- Последний пост
- 5 янв. 2025 г.
- Последнее чтение
- ещё не заходили
- Постов за неделю
- 0
- Всего постов
- 19
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
- Anti-oxidant, anti-inflammatory တွေဖြစ်တဲ့ Vitamins တွေပိုလိုအပ်ပါတယ် - သောက်နေကျ အားဆေးတွေ မရပ်ပါနဲ့ ဆက်သောက်ပါ 👉 ဆားရည် နဲ့ပါးလုတ်ကျင်းပါ 💊 အဖျားကျဆေး ကတော့ Paracetamol 500mg ကို (၆) နာရီခြား လေးကြိမ်သောက်ပါ ပါးစပ်က မသောက်ချင်လို့ Suppository (ဂြိုလ်တု) ထည့်လိုကလည်း ထည့်နိုင်ပါတယ် - ကိုယ်လက် ကိုက်ခဲ ၊ ခေါင်းကိုက်တာအတွက်လည်း Paracetamol က အဆင်ပြေပါတယ် 💊 ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေးသောက်ပါ (dextromethorphan) ပါတဲ့ ဆေးသောက်ပါ တစ်နေ့ (၃) ကြိမ်ထိသောက်လို့ရပါတယ် 💊 နှာမွှန် နှာချေတာအတွက်ကတော့ (Burmeton, Cetrizine , Loratidine) အဆင်ပြေရာ တစ်မျိုးမျိုးသောက်ပေါ့ 💊 လည်ချောင်းနာတာ/ယားတာ အတွက်ကတော့ ငုံဆေး (Lozenges) နှစ်သက်ရာငုံပါ (သကြားလုံးတွေတော့ မငုံနဲ့ပေါ့ 😅) အရေးတကြီး မှာလိုတာကတော့ #ဆေးထိုးတာပါ လူလတ်ပိုင်းရောဂါအခံမရှိသူတွေက ပြဿနာအများကြီးမရှိပေမယ့် - အသက် ၁၆ နှစ်အောက် ကလေးတွေ - အသက် ၅၅ နှစ်အထက် လူကြီးတွေ - ဆီးချိုရောဂါ ၊ အသည်းရောဂါ ၊ နှလုံးရောဂါရှိပြီး သွေးကြဲဆေးသောက်နေရသူတွေ - ကျောက်ကပ်ရောဂါ - အစာအိမ်ရောဂါ ရှိသူတွေ အနေနဲ့ ကတော့ (လုံးဝ) အကိုက်ခဲပျောက်ဆေး မထိုးသင့်ပါဘူးဗျာ ကျန်းမာရေးဗဟုသုတတိုးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ Dr. ဘုန်းစည်သူလွင်
#Virusသတင်းတစ်ခုထွက်နေပြန်ပါပြီ #နှာစေးချောင်းဆိုးဖျားတဲ့_တုပ်ကွေးလက္ခဏာတွေပါပဲ #Human_Metapneumovirus (HMPV) ငဗစ်တုန်းက စိတ်ဒဏ်ရာ ရှိထားတော့ အိမ်နီးချင်းနိုင်ငံမှာ Virus တစ်ခု outbreak ဖြစ်နေပြီဆိုတာနဲ့ ကျွန်တော်တို့တတွေလန့်ဖြန့်နေရတာပေါ့။ သိပ်မကြာသေးခင်က Norovirus အန်ပြီးဝမ်းပျက်တဲ့ပိုးပေါ့ ဆောင်းတွင်းမှာဖြစ်နေကြပါ (ပိုး အသစ်မဟုတ်ပါဘူး) ထုံးစံအတိုင်း အာရုံစိုက်ခံချင်တဲ့ တချို့တချို့တွေက အကြီးအကျယ်တွေ လျှောက်ဖြန့်ကြတာပေါ့။ အခုလည်း Virus အသစ်ကြီးဆိုပြီး တချို့ Share နေကြတာတွေ့ရပါတယ်။ ဒီဆောင်းပါးမှာ HMPV ဆိုတာ Virus အသစ်လား ❓ ဘာလက္ခဏာတွေခံစားရသလဲ ❓ ကာကွယ်ဆေးရှိလား❓ မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ❓ အခု နေမကောင်းဖြစ်နေတယ် အဲ့ဒီ ပိုးများလား ❓ စတာတွေကို ရှင်းပြထားတာမို့ #စာရှည်ပါလိမ့်မယ်ဗျာ ပထမဆုံးပြောချင်တာက Human Metapneumovirus (HMPV) က တုပ်ကွေးတို့ ၊ ရာသီဖျားတို့လိုပဲ အသက်ရှူလမ်းကြောင်းကနေ ကူးစက်ပြီး နှာစေး ချောင်းဆိုး ဖျားနာ ကိုက်ခဲ စေတဲ့ ပိုးပါ ပိုးအသစ်မဟုတ်ပါဘူး ၂၀၀၁ ခုနှစ်ထဲက သိထားပြီးသား Virus ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရက်ပိုင်းအတွင်းသက်သာသွားနိုင်ပါတယ် ဒါပေမယ့် Virus ဖြစ်တဲ့အတွက် ကိုယ်ခံအားမကောင်းတဲ့ (ကိုယ်ခံအားကောင်းစွာမဖွံ့ဖြိုးသေးတဲ့) ကလေးသူငယ်များ သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါရှင်များ ကိုယ်ခံအားကျဆင်းမှုရောဂါရှင်များ ကိုယ်ခံအားထိန်းညှိဆေးသောက်နေရသူများ ကိုယ်အင်္ဂါအစားထိုးထားသူများ မှာ ဆိုးဝါးပြင်းထန်နိုင်ပါတယ် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ 🤧 နှာစေး ၊ နှာမွှန် ၊ နှာချေ ၊ နှာရည်ယို 😓 မျက်စိယား နားယား 😮💨 ချောင်းဆိုး လည်ချောင်းနာ 🤒 ကိုယ်ပူ ကိုယ်လက်ကိုက်ခဲ ခေါင်းကိုက် နုံးချိ စတဲ့ တုပ်ကွေး လက္ခဏာတွေပါပဲ ရောဂါခံစားရတဲ့သူ အများစုမှာ ဒီလောက်နဲ့ သက်သာသွားတတ်ပေမယ့် (လူအနည်းစုမှာ - အပေါ်မှာပြောထားတဲ့ ကိုယ်ခံအားနည်းသူတွေမှာပေါ့) အဆုတ်ကိုထိခိုက်သွားခဲ့ရင် 😓 ချောင်ဆိုးသလိပ်ထွက် 😓 အသက်ရှူလျှင်တရွှီရွှီမြည် 😓 အဖျားတရားလွန်ကြီး 😓 မော Oxygen တွေကျ 😓 မှိန်းရာမှသည် သတိလစ်သည်အထိ ဖြစ်တတ်ပါတယ် တုပ်ကွေးအတိုင်းပါပဲ သူ့ရာသီရောက်လို့ သူခေါင်းထောင်လာတာပါ 💉ကာကွယ်ဆေးတော့ မရှိသေးပါဘူး #မဖြစ်အောင်_ကာကွယ်လို့တော့ရပါတယ် Virus ဖြစ်တာကြောင့် ကိုယ်ခံအားကောင်းအောင်နေထိုင်ရပါမယ် နေ့စဉ် အာဟာရပြည့်ဝစွာမှီဝဲစားသုံးရပါမယ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကိုယ်ခံအားကိုကောင်းစေပါတယ် ကုန်ဆုံးသွားတဲ့စွမ်းအင်တွေပြန်လည်ဖြည့်တင်းဖို့ ကောင်းစွာအနားယူအိပ်စက်ခြင်းက အရေးပါတာမို့ (အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ) စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ ဓာတ်တိုးမှုတွေကိုအားပေးပြီး ရောဂါဖြစ်စေသလို ကိုယ်ခံအားကိုကျဆင်းစေလို့ စိတ်ပျော်အောင်နေကြပါ နာတာရှည်ရောဂါအခံရှိသူတွေအနေနဲ့ သောက်နေကြဆေးဝါးများကို မပြတ်ရအောင် သေသေချာချာသောက်သုံးရပါမယ် အသက်ရှူလမ်းကြောင်းကနေ ကူးစက်တာမို့ ထုံးစံအတိုင်း နည်းလမ်းတွေလိုက်နာရုံပါပဲ မလိုအပ်ပဲ လူထူထပ်တဲ့နေရာတွေ၊ ပွဲလန်းသဘင်တွေ မသွားပါနဲ့ မဖြစ်မနေ သွားစရာရှိခဲ့ရင် Mask ကို စနစ်တကျတပ်ပါ လက်ကို နည်းစနစ်မှန်မှန်နဲ့သေသေချာချာ ဆေးပါ ၊ မျက်စိ ပါးစပ် နှာခေါင်းစတာတွေကို ခဏ ခဏ မပွတ်မိပါစေနဲ့ ဆေးလိပ် Vape Pod စတာတွေက အသက်ရှူလမ်းကြောင်းကိုပျက်စီးစေပြီး အသက်ရှူလမ်းကြောင်းရဲ့ခံနိုင်ရည်ကိုကျစေလို့ မသောက်သင့်ပါဘူး _________ ဆရာရေ အခုလောလောဆယ် ဘာမှန်းမသိဖျားနေတယ် အဲ့ပိုးလားမသိဘူး ဆိုရင် 👉 မသေချာတာကြီးကို စိတ်ပူမနေပဲ သေချာတဲ့နည်းလမ်းတွေဖြစ်တဲ့ 👉 ရေ အများကြီးသောက်ပါ - အာခေါင်ကို စိုစွတ်နေစေပြီး ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်းတို့ကို သက်သာစေပါတယ် - ခန္ဓာကိုယ်အပူချိန်ကို ချပေးရာတွင်လည်း အကူညီဖြစ်စေပါတယ် - ရေဓာတ်ပြည့်ဝ နေစေခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေပါတယ် 👉 အာဟာရပြည့်ဝအောင် စားပေးပါ - ကျွန်တော်တို့ လူမျိုးက နေမကောင်းရင် အစာဖြတ်တတ်ကြပါတယ် - အာဟာရပြည့်ဝ မှ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးကိုတွန်းလှန်နိုင်မှာပါ (ငဗစ်တုန်းက အတွေ့အကြုံရှိကြပြီးသားပဲ မလား) - နေမကောင်းတဲ့အချိန် စားချင်သောက်ချင်စိတ်ပျက်တယ် ၊ အစာချေလည်းသိပ်မလွယ်တာကြောင့် ဆီကြော်တို့ ၊ ကောက်ညှင်းတို့ လေပွစာတို့တော့ ရှောင်ပေါ့ - ပွင့်ထွက်သွားအောင် အာပူရှာပူသောက်တယ်တို့ ဘာတို့ စတဲ့ ချဉ်လွန်းစပ်လွန်းတာတွေက အစာအိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်စေလို့ (လုံးဝ) မလုပ်သင့်ပါဘူး 👉 ဆေးလိပ် ၊ အရက် ရှောင်ပါ 👉 ခန္ဓာကိုယ်ထဲရေဓာတ်ပြည့်ဝဖို့လိုတာကြောင့်ကော်ဖီ လက်ဖက်ရည်တွေ ကလည်း ဆီးသွားများစေတာကြောင့် တရားလွန်မသောက်သင့်ပါဘူး 👉 ဖျားရင် အားဆေးမသောက်ရဘူးဆိုတဲ့ လူတတ်ကြီးများရှိတတ်ပါတယ် (ပိုးတွေ အားရှိသွားမှာစိုးလို့လား မသိပါဘူးဗျာ 😅) - ပုံမှန် ဇီဝဖြစ်စဉ်တွေအပြင် ပိုးတွေ နဲ့ တိုက်ပွဲဖြစ်ရတော့ Oxidation- ဓာတ်တိုးမှုတွေ Inflammation- ရောင်ရမ်းမှုတွေပိုဖြစ်လို့
မသက်သာပဲ အတော်ဆိုးလာခဲ့ရင် နီးစပ်ရာပြည်သူ့ဆေးရုံပြင်ပလူနာဌာနကိုပြသလိုက်ပါ (တချို့ဆေးတွေဆို အခမဲ့တောင်ပေးတတ်ပါတယ်) စာရှည်ပေမယ့် အကျိုးရမယ်ထင်ပါတယ် Tik Tok 5 ခုလောက်ကြည့်မယ့် အချိန်လေးပဲရှိတာပါ ပြောင်းလဲကြည့်ကြပါ 💪💪💪 (Photo credit; YangonMediaGroup ) ကျန်းမာရေးဗဟုသုတတိုးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ 💕Happy New Year to you all 💕 Dr. ဘုန်းစည်သူလွင် 11:30 pm/31.12.24 (ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 ) #NewYears #HealthEducation
#ဆင်ခြေဖုံးတွေမှာလက်လုပ်လက်စားများတဲ့နေရာတွေမှာ_စပ်ဆေးကတော့_မကင်းနိုင်ကြပါ #ဆရာဝန်ပြဖို့အဆင်မပြေသူများ_ချို့တဲ့သူများအတွက်_စပ်ဆေးကဆက်ရှိနေအုန်းမှာပါ #စပ်ဆေး စပ်ဆေး အန္တရာယ်အကြောင်းရေးတဲ့ဆောင်းပါးအောက်က Comment လေးတစ်ခုပါ ၊ ဟုတ်ပါတယ် ဆရာဝန်ပြသဖို့လက်လှမ်းမမှီတဲ့သူတွေရှိပါတယ် ဒါပေမယ့် အဲ့လိုလက်လှမ်းမမှီတာနဲ့ တစုံတခုဖြစ်ရင် စပ်ဆေးသောက်ရမှာ ဆိုတာကတော့ မဟုတ်ပါဘူး စပ်ဆေးထဲ ထည့်လေ့ရှိတဲ့ #အရောင်ကျဆေး_Steroid နဲ့ #အကိုက်ခဲပျောက်ဆေး_NSAIDs တွေရဲ့ အန္တရာယ်ကို 👉 စပ်ဆေးဆေးရောင်းတဲ့သူတွေ နဲ့ 👉 ဆရာဝန်လက်လှမ်းမမှီတဲ့မိဘပြည်သူတွေ သေသေချာချာသိရှိလာအောင် ကျွန်တော်တို့က ကြိုးစားပြီး အသိပညာပေးနေပါတယ် အဲ့ဆေးမသောက်တော့ ကိုက်ရင်ခဲရင် ဘာသောက်ရမှာလဲ ဆိုတာကိုလည်း ဖြေရှင်းပေးပါမယ် မကိုက်မခဲရအောင် နေထိုင်မှုတွေပြင်ဖို့ကိုလည်း မျှဝေပေးပါမယ် ဒါပေမယ့် လိုအပ်တာက အဲ့လိုမျှဝေပေးတာကို ဖတ်ကြဖို့ပါ စာရှည်တယ်မဖတ်ဘူးဆိုတာမျိုးပေါ့ 🥹😰 _______ ပထမဆုံး စပ်ဆေးဆိုတာမှာ အရောင်ကျဆေး Steroid , အကိုက်ခဲပျောက်ဆေး NSAIDs , Cevit , အစာအိမ်ဆေး Antacid ဆိုတာတွေပါတတ်ပါတယ်။ ကိုက်ခဲဖျားနာ ပျောက်ပါတယ် 🚨 🚨 🚨 ဘာအန္တရာယ်ရှိလဲ 🚨 🚨 🚨 အရောင်ကျဆေး Steroid တွေဟာ သွေးတိုး၊ ဆီးချို၊ အရိုးပါးအရိုးပွ၊ အဝလွန်၊ အစာအိမ်ရောဂါတွေဖြစ်လာမှာဖြစ်ပြီး အကိုက်ခဲပျောက်ဆေး NSAIDs တွေဟာ အစာအိမ်ရောင် ၊ အူ/အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်၊ ကျောက်ကပ်ပျက်တာတွေဖြစ်လာတတ်ပါတယ် (ဘာရောဂါမှ မယ်မယ်ရရ မရှိပဲ အသက် ၂၀ ကျော်နဲ့ ကျောက်ကပ်ဆေးနေရတာတွေ အတွေ့များလာပါတယ်) ________ #အဲ့ဒါမသောက်လို့ဘာသောက်ရမှာလဲ❓ 🤒 ကိုက်ခဲဖျားနာအတွက် Paracetamol 500mg ပါတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ် (၁၀ လုံးကို ၅၀၀ ပဲရှိလို့ တစ်လုံး ၅၀ လောက်ပဲကျသင့်ပါတယ်) အကိုက်ခဲပျောက်ဆေး NSAIDs လောက် ကိုက်ခဲတာမသက်သာပေမယ့် အထိုက်အလျောက်သက်သာပါတယ် 🗣️ ချောင်းဆိုးတာအတွက် က Dextromethorphan နဲ့ Chlorphenamine ရောထားတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ်။ တစ်ကဒ်မှ ၁၀၀ ဝန်းကျင်ရှိတဲ့ brand တွေရှိလို့ တစ်လုံး ၁၀ ကျပ်ပဲ ကျပါတယ်။ 🤧 နှာစေး၊နှာမွှန်၊နှာရည်ယိုတာအတွက် Burmeton , Cetrizine စတဲ့ ဆေးတွေရှိပါတယ် ။ Burmeton ဆို တစ်နေ့ ၃ ကြိမ်/၄ ကြိမ် သောက်လို့ရပြီး Cetrizine က တစ်နေ့တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ် (Original Cetrizine က စျေးများပေမယ့် စျေးသက်သာတဲ့ Brand တွေရှိပါတယ်) 🤢 ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စျေးကြီးတဲ့ Probiotic တွေသောက်နေစရာမလိုပါဘူး - ဝမ်းသွားသလောက် ဓာတ်ဆားရည်လိုက်သောက်ရုံပါပဲ ဓာတ်ဆားတစ်ထုပ် ၅၀၀ ဝန်းကျင်ရှိပါတယ် စျေးများလို့ဓာတ်ဆားမသောက်ချင်ဘူးဆိုလဲ ရေတစ်လီတာ ကို အိမ်မှာရှိတဲ့ သကြားလက်ဖက်ရည်ဇွန်း (၈) ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ထည့်ပြီး သေချာပျော်အောင်ဖျော်သောက် လို့ရပါတယ်။ နေမကောင်းတဲ့အခါ အဓိက အရေးကြီးတာက အစာအာဟာရဝင်အောင်စားရပါမယ် အစာကြေမလွယ်လို့ ဆန်ပြုတ်၊ စွပ်ပြုတ်သောက်လည်း ရပါတယ် (အရေးကြီးတာက အစာမဖြတ်ဖို့ပါ) သေသေချာချာနားရပါမယ် (အသားဓာတ်ကအရေးကြီးပါတယ် ငါးစားလည်းရသလို ပဲစားလည်းရပါတယ်) အလုပ်ကတစ်နေ့လုပ်မှတစ်နေ့စားမို့ ခွင့်မရဘူးဆိုလည်း အိမ်ရောက်တဲ့အခါ သေသေချာချာနားပါ ၊ သေသေချာချာအိပ်ပါ ရေအရည်ဟာ အရေးကြီးလှပါတယ် ရေကတော့ ကြိုက်သလောက်သောက်လို့ ရနိုင်တာမို့ တစ်နေ့ (၃) လီတာ အနည်းဆုံးသောက်ပါ အရက်သောက်ရင်ကိုက်ခဲတာသက်သာသလိုရှိနိုင်ပေမယ့် ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေသလို ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေလို့ ဖျားနာတာကို ကြာရှည်စေပါတယ် အရက်မသောက်ပါနဲ့ ၊ ဆေးလိပ်မသောက်ပါနဲ့ ________ #အလုပ်ကြောင့်_ကိုက်ခဲနာကျင်တာတွေလျော့ပါးရအောင် ရေများများသောက်ပါ (ရေဓာတ်ခမ်းခြောက်ခြင်းက ကြွက်သားအဆစ်မြစ်တွေနာကျင်စေပါတယ်) ချွေးထွက်များလို့ ရေနဲ့ဓာတ်ဆားဓာတ် (Calcium, Potassium) စတာတွေ ဆုံးရှုံးတဲ့အခါ ကိုက်ခဲတာ ၊ ကြွက်သားတွေအားမရှိတာ နုံးတာတွေဖြစ်လာတတ်လို့ ချွေးထွက်များလွန်းရင် အပေါ်မှာပြောထားတဲ့ ဓာတ်ဆားဖျော်နည်းအတိုင်းဖျော်သောက်ပါ ဖီးကြမ်းငှက်ပျော်သီးစားပါ ကြွက်သားတွေအသုံးပြုတာများပြီး တင်းမာနေတာတွေကို ပြန်မလျှော့ပေးရင် ကိုက်ခဲတာတွေဖြစ်တတ်လို့ အိမ်ရောက်လို့ ရေမချိုးခင် အကြောလျှေော့လေ့ကျင့်ခန်းလေး ၁၀-၁၅ မိနစ်လောက်လုပ်ပါ (ဘာလုပ်ရမလဲ မသိရင် ကျွန်တော့ Page မှာ အကြောလျှော့လေ့ကျင့်ခန်းဆိုတာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်) ကျွန်တော်တို့ နိုင်ငံက ဟင်းသီးဟင်းရွက်က အသားထက်စျေးသက်သာပါတယ် များများစားပါ နေ့တိုင်းစားပါ (အားဆေးဆိုတဲ့ Multivitamins တွေသောက်စရာမလိုဘူးပေါ့) အရက် ဆေးလိပ် ကွမ်း စားနေ/သောက်နေရင် ဖြတ်ဖို့ကြိုးစားပါ (ကျန်းမာရေး/လူမှုရေး/စီးပွါးရေး တခုအတွက်မှ မကောင်းပါဘူး) ဒီလို နည်းလမ်းလေးတွေ နေ့စဉ်နေ့တိုင်း လိုက်နာပြီး နေထိုင်မှုပုံစံပြင်လိုက်ရင် မကြာခဏဖျားနာတော့မှာ မဟုတ်သလို ဖျားနာခဲ့လျှင်လည်း စပ်ဆေးတွေအလွယ်မသောက်ပဲ ညွှန်းပြထားတဲ့ ဆေးတွေကြိုးစားကြည့်ပါ
#ညောင်းနေတာကြွက်သားတွေအားမရှိသလိုပဲ #ညနေပိုင်းလောက်ဆိုကြွက်သားတွေနာသလိုလို_အရိုးအဆစ်တွေကိုက်သလိုလိုနဲ့ #လူကလည်းနုံးချိနေရောပဲ 🤔 #ဘာဖြစ်လို့ ⁉️ - အဆစ်နာ၊ညောင်း/ကိုက်၊ - နုံး နေရတာလဲ လေးဖက်နာလား ငါးဖက်နာ/ခြောက်ဖက်နာလား ဆိုပြီး ASO တွေ လျှောက်စစ်ပြီး လမ်းလွဲသွားတတ်ပါတယ် 👉 မနက်မိုးလင်းတာနဲ့ အလုပ်သွား 👉 ည နေဝင်မှ ပြန် နေရောင်နဲ့မထိ အဲ့လိုဆိုရင်တော့ ကျိမ်းသေပါတယ် #Vitamin_D ချို့တဲ့လို့ပါ Vitamin D က - အရိုးတွေ၊ - ကြွက်သားတွေ၊ - အာရုံကြောတွေရဲ့ ဇီဝဖြစ်စဉ် မှာပါတော့ Vitamin D ချို့တဲ့ရင် 😞 အရိုး၊ အဆစ် နာပါမယ် (မရောင်ပါဘူး) 😞 ကြွက်သားတွေညောင်းပါမယ် ၊ နာပါမယ် 😞 ထုံသလိုလို၊ ကျဉ်သလိုလို ဖြစ်ပါမယ် 😞 လူကနုံးနေပါမယ် #Vitamin_D_ဘာလို့_ချို့တဲ့ရတာလဲ ⁉️ #နေရောင်နဲ့ မထိလို့ပါ မိုးလင်းမိုးချုပ် အိမ်ကနေ နေမထွက်ခင် အလုပ်သွား 👉 Aircon ခန်းထဲမှာနေ 👉 အလုပ်ပြန်တော့ နေဝင်နေပြီ 🤷♂️ နေရောင်ခြည်နဲ့ ထိဖို့ အချိန်မရှိပါ 👉 နို့ နဲ့ နို့ထွက် ပစ္စည်းမစားဘူးလေ ( Calcium ရတယ်လေ) 👉 ဝက်သား ၊ အမဲသား ကြိုက်ပေမယ့် Sea foods တွေ မစားဖြစ်ဘူး 👉 အားဆေးက တော့ သောက်ကြသလားမမေးနဲ့ ဒါပေမယ့် Vitamin-D က Fat soluble Vitamin လေ အဆီ နဲ့မှ အူက ရောစုပ်တာ ( အဆီချနေလို့ အူထဲကနေ အဆီမစုပ်အောင်တားတဲ့ဆေးတွေ သောက်ထားတော့ ယူတို့ သောက်တဲ့ Vitamin D အလုံးကြီးတွေက ခန္ဓာကိုယ်ထဲ မရောက်ပါဗျာ) အဲ့ဒါတွေကြောင့် Vitamin D ချို့တဲ့ပါတယ်။ ဗဟုသုတပြောရရင် “နေရောင်ကာတဲ့ Sun cream တွေ လိမ်းတဲ့အခါ Vitamin D ချို့တဲ့လား ❓” ဆိုရင် 👉 Vitamin D ထုတ်လုပ်မှုကို အထိုက်အလျောက်လျော့နည်းသွားစေပေမယ့် Sunscreen လိမ်းတဲ့သူတွေမှာ Vitamin D မချို့တဲ့ တတ်ပါဘူး (ဘာလို့လဲ ဆိုတော့ သူတို့က နေရောင်ထဲထွက်ကြသေးတယ်လေ) 👌👌👌👌👌👌👌 ဆိုတော့ကာ ဘာလုပ်ရမလဲ ⁉️ 1. မနက် ၆:၃၀-၇:၃၀ လောက်မှာ နေရောင်ရတဲ့ နေရာမှာ မိနစ် (၂၀) လမ်းလျှာက်ပေးပါ (အပြင်မထွက်ရဲရင်လည်း 👉 အိမ်ရဲ့ ဝရံတာတို့၊ ခြံထဲတို့ မှာ လျှောက်ပေါ့) 2. မနက်စာကို နို့၊ နို့ထွက်ပစ္စည်း နဲ့ ကြက်ဥ၊ ဘဲဥ စတာတွေ စားပေးပါ 3. ပင်လယ်စာစားပါ၊ Red meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) စားပါ 4. အသီးအရွက် များများစားပေးပါ 5. ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပါ 6. ဆေးသောက်ဖို့ကတော့ Vitamin D က ချို့တဲ့တဲ့သူများပေမယ့် Vitamin D level စစ်ပြီးမှ သောက်သင့်ပါတယ် (Vitamin D က overdose ဖြစ်ရင်လည်းကြောက်ဖို့ကောင်းပါတယ်) 7. လူမျိုးခွဲခြားတာ မဟုတ်ပါဘူးနော် 👉 အသားညို၊ မဲတဲ့သူတွေက နေရောင်ခြည်ထိလည်း Vitamin D ကို အသားဖြူတဲ့သူတွေလောက် မထုတ်နိုင်လို့ Vitamin D ပြည့်ဝတဲ့ အစာတွေ စားဖြစ်အောင်စားပါ။ 8. နေရောင်နဲ့ မတည့်တဲ့ (Photosensitivity ဖြစ်တတ်တဲ့ရောဂါ SLE လိုရောဂါမျိုးရှိပါက) ပြသထားတဲ့ ဆရာဝန်က Vitamin အားဖြည့်ဆေးပေးပါလိမ့်မယ် စိတ်မပူကြပါနဲ့ အဲ့လို သေသေချာချာ လိုက်နာရင် (၁-၂) ပတ်လောက်နဲ့ သိသာပါတယ်၊ - အဆစ်နာ၊ - အရိုးနာ၊ - ကြွက်သားနာ၊ - နုံးချိ၊ - ထုံကျဉ် ၊ - အထိုင်အထခက်၊ - လက်မြှောက်ရခက် တဲ့ ဝေဒနာ တွေသက်သာ လာပါလိမ့်မယ်။ လ နဲ့ချီရင် ပိုသိသာပါမယ်။ Vitamin D ချို့တဲ့တာ မဟုတ်ရင်။ #Inactivity (လှုပ်ရှားမှုနည်းလို့ပါ) - အိပ်တယ် အိပ်ယာပေါ်မှာပဲ - မနက်ထတယ် အိမ်သာတတ်၊မျက်နှာသစ် 👉 ဖုန်းသုံးမယ်၊ ရုပ်ရှင်ကြည့်မယ်၊အလုပ်လုပ်မယ် 🤷♂️ အိပ်ယာပေါ်မှာပဲ - နေ့လည်စာစားမယ် 🤷♂️ အိပ်ယာပေါ်မှာပဲ - Chit chat လုပ်မယ် 🤷♂️ အိပ်ယာပေါ်မှာပဲ - ညနေစာစားမယ် 🤷♂️ အိပ်ယာပေါ်မှာပဲ - Social media သုံးမယ် 🤷♂️ အိပ်ယာပေါ်မှာပဲ - Tik Tok တောင် 🤷♂️ အိပ်ယာပေါ်မှာ ရိုက်နေကြပြီ - ပြီးတော့ ပြန်အိပ်ပါမယ် 🤷♂️ လှုပ်ရှားမှု နည်းတော့ ကြွက်သားတွေ၊ အရိုးအဆစ်တွေ ဆီကို သွေးလည်ပတ်မှုနည်းတော့ Oxygen နဲ့ အာဟာရတွေ သိပ်မရောက်သလို၊ ကြွက်သားတွေ၊ အရိုးအဆစ်တွေ ဆီက Waste products (အညစ်အကြေးတွေ) ကလည်း စုပုံနေလို့ပါ။ #ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ (Photo credit; gendersenhealth) သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။ Dr ဘုန်းစည်သူလွင် 05:50 pm/05.06.2024
без подписи
без подписи
😀 အနာအသစ်မဖြစ်ပဲ အနာဟောင်းတွေ အမြန် ကျက်ကာ #ယခင်ကြိုက်ရာစားလို့ရတဲ့ ***အစာအိမ်လေးပြန်လည် ပိုင်ဆိုင်ကြရမှာပါ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ Dr. ဘုန်းစည်သူလွင်
#အစာအိမ်ရောင်နေတယ်_ဘာစားရမလဲ #အသီးအရွက်မစားတာ_စဖြစ်ထဲကပဲ_နှစ်တောင်ချီနေပြီ #Probiotic_သောက်လို့ရလားဆရာ စိတ်ဖိစီးမှု နဲ့ အစားအသောက် မရှောင်နိုင်ကြတဲ့ ကျွန်တော်တို့တွေ ဟာ အစာအိမ်ရောင်တာကနေ ဘယ်တော့မှ သက်သာရာရဖို့ မရှိသလိုဖြစ်နေပါတယ်။ တချို့ဆိုနှစ်ချီပါတယ် (အံ့ဩဖို့ကောင်းလောက်အောင်ကို ဆယ်စုနှစ်နဲ့ချီနေတဲ့လူတွေ ရှိနေပါတယ်) အစာအိမ်ရောင်စေတာက အဓိက အချက်ကြီး (၄) ချက်ရှိတယ် 1. အစားအသောက်သောင်းကြမ်းတာ 2. စိတ်ဖိစီးမှုများတာ 3. အစာအိမ်ပိုးရှိတာ (H. pylori) 4. အကိုက်အခဲပျောက်ဆေးစတဲ့ အစာအိမ်ဒဏ်ဖြစ်စေတဲ့ ဆေးတွေသောက်နေတာ အဲ့ဒီ (၄) ချက်လုံးကို ဖယ်လိုက်နိုင်မှ အနာကျက်ပါလိမ့်မယ်။ ဗိုက်နာနေရင် ဆန်ပြုတ်သောက်၊ နည်းနည်းသက်သာတာနဲ့ - မာလာရှမ်းကောစား၊ - မနက်မိုးလင်းတာနဲ့ Coffee/Tea သောက်၊ - ဘော်ဒါတွေနဲ့ တွေ့ရင် Bar ထိုင် အရက်သောက်၊ - ဆေးလိပ်ကလည်းသောက် နေရင် အနာက အကင်းမသေပါဘူး #အစားအသောက်_ရှောင်တယ် ဆိုတာ #လနဲ့ချီပြီး ***သေသေချာချာရှောင်ရတာပါ။ {{ #ဗိုက်နာနေတုန်းပဲ_ရှောင်ရတာမဟုတ်ပါဘူး }} အနည်းဆုံး (၂) လ ရှောင်ရပါမယ်။ #ဘာတွေရှောင်ရမလဲ ⁉️ 👉 အပူ၊ အစပ်၊ အချဉ် ရှောင်ပါ - ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း - ရှောက်သီး၊ သံပရာသီး၊သံပယိုသီး၊ ဇီးသီး၊ ရှာလကာရည် - (မာလာဟင်း၊မာလာရှမ်းကော) 👉 #အရက်၊ ဘီယာ၊ Coffee၊ Tea ၊ Gas ပါတဲ့အချိုရည် 👉 အစာကြေမလွယ်တဲ့အစာများရှောင်ပါ - ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ထမနဲ - ဆီကြော် ( ခေါက်ဆွဲကြော်၊ကြာဆံကြော်၊ထမင်းကြော်၊ ကြေးအိုးဆီချက်၊ အကြော်စုံ) - ဒန်ပေါက် 👉 လေပွစာများရှောင်ပါ - လက်ဖက်၊ သခွါးသီး 👉 အဆီများလွန်းတဲ့ အစာများမရပါ - ရေခဲမုန့် ၊ Chocolate (( Keto Diet )) 👉 အကိုက်အခဲပျောက်ဆေး (NSAIDs)၊ စပ်ဆေး မသောက်ပါနှင့် (လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ အနည်းဆုံးလိုအပ်တဲ့ဆေးဝါးကိုသောက်ပါ) 👉 ဆေးလိပ် (လုံးဝ) မသောက်ရပါဘူး 😅😅😅 ဒီလောက်တောင်ရှောင်နေရရင် #ဘာတွေစားလို့ရလဲ ⁉️ 👉 အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေ - ငါး၊ အသား (အရေခွံမစားသင့်ပါ) 👉 အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ - ဟင်းသီးဟင်းရွက် - အသီး ( ပန်းသီး၊ ဖရဲသီး၊ ငှက်ပျောသီး) - ပဲအမျိုးမျိုး {ဒီနေရာမှာ #အသီးအရွက်စားရင် ဗိုက်တင်းတယ်ဆိုပြီး မစားကြတဲ့အတွက် အစာအိမ်ရောင်တဲ့လူတွေက ဝမ်းချုပ်ပါတယ် 👉 ဝမ်းချုပ်တဲ့အတွက် လိပ်ခေါင်းရောဂါ၊ စအိုကွဲနာ စတာတွေ ဖြစ်လာတတ်ပါတယ် ( ဖြစ်နေကြမှာပါ) } ဟင်းသီးဟင်းရွက်ကစားရမှာလား ဆရာ ၊ ဗိုက်တင်းပြီး ပြန်နာရင် ဘယ်လိုလုပ်မလဲ လို့ မေးလာနိုင်တာအတွက် ကြိုဖြေထားပါရစေ။ - ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ် (မစားကြလို့လည်း ဝမ်းပြဿနာ တတ်နေကြပါတယ်) - မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ - (အရေးကြီးတာက စားတာ မစားတာ ***ကိုယ့်သဘောပါ) 👉 နို့ သောက်လို့ရပါတယ်၊ 👉 ( ဒိန်ချဉ်ရတယ်လို့ ညွှန်းထားပါတယ် ဒါပေမယ့် ဝယ်တဲ့ဆိုင်က မသန့်ရင်တော့ Acid ထွက်တာနည်းစေတဲ့ဆေးတွေသောက်ထားတဲ့ အတွက် ဝမ်းလျှောပါလိမ့်မယ်) 👉 Probiotic ဆိုတာ ဒိန်ချဉ်ပါပဲ 👍👍👍 မပူလွန်း၊ မအေးလွန်းသော အစာနွေးနွေးကို နည်းနည်းနှင့် ခဏခဏ စားပေးပါ။ စားရမယ့်အစာတွေကိုကြည့်ခြင်းအားဖြင့် 🤷♂️ ဆန်ပြုတ်ချည်းသောက်ရမယ်လို့ မဆိုလိုပါဘူး ဆန်ပြုတ်ချည်းသောက်နေခြင်းဟာ အဟာရချို့တဲ့ စေတဲ့အတွက် အစာအိမ်အနာလည်း မကျက်ပါဘူး ဆန်ပြုတ်မသောက်လို့ရလား ? ထမင်းစားရင် ရင်ပြည့်တယ် ဗိုက်တင်း တယ် ဆိုပြီး မေးလာမယ့်လူများအတွက် လည်းကြိုဖြေထားပါရစေ - ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ် - မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ - (အရေးကြီးတာက စားတာ မစားတာ ***ကိုယ့်သဘောပါ) 🤷♂️ ဆန်ပြုတ်တော့သောက်ပြီး အရသာရှိအောင် ကြက်သွန်တွေထည့်ပြုတ်ပြီး ငရုတ်ကောင်းမှုန့် ဖြူးစားကြတာဟာ ရည်ရွယ်ချက်ပျောက်နေတဲ့ သဘောပါပဲ 🤷♂️ ကျွန်တော် တတ်နိုင်သလောက် - စားသင့်တာရော - ရှောင်ရမှာရော စုထားပေးပါတယ်၊ ဒီထက်အပြင် ဒီထဲမပါတာ စားချင်ရင် တော့ကိုယ့်သဘောပါ၊ မတည့်ရင် ကိုယ်ပဲခံရပါမယ်။ 👉👉👉 #ဆေးပညာသည် သုတေသနများအပေါ်အခြေခံပြီး လူအများအတွက် သင့်တော်ရာကို ဆရာ့ဆရာကြီး အဆက်ဆက်ရှာဖွေပြီး စုဆောင်းထားခြင်းဖြစ်ပါသည်။ ဘုရားဟော တရားတော်များမဟုတ်သည့်အတွက် အလုံးစုံ မှန်ကန်ပါသည်ဟုလည်း အာမမခံထားကြပါ။ ကျွန်တော်သည်လည်း သာမန်လူတစ်ယောက်သာဖြစ်၍ မည်သူ့အတွက် မည်သည့်အရာဖြင့် ပျောက်ကင်းနိုင်သည်ဟူ၍ မသိပါ။ ကိုယ်ပိုင် Knowledge, experience များဖြင့် ကိုယ်ကျိုးအတွက်မဟုတ်ပဲ လူနာ အများစုအကျိုးရှိစေရန် စုစည်းပေးထားခြင်းပါ။ #ဘာဆေးသောက်ရမလဲမေးမည့်လူများအတွက်ကတော့ 👉 ပြသထားတဲ့ ဆရာဝန်ညွှန်းထားတာသောက်ပါ တကယ်သာရှောင်နိုင်လိုက်ရင် 👉 ဆေးသောက်ထားတဲ့ အတွက် အစာခြေရည်ထွက်တာနည်းပြီး အစာအိမ်နံရံကိုလည်း ဒဏ်ဖြစ်ရာမှ ကာကွယ်ထားတဲ့ အတွက်
без подписи
без подписи
без подписи
без подписи
🚨 ဆေးဝါးစစ်မှန်မှု 🚨 Cold chain တိကျမှန်ကန်မှု 🚨 ဆေး (၂) ကြိမ် အပြည့် ထိုးခွင့်ရနိုင်မှု တို့အပေါ်တွင် မူတည်သလို 🚨🚨 ကာကွယ်ဆေးထိုးပြီး #အနည်းဆုံး_၂_ပတ် ကြာမှ ကိုယ်ခံအားရနိုင်တယ် ဆိုတာလည်း သတိပြုရပါမယ် 🚨🚨 အခုဆေးထိုး အခု ကာကွယ်နိုင်သွားတာ မဟုတ်ပါဘူး။ ✳️ အဖြစ်သင့်ဆုံးကတော့ Positive ထွက်ရင်တော့ ကျန်းမာရေးဌာန နဲ့ ဆက်သွယ်ပြီး ညွှန်ကြာချက် လိုက်နာ ရမှာပါ ✳️ Covid ရန်ကင်းဝေးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ Dr. ဘုန်းစည်သူလွင် 11:40 am/ 05.02.2022
#နှာစေး_လည်ချောင်းနာနေလို့_Test_kit_နဲ့စစ်လိုက်တာ #Positive_ထွက်နေတယ် #ဘာလုပ်ရမလဲ ⁉️ 👉 အခု ကိုဗစ်က ကာကွယ်ဆေး ထိုးပြီးလည်း ဖြစ်နေပါတယ် 👉 ကိုဗစ်ဖြစ်ထားဖူးလည်း ပြန်ဖြစ်နေပါတယ် 👉 ကူးစက်မှုကလည်း မြန်တဲ့အတွက် အခုအချိန် နှာပဲစေးစေး ၊ လည်ချောင်းပဲနာနာ ၊ ချောင်းပဲ ဆိုးဆိုး ၊ ဖျားပဲနေနေ ကိုဗစ်လို့ပဲ မှတ်ရမလိုဖြစ်နေပါပြီ အဲ့တော့ အလွယ်ရတဲ့ Test Kit လေးတွေနဲ့ စစ်လိုက်ပြီး Positive ထွက်ပြီ ဘာလုပ်ကြမလဲ ⁉️ ✔️ စိတ်အေးအေးထားပါ (အကောင်းဆုံးကတော့ ကျန်းမာရေးဌာန နဲ့ဆက်သွယ်ပြီး အကူညီတောင်းပါ) ✔️ အစားကောင်းကောင်းစားပါ ၊ ဝင်အောင်စားပါ (ကိုယ်ခံအားကို မြှင့်တင်ရပါမယ်) ✔️ ရေ/ အရည် များများသောက်ပါ ✔️ ကိုယ်ခံအားမြင့်မားစေတဲ့ Vitamins တွေပါတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ များများစားပါ။ (Vitamins အားဆေးတွေကလည်း Vitamins တွေရနိုင်ပေမယ့် ဟင်းသီးဟင်းရွက် အသီးအနှံ စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေသလို ဝမ်းမှန်စေပါတယ်) ✔️ အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ ✔️ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပါတယ် 🚨 လေ့ကျင့်ခန်း ဆိုတဲ့ Workout ဟာ ပုံမှန်လုပ်နေရတာဖြစ်ပြီး အရင်က မလုပ်ပဲ ဒီကာလ မှ ရုတ်တရက် ထ လုပ်ရင် ပင်ပန်းပြီး ကိုယ်ခံအားကျစေနိုင်ပါတယ် ( တရားလွန်မလုပ်ပါနဲ့ ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ပါ) 🚨 Weight မခြင်း စတဲ့ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ကို ဒဏ်ပိစေလို့ အလွန်အကျွံ မလုပ်ပါနဲ့။ ✳️ #နှာစေး_နှာမွှန်_နှာချေ_နှာရည်ယို တာအတွက် 💊 Loratidine တစ်နေ့တစ်ကြိမ်သောက်ပါ (Cetrizine သောက်လည်းရပါတယ် သူက အိပ်ငိုက်ပါတယ်။ Burmeton ပဲရှိတယ် ဆိုလဲ (၆) နာရီခြား တစ်နေ့ လေးကြိမ် သောက်လို့ရပါတယ်) (ဆေးတစ်မျိုးပဲသောက်ရမှာပါ) ✳️ #လည်ချောင်းနာခြင်း_လည်ချောင်းယားခြင်း အတွက် ဆား + ရေနွေးနွေးရောပြီး = ပါးလုတ်ကျင်းပါ (မျိုချတာမဟုတ်လို့ သွေးတက်မှာ စိတ်မပူပါနဲ့) လည်ချောင်းယားနေခြင်း အတွက် 💊 ငုံဆေး (lozenge) တစ်မျိုးမျိုး (နှစ်သက်ရာငုံထားလို့ရပါတယ်) ရေနွေးနွေးသောက်ပါ။ ရေခဲရည် နဲ့ အချိုရည်တော့ ရှောင်ရမှာပေါ့။ လည်ချောင်းက **နာလွန်းလျှင်တော့ အဖျားမရှိလည်း 💊 Paracetamol သောက်လို့ရပါတယ် 500mg (၆) နာရီခြား တစ်နေ့ (၄) ကြိမ် ပေါ့ ✳️ #ချောင်းဆိုးခြင်း (အများစုက အာခေါင်ခြောက် လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးကြတာပါ) 👉 ရေ/အရည် များများသောက်ပါ (အာခေါင်ခြောက် သက်သာရင် ချောင်းဆိုးသက်သာပါတယ်) ရေနွေးနွေးသောက်ပါ။ ရေခဲရည် နဲ့ အချိုရည်တော့ ရှောင်ရမှာပါ။ အရမ်းကို ချောင်းဆိုးရင်တော့ 💊 Cherricough လို ချောင်းဆိုးပျောက်ဆေးကို ဗူးမှာပါတဲ့ အညွှန်းအတိုင်းသောက်ပါ (Dextromethorphan ပါတဲ့ ဆေး သောက်လို့ရပါတယ်) ✳️ #ဖျား_ကိုယ်လက်ကိုက်ခဲ 👉 အဖျားကျဆေး ပေးရမှာ 💊 Paracetamol 500mg တစ်နေ့ လေးကြိမ် (၆)နာရီခြား (အကိုက်အခဲလည်းပျောက်သလို၊ ခေါင်းကိုက်၊ လည်ချောင်းနာ အကုန်သက်သာတယ်) { Ibuprofen, Diclofenac, Aceclofenac => NSAID လို့ခေါ်တဲ့ အကိုက်ခဲပျောက်ဆေးတွေ 👉 ကိုက်ခဲနာကြင်တာတွေ ကို Paracetamol ထက်ပိုပြီး သက်သာစေတယ် ဒါပေမယ့် အဖျားကျဆေး မဟုတ်ဘူး၊ အစာအိမ်နာတတ်သလို၊ အစာအိမ်သွေးကြောပေါက်တတ်တယ်၊ ကျောက်ကပ်ပျက်တတ်တယ်၊ ဆေးမတည့်တာအဖြစ်များတယ် => ချိန်ဆပြီး သုံးကြပါ } 🚨 ဖျားလို့ ဆေးထိုးတယ် ဆိုတာ Diclofenac ဆိုတဲ့ အကိုက်အခဲပျောက်ဆေး ထိုးတာဖြစ်ပါတယ် 🚨 ✳️ #ဝမ်းပျက်တယ် ဝမ်းသွားသလောက်ကို #ဓာတ်ဆားရည်သာ ပြန်သောက်ပါ။ 🚨 ဝမ်းပိတ်ဆေး မသောက်ပါနှင့် 🚨 တဖြည်းဖြည်းသက်သာ လာပါလိမ့်မယ်။ 🚨 SpO2 သွေးတွင်း Oxygen တိုင်းတာစစ်ဆေးပါ။ ✴️ ဆေးခန်း ပြချင်လျှင် ဆေးခန်းသို့ဆက်သွယ်ပြီး လူနာရှင်းတဲ့ အချိန် ဆရာဝန်ချိန်းဆိုတဲ့ အချိန်မှသွားရောက်ပြသပါ ✴️ ခံစားရတဲ့လက္ခဏာတွေက သိပ်မပြင်းထန်တော့ 😰 အများစုကတော့ ဘယ်သူမှမပြောပဲ ပုံမှန်အတိုင်း ရုံးတက်၊အလုပ်သွား စားသောက်နေကြတာများပါတယ် 😰 🚨 သီးသန့်နေရပါမယ် 🚨 ဆိုလိုတာက အလုပ်မှခွင့်ယူရပါမယ်။ (ခွင့်ယူတုန်း Dr. ဘုန်း ခင်ဗျားက ကျွေးထားမှာလား လို့ မေးရင် 😰 ကျွန်တော်တော့ကျွေးမထား နိုင်ပါဘူး လူ့ ကျင့်ဝတ်အရ ကပ်ရောဂါကို မိမိဆီကနေ သူတပါး မရောက်အောင် ကာကွယ်ရပါမယ်။ ယခုလက်ရှိအချိန်အထိတော့ ✳️ ကာကွယ်ဆေးထိုးပြီိးသူများ နဲ့ ကိုဗစ်ဖြစ်ပြီး သူများမှာ ကိုဗစ် ဖြစ်သော်လည်း ပြင်းထန်အဆင့်သို့ ရောက်နှုန်း နည်းပါတယ် ✳️ သို့သော် 1. သူများမှာအဲ့လိုဖြစ်နေပေမယ့် ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုဖြစ်နိုင်မလဲ မသိပါ။ 2. ကိုဗစ် မဖြစ်ဖူးထားသလို အကြောင်းအမျိုးမျိုးကြောင့် #ကာကွယ်ဆေးမထိုးရသေးသူများအတွက် 🚨 ပြင်းထန်ကိုဗစ် (Severe Covid) ဖြစ်နိုင်ပါတယ် 🚨 အဲ့ဒါကြောင့် ကိုယ်က ကာကွယ်ဆေးအပြည့်ထိုးထားပြီးပြီ ဆိုသော်လည်း မိမိအိမ်မှာ အကြောင်းအမျိုးမျိုးကြောင့် #ကာကွယ်ဆေးမထိုးရသေးသူများ ရှိပါက ကိုယ်သယ်ဆောင်လာတာကြောင့် ဆိုပြီး မဖြစ်ရလေအောင် အထူးဂရုပြုဆင်ခြင် ရပါမယ်။ ကာကွယ်ဆေး မထိုးရသေးရင် အခြေအနေဆိုးနိုင်တယ်ဆိုပြီး #ကာကွယ်ဆေး တွေ အသည်းအသန်ထိုးဖို့ ကြိုးစား လာကြရာမှာ
без подписи
без подписи
без подписи
без подписи