tgindex
Hana Microfinance

Hana Microfinance

Статистика

Official Hana Microfinance Channel

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
94
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 239
−3 за 4 дн.
Сутки
−6
−0,48%
Неделя
 
Месяц
 
Просмотров на пост
214
40 постов
Вовлечённость
17,3%
к подписчикам
Постов в день
0,7
всего 94
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
40
1/48двое суток
45
1/72трое суток
49

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 🦠"ပြင်းထန် ဝမ်းရောဂါ ကြိုတင် သတိပြု ကာကွယ်ပါ"🦠 အခုလက်ရှိ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဘေးမှ ကင်းဝေးအောင် မိဘပြည်သူများအားလုံး အထူးဂရုစိုက်ကြဖို့ သတိပေးလိုက်ပါရစေနော်။ မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေကနေတစ်ဆင့် ရောဂါကူးစက်နိုင်တာကြောင့်... 💧ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။ 🧼 အစာမစားမီအချိန်နဲ့ အိမ်သာအသုံးပြုပြီးချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။ 🍛 အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပြီး ယင်မနားအောင် သေချာဖုံးအုပ်ထားပါ။ 🚽 ယင်လုံအိမ်သာကို စနစ်တကျအသုံးပြုပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ 🌊 အထူးသဖြင့် ရေကြီးရေလျှံနေတဲ့ ဒေသတွေမှာ သောက်သုံးရေနဲ့ အစားအစာတွေကို ပိုမိုဂရုစိုက်ပြီး လူကြီးတွေနဲ့ ကလေးတွေကိုလည်း အထူးဂရုစိုက်ပေးပါ။ ဖြစ်နိုင်ရင် အပြင်စာတွေကို ရှောင်ပြီး သန့်ရှင်းစိတ်ချရတဲ့ အစားအစာကိုသာ စားသုံးပေးပါ။ 🤮 အကယ်၍ အရည်ဝမ်းများများသွားခြင်း၊ အန်ခြင်း၊ ခြေလက်ကြွက်တက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြသကြပါနော်။ ဟာနာ မိသားစုဝင်များအားလုံး ဝမ်းရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာကြပါစေရှင်။ 🙏 "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • 🎯ချစ်ခင်ရပါသော ဟာနာ အသင်းသားတို့ရေ... ဆုကြီးတွေရယူဖို့ သြဂုတ်လအတွက် 𝐌𝐢𝐬𝐬𝐢𝐨𝐧 တွေ ပြီးမြောက်ပြီလား? 𝐏𝐡𝐨𝐧𝐞 𝐁𝐢𝐥𝐥 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 နဲ့ 𝐆𝐫𝐚𝐧𝐝 𝐏𝐫𝐢𝐳𝐞 ဆုကြီးတွေကို ကံစမ်းနိုင်ဖို့ 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ထဲက 𝐌𝐢𝐬𝐬𝐢𝐨𝐧 လေးတွေကို မမေ့နဲ့နော်! ✨ "စူးစမ်းရန်" ကိုနှိပ်ပြီး 𝐁𝐥𝐨𝐠 တွေဖတ်ပါ ✨ မူလစာမျက်နှာ (သို့) ချေးငွေ၊ စုငွေ စာမျက်နှာကို ကြည့်ရှုပေးပါ! ✨ ချေးငွေလက်ရှိ ရယူထားသူတွေကတော့ "ချေးငွေနှင့်စုငွေလက်ကျန်" ကိုနှိပ်ပြီး "သဘောတူသည်" ကိုနှိပ်ပေးရပါမယ်နော်...😉 𝐌𝐢𝐬𝐬𝐢𝐨𝐧 ပြီးတာနဲ့ 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 မှာ အလိုအလျောက် ပါဝင်ခွင့်ရနေမှာပါ။ 🍀 🎁 𝐄𝐕 ဆိုင်ကယ် + 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐏𝐡𝐨𝐧𝐞 နဲ့ 𝐒𝐨𝐥𝐚𝐫 𝐏𝐚𝐧𝐞𝐥 + 𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧 ဆုကြီးတွေက သင့်ကို စောင့်မျှော်နေပါတယ်! 📲 𝐀𝐩𝐩 ကို 𝐔𝐩𝐝𝐚𝐭𝐞 လုပ်ပြီး သြဂုတ်လ 𝐌𝐢𝐬𝐬𝐢𝐨𝐧 တွေကို အခုပဲ ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပါ။ "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • без подписи

  • 💸 "ဆိုင်ကတော့ အမြဲရောင်းရတယ်...ဒါပေမဲ့ ငွေက ဘယ်ရောက်သွားလဲ မသိဘူး" 🤔 ဒီလိုအခြေအနေမျိုး ကြုံဖူးပါသလား? လုပ်ငန်းစတင်တဲ့အခါ ရောင်းအားတက်ဖို့၊ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များလာဖို့ကိုပဲ အာရုံစိုက်မိပြီး ငွေကြေးစီမံခန့်ခွဲမှု (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭) ကို လျစ်လျူရှုမိတတ်ပါတယ်။ လုပ်ငန်းတိုးတက်ဖို့အတွက် ရှောင်ရှားသင့်တဲ့ အမှား (၃) ခုကို ကြည့်လိုက်ရအောင်...👇 ❌ ၁။ ကိုယ်ရေးကိုယ်တာသုံးငွေနဲ့ လုပ်ငန်းသုံးငွေ ရောထွေးခြင်း လုပ်ငန်းဝင်ငွေနဲ့ ကိုယ်ပိုင်အသုံးစရိတ်တွေ ရောနေပြီဆိုရင် တကယ်တမ်း လုပ်ငန်းက အမြတ်ရနေလား၊ အရှုံးပေါ်နေလား သိဖို့ ခက်ခဲလာပါတယ်။ 💡 အကြံပြုချက်: ကိုယ့်အတွက် သတ်မှတ်ထားတဲ့ "လစာ" ပုံစံနဲ့သာ ထုတ်ယူသုံးစွဲပြီး လုပ်ငန်းသုံး နဲ့ ကိုယ်ရေးကိုယ်တာသုံး ဘဏ်အကောင့်သီးသန့်ခွဲထားပါ။ ❌ ၂။ ဝင်ငွေ၊ ထွက်ငွေ စာရင်းမမှတ်ခြင်း "ခေါင်းထဲမှာ အကုန်မှတ်ထားတယ်" ဆိုပေမဲ့ စာရင်းမရှိရင် ငွေဘယ်နေရာမှာ ပျောက်ဆုံးနေလဲ ဆိုတာ အသေးစိတ် သိနိုင်ဖို့ ခက်ပါတယ်။ 💡 အကြံပြုချက်: နေ့စဉ် ရောင်းရငွေ၊ ကုန်ကျစရိတ်နဲ့ အသေးစိတ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ပါ။ ❌ ၃။ အရေးပေါ်ရန်ပုံငွေ မထားခြင်း ရောင်းအားကျတဲ့အချိန် ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံလာတဲ့အခါ လည်ပတ်ဖို့ ငွေမရှိရင် လုပ်ငန်းအပေါ် ထိခိုက်နိုင်ပါတယ်။ 💡 အကြံပြုချက်: အနည်းဆုံး လုပ်ငန်းလည်ပတ်စရိတ် (၃) လစာခန့်ကို အရေးပေါ်ရန်ပုံငွေအဖြစ် စုဆောင်းထားပါ။ 💬 ဒီအချက် (၃) ခုထဲမှာ သင်အများဆုံး ကြုံတွေ့ဖူးတာက ဘယ်အချက်ဖြစ်မလဲ? "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • без подписи

  • 🏢 ရှမ်းပြည်နယ်၏ မြို့နယ်အသီးသီးမှာနေထိုင်တဲ့ 𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ရဲ့ အသင်းသား မိတ်ဆွေများနဲ့ လုပ်ငန်းရှင်များအတွက် "ရှမ်းပြည်နယ်ရှိ ရုံးခွဲလိပ်စာများ" ကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။ လူကြီးမင်းတို့နဲ့ အနီးဆုံးရုံးခွဲများသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လူမှုစီးပွားဘဝ တိုးတက်ဖို့အတွက် ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။ ✨ 📍𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ရှမ်းပြည်နယ်ရှိ ရုံးခွဲ (၈) ခု၏ လိပ်စာများ📍 🏢(၁) အောင်ပန်းရုံးခွဲလိပ်စာ ပစ္ဆိမာရုံလမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊ အောင်ပန်းမြို့၊ ရှမ်းပြည်နယ်။ ☎️ 𝟎𝟗𝟗𝟔𝟓𝟒𝟑𝟑𝟎𝟔𝟐 🏢(၂) တောင်ကြီး ရုံးလိပ်စာ အိမ်အမှတ်(၂၀၉)၊ ခြင်္သေ့လမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ ☎️ 𝟎𝟗𝟗𝟔𝟗𝟗𝟗𝟕𝟎𝟓𝟓 🏢(၃) ရပ်စောက်ရုံးခွဲလိပ်စာ ရွှေညောင်လမ်းမကြီးအမှတ်(၂၁)၊ နယ်မြေ (၂)၊၊ ဥတ္တံတားရပ်ကွက်၊ ရပ်စောက်မြို့၊ ရှမ်းပြည်နယ်။ ☎️𝟎𝟗𝟗𝟔𝟗𝟗𝟗𝟖𝟎𝟑𝟖 🏢(၄) လွိုင်လင်ရုံးခွဲလိပ်စာ အမှတ်(တ/၁၇-ခ)၊ ဘုရားကြီးလမ်း၊ ရပ်ကွက်(၃)၊ နယ်မြေ(၈)၊ လွိုင်လင်မြို့၊ ရှမ်းပြည်နယ်။ ☎️𝟎𝟗𝟗𝟕𝟕𝟒𝟎𝟖𝟖𝟕𝟎 🏢(၅) ပင်းတယရုံးခွဲလိပ်စာ အမှတ် (စျ/၂၁၇)၊ မဟာရန်အောင်ကျောင်းလမ်း၊ စျေးတန်းရပ်ကွက်၊ ပင်းတယ၊ ရှမ်းပြည်နယ်။ ☎️𝟎𝟗𝟗𝟕𝟕𝟒𝟔𝟎𝟔𝟒𝟎 🏢(၆) နမ့်စန်ရုံးခွဲလိပ်စာ အမှတ်(၁၃၇)၊ သီတာလမ်း၊ ရပ်ကွက်(၃)၊ နမ့်စန်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။ ☎️𝟎𝟗𝟗𝟕𝟕𝟔𝟑𝟗𝟑𝟗𝟎 🏢(၇) ပင်လောင်းရုံးခွဲလိပ်စာ အမှတ်(ရ/၃၀၅)၊ အောင်သုခလမ်း၊ အရှေ့ရပ်ကွက်၊ ပင်လောင်းမြို့၊ ရှမ်းပြည်နယ်။ ☎️𝟎𝟗𝟗𝟕𝟕𝟒𝟎𝟖𝟎𝟑𝟎 🏢(၈) ညောင်ရွှေရုံးခွဲလိပ်စာ ကျုံးရိုးလမ်း၊ ကံသာ (၄)ရပ်ကွက်၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်။ ☎️𝟎𝟗𝟗𝟕𝟕𝟒𝟔𝟎𝟔𝟔𝟎 🌐 အခြားသော မိမိနှင့် နီးစပ်ရာ 𝐇𝐚𝐧𝐚 ရုံးခွဲလိပ်စာများကိုလည်း 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ 👇 𝐇𝐚𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞 - https://hanamyanmar.com/ "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • без подписи

  • 📱 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 မှာပါဝင်ဖို့ ဒီအချက်လေးတွေပဲ လိုတယ်နော်❗️ ဟာနာမှာ ချေးငွေထုတ်ယူထားတဲ့ အသင်းသားတို့အတွက် 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 မှာပါဝင်ဖို့ လုပ်ဆောင်ရမယ့်အချက်လေးတွေကို 𝐕𝐢𝐝𝐞𝐨 လေးနဲ့တကွ ရှင်းပြပေးထားပါတယ်။ 🎥 ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 မှာ အခုပဲပါဝင်လိုက်တော့နော်။ ✅ 📲 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ဒေါင်းလုဒ်ဆွဲရန် 𝐆𝐨𝐨𝐠𝐥𝐞 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 𝐋𝐢𝐧𝐤 - https://play.google.com/store/apps/details?id=com.hanamicrofinance.clientapp&hl=en_SG 𝐀𝐏𝐊 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 - https://dprceal0refja.cloudfront.net/ClientApp/HanaClient-3.0.12%20-%203001222-prod-sideload-release.apk "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • 🌻 𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭! စိတ်သစ်၊ လူသစ်နဲ့ ဩဂုတ်လသစ်လေးကို ကြိုဆိုလိုက်ရအောင်။ 💛 မိုးအေးအေးနဲ့ ဖြတ်သန်းရမယ့် ဒီဩဂုတ်လထဲမှာ မွေးဖွားခဲ့ကြတဲ့ မိတ်ဆွေတွေကတော့... ဆွဲဆောင်မှုအပြည့်ရှိတဲ့ 𝐋𝐞𝐨 (သိဟ်ရာသီဖွား) နဲ့ စေ့စပ်သေချာလွန်းတဲ့ 𝐕𝐢𝐫𝐠𝐨 (ကန်ရာသီဖွား) တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မွေးလရာသီခွင်အလိုက် ဘယ်လိုထူးခြားတဲ့ အားသာချက်တွေ ရှိနေမလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇 "စွမ်းအင်အပြည့်နဲ့ ဦးဆောင်နိုင်သူ" 🌞♌ 𝐋𝐞𝐨 တို့ကတော့ ယုံကြည်မှုအပြည့်ရှိတယ်၊ ရဲရင့်တယ်၊ ဘယ်နေရာမှာမဆို ရှေ့ကနေ ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေပါ။ "အသေးစိတ်ကျပြီး စနစ်တကျရှိတဲ့သူ" 🌿♍ 𝐕𝐢𝐫𝐠𝐨 လေးတွေကတော့ ဘာမဆို အသေးစိတ်ကအစ သေချာဂရုစိုက်တတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အလုပ်ကို စနစ်တကျ ပြီးမြောက်အောင် လုပ်တတ်သူတွေပေါ့။ 💛 ဘယ်ရာသီဖွားပဲ ဖြစ်ဖြစ်... တကယ့်အောင်မြင်မှုဆိုတာတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနဲ့ အကောင်းမြင်စိတ်တွေကပဲ ဖန်တီးပေးတာ ဖြစ်ပါတယ်ရှင်။ 💬 မိတ်ဆွေကရော ဘယ်ရာသီဖွားလဲ? ♌ 𝐋𝐞𝐨 လား? ♍ 𝐕𝐢𝐫𝐠𝐨 လား? "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • без подписи

  • လစာထုတ်တဲ့ သောကြာနေ့ရဲ့ အမှန်တရား 💸🤣

  • Channel photo updated

  • ✨"ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)" သည် ဗုဒ္ဓသာသနာတော်တွင် သီလ၊ သမာဓိ၊ ပညာ တရားတော်များကို တိုးပွားစေပြီး ကုသိုလ်ကောင်းမှုပြုရန် အထူးပင် မွန်မြတ်လှသော နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါတယ်။ 😇 ဤနေ့ထူးနေ့မြတ်တွင်... 🙏 မိမိတို့ တတ်နိုင်သရွေ့ သီလဆောက်တည်ခြင်း၊ 🙏 ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေစွာ ပူဇော်ခြင်း၊ 🙏 ကုသိုလ်ကောင်းမှု (ဝါဆိုသင်္ကန်း၊ ပန်း၊ ဆီမီး) များ ဆက်ကပ်လှူဒါန်းခြင်း တို့ဖြင့်... မိမိတို့၏ စိတ်နှလုံးကို အေးချမ်းတည်ငြိမ်အောင် ကျင့်ကြံပွားများ အားထုတ်ကြပါစို့။ ✨ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ သာယာချမ်းမြေ့၍ မွန်မြတ်သော ကုသိုလ်အကျိုးထူးများ ရရှိခံစားနိုင်ကြပါစေ။ 😇 "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • ဆုကြီးတွေ သိမ်းပိုက်ဖို့ အဆင်သင့်ပဲလား! 🎁 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 အစီအစဉ်ကြီး လာပါပြီ! ဟာနာမှာ ချေးငွေ (၁) ကြိမ် ထုတ်ဖူးရုံနဲ့တင် 𝐄𝐕 ဆိုင်ကယ်၊ 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐏𝐡𝐨𝐧𝐞 နဲ့ (𝐒𝐨𝐥𝐚𝐫 𝐏𝐚𝐧𝐞𝐥+𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧) အပါအဝင် ဆုလက်ဆောင်ကြီးတွေကို ပိုင်ဆိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်နော်! 📱🏍️ ဘယ်လိုဆုလက်ဆောင်တွေ ကံထူးနိုင်မလဲ? 🍀 ၁။ လစဉ် 𝐏𝐡𝐨𝐧𝐞 𝐁𝐢𝐥𝐥 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 (ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍) 📲 ဖုန်းဘေလ် (၅,၀၀၀) ကျပ် - အသင်းသား (၁၀၀) ဦး 📲 ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် - အသင်းသား (၅၀) ဦး စုစုပေါင်း ကံထူးသူ အသင်းသား (၁၅၀)ဦးကို လစဉ် (၁၀) ရက်မှ (၁၅)ရက်နေ့အတွင်း သြဂုတ်လမှ ဒီဇင်ဘာလထိ (၅)လတိုင်တိုင် လစဉ် ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။ ၂။ 𝐆𝐫𝐚𝐧𝐝 𝐏𝐫𝐢𝐳𝐞 အထူးဆုကြီးများ 🤩 🎑 အောက်တိုဘာလ (သီတင်းကျွတ်လက်ဆောင်): 𝐒𝐚𝐦𝐬𝐮𝐧𝐠 စမတ်ဖုန်း (၃) လုံး 🕯️ နိုဝင်ဘာလ (တန်ဆောင်တိုင်လက်ဆောင်): 𝐒𝐨𝐥𝐚𝐫 𝐏𝐚𝐧𝐞𝐥+ 𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧 (၂) စုံ 🎆 ဒီဇင်ဘာလ (နှစ်သစ်ကူးလက်ဆောင်): 𝐄𝐕 ဆိုင်ကယ် (၁) စီး သီတင်းကျွတ်လက်ဆောင် 𝐆𝐫𝐚𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကံထူးရှင်ကို အောက်တိုဘာလ (၂၃)ရက်နေ့တွင် ကြေညာပေးသွားမှာ ဖြစ်ပြီး နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ 𝐆𝐫𝐚𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကံထူးရှင် ကြေညာမယ့်ရက်တွေကိုတော့ ထပ်မံအသိပေးသွားပါမယ်နော်။ 🚀 ပါဝင်ဖို့ ၃ ချက်ထဲ လိုတယ်နော်! (၁) 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟑.𝟎.𝟏𝟐 သို့ 𝐔𝐩𝐝𝐚𝐭𝐞 ပြုလုပ်ထားပြီး 𝐋𝐞𝐯𝐞𝐥 𝟐 ဖြစ်ရပါမယ်။ (၂) 𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 တွင် ချေးငွေ အနည်းဆုံး (၁) ကြိမ် ထုတ်ဖူးသူ ဖြစ်ရပါမယ်။ (၃) 𝐀𝐩𝐩 ထဲမှာ "စူးစမ်းရန်"ကိုနှိပ်ကာ 𝐁𝐥𝐨𝐠 တွေ ဖတ်ပါ၊ မူလစာမျက်နှာ (သို့မဟုတ်) ချေးငွေ၊ စုငွေ စာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုပေးပါ! ဟာနာမှာ ချေးငွေလက်ရှိ ရယူထားသူတွေအနေနဲ့ကတော့ "ချေးငွေနှင့်စုငွေလက်ကျန်" အားနှိပ်ပြီး ချေးငွေများ (သို့) စုငွေများကို စစ်ဆေးကာ "သဘောတူသည်" ကိုနှိပ်ပေးရပါမယ်နော်...😉 💥 သင်ကိုယ်တိုင် ကံထူးရှင် ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးနော်! ဒါဆိုရင်တော့ 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို အခုပဲ 𝐔𝐩𝐝𝐚𝐭𝐞 လုပ်ပြီး သြဂုတ်လရဲ့ 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 မှာ ပါဝင်လိုက်ကြရအောင်! 🍀 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 𝐏𝐞𝐫𝐢𝐨𝐝: (𝟐𝟎𝟐𝟔, 𝐀𝐮𝐠 𝟏 - 𝐃𝐞𝐜 𝟑𝟏) 📲 𝐇𝐚𝐧𝐚 𝐌𝐅𝐈 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐩𝐩 ဒေါင်းလုဒ်ဆွဲရန် 𝐆𝐨𝐨𝐠𝐥𝐞 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 𝐋𝐢𝐧𝐤 - https://play.google.com/store/apps/details?id=com.hanamicrofinance.clientapp&hl=en_SG 𝐀𝐏𝐊 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 - https://dprceal0refja.cloudfront.net/ClientApp/HanaClient-3.0.12%20-%203001222-prod-sideload-release.apk မှတ်ချက် - သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လုပ်ဆောင်ချက်များအားလုံးကို ပြီးမြောက်သူများသာ 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီးအငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဟာနာ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ ယခုအစီအစဉ်မှာ ဟာနာဝန်ထမ်းများ လုံးဝ ပါဝင်ခွင့်မရှိပါ။ "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"

  • без подписи

  • "ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်အသိပေးကြေညာခြင်း" (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့ သည် (ဝါဆိုလပြည့်နေ့) ရုံးပိတ်ရက် အဖြစ်သတ်မှတ်ထားပါသောကြောင့် အဆိုပါနေ့တွင် 𝐇𝐚𝐧𝐚 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 ၏ (ရုံးချုပ်) အပါအဝင် ရုံးခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါသည်။ "𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 အတူတကွကြီးပွားလို့၊ ပျှော်ရွှင်မှုတွေ မျှဝေစို့"