tgindex
Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
10
Всего постов
20
Тип
открытый
Язык
my
Категория
Видео
В каталоге с
13 авг.
Подписчики
15 814
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
719
20 постов
Вовлечённость
4,5%
к подписчикам
Постов в день
1,4
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
76
1/48двое суток
87
1/72трое суток
93

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရု (၂၀၂၃)

  • ရု (၂၀၂၃) IMDb - 7.2 Genre - Drama ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင်မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။

  • ဘဝဇာတ်ဆရာ (၁၉၉၈) IMDb - 8.1/10 Genre - Drama ဒီကားလေးကတော့ IMDB 8.1 ထိရထားတဲ့ မင်းသားကြီး ဂျင်မ်ကာရေး ရဲ့ဇာတ်ကားကောင်းလေးပါ။ စာရေးဆရာမ ဂျုးကလည်း ဘဝဇာတ်ဆရာ ဟူသော ခေါင်းစဉ်ဖြင့် ဒီဇာတ်ကားအကြောင်း ရေးခဲ့ဖူးပါတယ်။ ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင် ထရူးမန်း ဆိုတာက နာမည်ကြီး TV show ပါ။ ထူးခြားချက်ကတော့ မင်းသား ထရူးမန်း က သူဟာသရုပ်ဆောင်နေမှန်းမသပါဘူး။ သူမွေးကတည်းက ကြီးမားတဲ့ စတူဒီယိုထဲမှာ အထည့်ခံရပြီး သူ့အကြောင်းကို တကမ္ဘာလုံးကို တိုက်ရိုက်လွှင့်နေတာပါ။ သူ့ဇနီး၊ သူ့သူငယ်ချင်း၊ ဒါ့အပြင် သူ့ရဲ့မိဘတွေကပါ ဟန်ဆောင်သရုပ်ဆောင်တွေချည်းသာ။ ဒီလိုအခြေအနေမှာ သူတကယ်စစ်မှန်တယ်ထင်တဲ့ လောကကြီး ချစ်ခင်ရတဲ့လူအားလုံးကအလိမ်အညာမှန်းရိပ်မိသွားတဲ့အခါမှာတော့ သူရုန်းထွက်နိုင်မလား။ ဒါရိုက်တာအဖွဲ့ဘက်မှလည်း သူယုံမယ့်နည်းလမ်းများနဲ့တားဆီးမှာအောင်မြင်မလား။ ဒီဇာတ်ကားကြည့်ပြီး အတွေးတစ်ခုလောက်တော့ ကျန်ခဲ့မယ်လို့ထင်ပါတယ်။ t.me/cartoonbynikko/541

  • လှိုင်းများ (၂၀၁၉)

  • လှိုင်းများ (၂၀၁၉) IMDb - 7.5/10 Genre - Romance, Sport အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုလေးယောက်ရှိတဲ့အထဲမှာ နပမ်းအားကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူက သူ့ခြေရာနင်းပြီးနပမ်းကစားသမားဖြစ်လာတဲ့သားဖြစ်သူကို အောင်မြင်စေချင်ခဲ့တယ်။ အဲဒီအတိုင်းပဲ တွန်းအားလည်း အရမ်းပေးခဲ့တယ်။ သားဖြစ်သူကတော့ မိဘကတစ်ဖက် အားကစားကတစ်ဖက် ချစ်သူကတစ်ဖက် ဖိအားတွေနဲ့ပေါ့။ ဒီဇာတ်ကားလေးက မိသားစုမှာ အဖြစ်များတဲ့ ပြသနာတွေကို ကောင်းကောင်းကြီး ပုံဖော်ထားပြီးကာရိုက်တာတွေဟာအ‌ရှေ့တိုင်းဆန်တာကိုတွေ့ရမှာဖြစ်တယ်။ IMDb လည်း 7.5 တောင်ရရှိထားတယ်။ ဆုပေါင်း(၁၃)ဆုလည်းရရှိထားပြီး အခြားဆု (၃၆)ဆုအတွက်လည်း ဆန်ကာတင် စာရင်းဝင်ခဲ့သေးတယ်။ ဘာကြောင့်ဆုတွေ ဒီလောက်တောင်ရခဲ့သလဲဆိုတာကိုတော့ ကိုယ်တိုင်သာ ခံစားကြည့်ကြပါ။

  • ထာဝရအချစ် (၂၀၂၄)

  • ထာဝရအချစ် (၂၀၂၄) ဇာတ်ကားလေးရဲ့ နာမည်ကို ကြည့်လိုက်ရင်တော့ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းလို့ ထင်သွားကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီရုပ်ရှင်ဟာ သမီးရည်းစားဆက်ဆံရေးကြားက မွန်းကြပ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်အနိုင်ကျင့်မှုတွေကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ မက်ကန်ဇီ ဟာ အသက် ၂၆နှစ်အရွယ် ဥပဒေကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကို သမားရိုးကျ နေထိုင်နေတဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ မက်ကန်ဇီ ရဲ့ သူငယ်ချင်းမွေးနေ့ပါတီပွဲမှာ ဖင်း ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဒီလိုကနေ ဇာတ်လမ်းတွေ ငြိပြီး သူတို့နှစ်ယောက်တွဲဖြစ်သွားကြပါတယ်။ ဆက်ဆံရေးအစပိုင်းမှာ ဖင်း က မက်ကန်ဇီ ကို ရေကုန်ခမ်းကုန်ကြူးပြတာတွေ ချစ်ပြတာတွေကြောင့် မက်ကန်ဇီ လည်း ဖင်း ကို တော်တော်လေးချစ်မိသွားပါတယ်။ ဒါပေမဲ့ တွဲလာတာ ၃လလောက် ကြာတဲ့အခါမှာ ဖင်း ရဲ့ ချစ်သူရည်းစားအပေါ် အလွန်အကြူး ခြယ်လှယ်ချုပ်ကိုင်တတ်တဲ့ စိတ်ရင်းမှန်က ဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။ ဒီလို မွန်းကြပ်ဖွယ်ရာ ဆက်ဆံရေးထဲ ပိတ်မိသွားတဲ့ မက်ကန်ဇီ တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားမျိုးပါ။ အခုရုပ်ရှင်ထဲမှာပါတဲ့ မက်ကန်ဇီ နဲ့ ဖင်း တို့ရဲ့ ဆက်ဆံရေးမျိုးကို တကယ့်လက်တွေ့ဘဝမှာ ကြုံတွေ့နေရသူတွေလည်းရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားနှိပ်စက်တာ မဟုတ်တိုင်း ဘာမှမဖြစ်ပါဘူးလို့ မြင်ကြပြီး စိတ်ပိုင်းဆိုင်ရာ Abuse လုပ်နေကြသူတွေလည်း တစ်ပုံတစ်ပင်ကြီးပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရ၊ Manipulate လုပ်ခံနေရတဲ့ အဆိပ်အတောက်ဆန်ဆန် ဆက်ဆံရေးမျိုးတွေထဲမှာ ပိတ်မိနေတယ်ဆိုရင် အမြန်ဆုံး ရုန်းထွက်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ မက်ကန်ဇီ လည်း ရုန်းထွက်နိုင်သွားပါမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • ရေးထိုးထားတဲ့ မင်းနာမည် (၂၀၂၀)

  • ရေးထိုးထားတဲ့ မင်းနာမည် (၂၀၂၀) IMDb - 7.3/10 Genre - Romance, Drama ၁၉၈၇ ခုနှစ်ကို ပြန်သွားကြရအောင်နော်။ ထိုင်ဝမ်မှာ ၁၉၈၇ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပြီးခါစအချိန်ကနေ စပြီး ဇာတ်အိမ်တည်ထားတဲ့ကားလေးပါ။ ၁၉၈၇ ခုနှစ်ဆိုရင် လိင်တူချစ်သူတွေကို ရွံ့စရာ၊ စက်ဆုတ်စရာ စသည်ဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့အချိန်ကာလတစ်ခု ဖြစ်ခဲ့တယ်။ စည်းကမ်းတင်းကြပ်လှတဲ့ ခရစ်ယာန်ယောကျ်ားလေးကျောင်းကနေ စပြီး ဇာတ်လမ်းလေး စခဲ့ပါတယ်။ ဆိုးပေတေပြီး ကျောင်းစည်းကမ်းတွေကို အမြဲ ဖောက်ဖျက်နေတဲ့ ဘက်တီ မှာ ချန်ကျားဟန် ဆိုတဲ့အချစ်ဆုံး သူငယ်ချစ်လေးဟာဆိုရင် သူကို အမြဲဂရုစိုက်ပြီး သူနဲ့အတူ အမြဲတမ်း နာလည်ပေးနိုင်တဲ့သူမျိုးပေါ့။ ဒီလို အမြဲတမ်း သူငယ်ချင်းနှစ်ယောက် တစ်ယောက်နဲ့ နစ်ယောက် ဖေးမကူညီရင်း တစ်နေ့ သူတို့နှစ်ယောက်ကြားမှာ မိန်းကလေးတစ်ယောက် ဝင်လာခဲ့အခါ၊ အမြဲတမ်း ဂရုစိုက်ခံနေရတဲ့သူကနေ အပြင်လူ နစ်ယောက်ဖြစ်သွားတဲ့ ခံစားချက်၊ ချစ်ပေမယ့် ကိုယ်ချစ်တဲ့သူကို အကောင်းဆုံးဖြစ်ချင်လို့၊ အခြားသူတွေကဲ့ရဲ့မှာစိုးလို့ ဟန်ဆောင်မှု။

  • 13 авг.71из mlbbupdatenew

    📢 14 ရက်​နေ့လာမည့် ဂျူဂျုဆု ကိုင်ဆန် Event အတွက် Pre Order တင်လို့ရပါပြီ။ Task အနေနဲ့ကတော့ 250 ထည့် 300 သုံးရမှာဖြစ်ပြီး Token 29 ခုအထိ ရမှာဖြစ်ပါတယ်။ 250 Recharge အတွက် ✅ 3 Wp - 19,800 ကျပ် ✅ 2 Wp + 💎55 - 16,600 ✅ 1 Wp +  💎 165 - 16,900 ✅💎 275 - 16,500 ကျပ် ✅💎 343 - 21,000 ကျပ် ⚠️ 257 Dia က 250 Recharge မပြည့်ပါဘူးခင်ဗျာ။ Pre Order Group - t.me/nikkopreorder Channel Link - t.me/mlbbupdatenew

  • သရဲဈေး (၂၀၂၄) တာမာရာ ဟာ သရဲတစ္ဆေတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ နာမည်ကြီး Horror Vlogger တစ်ယောက်ပါ။ ဒါပေမဲ့ သူရိုက်ထားတဲ့ ဗီဒီယိုတစ်ခုမှာ သရဲက စနီကာဖိနပ်စီးထားတာကို ပရိသတ်တွေ ရိပ်မိသွားတဲ့အခါ ပရိသတ်ကို လိမ်လည်မှုနဲ့ နာမည်အကြီးအကျယ် ပျက်သွားပါတော့တယ်။ ဒီလိုနဲ့ စပွန်ဆာတွေကလည်း ပိုက်ဆံပြန်တောင်း၊ အဖွဲ့ကလည်း ပျက်လုဆဲဆဲ ဖြစ်နေချိန်မှာ ချန်နယ်ကို ပြန်ကယ်တင်ဖို့အတွက် အဖွဲ့ခေါင်းဆောင် ကယ်ဗင် က တကယ့်သရဲအစစ်ရှိတဲ့ နေရာကို သွားရိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရွေးချယ်လိုက်တဲ့ နေရာကတော့ တာမာရာ ရဲ့ အမေ ငယ်ငယ်က ပြောပြဖူးတဲ့ ဆာလက်တောင်ခြေက ဒဏ္ဍာရီလာ “သရဲဈေး” ဆိုတဲ့ နေရာပါပဲ။ ဒီနေရာဟာ ယောကျ်ားဖြစ်သူနဲ့ အစ်မအရင်းအပြင် ရွာသားတွေရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ညီဆာလီမာ ဆိုတဲ့ အမျိုးသမီးကြီးရဲ့ အငြိုးအတေးတွေ ရှိနေတဲ့ ကျိန်စာသင့်နေရာတစ်ခုပါ။ အတ္တကိုယ်စီနဲ့ သူတို့အဖွဲ့သား လေးယောက် အဲဒီနေရာကို တကယ်ရှာတွေ့သွားပြီး ညီဆာလီမာ ကို ပင့်ဖိတ်မိတဲ့အခါမှာတော့။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/110

  • 11 июл.1 400из mlbbupdatenew

    👀 MLBB X Street Fighter Event ကတော့ ရောက်ရှိလာပါပြီ။ 20,000 မပြည့်တဲ့ဈေးနဲ့ Recharge 250 ဖြည့်ပြီး Diamond တစ်လုံးမှ မသုံးတောင် Free Token 21 ခု ရနိုင်တာမလို့ Skin မယူတောင် ကံစမ်းသင့်ပါတယ်။ 250 Recharge အတွက် ✅ 3 Wp - 19,800 ကျပ် ✅ 2 Wp + 💎55 - 16,600 ✅ 1 Wp +  💎 165 - 16,900 ✅💎 275 - 16,500 ကျပ် ✅💎 343 - 21,000 ကျပ် ⚠️ 257 Dia က 250 Recharge မပြည့်ပါဘူးခင်ဗျာ။ Channel Link - t.me/mlbbupdatenew Pre Order Gp - t.me/nikkopreorder #Mobile_Legends #Mobilelegends #Mlbb

  • သရဲကျွန်း (၂၀၂၄) တစ္ဆေကျွန်း။ ၂၀၂၄ တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်းပေါ်ကို မတော်တဆ ရောက်သွားရင်းမှ ဒီကျွန်းပေါ်မှာ ဆိုးရွားတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုဟော်ရာပေမဲ့ ဇာတ်လမ်းဇာတ်အိမ်အရလည်း တော်တော်လေး ခိုင်မာပြီး ဆန်းကြယ်မှုအပြည့်နဲ့ သိချင်စိတ်ကို တဖြည်းဖြည်း ဆွဲခေါ်သွားတာပါ။ အင်ဒိုကားတွေထဲမှာ ဒီလိုဟော်ရာကားကောင်းမျိုးကတော့ ရှားတယ်လို့ ပြောလို့ရတယ်။ ဇာတ်လမ်းလေးကတော့ ဒါရာ ဟာ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အချိန်မှာ လုပ်ငန်းခွင်မဝင်ခင် နောက်ဆုံးအနေနဲ့ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပါတီမှာ သွားတွေ့ပါတယ်။ ရေလယ်ကောင် သင်္ဘောလေးပေါ်မှာ တွေ့ကြရင်း ပြန်ဖို့လုပ်တဲ့အချိန်မှာတော့ လှေမောင်းရင်း GPS ထဲမှာ မပါတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို စက်ချို့ယွင်းကာ လှေတင်ရင်း ကျွန်းပေါ် သောင်တင်သွားပါတော့တယ်။ ဘာရေဒီယို၊ ဘာဖုန်းလိုင်းမှ မရဘဲ သောင်တင်နေတာမို့ ဒီရေတက်မှပဲ ကျွန်းပေါ်က ထွက်နိုင်တော့မှာကြောင့် ညထိစောင့်ရင်း ထူးဆန်းတဲ့ အသံတွေ ကြားလာရပါတော့တယ်။ လူသူမပေါက်ရောက်တဲ့ ကျွန်းပေါ်မှာ လူခေါ်သံတွေပါ ကြားလာရပြီး လိုက်ရှာချိန်မှာတော့ တောထဲမှာပါ လမ်းပျောက်ပြီး ရှိတဲ့လူ ၅ ယောက်ပါ လူစုကွဲကာ လမ်းတွေပျောက်လာပါတော့တယ်။ ညမှောင်မှောင် မည်းမည်း၊ ဖုန်းကခေါ်မရ၊ တောခြောက်သလို တစ်နေရာတည်းမှာ လည်နေပြီး အလောင်းတွေပါ ဆက်တိုက်တွေ့လာရတဲ့အခါ အကုန်လုံး ဒီကျွန်းဟာ သာမန်မဟုတ်ဘူးဆိုတာ သိလာကြပါတော့တယ်။ သူတို့တွေ ဒီကျွန်းပေါ်ကနေ ဘယ်လိုထွက်ခွာကြမလဲ၊ ဘာလို့ ဒီကျွန်းက မြေပုံမှာမပါဘဲ ပျောက်နေရလဲ၊ လွတ်နိုင်ပါ့မလား၊ တခြားအလောင်းတွေလို လမ်းစဉ်ပဲလိုက်ပြီး ဒီမှာအဆုံးသတ်မလားဆိုတာကတော့။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/108

  • စွဲလမ်းမှု (၂၀၂၅) ဒါရိုက်တာ Abraham Lopez က ရေးသားရိုက်ကူးထားပြီး၊ မှားယွင်းတဲ့ ယုံကြည်မှုနဲ့ အဆိပ်သင့်တဲ့ စွဲလမ်းမှုတွေကနေတစ်ဆင့် ရူးသွပ်မှုဆီကို ကြောက်မက်ဖွယ်ရာ ပြောင်းလဲသွားပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ အဆိုတော်နဲ့ တေးရေးဆရာမလေး ဖြစ်ချင်တဲ့ ဟန်န ပါ။ သူက ဘဝရဲ့ ခက်ခဲတဲ့ အချိုးအကွေ့တစ်ခုကို ရင်ဆိုင်နေရပြီး အစသစ်တစ်ခုနဲ့ ဘဝတည်ငြိမ်ဖို့ ကြိုးစားနေသူလေးပါ။ အဲဒီအချိန်မှာ ကလေးပုံပြင်စာအုပ်တွေ ရေးတဲ့ ဆမန်သာ ဆိုတဲ့ သဘောကောင်းပုံရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်သွားပြီး၊ ဆမန်သာ က သူ့အိမ်မှာ အခန်းတစ်ခန်း အလကားပေးနေခဲ့ပါတယ်။ အစပိုင်းမှာတော့ အားပေးကူညီတတ်တဲ့ အိမ်ရှင်နဲ့ အဆင်ပြေပြေ နေရတယ်လို့ ထင်ရပေမယ့် မကြာခင်မှာပဲ ဒါဟာ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ဆမန်သာ ဟာ ဟန်န အပေါ်မှာ အလွန်အကျွံ ပိုင်စိုးပိုင်နင်းလုပ်ချင်စိတ်တွေ ဖြစ်လာပြီး ရောဂါတစ်ခုလို ပြင်းပြင်းထန်ထန် စွဲလမ်းလာပါတော့တယ်။ ဆမန်သာ ရဲ့ အမှောင်ဘက်ခြမ်းက တဖြည်းဖြည်း ပေါ်လာတဲ့အခါ၊ သူတို့နှစ်ယောက်ကြားကို ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သူက စနစ်တကျ ဖယ်ရှားပါတော့တယ်။ ဒီအထဲမှာ ဟန်န ရဲ့ အချစ်ဆုံးသူငယ်ချင်းရော၊ ချစ်သူကောင်လေးပါ အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရပါတယ်။ ဒီကြောက်မက်ဖွယ်ဇာတ်လမ်းတစ်ခုလုံးကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံနေရတဲ့ ဆမန်သာ ကိုယ်တိုင်ရဲ့ ဝန်ခံထွက်ဆိုချက်တွေကနေတစ်ဆင့် နောက်ကြောင်းပြန်ပုံစံမျိုးနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် သဘောကောင်းပုံရပေမယ့် အတွင်းစိတ်မှာ ရူးသွပ်ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ အကြောင်းကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/106

  • ကိုင်းလ် လာဆန် (၂၀၂၆) ဒီဇာတ်လမ်းကတော့ ပြိုင်ကားလောကရဲ့ နာမည်ကျော် ပြိုင်ကားသမားဖြစ်တဲ့ ကိုင်းလ် လာဆန် ရဲ့ အင်ဒီယာနာပိုလစ် ၅၀၀ ပြိုင်ပွဲနဲ့ နာစကာ ၆၀၀ ပြိုင်ပွဲကြီးတို့ရဲ့ အောင်ပွဲကို ရာသီတစ်ခုအတွင်း ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းခဲ့ပုံကို မှတ်တမ်းတင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ရာသီတစ်လျှောက်မှာ ကိုင်းလ် ဟာ သူနဲ့ ပထမဆုံး စာချုပ်ချုပ်ထားတဲ့ အသင်းနဲ့အတူ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း၊ တစ်ဖက်မှာလည်း မိသားစုဘဝကို အတတ်နိုင်ဆုံး နိုင်နိုင်နင်းနင်း ဦးဆောင်ခဲ့ပုံကို ဒီ Documentary ထဲမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/104

  • ကီကာ (၂၀၂၅) လူမှုကူညီရေးသမားအဖြစ်နဲ့ ဆင်းရဲဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ကီကာ က Louison ဆိုတဲ့ ငယ်သမီးလေးတစ်ယောက်ရှိပြီးတော့ ပေါလ် ဆိုတဲ့ သူ့ရဲ့အမျိုးသားနဲ့ ၁၇ နှစ်ကြာ တည်ငြိမ်တဲ့ အိမ်ထောင်ရေးလည်း ရှိတယ်။ ဒီလို သူမရဲ့ ခိုင်မြဲတဲ့ ပုံမှန်နေ့ရက်တွေက ဒေးဗစ် ဆိုတဲ့ စက်ဘီးဆိုင်ပိုင်ရှင်နဲ့ မတော်တဆ ဆိုင်ထဲပိတ်မိပြီးတော့ မထင်မှတ်ထားတဲ့ နှောင်ကြိုးတွေပေါ်လာမိတဲ့အချိန်မှာတော့ အဆုံးသတ်သွားခဲ့တာပါပဲ။ ဒါကြောင့် ကီကာ ဟာ သူ့ရဲ့ခင်ပွန်းကို ချန်ထားခဲ့ပြီး သမီးလေးကို ခေါ်ကာ ဒေးဗစ် နဲ့ ဆက်ဆံရေးအသစ်တစ်ခု တည်ထောင်ရင်း မကြာခင်မှာပဲ ဒုတိယကိုယ်ဝန်လည်း ရလာခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာဆိုးနဲ့ ကြုံလာပြီး ဒေးဗစ် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါ ကီကာ တစ်ယောက်တည်း ကြေကွဲပက်လက် ကျန်ခဲ့ရပြီး သူ့မိသားစုအတွက် ငွေကြေးအခက်အခဲတွေကြားမှာ တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ ဒုတိယဝင်ငွေရှာဖို့ လိုအပ်လာပါတော့တယ်။ ဒီလိုအခြေအနေမှာ သူ ကြံရာမရရွေးချယ်လိုက်တဲ့ အလုပ်က ထူးဆန်းတဲ့ တစ်ကိုယ်ရည်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်လာပြီး အလုပ်ရဲ့လောကထဲကို ဝင်ရောက်သွားတဲ့အခါမှာတော့ အဲဒီလုပ်ငန်းရဲ့ စည်းကမ်းတွေ၊ အန္တရာယ်တွေကြားမှာ သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️  t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/102

  • 9 июл.1 420

    [၁၈+] မွေးစားဖခင် (၂၀၂၂) ဇာတ်ကားစုံ ➡️ @bmvcs Cartoon ➡️ @ctmvc Series ➡️ @clzsr India ➡️ @indiamovies02

  • 9 июл.1 400

    [၁၈+] မွေးစားဖခင် (၂၀၂၂) မက်သရူး ရဲ့ ဖခင်ဟာ လယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲ မလိုသူတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ ရှေ့နေဖြစ်သလို အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်လည်းဖြစ်တဲ့ ရောဘတ် ရဲ့ စောင့်ရှောက်မှုအောက်ကို မက်သရူး ရောက်ရှိခဲ့ပါတယ်။ ရောဘတ် ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကလည်း မက်သရူး ကို အရင်းအချာနဲ့မခြား နွေးနွေးထွေးထွေး ကြိုဆိုစောင့်ရှောက်ခဲ့ကြသလို ပျိုးထောင်မှုကောင်းတွေ ရရှိခဲ့တဲ့အတွက် မက်သရူး ဟာ ပညာရေးမှာ ပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ် ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အရွယ်ရောက်လာတာနဲ့အမျှ ခံစားချက်တွေ ပြောင်းလဲလာခဲ့ပြီး ရောဘတ် ရဲ့ သမီးငယ် မီကာ က သူ့ကို ချစ်တဲ့အကြောင်းနဲ့ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်း ပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့ မိသားစုတစ်ခုအနေနဲ့ရော၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ မက်သရူး ကို မွေးစားသားလို့ သိထားကြတဲ့အတွက် အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိဘဲ ပြေပြစ်ချောမောနေတဲ့ အခြေအနေတစ်ခုကို မက်သရူး ရော မွေးစားဖခင်ဖြစ်သူ ရောဘတ် ကိုယ်တိုင်ကပါ အင်တင်တင် ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက် မုန်တိုင်းတစ်ခု အစပျိုးလာပါတော့တယ်။

  • 9 июл.1 240из mlbbupdatenew

    📢 10 ရက်​နေ့မှာလာမည့် MLBB X Street Fighter Event အတွက် Pre Order တင်လို့ရပါပြီ Task အနေနဲ့ကတော့ 250 ထည့် 250 သုံးရမှာဖြစ်ပြီး Token 29 ခုအထိ ရမှာဖြစ်ပါတယ်။ 250 Recharge အတွက် ✅ 3 Wp - 19,800 ကျပ် ✅ 2 Wp + 💎55 - 16,600 ✅ 1 Wp + 💎 165 - 16,900 ✅💎 275 - 16,500 ကျပ် ✅💎 343 - 21,000 ကျပ် ⚠️ 257 Dia က 250 Recharge မပြည့်ပါဘူးခင်ဗျာ။ Channel Link - t.me/mlbbupdatenew Pre Order Gp - t.me/nikkopreorder #Mobile_Legends #Mobilelegends #Mlbb

  • 9 июл.1 300

    ဒီသွေးတွေကို မဆေးပါနဲ့ (၂၀၁၂) ဇာတ်ကားစုံ ➡️ @bmvcs Cartoon ➡️ @ctmvc Series ➡️ @clzsr India ➡️ @indiamovies02