက်ခဲတယ်ဆိုတာက ဖျက်သိမ်းလို့ လုံးဝမရတာကို ဘုန်းကြီးမဆိုလိုဘူးနော်။ ဖျက်သိမ်းလို့ ရနိုင်တဲ့နည်းလမ်းက သမထဝိပဿနာ ဘာဝနာဆိုတဲ့လက်နက်ကောင်းသာ ဖြစ်တယ်။ ဖားအောက်တောရဆရာတော်ဘုရားကြီး🙏🙏🙏 Credit🙏 ဓမ္မဒါန🙏မေတ္တာဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည်🙏🙏🙏
အတွေး ဘာတွေ တွေးနေလဲလို့ သိရမယ်နော်... စိတ်က အဓိပ္ပာယ်တွေဖော်နေတယ်၊ စိတ်က အာရုံကိုသိတယ်၊ စိတ်က အာရုံကိုခံစားတယ်၊ ဒါတွေ ဖြစ်နေမှန်းသိဖို့လိုပါတယ်... နားလည်ချင်တဲ့လူက ပထမဖြစ်နေတာတွေကို သိစရာရှိတာတွေကို အရင်သိနေရမယ်... အချက်အလက်တွေ ပြည့်စုံရင် အသိဉာဏ်ပေါ်ပါတယ်... အချက်အလက်တွေကို အရင်လိုက်စုရတယ်... ပထမ ယောဂီလုပ်နေရတာက အချက်အလက်စုဆောင်းနေရတာ ဒီထဲ ရှိသမျှအားလုံးသိချင်ရမှာ သိအောင်လို့ လေ့လာနေတာ... သိလာပြီ မြင်ကွင်းပြည့်စုံလာပြီဆိုရင် ရုပ်လုံးပေါ်လာပြီ... ဘာလဲ၊ ဘယ်လိုဖြစ်နေလဲ အဲဒီတော့ ဖြစ်နေတဲ့ဘက်ကို ဘာမှသွားမလုပ်ပါနဲ့ ... ဖြစ်နေတာက ကိုယ်နဲ့မဆိုင်ပါဘူး ... ကိုယ်လုပ်ရမယ့်အလုပ်က ဖြစ်နေတဲ့အပေါ်မှာ အယူအဆမှန်ဖို့ရယ်၊ သတိရှိဖို့ရယ်... စိတ်တွေကို စိတ်တွေ ဖြစ်နေတာတွေကို သတိထားနေလို့ရှိရင် စိတ်က ငြိမ်းချမ်းနေလည်းသိတယ်... စိတ်ရှုပ်နေလည်းသိတယ် ... စိတ်က ဘာဖြစ်လို့ငြိမ်နေတာလဲ စိတ်က ဘာဖြစ်လို့ဆင်းရဲနေတာလဲ ဘာဖြစ်လို့ရှုပ်နေတာလဲ... လူတွေက ခံစားမှုပဲသိတယ်... ခံစားမှုက အတွေးနဲ့တွဲနေတာ တွေးနေတဲ့အတွေးကိုသတိထားမိရင် အတွေးနဲ့ခံစားမှုက ဆက်စပ်နေတယ်... စဉ်းစားကြည့်တော့ အတွေးတစ်ခုက အတွေးတစ်ခုပေါ်လာလို့ စိတ်က ဆင်းရဲသွားပြီဆိုရင် အဲဒီအတွေးကို ကောင်းတဲ့အတွေးလား မှန်တဲ့အတွေးလား၊ ဆိုးတဲ့အတွေးလား နားလည်သင့်တာပေါ့... အတွေးတစ်ခု ပေါ်လာလို့ စိတ်က ဆင်းရဲသွားတယ်ဆိုရင် တစ်ခါသိတယ်၊ နှစ်ခါသိတယ်၊ သုံးခါသိတယ်ဆို ဒီအတွေးကို မကောင်းဘူးလို့ ဆုံးဖြတ်နိုင်ပြီပေါ့၊ မမှန်ဘူးလို့ ဆုံးဖြတ်နိုင်ပြီပေါ့၊ ယုံဖို့ မလိုတော့ဘူးပေါ့... အခု ယောဂီတွေက တွေးလာတဲ့အတွေး ကိုလည်း မသိ၊ တွေးတဲ့အတွေးကိုယုံယုံပြီး ထပ်ပွား၊ ကိလေသာ အဲဒီမှာပွားတာတွေ သတိထားကြည့်ပေါ့၊ ခံစားမှုနဲ့ တွဲကြည့်... ခံစားမှုက ဆင်းရဲတယ် ချမ်းသာတယ်ဆိုရင် ဒီအယူအဆမှန်လားမှားလား သိပါတယ်... ကုသိုလ်အတွေးတွေ တွေးနေပြီဆိုရင် ကုသိုလ်စိတ်ဖြစ်ရမှာပေါ့ ၊ ကုသိုလ်ဆိုတာ အပြစ်ကင်းတယ်၊ ချမ်းသာတဲ့ အကျိုးကို ပေးတယ်... စိတ်ရဲ့အရည်အသွေးကို ခံစားမှုနဲ့အတွေးနဲ့တွဲပြီးရှုတဲ့အခါကျရင် အကြောင်းအကျိုးတွေ ပေါ်လာတယ်... အာရုံကို သိတယ် အာရုံကို ခံစားနေတာလည်း သိတယ်... အာရုံကို စဉ်းစားနေတာလည်း သိတယ်... အာရုံပေါ်မှာ ကိုယ့်အယူအဆ ဘာရှိသလဲဆိုတာလည်း သိရမယ်... အဲဒါမှ မှားလားမှန်လား ဘယ်လိုစဉ်းစားသင့်လဲ... အာရုံတွေကို ဘာလို့စဉ်းစားရမယ်ဆိုတာ အားထုတ်တာ နည်းပါတယ်... ဘယ်လိုအားစိုက်ရမလဲဆိုတာပဲ အားထုတ်နေကြတယ်... ဘယ်ဣရိယာပုထ်မှာပဲမဆို ထိုင်ထိုင်၊လျှောက်လျှောက် သွားသွား၊ လှဲလှဲ စိတ်က အလုပ်လုပ်နေရင် တရားအားထုတ်နေတာပဲ... ဣရိယာပုထ်နဲ့ မဆိုင်ပါဘူး မြင်ကာမတ္တ၊ ကြားကာမတ္တ သိကာမတ္တဆိုတာ အသိပဲ ဘာအဓိပ္ပာယ်မှ မသိတာမဟုတ်ဘူး သိလွန်းလို့ နားလည်လွန်းလို့ လောဘမဖြစ် ဒေါသမဖြစ်ဘဲနဲ့ ရပ်နေတာ ကိလေသာတွေ ရပ်နေတာ... အသိဉာဏ်ရှိလို့ ကိလေသာတွေ ရပ်နေတာကို မြင်ကာမတ္တလို့ ခေါ်တာ... မြင်တဲ့အချိန်မှာ ဉာဏ်ရှိတယ် ကြားတဲ့အချိန်မှာ ဉာဏ်ရှိတယ် အဲဒါကြောင့် စိတ်က လောဘဒေါသ မဖြစ်တာကို မြင်ကာမတ္တ.. ကြားကာမတ္တ မြင်တိုင်းကြားတိုင်း သတိနဲ့ နေကြည့်ပေါ့ ... မြင်တိုင်းကြားတိုင်း သတိဉာဏ်ဖြစ်နိုင်တယ် မြင်တာကြည့်တာတွေပါ တွဲပြီးလုပ်ပါလို့ ပြောတာ... ဒီသဘောတရားကို အပြည့်စုံဆုံးနားလည်သွားရင် မြင်တဲ့အခိုက်မှာလည်း တရားရနိုင်ပါတယ်... ကြားတဲ့အခိုက်မှာလည်း နားလည်နိုင်ပါတယ် ... အဲဒီနားလည်တာ ဉာဏ်ပဲ အင်အားပဲကွာသွားတာပါ ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်ဖြစ်တာ ဒီခဏလေးပါပဲ... မြင်ကာမတ္တ ကြားကာမတ္တဆိုတဲ့ သဘောတရားကို အပြည့်စုံဆုံး နားလည်ဖို့၊ နားလည်တဲ့ ဉာဏ်အားပေါ်မှာ မူတည်တာပါ... ပထမ နည်းနည်းနားလည်၊ နောက် တဖြည်းဖြည်းနားလည်၊ ပိုပိုနားလည်လာ နားလည်တဲ့အားတွေ ကွာကွာလာ... ဒါကြောင့် အမြဲတမ်း အားထုတ်ခိုင်းတာပါ မြင်သမျှ ကြုံသမျှ တွေ့သမျှ အာရုံတွေအပေါ်မှာ စိတ်တွေက အသိဉာဏ်တွေ တိုးတိုးလာရပါတယ်... ကျွမ်းကျင်တဲ့ပညာရှင်တွေက သူလုပ်တဲ့ အလုပ်ကို အမြဲတမ်း လုပ်နေတာပဲ... အဲဒါကြောင့် အသိတွေက တိုးတိုးလာလို့ ကျွမ်းကျင်တဲ့ပညာရှင်အဆင့် ရောက်သွားတာပါ... သူများမသိတာတွေကို သူကပိုသိလာလို့ ဒီရုပ်နာမ်ရှုနေရတာကို ဟိုးအရင်ကတည်းကလည်း ဒီရုပ်နာမ်ရှုနေရတာ... ခုထက်ထိ ဒီရုပ်နာမ်ကို ရှုနေရတာ ဒီရုပ်နာမ်အကြောင်း ဘယ်လောက် နားလည်လာပြီလဲ နားလည်လာရင် ဖြစ်နေတဲ့အပေါ်မှာ စိတ်က ဘယ်တုန့်ပြန်တော့မလဲ... ဆရာတော်အရှင်တေဇနိယ (ရွှေဥမင်)
ဘယ်သူ့ကိုမှ ငါ့ဟာလို့ မလုပ်နဲ့ ငါကလည်း ဘယ်သူ့ကိုမှ ငါ့ဟာလို့မလုပ်သင့်ဘူး ငါ့ကိုလည်း ဘယ်သူကမှ ငါ့ဟာလို့မလုပ်သင့်ဘူး ငါဟာ ဘယ်သူ့ဟာမှမဟုတ်သလို ဘယ်သူမှလည်း ငါ့ဟာမဟုတ်ဘူး ငါကလည်း ငါသဘောနဲ့ငါ သူကလည်း သူ့သဘောနဲ့သူ ငါကလည်း သူ့အလိုကိုမလိုက်သလို သူကလည်း ငါ့အလိုကိုမလိုက်ဘူး တကယ်တမ်းက ကိုယ့်သဘော ကိုယ်ဆောင်နေကြတာ သူဟာ ကိုယ့်အကြိုက်လိုက်တယ်လို့ ကိုယ်ထင်နေတဲ့အရာတွေဟာလည်း တကယ်က သူ့အကြိုက်သူလုပ်နေတာ ဒါကြောင့် ဘယ်သူကမှ ဘယ်သူ့ကိုမှ ငါ့ဟာလို့မထင်သင့်ဘူး တကယ်တမ်းက ငါသည်ပင်လျင် ငါ့ဟာမဟုတ်ဘူး သူသည်ပင်လျင် သူ့ဟာမဟုတ်ဘူး သူတစ်ပါးကို ငါ့ဟာလို့ ထင်ဘို့ဆိုတာမပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ငါ့ဟာလို့ထင်လို့မရဘူး သူတစ်ပါးသည် ကိုယ့်ဟာဖြစ်ဘို့ဆိုတာဝေးရော ကိုယ်သည်ပင်လျင် ကိုယ်ဟာဘယ်တော့မှမဖြစ်ဘူး သစ္စာရွှေစည်ဆရာတော်