tgindex
ဟာသများစုစည်းရာ

ဟာသများစုစည်းရာ

Статистика

ဘဝကို ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ

Последний пост
29 июл. 2025 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
896
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
6 490
20 постов
Вовлечённость
724,3%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ယောက်ျားတွေဘာကြောင့် ဘောလုံးပွဲကို အိမ်မှာမကြည့်ပဲ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ သွားကြည့်ကြတာလဲ။ မိန်းမ : ဒါကဘယ်လဲ။ ယောက်ျား : လက်ဖက်ရည်ဆိုင်.. ဘောပွဲသွားကြည့်မလို့။ မိန်းမ : အိမ်မှာကျွန်မနဲ့တူတူကြည့်လို့မရဘူးလား။ ယောက်ျား : ငါ့သူငယ်ချင်းတွေနဲ့ကြည့်ချင်လို့ပါ။ မိန်းမ : ကျွန်မက ရှင့်ဟာတွေလောက်အရေးမပါဘူးပေါ့လေ။ ယောကျ်ား : အေးပါ ဒါဆိုလည်းမသွားတော့ဘူး။ မိန်းမ : ဘာလို့ဂိုးသမားက အနက်ရောင်ဖြစ်နေတာလဲ။ ယောကျ်ား : သူ့အမေဆုံးသွားလို့။ မိန်းမ : ကြေညာတဲ့လူက ဘာလို့နာမည်တွေအကုန်သိနေတာလဲ။ ယောက်ျား : အဲဒါသူ့အလုပ်လေ။ မိန်းမ : ဂိုးပြီဟေ့...။ ယောကျ်ား : လူကျွံဘောကြီး။ မိန်းမ : လူကျွံဘောကြီးဆိုတာဘာလဲ။ ယောကျ်ား : ဘာမှမဟုတ်ဘူး ဂိုးတယ် ဟုတ်တယ်။ မိန်းမ : ဟုတ်ပြီ ဒါပေမဲ့ လူကျွံဘောကြီးကဘာလဲ။ ယောကျ်ား : နည်းပြနာမည်ပါ။ မိန်းမ : နည်းပြကဘယ်မှာလဲ။ ယောက်ျား : ကွင်းဘေးမှာလေ။ မိန်းမ : သူကဘာလို့ဝင်မကန်တာလဲ။ ယောက်ျား : သူကမကန်ဘူး၊ ကစားသမားတွေကို နည်းစနစ်တွေပဲပြပေးတာ။ မိန်းမ : အဲ့မှာ မာရာတိုနာ ပါသေးလား။ ယောကျ်ား : မာရာဒိုနာက ဆုံးပြီလေ။ မိန်းမ : ဟယ်ဟုတ်လား... ဘယ်လိုဖြစ်တာလဲ။ ယောက်ျား : သူ့မိန်းမနဲ့ ဘောလုံးပွဲတူတူကြည့်မိလို့ ပြောတာပဲ။ မိန်းမ : +x+x*%^xxx (ဘာသာပြန်) Credit to Original.

  • ၁။Single is the best (ဝင်္ကဝုတ္ထိအလင်္ကာ) လင်လိုချင်သည်ဟု တိုက်ရိုက်မရေးပဲ " Single is the best " ဟု သွယ်ဝိုက် ရေးဖွဲ့ထားသောကြောင့် ဝင်္ကဝုတ္တိအလင်္ကာ မြှောက်သည်။ ၁။ အာဘွား ပြွတ်စ်ပြွတ်စ် (မြည်သံစွဲ အလင်္ကာ) ချစ်သူ အချင်းချင်း ဖုန်းချချိန်တွင် ပြောဆိုသော စကားဖြစ်သည် ။ အပြင်တွင် တစ်ကယ်နမ်းလျှင် ထွက်ပေါ်လာသည့် ပြွတ်စ်ပြွတ်စ်ကို ထည့်သွင်းရေးဖွဲ့ထားသောကြောင့် မြည်သံစွဲအလင်္ကာ မြှောက်ပါသည် ။ ၂။ FA (ဝင်္ကဝုတ္တိအလင်္ကာ) သောက်ဖက်လုပ်မယ့်သူမရှိဟု တိုက်ရိုက်မရေးပဲ FA ဟု သွယ်ဝိုက် ရေးဖွဲ့ထားသောကြောင့် ဝင်္ကဝုတ္တိအလင်္ကာ မြှောက်ပါသည် ။ ၃။ ထာဝရချစ်နေမယ် (ရူပကအလင်္ကာ) ဂျင်းထည့်ခြင်း (အနှိုင်းခံ) နှင့် အချစ် (အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာ မြှောက်ပါသည်။ ၄။ ဘယ်တော့မှ မခွဲဘူးနော် (အတိဿယဝုတ္တိအလင်္ကာ) အချိန်တန်ရင် အကြောင်းမရှိ အကြောင်းရှာပြီး ဖြတ်မှာပါဟု သာမန်မျှမရေးဘဲ ဘယ်တော့မှမခွဲဘူးဟု အလွန်အကြူးရေးဖွဲ့ထားသောကြောင့် အတိသယဝုတ္တိအလင်္ကာမြှောက်ပါသည် ။ ၅ ။မင်းနေရာမှာဘယ်သူမှအစားမထိုးဘူး (ဥပမာအလင်္ကာ) 1 go 2 come 3 coming soon (အနှိုင်း)နှင့် အစားမထိုးနိုင်သောအချစ် ( $ပို ) တို့အား ခိုင်းနှိုင်းဖွဲ့ဆိုထားသောကြောင့် ဥပမာအလင်္ကာမြှောက်ပါသည်။ 😁😁 Creditမူရင်းရေးသူ

  • ဂျက်လီသည် အက်ရှင်မင်းသားဖြစ်၍ ဂျီလတ်သည် အဆိုတော် ဖြစ်သည်။ မင်းလူသည် စာရေးဆရာဖြစ်ပြီး လူမင်းသည် သရုပ်ဆောင် ဖြစ်သည်။ လွင်မိုး၏ အမည်ရင်းမှာ မိုးလွင်ဖြစ်ပြီး မေဆွိကို သူငယ်ချင်းများက မိဆွေဟု ခေါ်ကြသည်။ သို့သော် သိုးဆောင်း၏ အမည်ရင်းမှာ သောင်းစိုး မဟုတ်ပါ။ လိမ္မော်သီးသည် အဆိုတော်မလေးဖြစ်၍ ပန်းသီးသည် လူရွှင်တော်အထီးကြီး ဖြစ်သည် နီနီဝင်းရွှေ နှင့် ဝါဝါဝင်းရွှေတို့သည် ညီမများ မဟုတ်ကြပါ။ ရွှေရည်သိန်းတန်သည် တွံတေးသိန်းတန်၏ သမီးဖြစ်ပြီး... ပိုးဒါလီသိန်းတန်သည် မြန်မာပြည်သိန်းတန်၏ သမီးဖြစ်သည်။ မိုးဒီသည် ဟာသ သရုပ်ဆောင်ဖြစ်၍ ဒီမိုးသည် ဂျေညီညီ၏ သီချင်းဖြစ်သည်။ ဂျူးသည် ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ရေးပြီး ဗျူးသည် ဒဏ္ဏာရီထဲမှာမောင့်ကိုထားရစ်ခဲ့ ရုပ်ပြဆွဲသူဖြစ်သည် မိုက်တီးသည် ဒါရိုက်တာ တစ်ဦးဖြစ်၍ မလိမ္မာသည် ဓာတ်ပုံဆရာမ ဖြစ်သည်။ ကျော်ထူးသည် လူရွှင်တော် ဖြစ်၍ ထူးကျော်မှာ Examplez အဖွဲ့ဝင် ဖြစ်သည် ကျောက်ဖြူသည် အကယ်ဒမီဆုရ ဓာတ်ပုံဆရာ ဖြစ်ပြီး ကျောက်မဲသည် မြို့ဖြစ်သည် အိုအောင်သည် ကဗျာဆရာဖြစ်သော်လည်း မင်းအောင်မှာ အဆိုတော်ဖြစ်လေသည် အရိုင်းသည်လည်း သရုပ်ဆောင်ဖြစ်၍ အစိုင်းသည် Black Hole မှ ဖြစ်သည် သို့ဖြစ်ပါ၍ အကြှနျုပျသညျလညျး ဇဝါမှာ တေးရေးအဖြစ်အောင်မြင်နေ၍ ဇဝေ ဟူသော အမည်ဖြင့် စီးရီးသွင်းလျှင် ကောင်းမလား သို့တည်းမဟုတ် ဆိုတေးမှာ တေးဆိုအဖြစ် အောင်မြင်နေလေရာ ရေးတေး အမည်ဖြင့် တေးရေး လောကထဲ ခြေစုံပစ်ဝင်လျှင် ကောင်းမည်လားဟု အကြံထုတ်လျှက် ရှိပေသည်။ 😂😂😂 သားရဲ သည် ကိုက်တတ်သောသတ္တဝါဖြစ်ပြီး ရဲသား သည် ရိုက်တတ်သောသတ္တဝါဖြစ်၏ တာရာပွကြီး သည် ရုပ်ပြဇာတ်ကောင်ဖြစ်ပြီး တာရာမင်းဝေသည် စာရေးဆရာဖြစ်သည် တက္ကသိုဘ်ဘုန်းနိုင်သည်ကမ္ဘာကုန်ကျယ်သ၍ဝယ်ဝတ္တုကိုရေး၍ ဆုန်သင်းပါသည်ကမ္ဘာကြီးကကျဉ်းတယ်သီချင်းကိုဆိုသူဖြစ်သည် ကျို့ကော်ကော်နှင့် ကျင်းလီသည် တရုတ်ကားမှသိုင်းသမားများဖြစ်ကြပြီး ကျော်ကိုကိုနှင့်ကြည်လင်းသည် မြန်မာပြည်မှဘောလုံးသမားများဖြစ်ကြသည် ကုလားကြီးသည်မုတ်ဆိတ်မွှေးနှင့်ဖြစ်ပြီး Clear ကလီးယား သည်ခေါင်းလျော်ရည်ဖြစ်သည် အိုဗားမားသည်သမ္မတဖြစ်...၍ ဗားမားအိုးသည်....ဇွန်သင်ဇာဖြစ်ပီး အုန်းအင်သည်ဖားအော်သံဖြစ်၍ ဖုန်းကင်သည်လဲ... ဇွန်သင်ဇာပင်ဖြစ်သည် လေးဖြူသည်အဆိုတော်ဖြစ်ပီး ဖိုး (4)ဖြူမှာဟာသသရုပ်ဆောင်ဖြစ်သည် ဆောင်းဟေကိုမှာ ကိုရီးယားသူဖြစ်ပီး မိုးဟေကိုမှာ မြန်မာနိုင်ငံသူဖြစ်သည်၊၊ ရန်အောင်သည် မြန်မာရုပ်ရှင်မင်းသားဖြစ်ပြီး ယောင်အန် သည် ကိုရီးယားကားထဲမှ ဇတ်ကောင်ဖြစ်သည် ဂျေဒိုးနတ်သည် မုန့်ဖြစ်ပြီး ရုက္ခစိုးနတ်သည် နတ်ဖြစ်သည် #Crdphoto #crd

  • без подписи

  • ''အပျိုကြီးပေးတဲ့ ဒုက္ခ'' အပျိုကြီးတစ်ယောက်ဟာ ရှေးဟောင်းပစ္စည်းဆိုင်ကနေ အလာဒင်ကြေးမီးခွက်ကလေး တစ်ခုကို လှလို့ ဝယ်လာတယ် သိတဲ့အတိုင်းဘဲ အပျိုကြီးဆိုတာမျိုးဟာ စိတ်ကူးက ခပ်ယဉ်ယဉ်တွေဆိုတော့ ပုံပြင်ထဲကလို မီးခွက်ကို ပွတ်လိုက်ရင် မီးခွက်စောင့်ဘီလူး ပေါ်လာမယ် လိုရာဆု ၃ ခု တောင်းခိုင်းပြီး ဖြည့်စည်းပေးရင် သိပ်ကောင်းမှာဘဲလို့ စိတ်ကူးယဉ်နေတယ် လက်ကလည်း မီးခွက်ကို အမှတ်မထင် ပွတ်နေမိတယ် ဒီအချိန်မှာ မီးခွက်ထဲက မီးခိုးလုံးတွေ ထွက်လာပြီး ဘီလူးကြီး တကယ်ထွက်လာတယ် အပျိုကြီးက အံ့သြဝမ်းသာသွားပြီး "ဘီလူးကြီး ကျမကို လိုရာဆု ၃ ခု တောင်းခိုင်းမှာလားဟင်" *ဘီလူးက "ဒီမှာ ဒါ ဒဏ္ဍရီပုံပြင် မဟုတ်ဘူး လက်တွေ့ဗျ" "ကျုပ်က only one သမား" ဆု တခုကိုဘဲ လုပ်ပေးနိုင်မယ်" "ပြော ဘာဖြစ်ချင်သလဲ ဆိုတာ" အပျိုကြီးက စဉ်းစားတယ် ကိုယ်ကျိုးထက် အများအကျိုးကို တောင်းတာ ကောင်းမယ်ဆိုပြီး ထိုင်ရာက ထ နံရံမှာ ကပ်ထားတဲ့ မြေပုံကို ဖြုတ်ယူလာပြီး "ဘီလူးကြီး ဒီမှာ မြေပုံ လာကြည့်လိုက်" "ဒီမှာ တွေ့သလား *အရှေ့အလယ်ပိုင်းဒေသကို အဲ့ဒိမှာ မငြိမ်းချမ်းဘူး အသက်တွေ ဘဝတွေ ပျက်စီးနေတယ်" "ဒါကြောင့် အာရပ်တွေနဲ့ ဂျူးတွေ အမေရိကန်တွေပါ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ဖြစ်သွားအောင် လုပ်ပေး" "ဒါဆို ကမ္ဘာကြီး ငြိမ်းချမ်းသွားမယ်" လို့ ခိုင်းပါတယ် *ဘီလူးက "အဲ့ဒိ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေဟာ အခုမှ ဖြစ်တာ မဟုတ်ဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်ကတည်းက ဖြစ်နေတာ" " ဒီမီးခွက်ထဲ အထည့်မခံရခင်ကတည်းကဗျ" "ကျုပ် ဒီအထဲရောက်တာ နှစ်ပေါင်း ၇၀၀ဘဲ ရှိသေးတယ် တခြားဟာ ပြောဗျာ" *အပျိုကြီးက "ဒါဆိုရင် ကျမကို အရမ်းချစ်မယ့် အသက် ၂၀ အရွယ်လောက် ဖြူ ဖြူ ချောချော ဘော်ဒီတောင့်တောင့် ပညာတတ် ဘွဲ့ရ ပိုက်ဆံချမ်းသာတဲ့ ကောင်လေးတစ်ယောက်လောက်" "အရက် ဆေးလိပ် ဆေး မိန်းမ မလိုက်စားရဘူး" "ထမင်း ဟင်း ချက်တတ်ရမယ်" "အိမ်သန့်ရှင်းရေး ပန်းကန်ဆေး အဝတ်လျှော်လည်း တတ်ရမယ်" "ဘော်လုံးပွဲလည်း မကြိုက်တဲ့သူ" "ကျမကို သစ္စာ ရှိရှိတသက်လုံး အနွံအတာခံရမယ်" "အဲ့လို ကောင်လေး တစ်ယောက်လောက်" *ဘီလူးက သူ့ရဲ့ဆံပင်မရှိတဲ့ ခေါင်းကို ကုတ်ရင်း " ဟို မြေပုံဘဲ ပြန်ကြည့်ရအောင်" "အာရပ်နဲ့ဂျူး ချစ်ကြည်ရေး လုပ်ပေးလိုက်တာက ပိုလွယ်မယ်"တဲ့။ *တိန်* #fypシ゚viralシ #thereadinglantern #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳

  • အားလဲမနာကျဘူး

  • без подписи

  • без подписи

  • ယောကျာ်းတစ်ယောက် သတင်းစာဖတ်နေတုန်း သူ့မိန်းမက ခေါင်းကို ဒန်အိုးနဲ့ ထုချလိုက်တယ်။ ဒန်းးး အသံကြားလိုက်ရတယ် ယောကျာ်းဖြစ်သူ ခေါင်းမူးသွားတယ်။ " ဘာဖြစ်လို့လဲကွ " " ရှင့်အိတ်ထဲမှာ စာရွက်တစ်ခုတွေ့တယ်။ ယမုံ လို့ ရေးထားတယ် " 😱😱😱 " ဟာကွာ အဲဒါ ကိုတိုးကြီး အိမ်က ခွေး နာမည်ပါ " " Sorry နော်" ဟင်း ++++++++++++++++++++++++ ၃ ရက်လောက်ကြာတော့ ယောကျာ်းလုပ်သူ တီဗွီ ကြည့်နေတဲ့အချိန် (((ဒိန်းဂလိန်း ဂလိန်းးး))) မိန်းမဖြစ်သူက ခေါင်းကို အရင်တခါ ဒန်အိုးထက် ပိုကြီးတဲ့ ဒယ်အိုးကြီးနဲ့ ထုချလိုက်တာ ယောကျာ်း သတိလစ်သွားတယ်။ သတိပြန်ရ လာတော့ မေးတယ်။ " ဘာတွေ ဖြစ်ပြန်ပြီလဲကွ " " ရှင့် ခွေးဆီက ဖုန်း လာ လို့ လေ"

  • စာတစ်ကြောင်းရပီး ဘဝ- င်မြ- င့်နေပုံ🥳

  • "ကိုဘူးသီး.. ညတုန်းက အိပ်နေရင်း ယားတယ် ယားတယ်နဲ့ ဘာ ထဖြစ်တာတုန်း.." "အိမ်မက် မက်လို့ပါကွာ.." "ဘာလဲ အိမ်မက်ထဲမှာ ရှင်မယားငယ်နဲ့ ကြည်နူးနေတာလား..." "ပေါက်ပေါက်ရှာရှာကွာ.. အိမ်မက်ထဲမှာ မိန်းမ မင်းလဲ ပါတယ်ကွ.." "အလိုတော် ဟုတ်သလား.." "ဒါပေါ့ကွ.." "နေပါဦး ကျမက ဘယ်နေရာက ပါတာလဲ.." "မင်းအခု ထမင်းစားနေတယ် မလား နောက်မှ အေးဆေး ပြောပြမယ် ဟုတ်ပြီလား.." "မရဘူး အခုပြောပြ.." "ဒါဆိုလဲ ထမင်းတော့ အရင်စားလိုက် စားပြီးမှ ပြောပြမယ်.." "မရဘူးနော် အခုဆို အခုပဲ.." "ကိုင်း ဒီလောက်တောင် သိချင်မှတော့ ပြောပြရမှာပေါ့.. မင်းမေးလို့ ပြောတာနော်.." "အွန်း မြန်မြန်သာ ပြော.. သိချင်လှပြီ.." "ဒီလိုကွ.. အိမ်မက်ထဲမှာ မင်းရယ်ငါရယ် တွင်းထဲကို ပြိုင်တူ ပြုတ်ကျသွားတာ တဲ့.." "အလိုတော် ထူးဆန်းလှချည်လား.." "ထူးတာပေါ့ မိန်းမရယ်.. နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်က ကျသွားတဲ့ တွင်းချင်း မတူကြဘူး တဲ့.. မင်းက ရွှေတွင်းထဲ ပြုတ်ကျပြီး ငါကျ ချေးတွင်းထဲ ပြုတ်ကျသွားတာ တဲ့.." ကိုဘူးသီးတစ်ယောက် ဆက်မပြောသေးဘဲ သူ့မိန်းမ လုပ်သူရဲ့ အခြေအနေကို တစ်ချက် အကဲခတ်ကြည့်တော့.. "မဆိုးပါဘူး ကိုဘူးသီးရဲ့.. ရှင့်အိမ်မက်က အိမ်မက်ကောင်းပဲ.. ခိ ခိ.." "အယ်.."(သူ သာနေလို့..) "ပြီးသွားပြီလား အိမ်မက်က.." "မပြီးသေးဘူး မိန်းမရဲ့.." "ဟင် ဒါဆို ဘာဆက်ဖြစ်.." "ဘာဆက်ဖြစ်ရမလဲ... အပေါ်ကို နှစ်ယောက်လုံး ဘယ်လို ပြန်ရောက်သွားတယ်တော့ မသိဘူး.. အပေါ်လဲ ရောက်ရော.. ဒို့နှစ်ယောက် ဆေးစရာ ရေလိုက်ရှာကြတာ တဲ့.. ဘယ်လိုရှာရှာ မတွေ့ဘူး တဲ့.. အဲလိုနဲ့ ကြံရာ မရတဲ့အဆုံး တစ်ယောက်ကို တစ်ယောက် လျှာနဲ့ လျက်ပေးကြတာ တဲ့ ကိုင်း သိပြီလား.." "ထ ဝီ........ မသာကြီး.. ရွံလိုက်တာ.. ထမင်းစားနေတဲ့ ဟာကို.." ဟောဗျာ.. သူပဲ အတင်းမေးပြီးတော့.. 🙄 အိမ်က မိန်းမကိုတော့ ပြန်မပြောကြနဲ့ တွင်းထဲ ကျတဲ့အထိတော့ အမှန် ကျန်တာတွေက လန်ကြုတ်..!! 😂😂😂 အံ့သြလို့ မဆုံးဘူးးး Crd ဘူးသီး #ပုံပြင်မှတ်စု #ponpyinnote

  • အပင် ၃ ပင်၊ လူ ၃ မျိုး '' လောကမှာ လူသုံးမျိုး ရှိတယ်။ ဘူးပင်နဲ့ တူတဲ့လူ ၊ မြက်ပင်နဲ့တူတဲ့လူ၊ ညောင်ပင်ကြီးနဲ့တူတဲ့လူ " ဒီကားဟာ ကျွန်တော်အဖေ ဆုံးမ ခဲ့တဲ့ စကားတွေ ဘူးပင်နဲ့တူတဲ့လူ ဘူးပင်တွေကို ကြည့်စမ်း သားငယ်။ ဒီကောင်တွေက အမြင့်ရောက်မှ အသီးတင်တာ။ အသီးသီးဖို့စင် ပေးရတယ်။ စင် မရှိရင် သူမှီတတ်ဖို့ အပင်ကြီးကြီး ရှိမှရမယ်။ အမှီမပါရင် အမြင့်မရောက်တတ်ဘူး။ ဒီလိုပဲ ငါတို့ လူတွေမှာ ဘူးပင်နဲ့ တူတဲ့ လူတချို့ရှိတယ်။ ကိုယ့်အစွမ်းအစမရှိဘူး၊ မိဘတွေရဲ့ပိုက်ဆံနဲ့ လူစွာလုပ်နေကြတဲ့လူတွေ။ မိဘတွေ မရှိတဲ့အခါ။ သူတို့ကို ထောက်ပံ့ပေးမဲ့ တစ်စုံတစ်ယောက်မရှိတဲ့အခါ၊ သူတို့ ဘဝ ပျက်သွားကြတယ်။အမှီအခို မရှိရင် မရှင်သန်တတ်ကြဘူး။ ငါ့သားငယ် ဘဝမှာ ဘူးပင်လိုလူမျိုး ဘယ်တော့မှ မဖြစ်စေနဲ့။ ဘယ်သူကမှကိုယ့်ဘေးနားထာဝရမရှိနိုင်ဘူး။ အဖေတို့လည်း ငါ့သားငယ်ကိုတစ်နေ့ကျထားသွားရဦးမယ်။ အဲ့ဒီအချိန်မှာ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့လူ ဖြစ်အောင်ကြိုးစား။ ဘယ်သူမှ မရှိလည်း ဖြစ်တဲ့ဘဝ ကို ကြိုးစား သားငယ်။ မြက်ပင်နဲ့ တူတဲ့လူ...... အဖေတို့ခြံထဲက မြက်ပင်တွေကိုကြည့်စမ်းပါဦးသားငယ်။ အဖေတိုါနှစ်တိုင်း ရိုတ်တယ်၊ ရှင်းတယ်၊ပေါင်းသတ်ဆေးဖျန်းတယ်။ဒါပေမဲ့ မိုးကျ လာရင် ဒီကောင်တွေ ပြန်ရှင်လာကျရော။ နောက်ဆုံး ဒီကောင်တွေကို လိုက်ရှင်းရတဲ့ အဖေတို့သာ မောသွားကြတယ်။ဒီကောင်တွေက အေးဆေး။ ဒီလိုပဲ သားဘဝမှာ မြက်ပင်လေးတွေကို အတုယူသင့်တယ်။ဘယ်သူတွေ တတ်နင်းသွားပါစေ မမှုဘူး။ ဘယ်လောက်ပဲ ရိတ်သိမ်းခံရပါစေ မကြောက်ဘူး။ပြန်ရှင်သန်မယ်။ထပ်စိမ်းလန်းမယ်။ပြန်လည်ရှင်သန်းခြင်းကိုက မြက်ပင်တွေရဲ့ အလှတရားပဲ။ ငါ့သားငယ်ဘဝမှာ ကိုယ့်ကိုဖိနှိပ်ချင်တဲ့လူတွေ၊ နင်းချချင်တဲ့လူတွေ အများကြီး ကြုံရမယ်။ ဒါကို ကြောက်ပြီး ကိုယ့်အိမ်မက်တွေ၊ရည်မှန်းချက်တွေကို လက်မလျှော့ရဘူး။ ပြန်ကြိုးစားမယ်၊အသစ်ကပြန်စမယ်၊ အစက ပြန်လုပ်ရမယ်။ ဘယ်လောက်ပဲ ဖိချခံရပါစေ. ပြန်လည်ရှင်သန်ရမယ် ဆိုတဲ့ စိတ်ကို ထည့်ထား။ နောက်ဆုံး ငါ့သားကို နင်းခြေချင်တဲ့လူတွေဟာ မောပန်းသွားကြလိမ့်မယ်။ ကိုယ်ဟာ စိမ်းလန်းဆဲ၊ ရှင်သန်းကြီးထွားဆဲ မြက်ပင်လေးပေါ့။ ညောင်ပင်ကြီးနဲ့ တူတဲ့လူ...... ငါ့သား ဘဝမှာ ညောင်ပင်ကြီးလို နေထိုင်ရမယ်။ အမြင်မှာလေတိုက်တာ ခံရမယ်။ နေပူဒဏ်ခံရတယ်။ ဒါပေမဲ့ သူလဲမကျသွားဘူး။ သူ့ရိမ်မှာ ခိုနားသူတွေကို အရိမ်ပေးတယ်။ငှက်ကလေးတွေကိုခိုလှုံရာ အိမ်ကလေးပေးတယ်။ ငါ့သား နံပါတ်တစ်ကို ရောက်ဖို့က မခတ်ခဲဘူး။ ညဏ်နဲ့ လုံးလ ဝီရိယ ပေါင်းစမ်လိုက်ရင် ထိပ်ဆုံးကို ရောက်လာမှာပဲ။ ဒါပေမဲ့ ထိမိဆုံးမှာ ရပ်တည်ဖို့က အရမ်းခက်ခဲတယ်။ကိုယ့်ကို တိုက်ခိုက်ကြမယ်၊ နာမည်ဖျက်ချင်ကြမယ်၊ အောက်ခြေကနေ ရိုက်ချိုးချင်ကြမယ်။ အပင်‌မြင့်လေ လေတိုက်လေပေါ့ ငါ့သားရယ်။ဒါပေမဲ့ အောက်ခြေခိုင်နေရင် ဘယ်တော့မှ မပြိုလဲဘူး။ လေဘယ်လောက် ကြမ်းကြမ်း၊ နေဘယ်လောက်ပူပူ ညောင်ပင်ကြီးဟာ ဂရုမစိုက်ဘူး။ ငါ့သားဆီမှာ အတွေ့အကြုံတွေ၊ ပညာတွေနဲ့ပြည့်ဝနေတဲ့အခါ ဘယ်သူတွေပဲ ဘယ်လိုတိုက်ခိုက်ကြပါစေ မကျရှုံးနိင်ဘူး။ ငါ့သားဘဝမှာ ဖြတ်လမ်းနည်းကို ဘယ်တော့မှ မလိုက်နဲ့။ တစ်ဆင့်စီသာကြိုးစား။ ထိပ်ဆုံးရောက်တဲ့အခါလည်း လွယ်လွယ်ပြုတ်မကျနိုင်တော့ဘူး။ ညောင်ပင်ကြီးလိုပဲ၊ ကိုယ်ကိုယ်တိုင်က ပြည့်ဝတဲ့အခါကိုယ့်ဘေးက လူတွေကို အရိမ်ပေးနိုင်တယ်၊ ခိုလှုံစေနိုင်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်း နားနိုင်တဲ့ ငါ့သား။ကိုယ်ကပြည့်စုံတဲ့အခါ လူအများကြီးကို အကူအညီ ပေးနိုင်တာပေါ့။ ဒီတော့ ငါ့သားဘဝမှာ ဘယ်လိုအပင်မျိုးဖြစ်ချင်လဲ။ ဘယ်လိုပြုမူ နေထိုင်ချင်လဲ။ ငါ့သားငယ် ရွေးချယ်ပါ။ အဖေ့ရဲ့ဆုံးမ စကားလေးအတိုင်း အခု ချိန်ထိ ကျင့်ကြံနေထိုင်တယ်။ ကြိုးစားသမျှ အရာမထင်တဲ့အခါ မြက်ပင်လေးကို အတုယူတယ်၊ တိုက်ခိုက်မှုတွေကြုံလာတဲ့အခါ ညောင်ပင်ကြီးလိုနှလုံးသွင်းတယ်။ အမြင့်ကိုရောက်ဖို့ကြိုးစားတဲ့အခါ အခြေခိုင်ဖို့ဦးစားပေးတယ်၊ ဘူးပင်လိုလူမျိုးဘယ်တော့မှ မဖြစ်ချင်ခဲ့ပါဘူး။ #crd_to_owner_with_respect

  • 22 окт. 2024 г.11,8 тыс15540

    🚩ငရဲပြည်ရောက် အင်ဂျင်နီယာ🚩 ➖➖➖➖➖➖➖➖➖➖➖➖➖➖➖ 🔸အရမ်းတော်တဲ့ အင်ဂျင်နီယာတယောက်ဟာ သေဆုံးပြီးတဲ့နောက်မှာ နတ်ပြည်ကို အရင်ရောက်သွားတယ်။ စိတ်မကောင်းစရာကတော့ သူရဲ့နာမည်စာရင်းက နတ်ပြည်မှာ ပေါက်မနေဘူး။ ဒါနဲ့ ငရဲပြည်ကို ဆင်းရတာပေါ့။ ငရဲပြည်မှာနေတာ တရက်နှစ်ရက်ကြာရင်ဘဲ အင်ဂျင်နီယာက အစွမ်းပြပါတယ်။ ညစ်ပတ်နံစော်နေတဲ့အတွက် ရေလောင်းအိမ်သာတွေ တည်ဆောက်လိုက်ပြီး အရမ်းပူတဲ့အတွက် air-con တွေ ဖန်တီးထုတ်လုပ် လိုက်ပါတယ်။ နောက်ပိုင်းမှာ ငရဲတပြည်လုံး အပူချိန်လျော့ကျရေးအတွက် အအေးပေး ရေလိုင်းတွေပြေးပေးလိုက်တယ်။ ဒီလိုနဲ့ တရက်၊ သိကြားနဲ့ ယမ ဆုံကြတဲ့အခါ... သိကြား — “ဟျောင့်၊ ငရဲပြည် အခြေအနေ ဘယ်လိုလဲ?” ယမ — “ခါတိုင်းလို လောင်မနေတော့ဘူး။ အေးဆေးဖြစ်သွားပြီ။ အင်ဂျင်နီယာ တယောက် ရောက်လာတယ်လေ။ အဲဒီကောင်က ရောက်ပြီးသိပ်မကြာဘူး။​ Air-con တွေ ဘာတွေ လုပ်တော့တာပဲ။ တခြား ဘာတွေလည်း မသိဘူး လုပ်သေးတယ်။ ငါသိတာက ငါတို့ပြည်ရဲ့ အပူချိန်က တော်တော့်ကို လျော့သွားတယ် ဖိုးသကြားရ။” သိကြား — (လွတ်တဲ့ငါး ကြီးနေတဲ့ လေသံဖြင့်) “ဘာ၊ အင်ဂျင်နီယာ တယောက် ရောက်နေတယ်လား။ အကြီးကြီးတော့ မှားပြီဟေ့။ အဲဒီကောင်ကို ငါ့ဆီပြန်တင်ပေးလိုက် ညီယမ။” ယမ — “အမ်၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်လေ ဘာလို့ ပြန်တင်ပေးရမှာတုန်း။” သိကြား — “မင်း၊ မတင်ပေးရင် ငါ တရားစွဲမှာနော်။” ယမ — “စွဲစမ်းကွာ၊ ရှေ့နေတွေအကုန် ဘယ်မှာလဲ မင်းသိလား။”....😂🤣😁 Via- Sawbwargyigone.com Credit-To Original _ ©photo တဆင့်_ပြန်လည်မျှဝေသည်.... လေးစားစွာဖြင့်-

  • 20 окт. 2024 г.11,8 тыс12126

    "ကိုရီး ... ဝမ်းသာစရာပြောဖို့ရှိတယ်သိလား ... " "အမယ် ... ဘာကိစ္စလဲ " ကျုပ်ညီမဗျ ... မျက်နှာကစပ်ဖြဲဖြဲနဲ့ ... ဘာကိုမဟုတ်တာပြောဦးမယ် မသိဘူး "တကယ် ဝမ်းသာစရာ သိလား " "အေးပါ ဘာဖြစ်လဲ " "ညီမလေး ရည်းစားရပြီတော့ " ငစ် ... ရည်းစားရတာကို အစ်ကိုဆီဝမ်းသာအားရ လာပြောတယ်လို့ဗျာ တစ်ခါမှကိုမတွေးဖူးဘူး ထလုပ်ရင် ကျုပ်ကအနိုင်ကျင့်တယ် ဖြစ်ဦးမယ် "ဒီမယ် အေးပုံ ရည်းစားရတာ ငါ့ကိုလာပြောရလား ငါ့နှယ် အဖေနဲ့တိုင်လိုက်ရ " "ကိုရီး ဘာသိလို့လဲ ဒီတစ်ခါက ဟိုဖက်ရွာက ကိုဖိုးထောင်နဲ့ " "ကျစ် ... ပြောလေကဲလေ " ကျုပ်ညီမက အဲသလို ... လုပ်ချင်ရင်ဇွတ် ... အစ်ကိုနဲ့မတူတာက တည်တည်ငြိမ်ငြိမ် မရှိတာပဲ ဒါပေမယ့်ဗျာ ... ကိုယ့်ညီမရည်းစားထားဖို့အရေး ဘယ်အစ်ကိုက နှစ်မြို့မလဲဗျ ... "နင့်အသက်က ခုမှငယ်ငယ်ရှိသေးတယ် ဒါတွေလုပ်စရာလား အေးပုံရဲ့ " "ကိုရီးကလဲ ... ဘုရားဟောရှိတယ်လေ " "ဟမ့် ... ပြောပါဦး " ဝါးနုက ဝါးရင့်ပတ်တယ်ဆိုတာ ဒါမျိုးနေမှာ သူကပဲ ဘုရားဟောနဲ့ဘာနဲ့ "ကောသလ အိပ်မက် ၁၆ချက်ထဲမှာပါတယ်လေ မြေစာပင် ပုခက်လွှဲဆိုလား ဒန့်ကျွဲပင် ပုခက်ဆင် ဆိုလား " "အေး ... အဲဒါနဲ့ဘာဆိုင်လဲ ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတာကိုပြောတာ " "အင်းလေ ... ညီမလေးက ဘုရားဟောမမှန်မှာစိုးလို့ စောစောရည်းစားထားပြတာ " "ဂိန္​ ... " အေးရော ... ကျုပ်မှာပြောစရာစကားကို မရှိတော့ဘူး ဘုရားဟောတောင် မှားမတဲ့... ဘာပဲဖြစ်ဖြစ်လေ မရရအောင်တားရမှာပဲ "အေးပုံရဲ့ ... ရည်းစားထားတယ်ဆိုတာလဲ မျိုးရိုးကိုကြည့်ရတယ်ဟဲ့ " "ကြည့်ပါတယ် ကိုဖိုးထောင်က အမျိုးကလဲကောင်းပါ့ အရိုးကလဲ တောင့်ပါ့ " ဘုရား ... ဘယ်လိုမှပြောရမယ့်ပုံကမပေါ်ဘူး ခေတ်ကာလ သားသမီးတွေ ခက်တယ်ဆိုတာ ဒါကိုပြောတာနေမှာ "မျိုးရိုးဆိုတာ ငါပြောပြမယ့်ဟဲ့ မောင်နှမချင်းမို့ပြောတာနော် " "ဟုတ် ... " "သူ့မှာ အစ်ကိုသုံးယောက်ရှိတယ်မဟုတ်လား ... " "ဟုတ်တယ်လေ ... အိမ်ထောင်ကျကုန်ပြီ " "အေး ... ငါပြောချင်တာ အဲ့ဒါ ... အကြီးကောင် အိမ်ထောင်ကျတော့ ညောင်ငါးပင်ရွာသူနဲ့လေ ကိုင်း ... မွေးတော့ ကလေးက ငါးယောက် " "အယ် ... ဟုတ်တယ်နော် " "နောက်တစ်ယောက်ကျတော့ ဆယ်တွင်း ရွာကလေ " "အဲဒါ ဘာဖြစ်လို့လဲ " "သူ့မိန်းမ ကလေးမွေးတာ ဆယ်ယောက်ဟ " "ငြမ္​့ ... " ကျုပ်ညီမ မျက်လုံးတော့ပြူးလာတယ် ... နည်းနည်းတော့ လန့်တဲ့ပုံဗျ ... ဒါနဲ့ ဆက်ပြောတာပေါ့ "သူ့အထက်က နောက်တစ်ယောက်လေ ... အစိတ်ကုန်းရွာသူနဲ့ ရတာ အခု နှစ်ဆယ့်လေးယောက်နဲ့ တစ်ဗိုက်ဖြစ်နေပြီ " "အို ... " "ဒါနဲ့ ညီမလေး ... ငါတို့ရွာနာမည်က ဘာလဲ " "ရာပြည့်ကုန်း တဲ့ ... " "ကိုင်း ... " ကျုပ်မှာ ... ကိုင်းပဲပြောရသေးတယ် ... ညီမလေးတစ်ယောက် ... အောင်မလေးအော်ပြီး ပြေးပါလေရော ဘယ်ရမလဲ ... ကျုပ်အကြံအောင်ချက်ကတော့ ညီမလေးတစ်ယောက် အဲ့ကတည်းက ဖိုးထောင်တို့အိမ်ဖက်ဆို ခြေးဦးလှည့်ဖို့မပြောနဲ့ မျက်စောင်းတောင်ထိုးမကြည့်တာပါဆို အဟုတ် ... #nnnt ငြိမ်းမောင် ၁၇ အောက်တိုဘာ ၂၀၁၇(မှီငြမ်းရေးသည်) Soe Lamin .မျှဝေပြုံးစေပါတယ် ၅နှစ်ပြည့်မယ်မိုရီလ်မှ

  • без подписи

  • အဖေ က အပေါ်ထပ်ဘုရားခန်းမှာ ဘုရားဝတ်ပြုဖို့ ပြင်နေတယ်။ အမေ က အောက်ထပ်မီးဖိုထဲမှာ နံက်စာအတွက် ပြင်ဆင်နေတယ်။ တက္ကသိုလ်ကျောင်းသူ မိနွဲ့နှောင်းက ကျောင်းသွားဖို့ အလှပြင်နေတယ်။ ခဏနေလို့ အလှလည်းပြင်ပြီးရော အပေါ်ထပ်ကနေ လှေခါးအတိုင်း တဒုန်းဒုန်းနဲ့ ပြေးဆင်းသွားရင်း ပါးစပ်ကလည်း အော်သွားတယ်.. ... 'မေမေရေ၊ ကော်ဖီသောက်တော့မယ်.. ဒုန်း ဒုန်း ဒုန်း' အဲဒီမှာ ဘုရားခန်းထဲက သူ့အဖေက လှမ်းခေါ်တယ်.. ... 'ဟဲ့ သမီး၊ အပေါ်ပြန်တက်ခဲ့စမ်း' ရှုံ့မဲ့မဲ့နဲ့ ပြန်တက်လာတယ်။ သူ့အဖေက ဆူတာပေါ့... ... 'သမီးကို ဘယ်နှစ်ခါပြောရမလဲ၊ မိန်းကလေးပီပီသသ နေပါထိုင်ပါလို့၊ လှေခါးဆင်းတာ ဒီလောက်ကြမ်းရသလား၊ သွား.. ခုပြန်ဆင်း၊ ဘာသံမှ မကြားချင်ဘူး' စကားနားထောင်ပုံရတယ်၊ ဘာသံမှမကြားလိုက်ရဘူး မီးဖိုထဲရောက်လာတော့ အမေက မေးတယ်... ... 'ဖေဖေဆူတာလည်း စိတ်မညစ်ပါနဲ့ သမီးရယ်၊ သမီးကို အိန္ဒြေရှိ အမျိုးကောင်းလေး ဖြစ်စေချင်လို့ပါ' 'သမီးနားလည်ပါတယ် မေမေ' 'အေးအေး၊ သမီးလေးက လိမ္မာပါတယ်ကွယ်၊ ဒါနဲ့ ခုနက ခြေသံမကြားအောင် ဘယ်လိုများ ဆင်းလာတာလဲ သမီးရဲ့' 'လှေခါးလက်ရမ်းကို ခွပြီး လျောချလိုက်တာ...' :o :p #Credit ;

  • 20 июл. 2024 г.10,3 тыс10339

    " လူတွေဟာ ရယ်စရာကောင်းကြောင်း " 😄😄😄😄😄😄😄😄😄😄😄 တစ်နေ့ - မျောက်နှစ်ကောင် စကားပြောကြတယ် ပထမမျောက်က ပြောတယ် " လူ့ဘဝက သိပ်ပျော်ဖို့ကောင်းတာဘဲကွာ " ဒုတိယမျောက်ကပြောတယ် " လူ့ဘဝက ပျော်ဖို့မကောင်းဘူးကွ လူတွေကရယ်စရာကောင်းနေတာ " ပထမမျောက်က ပြန်ပြောတယ် "ဘာလို့လည်းကွ " ??? ထိုအခါ ... ဒုတိယမျောက်က - ထိုသို့ဖြေကြားပါလေတော့တယ် " လူတွေဟာ ပြုံးနေတိုင်း ပျော်နေတာ မဟုတ်သလို ... ငိုနေတိုင်းလည်း ဝမ်းနည်းနေတာမဟုတ်ဘူးကွ " " မင်းပုခုံးကိုဖတ်ထားတဲ့ လူတိုင်းလည်း မင်းလူမဟုတ်ဘူးကွ " " မင်းကိုလက်တစ်ဖက်နဲ့ နှုတ်ဆက်နေတဲ့အချိန်မှာ ကျန်တစ်ဖက်က ဓားတစ်လက်နဲ့ မင်းနောက်ကျောကိုချိန်ထားပြီးသား " " မင်း အကြိမ်တစ်ရာကောင်းပေမဲ့ တစ်ကြိမ်မကောင်းလိုက်တာနဲ့ မင်းဟာ လူဆိုးစာရင်း Auto ဝင်သွားရော " " တစ်ခါတစ်လေ ချို့တဲ့သူကို သနားသလိုနဲ့ သူတို့အတွက် အခွင့်အလမ်းရဖို့ကိုလည်း မြင်တတ်တယ်ကွ " " တစ်နေ့လုံးနေလို့ အိမ်ကဘုရားဘက်လှည့်ပြီး လမ်းမလျှောက်တဲ့သူတွေက လပြည့်နေ့ကျတော့ ဘုရားဖူးသွားလိုက်ကြတာ ... " " အရမ်းချစ်ပါတယ် ခွဲမသွားပါဘူး ဆိုတဲ့အတွဲတွေ ပြတ်လည်းပြတ်ရော နောက်ချစ်သူရှေ့မှာ တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောလိုက်တာကွာ ... " " အိမ်ကမိဘကိုသာ ရှာကျွေးဖို့မေ့နေတာ ချစ်သူရှေ့ကျ ချစ်ဘာလိုချင်လည်း ပြောတဲ့ကောင်တွေက တစ်ပုံကြီးကွာ " " အိမ်မှာ ဆန်တစ်ပြည်လောက်စားတဲ့ မိန်းမတွေကလည်း သူတိုဘဲတွေရှေ့ကျ မုန့်ဟင်းခါး တစ်ပွဲမကုန်တဲ့ ဇွတ် အစားနည်းမိန်းမတွေလည်းရှိသေးတယ် " " တရားစခန်းဝင်ပြီး အိမ်စိတ်မချရတာနဲ့ ဘယ်လောက်ချမ်းသာကြောင်း သားနဲ့သမီး ဘယ်လောက်တော်ကြောင်းပြောတဲ့ ဇွတ်တရားပေါက်နေတဲ့ သူတွေလည်းအများကြီး " " အရာရာသိနေတဲ့ ဇွတ် ပညာရှိကြီးတွေလည်း တစ်ပုံကြီး " " အမှန်တရားတွေပြောဖို့လား ... ယောင်လို့တောင်မစဥ်းစားနဲ့ Auto ရွာပြင်ပို့လိုက်တာ " 😄😄😄 " မောတယ်ကွာ ... ဒီနေ့တော့ ဒီလေါက်ဘဲနောက်နေ့မှ ဆက်ပြောပြမယ် " " ဒါပေမဲ့ ... အဲ့လူတွေမသိတာ သူတို့ဟာဘာကောင်ဖြစ်ဖြစ် နောက်ဆုံးတော့ သူတို့ဟာ သေလူပါဘဲ မွေးဖွားခြင်းက သေဆုံးခြင်းရဲ့အစပါ " " ပေါ့သေးသေးတော့မထင်နဲ့ " မျောက်ချေးနဲ့ မသေးဆေး " ဖော်လို့ရတယ်ဆိုပြီး ကြားကြည့်ပါလား ... ငါတို့မျောက်တွေ ချေးပါချိန်တောင်ရမှာမဟုတ်ဘူး ဗိုက်ခွဲပြီး ချေးယူသွားလို့ မျောက်မျိုးပါတုံးသွားမယ် " ထိုစကားကြောင့် ... ပထမ မျောက်က ထပ်မေးတယ် " ဘာကြောင့် လူ့ဘဝကအဲ့လောက်တောင်ရှုပ်ထွေးရတာလည်းကွာ " ထိုအခါ ... ဒုတိယမျောက်က ထပ်ပြောတယ် " လူဘဝ ကရှင်းပါတယ် မွေးဖွားပြီးရင် သေရမယ် ရှင်းရှင်းလေး လူတွေကသာ ရှုပ်နေတာ ဘာကြောင့်ရှုပ်တာလည်းမမေးနဲ့တော့ .... သူတို့က " လူ " တွေဖြစ်နေလို့ကိုရှုပ်နေတာ " စကားအဆုံး၌ မျောက်သုံးကောင် အတွေးကိုယ်စီဖြင့် ပြုံးလိုက်လေတော့သည် 😄😄😄 နေ့သစ်#Crd

  • #လွမ်းတယ် . ကြုံတိုင်းရွာက မရှောင်ရင်လွတ်တဲ့ မုဆိုးကျော်ကြီးတွတ်ပီကိုလည်း လွမ်းတယ်.... . ပိုက်ဆံရရင် သဘောကောင်းတတ်ပြီး ပါတိတ်ဝမ်းဆက်ဝယ်ဖို့ပဲ တွေးနေတတ်တဲ့ မသေးမျှင်ကြီးကိုလည်း လွမ်းတယ်.... . ငမ်းဖို့ဆို စိတ်ချရတဲ့ ဗိုက်ကလေးနဲ့ စောတင်မောင်တို့ လူပျိုသိုးကြီးနှစ်ယောက်ကိုလည်း လွမ်းတယ်.... . သိပ္ပံပစ္စည်း အမျိုးစုံအောင် တီထွင်တတ်တဲ့ အီးတီရယ်၊ မောင်တီထွင်ရယ်ကိုလည်း လွမ်းတယ်.... . ပေါက်ကရလျှောက်လုပ်တတ်ပြီး ဦးထုပ်တကားကားနဲ့ ဘိုဘိုရယ်၊ မိနီနဲ့ ဖက်တီးရယ်ကိုလည်း လွမ်းတယ်.... . အာတာလွတ်မြို့က သူရဲကောင်းကြီး သမိန်ပေါသွပ်ရယ်၊ သူ့ရဲ့အသည်းတစ်ခြမ်း ရှင်ဂွမ်းဂွိရယ်ကိုလည်း လွမ်းတယ်.... . သူတစ်ပါးကို ညစ်ပတ်တတ်တဲ့ စိန်မျောက်မျောက်ရယ်၊ ခံဖက်ကြီး စိန်ပေါက်ပေါက်ရယ်ကိုလည်း လွမ်းတယ်.... . ဖွန်ဖို့ဆို အရာရာပေးဆပ်ရဲတဲ့ မောင်မောင်ဇာရယ်၊ တူမတော် လေးမွန်ထွေးမွန်ရယ်ကိုလည်း လွမ်းတယ်.... . မတော်တဲ့အင်္ကျီဝတ်ထားပြီး ဘောင်းဘီဝတ်ထားရဲ့လား မသဲကွဲသေးတဲ့ ပြာဂလောင် ပြာလချောင်ကိုလည်း လွမ်းတယ်.... . ငှက်ပျောသီးခိုးစားတတ်တဲ့ မျောက်ညိုရယ်၊ ဒေါသကြီးတတ်တဲ့ ဦးစိတ်တိုရယ်ကိုလည်းလွမ်းတယ်.... . ရယ်စရာကောင်းကြတဲ့ ဆံပင်ဘုတ်သိုက်နဲ့ ဘယ်ကျော်ရယ်၊ သျှောင်ပေစူးဆံပင်နဲ့ ပေစိရယ်၊ ဂျာရစ်ကေလေးနဲ့ ဂျာရစ်ရယ်ကိုလည်း လွမ်းတယ်.... . ရိုးလွန်း အ,လွန်းတဲ့ လူဝကြီး မောင်ရိုးကိုလည်း လွမ်းတယ်.... . အပြန်အလှန် ချောက်ချတတ်ပြီး မတည့်ကြတဲ့ ကြောင်ဒေါသနဲ့ ကြွက်လောဘကိုလည်း လွမ်းတယ်.... . ပလို့ဂျိ ရွာက ဖိနပ်မစီးတတ်တဲ့ ခါဥရယ်၊ အမြဲလိုလို ကျောထုခံနေရတဲ့ ကိုရင်ထွန်းခင်ရယ်ကိုလည်း လွမ်းတယ်.... . သူတစ်ပါးအပေါ် စိတ်ကောင်းထားတတ်တဲ့ စင်သီယာလေးကိုလည်း လွမ်းတယ်.... . နောက်ဆုံးမှာ ကိုယ်ပဲပြန်ခံရတဲ့ ရေမြင်းလေးရယ်၊ အမြဲဆုံးမတတ်တဲ့ နှင်းနှင်းလေးရယ်ကိုလည်း လွမ်းတယ်.... . မှန်ဘီလူးကြီး တကားကားနဲ့ စုံထောက်ကြီး ဦးစံရှားရယ်၊ တပည့်ကျော် ဒိန်းဒေါင်ရယ်ကိုလည်း လွမ်းတယ်.... . ရပ်ကွက်ထဲက ပြဿ နာတွေကို လိုက်ဖြေရှင်းပေးတတ်တဲ့ ကိုတင့်ကိုလည်း လွမ်းတယ်.... . အဝေးကကြည့်ရင်တောင် မြင်ရနိုင်တဲ့ မျက်မှန်ဝိုင်းကြီးနဲ့ တာယာပွကြီးကိုလည်း လွမ်းတယ်.... . ယောက်ျားပီသပြီး ကိုယ်ခံပညာကျွမ်းကျင်ကြတဲ့ ဒီရဲဂျာရယ်၊ အင်ဂျန်းရယ်၊ စိုင်းဗေဒါရယ်ကိုလည်း လွမ်းတယ်.... . ကလေးဘဝကတည်းက အားလပ်ချိန်တွေတိုင်း အတူတူရှိခဲ့ကြတဲ့ သူငယ်ချင်းကြီးတွေကို မတွေ့ဖြစ်တာကြာတော့လည်း လွမ်းမိပါရဲ့.... . ခုခေတ်ကလေးတွေကိုပြောပြမိရင် ယုံတမ်းစကားများ ဖြစ်နေမလား.... 😢 . တစ်ခါတစ်ရံ ငယ်ဘဝလေး အရမ်းလွမ်းမိတယ်ဗျာ 😁😁 (😁😁 ငယ်ဘဝလေးး သတိရသွားးးရင် တာဝန်မယူ..............😁😁) Credit

  • ကားဂိတ်မှာ ကျွန်တော်က ကားစောင့်နေတုန်း၊ ကလေးတစ်ယောက်က အနားကပ်လာတယ်။ ရှူဆေးတွေနဲ့ ကားမူးပျောက်ဆေးတွေပါတယ်နှော် အစ်ကို´ တဲ့။ ငယ်ငယ်လေးတွေ။ ကိုယ်က အရေးမစိုက်တော့ ထွက်သွားတယ်။ ပညာသင်ရမယ့်အရွယ်တွေ´ ကိုယ့်ဘေးက လူတစ်ယောက်ရဲ့စကား။ ဒါနဲ့ သူနဲ့ စကားလက်ဆုံကျရင်း သူက ပြောတယ်။ သူတို့ဒီအလုပ်နဲ့ ဘ၀အာမခံချက် မရှိဘူး။ တစ်ချိန်မှာ နိုင်ငံကို ဦးဆောင် ဆွဲတင်နိုင်မယ့် အနာဂတ် မျိုးဆက်တွေက အခုလို စျေးလိုက်ရောင်းနေတာ မြင်ရတော့ စိတ်မချမ်းသာဘူး၊ ဖြစ်နိုင်ရင် ပညာတွေ သင်ပေးချင်တယ်။ သူတို့ဘဝတွေကို ဆယ်တင်ပေးချင်တယ်´ ကျွန်တော်က သူ့စကားကို ခေါင်းညိတ်ထောက်ခံ မိတယ်။မြန်မာပြည်မှာ ဒီလိုကလေးတွေ များနေပေမယ့် သူတို့ဘ၀ကို ကယ်တင်ပေးချင်သူသိပ်မရှိ။ သူ့စိတ်ဓာတ်ကို လေးစားမိရဲ့။ ခဏနေတော့ သူလည်းထွက်သွားတယ်။ သူ့ကျောပြင်ကို ကြည့်ရင်း ကလေးတွေကို ကယ်တင်ပေးနိုင်သူ ဖြစ်ပါစေဗျာလို့ ဆုတောင်းမိတယ်။ ဒါနဲ့ ခံတွင်းချဉ်လာလို့ ဆေးလိပ်၀ယ်ဖို့ ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကိုရှာတယ်။ကပျာကယာ အပြင်ကို ပြေးထွက်ပြီး အစောကလူကို ရှာကြည့်တာ မတွေ့ရတော့။ သြော် ဒီတော့မှ- မြေနိုး ခါပိုက်နှိုက်သူခိုး၊ သူကပဲ ကလေးတွေရဲ့ ဘ၀ကို ဆယ်တင်ချင်သေးတယ်´လို့သာ ဆဲမိတော့တယ်။ 🙂 ☹️ ဝါ နု သော် ခံလိုက်ပေအုံးတော့😩🧐